အခန်း (၁၀၀၃-၁၀၀၅)
Vol. 67 Ch. 1003-1005
အခန်း ( ၁၀၀၃ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၂၂ )
“ရပ်ကြစမ်း.. ဒီ ကောင်စုတ်တွေ..”
အိပ်မက်ဆိုး သားရဲအုပ်စုကြီးတစ်ခုဟာ မြို့ပြလမ်းမတစ်ခုကနေ တိုးဝင်လာနေခဲ့တယ်..။ သူတို့က ပစ်ခတ်နေတဲ့ MWP စက်ရုပ်တွေရဲ့ ကိုယ်ထည်တွေနဲ့ ပြုလုပ်ထားတဲ့
ခံတပ်အတားအဆီးကို ဝင်တိုက်ဖို့ မီတာအနည်းငယ်သာ လိုတော့တာပါ..။ လမ်းမရဲ့ မျက်နှာပြင်က ပျက်စီးပြီး အရည်ပျော်နေခဲ့သလို.. ပတ်ဝန်းကျင်က အဆောက်အဦး ပျက်စီးမှုတွေကလည်း မီးတောက်တွေနဲ့ ဝန်းရံခံထားရပါတယ်..။
ဆန်နီဟာ ဖြည်းဖြည်းချင်း ပြိုကျနေတဲ့ အမိုးပေါ်ကနေ ခုန်ချရင်း အောက်ကို ထိုးဆင်းသွားခဲ့ပြီး သားရဲတွေကြားထဲကို ဆင်းလိုက်ပါတယ်..။ [ နှစ်သိမ့်ခြင်း ပြစ်ဒဏ် ] ရဲ့ ဓားသွားက လှုပ်ရှားသွားခဲ့ပြီး.. လေထဲကို သွေးတွေ စင်ထွက်သွားစေခဲ့တယ်..။ သူက ကျည်ဆန်စီးကြောင်းတစ်ခုကို ရှောင်ကွင်းဖို့ ဘေးတိုက် ပြေးလွှားလိုက်ရင်း.. ညည်းတွားလိုက်ပါတယ်..။
ဒါက ဝန်းရံခြင်း ခံထားရတဲ့ ဒုတိယမြောက် ရက်သတ္တပတ် ဖြစ်နေပါပြီ..။ ဒါပေမဲ့ အိပ်မက်ဆိုး ဂိတ် ကြောင့် သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဥာဉ်မှာ ရရှိထားတဲ့ ထိခိုက်မှုတွေက ပြန်လည်ကုသဖို့ နှေးကွေးနေခဲ့တယ်..။ ဆန်နီ ဟာ နာကျင်မှုကို မေ့ဖျောက်လိုက်ပြီး.. အရိပ်တွေကို ဆင့်ခေါ်ကာ လမ်းမကို ပိတ်ဆို့ဖို့အတွက် အနက်ရောင် အရိပ်တံတိုင်းတစ်ခုကို ဖန်တီးလိုက်ပါတယ်..။
“မီးတောက်မှုတ်စက်တွေ..”
MWP မောင်းနှင်သူတွေက သူတို့ရဲ့ အရှိန်မြှင့်လက်နက်တွေကို ပစ်ခတ်တာ မရပ်တန့်ခဲ့ပါဘူး..။ သူတို့ရဲ့ လက်ကောက်ဝတ်တွေဆီကနေ ရွှေဝါရောင် မီးတောက်စီးကြောင်းကြီးတွေ ထွက်ပေါ်လာခဲ့တယ်..။ ဆန်နီ ဟာ မီးတောက်တွေကြားထဲမှာ ကခုန်နေခဲ့ပြီး.. မြေအောက်ကမ္ဘာ ဝတ်ရုံတော် ကို အသက်သွင်းဖို့ သူ့ရဲ့ စွမ်းအင်တွေကို လှည့်ပတ်လိုက်ပါတယ်..။ [ မီးမှတ်သားမူ ] ရဲ့ အကျိုးသက်ရောက်မှုက တိုးမြင့်လာခဲ့ပြီး.. သူ့ရဲ့ ခုခံနိုင်စွမ်းကို ပိုပြီး မြင့်မားသွားစေခဲ့တယ်..။
အိပ်မက်ဆိုး သားရဲတွေကတော့ ဒီလောက် ကံမကောင်းခဲ့ပါဘူး..။
သူက သားရဲအုပ်ရဲ့ ဦးခေါင်းပိုင်းကို ကိုင်တွယ်နေစဉ်မှာပဲ.. ဘယ်လီ နဲ့ ဒွန်း က ဘေးဘက်ကနေ အမြီးပိုင်းကို တိုက်ခိုက်လိုက်ကြတယ်..။ ထက်မြက်တဲ့ ဓားတစ်လက်နဲ့ လေးလံတဲ့ တူကြီးတစ်ခုက ရူးသွပ်နေတဲ့ သားရဲတွေကို အလွယ်တကူပဲ ရှင်းလင်းပစ်လိုက်ပါတယ်..။ အဲ့အချိန်မှာပဲ အနီးနားက အိပ်ဆောင်တာဝါပေါ်ကနေ အားသွင်းထားတဲ့ တန်စတင်ကျည်ဆန်တွေက လက်ခနဲ ဖြစ်သွားခဲ့ပြီး.. အန္တရာယ်အရှိဆုံး ပစ်မှတ်တွေကို လွဲချော်ခြင်းမရှိပဲ သတ်ဖြတ်လိုက်တယ်..။
တူနဲ့ ပေကြားမှာ ညှပ်မိသွားတဲ့ သားရဲအုပ်က လျင်မြန်စွာပဲ အရည်ပျော်သွားခဲ့ပါတယ်..။ နောက်ဆုံး သေဆုံးသွားတဲ့အကောင်ကတော့ ခန္ဓာကိုယ်ပေါ်မှာ မာကျောတဲ့ ကြေးခွံတွေ ဖုံးလွှမ်းနေတဲ့ အကျည်းတန်တဲ့ သားရဲတစ်ကောင်ပါပဲ..။ ဆန်နီ ဟာ ဒီသားရဲကို လက်ဝါးစောင်းနဲ့ ရိုက်ချလိုက်ပြီး.. ကျောက်တုံးကြီးတစ်ခုလို လေးလံ မာကျောသွားစေခဲ့တယ်..။ သတ္တဝါရဲ့ ဦးခေါင်းခွံက ကျိုးပျက်သွားခဲ့ပြီး.. စက်ဆုပ်ဖွယ်ကောင်းတဲ့ သွေးနဲ့ အရိုး
မိုးတွေအဖြစ် ကြေမွသွားခဲ့ပါတယ်..။
လေးလံတဲ့ ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်မကျခင်မှာပဲ.. အခိုက်အတန့် က တီးတိုးပြောလာခဲ့တယ်..။
[သင်သည် နိုးထမူအဆင့် သားရဲ၊ စကေးလ် လှည့်လည်သူ ကို သတ်ဖြတ်နိုင်ခဲ့သည် ]
[သင်သည် မှတ်သားမူ တစ်ခုကို ရရှိခဲ့ပါပြီ ]
သူ့ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပါတယ်..။
‘နောက်ထပ် မှတ်သားမူ တစ်ခုပဲ..’
