← Chapters

အခန်း (၉၉၄-၉၉၆)

Vol. 67 Ch. 994-996

အခန်း (၉၉၄-၉၉၆)

Vol. 67 Ch. 994-996

အခန်း ( ၉၉၄ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁၂ )

ဝင်းတား ရဲ့ မြားက ဝါးမြိုခြင်း တိမ်တိုက် ကို ထိမှန်သွားတဲ့ အချိန်မှာတော့.. တောက်ပတဲ့ အလင်းရောင်က လူတိုင်းရဲ့ အမြင်အာရုံကို

ခနတာ ကွယ်ပျောက်သွားစေခဲ့တယ်..။ မီးတောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အလုံးကြီး တစ်လုံးက သားရဲအုပ်ကြီးရဲ့ အလယ်ဗဟိုမှာ ပွင့်ထွက်လာခဲ့ပြီး.. ဖျက်ဆီးခြင်း လှိုင်းလုံးကြီး တစ်ခုလိုမျိုး နေရာအနှံ့အပြားကို ပြန့်နှံ့သွားခဲ့ပါတယ်..။

ယင်းနောက်မှာတော့ ဒီမီးလုံးကြီးက သူ့ဟာသူ ပြန်လည်ကျုံ့ဝင်သွားပြီး တစ်ဖန် ပြန်လည် ပေါက်ကွဲသွားခဲ့ပြန်တယ်..။

မီးလျှံတွေက နတ်ဆိုး သားရဲတွေရဲ့ အုပ်စုထဲကို ပျံ့နှံ့သွားခဲ့ပြီး.. မရေမတွက်နိုင်တဲ့ သားရဲကောင်တွေကို ဝါးမြိုလိုက်ပါတယ်..။ တချို့က ပြာပုံအဖြစ် ပြောင်းလဲသွားခဲ့ပြီး.. တချို့ကတော့ မီးလောင်နေတဲ့ ကြယ်တွေလိုမျိုး မြေပြင်ပေါ်ကို ပြုတ်ကျကုန်ခဲ့တယ်..။ အခြား သားရဲတွေကတော့ ကောင်းကင်မှာ ရမ်းကားစွာ ပျံသန်းရင်း ဆက်လက် လောင်ကျွမ်းနေခဲ့ပြီး.. သူတို့ရဲ့ အသားတွေက အရည်ပျော်ကာ ပျောက်ကွယ်သွားခဲ့ပါတယ်..။

ဒါပေမဲ့ သူတို့က သူတို့ရဲ့ ရွံစရာ အပေါင်းအပါတွေနဲ့ မတိုက်မိမချင်းတော့ မသေဆုံးသွားခဲ့ပါဘူး..။

မီးက ဆက်လက် ပြန့်နှံ့နေခဲ့တယ်..။

ဒီမီးတွေက ကိုယ်ပိုင် အသိစိတ်ရှိနေသလိုမျိုး.. တစ်ကောင်ပြီး တစ်ကောင်ဆီကို ကူးစက်ပြန့်နှံ့နေခဲ့ပြီး.. ကောင်းကင်တစ်ခုလုံး မီးတောက်နေသလိုမျိုး ထင်မှတ်ရတဲ့ အထိပါပဲ..။ မှောင်မိုက်နေတဲ့ အမှောင်ထုဟာ ပြင်းထန်တဲ့ လိမ္မော်ရောင်-အဖြူရောင် အလင်းရောင်တွေကြောင့် လွင့်စင်သွားခဲ့ရပြီး.. အန္တာတိက ရဲ့ ဆောင်းရာသီ အလယ်မှာ ဆန်နီ ဘယ်တော့မှ မမျှော်လင့်ထားတဲ့ အရာတစ်ခုကို ခံစားလိုက်ရပါတယ်..။

ဒါကတော့ သူ့ရဲ့ အရေပြားကို ရိုက်ခတ်လာတဲ့ ပြင်းထန်တဲ့ အပူဓာတ်ပါပဲ..။

သူက တုန်ရီစွာ အသက်ရှူသွင်းလိုက်တယ်..။

‘… ချီးပဲ’

သူတို့ရဲ့ ပြင်ဆင်မှုတွေက အချည်းနှီး မဖြစ်ခဲ့တာ သေချာနေပါပြီ..။ ဝင်းတား ရဲ့ အဖွင့်တိုက်ခိုက်မှုက အသက်ရှူမှားလောက်စရာပါပဲ..။ အမှန်တိုင်း ပြောရရင် ဒါက အတော်လေးကြောက်စရာကောင်းလွန်းပါတယ်..။

ဒါပေမဲ့ ဒါက အဖွင့်မျှသာ ဖြစ်ပြီး.. ဝါးမြိုခြင်း တိမ်တိုက် က သိသာထင်ရှားတဲ့ ဆုံးရှုံးမှုတွေကြောင့် အရှိန်လျော့သွားခဲ့ရပေမယ့်.. လုံးဝ ရပ်တန့်သွားတာတော့ မဟုတ်သေးပါဘူး..။ အခုဆိုရင် သားရဲ အချို့က မီးတံတိုင်းကြီးကို ထိုးဖောက်ပြီး မြို့ဆီကို တဟုန်ထိုး တိုးဝင်လာနေခဲ့ပါပြီ..။

မီးတောက်တွေကြားထဲမှာ ဖြစ်ပျက်နေတဲ့ သတ်ဖြတ်မှုတွေကို ကြည့်ကာ ပြုံးလိုက်ရင်း.. ဆန်နီ က သူ့ရဲ့ ထိတ်လန့်မှုတွေကို ဖယ်ရှားလိုက်တယ်။ပြီးတာနဲ့ မော်ဂန်ရဲ့ စစ်ပွဲလေး ကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ပါတယ်..။

‘နောက်ထပ်.. နောက်ထပ်.. ငါ နောက်ထပ် သတ္တဝါတွေ ထပ်သတ်ဖို့ လိုသေးတယ်…’

လျှပ်စီးတစ်ချက်က သားရဲအုပ်ကြီးထဲကို ကျရောက်သွားပြီး.. သက်ရှိပေါင်းများစွာရဲ့ အသက်တွေကို ရိတ်သိမ်းသွားခဲ့တယ်..။ ရွှေရောင် မြားတစ်စင်းက သားရဲကောင် တစ်ကောင်ကို ထိုးဖောက်သွားခဲ့ပြီး.. ရှေ့ကို ဆက်လက် ပျံသန်းသွားကာ တခြားသားရဲ အတော်များများကိုပါ သတ်ဖြတ်လိုက်ပါတယ်..။ အဲ့နေရာမှာ သားရဲတွေက များလွန်းတာကြောင့် ဆန်နီ အနေနဲ့ ချိန်ရွယ်စရာတောင် မလိုတော့ပါဘူး..။

အထူးတပ်ဖွဲ့ လေးဖွဲ့ နဲ့ တခြား ကျန်ရှိနေတဲ့ နိုးထသူ အားလုံးက ကောင်းကင်ကနေ ကျဆင်းလာနေတဲ့ တောင်ပံပါတဲ့ သားရဲတွေကို ဖျက်ဆီးဖို့ သူတို့ရဲ့ စွမ်းအားအားလုံးကို ပုံအော သုံးစွဲနေခဲ့ကြတယ်..။ ကောင်းကင်ကြီးတစ်ခုလုံးက သူတို့အပေါ်ကို ပြိုကျလာနေသလိုမျိုး.. မီးတောက်တွေနဲ့ လွှမ်းခြုံထားတာကို မြင်နေရပေမယ့်.. ဘယ်သူကမှ စိတ်ဓာတ် မကျဆင်းသွားခဲ့ပါဘူး..။

ကိုယ့်အသက်အတွက် ကြောက်ရွံ့တာက

သဘာဝ ကျပေမယ့်.. လူပေါင်း သန်းနှစ်ရာက သူတို့ရဲ့ ကာကွယ်မှုကို မှီခိုနေရတာကြောင့်.. ပထမ တပ်မတော် ရဲ့ စစ်သားတွေဟာ ချဉ်းကပ်လာနေတဲ့ သားရဲအုပ်ကြီးက ကြောက်မက်ဖွယ်ကောင်းတယ် ဆိုရင်တောင် သူတို့ရဲ့ ရာထူးနေရာတွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့ကြပါတယ်..။

