အခန်း (၉၉၁-၉၉၃)
Vol. 67 Ch. 991-993
အခန်း ( ၉၉၁ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၉ )
ဆန်နီ က ရိုင်နို ကို ဘာပြဿနာမှမရှိဘဲ ရှာတွေ့ခဲ့ပါတယ်..။ ဘာလို့လဲဆိုတော့ အဲဒါက စစ်တန်းလျားတွေနားမှာ ရပ်ထားလို့ ပါ..။ ပျက်ပြားခြင်းအဆင့် နတ်ဆိုးရဲ့ အပ်ကြီးကို အဓိက တံခါးပေါက်ကနေတစ်ဆင့် အထဲသွင်းဖို့က သူထင်ထားတာထက် ပိုခက်ခဲနေခဲ့တာကြောင့်..နောက်ဆုံးတော့ သူက သံချပ်ကာကားရဲ့ အမိုးပေါ်တက်ပြီး အပေါ်ဘက် လေဝင်ပေါက်ကနေပဲ အောက်ကို ချလိုက်ရပါတယ်..။
ဘာပဲဖြစ်ဖြစ်.. နောက်ဆုံးတော့ သူက အိပ်ပျော်နေတဲ့ စက်ယန္တရားကြီးရဲ့ အတွင်းထဲကို ရောက်ရှိသွားခဲ့တယ်..။ ရိုင်နိုကြီး တစ်စီးလုံး ဒီလောက်အထိ ဟာလာဟင်းလင်း ဖြစ်နေတာကို မြင်ရတာက အနည်းငယ် ထူးဆန်းနေပေမယ့်..စိတ်အနှောင့်အယှက် ဖြစ်စရာတော့ မဟုတ်ပါဘူး..။ သံချပ်ကာကားတစ်စီးလုံးကို သူတစ်ယောက်တည်း သုံးစွဲခွင့်ရတာကြောင့်..
ဆန်နီ က စိတ်အေးလက်အေး ရှိတယ်လို့ ခံစားလိုက်ရတယ်။..ဒီရက်ပိုင်းအတွင်း လူအများရဲ့ ရှေ့မှာ အတင်းအကြပ် ဝတ်ဆင်ထားရတဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ တပ်မှူး မျက်နှာဖုံးကို ချွတ်ပစ်လိုက်ပါတယ်..။
“အာ… ဒီ သောက်ကျိုးနဲ အရာကြီးက တကယ် လေးတာပဲ..”
သူက အပ်ကြီးကို လက်နက်တိုက်ဆီ ယူဆောင်သွားပြီး..ကြမ်းပြင်ပေါ် ပစ်ချလိုက်ကာ လန်းဆန်းသွားအောင် ရေမြန်မြန်ချိုးဖို့ ဧည့်ခန်းဧရိယာဆီ ပြန်လာခဲ့လိုက်တယ်..။ ယင်းနောက်မှာတော့ အနည်းငယ် ငိုက်မြည်းနေပေမယ့်..လန်းဆန်းတက်ကြွမှုကို ခံစားလိုက်ရပါတယ်။.သူက အဆုံးမရှိ စမ်းချောင်း ကို ဆင့်ခေါ်လိုက်ပြီး..ဆိုဖာပေါ် ပစ်လှဲကာ အရိပ်ထိုင်ခုံ ကို ခြေတင်ခုံအဖြစ် သုံးပြီး ခြေထောက်တွေကို မြှောက်ထားလိုက်ပါတယ်..။
ဆန်နီ က အေးမြတဲ့ ရေကို တစ်ငုံသောက်လိုက်ပြီးမှ..ဆန်းဝှစ်ကို သတိရလိုက်ပြီး ထုပ်ပိုးမှုကိုဖြေကာ တစ်ကိုက် ကိုက်လိုက်ပါတယ်..။
ဆန်းဝှစ်က အမှန်တကယ်ပဲ မေတ္တာတွေနဲ့ လုပ်ထားတဲ့ ပုံပါပဲ..။ဒါက တကယ်ကို အရသာ ရှိလှပါတယ်..။
ဆန်နီဟာ ရက်ရောတဲ့ ဒုက္ခသည်ကို စိတ်ထဲကနေ ကျေးဇူးတင်ရင်း..သူ့ရဲ့ အစားအသောက်ကို အေးအေးဆေးဆေး အရသာခံစားနေလိုက်တယ်..။ ဒါက ဒီညအတွက် သူ့ရဲ့ နောက်ဆုံး အနားယူခွင့် ဖြစ်လာမှာမို့လို့..သူက တတ်နိုင်သမျှ ဖြည်းဖြည်းချင်း ဝါးစားဖို့ သေချာအောင် လုပ်နေခဲ့တာပါ..။
သို့ပေမယ့်.. သိပ်မကြာခင်မှာပဲ ဆန်းဝှစ်က ကုန်သွားခဲ့ပြီ ဖြစ်တာကြောင့်..အလုပ်စလုပ်ရမယ့် အချိန်ကို ရောက်လာခဲ့ပါတယ်..။ ဆန်နီ က မျက်စိမှိတ်ကာ.. သက်ပြင်းချလိုက်ပြီး..ယာဉ်ရဲ့ နောက်ဘက်ပိုင်းဆီ လျှောက်သွားလိုက်တယ်..။ အဲ့နေရာက ကွပ်ကဲမှု အခန်းရဲ့ ဟိုလိုဂရမ် စားပွဲပေါ်မှာတော့ မှတ်သားမူ အနည်းငယ် ပုံနေခဲ့ပါတယ်..။ ဆန်နီ က နောက်ထပ် အချို့ကိုပါ ထပ်မံဆင့်ခေါ်ပြီး မှတ်သားမူပုံထဲကို ပစ်ထည့်လိုက်ကာ အားလုံးကို ရေတွက်လိုက်တယ်..။ သူ့မျက်နှာပေါ်မှာ မဲ့ပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။
ဆန်နီ က လွန်ခဲ့တဲ့ ရက်အနည်းငယ်က တံတိုင်းပေါ်မှာပဲ စောင့်ကြည့်နေခဲ့တာ မဟုတ်ပါဘူး..။ အန္တာတိက ဗဟိုချက်ရဲ့ ဖြစ်လာတဲ့ ဖယ်လ်ကွန် စကော့တ် ဆီ ရောက်ရှိပြီးနောက်မှာ..သူ့ရဲ့ ထောက်ပံ့ရေး အမှတ်တွေကို အကုန်သုံးစွဲဖို့အတွက်လည်း အရမ်း အလုပ်ရှုပ်နေခဲ့ပါသေးတယ်..။
ကောင်းမွန်တဲ့ မှတ်သားမူ တွေကို ရဖို့က ခက်ခဲပေမယ့်..ကံကောင်းထောက်မစွာပဲ သူက အရည်အသွေးထက် အရေအတွက်ကိုပဲ ထပ်မံ ရွေးချယ်နေခဲ့တာပါ..။ထပ်ပြောရရင် ဆန်နီ့အနေနဲ့ တရားဝင် လမ်းကြောင်းတွေကိုပဲ အားကိုးနေဖို့ အကြောင်းပြချက် မရှိပါဘူး..။ စစ်တပ်ရဲ့ တောင်းခံမှု စနစ်ကနေ တစ်ခုခုကို ရယူဖို့ဆိုတာက ခက်ခဲပြီး နှေးကွေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တဲ့အပြင်..အထူးသဖြင့် ကွန်ရက်က အချိန်အများစုမှာ ပြတ်တောက်နေတာကြောင့်..သူက နိုးထသူ စစ်သားတွေအတွက် အသုံးမဝင်တဲ့ မှတ်သားမူ တွေနဲ့ သူ့ရဲ့ အမှတ်တွေကို တိုက်ရိုက်ပဲ လဲလှယ်လိုက်ပါတယ်..။
သူက ရွေးပြောင်းရေး ယာဉ်တန်းက အိပ်စက်သူ အချို့ကိုတောင် သူ့ရဲ့ အလုပ်သမားတွေအဖြစ် ငှားရမ်းထားခဲ့တာကြောင့်..လုပ်ငန်းစဉ်
တစ်ခုလုံးက ပိုပြီး မြန်ဆန်သွားခဲ့တယ်..။
‘…ဒါပေမယ့် လုံလောက်အောင် မမြန်သေးဘူး..’
