← Chapters

အခန်း ၁၉၁

Vol. 19 Ch. 191

အခန်း ၁၉၁

Vol. 19 Ch. 191

Chapter 191

~

အခန်း ၁၉၁ : တားဆီးရန် ဝိုင်းလာကြသူများ...

~

​ရှာကျူးက အိမ်ထောင်စုစာရင်း ယူရန်အတွက် ခြံဝင်းထဲသို့ ကမန်းကတန်း ပြန်လာခဲ့သော်လည်း ပင်မဝင်ပေါက်၌ ယီကျုံးဟိုင်နှင့် ပက်ပင်းတိုးသည် ။

​ယီကျုံးဟိုင်သည် လက်နောက်ပစ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏ ။ ရှာကျူး မျက်မမြင်ချိန်းတွေ့ရန် သွားသည်ဟု ချင်ဟွိုင်ရုထံမှ ကြားပြီးကတည်းက သူ အလွန်စိုးရိမ်ပူပန်နေလေသည် ။ သို့သော် ရှာကျူး ဘယ်သွားမှန်း သူ မသိသဖြင့် တံခါးဝတွင်သာ စောင့်နေနိုင်တော့၏ ။

​ယခု ရှာကျူး ကမန်းကတန်း ပြန်လာသည်ကို မြင်လျှင် သူ လမ်းပိတ်ရပ်လိုက်သည် ။

​ရှာကျူး၏ နဖူးတွင် ချွေးစေးများ စီးကျနေပြီး မောဟိုက်နေသည်ကို မြင်လျှင် သူ မေးကြည့်လိုက်သည် ။

​" ရှာကျူး.. ဘာတွေလုပ်နေတာလဲ.. ဘာလို့ ဒီလောက်လောနေရတာလဲ.. ဘာဖြစ်လို့လဲ.. "

​" ဦးလေးယီ.. "

​ရှာကျူးက ရပ်လိုက်ပြီး အသက်လုရှူကာ စိတ်လှုပ်ရှားစွာဖြင့်..

​" ဘာမှမဖြစ်ပါဘူး.. ပစ္စည်းတစ်ခု ပြန်လာယူတာပါ.. "

​" ဘာပစ္စည်းမို့ ဒီလောက် လောနေရတာလဲ.. "

​ယီကျုံးဟိုင်က တည်ငြိမ်စွာ မေးလိုက်သော်လည်း စိတ်ထဲတွင်တော့ နိမိတ်မကောင်းသလို ခံစားနေရသည် ။

​ထိုစကားကို ကြားလျှင် ရှာကျူး တုံ့ဆိုင်းသွား၏ ။

​သို့သော် သူ၏အဖေ ဟဲတာချင်း မုဆိုးမတစ်ယောက်နှင့် ခိုးပြေးသွားကတည်းက ယီကျုံးဟိုင်က သူ့အပေါ် အမြဲကောင်းမွန်ပြီး သေချာစောင့်ရှောက်ပေးခဲ့သည်ကို တွေးမိသွားသည် ။

​သူက ယီကျုံးဟိုင်ကို လူကြီးတစ်ယောက်လို သဘောထားလာသည်မှာ ကြာပြီဖြစ်၍ ခေါင်းကုတ်ကာ အနည်းငယ် ရှက်ရွံ့စွာဖြင့်...

​" တကယ်တော့ သိပ်ထူးခြားတာတော့ မဟုတ်ပါဘူး.. အဲ့ဒါက.. ကျွန်တော် အိမ်ထောင်ရေး မှတ်ပုံတင် သွားလုပ်မလို့.. "

​ယီကျုံးဟိုင်၏ ရင်ထဲတွင် လေးလံသွားပြီး မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည် ။

​သူက ရှာကျူးကို သူ၏ အိုဇာတာအတွက် အရန်လူအဖြစ် သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်၍ ဤသို့ ရှုပ်ရှုပ်ထွေးထွေးဖြင့် မည်သို့ အိမ်ထောင်ပြုခွင့် ပေးနိုင်ပါမည်နည်း ။

​ထို့ကြောင့် သူက ဂရုစိုက်သည့်ဟန် ဆောင်ကာ...

