← Chapters

အခန်း ၁၉၆

Vol. 19 Ch. 196

အခန်း ၁၉၆

Vol. 19 Ch. 196

Chapter 196

~

အခန်း ၁၉၆ : လက်တွေ့

~

​" ဒါရိုက်တာလီ.. ကျွန်တော် သူ့ကို ခေါ်လာခဲ့ပါပြီ.. "

​ရွှီတာမော့က ယန်ကျီဝမ်၏ လက်မောင်းကို ဆွဲကာ လီဟွိုက်တဲ၏ ရုံးခန်းထဲသို့ ဝင်လာခဲ့သည် ။ အခန်းထဲရောက်သည်နှင့် ရွှီတာမော့က လီဟွိုက်တဲကို မျက်နှာချိုသွေး၍ ပြုံးပြလိုက်၏ ။

​" ဒါရိုက်တာ.. မင်္ဂလာပါ.. "

​ယန်ကျီဝမ်က လီဟွိုက်တဲကို နှုတ်ဆက်လိုက်သည် ။

​လီဟွိုက်တဲက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး စားပွဲနောက်မှ ထွက်လာကာ စိတ်အားထက်သန်စွာဖြင့်...

​" ယန်လေး.. ရွှီတာမော့ ပြောတာ မင်းရဲ့ ဟင်းချက်စွမ်းရည်က ကောင်းတယ်ဆို.. တကယ်ပဲလား.. "

​ယနေ့ ညီနောင်အဖွဲ့အစည်းမှ ခေါင်းဆောင်များက အရေးကြီးကိစ္စ လာရောက်ဆွေးနွေးကြမည် ဖြစ်၍ လီဟွိုက်တဲက သူတို့ကို ဧည့်ခံရန် ဟင်းလျာကောင်းများ ပြင်ဆင်ထားရန် စီစဥ်ထားသည် ။

​သို့သော် ရှာကျူးက ယနေ့မှ ရုတ်တရက် ခွင့်ယူသွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း ။

​ထိုအချိန်တွင် ရွှီတာမော့က သတင်းကို ကြားလိုက်ရပြီး ယန်ကျီဝမ်ကို ချက်ချင်း သတိရသွားသည် ။

​သူက ယန်ကျီဝမ်၏ ဟင်းချက်လက်ရာကို ကိုယ်တိုင် မြည်းစမ်းဖူးပြီး ဖြစ်၍ ရှာကျူးထက် အဆပေါင်းများစွာ သာလွန်ကြောင်း သိထားသည် ။

​ထို့ကြောင့် ခေါင်းဆောင်ကို မျက်နှာလို မျက်နှာရ လုပ်ရန် ရည်ရွယ်ချက်ဖြင့် ရွှီတာမော့က ယန်ကျီဝမ်၏ ဟင်းချက်စွမ်းရည် အကြောင်းကို လီဟွိုက်တဲအား ပြောပြလိုက်ခြင်းပင် ။

​သို့သော် မျက်မြင်ကိုယ်တွေ့မှသာ အမှန်ဖြစ်သည် ။ အရသာ ကောင်းမွန်ခြင်း ရှိ မရှိကို မြည်းစမ်းကြည့်မှသာ သိနိုင်ပေမည် ။

​ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည် ။

​" ကျွန်တော့် လက်ရာက အသင့်အတင့် ရှိပါတယ်.. "

​" ဘာကို အသင့်အတင့်လဲ.. "

​ရွှီတာမော့က ယန်ကျီဝမ်၏ နှိမ့်ချနေမှုကို မကျေနပ်သဖြင့် လီဟွိုက်တဲကို ချက်ချင်း အာမခံပေးလိုက်သည် ။

​" ခေါင်းဆောင်.. သူက အားနာနေတာပါ.. သူ့လက်ရာက ရှာကျူးထက် အဆပေါင်းများစွာ သာတယ်.. "

​"အော်.. ဟုတ်လား.."

​လီဟွိုက်တဲက အံ့အားသင့်စွာဖြင့်...