ဆန်နီ ခေါင်းကို ခါယမ်းလိုက်ရင်း.. မှတ်သားမူ အပုံကြီးကို ဒီတိုင်း ထားခဲ့ကာ..စားပွဲပေါ်မှာ နေရာအချို့ကို ရှင်းလင်းလိုက်ပါတယ်။ယင်းနောက် လက်နက်နှစ်ခုကို ဆင့်ခေါ်လိုက်တယ်..။ ဒီအထဲက တစ်ခုကတော့ သူ့ရဲ့ ဟောင်းနွမ်းပြီး သစ္စာရှိတဲ့ တာချီဓား သန်းခေါင်ယံ အမြုတေ ဖြစ်ပြီး..အခြားတစ်ခုကတော့ မော်ဂန်ရဲ့ စစ်ပွဲလေး ဖြစ်ပါတယ်..။
ဆန်နီ က ခနလောက် အာရုံစိုက်လိုက်ပြီး..သူ့ရဲ့ အကြည့်တွေကို မှတ်သားမူ နှစ်ခုရဲ့ မျက်နှာပြင်ကနေတစ်ဆင့် ထိုးဖောက်ကြည့်ရှုလိုက်တယ်..။ လက်နက်တွေရဲ့ အတွင်းထဲမှာ ဝှက်ထားတဲ့ နတ်ဘုရားကြိုးမျှင်တွေရဲ့ ရက်လုပ်မူက ကြီးမားလွန်းပြီး ဦးနှောက် ခြောက်စရာကောင်းလောက်အောင် ရှုပ်ထွေးလွန်းနေခဲ့တယ်..။ သူက အခုကတည်းက ခေါင်းကိုက်ချင်သလိုလို တောင် ဖြစ်လာခဲ့ရပါတယ်..။
ဆန်နီ က အရင်က တစ်ခါမှ မလုပ်ဖူးတဲ့ အရာတစ်ခုကို လုပ်ဖို့ ကြိုးစားနေခဲ့တာပါ..။ အမှန်အတိုင်း ပြောရရင် အချို့အရာတွေပေါ့..။
ပထမဆုံးအနေနဲ့.. သူက တက်ရောက်သူ အဆင့် တိုးမြှင့်မူ တစ်ခုကို ပြန်လည်ဖန်တီးချင်နေခဲ့တယ်..။ ဒါက သူ အရင်က ကူးယူခဲ့ဖူးတဲ့ နိုးထမူ နဲ့ အိပ်စက်မူ အဆင့်တွေထက်စာရင် အများကြီး ပိုကျယ်ပြန့်ပြီး ရှုပ်ထွေးလှပါတယ်..။
ဒုတိယအနေနဲ့.. သူက တိုးမြှင့်မူ တစ်ခုရဲ့ တည်ဆောက်ပုံကို အခြေခံ အစိတ်အပိုင်းတွေအဖြစ် ဖြုတ်ပစ်ချင်နေခဲ့တာပါ။..ယင်းနောက်မှာတော့ အဲဒီ အစိတ်အပိုင်းတွေထဲက တစ်ခုကို အကြီးအကျယ် ပြုပြင်မွမ်းမံပြီး ကိုယ်ပိုင် တိုးမြှင့်မူ တစ်ခုအဖြစ် ပြောင်းလဲပစ်ချင်နေခဲ့တယ်..။
ပြီးတော့ နောက်ဆုံးအနေနဲ့.. သူက ဘာမှမရှိတဲ့ အရာကနေ အလုပ်လုပ်နိုင်တဲ့ မှတ်သားမူ တစ်ခုကို ဖန်တီးချင်နေခဲ့တယ်..။ ဒါကို သူ အရင်က အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးပေမယ့်..အခြေခံအကျဆုံး ပုံစံမျိုးနဲ့သာ ဖြစ်ပါတယ်..။
ပထမ အဆင့်နှစ်ဆင့်ကတင် လုံလောက်အောင် ခက်ခဲနေပြီ ဖြစ်ပေမယ့်..နောက်ဆုံး အဆင့်ကတော့ မျှော်လင့်မထားလောက်အောင် ဒုက္ခပေးလာခဲ့တာပါ..။ ဆန်နီ သိရှိလာခဲ့သလိုပဲ..ပစ္စည်းတိုင်းက အစွမ်းထက်တဲ့ တိုးမြှင့်မူ တွေကို ထိန်းထားနိုင်စွမ်း မရှိကြပါဘူး..။ဒီပစ္စည်းတွေက ဖိအားအောက်မှာ ပြိုကွဲပျက်စီးသွားတာ .. ဒါမှမဟုတ် အဆီအနှစ်တွေကြောင့် တစ်စစီလည်း ..ဖြစ်သွားတတ်ပါတယ်..။
အစွမ်းထက်တဲ့ မှတ်သားမူ တစ်ခုကို ဖန်တီးဖို့အတွက်ဆိုရင် သန့်စင်ထားတဲ့ ကုန်ကြမ်းပစ္စည်း လိုအပ်ပါတယ်..။ ဒါကြောင့်ပဲ ပျက်ပြားခြင်း
အဆင့် နတ်ဆိုးရဲ့ အပ်ကြီးက လိုအပ်လာခဲ့တာပါ..။ ဆန်နီ က အထွတ်အထိပ်အဆင့် ဝိဥာဉ်အမြုတေ တွေကို သုံးဖို့ စီစဉ်ထားတာကြောင့်..ဒီထက်နိမ့်တဲ့အရာဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး..။
အမှန်အတိုင်း ပြောရရင်.. အဲဒီ အပ်ကြီးက သူ့ရဲ့ ရည်ရွယ်ချက်အတွက် လုံလောက်အောင် ကောင်းမွန်ရဲ့လားဆိုတာကိုလည်း သူ သေချာ
မသိသေးပေ..။ ဒါပေမယ့် ဒါက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပါ..။
ဆန်နီ က နတ်ဘုရားကြိုးမျှင်တွေရဲ့ ရက်လုပ်ပုံကို လေ့လာလိုက်ပြီး..တစ်ချိန်တည်းမှာပဲ သူ့ကိုယ်ပိုင် အဆီအနှစ် ကြိုးမျှင်တွေကို စတင်ရက်လုပ်လိုက်ပါတယ်..။ သူက ကြိုးမျှင်တွေကို အများကြီး လိုအပ်မှာ ဖြစ်တာကြောင့်..အချိန်ဖြုန်းနေလို့ မဖြစ်ပါဘူး..။
မိနစ်တွေ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့ပြီး.. နာရီတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်..။ ဆန်နီ က မှတ်သားမူ နှစ်ခုရဲ့ ရှေ့မှာ မလှုပ်မယှက် ဆက်လက် ထိုင်နေခဲ့ပြီး..သူ့ရဲ့ လက်လေးဖက်က လက်ချောင်းတွေသာ လေထဲမှာ လှုပ်ရှားနေခဲ့ပါတယ်..။
နောက်ဆုံးမှာတော့.. သူ့ရဲ့ အာရုံစူးစိုက်မှုတွေဟာ.. ဝင်လာတဲ့ ဖုန်းခေါ်ဆိုသံကြောင့် ပျက်ပြားသွားခဲ့ရတယ်..။ ဆန်နီ က ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ..သူ့ရဲ့ အကြည့်ကို ဆက်သွယ်ရေးစက် ဆီကို ဖြည်းဖြည်းချင်း ရွှေ့လိုက်ပါတယ်..။
သူ အဲဒါကို နှိပ်လိုက်တာနဲ့.. မာစတာ ဂျက် ရဲ့ မျက်နှာက မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်..။ သူမက ကင်ထားတဲ့ သားရဲ
အသားတုံး တစ်ခုကို ဝါးစားနေခဲ့ပြီး..အရမ်း ဆာလောင်နေတာ ဒါမှမဟုတ် သူမရဲ့ အစားအစာကို အမြန် ကုန်အောင်စားဖို့ လောနေပုံရပါတယ်..။
“ဟေး.. အာ နင့်ရဲ့ ပရောဂျက်ကြီးက.. ဘယ်လို တွေ ဖြစ်ကုန်ပြီလဲ..”