ဆန်နီဟာ သုန်မုန်တဲ့ မျက်နှာအမူအရာနဲ့ သူ့လက်ကို သုတ်လိုက်ရင်း ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တယ်..။ လူစတာ နဲ့ ကင်မ် က အနီးနားက အမိုးပေါ်မှာ ပေါ်လာခဲ့ပြီး.. သားရဲတစ်ကောင်မှ လွတ်မသွားကြောင်း အချက်ပြလိုက်ပါတယ်..။ သူက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တယ်..။
…အခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ..။
ဝါးမြိုခြင်း တိမ်တိုက် နဲ့ ဆိုးဝါးတဲ့ တိုက်ပွဲအပြီးမှာတော့.. ဖယ်လ်ကွန် စကော့တ် ရဲ့ ကာကွယ်သူတွေအပေါ် ကျရောက်လာတဲ့ ဖိအားက တဖြည်းဖြည်းချင်း တိုးလာခဲ့ပါတယ်..။ တံတိုင်းမှာ ကြီးမားတဲ့ အက်ကြောင်းတစ်ခု ရှိနေတာကလည်း ဘာမှ အထောက်အကူ မပြုခဲ့ပါဘူး..။ နောက်ဆုံးမှာတော့ ကာကွယ်ရေး အတားအဆီးက နောက်ထပ် နှစ်နေရာမှာ ပျက်စီးသွားခဲ့ရတယ်။. ပထမ စစ်တပ်က အရပ်သားတွေကို မြို့ထဲပိုင်းအထိ ရွှေ့ပြောင်းပေးခဲ့ရကာ.. ရှင်းလင်းနေတဲ့ လမ်းမတွေပေါ်မှာ ဒုတိယမြောက် ကာကွယ်ရေး စက်ဝိုင်းကို ဖန်တီးခဲ့ရပါတယ်..။
ဝန်းရံခြင်းခံထားရတဲ့ မြေပြင်အနေအထားက မရိုးရှင်းတော့ပါဘူး..။ လူသားတွေက တံတိုင်းကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အိပ်မက်ဆိုး သားရဲ အများစုကို အမြင့်ကနေ ကာကွယ်နေခဲ့ကြတယ်..။ ဒါပေမဲ့ အခုတော့ ကြီးမားတဲ့ အတားအဆီးရဲ့ အစိတ်အပိုင်းတွေက သီးခြားစီ ကွဲထွက်သွားခဲ့ပြီး..သီးသန့် ခံတပ်တွေလို ဖြစ်လုနီးပါး ဖြစ်နေခဲ့တာပါ..။ စစ်သားအဖွဲ့တစ်ဖွဲ့က မြေပြင်က အက်ကွဲကြောင်းတွေကို ကာကွယ်ဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်..။
မြေပြင်အဖွဲ့တွေကြားမှာ ထိခိုက်သေဆုံးမှုနှုန်းက ပိုပြီး မြင့်မားနေခဲ့ပေမဲ့.. သူတို့က အိပ်မက်ဆိုး သားရဲတွေ ခံတပ်ကို ဖြတ်ကျော်ပြီး မြို့ထဲကို ဝင်မလာအောင် အဓိက တားဆီးနိုင်ကြဆဲပါ..။ ဒါပေမဲ့ အချို့ သားရဲကြီးတွေကတော့ တစ်ခါတစ်ရံမှာ လမ်းမတွေပေါ်ကို ရောက်ရှိလာတတ်ပါတယ်..။
ဆန်နီ က အခုပဲ ကျူးကျော်ဝင်ရောက်လာတဲ့ သားရဲအုပ်ထဲက တစ်ခုကို ကိုင်တွယ်ခဲ့တာပါ..။
‘ဒါက ဒီနေ့အတွက် စတုတ္ထမြောက် တစ်ခုပဲ.. ကောင်းတဲ့ နိမိတ်တော့ မဟုတ်ဘူး..’
သူက နာကျင်စွာနဲ့ ချောင်းဆိုးလိုက်ပြီး.. အားနည်းမှုတစ်ခုက သူ့ရဲ့ ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားတာကို ခံစားလိုက်ရတယ်..။ ခနအကြာမှာတော့ ဆန်နီဟာ ချောင်းဆိုးတာ ရပ်တန့်သွားခဲ့ပြီး..ခနလောက် မလှုပ်မယှက် ရှိနေခဲ့တယ်။သူက အားနည်းမှုတွေ လျော့ပါးသွားတာကို စောင့်ဆိုင်းရင်း ပြင်းထန်စွာ အသက်ရှူနေခဲ့ပါတယ်..။
မကြာခင်မှာပဲ ဒါက ပျောက်ကွယ်သွားခဲ့ပြီး.. သူ့ရဲ့ ရင်ဘတ်ထဲမှာ ကိုက်ခဲနေတဲ့ နာကျင်မှုတစ်ခုသာ ကျန်ရှိပါတော့တယ်..။
“ချီးတဲ့မှပဲ..”
သူက မတ်တပ်ပြန်ရပ်လိုက်ပြီး.. ပျက်စီးနေတဲ့ မြို့ထဲလမ်းမရဲ့ မီးလောင်ကျွမ်းနေတဲ့ သတ်ကွင်းကို ဖြတ်ကျော်လာကြတဲ့ သူ့ရဲ့ လူတွေကို လှည့်ကြည့်လိုက်ပါတယ်..။ အိပ်ဆောင်တာဝါရဲ့ အပေါ်ဆုံးက စနိုက်ပါ နေရာမှာ ရှိနေသေးတဲ့
ဆမ်မာရာ ကလွဲလို့.. အားလုံးရောက်ရှိလာတဲ့အခါမှာ.. ဆန်နီ က ကင်မ် ကို ကြည့်ပြီး မေးလိုက်တယ်..။
“ဝိဥာဉ် ရိတ်သိမ်းသူ ဆီကနေ ထူးခြားတာ ရှိသေးလား..”
သူမက ခေါင်းညိတ်လိုက်ပါတယ်..။
“ရှိပါတယ် ကပ္ပတိန်..။ မာစတာ ဒေးလ် က ရန်သူတွေကို နောက်ပြန်ဆုတ်သွားအောင် တိုက်ထုတ်လိုက်ပြီး အက်ကြောင်း C ရဲ့ ထိန်းချုပ်မှုကို ပြန်လည်ရယူလိုက်ပါပြီ..။ ကျွန်တော်တို့ကိုတော့ အနားယူဖို့ အမိန့်ပေးထားပါတယ်..။ ကျွန်တော်တို့ရဲ့ နောက်ထပ် အလှည့်က ၁၆ နာရီ အကြာမှာ စတင်မှာပါ..”
ဆန်နီ ဟာ ပင်ပန်းနွမ်းနယ်စွာနဲ့ သူ့မျက်နှာကို ပွတ်သပ်လိုက်တယ်..။
“၁၆ နာရီ တဲ့လား..။ စစ်တပ်ဌာနချုပ်က သဘောကောင်းနေတာလား.. ဒါမှမဟုတ် မနက်ဖြန်ကျရင် တကယ့် ပြဿနာကြီး ရောက်လာတော့မယ်လို့ သူတို့ မျှော်လင့်ထားတာလား..။ ကောင်းပြီလေ.. ဒါက ငါတို့ လန်းဆန်းနေဖို့နဲ့ အဆီအနှစ်တွေ ပြည့်ဝနေဖို့အတွက် ပိုပြီး သေချာစေတဲ့ အကြောင်းပြချက်ပဲ..။ ဆမ် ကို ဆင်းလာဖို့နဲ့ စစ်တန်းလျားကို ဆုတ်ခွာဖို့ အချက်ပြလိုက်ပါ..”
သူက သူ့ရဲ့ စစ်သားတွေကို ဒဏ်ရာရရှိသူ ရှိမရှိ သေချာအောင် ခနလောက် လေ့လာလိုက်ပါတယ်..။ အဖွဲ့ထဲမှာ.. ကုသသူ မရှိတာကြောင့်.. တိုက်ပွဲတွေကြားထဲမှာ ပြန်လည်ကောင်းမွန်လာဖို့ အနည်းငယ် ခက်ခဲလာခဲ့ပြီး.. အနည်းဆုံးတော့ အပြင်လူရဲ့ အကူအညီကို လိုအပ်နေခဲ့တာပါ..။
ကံကောင်းထောက်မစွာပဲ အဖွဲ့ဝင်တွေက ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြပါဘူး..။ သူက ခေါင်းညိတ်ပြလိုက်ပြီး.. သူတို့ကို လွှတ်လိုက်ကာ လှည့်ထွက်ခဲ့ပါတယ်..။
MWP စက်ရုပ်တွေက မလှုပ်မယှက် ရပ်တန့်နေခဲ့ပြီး.. သူတို့ရဲ့ သေနတ်ပြောင်းတွေက အမှောင်ထုထဲမှာ နီရဲတောက်ပနေခဲ့ပါတယ်..။ အအေးခံ အရည်တွေက အောက်ကို စီးကျနေခဲ့ပြီး.. မြူတိမ်တွေအဖြစ် အရည်ပျော်သွားခဲ့တယ်..။ အချို့သော မောင်းနှင်သူတွေက ထိန်းချုပ်ခန်းကို ဖွင့်လိုက်ကြပြီး.. ပင်ပန်းနွမ်းနယ်တဲ့ မျက်နှာအမူအရာတွေနဲ့ တံခါးဝတွေပေါ်မှာ ထိုင်နေခဲ့ကြပါတယ်..။ သူတို့က မကြာခင်မှာပဲ မီးခိုးငွေ့တွေနဲ့ မီးလောင်ကျွမ်းနေတဲ့ အလောင်းတွေရဲ့ အနံ့အသက်တွေကြောင့် စစ်ပွဲစက်ရုပ်တွေထဲကို ပြန်လည်ဝင်ရောက်သွားကြမှာပါ..။
ဒါပေမဲ့.. အခုလောလောဆယ်မှာတော့.. စစ်သားတွေဟာ ညရဲ့ အေးစက်မှုထဲမှာ တိုတောင်းတဲ့ အနားယူချိန်လေးကို ပျော်မွေ့နေကြပါတယ်..။
ဆန်နီ ကို သတိပြုမိသွားတဲ့အခါမှာ.. မောင်းနှင်သူတစ်ယောက်က လက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်ပြလိုက်တယ်..။ ဆန်နီ ကလည်း အလေးပြုမှုကို ပြန်လည်လုပ်ဆောင်လိုက်ပြီး.. တိတ်ဆိတ်စွာ လှည့်ထွက်သွားခဲ့ပါတယ်..။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့.. သူက အထီးကျန်နေတဲ့ လမ်းကြားတစ်ခုထဲမှာ လမ်းလျှောက်ရင်း.. တံတိုင်းတစ်ခုကို လှမ်းကိုင်လိုက်မိတယ်..။ [ နှစ်သိမ့်ခြင်း ပြစ်ဒဏ် ] ရဲ့ ဓားသွားက သူ့ကို လှောင်ပြောင်ရင်း တီးတိုးပြောဆိုလာခဲ့ပေမဲ့.. ဒီရက်တွေမှာတော့ အဲဒီ မုန်းတီးစရာကောင်းတဲ့ အသံကို နှိပ်ကွပ်ဖို့ မခက်ခဲတော့ပါဘူး..။ ဆန်နီ ဟာ ခနလောက် အနားယူလိုက်ပြီးမှ နောက်ကိုခြေလှမ်း
တစ်လှမ်း လှမ်းလိုက်ပါတယ်..။
သူတော်စင် က ခါတိုင်းလိုပဲ တိတ်ဆိတ်ပြီး ခြိမ်းခြောက်မှု အပြည့်နဲ့ အရိပ်တွေထဲကနေ ထွက်ပေါ်လာခဲ့တယ်..။ အိပ်မက်ဆိုး ကလည်း သူမနဲ့အတူ ပူးပေါင်းလိုက်ပြီး.. လရောင်က သူ့ရဲ့ မာကျောတဲ့ ဦးချိုတွေပေါ်မှာ တောက်ပနေခဲ့ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်ပြီး စျေးကြီးသောကုန်းနှီး ကို ဆင့်ခေါ်လိုက်တယ်..။ အနက်ရောင် မြင်းရိုင်းကြီးပေါ်မှာ ကုန်းနှီးကြိုးတွေကို တင်းကျပ်စွာ ချည်နှောင်လိုက်ရင်း.. သူက အရိပ်နှစ်ခုကို ကြည့်ပြီး ပြောလိုက်ပါတယ်..။
“မင်းတို့ ဘာလုပ်ရမလဲဆိုတာ သိတယ်နော်..။ ငါ ၁၆ နာရီ ကြာရင် ပြန်လာခဲ့မယ်.. ။ဒီနေ့တော့ ဂရုစိုက်ကြပါ..။ မနက်ဖြန်ကျရင် ငါတို့ အစွမ်းကုန် ကြိုးစားရမယ့် အခြေအနေ ရှိနေသေးတယ်..”