​" ယန်လေး.. မင်းမှာ ဒီလို စွမ်းရည်ရှိမယ်လို့ မထင်ထားဘူး.. မင်း တကယ်ကို ဖုံးကွယ်ထားနိုင်တာပဲ.. "

​ယန်ကျီဝမ်က စနောက်လိုက်သည် ။

​" ကျွန်တော့်ရဲ့ တခြား စွမ်းရည်တွေကလည်း မဆိုးပါဘူး.. "

​" ဒါတော့ ဟုတ်တာပေါ့.. "

​လီဟွိုက်တဲက ယန်ကျီဝမ်၏ ဝယ်ယူရေး စွမ်းရည်ကို ဆိုလိုခြင်း ဖြစ်သည် ။

​ယန်ကျီဝမ်က လက်ရှိတွင် ဝယ်ယူရေး ဌာန၏ ကြယ်ပွင့် ဖြစ်သည် ။ သူသာ ကြိုးစားချင်စိတ် ရှိလျှင် ယခုဆိုလျှင် ရာထူးများစွာ တိုးမြှင့်ခံရပြီး ဖြစ်နေလောက်ပြီ ။

​လီဟွိုက်တဲက ဆက်ပြောသည် ။

​" ယန်လေး.. ရွှီတာမော့ မင်းကို ပြောပြီးလောက်ပြီ ထင်ပါတယ်.. ဒီနေ့ ဧည့်သည်က အရေးကြီးတယ်.. ငါ မင်းကို ယုံပေမဲ့လည်း.. အင်း.. "

​" နားလည်ပါတယ်.. "

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး...

​" လက်တွေ့ပေါ့.. အခု ချက်ချင်း ထမင်းစားဆောင်သွားပြီး ကျွန်တော့်ရဲ့ စွမ်းရည်ကို ပြပေးပါ့မယ်.. "

​ရွှီတာမော့ကို ကတိပေးထားပြီးဖြစ်၍ သူ အကောင်းဆုံး ပြင်ဆင်ပေးရန် ကြိုးစားမည် ဖြစ်သည် ။

​" အဲ့ဒါ ငါ ပြောချင်တဲ့ စကားပဲ.. "

​ချက်ချင်းပင် သူတို့သုံးယောက် ထမင်းစားဆောင်သို့ သွားလိုက်ကြသည် ။

​ထမင်းစားဆောင်မှ တာဝန်ခံဝမ်က သူ၏ အထက်လူကြီး ရောက်လာသည်ကို မြင်လျှင် အမြန် အနားသို့ လာ၍ နှုတ်ဆက်သည် ။

​" ဒါရိုက်တာ... ကျွန်တော် ရှာကျူးကို ခေါ်ဖို့ လူလွှတ်ထားပါတယ်.. မကြာခင် ရောက်လာတော့မှာပါ.. "

​ဒါရိုက်တာဝမ်က သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်သည် ။ နိုဝင်ဘာလ ဖြစ်သော်လည်း သူ၏ စိုးရိမ်စိတ်ကြောင့် ဇောချွေးများ ပြန်နေ၏ ။

​မနက်ပိုင်းက လီဟွိုက်တဲ၏ အတွင်းရေးမှူးက မွန်းလွဲပိုင်းတွင် ဧည့်ခံပွဲအတွက် ဟင်းလျာများ ပြင်ဆင်ရန် အကြောင်းကြားထားသော်လည်း ရှာကျူးက ခွင့်ယူသွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း ။

​ထို့ကြောင့် သူ အလွန် စိုးရိမ်သွားပြီး ရှာကျူးကို ခေါ်ရန် လူလွှတ်လိုက်ခြင်း ဖြစ်သည် ။

​သို့သော် အချိန်အတော်ကြာသည့်တိုင် ရှာကျူး ရောက်မလာသေးပေ ။

​ထိုကဲ့သို့သော သဘောထားမျိုးဖြင့်သာဆိုလျှင် ရှာကျူး၏ ဟင်းချက်လက်ရာသာ မကောင်းပါက ရှာကျူးကို အိမ်သာဆေးခိုင်းထားသည်မှာ ကြာလှလေပြီ ။

​" မလိုတော့ဘူး.. "