ဆန်နီ က သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်တယ်..။
“ဒါက အလုပ်ဖြစ်နေတယ်လေ..။ တကယ်လို့ ကျွန်တော်ကို ညသန်းခေါင်ယံကြီး ဖုန်းခေါ်ပြီး အာရုံနောက်အောင် မလုပ်ရင်တော့ ပိုပြီး ကောင်းသွားမယ် ထင်တာပဲ..။ ကောင်းပြီလေ.. ထားပါတော့.. ကျွန်တော် တောင်းဆိုထားတဲ့အရာကို အစ်မ ရထားပြီလား..”
ဂျက် က ကင်ထားတဲ့ အသားရဲ့ နောက်ဆုံးအပိုင်းကို မျိုချလိုက်ပြီး..သူမရဲ့ နှုတ်ခမ်းတွေပေါ်က အရည်တွေကို သုတ်ကာ ပြုံးလိုက်ပါတယ်..။
“ရတာပေါ့..။ ငါ့ရဲ့ တပ်ခွဲက အဖွဲ့သားတွေ အသုံးမလိုတဲ့ မှတ်သားမူ တွေအားလုံးကို ငါ စုဆောင်းပေးထားတယ်..။ ဒါနဲ့ နေဦး.. နင်က ဒါတွေကို ဘာအတွက် လိုချင်နေတာလဲ..။ အဆင့်တစ် အသေးအဖွဲ ပစ္စည်းတွေအတွက် အဲဒီလောက် များပြားတဲ့ ထောက်ပံ့ရေး အမှတ်တွေကို ဖြုန်းတီးပစ်ရတာက ရူးသွပ်စရာပဲ..”
ဆန်နီ က သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေ ပြုံးလိုက်တယ်..။
“ကျွန်တော်က အဲတာတွေကို မိန်းမလှလေး တစ်ယောက်ကို ပေးဖို့ စဉ်းစားနေတာလေ..”
ဂျက် ရဲ့ မျက်ဝန်းတွေထဲမှာ စူးစမ်းချင်တဲ့အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့ပါတယ်..။
“အိုး.. ဒါဆိုရင်တော့ မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ်..။ တကယ်လို့ သူမက တကယ်ပဲ အမျိုးသမီးတစ်ယောက်ဆိုရင်.. သူမရဲ့ အိပ်ခန်းထဲကို ရောက်ဖို့က နှေးကွေးတဲ့ ကိစ္စတစ်ခု ဖြစ်နိုင်တယ်..။ ပြီးတော့ ငါတို့အားလုံးလည်း သိပ်မကြာခင်မှာ သေသွားနိုင်တယ် မဟုတ်ဘူးလား..”
ဆန်နီ က မျက်တောင်ခတ်လိုက်မိတယ်..။
“ဘာလဲ..။ မဟုတ်ပါဘူး.. ကျွန်တော် ပြောတာက အဲ့ကိစ္စ မဟုတ်..”
ဝိဥာဥ် ရိတ်သိမ်းသူ က ရယ်မောလိုက်ပါတယ်..။
“ဘုရားရေ.. ဆန်နီ.. စိတ်လျှော့ထားစမ်းပါ..။ ဘာပဲဖြစ်ဖြစ်.. နင် မနက်ဖြန်အတွက် အဆင်သင့် ဖြစ်ပြီလား..”
ဆန်နီ က သူမကို ခနလောက် စိုက်ကြည့်နေခဲ့ပြီးမှ..နှာခေါင်းရှုံ့လိုက်တယ်..။
“အင်း.. သေချာတာပေါ့..။ ကျွန်တော် တတ်နိုင်သမျှတော့ အဆင်သင့် ဖြစ်နေပါပြီ..”
ဂျက် က သူမရဲ့ ရေဘူးထဲကနေ ရေအချို့ကို သောက်လိုက်ပြီးမှ..ဘူးကို ပိတ်ကာ ထပ်မံ ပြုံးလိုက်ပါတယ်..။
ဒီတစ်ကြိမ်မှာတော့.. သူမရဲ့ အပြုံးက အရမ်း နိမိတ်မကောင်းသလိုမျိုး ဖြစ်နေခဲ့တယ်..။
“ကဲ.. ကောင်းပြီလေ..။ ဘာလို့လဲဆိုတော့ မနက်ဖြန်က နည်းနည်း စောပြီး ရောက်လာလို့ပဲ..။ မင်းရဲ့ တပ်ခွဲကို အခုပဲ သွားခေါ်လိုက်တော့.. ဗိုလ်မှူး ဆန်းလပ်စ် ..”
…နောက်ထပ် တစ်ခနအကြာမှာတော့.. လေကြောင်း တိုက်ခိုက်မှု သတိပေးချက်ရဲ့ ကျယ်လောင်လှတဲ့ ဥဩသံတွေက မြို့ထဲမှာကြောက်စရာကောင်းလောက်အောင် ထွက်ပေါ်လာခဲ့ပါတယ်။ဒါက..လူပြည့်နှက်နေတဲ့ လမ်းမတွေထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်..။
အပိုင်း ( ၉၉၁ ) ပြီး၏။
အခန်း ( ၉၉၂ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁၀ )
“သောက်ကျိုးနဲ..”
ဆန်နီ ချက်ချင်းပဲ ထရပ်လိုက်ပြီး.. သန်းခေါင်ယံ အမြုတေ ကို ရုပ်သိမ်းကာ သူ့ရဲ့ လေးကို လှမ်းယူလိုက်ပါတယ်..။ ဆက်သွယ်ရေးစက် ရဲ့ မျက်နှာပြင်ပေါ်မှာတော့ ဂျက် ရဲ့ မျက်နှာ ပျောက်ကွယ်သွားခဲ့ပြီး.. သူနဲ့ သူ့ရဲ့ စစ်သည်တွေ သွားရမယ့် မြို့ရိုးတံတိုင်း နေရာကို ဖော်ပြထားတဲ့ စာတိုတစ်ခု ထွက်ပေါ်လာခဲ့တယ်..။
“တောင်ဘက်..”
ဒီတစ်ကြိမ်မှာတော့.. သူတို့က မြို့ရဲ့ အဓိက တံခါးပေါက်တွေရဲ့ အပေါ်တည့်တည့်.. အတွင်းဘက်ကို မျက်နှာမူထားတဲ့ ကာကွယ်ရေး အတားအဆီး အပိုင်းပေါ်မှာ တိုက်ခိုက်ရမှာပါ။.. အဲ့ဒီနေရာကတော့ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်လာမယ့် နေရာပါပဲ..။ စစ်တပ်ကွပ်ကဲမှုဌာနက နောက်ဆုံးတော့ အထူးတပ်ဖွဲ့ ကို အရန်အင်အားအဖြစ် ထိန်းသိမ်းထားတာကို ရပ်တန့်လိုက်ပုံရပါတယ်..။
ဆန်နီ က နာရီကို လှမ်းကြည့်လိုက်တယ်..။ ဒါက ဒီညမှာ သူ့စစ်သည်တွေ အိပ်စက်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်.. သူတို့တွေ အိပ်မက် နယ်မြေ ကနေ ပြန်လာနိုင်မယ့် အချိန်ထက် အနည်းငယ်ပဲ ကျော်လွန်နေသေးတာပါ..။
“ဒါကောင်းတယ်..”