သူ့ဘေးနားမှာတော့ ဝိဥာဉ် ရိတ်သိမ်းသူ က သူမရဲ့ လက်တွေကို ဝေ့ယမ်းလိုက်ပြီး.. လက်ချောင်းတွေကြားမှာ ပေါ်လာတဲ့ ကြယ်ပုံသဏ္ဌာန် လက်နက်ငယ်တွေကို ကြောက်မက်ဖွယ် အရှိန်နဲ့ ရှေ့ကို ပစ်လွှတ်လိုက်ကာ.. သားရဲအုပ် တစ်ခုလုံးကို သံမဏိ မိုးရေလိုမျိုး အပိုင်းပိုင်း ထိုးဖောက်သွားခဲ့တယ်..။

သူနဲ့ ခြေလှမ်းအနည်းငယ် အကွာမှာတော့

ဆမ်မာရာ က သူမရဲ့ သေနတ်ကို စနစ်တကျ ပစ်ခတ်နေခဲ့ပြီး.. အိပ်မက်ဆိုး သားရဲ အုပ်စုတွေကြားမှာ အဆီအနှစ် ပေါက်ကွဲသံတွေ ပွင့်ထွက်လာခဲ့တယ်..။ ဖြဲဆုတ်ထားတဲ့ အသားစတွေနဲ့ သွေးစီးကြောင်းတွေက မရပ်မနားပဲ ရွာချနေခဲ့ပါတယ်..။

ကျန်တဲ့ နတ်ဆိုး တွေကလည်း သူတို့ရဲ့ အပိုင်းကဏ္ဍကို လုပ်ဆောင်နေခဲ့ကြတယ်..။

…ဝင်းတား ကတော့ သူမရဲ့ သတ်ဖြတ်ခြင်း အပိုင်းကို လုံးဝ အဆုံးမသတ်သေးပါဘူး..။

တစ်စင်းပြီး တစ်စင်း ထွက်ပေါ်လာတဲ့ မှော်ဝင် မြားတွေက သူမရဲ့ လေးကြိုးကနေ ပျံသန်း ထွက်ခွာသွားခဲ့တယ်..။ အထူးတပ်ဖွဲ့ရဲ့ နိုးထသူ လေးယောက်က သူတို့ရဲ့ နတ်ဘုရားအဆင့်စွမ်းရည် တွေကို အသုံးပြုပြီး သူမရဲ့ စွမ်းအားကို မြှင့်တင်ပေးနေသလို.. အစွမ်းထက်တဲ့ မှတ်သားမူ အများအပြားကလည်း သူမဆီကို စွမ်းအားတွေ ထည့်သွင်းပေးနေခဲ့တာကြောင့်.. တက်ရောက်မူ အဆင့် လေးသည်တော် ဟာ ထိတ်လန့်ဖွယ်ရာ ပျက်စီးခြင်းရဲ့ ရင်းမြစ်တစ်ခု ဖြစ်လာခဲ့တယ်..။

ဝင်းတား ကို ဘာကြောင့် လမ်းလျှောက်နေတဲ့ အမြောက်တပ်ဖွဲ့လို့ ခေါ်ကြတာလဲ ဆိုတာကို ဆန်နီ နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ..။ သူမရဲ့ လက်နက်တိုက်ထဲမှာ ကြီးမားတဲ့ ပျက်စီးခြင်းတွေကို ဖန်တီးနိုင်တဲ့ မြားတွေ အများကြီး ရှိနေပြီး.. အခုလို မြှင့်တင်ပေးထားတာကြောင့် အဲ့ဒီပျက်စီးခြင်း အတိုင်းအတာက ပိုပြီး ကြီးမားလာခဲ့တယ်..။ သူမရဲ့ နတ်ဘုရားအဆင့်စွမ်းရည် ရဲ့ ကျေးဇူးကြောင့်ပဲ မြားတွေက ဘယ်တော့မှ ပစ်မှတ်မလွဲခဲ့ပါဘူး..။

…ပြီးတော့ လူစတာ က သူမဆီကို ဝိဥာဥ် အဆီအနှစ်တွေ ဆက်တိုက် ပေးပို့နေတာကြောင့်.. သူမမှာ ရပ်တန့်ဖို့ အကြောင်းပြချက် မရှိခဲ့ပါဘူး..။

ဝါးမြိုခြင်း တိမ်တိုက် က သူ့မျက်စိရှေ့မှာတင် အရည်ပျော်ကျနေခဲ့တယ်..။

‘နောက်ထပ်’

ဆန်နီ က လေးကြိုးကို ဆွဲဆန့်ဖို့ သူ့ရဲ့ ကြွက်သားတွေကို အားပြုလိုက်ပြီး.. မိုးကြိုးလျှပ်စီး ကို ပြန်လည် ဆင့်ခေါ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့တာ.. အချိန်ကိုက် ဖြစ်သွားခဲ့တယ်..။ ပြင်းထန်တဲ့ လျှပ်စီးတန်း တစ်ချက်က လေထုကို နောက်တစ်ကြိမ် ထိုးဖောက်သွားခဲ့ပြန်ပါတယ်..။

[သင်သည် သတ်ဖြတ်လိုက်သည်…][သင်သည် သတ်ဖြတ်လိုက်သည်…][သင်သည် သတ်ဖြတ်လိုက်သည်…][သင်သည် ရရှိလိုက်သည်…]

ဒီလို ကြီးမားတဲ့ ပျက်စီးခြင်းတွေကို သားရဲအုပ်ကြီးပေါ်မှာ သက်ရောက်နေစေတာတောင်.. သူတို့က မြို့ဆီကို ဆက်လက် ချဉ်းကပ်လာနေကြဆဲပါပဲ..။အခုဆိုရင် ကျယ်​ဝန်းတဲ့ သတ်ကွင်းကြီးရဲ့ တစ်ဝက်က သူတို့ရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး.. ပထမဆုံးသော တောင်ပံသားရဲ တွေက မြို့ရိုးတံတိုင်းဆီကို ရောက်ရှိလာခဲ့ကြပါပြီ..။

သူ့ရဲ့ ဘယ်ဘက်ခြမ်း တစ်နေရာရာမှာတော့ ကြီးမားတဲ့ စစ်ပွဲ ပလက်ဖောင်းတစ်ခုက ယိုင်နဲ့သွားခဲ့တယ်။..စက်ဝိုင်းပုံ ပါးစပ်နဲ့ ဖန်တီးထားတဲ့ စစ်ပွဲ ယန္တရားရဲ့ သံချပ်ကာက ဖောက်ထွက်ဝင်လာတဲ့ သားရဲတစ်ကောင်ကြောင့် ပုံပျက်သွားခဲ့ပါတယ်..။ အဲဒီသတ္တဝါက ပစ်ခတ်သူ အခန်းထဲကို ဝင်ရောက်သွားခဲ့ပြီး ခနအကြာမှာ ကြီးမားတဲ့ စက်ယန္တရားကြီးက ထူးဆန်းစွာ တုန်ခါရင်း..တံတိုင်းပေါ်ကနေ ချောက်နက်ထဲကို ပြုတ်ကျသွားခဲ့တယ်..။

ဆန်နီ တိတ်ဆိတ်စွာ ကျိန်ဆဲလိုက်တယ်..။

တစ်ချိန်တည်းမှာပဲ ဒေးလ် က ဝင်းတား ရဲ့ အနီးကို တိုးကပ်သွားခဲ့ပါတယ်..။ သိသာထင်ရှားလှတဲ့ စွမ်းအင် အမိုးခုံး တစ်ခုက သူတို့နှစ်ယောက်အပြင် အနီးနားမှာ ရပ်နေတဲ့ နိုးထသူ အားလုံးကို လွှမ်းခြုံသွားခဲ့တယ်..။ သူတို့ရဲ့ မြားတွေနဲ့ ကျည်ဆန်တွေက အမိုးခုံးကို လွယ်ကူစွာ ဖြတ်ကျော်ပြီး ရန်သူတွေကို ထိမှန်နိုင်ပေမယ့်.. သားရဲတစ်ကောင်က ဝင်းတား ကို အပေါ်ကနေ တိုးဝင်လာတဲ့ အခါမှာတော့.. အဲဒီသတ္တဝါက ခိုင်ခံ့တဲ့ ကျောက်တုံးနဲ့ ထိတွေ့မိသလိုမျိုး တောက်ပနေတဲ့ စွမ်းအင် နံရံကို တိုက်မိသွားခဲ့ပါတယ်..။ သားရဲရဲ့ ခန္ဓာကိုယ်က သွေးစက်တွေကြားထဲကို လွင့်ထွက်သွားခဲ့တယ်..။

‘အချိန်ကျပြီလို့ ငါ ထင်တာပဲ…’

“ဆန်နီ.. အခုပဲ..”

