← Chapters

အခန်း ၁၉၄

Vol. 19 Ch. 194

အခန်း ၁၉၄

Vol. 19 Ch. 194

Chapter 194

~

အခန်း ၁၉၄ : မင်္ဂလာ ပွဲ

~

​နောက်တစ်နေ့ မွန်းလွဲပိုင်း ...

​ယွီလီ အလုပ်မှ ပြန်ရောက်လာသည် ။ သူမ၏ မျက်နှာပေါ်တွင် အပြုံးများက ဝေဆာနေ၏ ။ သူမ တံခါးပေါက်သို့ ရောက်သည်နှင့် အဝင်ဝတွင် ခုံရိုက်ရင်း အလုပ်ရှုပ်နေသော ယန်ကျီဝမ်ကို လှမ်းခေါ်လိုက်သည် ။

​" ကျီဝမ်.. သတင်းကောင်း ပါလာတယ်.. မော်ရှောင်ဖန်း ဒီနေ့ ကျွန်မဆီလာပြီး သူတို့ရဲ့ မင်္ဂလာပွဲကို ဖိတ်သွားတယ်.. "

​ယန်ကျီဝမ်က သူလုပ်နေသော အလုပ်ကို ရပ်လိုက်ပြီး အနည်းငယ် အံ့သြသွားဟန်ဖြင့် ...

​" အဲ့လောက်တောင် မြန်တာလား.. သူတို့ မနေ့ကမှ တွေ့ကြတာကို မနက်ဖြန် ပွဲလုပ်တော့မှာတဲ့လား.. "

​ယွီလီက ရယ်လိုက်ပြီး...

​" အခုခေတ်က ဒီလိုပဲလေ.. ဒီနေ့ အဆင်ပြေရင် မနက်ဖြန် လက်ထပ်စာချုပ် သွားလုပ်ကြတာ ပုံမှန်ပါပဲ.. ပြီးတော့ မော်ရှောင်ဖန်း အတွက်လည်း အဆင်မပြေမှုတွေ ရှိနေတော့ စောစောစီစီး အတည်တကျ ဖြစ်သွားတာ ကောင်းပါတယ်ရှင်.. "

​ယန်ကျီဝမ်က သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည် ။

​" ဒါလည်း ဟုတ်တာပါပဲ.. ဒီလို နှစ်တွေမှာ အားကိုးစရာ တစ်ယောက်ရှိတာက ဘာနဲ့မှ မလဲနိုင်ဘူး.. ဒါပေမဲ့ သူတို့ မင်္ဂလာပွဲကို ဘယ်လို စီစဥ်ကြမှာတဲ့လဲ.. ဒီလို အခြေအနေကြီးမှာ ကြီးကြီးကျယ်ကျယ် လုပ်ဖို့က သိပ်မကောင်းဘူးထင်တယ်.. "

​ယွီလီက လက်ကာပြလိုက်ပြီး...

​" သူတို့ ကြီးကြီးကျယ်ကျယ် မလုပ်ပါဘူး.. မော်ရှောင်ဖန်း ပြောတာတော့ သူတို့ကို မိတ်ဆက်ပေးတဲ့ ကျေးဇူးဆပ်တဲ့ အနေနဲ့ ကျွန်မတို့ နှစ်ယောက်ကိုပဲ ရိုးရိုးရှင်းရှင်း ထမင်းစားဖို့ ဖိတ်တာပါတဲ့.. "

​" ကောင်းပြီလေ.. မနက်ဖြန် သွားကြတာပေါ့.. ရိုးရိုးရှင်းရှင်း စားရုံဆိုပေမဲ့ ကိုယ်တို့ဘက်က လက်ဆောင်ကိုတော့ လျှော့လို့ မဖြစ်ဘူး.. "

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး မော်ရှောင်ဖန်း အိမ်ထောင်ကျသွားသည့်အတွက် ဝမ်းသာမိလေသည်။

​" ဒါပေါ့.. "

​ယွီလီက ခေါင်းညိတ်လိုက်ပြီး ပြောသည် ။

​" ကျွန်မ စဥ်းစားထားပြီးပြီ.. သူတို့ကို ကြွေဇလုံ တစ်လုံးနဲ့ ဓာတ်ဘူး တစ်လုံး လက်ဆောင်ပေးမယ်.. ဒီပစ္စည်းတွေက လက်တွေ့အသုံးကျပြီး သူတို့ နေ့စဥ်ဘဝမှာ အသုံးဝင်လိမ့်မယ်.. "

​ယန်ကျီဝမ်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည် ။

​" ကောင်းပြီ.. အဲ့တာဆိုလည်း ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့.. "

​...