သူက ရိုင်နို ရဲ့ မောင်းနှင်သူ အခန်းဆီကို အပြေးသွားပြီး.. ယာဉ်ကို စတင်မောင်းနှင်ဖို့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်လိုက်ပါတယ်..။ သံချပ်ကာကားက လေးလံထိုင်းမှိုင်းစွာနဲ့ အသက်ဝင်လာခဲ့ပြီး.. သိပ်ပြီး အားမကောင်းတဲ့ အသံတွေ ထွက်ပေါ်လာခဲ့တယ်..။
ဆန်နီ ခနလောက် စောင့်ဆိုင်းနေရင်း.. သူ့ရဲ့ စစ်သည်တစ်ယောက်ချင်းစီကို စိတ်ထဲကနေ ပြန်လည်သုံးသပ်လိုက်တယ်။.. သူတို့ကို ဘယ်လို တာဝန်တွေ ပေးရမလဲဆိုတာနဲ့.. သူတို့ရဲ့ အားနည်းချက်တွေက ဒီတိုက်ပွဲမှာ ထိခိုက်မှု ရှိနိုင်မလားဆိုတာကို တွေးတောနေခဲ့တာပါ..။ ဒီလို ဖြစ်ဖို့ အခွင့်အလမ်းက နည်းပါးပေမယ့်.. သူကတော့ သေချာအောင် စစ်ဆေးဖို့ လိုအပ်ပါသေးတယ်..။
အမှန်တကယ် ဒုက္ခပေးနိုင်တဲ့ အားနည်းချက်မျိုးသာ ရှိနေရင်.. နှစ်ပေါင်းများစွာ စစ်မှုထမ်း
နိုင်ခဲ့မှာ မဟုတ်သလို.. စစ်သားတွေအနေနဲ့လည်း ထုတ်ဖော်ပြောဖို့ မလိုအပ်ပါဘူး..။ ဒီလိုမျိုး ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်ပြီး အန္တရာယ်ရှိနိုင်တဲ့ အရာကို မျှဝေတာက.. ကိုယ်ပိုင် ဆန္ဒအလျောက်ပဲ လုပ်ဆောင်နိုင်တာပါ..။ ဆန်နီ ဖတ်ခဲ့ဖူးတဲ့ ကိုယ်ရေးမှတ်တမ်းတွေထဲမှာ အားနည်းချက်တွေအကြောင်း ဘာမှ မပါရှိပေမယ့်.. သူက အဖွဲ့သားတွေနဲ့အတူ လပေါင်းများစွာ ပခုံးချင်းယှဉ် တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့.. သူက အများစုကို ရိပ်မိနေခဲ့ပြီ ဖြစ်ပါတယ်..။
အထူးတပ်ဖွဲ့ ရဲ့ အားနည်းချက်တွေက တကယ်ပဲ အလွန်အမင်း ဆိုးရွားမနေခဲ့သလို.. သူ့လူအများစုကလည်း အဲ့ဒီအရာတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ လေ့လာဖို့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် အချိန်ရခဲ့တဲ့ ရင့်ကျက်ပြီးသား နိုးထသူ တွေ ဖြစ်ကြပါတယ်..။ ဥပမာအားဖြင့် ချီတင် ကတော့ ကတိတစ်ခုကို မဖျက်ဆီးနိုင်တဲ့ ပုံပါပဲ..။ ကင်မ် ကတော့ သဘာဝအတိုင်းပဲ လူမသိသူမသိ နိမ့်ချ တတ်ပါတယ်..။ ဆမ်မာရာ မှာတော့ ဝိဥာဥ် အဆီအနှစ် ပြန်လည်ပြည့်ဖြိုးနှုန်းက နှေးကွေးနေခဲ့တယ်..။ ဘယ်လီ ကတော့ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ အထူး ကြိုးစားနေရပါတယ်..။ လူစတာ ကတော့.. ကောင်းပြီလေ.. ဒါက အတော်လေးကို သိသာထင်ရှားနေခဲ့တာပါ..။
ဒွန်း ရဲ့ အားနည်းချက်ကတော့ အရက်စက်ဆုံး ဖြစ်ပေမယ့်.. ဒါက နောင်နှစ်ပေါင်းများစွာ ကြာမှသာ ထိခိုက်မှု ရှိလာမှာပါ..။ သူ့ရဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း.. ဒါပေမယ့် စဉ်ဆက်မပြတ် ကြီးထွားနေခဲ့ပြီး.. အနာဂတ်ရဲ့ တစ်နေ့နေ့မှာတော့.. သူ့ရဲ့ ကိုယ်ပိုင် အလေးချိန်အောက်မှာတင် ပြိုလဲသွားနိုင်ခြေ ရှိပါတယ်..။
ဒါပေမယ့် ဒါက ဒီနေ့တိုက်ပွဲမှာတော့ သက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး..။
“အဆင်ပြေပါတယ်..”
အဲ့အချိန်မှာပဲ ရိုင်နို ရဲ့ တံခါးပေါက်က ပွင့်သွားခဲ့ပြီး.. ဥဩသံတွေ က ပိုမို ကျယ်လောင်လာခဲ့တယ်..။ သူ့ရဲ့ စစ်သည်တွေက အထဲကို အပြေးအလွှား ဝင်ရောက်လာခဲ့ကြပြီး.. သူတို့ရဲ့ သံချပ်ကာတွေနဲ့ လက်နက်တွေကို ဆင့်ခေါ်လိုက်ကြပါတယ်..။
“ကပ္ပတိန်.. အားလုံး ရောက်ပါပြီ..”
ဆန်နီဟာ မောင်းနှင်သူ အခန်းဆီကို လူစတာ ရောက်လာတာကိုတောင် မစောင့်တော့ဘဲ.. မောင်းနှင်သူ ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး ရိုင်နို ကို အရှေ့ဆီ မောင်းနှင်လိုက်ပါတယ်..။ သူ့ရဲ့ ကားမောင်းစွမ်းရည်က တကယ်ပဲ ထိပ်တန်းအဆင့် မဟုတ်သလို.. ကောင်းမွန်လှတာမျိုးလည်း မဟုတ်ပေမယ့်.. အနည်းဆုံးတော့ သံချပ်ကာကားကို တံတိုင်းဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်..။
“အဆင်သင့်ပြင်ထားကြ.. အားလုံး အစီအစဉ်ကို မှတ်မိကြသေးတယ် မလား..”
ဝင်းတား က ဝါးမြိုခြင်း တိမ်တိုက် နဲ့ တိုက်ပွဲမှာ အဓိက နေရာကနေ ပါဝင်မှာ ဖြစ်တာကြောင့်.. အထူးတပ်ဖွဲ့ က ကြိုတင်ပြီး ဗျူဟာအချို့ကို စဉ်းစားထားခဲ့ကြတာပါ..။
“ဟုတ်ကဲ့ပါ ဗိုလ်မှူး..”
ဆန်နီ က ခေါင်းညိတ်လိုက်တယ်..။
“ဒါဆိုရင်လည်း.. လူစတာ ရဲ့ ကံကောင်းခြင်း အဆောင်ကို သွားကိုင်ထားလိုက်ကြဦးပေါ့..။ ဒီနေ့ ငါတို့အတွက် ကံတရား အချို့ လိုအပ်လိမ့်မယ်ဆိုတာကို နတ်ဘုရားတွေ သိထားပြီးသားပါ..”
သူ့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ ရယ်မောသံကို ကြားရတာကြောင့်.. လူစတာ က လက်ပိုက်ထားလိုက်တယ်။
“ဟေး.. အဲဒါက တကယ် အလုပ်ဖြစ်တာနော်..”
“ဒီဒေသမှာ အန္တရာယ်အရှိဆုံး အိပ်မက်ဆိုး သားရဲတွေထဲက ငါးကောင်မှာ လေးကောင်နဲ့ တိုးတာကို.. မင်းက ကံကောင်းတယ် လို့ ခေါ်တာလား..”
“အတိအကျပဲလေ..။ ပြီးတော့ ကျွန်တော်က အဲ့ဒါတွေအားလုံးနဲ့ တွေ့ဆုံပြီးတော့လည်း အသက်ရှင်ကျန်ရစ်ခဲ့တာပဲ မဟုတ်လား..”
