← Chapters

အခန်း ၁၉၃

Vol. 19 Ch. 193

အခန်း ၁၉၃

Vol. 19 Ch. 193

Chapter 193

~

အခန်း ၁၉၃ : မော်ရှောင်ဖန်း၏ အိမ်ထောင်ဖက်

~

​အချိန်များက မြင်းဖြူတစ်ကောင် ပြေးလွှားသွားသကဲ့သို့ လျင်မြန်လွန်းလှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လဟူသော အချိန်ကာလ ကုန်ဆုံးသွားခဲ့သည် ။

​ယနေ့တွင်တော့ ယန်ကျီဝမ်က အိမ်မကြီး၏ ဝင်ပေါက်တွင် သစ်သားချောင်း များနှင့် အလုပ်ရှုပ်နေ၏ ။

​ဤသည်က သူ၏ ငါးဖမ်းစနစ် အဆင့်တက်သွားပြီးနောက် ရရှိလာသည့် ဆုလာဘ်တစ်ခုဖြစ်သော အမြင့်ဆုံးအဆင့် နားလည်နိုင်စွမ်းပင် ။

​နာမည်နှင့်လိုက်အောင်ပင် သူ ဘာကိုပဲ သင်ယူသင်ယူ အလွယ်တကူ တတ်မြောက်သွားနိုင်စွမ်း ရှိသည် ။

​ထို့ကြောင့် ယန်ကျီဝမ်က လက်သမားအဘိုးကြီးတစ်ဦး အလုပ်လုပ်နေသည်ကို ရက်အနည်းငယ် လေ့လာကြည့်ပြီးနောက် အိမ်ပြန်လာကာ ကိုယ်တိုင် စတင် လက်တည့်စမ်းနေခြင်းပင် ။

​သူ ယခု ကလေးထိုင်ခုံလေး တစ်လုံးကို ပြုလုပ်နေလေ၏ ။

​ယန်ဖူကွေ့သည်လည်း အနီးအနားတွင် သူ၏ ဂျင်းနှင့် ကြက်သွန်ဖြူပင်များဖြင့် အလုပ်ရှုပ်နေသည် ။

မှန်ပေသည် ။ ယခုအခါတွင် ခေတ်ကြီးက ပို၍ပို၍ ခက်ခဲကျပ်တည်းလာခဲ့ပြီး ကျောင်းများကိုလည်း ပိတ်ထားလိုက်ရပြီ ။

​လူအများစုမှာ တစ်နေ့လျှင် ထမင်းတစ်နပ်သာ စားရပြီး အဝမစားကြရသဖြင့် မည်သူမှ ကျောင်းသို့ မလာချင်ကြတော့ပေ ။

​ကျောင်းသားများ မရှိသော စာသင်ခန်းတွင် မည်သူ့ကို သင်ကြားရမည်နည်း ။

​ထို့ကြောင့် ကျောင်းများ ပိတ်လိုက်ရ၏ ။

​အရေးတကြီး လုပ်စရာအလုပ် မရှိတော့သဖြင့် ယန်ဖူကွေ့က အိမ်တွင်သာ ငါးဖမ်းထွက်လိုက် ၊ သူ၏ ဂျင်းနှင့် ကြက်သွန်ဖြူပင်များကိုသာ အချိန်ပေးလိုက်နှင့် အချိန်ကုန်လွန်စေ၏ ။

​ပန်းများအကြောင်း ဆိုရလျှင်တော့ ။

​သူ ပန်းများကို ဆက်မစိုက်တော့ချေ ။ ယန်ကျီဝမ် ပြောခဲ့သလိုပင် ပန်းများက အသုံးမဝင် တော့၍ ဟင်းချက်ရာတွင် အသုံးပြုနိုင်သော ဂျင်းနှင့် ကြက်သွန်ဖြူ အချို့ကို စိုက်ပျိုးခြင်းက ပို၍ အကျိုးရှိမည် မဟုတ်ပါလော ။

​ရေလောင်းပြီးနောက် ယန်ဖူကွေ့က လျှောက်လာခဲ့သည် ။

​ပုံပန်းသဏ္ဍာန် ပေါ်လာပြီဖြစ်သော ကလေးထိုင်ခုံလေးကို ကြည့်ပြီးနောက် သူက တအံ့တသြ စုပ်သပ်လိုက်ပြီး..