ဂျက် ရဲ့ အသံက သူ့ရဲ့ အတွေးကို အတည်ပြုပေးလိုက်တယ်..။ သူတို့နှစ်ယောက် ခနလောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး.. အထူးတပ်ဖွဲ့ဝင်တွေဆီကနေ အဝေးကို ပြေးထွက်သွားခဲ့ကြပါတယ်..။ ဆန်နီ က သူ့ရဲ့ လေးကို ဖယ်ရှားလိုက်ပြီး အသက်ကို ဝအောင် ရှူလိုက်ကာ..

နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ဆင့်ခေါ်လိုက်တယ်..။

ချက်ချင်းဆိုသလိုပဲ.. သူ့ရဲ့ ကိုယ်ပိုင် အသံလိုမျိုး နိမိတ်မကောင်းတဲ့ အသံတစ်ခုက သူ့နားထဲကို တိုးဝင်လာခဲ့ပါတယ်..။

“ဟားဟား.. မင်းက ဒီလူတွေကို အမှန်တကယ်ကယ်တင်နိုင်တယ်လို့ အခုထိ ဟန်ဆောင်နေတာလား.. ။မင်း သိထားတဲ့ အတိုင်း…”

‘ပါးစပ် ပိတ်ထားစမ်း..။ဘယ်သူမှ မင်းကို မမေးဘူး..’

ဆန်နီ အံကြိတ်လိုက်ပြီး.. အထူးတပ်ဖွဲ့ဝင်တွေရဲ့ နေရာကနေ မီတာ ရာနဲ့ချီ ဝေးတဲ့ မြို့ရိုးရဲ့ လူရှင်းတဲ့ အပိုင်းတစ်ခုဆီ ရောက်တဲ့အထိ ဝိဥာဉ် ရိတ်သိမ်းသူ နောက်ကို လိုက်သွားခဲ့တယ်..။ သူမက အနားက စစ်သားတွေကို အော်ဟစ်ပြီး နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်ပါတယ်..။

ယင်းနောက်မှာတော့ ဂျက် က ဆန်နီ ဆီကို လှည့်လာပြီး ကြောက်စရာကောင်းတဲ့ အပြုံးတစ်ခုနဲ့ ပြုံးပြလိုက်တယ်..။

“နင် အဆင်သင့် ဖြစ်ပြီလား..”

သူ ခေါင်းညိတ်ပြလိုက်တယ်..။

“ဒါဆိုလည်း နင့်ရဲ့ အဆောင်ကို အသက်သွင်းလိုက်တော့..”

ဆန်နီ က သက်ပြင်းချလိုက်ပြီး.. သေဆုံးခြင်း ဆန္ဒ ထဲကို အဆီအနှစ်တွေ လောင်းထည့် လိုက်တယ်..။ တစ်ချိန်တည်းမှာပဲ.. သူက အရိပ်လေးခုလုံးကို ခန္ဓာကိုယ်မှာ ရစ်ပတ်လိုက်ပြီး.. မာဗယ်​ ကြေးခွံ ရဲ့ မြေအောက်ကမ္ဘာ လက်နက် စွမ်းရည်ကို အသက်သွင်းကာ အာနိသင်ကို မြှင့်တင်လိုက်ပါတယ်..။

ဒီနေရာမှာတော့ သူ့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်..။သားရဲအုပ်ကြီးကို ဝင်တား ဖျက်ဆီးနိုင်ဖို့အတွက် အချိန်အများကြီး..ပေးဖို့ လိုအပ်သလို.. သားရဲတွေ မြို့ထဲကို မပျံသန်းသွားနိုင်အောင်လည်း တားဆီးထားဖို့ လိုအပ်ပါသေးတယ်..။

ဒီနှစ်ခုလုံးကို အောင်မြင်အောင် လုပ်ဖို့အတွက်ဆိုရင်.. ဝါးမြိုခြင်း တိမ်တိုက် ကို အကောင်းဆုံး ပစ်မှတ်တစ်ခု ပေးထားတာထက် ပိုကောင်းတဲ့ အစီအစဥ် ဘယ်မှာရှိနိုင်ဦးမှာလဲ..။

ပြီးတော့ ဒီအစီအစဉ်ကလည်း အောင်မြင်ဖို့ သေချာနေခဲ့တယ်..။

ဒါပေမဲ့ ဒီလိုလုပ်ခြင်းရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့..မကြာခင်အချိန်အတွင်းမှာ..ဆန်နီ က သားရဲအုပ် တစ်ခုလုံးရဲ့ အာရုံစိုက်မှုကို ခံယူရင်း အသက်ရှင်ဖို့ ကြိုးစားရတော့မှာပါ..။

တစ်နည်းနည်းနဲ့ပေါ့..။

အပိုင်း ( ၉၉၄ ) ပြီး၏။

အခန်း ( ၉၉၅ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁၃ )

ကမ္ဘာကြီးတစ်ခုလုံးက ပြင်းထန်တဲ့ အတက်အကျတွေကြားမှာ ပိတ်မိနေသလိုမျိုး ခံစားနေရပါတယ်..။ အဆုံးမရှိတဲ့ ညရဲ့ အမှောင်ထုဟာ ပျံ့နှံ့နေတဲ့ တောမီးတွေနဲ့ ပစ်ခတ်သံတွေကြောင့် ဖရိုဖရဲ ဖြစ်နေခဲ့တယ်။.. မွန်းကြပ်ဖွယ်ရာ ပေါက်ကွဲသံတွေနဲ့ သတ္တဝါတွေရဲ့ အော်ဟစ်သံတွေက ပေါင်းစပ်သွားကာ ဆန်နီ ရဲ့ ပတ်လည်ကနေ ဖိအားပေးလာခဲ့ပါတယ်..။

အဝေးတစ်နေရာက မီးလောင်နေတဲ့ သတ်ကွင်းကြီးရဲ့ အပေါ်ဘက်မှာတော့.. ဝါးမြိုခြင်း တိမ်တိုက် ဟာ မီးတံတိုင်းကြီး ကြားထဲကနေ ထွက်ပေါက်တစ်ခုကို ဖန်တီးဖို့အတွက် သူ့တို့ရဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲလိုက်ပါတယ်..။ သားရဲတွေရဲ့ မှောင်မိုက်နေတဲ့ အုပ်စုကြီးက ရှေ့ကို တိုးထွက်လာခဲ့ကြပြီး.. လူသားမြို့တော်ရဲ့ နောက်ဆုံးသော ကာကွယ်ရေး အတားအဆီး

ဆီကို အရှိန်အဟုန်နဲ့ ပြေးဝင်လာခဲ့ကြတယ်..။

ချဉ်းကပ်လာနေတဲ့ သားရဲအုပ်ကြီးရဲ့ အစိတ်အပိုင်းအချို့ ဝေဝါးသွားခဲ့ပြီး ရှည်လျားကြီးမားတဲ့ အချွန်တစ်ခုအဖြစ် ပုံသဏ္ဌာန် ပြောင်းလဲသွားခဲ့ပါတယ်..။