ဆန်နီ က ရယ်မောလိုက်ရင်း.. ကြီးမားလှတဲ့ သံချပ်ကာကားကို ထိန်းချုပ်ဖို့ အာရုံစိုက်လိုက်ပါတယ်..။
ရိုင်နို က ဖယ်လ်ကွန် စကော့တ် ရဲ့ လမ်းမတွေထဲကနေ အရှိန်ပြင်းစွာ မောင်းနှင်သွားခဲ့တယ်..။
ကံကောင်းထောက်မစွာပဲ..အခုအချိန်မှာတော့ လမ်းမတွေက အများအားဖြင့် လူသူကင်းမဲ့ နေခဲ့ပြီ ဖြစ်ပါတယ်..။ လေကြောင်းတိုက်ခိုက်မှု
ဥဩသံတွေကြောင့် ဒုက္ခသည်တွေက အထဲကို ရောက်အောင် အပြေးအလွှား သွားခဲ့ကြတာပါ..။ စိုးရိမ်ထိတ်လန့်နေတဲ့ လူအများအပြားက သူတို့ သတ်မှတ်ထားတဲ့ အိပ်ဆောင်တွေဆီ ရောက်ဖို့ လောနေကြတုန်း ဖြစ်တာကို သူ မြင်တွေ့နိုင်ပေမယ့်.. အများအားဖြင့်တော့ စစ်တပ် သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုသာ မြင်တွေ့နေရပါတယ်..။
ဆန်နီ က သူ့ကို ဆန်းဝှစ် ပေးခဲ့တဲ့ လူအကြောင်းကို ခနလောက် တွေးတောမိလိုက်တယ်..။ သူ့ရဲ့ မိသားစုက မြေအောက်မှာ အခန်းတစ်ခန်း ရထားဖို့ မျှော်လင့်မိပါတယ်..။ ဒီလို မဟုတ်ရင်တော့.. ဝါးမြိုခြင်း တိမ်တိုက် ရဲ့ ဘေးကနေအသက်ရှင်ကျန်ရစ်ဖို့က သူတို့အတွက် မလွယ်ကူနိုင်ပါဘူး..။
“အာရုံစိုက်စမ်း..”
နောက်ဆုံးတော့ ရိုင်နို က တံတိုင်းအောက်က ဆုံရပ် ဧရိယာဆီ ရောက်ရှိသွားခဲ့တယ်..။ဆန်နီကားကို သေချာ ရပ်ထားဖို့ စိတ်မဝင်စားတော့ပဲ..မော်ဂန်ရဲ့ စစ်ပွဲလေး ကို ကောက်ကိုင်လိုက်ပြီး ထွက်ပေါက် တံခါးဆီ ဦးတည်လိုက်ပါတယ်..။ သူ့ရဲ့ စစ်သားတွေကလည်း နောက်ကနေ လိုက်ပါလာခဲ့ကြတယ်..။
စစ်တပ်စခန်းကတော့ ခါတိုင်းလိုပဲ စနစ်တကျ ရှိနေတဲ့ ပရမ်းပတာ အခြေအနေမျိုး ဖြစ်နေခဲ့ပြီး.. ဒီနေ့မှာတော့ အရင်ကထက် ပိုဆိုးနေခဲ့တယ်..။ တင်းမာပြီး စိုးရိမ်ထိတ်လန့်စရာကောင်းတဲ့ စိတ်အခြေအနေတွေက လေထုထဲမှာ လွှမ်းမိုးနေခဲ့ပါတယ်..။ လူတိုင်းရဲ့ မျက်နှာပေါ်မှာ စိုးရိမ်တဲ့ အမူအရာတွေ ရှိနေခဲ့ကြပြီး.. တစ်ခါတစ်ရံမှာတော့ မျက်ဝန်းထဲက ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ရင်း တောင်ဘက်ဆီ လှမ်းကြည့်နေခဲ့ကြတယ်..။
ဆန်နီ ဟာ အဝေးကနေ ချဉ်းကပ်လာနေတဲ့ သားရဲ အုပ်စုကြီးရဲ့ အော်မြည်သံတွေကို အခုကတည်းက ကြားနေရသလို ခံစားလိုက်ရတယ်..။
“သတိကပ်ပြီး နေကြစမ်း..”
သူ့ရဲ့ အော်ဟစ်သံက စစ်သားတွေကို အားအင်တွေ ပေးလိုက်သလိုမျိုး ဖြစ်သွားခဲ့တယ်..။ သူ့ကို မှတ်မိတဲ့ အရိပ်အယောင်တွေ..ရိုသေလေးစားမှုတွေနဲ့ လှမ်းကြည့်ရင်း.. သူတို့က လမ်းဖယ်ပေးခဲ့ကြတာကြောင့်.. နတ်ဆိုးတွေက ဖြတ်သန်း သွားနိုင်ခဲ့ကြပါတယ်..။ ဆန်နီ ဟာပျံသန်းနိုင်တဲ့ သားရဲအုပ်ကြီးက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာထက် ဘာမှ မပိုသလိုမျိုး..တည်ငြိမ်တဲ့ အမူအရာကို ပြသဖို့ သေချာအောင် လုပ်ဆောင်လိုက်တယ်..။
သူ့ရဲ့ သရုပ်ဆောင်မှုက အလုပ်ဖြစ်ပုံရတာကြောင့်.. တင်းမာမှု အချို့က ပျောက်ကွယ်သွားခဲ့ရပါတယ်..။
သူ့ရဲ့ အဖွဲ့သား တွေတောင် အနည်းငယ် စိတ်လျှော့လိုက်ကြတဲ့ ပုံပါပဲ..။
'ဘာလဲ.. မင်းတို့က ဘာလို့ စိတ်လျှော့နေကြတာလဲ သောက်ရူးတွေရဲ့..။ မင်းတို့က ဝါးမြိုခြင်း တိမ်တိုက် က ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကို အသိဆုံး ဖြစ်ရမှာ မဟုတ်ဘူးလား..။ငါဆိုလိုတာက ငါတောင် ကြောက်နေတာကို..'
..ဒါပေမယ့် သူက တကယ်တော့ မကြောက်ပါဘူး..။ အဓိကကတော့ ဒီ သားရဲတွေဟာ ရုပ်ခန္ဓာမရှိတဲ့ ပန်းတိုင်တွေကို တိုက်ခိုက်နိုင်စွမ်း မရှိကြတာကြောင့်.. သူ့ရဲ့ ဘေးကင်းမှုက အန္တရာယ် ရှိမနေခဲ့ပေ..။ ပြီးတော့ ဝါးမြိုခြင်း တိမ်တိုက် က ဖယ်လ်ကွန် စကော့တ် ဆီ ဦးတည်လာနေတဲ့ ရန်သူတွေထဲမှာ အားအနည်းဆုံး ဖြစ်တာကြောင့်လည်း ပါဝင်ပါတယ်..။
သို့ပေမယ့်လည်း.. ဒါက အတော်လေး အန္တရာယ်ရှိနေဆဲ ပါပဲ..။
အထူးတပ်ဖွဲ့ က သူတို့ကို တံတိုင်းအပေါ်ဆီ ခေါ်ဆောင်သွားမယ့် ဓာတ်လှေကားထဲကို ဝင်ရောက်လိုက်ကြတယ်..။ ဖယ်လ်ကွန် စကော့တ် မြို့ကတော့ ထူးဆန်းစွာ လူသူကင်းမဲ့သလို ဖြစ်နေခဲ့ပြီး.. ပုံမှန်ရှိနေကျ သက်ဝင်လှုပ်ရှားမှုတွေလည်း မရှိတော့ပါဘူး..။ မြို့တစ်မြို့လုံးရဲ့ အခြေအနေဟာ..မုဆိုးက သားကောင်ကို သတိမထားမိအောင်ဆုတောင်းရင်း.. အသက်ရှူအောင့်ထားကြသလိုမျိုး ဖြစ်နေခဲ့ပါတယ်။
“ဒီလို ဖြစ်လာဖို့ အခွင့်အရေး လုံးဝမရှိဘူး..”
ဆန်နီ တံတိုင်းပေါ်ကို ခြေချလိုက်ရင်း.. ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်တယ်။. အနည်းငယ် ဝေးကွာတဲ့ နေရာမှာတော့ ရင်းနှီးတဲ့ လူရိပ်အချို့ကို သတိပြုမိလိုက်ပါတယ်..။
တစ်မိနစ်အကြာမှာတော့.. သူက ဂျက်.. ဝင်းတား .. ဒေးလ် တို့နဲ့အတူ ပခုံးချင်းယှဉ် ရပ်လိုက်ပြီး.. ရဲခို တံတိုင်းပေါ်ကနေ တောင်ဘက်ဆီ လှမ်းကြည့်လိုက်ပါတယ်..။ သူတို့ လေးယောက်စလုံးက ခနလောက် တိတ်ဆိတ်နေခဲ့ကြပြီးမှ.. နောက်ဆုံးတော့ ဝိဥာဥ် ရိတ်သိမ်းသူ က တည်ငြိမ်တဲ့ အသံနဲ့ စကားပြောလာခဲ့တယ်..။
“ဝိုး.. သားရဲတွေ တကယ်များတာပဲ..”