​" ကျွတ်.. ဒုတိယသား.. မင်းက တကယ်ကြီး လေလုံးထွားနေတာ မဟုတ်ဘူးဘဲ ..လက်သမားပညာ တကယ်တက်ပါလား... "

​မနေ့က ယန်ကျီဝမ်သည် လက်သမား ကိရိယာအချို့နှင့် သစ်သားအချို့ကို ဝယ်လာခဲ့ပြီး ကလေးအတွက် ကလေးထိုင်ခုံ တစ်လုံး ပြုလုပ်ချင်သည်ဟု ပြောခဲ့သည် ။

​အစပိုင်းတွင်တော့ မည်သူကမှ မယုံကြည်ကြ ။

​သူက ငါးဖမ်းရာတွင် ကျွမ်းကျင်ရုံသာမက သူ၏ ဟင်းချက်စွမ်းရည်ကလည်း ထိပ်တန်းအဆင့်တွင် ရှိနေပြီး သိုင်းပညာတွင်လည်း အလွန် ထူးချွန်သည် ။

​သို့သော် ယခုအခါတွင် လက်သမားပညာကိုပါ တတ်ကျွမ်းသည်ဟု ဆိုလာပြန်၏ ။

​လူတွေ၏ စွမ်းအင်က ကန့်သတ်ချက် ရှိသည်ဖြစ်၍ ဤမျှများပြားသော အရာတွေကို သင်ယူဖို့ရန် အချိန်မရှိပေ ။

​သို့သော် ယနေ့တွင်တော့ ယန်ဖူကွေ့ မယုံချင်လည်း ယုံရတော့မည် ။

​" ဒါပေါ့.. ကျွန်တော် ဘယ်တုန်းက အပိုလျှောက်ပြောလို့လဲ .."

​ယန်ကျီဝမ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည် ။

​ယန်ဖူကွေ့က စူးစမ်းလိုစိတ်ဖြင့်..

​" ဒုတိယသား.. ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ.. မင်း ဒီပညာကို ဘယ်ကနေ သင်လာတာလဲ.. "

​" ဘေးခြံထဲမှာ လက်သမားအဘိုးကြီး တစ်ယောက် ရှိတယ်မလား.. ကျွန်တော် ရက်နည်းနည်းလောက် သွားကြည့်ပြီး သင်လာခဲ့တာလေ.. "

​ယန်ကျီဝမ်က မည်သူမဆို အလွယ်တကူ လုပ်နိုင်သည့်အရာတစ်ခုလို ပေါ့ပေါ့ပါးပါး ပြောလိုက်၏ ။ ယန်ဖူကွေ့၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ရီသွားသည် ။

​'ရက်နည်းနည်းကြည့်ပြီး သင်လိုက်တယ် ဟုတ်လား.. ဒီပညာရပ်ကို ရိုးရှင်းတယ်လို့များ မင်း ထင်နေတာလား.. ဒီအတိုင်း ကြည့်ရုံနဲ့ တတ်သွားတာတဲ့လား ..'

​အကယ်၍သာ ဤမျှလောက် လွယ်နေမည်ဆိုလျှင် အလုပ်လက်မဲ့လူဦးရေ များနေမည် မဟုတ်ချေ ။

​စကားလမ်းကြောင်းလွှဲကာ ယန်ဖူကွေ့က ပြောလိုက်သည် ။

​" အဲ့ဒါတွေ ဘေးဖယ်ထားလိုက်.. မင်း လက်ရာ မဆိုးဘူးပဲ... အိမ်က ကုလားထိုင်တွေလည်း ဟောင်းနေပြီ.. ဒုတိယသား.. ငါ့အတွက်လည်း နည်းနည်းလောက် လုပ်ပေးပါလား.... "

​" နောက်မှ လုပ်ပေးမယ်.. ကလေးအတွက် ကလေးကုတင် တစ်လုံး လုပ်ဖို့ ကျန်သေးတယ်.. "

​ယန်ကျီဝမ်က စကားပြောရင်း သူ၏အလုပ်ကို ဆက်လုပ်နေသည် ။

​ယန်ဖူကွေ့က ဆွံ့အစွာဖြင့်..