​" အိမ်ထောင်ရေး မှတ်ပုံတင် လုပ်မလို့.. ဘယ်သူနဲ့လဲ.. "

​" သူ့နာမည်က မော်ရှောင်ဖန်း တဲ့.. ယွီလီ မိတ်ဆက်ပေးတာ.. "

​ရှာကျူးက အမှန်အတိုင်း ပြောပြလိုက်သည် ။

​'ယွီလီ မိတ်ဆက်ပေးတာ...'

​ယီကျုံးဟိုင် အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို အလျင်အမြန် တွေးမိသွားကာ...

​" ရှာကျူး.. သူက အငတ်ဘေးကနေ ထွက်ပြေးလာတဲ့ ကောင်မလေးလား.. "

​ရှာကျူး အပြင်၌ မည်သို့ကြောင့် ချိန်း​တွေ့ရသနည်းဟု သူ စဥ်းစားနေခဲ့သော်လည်း လမ်းရုံးသို့ သွားခြင်းဖြစ်နေသည် ။

​အစာရေစာ ငတ်မွတ်ခေါင်းပါးမှုဘေးကြောင့် ထွက်ပြေးလာသူများအတွက် လမ်းရုံး၏ မူဝါဒများအကြောင်းကို သူ ကြားဖူးထားသည် ။ ယခင်က ယွီလီနှင့် ယန်ကျီဝမ်တို့က သူ့ကိုပင် ကလေးတစ်ယောက် မွေးစားရန် ပြောခဲ့သေး၏ ။

​ရှာကျူး ပစ်မှတ်ထားခံရမည်ဟု သူ ထင်မထားခဲ့ဘဲ ယခုတော့ သဘောတူညီမှု ရသွားသည့်ပုံပင် ။

​ဤသည်က ဘယ်နည်းနှင့်မှ မဖြစ်နိုင် ။

​သူ၏ အိုဇာတာအတွက် ရွေးချယ်စရာအဖြစ် ကျားဒုံရွှီ ရှိနေသော်လည်း အရန်လူအဖြစ် ရှိနေသော ရှာကျူးကိုတော့ လက်လွှတ်ရန် အစီအစဉ် မရှိသေးပေ ။

​ရှာကျူး အိမ်ထောင်ပြုချင်လျှင်ပင် သူ သဘောတူသည့် သူနှင့်သာ ဖြစ်ရမည် ။

​ရှာကျူး ခေါင်းညိတ်ပြလိုက်ပြီးနောက် ယီကျုံးဟိုင် တိတ်တဆိတ် စိုးရိမ်ပူပန်သွားသော်လည်း မျက်နှာပေါ်တွင်တော့ တည်ငြိမ်နေဆဲပင် ။ သူက အကြံပေးသည့်အနေဖြင့်...

​" ရှာကျူး.. အိမ်ထောင်ပြုတယ်ဆိုတာ အရမ်းအရေးကြီးတဲ့ ကိစ္စပဲ.. မင်း သေချာစဥ်းစားပြီးပြီလား.. တစ်ဖက်လူက ကျေးလက် အိမ်ထောင်စုစာရင်းနဲ့ဆိုတော့ နောင်မွေးလာမယ့် ကလေးတွေကလည်း ကျေးလက်အိမ်ထောင်စုစာရင်းပဲ ဖြစ်သွားလိမ့်မယ်.. မင်းမှာ ကျွေးမွေးစောင့်ရှောက်ရမယ့် ဟဲယွီဆွေလည်း ရှိသေးတယ်လေ.. နောက်ကျရင် ကလေးတွေပါ ရလာရင် မိသားစုမှာ ပါးစပ်ပေါက်နှစ်ပေါက် ပိုတိုးလာလိမ့်မယ်.. အခုချိန်က အသက်ရှင်ရပ်တည်ဖို့ ခက်ခဲတဲ့အချိန်ဆိုတော့ သူတို့ကို ကျွေးမွေးနိုင်ဖို့ မင်းမှာ ယုံကြည်မှု ရှိလို့လား.. "

​ရှာကျူးက နားထောင်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ...