သူတို့ရဲ့ အောက်ဘက် အဝေးတစ်နေရာမှာတော့.. မြေပြင်က မြူခိုးတွေရဲ့ ကြီးမားလှတဲ့ တံတိုင်းကြီး နောက်ကွယ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်နေခဲ့ပါတယ်..။ ကမ္ဘာကြီးကိုယ်တိုင်က ချဉ်းကပ်လာနေတဲ့ တိမ်တိုက်ကြီးရဲ့ ဝါးမြိုခြင်းကို ခံနေရပြီး.. တည်ရှိမှုကနေ ပျောက်ကွယ်သွားသလိုမျိုး မြင်တွေ့နေခဲ့ရတယ်..။
..ရုတ်တရက်ဆိုသလိုပဲ ဆန်နီ ဟာ မြေအောက်ဥမင်လိုဏ်ခေါင်း ရဲ့ အေးမြတိတ်ဆိတ်နေတဲ့
အမှောင်ထုကိုတောင် ပြန်အမှတ်ရလိုက်ပါတယ်..။
အခန်း ( ၉၉၂ ) ပြီး၏။
အခန်း ( ၉၉၃ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁၁ )
ဝါးမြိုခြင်း တိမ်တိုက် ဟာ ဖယ်လ်ကွန် စကော့တ် မြို့ ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့ပေမယ့်.. ထူးဆန်းစွာပဲ ဆန်နီ ဟာ အနည်းဆုံးတော့ သူ့ကိုယ်သူအတွက် သိပ်ပြီး စိုးရိမ်မနေခဲ့ပါဘူး..။ ဖြစ်နိုင်တာကတော့ မာဗယ် ကြေးခွံ က သူ့ကို ယုံကြည်မှု ပေးနေတာ ဖြစ်နိုင်သလို.. အခြားသော တက်ရောက်သူ အဆင့် အထူးတပ်ဖွဲ့ဝင်တွေ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ သူတို့ လေးယောက်တည်းတင် ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားစုတစ်ခု ဖြစ်နေခဲ့ပြီး.. မြို့ကို ကာကွယ်နေတဲ့ ထောင်ပေါင်းများစွာသော အခြား နိုးထသူ တွေလည်း ရှိနေသေးတာပါ..။
မရေမတွက်နိုင်တဲ့ သာမန်စစ်သားတွေ.. ခိုင်ခံ့လှတဲ့ ခံတပ်တံတိုင်းတွေနဲ့ အစွမ်းထက်တဲ့ သူတော်စင် နှစ်ယောက်ရှိနေတာကိုတော့ ထည့်ပြောနေစရာတောင် မလိုပါဘူး..။
ကောင်းကင် ဒီရေ ကတော့ တောတောင်ထဲက တစ်နေရာရာမှာ ဝင်းတား သားရဲ နဲ့ တိုက်ခိုက်ရင်း အဝေးကို ရောက်နေတာ ဖြစ်နိုင်ပါတယ်..။ သူမအနေနဲ့ ဒီနေ့တိုက်ပွဲမှာ ပါဝင်ဖို့ အချိန်မီ ပြန်လာနိုင်မလားဆိုတာ မသေချာပေမယ့်.. ဆိပ်ကမ်းမှာ ရပ်နားထားတဲ့ သင်္ဘောတွေကို ကာကွယ်ဖို့အတွက်တော့ ဘလက်ဝေ့ က အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်..။တကယ်လို့ အခြေအနေတွေ ဆိုးရွားလာခဲ့ရင်.. သူက ဝင်ရောက်တိုက်ခိုက်လာမှာ သေချာပါတယ်..။
မာစတာ ဂျက် က ချဉ်းကပ်လာနေတဲ့ သားရဲအုပ်ကြီးကို သူမရဲ့ အေးစက်ပြီး တွက်ချက်တတ်တဲ့ ရေခဲပြာရောင် မျက်ဝန်းတွေနဲ့ အကဲခတ်နေခဲ့တယ်..။ ယင်းနောက်မှာတော့ သူမက သက်ပြင်းချလိုက်ပါတယ်..။
“တစ်ခုခုတော့ ကွဲပြားနေတယ်..”
ဆန်နီ က သူမကို နှုတ်ဆိတ်နေတဲ့ မေးခွန်းတစ်ခုနဲ့ လှမ်းကြည့်လိုက်တာကြောင့်.. ဝိဥာဥ် ရိတ်သိမ်းသူ က ခေါင်းခါယမ်းလိုက်တယ်..။
“ဝါးမြိုခြင်း တိမ်တိုက် ရဲ့ လှုပ်ရှားမှုတွေက အစီရင်ခံစာတွေထဲမှာ ဖော်ပြထားတာနဲ့ ကွဲပြားနေတယ်..”
သူက မျက်မှောင်ကျုတ်လိုက်ပြီးမှ.. အဝေးက မြူခိုးတွေဆီ လှမ်းကြည့်လိုက်ပါတယ်..။
…အမှန်တကယ်ပဲ.. သားရဲအုပ်ကြီးရဲ့ လှုပ်ရှားမှုက အရင်ကထက်စာရင် အနည်းငယ် ကွဲပြားနေခဲ့တာပါ..။သူတို့က အရင်ကလောက် ဖရိုဖရဲ ဖြစ်မနေတော့ဘဲ.. ပိုပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဦးတည်လာနေသလိုမျိုးပါပဲ..။ ဒီဝါးမြိုခြင်း တိမ်တိုက်ကြီး ရဲ့ အကွာအဝေးကို ကျော်ဖြတ်ပြီး ချဉ်းကပ်လာတဲ့ အရှိန်က ဆန်နီ ထင်ထားတာထက် ပိုမို မြန်ဆန်နေခဲ့ပါတယ်..။
ဒေးလ် က သူ့ရဲ့ အကာအကွယ်ဦးထုပ်ကို ဆင့်ခေါ်လိုက်ရင်း ပုခုံးတွန့်ပြလိုက်တယ်..။
“သူတို့တွေက ငါတို့နောက်ဘက်က သန်းနှစ်ရာမကတဲ့ ဝိဥာဉ်တွေကို သတိထားမိသွားတာ ဖြစ်လိမ့်မယ်..။ ဒီလောက်ကြီးမားတဲ့ စားပွဲသောက်ပွဲကြီးဆီ သွားဖို့ ဘယ်သူကများ မလောဘဲ နေမှာလဲ..”
ဝင်းတား က ပြုံးလိုက်ပါတယ်..။
“ကောင်းပြီလေ.. ဒါဆိုရင်လည်း.. သူတို့ကို ဧည့်ဝတ်ပြုမှုအချို့ ပြလိုက်ကြတာပေါ့..”
သူမက ခနလောက် မလှုပ်မယှက် ရပ်နေခဲ့ပြီးမှ.. သူမရဲ့ လက်တွေကို မြှောက်ကာ နေကာမျက်မှန်ကို သတိထားပြီး ချွတ်လိုက်ပါတယ်..။ သူမရဲ့ နှုတ်ခမ်းတွေဆီကနေ ပြင်းထန်တဲ့ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့တယ်..။
ဒါက ဆန်နီ အနေနဲ့ ဝင်းတား ရဲ့ မျက်လုံးတွေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပါတယ်..။ သူမရဲ့ မျက်လုံးတွေက တစ်ပြင်လုံး အနက်ရောင် ဖြစ်နေခဲ့ပြီး.. မျက်ဆံ တွေကတော့ ခဲနေတဲ့ သွေးစက်နှစ်စက်နဲ့ ဆင်တူနေခဲ့တယ်..။
ဒီမျက်လုံးတွေကို စိုက်ကြည့်မိတာက သူ့ကို အကြောင်းပြချက်မရှိဘဲ စိတ်မသက်မသာ ဖြစ်စေပါတယ်..။
“စတော့..”