ဒါက ကွေ့ကောက်ပြီး ကြီးထွားလာနေတဲ့ ဧရာမ ကင်းမြီးကောက် လက်တံကြီးတစ်ခုနဲ့ ဆင်တူနေခဲ့ပြီး.. မြို့ရိုးပေါ်က နေရာတစ်ခုတည်းဆီကို ဦးတည်လာနေခဲ့တာပါ..။ အဲ့ဒါကတော့ ဒေးလ် နဲ့ ဝင်းတား တို့ ခုခံနေတဲ့ တောက်ပတဲ့ စွမ်းအင် အမိုးခုံးနေရာပဲ ဖြစ်ပါတယ်..။

‘တစ်ခုခုတော့ တကယ်ကို မှားယွင်းနေပြီ…’

ဝါးမြိုခြင်း တိမ်တိုက် က ဘယ်တုန်းကများ ဒီလောက်အထိ ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားခဲ့ဖူးလို့လဲ..။ အသိဥာဏ်မရှိတဲ့ သားရဲအုပ်ကြီးက သူတို့ကို အန္တရာယ်အပေးနိုင်ဆုံး ခြိမ်းခြောက်မှုကို ခွဲခြားသိမြင်ရုံတင်မကဘဲ.. ဒါကို အရင်ဆုံး ရှင်းလင်းဖို့ စုပေါင်းပြီး ဦးတည်လာနိုင်တာက ဘယ်လိုအခြေနေမျိုးလဲ..။

ဆန်နီဟာ ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ရရင်း.. သေဆုံးခြင်း ဆန္ဒ ကို အသက်သွင်းလိုက်တယ်။ယင်းနောက် မှောင်မိုက်နေတဲ့ အချွန်အတက်ကြီးရဲ့ ထိပ်ဖျားက တစ်ပတ်လှည့်သွားကာ.. သူ့ကို တိုက်ခိုက်ဖို့ လမ်းကြောင်း ပြောင်းလဲလာတာကို စောင့်ကြည့်နေခဲ့ပါတယ်..။

‘အံ့ဩစရာပဲ..’

သူက ဂျက် ကို လှမ်းကြည့်လိုက်ပြီး ခနလောက် တုံ့ဆိုင်းနေခဲ့ကာမှ.. အက်ကွဲနေတဲ့ အသံနဲ့ လှမ်းမေးလိုက်ပါတယ်..။

“ကျွန်တော်တို့ ဒါကို တကယ် လုပ်မှာ သေချာလား..”

ဝိဥာဉ် ရိတ်သိမ်းသူ က သူမရဲ့ ထည်ဝါလှပတဲ့ လှံရှည်ကို နှိမ့်ချလိုက်တယ်။.. သူမရဲ့ ငွေရောင် ဓားသွားပေါ်မှာတော့ ရေခဲလွှာပါးပါးလေးက ဖြည်းညှင်းစွာ ထူထဲလာခဲ့တယ်..။ သူမရဲ့ ကျီးကန်းတောင်ပံလို နက်မှောင်တဲ့ ဆံနွယ်တွေကို နောက်ဘက်ဆီ သပ်တင်လိုက်ရင်း. ပြုံးပြလာခဲ့ပါတယ်..။

“ငါတို့ရဲ့ ဆန္ဒတွေက ဘာများ အရေးပါလို့လဲ..”

ဆန်နီ က ချဉ်းကပ်လာနေတဲ့ သားရဲအုပ်ကြီးကို ပြန်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။

“…မျှတပါတယ်..”

အဲ့အချိန်မှာတော့ တံတိုင်းရဲ့ တောင်ဘက်ခြမ်းမှာ ရှိတဲ့ လက်နက်အများစုက ချဉ်းကပ်လာနေတဲ့ အချွန်အတက်ကြီးဆီကို စုစည်း ပစ်ခတ်လိုက်ကြပြီ ဖြစ်ပါတယ်..။ အဲဒါက အမြောက်ကြီးတွေရဲ့ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေ.. မရေမတွက်နိုင်တဲ့ သေနတ်စင်တွေကနေ ရွာချလိုက်တဲ့ ကျည်ဆန်မိုးတွေ.. သာမန်ခြေလျင်စစ်သားတွေရဲ့ သေနတ်သံတွေနဲ့.. နိုးထသူ စစ်သားတွေရဲ့ မှတ်သားမူ တွေကြောင့် ရှုပ်ထွေးနေခဲ့တယ်..။

ဆန်နီ စောင့်ကြည့်နေတဲ့ အချိန်မှာပဲ.. မြင့်မားလှတဲ့ စစ်ပွဲ စက်ရုပ်တွေရဲ့ ပခုံးပေါ်ကနေ သေးငယ်တဲ့ ဒုံးကျည် အမြောက်အမြားက ထွက်လာခဲ့ပြီး.. ကောင်းကင်ကို ဖြတ်သန်းကာ မရေမတွက်နိုင်တဲ့ သတ္တဝါတွေကို အပိုင်းပိုင်း မှုတ်ထုတ်ပစ်လိုက်ကြတယ်..။

တိုက်ခိုက်လာနေတဲ့ သားရဲအုပ်ကြီးကတော့ ဆက်တိုက် ပျက်စီးသွားလိုက် ပြန်လည် ဖွဲ့စည်းလိုက် ဖြစ်နေခဲ့ပြီး.. သေဆုံးသွားတဲ့ ကောင်တွေရဲ့ နေရာမှာ သားရဲကောင်အသစ်တွေက ချက်ချင်း အစားထိုးဝင်ရောက်လာခဲ့ကြတယ်..။ သူတို့က အရှိန်လျော့သွားမယ့် လက္ခဏာမျိုး လုံးဝ မပြခဲ့တာကြောင့်.. ဆန်နီ အနေနဲ့ ဒါကို ရှောင်လွှဲလို့ ရမှာ မဟုတ်တော့ပါဘူး..။

ကောင်းပြီလေ.. သူ စိုးရိမ်မနေခဲ့ပါဘူး..။

“မင်း စိုးရိမ်နေတာ သိသာနေတာပဲ..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို မကျေမနပ် လှမ်းကြည့်လိုက်တယ်..။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုတွေက အခုအချိန်မှာ အတော်လေး မြင့်မားနေသင့်တာပါ..။ ဒီကျိန်စာသင့် ဓားက ဘာလို့ လုံးဝ သက်ရောက်မှု မရှိပဲ စကားတွေ လာပြောနေတာလဲ..။

“အိုး.. ဟုတ်သားပဲ.. မင်းက တောက်ပနေတဲ့ ကြေးခွံအသစ်ကြီးနဲ့ပါပေါ့.. ။ဒါက ယုံကြည်မှု ရှိဖို့အတွက် ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခုပဲလေ..။ တကယ်လို့ ဒါနဲ့တင် မလုံလောက်သေးရင်လည်း မင်းက အရိပ်တွေထဲကို အချိန်မရွေး ထွက်ပြေးနိုင်တာပဲ မဟုတ်ဘူးလား..”

ဆန်နီ က ဒီနိမိတ်မကောင်းတဲ့ အသံကို မကြားချင်ယောင် ဆောင်ထားလိုက်တယ်..။

“ဒါပေမဲ့ မင်း ဂျက် အတွက်ရော စဉ်းစားမိရဲ့လား.. သူမက ဘယ်ကို ထွက်ပြေးမှာလဲ..။ သူမ သေဆုံးသွားတာကို ကြည့်ဖို့ မင်း အဆင်သင့် ဖြစ်ပြီလား..။မင်း အဆင်သင့် ဖြစ်နေတာ ပိုကောင်းလိမ့်မယ်.. ဘာပဲဖြစ်ဖြစ် သူမလို အပြင်လူတစ်ယောက်က အရေးမပါဘူးလေ…”

ဆန်နီ က သူ့ဘေးနားမှာ သားရဲအုပ်ကြီးကို စောင့်ကြည့်နေတဲ့ မာစတာ ဂျက် ကို လှမ်းကြည့်လိုက်တယ်..။ သူမရဲ့ လှပတဲ့ မျက်နှာက တည်ငြိမ်ပြီး အာရုံစိုက်နေခဲ့တာပါ..။

သူ သက်ပြင်းချလိုက်တယ်..။

‘မင်းကိုယ်မင်း အတော်လေး ဂုဏ်ယူနေတယ် မဟုတ်လား..။ငါ့ကို ကစားရတာ.. ငါ့ရဲ့ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုတွေနဲ့ စိုးရိမ်မှုတွေကို အသုံးချရတာကိုပေါ့..။ ဒါပေမဲ့ မင်းကိုယ်မင်း နည်းနည်းလေးတောင် မရှက်ဘူးလား..’