သူတော်စင် က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး.. အနက်ရောင် စစ်မြင်းပေါ်ကို တက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပါတယ်..။ ဆန်နီ က [ နှစ်သိမ့်ခြင်း ပြစ်ဒဏ် ] ရဲ့ ဓားရိုးကို သူမ လက်ထဲကို ထည့်ပေးလိုက်ပြီး.. တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အရိပ်နှစ်ခုကို ရှေ့ကို စေလွှတ်လိုက်တယ်..။ ယင်းနောက်.. သူက စကားနည်းတဲ့ သူရဲကောင်းမလေး တံတိုင်းဆီ ထွက်ခွာသွားတာကို ကြည့်နေခဲ့ပါတယ်..။
ဒီရက်တွေမှာတော့ သူတို့နှစ်ယောက်က အလှည့်ကျ အလုပ်လုပ်နေကြတာပါပဲ..။တကယ်လို့ အန္တာတိကရဲ့ နတ်ဆိုး က
ဖယ်လ်ကွန် စကော့တ် ကို မကာကွယ်နိုင်တဲ့ အချိန်ဆိုရင်.. အန္တာတိကရဲ့ စောင့်ရှောက်သူ က ကာကွယ်ပေးနေခဲ့တာပါ..။
ကျဆုံးတော့မယ့် မြို့တော်ကြီးထဲကနေ သန်းနဲ့ချီတဲ့ လူတွေက ရွှေ့ပြောင်းသွားခဲ့ကြပြီ ဖြစ်ပေမဲ့.. နောက်ထပ် သန်းနဲ့ချီတဲ့ လူတွေကလည်း ကျန်ရှိနေသေးတယ်..။ ဝန်းရံခြင်းခံထားရတဲ့ မြို့တော်ကြီးကိုတော့ အခုလောလောဆယ်မှာ ကျရှုံးခွင့် ပေးလို့ မရသေးပါဘူး..။
ဆန်နီ ဟာ နောက်ထပ် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး.. တိုးညှင်းစွာ ကျိန်ဆဲလိုက်ကာ.. သူတော်စင် ထွက်ခွာသွားတဲ့ လမ်းကြောင်းရဲ့ ဆန့်ကျင်ဘက်ဆီသို့ လျှောက်လှမ်းသွားခဲ့ပါတယ်..။
အပိုင်း ( ၁၀၀၃ ) ပြီး၏။
အခန်း ( ၁၀၀၄ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၂၃ )
ဆန်နီ ဟာ လူသူရှင်းလင်း နေတဲ့ လမ်းမတွေပေါ်မှာ လျှောက်လာရင်း.. အေးစက်တဲ့ ဆောင်းရာသီ လေထုကို ရှူသွင်းကာ..လျှင်မြန်စွာ ခုန်နေတဲ့ သူ့ရဲ့ နှလုံးသားကို တည်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်..။ သူက ဒီလောက်အထိ မပင်ပန်းသင့်ဘူးဆိုပေမဲ့.. တကယ်ပဲ ပင်ပန်းနွမ်းနယ်နေခဲ့တာပါ..။ သူ့ကို နှိပ်စက်နေတဲ့ ထူးဆန်းတဲ့ ဝေဒနာက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ လျော့ပါးသွားခဲ့ပြီ ဖြစ်ပေမဲ့.. လုံးဝ ပျောက်ကွယ်သွားခြင်းတော့ မရှိသေးပါဘူး..။
‘အကုန်.. ကျိန်စာသင့်နေတာပဲ..’
ဆန်နီ က မျက်နှာရှုံ့မဲ့လိုက်ပြီးမှ.. ရှေ့မှာ ရှိနေတဲ့ စစ်သားအုပ်စုတစ်စုကို သတိပြုမိသွားတာကြောင့်.. ယုံကြည်မှုအပြည့်ရှိတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မျက်နှာကို အတင်းအကျပ် ဖန်တီးလိုက်ပါတယ်..။ သာမန်လူသားတွေက မာစတာ တွေဆီကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတတ်ကြတာပါ..။တကယ်လို့ သူတို့ဟာ မာစတာတစ်ယောက်က ပူပန်နေတဲ့ မျက်နှာ ၊ အသက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ လမ်းလျှောက်နေတာကို မြင်တွေ့သွားရင်.. သူတို့ရဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားပါလိမ့်မယ်..။
သူက လူတွေရဲ့ စိတ်ဓာတ်ကို စိုးရိမ်ပူပန်ပေးရမယ့်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး..။ ဒါပေမဲ့ အခုတော့ သူက ဒီလို အခြေအနေမျိုးကို ရောက်နေခဲ့ပါပြီ။
ဆန်နီ သူတို့အနားကို လျှောက်သွားတဲ့အခါမှာတော့.. သူတို့ရဲ့ စကားပြောသံ အချို့ကို ကြားလိုက်ရတယ်..။
“ငါ မနေ့က မွန်ဂရယ် တိုက်ခိုက်တာကို မြင်ခဲ့တယ်..။ ဘုရားသခင်တို့.. သူက တကယ့်ကို နတ်ဆိုး တစ်ကောင်ပဲ..။ သူသာ မရှိရင် ငါ့ရဲ့ တပ်ဖွဲ့ တစ်ခုလုံး သေသွားလောက်ပြီ..။ ငါ အဲ့လူကို ကျေးဇူးတင်ချင်လိုက်တာ.. ။ဒါပေမဲ့ သူက ပထမစစ်တပ်က မဟုတ်တာ သေချာတယ်..။
သူက အန္တာတိက ဒေသခံ ကလန်တစ်ခုခုက အမွေဆက်ခံသူများ ဖြစ်နေမလား..”
“မဟုတ်ဘူး.. မဟုတ်ဘူး.. မင်း ကောလာဟလတွေကို မကြားမိဘူးလား..။ မွန်ဂရယ် က ပထမ အထူးတပ်ဖွဲ့ က အဲဒီ မာစတာ လေ..။ နတ်ဆိုးလေ..”
“မင်း အသိစိတ်လွတ်သွားပြီလား.. အရူးရဲ့..။ မွန်ဂရယ် က အရပ် နှစ်မီတာလောက် ရှိတယ်လေ.. မာစတာ ဆန်းလပ်စ် က နည်းနည်း အရပ်ပုတယ်..။ ငါ့ကို ယုံစမ်းပါ.. တံတိုင်းပျက်စီးတဲ့နေ့က သူတို့နှစ်ယောက်ကို ဘေးချင်းယှဉ်ရှိနေတာကို ငါမြင်ခဲ့တာ..။ ပြီးတော့ မွန်ဂရယ် က သေချာပေါက် အမျိုးသမီးတစ်ယောက်ပဲ..”