​" ဦးလေးယီ.. စိတ်မပူပါနဲ့.. ကျွန်တော်က သံမဏိစက်ရုံက ခေါင်းဆောင် စားဖိုမှူးပါ.. လစာလည်း မနည်းပါဘူး.. နောက်ထပ် လူနှစ်ယောက် ပိုကျွေးရုံလောက်က ပြဿနာ လုံးဝ မရှိဘူး..ပြီးတော့ မော်ရှောင်ဖန်းကို ကြည့်ရတာ အလုပ်ကြိုးစားပြီး အိမ်ထောင်ကို စီမံခန့်ခွဲ့တက်မယ့်ပုံပဲ.. "

​ ဤသည်က သူ၏ ဆင်ခြေသာ ဖြစ်၏ ။ မော်ရှောင်ဖန်းနှင့် အခုမှ စတွေ့ဖူးသည်ဖြစ်၍ သူမအကြောင်းကို သူ ဘာမှ မသိပေ ။

​ရှာကျူးက မော်ရှောင်ဖန်း၏ ရုပ်ရည်ကို သဘောကျသွားပြီး အပိုင်သိမ်းချင်နေခြင်းသာ ဖြစ်သည် ။

​သို့သော် ရှာကျူးအတွက်သည်တော့ ဤအကြောင်းပြချက်ကပင် လုံလောက်နေလေပြီ ။

​ယီကျုံးဟိုင်က ရှာကျူး၏ ပြတ်သားသော သဘောထားကို မြင်လျှင် ပို၍ပင် စိုးရိမ်လာသည် ။

​'ကျားမိသားစုသာ ရှာကျူးဆီက အထောက်အပံ့တွေ မရတော့ဘူးဆိုရင် ဖိအားတွေ အကုန်လုံး ငါ့ဆီ ရောက်လာတော့မှာပေါ့...'

​သူ တွေးလိုက်သည် ။

​ကျားမိသားစုသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုနှင့် တူ၏ ။ သူ၏ အထောက်အပံ့ကိုသာ ဆက်လက် မှီခိုနေပါက မည်သို့ ဆက်ဖြစ်လာမည်နည်း ။

​သို့သော် သူကလည်း ကျားမိသားစုကို လျစ်လျူရှုထား၍ မရနိုင် ။ ကျားဒုံရွှီသည် သူ၏ တပည့်ဖြစ်ရုံသာမက သူ၏ အိုဇာတာအတွက် ရွေးချယ်ထားသူလည်း ဖြစ်သည် ။ သူတို့ ငတ်ပြတ်နေသည်ကို သူဒီတိုင်း ကြည့်မနေနိုင်ချေ ။

​ဤကိစ္စအားလုံးက ယန်လောင်အာ ၏ အပြစ်များပင် ။

​သူသာ ယခင်က အလှူငွေကောက်ခံပွဲကို မဖျက်ဆီးခဲ့လျှင် ဤမျှ ခက်ခဲသော အခြေအနေမျိုး ရောက်လာမည် မဟုတ် ။

​အဆိုးဆုံး အနေဖြင့် အလှူငွေ ကောက်ခံပွဲ အနည်းငယ် ထပ်လုပ်ပြီး ခြံဝင်းထဲမှ လူများကို ကျားမိသားစုအား ထောက်ပံ့ခိုင်းမည် ဖြစ်သည် ။

​ယခုတော့ ထိုသို့ လုပ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ ။ ယန်လောင်က တားဆီးမည် ဆိုသည်ထက် သူ့မိန်းမက လမ်းရုံးမှ ဝန်ထမ်း ဖြစ်နေသည် ။ ဤကိစ္စသာ စတင်လိုက်ပါက လျှို့ဝှက်ထားနိုင်မည် မဟုတ်သည်မှာ သေချာလှ၏ ။