နှစ်သိမ့်ခြင်းပြစ်ဒဏ် က ပြန်မဖြေခဲ့ပါဘူး..။

‘ငါ ဝန်ခံပါတယ်.. မင်း ငါ့ကို တစ်ကြိမ် နှစ်ကြိမ်လောက် အံ့အားသင့်အောင် လုပ်နိုင်ခဲ့တယ်လေ။ ဒါပေမဲ့ အခု ငါ ဘာကို ရင်ဆိုင်ရမလဲဆိုတာ သိနေပြီ ဆိုတော့.. ဒီလို ကလေးကလား စကားမျိုးတွေက ငါ့အပေါ် ဘာသက်ရောက်မှု ရှိမှာလဲ..။မင်းက တကယ်ပဲ အဲဒီကျိန်စာသင့် ဓားရဲ့ အသံလား.. ဒါမှမဟုတ် အဲ့ဒီအရာကြောင့် ယိမ်းယိုင်သွားတဲ့ ငါ့ရဲ့ စိတ်အာရုံ အစိတ်အပိုင်းတစ်ခုလား ဆိုတာ ငါ မသိပေမယ့်.. ဒုတိယအချက်က ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ်..။ဒါပေမဲ့ ငါ သေချာ သိထားတာတစ်ခုကတော့.. မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာပဲ.. သူငယ်ချင်း..’

သူက လှပတဲ့ ဓားကို အနည်းငယ် လှုပ်ယမ်းလိုက်တယ်..။

‘ငါပြောချင်တာက.. မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ..။မင်းက ကြောက်ရွံ့မူ နတ်ဆိုး အေရီရယ် ရဲ့ အသံ မဟုတ်ဘူးလေ.. ။မင်းက ဒီတိုင်း မှတ်သားမူ တစ်ခုရဲ့.. တီးတိုးသံလေး တစ်ခုပဲ..။..ဒီလို သနားစရာကောင်းတဲ့ အရာတစ်ခုက ငါ့ကို ရူးသွပ်အောင် လုပ်ချင်တာလား.. ကျေးဇူးပြုပြီး ငါ့ကို ရယ်အောင် မလုပ်စမ်းပါနဲ့..’

ခနလောက် တိတ်ဆိတ်သွားခဲ့ပြီးနောက်မှာတော့.. နိမိတ်မကောင်းတဲ့ အသံက လှောင်ပြောင်တဲ့ ပုံစံနဲ့ ပြန်လည် ဖြေကြားလာခဲ့ပါတယ်..။

“ဒါပေမဲ့လည်း အခု မင်းက တိုက်ပွဲအလယ်မှာ စိတ်ကူးယဉ် အသံတစ်ခုနဲ့ စကားပြောနေတုန်းပဲလေ..”

ဆန်နီ ပြုံးလိုက်တယ်..။

‘အဲတော့ ဘာဖြစ်လဲ.. အသံတွေ ကြားနေရတာနဲ့ ကိုယ့်ဘာသာ စကားပြောနေရတာက ငါ့ရဲ့ ဝါသနာတစ်ခုပဲဟာကို..’

သူ အရင်ကလည်း ဒီလိုလုပ်ခဲ့ဖူးပါတယ်.။

သူက စိတ်အနှောင့်အယှက်ဖြစ်စရာ တီးတိုးသံတွေကို စိတ်ရဲ့ အခြားတစ်ဖက်ဆီ ပို့ဆောင်ထားလိုက်ပြီး.. ရှေ့မှာ ရောက်ရှိလာတော့မယ့် အရာကိုသာ အာရုံစိုက်လိုက်ပါတယ်..။

သေးငယ်တဲ့ အရိပ်တစ်ခုက ကောင်းကင်ကနေ ရုတ်တရက် ကျဆင်းလာခဲ့တယ်..။ ဆန်နီ က ဒါကို တိုက်ခိုက်ဖို့ ပြင်လိုက်မိပေမယ့်.. သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်ထားလိုက်ပါတယ်..။ နောက်တစ်ခနမှာတော့ ရင်းနှီးနေတဲ့ ကျီးကန်းတစ်ကောင်က ဂျက် ရဲ့ ပခုံးပေါ်ကို ဆင်းသက်လာခဲ့ပြီး.. သူ့ကို မာနထောင်လွှားစွာ လှမ်းကြည့်ပြီးကာမှ သခင် ဆီကို လှည့်လိုက်တယ်..။

“သားရဲအုပ်..သားရဲအုပ်..”

ဂျက် က ငှက်ရဲ့ ခေါင်းကို အပြုံးလေးတစ်ခုနဲ့ အသာအယာ ပုတ်ပေးလိုက်တယ်..။

“အင်း.. ငါ သိတယ်.. အခု သွားတော့.. ဒါက နင့်အတွက် အန္တရာယ် များလွန်းတယ်..”

ကျီးကန်းက မကျေမနပ် အော်ဟစ်လိုက်ပြီး.. သူမကိုယ်သူမ ပိုကြီးမားသွားအောင် တောင်ပံတွေကို ဖြန့်လိုက်ပေမယ့်.. ဘာမှ ထူးမလာခဲ့ပါဘူး..။ဂျက် က ထပ်တူညီမူ ကို ရုတ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့်.. ဒီအရာက မီးပွားတွေအဖြစ် ပြိုကွဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သားရဲအုပ်ကြီးက သူတို့ဆီကို ရောက်ရှိလာခဲ့ပါပြီ ..။

ပထမဆုံး တိုးဝင်လာတဲ့ သားရဲကောင်ဟာ ဂျက် ရဲ့ လှံရှည်ကြောင့် နှစ်ခြမ်း ကွဲသွားခဲ့ပြီး.. သွေးထွက်နေတဲ့ ရုပ်ဆိုးဆိုး အသားတုံး နှစ်တုံးက တံတိုင်းပေါ်ကနေ အောက်က သတ်ကွင်းထဲကို ပြုတ်ကျသွားခဲ့တယ်..။ ဒါပေမဲ့ နောက်ထပ် တစ်ကောင်ကတော့ အခုအချိန်မှာ တိုက်ခိုက်လာနေခဲ့​ပါပြီ..။

ဆန်နီ က သူ့ရဲ့ စိတ်ကို တိုက်ပွဲရဲ့ အခြေအနေထဲကို ကူးပြောင်းခွင့်ပြုလိုက်တယ်..။သို့မဟုတ် ဒါက သူ့အတွက် ဒုတိယ သဘာဝတစ်ခုလိုမျိုး ဖြစ်နေခဲ့တာ ကြာပြီ ဖြစ်တာကြောင့်.. ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း နှစ်မြုပ်လိုက်တယ်လို့ ပြောရမှာပါ..။ သူ့ရဲ့ အတွေးတွေက မြန်ဆန်လာခဲ့ပြီး.. ကမ္ဘာကြီးအပေါ် သူ့ရဲ့ သိမြင်မှုက ပိုမို ထက်မြက်ကာ.. ပိုမို ကျယ်ပြန့်လာခဲ့တယ်..။

သူက ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ကို တိုးသွားလိုက်ပါတယ်။.. နှစ်သိမ့်ခြင်းပြစ်ဒဏ် က လေထဲမှာ လင်းလက်သွားကာ သတ္တဝါရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်..။ ဒီသားရဲရဲ့ အသားတွေက ကျောက်စိမ်း ဓားသွားပေါ်မှာ ရေလိုမျိုး ကွဲအက်သွားခဲ့ပါတယ်..။