​နောက်တစ်နေ့ နေ့လည်ခင်း ...

​ယွီလီနှင့် ယန်ကျီဝမ်တို့သည် ပြင်ဆင်ထားသော ကြွေဇလုံနှင့် ဓာတ်ဘူးကို ယူကာ မော်ရှောင်ဖန်းတို့၏ အိမ်သို့ ချီတက် လာခဲ့ကြသည် ။

​သူမနှင့် လက်ထပ်မည့်သူ၏ နာမည်မှာ ကျန်းဝေကော် ဖြစ်သည် ။ သူ၏ အိမ်သည် ဝင်ပေါက်တစ်ခုတည်းရှိသော ခြံဝင်းအတွင်း၌ ပင်မ တံခါးအနီးတွင် တည်ရှိ၏ ။

​သူတို့ ခြံဝင်း အဝင်ဝသို့ ရောက်သည်နှင့် ကျန်းဝေကော်နှင့် မော်ရှောင်ဖန်းတို့က ကြိုတင် စောင့်ဆိုင်းနေကြလေပြီ ။

​ကျန်းဝေကော်သည် အရပ်မရှည်ဘဲ သူ၏ အသားအရေကညိုမည်းနေကာ အလုပ်ကြိုးစားသူ တစ်ဦးဖြစ်ကြောင်း ဖော်ပြနေသည် ။

​သူ၏ ဘယ်ဘက်ခြေထောက်က အနည်းငယ် အဆင်မပြေဘဲ ထော့နင်းထော့နင်း လမ်းလျှောက်ရသော်လည်း သူ၏ မျက်နှာပေါ်ရှိ ရိုးသားသော အပြုံးကြောင့် တက်ကြွနေပုံပေါ်၏ ။

​မော်ရှောင်ဖန်းက သူ၏ ဘေးတွင် ရပ်နေပြီး သူမ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာသော အပြုံးလေး ရှိနေကာ မနေ့က သူတို့ နှစ်ဦး အဆင်ပြေခဲ့ကြောင်း သိသာပေသည် ။

​ယွီလီနှင့် ယန်ကျီဝမ်တို့က ရှေ့သို့ လျှောက်သွားကာ ပြုံး၍ နှုတ်ဆက်လိုက်သည် ။

​" အကိုဝေ.. ရှောင်ဖန်း.. မင်းတို့ နှစ်ယောက်လုံးအတွက် ဂုဏ်ယူပါတယ်.. "

​ကျန်းဝေကော်က အမြန် ရှေ့သို့ ထွက်လာပြီး နွေးထွေးစွာဖြင့်...

​" ရဲဘော်ယွီ.. ရဲဘော်ယန်.. ရောက်လာကြပြီပဲ.. ကျေးဇူးပြုပြီး အထဲဝင်ထိုင်ကြပါအုံး.. "

​ထိုစကားကို ကြားလျှင် ယွီလီက မကျေနပ်ဟန်ဟန်ဆောင်ကာ...

​" ဘာလို့ ရဲဘော်ယွီ လို့ ခေါ်နေရတာလဲ.. အကိုဝေ.. ကျွန်မကို နာမည်ပဲ ခေါ်ပါ.. "

​ယန်ကျီဝမ်ကလည်း ဝင်ပြောလိုက်သည် ။

​" ဟုတ်တယ်.. ခင်ဗျားက ကျုပ်တို့ထက် အသက်ကြီးမယ်ထင်တယ်.. ကျုပ်က ခင်ဗျားကို အစ်ကိုကျန်းလို့ပဲ ခေါ်မယ်.. ခင်ဗျားက ကျုပ်ကို ယန်ကျီဝမ်လို့သာ ခေါ်ပါ.. "

​" ကောင်းပါပြီ.. "

​ကျန်းဝေကော်က ရိုးသားသော အပြုံးဖြင့် အမြန် သဘောတူလိုက်သည် ။

​မော်ရှောင်ဖန်းက ပြုံး၍ သူတို့ လက်ထဲမှ လက်ဆောင်များကို လှမ်းယူလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏ ။

​" အစ်မ.. အစ်ကိုယန်.. ပစ္စည်းတွေ အများကြီး ယူလာတာ အားနာစရာကြီး.. "

​ယွီလီက လက်ကာပြလိုက်ပြီး ...