​လီဟွိုက်တဲက လက်ကို ဝေ့ယမ်းလိုက်ပြီး လျစ်လျူရှုဟန်ဖြင့် ပြောသည် ။

​" ဒီနေ့ရဲ့ အထူးဟင်းလျာကို ယန်လေးကိုပဲ ချက်ခိုင်းတော့မယ်.. "

​" အာ.. "

​တာဝန်ခံဝမ်က ယန်ကျီဝမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည် ။

​" ယန်လေး.. မင်း လည်း ဟင်းချက်တတ်တာလား.. "

​ယန်ကျီဝမ်က ပြုံးလိုက်သည် ။

​" ဒါက ကျွန်တော် အခု ဒါရိုက်တာကို သက်သေပြမလို့.. "

​တာဝန်ခံဝမ် ချက်ချင်း နားလည်သွားသည် ။

​ထိုအချိန်တွင် မာဟွာ ပြန်ရောက်လာသည် ။

​သူက မောဟိုက်နေ၍ အသက်လုရှူကာ တာဝန်ခံဝမ်ကို ပြောလိုက်သည် ။

​" .ဆရာ. ဆရာဟဲက ဒီနေ့ နေလို့ မကောင်းဘူးတဲ့.. ဒါကြောင့်.. သူ မလာနိုင်တော့ဘူး.. "

​သူ ရှာကျူး၏ အိမ်တွင် အကြာကြီး တောင်းပန်ခဲ့သော်လည်း ရှာကျူးက လာလိုစိတ် မရှိပေ ။

​မာဟွာ ပြန်လာ၍ တယဝန်ခံဝမ်ကို သတင်းပေးရန်သာ တတ်နိုင်တော့သည် ။

​တာဝန်ခံဝမ် ချက်ချင်း ဒေါသထွက်သွားသည် ။

​လီဟွိုက်တဲက ဝင်ဟောက်လိုက်သည် ။

​" ဒီ ရှာကျူးကတော့.. စည်းကမ်းမရှိ ဥပဒေမဲ့ပဲ.. သူ့ကို အိမ်သာဆေးတဲ့ အလုပ်ကိုပဲ ပို့ပစ်ရမယ်.. "

​သူ ဒေါသထွက်၍ ပြောလိုက်ခြင်းသာ ဖြစ်သည် ။

​သူ ထိုသို့ လုပ်နိုင်သော်လည်း ခိုင်လုံသော အကြောင်းပြချက် လိုအပ်သည် ။ ရှာကျူးက ကြီးလေးသော အမှား တစ်စုံတစ်ရာ မပြုလုပ်ထားသဖြင့် လူထုကို ယုံကြည်အောင် လုပ်နိုင်မည် မဟုတ်ချေ ။

​အလုပ်ဖြုတ်ရန်မှာမူ ပို၍ မဖြစ်နိုင်သေးပေ ။

​အစိုးရရုံးဌာန တစ်ခုတွင် အလုပ်လုပ်ခြင်းက သံပန်းကန်ပင် ဖြစ်သည် ။ စက်ရုံမှူးပင်လျှင် အလုပ်သမား တစ်ယောက်ကို အလုပ်ဖြုတ်ရန် အာဏာ မရှိပေ ။

​စကားပုံအတိုင်းပင် ကြီးလေးသော အမှားမျိုး မကျူးလွန်သရွေ့ ဘာမှ မဖြစ်နိုင် ။

​ရွှီတာမော့က လေထုကို ရိပ်မိသူ ဖြစ်သည်။ လေထု တင်းမာနေသည်ကို မြင်လျှင် အမြန် ပြုံးကာ အကြံပေးသည် ။

​" ခေါင်းဆောင်.. အဲ့ဒီ ရှာကျူးဆိုတဲ့ အရူးကို စိတ်မတိုပါနဲ့တော့.. ကျွန်တော့် ညီရဲ့ ဟင်းချက်လက်ရာကို စမ်းကြည့်ကြည့်ပါလား.. ရှာကျူးထက် သေချာပေါက် ပိုကောင်းမယ်လို့ ကျွန်တော် အာမခံပါတယ်.. "

​" ဟုတ်တယ်.. လာပါ ယန်လေး.. မီးဖိုချောင်ကို ငါ လိုက် ပို့ပေးမယ်.. "