“အေး.. ငါလည်း အဲဒါကို မြင်ခဲ့တယ်..။ သူမက သူ့ရဲ့ ပါးပြင်ကိုတောင် ထိတွေ့လိုက်သေးတယ်..။ အာ..မဟုတ်ဘူး.. ပွတ်သပ်လိုက်တာနဲ့ ပိုတူတယ်..။ နေဦး.. ဟေ့ကောင်တွေ.. သူတို့နှစ်ယောက်ကြားထဲမှာ တစ်ခုခု ရှိနေတယ်လို့ မင်းတို့ မထင်ဘူးလား..”
“မင်းတို့ အကုန် ငတုံးတွေပဲ..။ မွန်ဂရယ် ဆိုတာလူအများကြီးကို ပေါင်းစပ်ထားတယ် ဆိုတာ သိသာနေတာပဲ မဟုတ်ဘူးလား..”
ပုံမှန်ဆိုရင်တော့ ဒီလို စကားပြောသံတွေကို ကြားရတာက ဆန်နီ ကို သဘောကျစေမှာ ဖြစ်ပေမဲ့.. ဒီတစ်ကြိမ်မှာတော့ သူက လျစ်လျူရှုထားပြီး ဂရုမစိုက်ပဲ နေခဲ့ပါတယ်..။ သူ အနားကို ရောက်လာတဲ့အခါမှာ စစ်သားတွေက စကားပြောတာကို ရပ်တန့်လိုက်ကြပြီး.. မတ်တပ်ရပ်ကာ အလေးပြုလိုက်ကြတယ်..။ သူက ဒီလူတွေကို ဖြတ်သန်းသွားရင်း ခေါင်းညိတ်ပြလိုက်ပြီး.. သူ့လမ်းသူ ဆက်လျှောက်သွားခဲ့ပါတယ်..။
‘ဒါပေမဲ့.. ဒါက ငါ့ကို သတိရသွားစေတယ်..’
ဆန်နီ ဟာ ရူးစ် စာလုံးတွေကို ဆင့်ခေါ်လိုက်ပြီး.. သူတော်စင် ရဲ့ ဖော်ပြချက်ကို လှမ်းကြည့်လိုက်တယ်..။
အရိပ်အပိုင်းအစများ - [ ၁၈၅/၂၀၀ ] ..။
‘အတော်လေး နီးစပ်နေပြီပဲ..’
သူ ဒီနေ့ ရရှိခဲ့တဲ့ မှတ်သားမူတွေဖြစ်တဲ့ .. နိုးထမူအဆင့် သားရဲဆီက တစ်ခုနဲ့ ကျရှုံးမူအဆင့် သားရဲဆီက တစ်ခုကြောင့်.. အရိပ်အပိုင်းအစ အရေအတွက်က နှစ်ခု တိုးလာဦးမှာပါ.။ ဒီတိုင်းဆိုရင်.. သူတော်စင် အထွတ်အထိပ်အဆင့် ကို ရောက်ဖို့အတွက် နောက်ထပ် ဆယ့်သုံးခုသာ လိုပါတော့တယ်။
သူက အချိန်ကြောင့် ဖိအားဖြစ်နေပေမယ့်.. ဒီဖြစ်စဉ်ကို မြန်ဆန်စေဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင် မှတ်သားမူ အချို့ကိုလည်း စွန့်လွှတ်နိုင်ပါသေးတယ်..။ အရာအားလုံးက အစီအစဉ်အတိုင်း
ဖြစ်ပျက်နေခဲ့တာပါ..။
‘ရက်လုပ်ခြင်း အပိုင်းကပဲ ပြဿနာ ဖြစ်နေတာ..။ ငါ အောင်မြင်ခါနီးပြီလို့ ခံစားနေရပေမဲ့ [ သန်းခေါင်ယံ အမြုတေ ] က ငါ့ကို ဒုက္ခပေးနေတုန်းပဲ..။ ဒါက စွန့်စားလွန်းရာ ရောက်တယ်..’
ဆန်နီ ဟာ ရက်လုပ်ခြင်းရဲ့ ရှုပ်ထွေးမှုတွေကို တွေးတောနေခဲ့ပြီး..အဝေးက တိုက်ပွဲရဲ့ ကျယ်လောင်တဲ့ အသံတွေက သူ့ကို.. စဉ်းစားရခက်အောင် ပြုလုပ်နေတာကြောင့် မျက်နှာရှုံ့မဲ့လိုက်မိတယ်..။
တဖြည်းဖြည်းနဲ့ အသံတွေက တိုးညှင်းသွားခဲ့ပေမဲ့.. လုံးဝ ပျောက်ကွယ်သွားခြင်းတော့ မရှိပါဘူး..။ ဆန်နီ ဟာ ခံတပ်အတားအဆီးတွေကို ဖြတ်သန်းခဲ့ပြီး.. ဒုတိယမြောက် ကာကွယ်ရေး စက်ဝိုင်းကနေ ထွက်ခွာကာ.. ဖယ်လ်ကွန်
စကော့တ် ရဲ့ လူဦးရေ ပြည့်နှက်နေတဲ့ လမ်းမတွေထဲကို ဝင်ရောက်လာခဲ့ပါတယ်..။
အရပ်သား အများအပြားကို မြို့ထဲပိုင်းအထိ ရွှေ့ပြောင်းပေးခဲ့ရပေမဲ့လည်း.. လူဦးရေ ထူထပ်လွန်းတဲ့ လက္ခဏာတွေကတော့ မျှော်လင့်ထားသလောက် ဆိုးဝါးမနေခဲ့ပါဘူး..။ ဘာပဲဖြစ်ဖြစ် ရေတပ်စစ်သင်္ဘောအုပ်စုက ဒုက္ခသည်တွေကို ရေလက်ကြားကို ဖြတ်ကျော်ပြီး ပို့ဆောင်ပေးဖို့ အလုပ်ရှုပ်နေကြတာပါ..။ အခုအချိန်မှာတော့ လူဦးရေ သန်း ရှစ်ဆယ်ခန့်ဟာ အရှေ့ အန္တာတိကရဲ့ ဘေးကင်းရာ အရပ်ဆီကို ပို့ဆောင်ခြင်း ခံလိုက်ရပါပြီ ..။
စစ်ဌာနချုပ်ရဲ့ အစီအစဉ်က အလုပ်ဖြစ်နေတဲ့ ပုံစံမျိုးပါပဲ..။
သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေက အချည်းနှီး ဖြစ်မသွားဘူးဆိုတဲ့ အမှန်တရားကို မြင်တွေ့လိုက်ရတာကြောင့်.. ဆန်နီ ဟာ အနည်းငယ် သက်သာရာရသွားခဲ့တယ်..။
ရှေ့နားမှာတော့ ဒုက္ခသည် လူအုပ်ကြီးတစ်ခုဟာ ရိက္ခာတွေ လက်ခံရရှိဖို့အတွက် တန်းစီပြီး စောင့်ဆိုင်းနေခဲ့ကြပါတယ်..။ သူက ဒီလူအုပ်ကို ခနလောက် လေ့လာလိုက်ပြီး.. အရှေ့ဆုံးမှာ ရိက္ခာထုပ်တွေကို လိုက်ဝေပေးနေတဲ့ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို သတိပြုမိသွားခဲ့တယ်..။
ဆန်နီ ဟာ အနည်းငယ် ပြုံးလိုက်ပြီး..ဒီလမ်းကြောင်းဆီကို ဦးတည်လိုက်ပါတယ်..။ သူ အနားကို ရောက်သွားတဲ့အခါမှာတော့..ရင်းနှီးတဲ့လူက အပေါ်ကို မော့မကြည့်ဘဲ အော်ပြောလိုက်တယ်..။
“နင် လူလည်ကျပြီး ကြားဖြတ်တာကို ရပ်လိုက်ရတာ ကောင်းလိမ့်မယ်.. ကောင်…”
ယင်းနောက် ဘတ် က မော့ကြည့်လိုက်ပြီး.. မျက်တောင် အနည်းငယ် ခတ်လိုက်ပါတယ်..။
“အိုး.. ဆန်နီ.. နင် ဒီမှာ ဘာလုပ်နေတာလဲ..”
သူက ပခုံးတွန့်ပြလိုက်တယ်..။
“တံတိုင်းကနေ အပြန်လမ်းမှာ ဖြတ်လာတာပါ..”