တစ်ချိန်တည်းမှာပဲ.. သူတို့ရဲ့ ပတ်ပတ်လည်က အရိပ်တွေက လှုပ်ရှားလာခဲ့ကြပြီး အရိပ်လက်တံ တစ်ဒါဇင်ခန့်က ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ဒီအရိပ်လက်တွေက.. တိုက်ခိုက်လာတဲ့ သားရဲကောင်တွေကို ဖမ်းဆွဲပြီး အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်ကြပါတယ်..။

အခုလက်ရှိ အရိပ်လက်တံတွေက အရင်က သူ ဆင့်ခေါ်ခဲ့တာတွေနဲ့ ကွဲပြားပြီး ပိုမို ရှုပ်ထွေးလှပါတယ်..။ အခု အရာတွေက အဆစ်အမြစ်တွေ ပါရှိကာ ပုံသဏ္ဌာန်တစ်ခု ရှိနေခဲ့ပြီး.. ကြမ်းတမ်းပေမယ့် ဖျတ်လတ်ပြီး အစွမ်းထက်တဲ့ လက်တွေအဖြစ် အဆုံးသတ်ထားတာပါ..။ ဆန်နီ ရဲ့ ရှည်လျားတဲ့ လေ့ကျင့်မှု အချိန်တွေက အချည်းနှီး မဖြစ်ခဲ့ပါဘူး..။ သူက အရိပ်သရုပ်ဖော်ခြင်း အပေါ် နားလည်နိုင်စွမ်းကို အများကြီး မြှင့်တင်နိုင်ခဲ့ပါတယ်..။

…ဒါပေါ့.. ဒါကို အသုံးပြုတာက သူ့ရဲ့ အဆီအနှစ်တွေကို မြန်မြန် လောင်ကျွမ်းစေပါတယ်..။ ဆန်နီ လုပ်သမျှ အရာတိုင်းက အဆီအနှစ်တွေကို အသုံးပြုဖို့ လိုအပ်နေတာပါ..။ အရိပ်ကြိုးတွေကို ရက်လုပ်တာ.. မိုးကြိုးလျှပ်စီး ကို ထပ်ခါတလဲလဲ ဆင့်ခေါ်တာ.. သေဆုံးခြင်း ဆန္ဒ ရဲ့ အာနိသင်ကို ထိန်းသိမ်းပြီး မြှင့်တင်တာ.. ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို ခံနိုင်ရည်နဲ့ စွမ်းအားတွေ ဖြည့်တင်းပေးတာတွေ အကုန်လုံးပါပဲ..။ အခြား မာစတာ တစ်ယောက်သာဆိုရင် အခုအချိန်မှာ စွမ်းအင်အားလုံး ကုန်ခမ်းနေလောက်ပါပြီ..။

ဒါပေမဲ့ ဆန်နီ ရဲ့ အဆီအနှစ် သိုလှောင်မှုက အစွမ်းထက်ပြီး အားကောင်းလွန်းတာကြောင့်.. အဆင့်တူတဲ့ အခြား မာစတာတွေထက်

လေးဆမက ပိုမို များပြားပါတယ်..။ တစ်ချိန်တည်းမှာပဲ အဆီအနှစ်ကို ထိန်းချုပ်နိုင်စွမ်း

ကလည်း ကောင်းမွန်လွန်းလှတာကြောင့်.. ပြီးပြည့်စုံလုနီးပါး အထိ ရောက်ရှိနေခဲ့တယ်..။

သူ့မှာ တိုက်ခိုက်ဖို့ စွမ်းအင်တွေ အများကြီး ကျန်ရှိနေပါသေးတယ်..။

မေးခွန်းကတော့ ဒီလောက်နဲ့ လုံလောက်ပါ့မလား ဆိုတာပါပဲ..။

အပိုင်း ( ၉၉၅ ) ပြီး၏။

အခန်း ( ၉၉၆ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁၄ )

သားရဲအုပ်ကြီးဟာ ဆန်နီ နဲ့ မာစတာ ဂျက် တို့ဆီကို တဟုန်ထိုး ပြေးဝင်လာခဲ့ကြပါတယ်..။ တကယ်လို့ သာမန်စစ်သားတွေသာ အနီးအနားမှာ ရှိနေခဲ့ရင်.. သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှု မြန်ဆန်နှုန်းက လူသားတစ်ယောက်နဲ့ မတူတာကို မြင်တွေ့ရမှာပါ..။ ထူးဆန်းတာကတော့.. တစ်ခြား မာစတာ တစ်ယောက်ဆိုရင်တောင် ဒီအမြန်နှုန်းတွေကို မြင်ရင် အံ့အားသင့်သွားနိုင်ပါတယ်..။

အထူးတပ်ဖွဲ့ဝင် တက်ရောက်သူ နှစ်ယောက်လုံးဟာ အစွမ်းထက်တဲ့ နတ်ဘုရားအဆင့် တိုက်ခိုက်ရေး စွမ်းရည် ရှိသူတွေသာ ပိုင်ဆိုင်နိုင်မယ့် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ပြသနေခဲ့ကြတယ်..။

ဝိဥာဉ် ရိတ်သိမ်းသူ ရဲ့ လှံရှည်ကြီးဟာ တစ်ချက်ဝေ့ယမ်းလိုက်တိုင်း ဝေဝါးသွားခဲ့ပြီး.. ရုပ်ဆိုးလှတဲ့ သားရဲတွေကို အပိုင်းပိုင်း ဖြတ်တောက်နေခဲ့တယ်..။ ထည်ဝါလှပတဲ့ ကျောက်စိမ်း ဓားကလည်း အမွှေးအတောင်တစ်ခုလို ပေါ့ပါးစွာ ကပြနေခဲ့ပြီး.. သက်ရှိတွေကို တစ်ကောင်ပြီးတစ်ကောင် ရိတ်သိမ်းနေခဲ့ပါတယ်..။

ဒါပေါ့.. ဆန်နီ ကော ဂျက် ပါ တစ်နေရာတည်းမှာ ငြိမ်မနေပဲ.. ကျယ်ပြန့်တဲ့ တံတိုင်းအမိုးပေါ်မှာ ဓားမုန်တိုင်းတစ်ခုလိုမျိုး လှုပ်ရှားနေခဲ့ကြတာပါ..။ သူတို့က တိုက်ခိုက်လာတဲ့ အိပ်မက်ဆိုး သတ္တဝါတွေကြားထဲမှာ ကခုန်နေခဲ့ကြပြီး.. ရန်သူတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှာ ပိတ်မိမသွားအောင် ဘယ်နေရာမှာမှ ကြာကြာ ရပ်မနေခဲ့ပါဘူး..။

ကောင်းပြီလေ.. ဆန်နီ ဟာ ကခုန်နေခဲ့တယ်..။ သူ့ရဲ့ တိုက်ပွဲပုံစံက သိမ်မွေ့ပြီး စီးဆင်းနေတာကြောင့်.. သူ့မှာ ပုံသေ ဟန်ပန် လုံးဝ မရှိသလိုမျိုးတောင် ထင်ရပါတယ်..။ အခြားတစ်ဖက်မှာတော့ မာစတာ ဂျက် က အတွေ့အကြုံရှိတဲ့ သားသတ်သမားတစ်ယောက်လိုမျိုး.. စနစ်တကျနဲ့ ရက်စက်စွာ ရှင်းလင်းရင်း..ရှောင်လွှဲလို့ မရတဲ့သေခြင်းတရားကို သယ်ဆောင်လာခဲ့တယ်..။

…သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲမှာလည်း.. ကြောက်မက်ဖွယ် အလှတရားတစ်ခု ရှိနေခဲ့ပြန်ပါတယ်..။

“ပြင်ဆင်ထားတော့..”