​" သုံးလပဲ ရှိသေးတာလေ.. ကလေးက အစောဆုံး နောက်နှစ်မှ မွေးမှာကို.. မင်း ပြင်ဆင်တာ စောလွန်းနေပြီ.. "

​" ရပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ တခြား လုပ်စရာမှ မရှိတာ.. "

​ယန်ကျီဝမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည် ။

​ယခုအချိန်တွင် ခက်ခဲကျပ်တည်းနေသည် ဆိုသော်လည်း ထိုသည်က တခြားသူများအတွက်သာ ဖြစ်သည် ။

​သူ၏ မိသားစုဘဝက ပုံမှန်နှင့် ဘာမှမကွာခြားဘဲ အချိန်ရတိုင်း ဟင်းလျာအသစ်များကိုပင် ထပ်တိုး ချက်ပြုတ်စားသောက်နေသေး၏ ။

​စက်ရုံရှိ သူ၏ အလုပ်နှင့် ပတ်သက်၍လည်း သူက သတ်မှတ်ထားသော အလုပ်တာဝန်များကို အချိန်မီ ပြီးစီးအောင် လုပ်ဆောင်ရန်သာ လိုအပ်သည် ။

​ဌာနမှူးလျောင်က သူ့ကို တွေ့တိုင်း ညည်းညူနေတတ်သော်လည်း မည်သည့်အပြစ်ကိုမှ ရှာမတွေ့နိုင်ချေ ။

​သူ့ကို အလုပ်အဆင့် တိုးပေးမည်ဟုပင် ကတိပေးခဲ့သော်လည်း ယန်ကျီဝမ်က ဂရုမစိုက် ။

​သူ ထိုအရာများကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ ။

​သူ့မှာ ပိုက်ဆံ မရှားပေ ။

​ထိုအခိုက်တွင် ရွှီတာမော့က သူ၏ စက်ဘီးကို တွန်းကာ ခြံတံခါးမှ ဝင်လာသည် ။ စက်ဘီးနောက်ခုံတွင် ပရိုဂျက်တာ တစ်လုံးကို တင်ထားပြီး စက်ဘီးလက်ကိုင်တွင် မှိုခြောက်ကြိုး အနည်းငယ် ချိတ်ဆွဲထားသဖြင့် သူ ကျေးလက်မှ ပြန်ရောက်လာကြောင်း ညွှန်ပြနေ၏ ။

​" အိုး.. တာမော့ ကျေးလက်က ပြန်ရောက်လာပြီပဲ.. "

​ယန်ဖူကွေ့က နွေးထွေးစွာ နှုတ်ဆက်လိုက်သည် ။

​ရွှီတာမော့က ရင်းနှီးကျွမ်းဝင်စွာပင် စက်ဘီးပေါ်မှ မှိုခြောက်များကို ဖြုတ်ယူလိုက်ပြီး ကမ်းပေးလိုက်ကာ..

​" တတိယဦး​လေး... ဒီမှိုတွေကို ယူထားလိုက်ပါ.. ညကျရင် ကျွန်တော် ဦးလေးတို့အိမ်ကို သောက်ဖို့ အရက် နည်းနည်း ယူလာခဲ့မယ်.. "

​" ကောင်းပြီလေ.. ငါ ဒီမနက်ပဲ ငါးနှစ်ကောင် ဖမ်းမိထားတယ်.. ဒီည အဲ့ဒါကို ချက်စားကြတာပေါ့.. "

​ယန်ဖူကွေ့က ပြန်ဖြေလိုက်ပြီးနောက် ဆက်၍..

​" တာမော့.. ကျေးလက်က အခြေအနေတွေက ပိုပိုပြီး ခက်ခဲလာပုံရတယ်နော်.. "

​ ယခင်ကဆိုလျှင် ရွှီတာမော့က ကျေးလက်မှ ပြန်လာတိုင်း အိတ်ကြီးအိတ်ငယ်များနှင့် ကြက်မအိုများကိုပင် သယ်လာတတ်သည် ။

​ယခုအခါတွင်မတော့ မှိုခြောက် အနည်းငယ်သာ ပါလာတော့၏ ။

​" အင်း.. တကယ်ကို ခက်ခဲနေတာဗျ.. ရွာသားတွေက အတင်းပေးလိုက်လို့လား မဟုတ်ရင် ကျွန်တော် ဒီမှိုတွေကိုတောင် မယူချင်ဘူး.. "

​ရွှီတာမော့က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည် ။

​ထို့နောက် သူက ယန်ကျီဝမ်ကို ကြည့်ကာ..

​" ညီလေး.. မင်း ရှာကျူးကို မိန်းမတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ် ဆိုတာ ကြားတယ်.. အဲ့ဒါ မင်း လုပ်တာ မမှန်ဘူးလေ.. မင်းအစ်ကို တာမော့က လူပျိုကြီး ဖြစ်နေတုန်းပဲ ရှိသေးတာကို မင်း သတိမရဘဲ ရှာကျူးကို သွားမိတ်ဆက်ပေးရသလား.. "

​" အဲ့ဒါ ကျွန်တော့်မိန်းမရဲ့ အလုပ်လေ.. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး..