နိုးထသူ အချို့က ရှေ့ကို တက်လာခဲ့ကြတယ်။. သုံးယောက်က ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ တပ်ခွဲက ဖြစ်ကာ တစ်ယောက်ကတော့ ဒေးလ် ရဲ့ တပ်ခွဲက ဖြစ်ပါတယ်..။ ဆန်နီ ရဲ့ ခေါင်းညိတ်ပြမှုကို မြင်ပြီးနောက်မှာတော့.. လူစတာ ကလည်း အဲ့ဒီလိုပဲ ရှေ့ကို တက်သွားခဲ့တယ်..။
ဒီတိုက်ပွဲမှာတော့ ဝင်းတား က သူတို့ရဲ့ တပ်ဦးဦးဆောင်သူ ဖြစ်လာမှာ ဖြစ်ပါတယ်..။
သူမရဲ့ စွမ်းရည်က အဓိက သော့ချက်နေရာကနေ ပါဝင်မှာ ဖြစ်တာကြောင့်.. ဒါကို တတ်နိုင်သမျှ မြှင့်တင်ပေးရမှာ ဖြစ်တယ်..။
တက်ရောက်မူ အဆင့် လေးသည်တော်ရဲ့ ပတ်လည်မှာ မှတ်သားမူ အချို့ စတင်ပေါ်ပေါက်လာခဲ့ပါတယ်..။ လှပတဲ့ လက်ကိုင်မှန်တစ်ချပ်.. နဖူးမှာ တန်ဖိုးကြီး ကျောက်မျက်ရတနာတစ်ခု မြှုပ်နှံထားတဲ့ ဦးခေါင်းခွံအသေးလေးတစ်ခု.. တစ်ဖက်မှာ လှပတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံနဲ့ အခြားတစ်ဖက်မှာ အကျည်းတန်တဲ့ သားရဲတစ်ကောင်ရဲ့ ပုံပါရှိတဲ့ ငွေပြားတစ်ပြားတို့ ဖြစ်နေခဲ့တယ်။.. တစ်ချိန်တည်းမှာပဲ နိုးထသူ လေးယောက်ကလည်း သူတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေကို အသက်သွင်းလိုက်ကြပါတယ်..။
တစ်ယောက်က ဝင်းတား ရဲ့ ပတ်ပတ်လည်မှာ ရှုပ်ထွေးတဲ့ စက်ဝိုင်းတစ်ခုကို စတင်ရေးဆွဲလိုက်ပြီး.. သွားလေရာလမ်းမှာ အဆီအနှစ်တွေကို ပြည့်နှက်စေခဲ့တယ်..။ အခြားတစ်ယောက်ကတော့ မှတ်သားမူ တွေကို အာရုံစိုက်လိုက်ပြီး.. တစ်နည်းနည်းနဲ့ အဲ့ဒီအရာတွေထဲကို ပိုမိုအစွမ်းထက်တဲ့ စွမ်းအားတွေ သွန်းလောင်းပေးနေခဲ့ပါတယ်..။ လူစတာ ကတော့ သူမရဲ့ ပခုံးပေါ်ကို လက်တစ်ဖက် တင်လိုက်ရုံသာ လုပ်ဆောင်ခဲ့တာပါ။.. ယင်းနောက်မှာတော့ သူက ထူးဆန်းစွာပဲ ဆန်နီ ဆီကို သဘောကျနေတဲ့ အကြည့်နဲ့ လှမ်းကြည့်လာခဲ့ပါတယ်..။
‘ဒီသောက်ရူးကတော့..’
ဆန်နီ က အကြည့်ကိုလွှဲလိုက်ပြီး သူနဲ့ ခြေလှမ်းအနည်းငယ် ဝေးရာကို လျှောက်သွားလိုက်ပါတယ်..။ သူက အရိပ်တစ်ခုကို သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရစ်ပတ်ထားလိုက်ပြီး.. ကျန်တဲ့ အရိပ်သုံးခုကိုတော့ မော်ဂန်ရဲ့ စစ်ပွဲလေး ပတ်ပတ်လည်မှာ ရစ်ပတ်လိုက်ကာ.. သူ့မှာ အဆီအနှစ် ဘယ်လောက် ကျန်သေးလဲဆိုတာကို တွက်ချက်လိုက်တယ်..။
ဒါက သူ လိုချင်သလောက် များပြားမနေပေမယ့်.. မိုးကြိုးလျှပ်စီး ကို အကြိမ်ပေါင်းများစွာ ဆင့်ခေါ်ဖို့ နဲ့.. ဒီကြားထဲမှာ မရေမတွက်နိုင်တဲ့
ဝိဥာဉ်မြား တွေကို သရုပ်ဖော်ဖို့အတွက်တော့ လုံလောက်နေပါသေးတယ်..။ တကယ်လို့ သားရဲတွေက တံတိုင်းနဲ့ နီးကပ်လာခဲ့ရင်.. သူက သေဆုံးခြင်း ဆန္ဒ ကိုလည်း အသက်သွင်းနိုင်မှာ ပါ..။
ဒီနေ့မှာတော့ ဆန်နီမှာ ကိုယ်ပိုင် ရည်မှန်းချက်တစ်ခု ရှိနေခဲ့တယ်..။ အဲ့ဒါကတော့ ဒီသားရဲတွေကို တတ်နိုင်သမျှ များများ သတ်ဖြတ်ဖို့ပါပဲ..။ ရာဂဏန်း.. သို့မဟုတ် ထောင်ဂဏန်းအထိလည်း ဖြစ်နိုင်ပါတယ်..။ ဒီရွံရှာဖွယ် သတ္တဝါအားလုံးနီးပါးက နိုးထမူ အဆင့်တွေ ဖြစ်ကြတာကြောင့်.. သူက အပိုင်းအစတွေ အများကြီး ရမှာ မဟုတ်ပေမယ့်.. ဒါက အဆင်ပြေပါတယ်..။ ဘာပဲဖြစ်ဖြစ် သူ အမှန်တကယ် လိုချင်တာက မှတ်သားမူ တွေ ဖြစ်ပြီး.. ဘယ်လောက်ပဲ အားနည်းနေပါစေ.. များများရလေ ပိုကောင်းလေပါပဲ..။
“ဆန်နီ.. နင် ဘယ်လိုထင်လဲ.. ငါတို့ ဒီနေ့ နိုင်ပါ့မလား..”
သူက မာစတာ ဂျက် ကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့.. သူမက လက်ထဲမှာ ရိုးရှင်းတဲ့ လက်နက်ငယ်တစ်ခုကို တည်ငြိမ်စွာ လှည့်ပတ်ကစားနေခဲ့တာကို မြင်လိုက်ရတယ်..။ သူမဆီကနေ ဖြာထွက်နေတဲ့ အအေးဓာတ် အရှိန်အဝါက အခုအချိန်မှာတော့ အတော်လေး အေးစက် နေခဲ့ပါတယ်..။
သူက ပုခုံးတွန့်ပြလိုက်တယ်..။
“သေချာတာပေါ့.. ဘာလို့မနိုင်ရမှာလဲ..။ ဒါက ဒီတိုင်း ရုပ်ဆိုးတဲ့ သားရဲအုပ် တစ်အုပ်ပဲဟာကို..”
ဝိဥာဥ် ရိတ်သိမ်းသူ က ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး..။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့.. ဝါးမြိုခြင်း တိမ်တိုက် ဟာ အမြောက်ကြီးတွေရဲ့ ပစ်ခတ်မှု နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်..။နောက်တစ်ကြိမ်ဆိုသလိုပဲ..အသံထက်မြန်တဲ့ အရှိန်နဲ့ ပြေးထွက်သွားတဲ့ အမြောက်ကျည်တွေရဲ့ အော်မြည်သံတွေက တံတိုင်းတစ်ခုလုံးကို တုန်ခါသွားစေခဲ့တယ်..။ ဒီတိုက်ခိုက်မှုက မရေမတွက်နိုင်တဲ့ သတ္တဝါတွေကို သတ်ဖြတ်နိုင်ခဲ့မှာ ဖြစ်တာကို ဆန်နီ သိနေပေမယ့်လည်း.. အဝေးက မြူခိုးကြီးက အဲ့ဒီအရာတွေကို ဒီတိုင်းပဲ ဝါးမြိုပစ်လိုက်သလိုမျိုး မြင်တွေ့နေရပါတယ်..။ ဆက်တိုက် ပျံသန်းလာနေတဲ့ ကြောက်မက်ဖွယ် သားရဲအုပ်ကြီးရဲ့ မြူတွေထဲမှာ အနည်းငယ်မျှသော လှိုင်းထမှု သို့မဟုတ် ကွဲအက်မှုတောင် ရှိမနေခဲ့ပါဘူး..။
‘ ချီးတဲ့မှပဲ..’