သူမက သူမနဲ့ ပြောင်းလဲပေးဖို့ တခြား စေတနာ့ဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။.. ယင်းနောက် သူ့ကို အသံမြည်နေတဲ့ အပူပေးစက်တစ်ခုရဲ့ ဘေးကို ခေါ်ဆောင်သွားခဲ့ပါတယ်..။ ဘတ် က သူ့ရဲ့ ရှေ့မှာ ရပ်တန့်လိုက်ပြီး.. ချမ်းတုန်စွာနဲ့ သူမရဲ့ လက်တွေကို အချင်းချင်း ပွတ်သပ်နေခဲ့တယ်..။
“နင် ဘယ်လိုနေလဲ..”
ဆန်နီ ဟာ ဘယ်လို ပြန်လည်ဖြေကြားရမှန်း မသိတာကြောင့် ခနလောက် တိတ်ဆိတ်နေခဲ့ပါတယ်..။
“ရှုပ်ထွေးနေတာပဲ..”
အမျိုးသမီးငယ်လေးက သူ့ကို ခိုးကြည့်လိုက်ပြီး.. နှာခေါင်းရှုံ့လိုက်တယ်..။
“အခုတော့ နင်က စကားနည်းတဲ့လူ ဖြစ်သွားပြီပေါ့လေ ဟုတ်လား..”
ဆန်နီ က ထပ်မံပြီး လျစ်လျူရှုလိုက်ပါတယ်..။
“လူအိုကြီးကော ဘယ်လိုလဲ.. နင်တို့ အလှည့်အတွက် နေရာ ရပြီလား..”
ဘတ် က သက်ပြင်းချလိုက်တယ်..။
“..မရသေးပါဘူး..။ ရေလက်ကြားမှာ နောက်ထပ် သင်္ဘောတစ်စီး နစ်မြုပ်သွားတယ်လို့ လူတွေ ပြောနေကြတာကြောင့်.. နေရာချထားမှုတွေ အများကြီး ထပ်ပြီး ကြန့်ကြာသွားခဲ့ပြန်ပြီ..။ ပရော်ဖက်ဆာ ကတော့ အဆင်ပြေပါတယ်..။ စစ်တပ်က သူ့ကို ဆက်သွယ်ရေး စနစ် အဆင့်မြှင့်တင်ဖို့အတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားတာကြောင့်.. အနည်းဆုံးတော့ သူ လုပ်စရာ တစ်ခုခု ရှိနေတာပေါ့..”
သူမက သူ့ကို မေးခွန်းထုတ်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်..။
“နင် ဒီနေ့ အိမ်ကို လာမှာလား..”
ဆန်နီ ဟာ တုံ့ဆိုင်းသွားခဲ့ပြီးမှ.. ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်ပါတယ်..။
“မလာဖြစ်တော့ဘူး..။ ငါ လုပ်စရာတွေ အများကြီး ရှိသေးတယ်..။ ပြီးတော့.. မနက်ဖြန်က ခက်ခဲတဲ့ နေ့တစ်နေ့ ဖြစ်လိမ့်မယ်လို့ ပြောနေတယ်..။ နင်တို့ရဲ့ အိပ်ဆောင်က တံတိုင်းနဲ့ ဝေးတဲ့ နေရာမှာ ရှိနေတာ ဆိုပေမဲ့လည်း ဂရုစိုက်ပါ..။ ကောင်းပြီလေ.. နင်လည်း ဘာလုပ်ရမလဲဆိုတာ သိတာပဲ..”
အမျိုးသမီးငယ်လေးက အပူပေးစက်ဆီကို ပြန်လည် လှည့်သွားခဲ့တယ်..။
“အေးပါ.. အေးပါ..”
ယင်းနောက် သူမက သူမရဲ့ ပုခုံးမှာ ချိတ်ဆွဲထားတဲ့ အိတ်ကို ရုတ်တရက် ဖွင့်လိုက်ပြီး.. အထဲကို မွှေနှောက်ကာ သွားတိုက်ဆေးဘူးတစ်ခုကို ထုတ်ယူလိုက်ပါတယ်..။
“ရော့.. ဒါ နင် ပြီးခဲ့တဲ့ အခေါက်က မေ့ကျန်ခဲ့တာ..”
ဆန်နီ မျက်တောင် ခတ်လိုက်မိတယ်..။
“ငါ မေ့ကျန်ခဲ့တာ မဟုတ်ဘူး..။ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပျက်စီးနေတာကို သိလို့ ငါ နင်တို့အတွက် ထားခဲ့တာပါ..”
ဘတ် က ခေါင်းကို စောင်းလိုက်ပြီး သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်..။
“ငါတို့အတွက် သွားတိုက်ဆေး မရနိုင်ဘူးလို့ နင် ထင်နေတာလား..”
ဆန်နီ ဟာ ရယ်မောလိုက်ပါတယ်..။
“ငါ ဆိုလိုတာက.. နင်က ဒီလောက်အထိ စည်းကမ်းကြီးနေရင်.. နင်တို့ အိပ်ဆောင်မှာ ငါထားခဲ့တဲ့ ကော်ဖီဘူး နှစ်ဘူးကိုကော ဘာလို့ ပြန်မပေးတာလဲ..”
အမျိုးသမီးငယ်လေးက အောက်ကို ငုံ့ကြည့်လိုက်တယ်။.. သူမရဲ့ ပါးပြင်တွေက အနည်းငယ် နီမြန်းသွားခဲ့ရပါတယ်..။
“အဲတာက.. ဘာ ကော်ဖီဘူးလဲ.. ငါ အဲဒီလိုမျိုး ဘာမှ မမြင်မိပါဘူး..”
ဆန်နီ ဟာ ခေါင်းကို အနည်းငယ် ငြိမ့်လိုက်ပြီး သွားတိုက်ဆေးကို ညင်သာစွာ ပြန်တွန်းပေးလိုက်ပါတယ်..။
“ဟုတ်ပါပြီ.. ဟုတ်ပါပြီ..။ ဘာပဲဖြစ်ဖြစ် ငါ
မကြာခင် လာလည်ဖို့ ကြိုးစားပါဦးမယ်..။တကယ်လို့ နင် အဲဒီ ကော်ဖီကို တွေ့ခဲ့ရင်လည်း အရသာရှိရှိ သောက်လိုက်ပါ..”
သူက ဘတ် ကို စကားအနည်းငယ်နဲ့ နှုတ်ဆက်လိုက်တယ်။.. စိတ်ထဲမှာ အနည်းငယ် လန်းဆန်းသွားသလို ခံစားရကာ လှည့်ထွက်လာခဲ့ပါတယ်..။
ဒီ ဒေသထဲမှာတော့ သယ်ယူပို့ဆောင်ရေး စနစ်က လည်ပတ်နေဆဲပါပဲ..။ လမ်းမတွေပေါ်မှာ မောင်းနှင်နေတဲ့ စစ်တပ်သုံး ယာဉ်အချို့လည်း ရှိနေဆဲ ဖြစ်ပါတယ်..။ သူ စစ်တန်းလျားကို ရောက်ရှိဖို့အတွက် အချိန်အကြာကြီး မပေးခဲ့ရပါဘူး..။
ဆန်နီဟာ ရိုင်နို ထဲကို ဝင်ရောက်လာရင်း.. ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တယ်။.. ပိတ်ထားတဲ့ အိပ်စက်ခြင်း သေတ္တာ တစ်ခုဆီမှာ ရပ်တန့်သွားခဲ့ပါတယ်..။ ယင်းနောက်.. သူက စစ်ကားရဲ့ နောက်ဘက်ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး..မြေပြင်ပေါ်က နတ်ဆိုး အပ် ကို ကောက်ယူလိုက်ကာ သက်ပြင်းချလိုက်မိတယ်..။
‘၁၅ နာရီ ပဲ ကျန်တော့တယ်..။ အနည်းဆုံးတော့ ငါလည်း နာရီအနည်းငယ်လောက် အိပ်စက်သင့်တယ်..’
သူက ခေါင်းခါလိုက်ပြီး.. သူ့ရဲ့ အလုပ်ကို စတင်လိုက်ပါတော့တယ်..။
အပိုင်း ( ၁၀၀၄ ) ပြီး၏။
အခန်း ( ၁၀၀၅ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၂၄ )
ဆန်နီ ဟာ အိပ်ပျော်သွားခဲ့တာကို မမှတ်မိတော့ပေမဲ့.. ရိုင်နို ရဲ့ အပေါ်တံခါးကို တစ်စုံတစ်ယောက်က လာရောက်ထုရိုက်တာကြောင့် နိုးလာခဲ့ပါတယ်..။ သူက ထထိုင်လိုက်ပြီး.. ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါမှ [ သန်းခေါင်ယံ အမြုတေ ] ရဲ့ ရက်လုပ်မူတွေကို လေ့လာရင်း အိပ်ပျော်သွားခဲ့မှန်း သတိထားမိလိုက်တယ်..။ လှပတဲ့ တာချီဓားက စားပွဲပေါ်မှာ ရှိနေဆဲဖြစ်ပြီး.. သူ့ကို လှောင်ပြောင်နေတဲ့အလား တောက်ပနေခဲ့ပါတယ်..။
သူက ပြဿနာကို ဖြေရှင်းနိုင်ခါနီး ဖြစ်နေခဲ့တာပါ..။ ရက်လုပ်မူရဲ့ ရှာဖွေရခက်တဲ့ အစိတ်အပိုင်းကို သီးခြားခွဲထုတ်နိုင်ခါနီး ဖြစ်နေခဲ့ပေမဲ့..