​ဤနည်းလမ်းက အလုပ်မဖြစ်နိုင်သဖြင့် ဖိအားများကို ခွဲဝေယူရန် ရှာကျူးကိုသာ အားကိုးရတော့မည် ။

​ထို့ကြောင့် ရှာကျူးကို အိမ်ထောင်ပြုခွင့် ပေး၍မဖြစ်ပေ ။

​သို့သော် ရှာကျူးက နွားတစ်ကောင်လို ခေါင်းမာလှသည် ။

​သူ ဆုံးဖြတ်ချက် ချပြီးသွားလျှင် ဖျောင်းဖျရန် အလွန်ခက်ခဲ၏ ။

​သူက အကူအညီမဲ့စွာဖြင့်...

​" ကောင်းပြီလေ.. မင်း သေချာစဥ်းစားပြီးသား ဖြစ်ပါစေ.. "

​ထိုသို့ပြောပြီးနောက် ယီကျုံးဟိုင် လှည့်ထွက်သွားသည် ။ သေချာသည်ကတော့ ရှာကျူးကို ဤမျှလွယ်လွယ်ဖြင့် အိမ်ထောင်ပြုခွင့် ပေးမည် မဟုတ်ပေ ။

​သို့သော် သူ ရှာကျူးကို ဖျောင်းဖျ၍ မရနိုင်ကြောင်း နားလည်ထားသဖြင့် တခြားသူတစ်ယောက်ကို ဝင်ပါပေးရန်သာ အကူအညီ တောင်းနိုင်တော့သည် ။

​ခြံဝင်းထဲတွင် ရှာကျူးကို ဖျောင်းဖျနိုင်မည့် တခြားသူဆို၍ နောက်ဘက်ခြံဝင်းထဲမှ တစ်ယောက်တည်းသာ ရှိပေမည် ။

​ထို့ကြောင့် ယီကျုံးဟိုင်သည် နောက်ဘက်ခြံဝင်းဆီသို့ အမြန်သွားလိုက်ပြီး နားမကြားအဘွားအို၏ တံခါးကို ခေါက်လိုက်သည် ။

​မကြာမီ တံခါးပွင့်လာ၏ ။

​နားမကြားအဘွားကြီးက ယီကျုံးဟိုင်ကို မြင်လျှင် အံ့အားသင့်သွားပြီး...

​" ကျုံးဟိုင်.. မင်း ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ.. "

​'ထမင်းစားချိန်လည်း မရောက်သေးပါဘူး...'

​ သူမ တွေးလိုက်သည် ။

​ပုံမှန်အားဖြင့် ယီ၏ ဇနီးဖြစ်သူကသာ စားစရာများကို လာပို့လေ့ရှိခြင်း ဖြစ်သည် ။

​ယီကျုံးဟိုင်က သက်ပြင်းချကာ...

​" အဘွား.. ရှာကျူး အိမ်ထောင်ပြုတော့မလို့တဲ့.. သူ့သတို့သမီးလောင်းက အစာရေစာ ရှားပါးလို့ ထွက်ပြေးလာတဲ့ ကျေးလက်က ကောင်မလေးတဲ့.. ကျွန်တော် သူ့ကို ဖျောင်းဖျကြည့်ပေမဲ့ သူ နားမထောင်ဘူး.. အဘွားပဲ သူ့ကို သေချာဖျောင်းဖျပေးပါဦး.. ဒီကလေးက ငယ်သေးတော့ ဘာမှ သေချာနားမလည်ဘူး.. သူ တကယ်သာ အိမ်ထောင်ပြုလိုက်ရင် ရှေ့ဆက်ပြီး ဘဝက ခက်ခဲလိမ့်မယ်.. "

​'ရှာကျူး အိမ်ထောင်ပြုတော့မယ်...'