ယင်းနောက်မှာတော့.. စက်သေနတ်စင်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေက ပူးပေါင်းလာခဲ့ကြပြီး.. ကျည်ဆန်မိုးတွေကို ရွာချလိုက်ကြပါတယ်..။ မရေမတွက်နိုင်တဲ့ အလင်းတန်း ကျည်ဆန်တွေက တံတိုင်းပေါ်ကနေ လှိမ့်ဝင်လာနေတဲ့ သားရဲအုပ် တိမ်တိုက်ကြီးထဲကို ပျံသန်းသွားခဲ့ကြတယ်..။ ဒါက ထူးဆန်းစွာ လှပနေခဲ့ပြီး.. တောက်ပတဲ့ မိုးစက်တွေက မြေပြင်ကနေ ကောင်းကင်ဆီကို ရွာကျနေသလိုမျိုး ဖြစ်နေခဲ့တာပါ။သူတို့က မှောင်မိုက်နေတဲ့ အမှောင်ထု တံတိုင်းကြီးကို ထိုးဖောက်ဖို့ ရုန်းကန်နေကြသလိုပါပဲ..။
ဝါးမြိုခြင်း တိမ်တိုက် ကတော့ ဒီလို ဖျက်ဆီးအားပြင်းတဲ့ တိုက်ခိုက်မှုကြီးကို လုံးဝ ဂရုမစိုက်သလိုမျိုး.. အရှိန်အနည်းငယ်မျှ လျော့ကျမသွားဘဲ ရှေ့ကိုသာ ဆက်လက် ချဉ်းကပ်လာခဲ့တယ်..။ အခုအချိန်မှာတော့.. မရေမတွက်နိုင်တဲ့ သားရဲတောင်ပံတွေရဲ့ တဖျတ်ဖျတ် ခတ်သံတွေက ပစ်ခတ်နေတဲ့ သေနတ်သံတွေရဲ့ ဆူညံသံတွေကို ဖောက်ထွက်ပြီး ကျယ်လောင်လာခဲ့ပါပြီ။ဒီအသံတွေက.. ကျယ်ပြောတဲ့ ပင်လယ်ကြီးရဲ့ ရေလှိုင်းသံတွေလိုမျိုး လေထုထဲမှာ ပျံ့လွင့်နေခဲ့တယ်..။
ဒီသတ္တဝါတွေက ဝေဝါးနေတဲ့ မြူခိုး တိမ်တိုက်ကြီးအဖြစ်ကနေ.. မရေမတွက်နိုင်တဲ့ အနက်ရောင် အစက်အပြောက်တွေရဲ့ ကြောက်မက်ဖွယ် ရုပ်သွင်အဖြစ် ပြောင်းလဲသွားဖို့အတွက် လုံလောက်အောင် နီးကပ်လာခဲ့ပါပြီ..။ ဆန်နီ က မျက်နှာပျက်သွားခဲ့ပြီးမှ.. သူ့ရဲ့ လေးကို ဆွဲဆန့်လိုက်ပြီး ချဉ်းကပ်လာနေတဲ့ သားရဲအုပ်ကြီးထဲကို မိုးကြိုးလျှပ်စီး တစ်ချက် ပစ်လွှတ်လိုက်ပါတယ်..။
ပြင်းထန်တဲ့ လျှပ်စီးအလင်းတန်းက သားရဲအုပ်ဆီ မရောက်ရှိခင်မှာတင်.. သူက လေးကြိုးကို နောက်တစ်ကြိမ် ထပ်မံ ဆွဲဆန့်လိုက်တယ်။.. အဝါရောင် ရွှေမြားတစ်စင်းက လေးကြိုးပေါ်မှာ ချက်ချင်း ပေါ်ပေါက်လာခဲ့ပါတယ်..။
တောက်ပတဲ့ လျှပ်စီးအလင်းရောင်က သားရဲအုပ်ရဲ့ သေးငယ်တဲ့ အပိုင်းအစတစ်ခုကို လင်းထိန်သွားစေခဲ့တယ်.. ။ယင်းနောက်မှာတော့ အခိုက်အတန့် ရဲ့ တီးတိုးပြောဆိုသံတွေ ထွက်ပေါ်လာခဲ့ပါတယ်..။
‘ ချီးပဲ’
ဒီအချိန်မှာတော့.. ဝါးမြိုခြင်း တိမ်တိုက် က အရှိန်လျော့သွားရမှာပါ..။ ဒါက မြို့ရိုးတံတိုင်းနဲ့ တောင်တန်းတွေကြားက ကျယ်ပြောလှတဲ့ သတ်ကွင်း အစွန်းဆီကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး.. မြေကြီးပေါ်မှာ ဖုံးလွှမ်းနေတဲ့ အိပ်မက်ဆိုး သားရဲ ကောင်ရေ အမြောက်အမြားရဲ့ အလောင်းပုံကြီးတွေကို မြင်ကွင်းထဲမှာ တွေ့နေရပြီ ဖြစ်ပါတယ်..။ ဒီသားရဲတွေက
ဖယ်လ်ကွန် စကော့တ် မြို့ဆီ အင်အားအပြည့်နဲ့ မချဉ်းကပ်ခင်မှာ.. မြေကြီးပေါ်က ပေါများလှတဲ့ အစားအစာ အရင်းအမြစ်ဆီကို အာရုံ လွှဲပြောင်းသွားကြရမှာပါ..။
သို့သော်လည်း.. သူတို့က ဒီလို မလုပ်ခဲ့ကြပါဘူး..။
သားရဲအုပ်ကြီးက စစ်တပ်ကွပ်ကဲမှုဌာနရဲ့ အစီရင်ခံစာအားလုံးကို ဆန့်ကျင်ပြီး.. ပုပ်ပွနေတဲ့ အသား စားပွဲသောက်ပွဲကြီးကို လုံးဝ ဥပေက္ခာပြုလိုက်ကြတယ်။သူတို့က.. အရှေ့ကို ပိုပြီးတော့တောင် အရှိန်မြှင့် တက်လာခဲ့ကြပါသေးတယ်..။
…အဲ့အချိန်မှာပဲ ဝင်းတား က နောက်ဆုံးတော့ စတင် လှုပ်ရှားလိုက်ပါတော့တယ်..။
သူမက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး.. လေးကို မြှောက်ကာ မီးတောက်မြားတစ်စင်းကို ဆင့်ခေါ်လိုက်ပါတယ်..။ သူမရဲ့ အနက်ရောင် မျက်လုံးတွေက ပိုပြီးတော့တောင် မှောင်မိုက်လာခဲ့ပြီး.. သူမရဲ့ မျက်ဆံထဲက နီရဲနေတဲ့ သွေးစက်တွေက နိမိတ်မကောင်းတဲ့ အလင်းရောင်နဲ့ တောက်ပလာခဲ့တယ်..။
လေးကြိုးရဲ့ မြည်သံ ထွက်ပေါ်လာခဲ့ပြီး.. မီးတောက်မြားက အမှောင်ထုကို ဖြတ်သန်းကာ လင်းလက်သွားခဲ့ပါတယ်။သူ့နောက်မှာတော့ တောက်ပတဲ့ လမ်းကြောင်းတစ်ခုကို ချန်ထားရစ်ခဲ့တယ်..။ အဲဒီမြား ထိမှန်သွားတဲ့ အချိန်မှာတော့.. ဝင်ရိုးစွန်းည ရဲ့ အမှောင်ထုက ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားခဲ့သလိုပါပဲ..။
အခန်း ( ၉၉၃ ) ပြီး၏။