​" ဒါနဲ့ အကိုတာမော့က တောသူလေးကို အထင်သေးမှာ မဟုတ်ဘူးလား.. "

​ရွှီတာမော့က လက်ဝှေ့ယမ်းလိုက်ပြီး..

​" ဘာကို အထင်သေးစရာ ရှိလို့လဲ.. ချောရင် ..အရည်အချင်းရှိရင် .. အကျင့်စာရိတ္တ ကောင်းမယ်ဆိုရင် ရပါတယ်.. ငါ ရွှီတာမော့ရဲ့ စွမ်းဆောင်ရည်နဲ့ မိန်းမတစ်ယောက်ကို မကျွေးနိုင်မှာ ကြောက်နေရမှာလား.. "

​ယန်ကျီဝမ်က နားထောင်ပြီးနောက် စနောက်လိုက်သည် ။

​" အိုး.. အကိုက ရှာကျူးလိုပဲ ဆုတောင်းနေတာကိုး.. "

​စကားလမ်းကြောင်းလွှဲကာ..

​" ဒါပေမဲ့ ဟိုတစ်လောက ရှာကျူးနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကောင်မလေးလိုမျိုး ကောင်မလေး တစ်ယောက်တော့ တကယ် ရှိတယ်.. ကျုပ်ကတော့ သူ တကယ်ကောင်းတယ်လို့ ထင်တာပဲ.. "

​ယန်ဖူကွေ့က ခေါင်းယမ်းလိုက်ပြီး..

​" ထားလိုက်ပါတော့ တာမော့ရာ.. မင်း သဘောကျရင်တောင် မင်းမိဘတွေက သေချာပေါက် သဘောတူမှာ မဟုတ်ဘူး.. "

​" အဲ့ဒါလည်း ဟုတ်တာပဲ.. "

​ရွှီတာမော့က အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည် ။

​" ကျွန်တော့် မိဘတွေက ဖိအားနည်းသွားအောင် မြို့က တစ်ယောက်ယောက်ကို ရှာစေချင်တယ်လို့ ပြောထားတယ်.. "

​" ကဲပါ ကဲပါ... ကျွန်တော် တနေကုန် နင်းလာရတာ.. .. ပြန်ပြီး ခဏလောက် အနားယူလိုက်အုံးမယ်.. ပြီးမှ ပြန်လာခဲ့မယ်.. "

​" အေးအေး.. မင်း အရင်ပြန်နားလိုက်အုံး.. "

​...

​မွန်းလွဲပိုင်းတွင် ...

​ယွီလီ အလုပ်မှ ပြန်ရောက်လာချိန်၌ သူမ၏ မျက်နှာပေါ်တွင် အပြုံးများက ဝေဆာနေ၏ ။

​ယန်ကျီဝမ်က သူမကို မြင်သောအခါ မေးလိုက်သည် ။

​" မိန်းမ.. တစ်ခုခု ကောင်းတဲ့ကိစ္စ ရှိလို့လား.. မင်း ကြည့်ရတာ အရမ်းပျော်နေသလိုပဲ.. "

​" ရှင် ခန့်မှန်းတာ မှန်တယ်.. "

​ယွီလီက ခေါင်းညိတ်လိုက်ပြီး ..

​" အရင်က မော်ရှောင်ဖန်းကို ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော် တစ်ယောက် ရှာပေးမယ်လို့ ကျွန်မ ကတိပေးထားခဲ့တယ်မလား.. ခု တစ်လလောက် အချိန်ယူပြီး ကြိုးစားရှာလိုက်တာ နောက်ဆုံးတော့ သင့်တော်တဲ့သူ တစ်ယောက်ကို ရှာတွေ့သွားပြီ.. "

​ယန်ကျီဝမ်က နားထောင်ရင်း ပြုံးကာ ခေါင်းညိတ်လိုက်သည် ။

​" အဲ့ဒါ တကယ် သတင်းကောင်းပဲ.. အဲ့လူက ဘာအလုပ်လုပ်တာလဲ.. "