​နားမကြားအဘွားကြီး ပထမဆုံး ဝမ်းသာသွား၏ ။ သူမတွင် ဆွေမျိုးဟူ၍ မရှိတော့ဘဲ ရှာကျူးက သူမအပေါ် အလွန်ရိုသေသည် ။ သူမက ရှာကျူးကို မြေးအရင်းတစ်ယောက်လို သဘောထားခဲ့သည်မှာ ကြာပေပြီ ။

​ရှာကျူး အိမ်ထောင်ကျပြီး ကလေးရလာသည်ကို မြင်တွေ့ရရန် အမြဲမျှော်လင့်ခဲ့သည် ။ ဤသည်က သူမ၏ နောက်ဆုံး ဆန္ဒပင် ။

​သို့သော် မိန်းကလေးသည် အစာရေစာ ရှားပါးမှုကြောင့် ထွက်ပြေးလာသည့် ကျေးလက်က ကောင်မလေးဟု ကြားလိုက်ရသောအခါ သူမ ချက်ချင်း မျက်မှောင်ကြုတ်သွား၏ ။

​ရှာကျူးကို အမြန်ဆုံး အိမ်ထောင်ကျစေချင်သော်လည်း အနည်းဆုံးတော့ မြို့ကလူကိုသာ ရှာဖွေသင့်သည် ။

​သူသာ ကျေးလက်က ကောင်မလေးနှင့် အိမ်ထောင်ပြုလိုက်လျှင် ယခုလို ခက်ခဲနေသည့် အချိန်ကာလမျိုးတွင် အနာဂတ်၌ ပိုခက်ခဲသွားပေလိမ့်မည် ။

​ယီကျုံးဟိုင် သူမဆီ မည်သို့ကြောင့် လာရသည်ကို နားလည်သွားသည် ။

​သို့သော် သူမ သဘောတူလိုက်ပြီး...

​" ကောင်းပြီ.. ငါ အခုပဲ သွားပြီး ဖျောင်းဖျလိုက်မယ်.. "

​မကြာမီပင် နားမကြားအဘွားအိုက တောင်ဝှေးကို အားပြု၍ ရှာကျူး၏ အိမ်ရှေ့သို့ ရောက်လာ၏ ။

​ထိုအချိန်တွင် ရှာကျူးသည် အိမ်ထောင်စုစာရင်းကို ရှာတွေ့သွားပြီဖြစ်ပြီး မော်ရှောင်ဖန်းနှင့် အိမ်ထောင်ရေး မှတ်ပုံတင် လုပ်ရန် လမ်းရုံးသို့ သွားမည် ပြုစဉ် လျှောက်လာသော နားမကြားအဘွားကြီးနှင့် ဆုံလေသည် ။

​" အဘွား.. ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ.. "

​" ငါက မလာလို့ ရမလား.. "

​နားမကြားအဘွားအိုက ဆူပူလိုက်ပြီး...

​" မင်းကလေ.. အိမ်ထောင်ရေး မှတ်ပုံတင် လုပ်မယ့်ကိစ္စလို အရေးကြီးတာတောင် အဘွားကို တစ်ခွန်းမှ မပြောဘူး.. "

​ရှာကျူးက ခေါင်းကုတ်ကာ အနေရခက်စွာဖြင့်...

​" ကျွန်တော် အရမ်းလောနေလို့ ဘာမှပြောချိန် မရလိုက်လို့ပါ.. "

​နားမကြားအဘွားကြီးက အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး...

​" မင်းရဲ့ ဦးလေးယီ ပြောတာတော့ မင်းက ကျေးလက်က ကောင်မလေး တစ်ယောက်နဲ့ အိမ်ထောင်ရေး မှတ်ပုံတင် သွားလုပ်မလို့ဆို.. "

​ရှာကျူးက မော်ရှောင်ဖန်း၏ နုနယ်သော မျက်နှာလေးကို ပြန်တွေးမိကာ ခေါင်းညိတ်ရင်း ပြုံးစိစိဖြင့်...