တစ်စုံတစ်ယောက်က အပေါ်ပေါက် တံခါးကို နောက်တစ်ကြိမ် ထပ်မံထုရိုက်လိုက်တာကြောင့်.. လေးလံတဲ့ စစ်ကားကြီးက အနည်းငယ် တုန်ခါသွားခဲ့ပါတယ်..။ ဆန်နီ
လန့်ဖြတ်သွားခဲ့ပြီး.. သူ့မျက်နှာကို ပွတ်သပ်ကာ တံခါးဆီကို လျှောက်သွားလိုက်တယ်..။
“လာပြီ.. လာပြီ.. ဘယ်ကောင်က…”
သူက တံခါးကို ဖွင့်လိုက်ပြီးမှ..စိတ်ဆိုးစွာအော်ဟစ်မယ့် စကားလုံးတွေကို ပြန်လည်မျိုချလိုက်ကာ အံ့ဩသွားခဲ့ပါတယ်..။
“အိုး.. အင်း.. မာစတာ ဂျက်.. ကောင်းသော.. မနက်ခင်းပါ..”
သူမက သူ့ကို သဘောကျတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်တယ်..။
“အမှန်အတိုင်း ပြောရရင် အခုက ညနေခင်း ရှိနေပြီလေ..။ သွားရည်တွေကို သုတ်လိုက်ဦး ဆန်နီ.. ပြီးရင် အပြင်ထွက်ခဲ့..။ ငါတို့ အစည်းအဝေးတစ်ခု တက်ရောက်ဖို့ ဖိတ်ခေါ်တာ ခံထားရတယ်..”
သူက မျက်မှောင်ကျုတ်လိုက်ပြီးမှ.. သိပ်မဝေးတဲ့နေရာက အမှောင်ထုထဲမှာ ပုန်းနေတဲ့ သုန်မုန်နေတဲ့ အရိပ်ဆီကို ဒေါသတကြီး လှမ်းကြည့်လိုက်ပါတယ်..။ဒီကောင်စုတ်က တစ်စုံတစ်ခု ချဉ်းကပ်လာရင် သူ့ကို သတိပေးရမှာဖြစ်ပြီး.. ဆန်နီ ကို ရုတ်တရက် တိုက်ခိုက်မှုတွေ.. ဒါမှမဟုတ် အခုလိုမျိုး အရှက်ကွဲတာမျိုးကနေ ကာကွယ်ပေးရမှာပါ။
အရိပ်ကတော့ ဘာမှမသိသလိုမျိုး ပခုံးတွန့်ပြလိုက်ပြီး.. အကြည့်လွှဲသွားခဲ့ပါတယ်..။
ဆန်နီ ခေါင်းခါယမ်းးလိုက်ပြီး စစ်ကားထဲကို ပြန်ဝင်ကာ.. မျက်နှာကို အမြန်သုတ်လိုက်တယ်..။ မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့.. သူက စစ်ကားထဲကနေ ထွက်ခွာခဲ့ပြီး တံခါးကို ပြန်ပိတ်လိုက်ပါတယ်..။ ဝိဥာဉ် ရိတ်သိမ်းသူ က သူ့ကို လာခေါ်ခဲ့တာကြောင့်.. သူတို့က ပထမစစ်တပ် ဌာနချုပ်အဖြစ် အသုံးပြုနေတဲ့ အဆောက်အဦးဆီကို ဦးတည်နေကြတာ သေချာသလောက်ပါပဲ..။ အဲဒါက စစ်တန်းလျားကနေ လှမ်းကြည့်ရင် အကွာအဝေး အနည်းငယ်မှာပဲ ရှိတာပါ..။
အမှန်တကယ်ပဲ ဂျက် က အဲဒီဘက်ကို လျှောက်လှမ်းသွားခဲ့တယ်။..ဆန်နီ ကလည်း အိပ်ချင်မူးတူး မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်ရင်း နောက်ကနေ လိုက်ပါသွားခဲ့ပါတယ်..။ ခနအကြာမှာတော့ သူ မေးလိုက်တယ်..။
“..အစည်းအဝေးက ဘာအတွက်လဲ..”
သူမက ပခုံးတွန့်ပြလိုက်တယ်..။
“သွားရင် သိရမှာပေါ့..။ ငါ သိသလောက်ကတော့ အဖြူရောင်တောင်ပံ ကလန် က ငါတို့ကို တွေ့ချင်နေတာပဲ..”
‘အဖြူရောင်တောင်ပံ ကလန် လား..’
သူတို့နှစ်ယောက်က စစ်တပ်ဌာနချုပ်ဆီကို ဦးတည်သွားခဲ့ကြပေမဲ့.. ဌာနချုပ်ကို ကျော်ဖြတ်သွားခဲ့ပြီး..သေချာ ကာကွယ်ထားတဲ့ ခံတပ်ဝန်းတစ်ခုဆီကို ချဉ်းကပ်လိုက်ကြပါတယ်..။
ဝင်းတား နဲ့ ဒေးလ် တို့ကတော့ ဂိတ်တံခါးအနီးမှာ စောင့်ဆိုင်းနေကြပြီ ဖြစ်ပြီး.. ဆန်နီ လိုပဲ ပင်ပန်းနွမ်းနယ်ကာ စုတ်ပြတ်နေတဲ့ ပုံစံမျိုးတွေ ဖြစ်နေခဲ့ကြတယ်..။
သူက ဒီလူတွေကို နှုတ်ဆက်လိုက်ပါတယ်..။
“မနေ့က ခင်ဗျားတို့ အက်ကြောင်း C ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြားတယ်..။ တကယ်ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်ခဲ့မှာပဲ..”
ဒေးလ် က ရိုးရိုးရှင်းရှင်းပဲ ပခုံးတွန့်ပြလိုက်တယ်..။
“အဲလောက်လည်း မဟုတ်ပါဘူး..။ ငါတို့က အက်ကြောင်းရဲ့ အပေါ်က တံတိုင်း အစိတ်အပိုင်း နှစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တုန်းမို့လို့.. ငါတို့ လုပ်ရတာက သားရဲတွေကို စစ်တပ်က မချေမှုန်းခင်အထိ ငြိမ်နေအောင် ဆွဲဆောင်ထားရုံပဲလေ..”
သူက ခနလောက် တိတ်ဆိတ်သွားခဲ့ပြီးမှ ထပ်ပြောလိုက်တယ်..။
“ဒါပေမဲ့.. အဲဒီကောင်တွေသာ အမြင့်ကို ပိုပြီး တက်နိုင်ခဲ့ရင်တော့ အခြေအနေက ပိုပြီး ဆိုးဝါးသွားနိုင်တယ်..”