​" ဒါက ဘာမှမဟုတ်ပါဘူး.. နင်တို့ရဲ့ မင်္ဂလာပွဲ နေ့ကြီးရက်ကြီးမှာ ငါတို့က လက်ဗလာနဲ့ လာလို့ မဖြစ်ဘူးလေ.. ပြီးတော့ ဒီပစ္စည်းတွေက နင်တို့ အတူနေမယ့် ဘဝအတွက် အသုံးဝင်မှာပါ.. "

​အိမ်ထဲတွင် ...

​ယွီလီနှင့် ယန်ကျီဝမ်တို့က အခန်းတွင်းသို့ ဝေ့ကြည့်လိုက်ကြသည် ။ ကျန်းဝေကော်၏ အိမ်မှာ အခန်းတစ်ခန်းတည်းသာ ရှိပြီး မီးဖိုချောင် တစ်ခု ပါဝင်၏ ။

​အိမ်မှာ မကြီးသော်လည်း သပ်ရပ်စွာ ရှင်းလင်းထားသည် ။ ရိုးရှင်းသော ပရိဘောဂ နှစ်ခု သုံးခုမျှသာ ရှိပြီး ဟောင်းနွမ်းနေသော်လည်း အညစ်အကြေးကင်းစင်နေကာ အိမ်ရှင်ဖြစ်သူမှာ လုံ့လဝီရိယရှိသူဖြစ်ကြောင်း ပြသနေသည် ။

​ကျန်းဝေကော်က သူတို့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး ပြုံး၍...

​" ယွီလီ.. ယန်ကျီဝမ်.. ခဏလောက် ထိုင်ကြအုံး.. ငါ ရေနွေးကြမ်း သွားငှဲ့လိုက်အုံးမယ်.. "

​ယွီလီက လက်ကာပြလိုက်ပြီး...

​" ဒုက္ခခံမနေပါနဲ့.. ကျွန်မတို့တွေက မိသားစုတွေလိုပဲမို့ အားနာနေစရာ မလိုပါဘူး.. "

​သို့သော် မော်ရှောင်ဖန်းက ရေနွေးကြမ်း နှစ်ခွက်ကို ယူလာပြီးဖြစ်ကာ ပြုံး၍...

​" အစ်မ.. အစ်ကိုယန်.. ရေနွေးကြမ်းလေး သောက်ကြပါအုံး.. "

​ယွီလီက ရေနွေးကြမ်းကို လှမ်းယူလိုက်ရင်း စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည် ။ သူမက မော်ရှောင်ဖန်းကို ကြည့်ကာ တိုးတိုးလေး မေးလိုက်၏ ။

​" ရှောင်ဖန်း.. မနေ့က အခြေအနေ ဘယ်လိုလဲ.. အဆင်ပြေရဲ့လား.. "

​မော်ရှောင်ဖန်းက ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးဖြင့်...

​" အရမ်းကောင်းပါတယ်.. အစ်ကိုဝေကော်က ညီမအပေါ် အရမ်းကောင်းတယ်.. ဘာမှ အဆင်မပြေဖြစ်တာမျိုး မရှိပါဘူး.. "

​သူမ စကားပြောနေစဥ်မှာပင် ကျန်းဝေကော်က မီးဖိုချောင်ထဲမှ ကြက်သားစွပ်ပြုတ် တစ်အိုးကို ယူလာပြီး ...

​" ယွီလီ.. ယန်ကျီဝမ်.. ဒီနေ့ ငါတို့ ရိုးရိုးရှင်းရှင်းလေးပဲ စားကြတာပေါ့.. အထိမ်းအမှတ်အနေနဲ့ ဒီမနက်မှ ဒီကြက်ကို တကူးတက ဝယ်လာခဲ့တာ.. "

​ယွီလီနှင့် ယန်ကျီဝမ်တို့ ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားကြသည် ။

​ဤနှစ်များအတွင်း ကြက်တစ်ကောင် ရရန် မလွယ်ကူလှပေ ။ လူတိုင်းတွင် ယန်ကျီဝမ်ကဲ့သို့ စနစ်မျိုး မရှိကြ ။

​ကျန်းဝေကော်က အစွမ်းကုန် ကြိုးစားထားကြောင်း သိသာပေသည် ။

​ယွီလီက ခေါင်းခါလိုက်ပြီး...