ဆန်နီ ကတော့ ဒီသတိပေးချက်ကို မလိုအပ်ခဲ့ပါဘူး..။ သူတို့ကို ဝန်းရံထားတဲ့ သားရဲ မုန်တိုင်းက အတော်လေး ဆိုးရွားနေပြီ ဖြစ်ပေမယ့်.. ဒါက အစပဲ ရှိပါသေးတယ်..။ ဝါးမြိုခြင်း တိမ်တိုက် ရဲ့ အချွန်ပိုင် အများစုက သူတို့ဆီကို မရောက်သေးတာကြောင့်.. အခြေအနေက အဆပေါင်းများစွာ ပိုမို ဆိုးရွားလာတော့မှာပါ..။

‘အိုး.. ငါ ဘာလို့ ဒီသောက်ကျိုးနဲ တိုက်ကြီးဆီကို လာခဲ့မိတာလဲ…’

ကိုယ့်ကိုယ်ကိုယ် သနားစိတ်တွေ အပြည့်နဲ့ သူက ညာဘက်ကို လှည့်လိုက်ပြီး.. အပေါ်ကနေ ပျံသန်းတိုက်ခိုက်လာတဲ့ သားရဲတစ်ကောင်ကို ကပ်သီလေး ရှောင်လိုက်ပါတယ်..။ ယင်းနောက် နောက်ထပ် တစ်ကောင်ကို ခုတ်ပိုင်းဖို့ နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ဝှေ့ယမ်းလိုက်တယ်..။ တစ်ချိန်တည်းမှာပဲ.. သူက တံတိုင်းအစွန်းကနေ လှမ်းကြည့်လိုက်တဲ့အချိန်မှာ.. ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုလုံးက သားရဲအုပ်ကြီးကြောင့် ဖုံးကွယ်နေတာကို မြင်လိုက်ရပါတယ်..။

အခုအချိန်မှာတော့ သူတို့နှစ်ယောက်လုံးဟာ အရပ်မျက်နှာ အားလုံးကနေ ဝိုင်းရံခံထားရပြီ ဖြစ်ပေမယ့်.. ရန်သူအများစုကတော့ လမ်းကြောင်းတစ်ခုတည်းကနေပဲ လာနေခဲ့ကြတာပါ..။ ဝမ်းသာစရာ သတင်းကတော့ သေဆုံးခြင်း ဆန္ဒ က အလုပ်လုပ်နေတာကြောင့်.. သားရဲတွေ တံတိုင်းကို ဖြတ်ကျော်ပြီး မြို့ထဲကို ဝင်ရောက်နိုင်ခြင်း မရှိတာပါပဲ..။

သတင်းဆိုးကတော့.. သူက ဝင်းတား ရဲ့ မီးတောက်တွေ တောက်ပနေတာကို လုံးဝ မမြင်ရတော့တာပါ..။ ဆိုလိုတာက သူတို့ကို တိုက်ခိုက်နေတဲ့ သားရဲအုပ်ရဲ့ အစိတ်အပိုင်းက.. ကိုင်တွယ်ရ ပိုမို ခက်ခဲလာဖို့ စက္ကန့်ပိုင်းပဲ လိုတော့တာ ဖြစ်ပါတယ်..။ တောမီးကြီးတစ်ခုလုံးကို ဖုံးကွယ်ပစ်ဖို့ဆိုရင်.. သူတို့ အရေအတွက်က တကယ်ကို မရေမတွက်နိုင်အောင် များပြားနေမှရပါလိမ့်မယ်..။

ဆန်နီ က အရိပ်တွေကို ဆင့်ခေါ်လိုက်တဲ့အချိန်မှာ.. တံတိုင်းနဲ့ သားရဲအုပ်ကြီးရဲ့ ကြားထဲမှာ အနက်ရောင် တံတိုင်းကြီးနောက်တစ်ခု ရုတ်တရက် အသက်ဝင်လာခဲ့တယ်..။ နောက်တစ်ခဏမှာတော့ မရေမတွက်နိုင်တဲ့ သားရဲတွေက အဲဒီထဲကို တိုးဝင်လာခဲ့တာကြောင့်. နံရံမျက်နှာပြင်ကနေ ထွက်ပေါ်လာတဲ့ ချွန်ထက်တဲ့ ဆူးချွန်တွေနဲ့ အထိုးခံလိုက်ကြရပါတယ်..။ ပိုများတဲ့ ကောင်တွေကတော့ ဒီအတားအဆီးကို ရှောင်ကွင်းဖို့ လေထဲမှာ လမ်းကြောင်း ပြောင်းလိုက်ကြတယ်..။

ဒါက သားရဲအုပ်ကြီးကို အများကြီး အရှိန်မလျော့စေခဲ့ပေမယ့်.. လမ်းကြောင်းကို အနည်းငယ် ကျဉ်းမြောင်းသွားစေတာကြောင့်.. ဆန်နီ နဲ့ ဂျက် တို့အတွက် အသက်ရှူဖို့ နေရာလွတ်အချို့ ရရှိသွားခဲ့ပါတယ်..။

အနည်းဆုံးတော့ ခနလောက်ပေါ့..။

ယင်းနောက်မှာတော့.. အခြေအနေက တကယ်ကို တင်းမာလာခဲ့တယ်..။

“အား.. ချီးပဲ..”

သူ့ဆီကို ပြေးဝင်လာတဲ့ သားရဲတွေ အလွန်များပြားလွန်းတာကြောင့်.. အားလုံးကို သတ်ပစ်ဖို့နဲ့ ရှောင်ကွင်းဖို့ မဖြစ်နိုင်တော့ပါဘူး..။ ဆန်နီ က အကောင်းဆုံး ကြိုးစားခဲ့ပေမယ့်.. ဒါက မလုံလောက်သေးပါဘူး..။ အရိပ်လက်တံတွေရဲ့ အကူအညီနဲ့တောင်မှ.. သူက တိုက်ခိုက်မှု အချို့ကို ထိပ်တိုက် ရင်ဆိုင်ဖို့ အတင်းအကျပ် ဖိအားပေးခံလိုက်ရပါတယ်..။

သူ့ရဲ့ ခန္ဓာကိုယ်ကို ကျောက်တုံးတစ်တုံးလို လေးလံအောင် ပြုလုပ်လိုက်ရင်း.. ဆန်နီ က

အံကို တင်းတင်းကြိတ်ပြီး ကြံ့ကြံ့ခံထားလိုက်တယ်..။ ရွံရှာဖွယ်ကောင်းတဲ့ သားရေလို ကိုယ်ထည်ကြီးက သူ့ဆီကို ဝင်တိုက်လာခဲ့တယ်..။ တကယ်လို့ သူက အမှန်တရားရဲ့တောင်ပံ ကိုသာ အသုံးမပြုခဲ့ရင်.. ဒီရိုက်ခတ်မှုက ဆန်နီ ကို လဲကျသွားစေနိုင်သလို.. ပိုဆိုးရင် တံတိုင်းပေါ်ကနေတောင် ပြုတ်ကျသွားစေနိုင်ပါတယ်..။

အခုအခြေအနေမှာတော့ သူက နောက်ကို ခြေတစ်ဝက်လောက်ပဲ ဆုတ်လိုက်ရပြီး.. သားရဲကောင်ကတော့ အရိုးတွေ ကျိုးကြေသွားတဲ့ အသံနဲ့အတူ နောက်ကို လွင့်စင်သွားခဲ့ကြတယ်..။

‘အာ.. ဒါက နာတယ်ဟ…’

ဆန်နီ ဘာမှ မလုပ်နိုင်ခင်မှာပဲ.. နောက်ထပ် သတ္တဝါတစ်ကောင်က သူ့ရဲ့ လက်ဖျံကို ကိုက်ခဲလိုက်ပါတယ်..။ ရုပ်သေးဆရာ ဝတ်ရုံတော် ရဲ့ လက်မောင်းစွပ်က ကြောက်မက်ဖွယ် အစွယ်အချို့ကို တားဆီးပေးခဲ့ပေမယ့်.. အားလုံးကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး..။

ဒါပေမဲ့လည်း.. ဒီသတ္တဝါရဲ့ အစွယ်တွေက

ဆန်နီ ရဲ့ အရေပြားပေါ်မှာ အချည်းနှီးသာ ပွတ်တိုက်သွားခဲ့ပြီး.. ခြစ်ရာတစ်ခုလေးတောင် မကျန်ရစ်ခဲ့ပါဘူး..။

သူ ပြုံးလိုက်တယ်..။

‘ကိုက်ကြည့်ဦးလေ..ခွေးသားလေး..’