​တာဝန်ခံဝမ်က ချက်ချင်း သဘောတူပြီး ယန်ကျီဝမ်နှင့် တခြားသူများကို အထူးဟင်းလျာများ ချက်ပြုတ်သည့် မီးဖိုချောင်သို့ ခေါ်သွားလိုက်သည် ။

တာဝန်ခံဝမ်က ယန်ကျီဝမ်ကို မေးသည် ။

​" ယန်လေး.. ဘာဟင်းချက်မလဲ.. ငါ ပါဝင်ပစ္စည်းတွေ စီစဥ်ခိုင်းလိုက်မယ်.. "

​ယန်ကျီဝမ်က ပြုံးလိုက်သည် ။

​" အာလူးချဥ်စပ်အမျှင်ကြော် ဆိုရင် ရပါပြီ.. "

​ဤဟင်းက ရိုးရှင်းသော်လည်း စားဖိုမှူးတစ်ဦး၏ ဟင်းချက်ကျွမ်းကျင်မှုကို စမ်းသပ်နိုင်သည် ။

​သူ၏ ဟင်းချက်စွမ်းရည်ကို ပြသရန် အသင့်တော်ဆုံး ဟင်းပင် ။

​မာဟွာလည်း သူတို့နောက်မှ လိုက်လာသည် ။ ထိုစကားကို ကြားလျှင် တာဝန်ခံဝမ်က မာဟွာကို ပြောလိုက်သည် ။

​" မာဟွာ.. အာလူးသွားယူခဲ့ဦး.. "

​မာဟွာက ခေါင်းညိတ်ပြီး ထွက်သွားသည် ။

​သူ အာလူး နှစ်လုံးကို အမြန် ပြန်ယူလာခဲ့၏ ။

​" အစ်ကိုယန်.. ကျွန်တော် အကူလုပ်ပေးရမလား.. "

​သူ၏ အသံက အနည်းငယ် တုန်ရီနေသည် ။

​ယန်ကျီဝမ်က သူ ဘာတွေးနေသည်ကို သိသည် ။ သူက တစ်ခုခု သင်ယူချင်နေခြင်းသာ ဖြစ်၏ ။

​ထမင်းစားဆောင်မှ အကူစားဖိုမှူး တစ်ယောက်အနေဖြင့် ကျွမ်းကျင်မှုများကို သင်ယူလိုသည်မှာ သဘာဝပင် ။

​အနာဂတ်တွင် ခေါင်းဆောင်စားဖိုမှူး ဖြစ်လာလျှင် လစာလည်း တိုးလာမည် မဟုတ်ပါလော ။

​သို့သော် သူ သံမဏိစက်ရုံတွင် ရောက်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း ရှာကျူး၏ နောက်တွင်သာ အမြဲ လိုက်နေရသည် ။

​ ရှာကျူးက သူ့ကို သူခိုးတစ်ယောက်လို ကာကွယ်ထားပြီး အကူစားဖိုမှူးများကို ဟင်းချက်သည်ကို မကြည့်ခိုင်းပေ ။

​သူက ရှာကျူး၏ တပည့်ပင် တရားဝင် မဖြစ်သေးပေ ။

​ဖြစ်လာလျှင်ပင် ရှာကျူးက သူ့ကို ဘာမှ သင်ပေးမည် မဟုတ်ချေ ။

​ဇာတ်လမ်း မူရင်းအတိုင်းဆိုလျှင် ၁၉၆၅ ခုနှစ်အထိ မာဟွာက ပါဝင်ပစ္စည်းများကိုသာ လှီးနေရပြီး ရှာကျူးက တခြား ဘာမှ သင်မပေးခဲ့ပေ ။

​ရှာကျူးက တပည့်ကို သင်ပေးရင် ဆရာက ဆင်းရဲမယ် ဆိုသော နိယာမကို ယုံကြည်သဖြင့် သူ၏ ကျွမ်းကျင်မှုများကို တပည့်များကို သင်ပေးရန် ဝန်လေးနေခဲ့သည် ။