​" အကိုဝေ.. ရှင် အရမ်း ဖြုန်းတီးတာပဲ.. ကျွန်မတို့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်.. ဒီလောက်ထိ ဒုက္ခခံစရာ မလိုပါဘူး.. "

​ကျန်းဝေကော်က ရိုးသားစွာ ပြုံးလိုက်ပြီး...

​" ဒုက္ခခံတာ မဟုတ်ပါဘူး.. မင်းတို့က မော်ရှောင်ဖန်းရဲ့ ကျေးဇူးရှင်တွေဆိုတော့ ငါ့ရဲ့ ကျေးဇူးရှင်တွေလည်း ဟုတ်တယ်လေ.. မင်းတို့သာ မိတ်မဆက်ပေးခဲ့ရင် ရှောင်ဖန်း ကို ငါ လက်ထပ်နိုင်မှာ မဟုတ်ဘူး.. ဒါလေးက ကျေးဇူးဆပ်တဲ့ သဘောမို့ ငြင်းမနေပါနဲ့.. "

​သူ ထိုသို့ ပြောလာသည်ကို မြင်လျှင် သူတို့နှစ်ဦးလည်း ဆက်၍ အားနာမနေတော့ချေ ။

​သူတို့ ထိုင်လိုက်ကြပြီး စတင် စားသောက်ကြသည် ။

​ထမင်းစားနေစဥ်အတွင်း ကျန်းဝေကော်က မော်ရှောင်ဖန်း၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးနေရန် အလုပ်ရှုပ်နေပြီး သူကိုယ်တိုင်က တစ်လုတ်နှစ်လုတ်မျှသာ စားရသေးသည် ။ သူက ပါးစပ်မှလည်း ရေရွတ်နေ၏ ။

​" ရှောင်ဖန်း.. များများစား.. ကိုယ့်အိမ်မှာပဲမို့ အားနာမနေနဲ့.. "

​မော်ရှောင်ဖန်းက ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ အပြည့်ရှိနေသည် ။

​သူမနှင့် ကျန်းဝေကော်တို့ မနေ့က လက်ထပ်စာချုပ် ပြုလုပ်ခဲ့ကြသည် ။

​ကျန်းဝေကော်က သူမအပေါ် အလွန်ကောင်းမွန်ပြီး ကြမ်းတမ်းသော စကားတစ်ခွန်းမှ မပြောဆိုဖူးသလို အိမ်မှုကိစ္စများကိုလည်း အမြဲတက်ကြွစွာ လုပ်ကိုင်ပေးသည် ။

​ထို့အပြင် လက်ထပ်စာချုပ် ပြုလုပ်ပြီးနောက် အိမ်သို့ ပြန်ရောက်သည်နှင့် ကျန်းဝေကော်က သူ၏ စုဆောင်းထားငွေ အားလုံးကို မော်ရှောင်ဖန်းထံ အပ်နှင်းခဲ့သည် ။ ထိုစဥ်က မော်ရှောင်ဖန်း အလွန်ပင် စိတ်လှုပ်ရှားကြည်နူးခဲ့ရ၏ ။

​သူမ လူကောင်းတစ်ယောက်နှင့် ဆုံတွေ့ခဲ့ပြီဖြစ်ကြောင်း သူမ သိလိုက်ရပေသည် ။

​သူတို့၏ ဆက်ဆံရေးကို ယွီလီနှင့် ယန်ကျီဝမ်တို့ မြင်တွေ့နေရပြီး မော်ရှောင်ဖန်းအတွက် နှစ်ဦးစလုံး ဝမ်းသာနေကြသည် ။

​ယွီလီက နောက်ပြောင်လိုက်သည် ။

​" အကိုဝေ.. ရှင်က တကယ်ကို မိန်းမကို အလိုလိုက်တဲ့ ယောက်ျားကောင်း တစ်ယောက်ပါပဲ.. မော်ရှောင်ဖန်းရှင့်ဆီမှာ ရှိနေတာကို ကျွန်မတို့ စိတ်အေးသွားပြီ.. "