ဆန်နီ ဟာ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပါတယ်..။
သူတို့အားလုံးက ခံတပ်ဝန်းထဲကို အတူတူ ဝင်ရောက်သွားခဲ့ကြပြီး.. မြေအောက်အဆင့်တစ်ခုမှာ ရှိတဲ့ ကျယ်ဝန်းတဲ့ အခန်းတစ်ခုဆီကို ခေါ်ဆောင်ခြင်း ခံခဲ့ရတယ်..။ ဒီနေရာမှာ လူနှစ်ယောက်က သူတို့ကို စောင့်ဆိုင်းနေခဲ့ကြတာပါ..။
မာစတာ ရွန် က ပြတင်းပေါက်အတုတစ်ခုရဲ့ ရှေ့မှာ ရပ်နေခဲ့ပြီး.. ညကောင်းကင်ယံရဲ့ ပုံရိပ်ကို လေ့လာနေခဲ့တယ်..။ သူ့ရဲ့ မျက်နှာက အော်ရိုရာ လင်းတန်းတွေရဲ့ အလင်းတွေကြောင့် အစိမ်းရောင် သန်းနေခဲ့ပါတယ်..။ သူတော်စင် တိုင်းရစ် ကတော့ ခန္တာကိုယ်ကို မတ်မတ်ထားပြီး ခန့်ညားတဲ့ ထိုင်ခုံတစ်ခုပေါ်မှာ မလှုပ်မယှက် ထိုင်နေခဲ့တယ်..။
ဆန်နီ ဟာ ကောင်းကင် ဒီရေ ကို လူသားပုံစံနဲ့ မမြင်ရတာ အတော်လေး ကြာခဲ့ပါပြီ..။ သူမက.. ဒဏ်ရာတွေ ရရှိထားတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာပါ..။
သူမရဲ့ အဆင့်အတန်းမြင့်မားတဲ့ ချပ်ဝတ်တန်ဆာက ပျက်စီးနေခဲ့ပြီး.. အဖြူရောင်စတီးပေါ်မှာ ခြောက်သွေ့နေတဲ့ သွေးကွက်တွေက စွန်းထင်နေခဲ့တယ်..။ တစ်ချိန်က ရေတံခွန်လိုမျိုး အောက်ကို စီးကျနေခဲ့တဲ့ သူမရဲ့ ဆံနွယ်တွေက အခုတော့ အသက်မဲ့ပြီး မှိန်ဖျော့နေခဲ့ပါပြီ..။ သူမရဲ့ အံ့ဩဖွယ်ကောင်းလောက်အောင် လှပတဲ့ မျက်နှာက ဖြူဖျော့နေခဲ့ပြီး..မျက်ကွင်းတွေညိုနေခဲ့တယ်..။
ဝင်းတား သားရဲကို တားဆီးထားရတာက အဖြူရောင်တောင်ပံ ကလန်ရဲ့ အထွတ်အထိပ်အဆင့် ကို ထိခိုက်မှုတွေ ဖြစ်စေခဲ့တဲ့ ပုံစံပါပဲ..။
..သို့ပေမဲ့ သူမရဲ့ မျက်နှာအမူအရာက တင်းမာနေဆဲဖြစ်သလို.. သူမရဲ့ ပယင်းရောင် မျက်လုံးတွေကလည်း အေးစက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ တောက်ပနေဆဲ ဖြစ်ပါတယ်..။
မာစတာ ရွန် က ခြေသံတွေကို ကြားရတဲ့အခါမှာ လှည့်ကြည့်လိုက်တယ်..။
“အာ.. တက်ရောက်သူ ဂျက်.. တက်ရောက်သူ ဝင်းတား.. တက်ရောက်သူ ဒေးလ်.. ဆန်းလပ်စ်.. ကြိုဆိုပါတယ်..။ ရုတ်တရက် ဖိတ်ခေါ်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး..”
ဆန်နီ ဟာ ခန့်ညားတဲ့ လူရဲ့ မျက်လုံးတွေအောက်မှာ အညိုရောင်အရိပ်တွေ ရှိနေတာကို သတိပြုမိလိုက်တယ်..။မာစတာ ရွန် က ပုံမှန်မဟုတ်ဘဲ စိတ်ဓာတ်ကျနေပြီး..ခါတိုင်း ရှိတတ်တဲ့ ဆွဲဆောင်မှုတွေလည်း ပျောက်ဆုံးနေခဲ့တာပါ..။ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး..။
မာစတာ ဂျက် က လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်တယ်..။
“စစ်ပွဲက ဘယ်သူ့ကိုမှ မစောင့်ဘူးလေ..။ ဘာကို ဆွေးနွေးချင်တာလဲ..”
ရန်ဒဲလ် က အနည်းငယ် ပြုံးလိုက်တယ်..။
“အလုပ်ကိစ္စကို တိုက်ရိုက်သွားတာပေါ့.. ကောင်းပါတယ်..။ ပြင်ဆင်ဖို့အတွက် အချိန်အများကြီး မရှိတော့ဘူး..”
သူက ပြတင်းပေါက် အတုရဲ့ အနားကနေ ဖယ်ခွာလာခဲ့ပြီး ကောင်းကင် ဒီရေ ရဲ့ ဘေးမှာ ရပ်တန့်လိုက်ကာ.. သူတို့အရှေ့က ဟိုလိုဂရမ် ပုံရိပ်ကို လက်ညှိုးထိုးပြလိုက်တယ်..။အဲ့နေရာမှာတော့ ပတ်ဝန်းကျင်ရဲ့ပုံရိပ်က ပျောက်ကွယ်သွားပြီး.. အကျည်းတန်တဲ့ သတ္တဝါတစ်ကောင်ရဲ့
ဝေဝါးတဲ့ ပုံရိပ်တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့ပါတယ်..။
တောင်ပံသားရဲတွေ.. ခြေထောက် ခြောက်ချောင်း ရှိတဲ့ ပိန်လှီတဲ့ ခန္ဓာကိုယ်.. ရှည်လျားပြီး ကွေးကောက်နေတဲ့ ဆူးချွန်တစ်ခု နဲ့ အမြီး.. ပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ စက်ဝိုင်းပုံစံ ပါးစပ်တွေ နဲ့ လည်ပင်း သုံးခု..။ ဒီ သားရဲတွေ က ဝီဗန်..ကပ်ပါးကောင် နဲ့ ကင်းမြီးကောက် တို့ကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာပါ..။ ဒီသတ္တဝါတွေက ကြီးမားပြီး အစွမ်းထက်သလို.. အတော်လေး စက်ဆုပ်ဖွယ် ကောင်းလှပါတယ်..။
“ငါတို့ရဲ့ ကင်းထောက်တွေက ဝါးမြိုခြင်း တိမ်တိုက် ဟာ တိုင်းရန့် အသစ်တစ်ကောင်ကို ဖန်တီးလိုက်ပြီဆိုတာ အတည်ပြုထားကြတယ်..။ ကျရှုံးမူအဆင့် တစ်ကောင် ဖြစ်ပေမဲ့လည်း မြို့တော် ရှင်သန်ရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပဲ..။ဒီ သတ္တဝါက သားရဲအုပ်ကြီးရဲ့ အလယ်မှာ ပုန်းကွယ်နေတတ်ပြီး.. နောက်ကွယ်ကနေ ထိန်းချုပ်နေခဲ့တာ ..”
ဝင်းတား က ကျိန်ဆဲလိုက်တယ်..။
“ဟုတ်တယ်... ပြီးခဲ့တဲ့ အခေါက်ကတည်းက ငါတို့ အဲလို ထင်ခဲ့တာ..”
မာစတာ ရွန် က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်ပါတယ်..။
“ဒီ တိုင်းရန့် ကို ရှင်းလင်းပစ်ဖို့က ငါတို့ရဲ့ ဦးစားပေး ကိစ္စပဲ..။ ဝါးမြိုခြင်း တိမ်တိုက် က
ဖယ်လ်ကွန် စကော့တ် ဆီကို ဒီနေ့ ရောက်လာလိမ့်မယ်..။ မင်းတို့က အဲဒီ နောက်ကွယ်က ကြိုးကိုင်သူကို သတ်ဖြတ်မယ့် ဓားသွားတွေ ဖြစ်လာကြမှာပဲ..”
အထူးတပ်ဖွဲ့ အဖွဲ့ဝင်တွေက အချင်းချင်း လှမ်းကြည့်လိုက်ကြတယ်..။ ခနလောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ ဂျက် က မေးလိုက်ပါတယ်..။
“သားရဲအုပ်ကြီး လာလိမ့်မယ်ဆိုတာ ရှင်တို့ ဘယ်လို သိတာလဲ..”
ရွန် က အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပေမဲ့.. သူ ပြန်မဖြေခင်မှာပဲ သူတော်စင် တိုင်းရစ် က ရုတ်တရက် စကားပြောလာခဲ့ပါတယ်..။
“ဘာလို့လဲဆိုတော့ ငါတို့ ကလန်က အဲဒါကို ဒီကို ရောက်လာအောင် ဆွဲဆောင်မှာမို့လို့ပဲ..”
တက်ရောက်သူ လေးယောက်လုံး တိတ်ဆိတ်သွားခဲ့ကြပြီး.. သူမကို မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်ကြတယ်..။ ကောင်းကင် ဒီရေ က သူတို့ရဲ့ အကြည့်တွေကို တည်ငြိမ်တဲ့ မျက်နှာအမူအရာနဲ့ ရင်ဆိုင်လိုက်ပြီး.. ခါတိုင်းလိုပဲ မလှုပ်မယှက် ရှိနေခဲ့ပါတယ်..။ ဒီ ဝန်ခံချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားရတဲ့ ဆန်နီ က မေးလိုက်ပါတယ်..။
“ဘယ်လို ငရဲမျိုး မို့လို့ ဒီလို သွားလုပ်ရတာလဲ..”
ကောင်းကင် ဒီရေ က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှ.. ဘေးကို လှည့်သွားခဲ့တယ်..။
“ဂိုလီယက် က ချဉ်းကပ်လာနေပြီ..။ သူ
မလာခင်မှာ ငါတို့က တခြား ခြိမ်းခြောက်မှုတွေကို အမြစ်ပြတ် ရှင်းလင်းထားရမယ်..။တကယ်လို့ သူတို့သာ အတူတူ တိုက်ခိုက်လာရင်.. ဘယ်လောက်အထိ ပျက်စီးသွားမလဲဆိုတာ မင်းတို့ ခန့်မှန်းနိုင်တာပဲ..။ အခွင့်အရေး က နေ့တိုင်း ကျဉ်းမြောင်းလာနေတာကြောင့်.. ငါတို့က ဝါးမြိုခြင်း တိမ်တိုက် ပြန်လာမယ့်အချိန်ကို ငြိမ်ပြီး စောင့်ဆိုင်းနေလို့ မရတော့ဘူး..။ ဒါကြောင့် ရွန် နဲ့ ငါ့ကလန်က တခြား နိုးထသူ စစ်သည်တွေက အဲဒါကို ဒီကို ရောက်လာအောင် မြှားခေါ်ကြလိမ့်မယ်..။ ဒီနေ့ပဲ..”