​" သူက သတ္တုဟောင်း စုဆောင်းတဲ့ နေရာမှာ အလုပ်လုပ်တယ်.. စစ်မှုထမ်းဟောင်း တစ်ယောက်လေ...ဘယ်ဘက်ခြေထောက်က နည်းနည်း အဆင်မပြေဘူး.. သူ့မိသားစုမှာ ဆွေမျိုးတွေ ဘယ်သူမှ မကျန်တော့ဘူး.. သူတစ်ယောက်တည်းပဲ ရှိတာ.. ပြီးတော့ သူက ရိုးသားတယ်.. "

​" ဒါဆို မော်ရှောင်ဖန်းက သဘောတူလိုက်ပြီပေါ့.. "

​ယွီလီ၏ စကားအရ ထိုသူက ခြေဆွံ့နေပုံရသည် ။

​သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ အခြေအနေများက မဆိုးရွားလှဘဲ နောက်ထပ် လူတစ်ယောက်ကို ထောက်ပံ့ရန် ပြဿနာ မရှိနိုင်ချေ ။

​ယွီလီက ခေါင်းညိတ်လိုက်ပြီး..

​" ဒီနေ့ သူတို့နှစ်ယောက် တွေ့ဖို့ စီစဥ်ပေးခဲ့တာ.. နှစ်ယောက်စလုံး အရမ်း ကျေနပ်ကြတယ်.. သူတို့ မနက်ဖြန်လောက်ဆိုရင် လက်ထပ်စာချုပ် သွားလုပ်ကြလိမ့်မယ်.. "

​" အဲ့ဒါ အရမ်းကောင်းတာပေါ့.. "

​ယန်ကျီဝမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည် ။ မော်ရှောင်ဖန်းက သူမ၏ အိမ်ထောင်ဘက်ကို ရှာတွေ့သွားခဲ့ပြီဖြစ်ပြီး ယွီလီကလည်း သူမ၏ ယခင်ကတိကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ ဖြစ်သည် ။

​" ရှာကျူးထက်တော့ သေချာပေါက် ပိုကောင်းပါတယ်.. "

​ယွီလီက နှာခေါင်းရှုံ့ကာ ညည်းတွားလိုက်သည် ။

​ထိုစဥ်က ရှာကျူး၏ ရုတ်တရက် စိတ်ပြောင်းသွားမှုအပေါ် သူမက ရန်ငြိုးဖွဲ့နေဆဲပင် ။

​ယန်ကျီဝမ်က ရယ်လိုက်ပြီး...

​" ဟားဟားဟား...ဘာလို့ သူ့အကြောင်း ပြောနေရတာလဲ.. အဲ့ဒါက သူ့မှာ အဲ့ဒီလို ရေစက် မပါလာလို့ပေါ့.. နောက်ကျရင် သူ အများကြီး ဒုက္ခရောက်ရလိမ့်မယ်.. "

​ဤသည်က လုံးဝ မှန်သည်ဟုတော့ မဆိုနိုင် ။ တစ်ယောက်က ရိုက်နှက်ရသည်ကို သဘောကျပြီး အခြားတစ်ယောက်ကလည်း အရိုက်ခံရသည်ကို သဘောကျနေသည် မဟုတ်ပါလော ။ ရှာကျူးက ထိုအရာကိုပင် သဘောကျ နှစ်သက်နေခြင်းလည်း ဖြစ်နိုင်သည် ။

( ချင်ဟွိုင်ရုက သူ့ကို အမြတ်ထုတ်နေသလို.. သူကလည်း အဲ့တာလေးကို သဘောကျနေတာမျိုး...)

​ဟဲယွီဆွေ တစ်ယောက်တည်းသာ ဒုက္ခရောက်ခဲ့ရခြင်း ဖြစ်သည် ။

​ဟဲယွီဆွေ အကြောင်း ပြောရလျှင် သူ သူမကို မကြာသေးမီက မြင်တွေ့ခဲ့ရသေးသည် ။

​သူမ၏ ယခင်က ဝိုင်းစက်နေသော မျက်နှာလေး ပျောက်ကွယ်သွားပြီး အတော်လေး ပိန်ကျသွားခဲ့သည် ။

​ခန့်မှန်းနေစရာပင် မလို ။ ထိုသည်က အစားအသောက် လုံလောက်စွာ မစားရခြင်းကြောင့်သာ ။

​သို့သော် သူမက အကူအညီတောင်းရန် သူ့ထံသို့ လာရောက်ခြင်း မရှိသဖြင့် သူကလည်း သူမထံ တက်ကြွစွာ ချဥ်းကပ်သွားမည် မဟုတ်ချေ ။

All Chapters