​ကျန်းဝေကော်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ရင်ဘတ်ပေါ်တွင် လက်တင်ကာ ကတိပေးလိုက်သည် ။

​" မင်းတို့ စိတ်ချယုံကြည်ထားလို့ ရပါတယ်.. နောက်ပိုင်း မော်ရှောင်ဖန်းကို သေချာပေါက် ကောင်းကောင်းမွန်မွန် ထားပါ့မယ်.. "

​ထိုစကားကို ကြားလျှင် မော်ရှောင်ဖန်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး တိုးတိုးလေး ပြောလိုက်၏ ။

​" အစ်မ.. အစ်ကိုယန်.. ကျေးဇူးတင်ပါတယ်.. အစ်မတို့သာ မရှိရင် ကျွန်မမှာ ဒီနေ့လိုမျိုး ရှိလာမှာ မဟုတ်ဘူး.. "

​ယွီလီက လက်ကာပြလိုက်ပြီး...

​" ရှောင်ဖန်း.. အဲ့လို မပြောပါနဲ့.. နင် အခုလို အဆင်ပြေပြေ ဖြစ်သွားလို့ ငါတို့လည်း နင့်အတွက် ဝမ်းသာပါတယ်.. "

​ထမင်းစားပြီးနောက် ယွီလီနှင့် ယန်ကျီဝမ်တို့ အတန်ကြာ စကားပြောပြီးနောက် ပြန်ရန် ထရပ်လိုက်ကြသည် ။

​ကျန်းဝေကော်နှင့် မော်ရှောင်ဖန်းတို့က သူတို့ကို တံခါးဝအထိ လိုက်ပို့ကြ၏ ။ ကျန်းဝေကော်က ယန်ကျီဝမ်၏ လက်ကို ဆုပ်ကိုင်ကာ ရိုးသားစွာဖြင့် ပြောလိုက်သည် ။

​" ယန်ကျီဝမ်.. နောက်လည်း မကြာခဏ အလည်လာပါအုံး.. အခုဆို ငါတို့က မိသားစုတွေ ဖြစ်နေပြီပဲ.. "

​ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည် ။

​" ကောင်းပါပြီ.. ကျုပ်တို့ အဆက်အသွယ် မပြတ်ကြတာပေါ့.. "

​ယွီလီက မော်ရှောင်ဖန်း၏ လက်ကို ပုတ်ကာ မှာကြားလိုက်သည် ။

​" မော်ရှောင်ဖန်း.. နင့်ရဲ့ ဘဝကို သေသေချာချာ နေထိုင်ပါ.. အခက်အခဲ တစ်ခုခုရှိရင် ငါတို့ဆီ လာခဲ့နော်.. "

​မော်ရှောင်ဖန်းက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ကျေးဇူးတင်မှုများ အပြည့်ဖြင့်...

​" ဟုတ်ကဲ့ပါ အစ်မ.. ကျွန်မ သတိထားပါ့မယ်.. "

​စကားပြောပြီးနောက် ယန်ကျီဝမ်က သုံးဘီးစက်ဘီးကို နင်းကာ ယွီလီကို တင်၍ ထွက်လာခဲ့သည် ။

​အပြန်လမ်းတွင် ယန်ကျီဝမ်က သက်ပြင်းချလိုက်သည် ။

​" မော်ရှောင်ဖန်း ဒီတစ်ခါတော့ သင့်တော်တဲ့ သူနဲ့ ရသွားတာ အမှန်ပဲ.. "

​ယွီလီက ခေါင်းညိတ်လိုက်ပြီး ပြုံးကာ...

​" ဟုတ်တယ်.. ဝေကော်က ခြေထောက် နည်းနည်း အဆင်မပြေပေမဲ့ လူကောင်းတစ်ယောက်ပဲ..မိန်းမကို ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာလဲ သိတယ်.. သူနဲ့ဆိုရင် မော်ရှောင်ဖန်းရဲ့ ဘဝက သေချာပေါက် ပိုပိုပြီး ကောင်းလာတော့မှာ.. "

​" သေချာပေါက် ဖြစ်လာမှာပါ.. "

All Chapters