​" ရှောင်ဖန်းက လူကောင်းပါ.. သူ မိသားစုထဲ ရောက်လာရင် ကျွန်တော်တို့ လင်မယားက အဘွားကို သေချာ စောင့်ရှောက်ပေးမှာပါ.. "

​နားမကြားအဘွားကြီးက သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်း...

​" ရှာကျူး.. မင်းက ကလေးကောင်း တစ်ယောက်ဆိုတာ အဘွား သိပါတယ်.. ဒါပေမဲ့ ဒီကိစ္စကို သေချာစဥ်းစားဖို့ လိုတယ်.. တစ်ဖက်လူက အစာငတ်လို့ ထွက်ပြေးလာတာ.. သူ့မိသားစုကလည်း ထောက်ပံ့နိုင်တာ မရှိဘူး.. ရှေ့ဆက်မယ့် အနာဂတ်မှာ ခက်ခဲလိမ့်မယ်.. "

​" ပြီးတော့ မင်းမှာ ကျွေးမွေးရမယ့် ဟဲယွီဆွေလည်း ရှိသေးတယ်.. မင်းတို့မှာ ကလေးတွေ ထပ်ရလာရင် မိသားစု ဝန်ထုပ်ဝန်ပိုးက ကြီးလာမှာပဲ.. အခု မင်းက ငယ်သေးတော့ ဘာမှမဟုတ်ဘူး ထင်ရပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ အခက်အခဲတွေက ပေါ်လာမှာ.. "

​ရှာကျူးက နားထောင်ရင်း သူ၏ မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည် ။ သူက ခေါင်းငုံ့ကာ ခဏတာ တိတ်ဆိတ်သွားပြီးနောက်...

​" အဘွား.. အဘွား ကျွန်တော့် ကောင်းကျိုးအတွက် ပြောနေတာမှန်း ကျွန်တော် သိပါတယ်.. ဒါပေမဲ့ ကျွန်တော် သေချာ စဥ်းစားပြီးပါပြီ.. ရှောင်ဖန်းက အရမ်းကောင်းတဲ့မိန်းကလေးပါ.. ဘဝက နောက်ပိုင်း ပိုအဆင်ပြေ လာပါလိမ့်မယ် .. "

​" နင်.. ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ.. ဘာပဲဖြစ်ဖြစ် ငါကတော့ သဘောမတူနိုင်ဘူး.. အိမ်ထောင်ပြုမယ်ဆိုရင်တောင် မြို့ကလူကိုပဲ ရှာရမယ်.. "

​နားမကြားအဘွားကြီးက တံခါးပေါက်တွင် ရပ်လိုက်ပြီး...

​" ငါ ရှိနေသရွေ့ ဒီနေ့ ဒီတံခါးကနေ နင် ခြေတစ်လှမ်းမှ မထွက်ရဘူး.. ငါ့ကို ကျော်သွားနိုင်ရင်တော့ တစ်မျိုးပေါ့.. "

​သူမ ဖျောင်းဖျ၍ မရနိုင်သည်ကို မြင်သောအခါ နားမကြားအဘွားကြီးက အကြောင်းပြချက် မရှိဘဲ အတင်းအဓမ္မ လုပ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ ။

​ဤမြင်ကွင်းကို ကြည့်ပြီး ရှာကျူး အလွန်စိုးရိမ်လာသည် ။

​သို့သော် သူက နားမကြားအဘွားကြီးကို တွန်းဖယ်ပစ်ရန် မဝံ့ရဲချေ ။

​ထိုနှစ်ယောက်သည် အချိန်အတန်ကြာ အကျပ်ရိုက်နေပြီးနောက် ရှာကျူးက ဒေါသတကြီးဖြင့် အခန်းထဲသို့ ပြန်ဝင်ကာ တံခါးကို ပိတ်လိုက်သည် ။ ကြည့်ရသည်မှာ သူ တကယ်ကို ဒေါသထွက်သွားသည့်ပုံပင် ။

All Chapters