ဒီလိုနဲ့ပဲ ဆန်နီ ဟာ နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ပြောင်းပြန် ကိုင်တွယ်လိုက်ပြီး.. သားရဲရဲ့ ရှည်လျားတဲ့ လည်ပင်းကို အလွယ်တကူ ဖြတ်တောက်လိုက်ပါတယ်..။ ပုံမှန်ဆိုရင်တော့ ဒီလို ကိုးယိုးကားယား အနေအထားကနေ ဒဏ်ရာရအောင် လုပ်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်..။ သို့ပေမယ့် ကျိန်စာသင့် ကျောက်စိမ်းဓားသွားက အရမ်း ထက်မြက်လွန်းတာကြောင့်.. သူက ခုတ်ချက်အတွက် ဘာအားစိုက်ထုတ်မှုမှ လုပ်စရာ မလိုခဲ့ပါဘူး..။

သားရဲရဲ့ ခန္ဓာကိုယ်က တုန်ခါသွားပြီး လဲကျသွားခဲ့တယ်..။ ဒါပေမဲ့ ဖြတ်တောက်ခံလိုက်ရတဲ့ သူ့ရဲ့ ပါးစပ်ကတော့ ဆန်နီ ရဲ့ အသားကို ကိုက်ခဲဖို့ ဇွဲရှိရှိ ကြိုးစားနေဆဲပါပဲ..။

‘ဘာပဲဖြစ်ဖြစ်…’

ဒီသတ္တဝါရဲ့ စေးကပ်စိုစွတ်နေတဲ့ အထိအတွေ့ကို လျစ်လျူရှုလိုက်ရင်း.. သူက တိုက်ပွဲထဲကို ပြန်လည် ခုန်ဝင်လိုက်တယ်..။ ခနအကြာမှာတော့ အရှိန်ပြင်းထန်မှုကြောင့် ဒီအရာက သူ့လက်ဖျံပေါ်ကနေ လွင့်စင်ထွက်သွားခဲ့ပါတယ်..။

ဝမ်းနည်းစရာကတော့.. ဒါက သူ့ကို ထိခိုက်အောင် လုပ်နိုင်ခဲ့တဲ့ နောက်ဆုံး သားရဲ မဟုတ်ပါဘူး..။ သူတို့ရဲ့ အရေအတွက်က တိုးပွားလာတာနဲ့အမျှ.. ဆန်နီ အနေနဲ့ တိုက်ခိုက်မှုတွေကို ပိုပြီး လွဲချော်လာခဲ့တယ်..။ အများစုကတော့ မာဗယ်​ ကြေးခွံ ရဲ့ ခိုင်မာလှတဲ့ အတားအဆီးကို မဖောက်ထွက်နိုင်ကြပေမယ့်.. အချို့ကတော့ အောင်မြင်သွားခဲ့ကြပါတယ်..။ အခုဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်အနှံ့မှာ ခြစ်ရာလေးတွေ ရှိနေခဲ့ပြီး.. အရေအတွက်ကလည်း လျင်မြန်စွာ တိုးပွားလာနေခဲ့တယ်..။

မာစတာ ဂျက် ကလည်း အလားတူ အခြေအနေမျိုးမှာ ရှိနေခဲ့ပေမယ့်.. သူမကတော့ ဒါကို နည်းနည်းမှ ဂရုစိုက်ပုံ မရပါဘူး..။ သူမရဲ့ အနက်ရောင် သားရေချပ်ဝတ်က ဆုတ်ဖြဲခံထားရပြီး.. ဆင်စွယ်ရောင် အရေပြားနဲ့ နီရဲတဲ့ သွေးစက်အချို့ကို မြင်တွေ့နေရသည့်တိုင်အောင်.. သူမကတော့ ထည်ဝါလှတဲ့ ရက်စက်မှုနဲ့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်..။ သူမရဲ့ မျက်နှာပေါ်မှာတော့ နက်မှောင်ပြီး ဆိုးသွမ်းတဲ့ အပြုံးတစ်ခုတောင် ရှိနေခဲ့ပါသေးတယ်..။

‘ဒီ အမျိုးသမီးက ဘာဖြစ်နေတာလဲ…’

သူက အာရုံပြောင်းပြီး သူမရဲ့ အမြုတေကို လှမ်းကြည့်ဖို့ အချိန်ခနလေး ဖြုန်းလိုက်တယ်။.. သူမရဲ့ အမြုတေက အဆီအနှစ်တွေနဲ့ လျှံထွက်လုနီးပါး ပြည့်နှက်နေတာကို မြင်လိုက်ရပါတယ်..။ ဒီလိုကြည့်လိုက်တာက သူ့ကို နောက်ထပ် ခြစ်ရာတစ်ခု အထိခံလိုက်ရစေသလို.. မနာလိုစိတ်ကိုလည်း ဖြစ်ပေါ်စေခဲ့တယ်..။

‘ချီးပဲ.. မာစတာ ဂျက် ရဲ့ စွမ်းရည်က တကယ်ကို မတရားတာပဲ…’

မျှမျှတတ ပြောရရင်တော့.. သူ့ရဲ့ စွမ်းရည်ကလည်း မတရားသလိုမျိုးပါပဲ..။ ဒါတင်မကသေးပဲ သူတို့နှစ်ယောက်လုံးက အကောင်းဆုံး အခြေအနေတွေမှာ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်..။ ဝိဥာဉ် ရိတ်သိမ်းသူ က သူမကို အဆုံးမရှိတဲ့ အဆီအနှစ်တွေ ပေးစွမ်းနိုင်မယ့် ရန်သူအုပ်စုကြီးကို တိုက်ခိုက်ဖို့အတွက် အလွန် သင့်တော်လှပြီး.. ဆန်နီ ကတော့ အရိပ်တွေ ဝန်းရံထားတဲ့ အချိန်မှာ တကယ့်ကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်..။

ရက်စက်လှတဲ့ ဆောင်းတွင်းည အချိန်ကာလတစ်လျှောက်လုံးမှာ.. ကမ္ဘာကြီးတစ်ခုလုံးက အရိပ်တွေနဲ့ ဖုံးလွှမ်းနေခဲ့တာဖြစ်ပြီး.. သူကတော့ အရိပ်တွေရဲ့အရှင်သခင် ဖြစ်ပါတယ်..။

ဒါပေမဲ့လည်း…

သူတို့နှစ်ယောက်လုံးက ဆိုးရွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ..။

သားရဲတစ်ကောင်ချင်းစီက တက်ရောက်သူ နှစ်ယောက်အတွက် ခြိမ်းခြောက်မှု မရှိနိုင်ပေမယ့်.. ထောင်နဲ့ချီတဲ့ အရေအတွက်ကတော့ ခြိမ်းခြောက်နိုင်ပါတယ်..။ ပုရွက်ဆိတ်စစ်တပ်ဟာ ဆင်တစ်ကောင်ကို သတ်ပစ်ဖို့ လုံလောက်တဲ့ စွမ်းရည် ရှိနေခဲ့တာပါ..။

ဆင်ဆိုတာ ဘာကြီးပဲ ဖြစ်ဖြစ်ပေါ့..။

ဆန်နီ အံကိုကြိတ်ရင်း..မရေမတွက်နိုင်တဲ့ သားရဲတွေကြားထဲမှာ ကခုန်နေခဲ့တယ်။. သူ့ရဲ့ ကိုယ်ပိုင် အဆီအနှစ်တွေကတော့ ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ပျောက်ကွယ်နေတာကို ခံစားနေရပါတယ်..။

‘ဝင်းတား အနေနဲ့.. သားရဲအုပ်ကြီးရဲ့ အဓိက အစိတ်အပိုင်းကို မြန်မြန်ဆန်ဆန်နဲ့ အပြတ်ရှင်းပစ်နိုင်ဖို့ပဲ မျှော်လင့်ရတော့မယ်....’

အပိုင်း ( ၉၉၆ ) ပြီး၏။

All Chapters