​သို့သော် မာဟွာက လူကောင်းတစ်ယောက် ဖြစ်ပြီး ရှာကျူး၏ စကားကို အမြဲ နားထောင်လေ့ရှိသည် ။

​" အကူ မလိုပါဘူး.. မလိုပါဘူး.. "

​ယန်ကျီဝမ်က ခေါင်းခါလိုက်သည် ။ မာဟွာ စိတ်ပျက်သွားစဥ် ယန်ကျီဝမ်က ဆက်ပြောသည် ။

​" ဒါပေမဲ့.. မင်း စိတ်ဝင်စားရင် ဘေးကနေ ကြည့်လို့ ရပါတယ်.. "

​မာဟွာ၏ မျက်လုံးများ လင်းလက်သွားပြီး အမြန် ခေါင်းညိတ်လိုက်သည် ။

​" စိတ်ဝင်စားပါတယ်.. ကျေးဇူးတင်ပါတယ် အစ်ကိုယန်.. ကျေးဇူးတင်ပါတယ် အစ်ကိုယန်..."

​ချက်ချင်းပင် ယန်ကျီဝမ်က အာလူးကို အခွံနွှာလိုက်ပြီး အမျှင်များ ဖြစ်အောင် လှီးဖြတ်လိုက်သည် ။

​မာဟွာက ဘေးမှနေ၍ အာရုံစိုက် ကြည့်နေသည် ။

​ယန်ကျီဝမ်၏ ဓားစွမ်းရည်မှာ အလွန် မြန်ဆန်လှသဖြင့် ကြည့်နေသူ သုံးယောက်လုံး ခေါင်းမူးလာ၏ ။

​မကြာမီ အရွယ်အစား တူညီပြီး ပါးလွှာသော အာလူးမျှင်များက စားပွဲပေါ်တွင် ပေါ်လာသည် ။

​"ဖြောင်း...ဖြောင်း...ဖြောင်း...."

​လီဟွိုက်တဲက လက်ခုပ်တီးပြီး ချီးကျူးလိုက်သည် ။

​" ယန်လေး.. မင်းရဲ့ ဓားစွမ်းရည်ကို ကြည့်ရတာ.. မင်းရဲ့ ဟင်းချက်လက်ရာက ရှာကျူးထက် သာတယ်ဆိုတာကို ငါ ယုံသွားပြီ.. "

​ဟင်းချက်စွမ်းရည်ကို ဓားစွမ်းရည်ဖြင့် အကောင်းဆုံး စမ်းသပ်နိုင်ပြီး ယန်ကျီဝမ်၏ ဓားစွမ်းရည်က နှစ်ပေါင်းများစွာ လေ့ကျင့်ထားခြင်း မရှိဘဲ ရလာနိုင်မည် မဟုတ်ပေ ။

​တာဝန်ခံဝမ်နှင့် ရွှီတာမော့တို့လည်း အံ့ဩသွားကြသည် ။

​အထူးသဖြင့် ရွှီတာမော့ ။ သူ ယန်ကျီဝမ်၏ ဟင်းချက်လက်ရာကို မြည်းစမ်းဖူးသော်လည်း ယန်ကျီဝမ် ချက်ပြုတ်သည်ကို မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးပင် ။

​'ဒါက ဟင်းချက်တာ မဟုတ်ဘူး.. အနုပညာပဲ..'

​'သူက ငါ့ရဲ့ ညီဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ...'

​ရွှီတာမော့က ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်သည် ။

​မာဟွာ၏ မျက်လုံးများက ယန်ကျီဝမ်ထံမှ တစ်ချက်ပင် မခွာ ။

​သူ၏ ရင်ထဲတွင်လည်း အံ့ဩမှုများ ပြည့်နှက်နေသည် ။

​'ဒီဓားစွမ်းရည်က မယုံနိုင်စရာပဲ..'

​'ရှာကျူးတောင်မှ ဒီလောက် မကောင်းဘူး.. မဟုတ်ဘူး.. ယှဉ်တောင် မယှဉ်နိုင်ဘူး..'

​ရဲရင့်သော အကြံတစ်ခုက သူ၏ စိတ်ထဲတွင် စတင် ပေါက်ဖွားလာတော့သည် ။

All Chapters