သူမက အထူးတပ်ဖွဲ့ဝင်တွေကို လှမ်းကြည့်လိုက်ပြီး.. ခနလောက် လေ့လာဆန်းစစ်ကာ ထပ်ပြောလိုက်ပါတယ်..။
“တက်ရောက်သူ ဝင်းတား က သားရဲအုပ်ကို ထိန်းချုပ်ထားလိမ့်မယ်..။ ရွန် က တိုင်းရန့် ကို အောက်ကို ဆွဲချလိမ့်မယ်..။ မင်းတို့ သုံးယောက်ကတော့ အဲ့ သတ္တဝါ နောက်တစ်ကြိမ် လေထဲကို ပျံတက်မသွားနိုင်တော့တာ သေချာအောင် လုပ်ရမယ်..။ ဒါက တိုက်ပွဲ အစီအစဉ်ပဲ..”
ဆန်နီ က ခါးသက်စွာ ပြုံးလိုက်ပါတယ်..။
“တကယ်လို့ မာစတာ ဝင်းတား က သားရဲအုပ်ကို မထိန်းထားနိုင်ရင်ရော..။တကယ်လို့ မာစတာ
ရွန် က တိုင်းရန့် ကို ခွဲမထုတ်နိုင်ရင်ရော..။ တကယ်လို့ ကျွန်တော်တို့ သုံးယောက်က သားရဲကို အချိန်မီ မသတ်နိုင်ရင်ရော..”
သူတော်စင် တိုင်းရစ် က သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့တယ်။.. သူမရဲ့ ပယင်းရောင် မျက်လုံးတွေကတော့ လှပသလို အေးစက်နေခဲ့ပါတယ်..။ ယင်းနောက် သူမက ရိုးရှင်းစွာပဲ ပြောလိုက်တယ်..။
“မကျရှုံးစေနဲ့..”
မာစတာ ဂျက် က ရယ်မောလိုက်ပါတယ်..။ သူမက ခေါင်းခါယမ်းလိုက်ပြီး.. ဆန်နီ ရဲ့ ပုခုံးကို ပုတ်ကာ ကျရှုံးမူအဆင့် တိုင်းရန့် ရဲ့ ပုံရိပ်ဆီကို လျှောက်လှမ်းသွားခဲ့တယ်..။
“ကောင်းပြီ.. ငါ ဒီ အစီအစဉ်ကို သဘောကျတယ်..။ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးကြတာပေါ့…”
......
ဆွေးနွေးမှုက အချိန်အကြာကြီး မပေးခဲ့ရပါဘူး..။ မကြာခင်မှာပဲ အထူးတပ်ဖွဲ့ဝင်တွေက ကောင်းကင် ဒီရေ ကို နှုတ်ဆက်လိုက်ကြပြီး.. ရောက်လာမယ့် တိုက်ပွဲအတွက် ပြင်ဆင်ဖို့ အလျင်အမြန်ပဲ ထွက်ပေါက်ဆီကို ဦးတည်လိုက်ကြတယ်..။ ဒါပေမဲ့ ဆန်နီ ကတော့ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီးနောက်မှာ ကျန်နေခဲ့လိုက်ပါတယ်..။
အခန်းထဲမှာ ကောင်းကင် ဒီရေ.. ရွန် နဲ့ သူ သုံးယောက်တည်း ကျန်ရှိတော့တဲ့ အခါမှာတော့.. ဆန်နီ က ဒဏ်ရာတွေ ရရှိထားတဲ့ အထွတ်အထိပ်အဆင့် ကို ရှုပ်ထွေးတဲ့ မျက်နှာအမူအရာနဲ့ လှမ်းကြည့်လိုက်တယ်..။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ သူက ပြောလိုက်ပါတယ်..။
“ဗာလာ ရဲ့ သူတော်စင် နောက်တစ်ယောက် အသတ်ခံလိုက်ရတယ်ဆိုတာကို ကြားပြီးလောက်မှာပါ..”
သူတော်စင် တိုင်းရစ် က သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး..။
ဆန်နီ က ခေါင်းကို အနည်းငယ် စောင်းလိုက်တယ်..။
“အရှင်မ နဲ့ ကျွန်တော်က အဲဒီ နတ်ဆိုးကို ညအိမ်တော် ကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ကြတယ်..။ အရှင်မ သာ မရှိရင် ကျွန်တော် သေဆုံးသွားခဲ့ရမှာဖြစ်ပြီး မော်ဒရက် ကလည်း ဆက်လက် ပိတ်လှောင်ခံထားရမှာပဲ..။ အခုတော့ သူက အပြင်မှာ လူတွေကို လိုက်သတ်နေပြီဆိုတော့..အရှင်မ အနေနဲ့ ကျွန်တော့်ကို ကယ်တင်ခဲ့မိတာကို နောင်တရနေပြီလား..”
ကောင်းကင် ဒီရေ က ခနလောက် မလှုပ်မယှက် ရှိနေခဲ့ပြီးမှ.. ခေါင်းခါပြလိုက်ပါတယ်..။
“မရဘူး..”
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
“ဘာဖြစ်လို့လဲ..”
သူမ သက်ပြင်းချလိုက်တယ်..။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက စစ်ပွဲမင်းသား
ငယ်လေးက ချိန်းကျွန်းစု ဆီကို ရောက်လာတဲ့အခါမှာ.. ငါ သူ့ကို ဧည့်ဝတ်ပြုခဲ့တယ်..။ တခြား နိုးထသူတွေလိုပဲ သူက ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေခဲ့တာ..။ မင်း လုပ်ခဲ့သလိုမျိုးပဲ သူလည်း တစ်ခုခုကို ရှာဖွေဖို့ အိပ်မက်ကမ္ဘာထဲမှာ လှည့်လည်သွားလာနေခဲ့တာလေ..။ ဗာလာ ကလန်က သူ့ကို ချုံခိုတိုက်ခိုက်ပြီး ရှင်းလင်းပစ်ဖို့ စီစဉ်တဲ့အခါမှာ.. ငါက အမိန့်ကို နာခံပြီး အဲဒါကို တားဆီးဖို့ ဘာမှ မလုပ်ခဲ့ဘူး..။ ငါက အဲဒီ မှားယွင်းတဲ့ လုပ်ရပ်ရဲ့ အရှက်ရမှုကို အမြဲတမ်း ခံစားနေခဲ့ရတယ်..”
သူက သူမရဲ့ စကားလုံးတွေကို ခနလောက်
စဥ်းစားနေခဲ့ပါတယ်..။
“ဒါပေမဲ့ သူတို့က သူ့ကို ရှင်းပစ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိခဲ့တာပဲလေ..။ အဲငနဲက အိပ်မက်ဆိုး သားရဲ တစ်ကောင်လိုပဲ..။ သူ့မှာ လူသားဆန်မှု အများကြီး ကျန်မနေတော့ဘူး..”
သူတော်စင် တိုင်းရစ် က သူ့ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။.. သူမရဲ့ လှပတဲ့ မျက်နှာကတော့ အမူအရာ ကင်းမဲ့နေခဲ့ပါတယ်..။
“မှန်ကန်တဲ့ အကြောင်းပြချက်အတွက် မှားယွင်းတဲ့ အလုပ်ကို လုပ်တာက ထိုက်တန်လို့လား..။ မထိုက်တန်ပါဘူး..။ ဘဝဆိုတာ ခန့်မှန်းလို့မရဘူး.. အနာဂတ်ကလည်း မရေရာဘူး..။ ငါတို့ ကြိုးစားနိုင်တာက ငါတို့ရဲ့ စည်းကမ်းတွေအတိုင်း လုပ်ဆောင်ဖို့နဲ့ ငါတို့ မှန်တယ်လို့ ယူဆတာကို လုပ်ဖို့ပဲ..။ ကျန်တာတွေက အရေးမကြီးပါဘူး..”
ဆန်နီ က ပတ်ဝန်းကျင်ကို လှည့်ကြည့်နေရင်း.. ကောင်းကင် ဒီရေ ရဲ့ ချပ်ဝတ်တန်ဆာပေါ်က ခြောက်သွေ့နေတဲ့ သွေးကွက်တွေပေါ်မှာ သူ့ရဲ့ အကြည့်တွေက ရပ်တန့်သွားခဲ့ပါတယ်..။ သူ့ရဲ့ မျက်လုံးတွေက မှောင်မိုက် သွားခဲ့တယ်..။
“မှန်ကန်တဲ့အရာကို လုပ်ခဲ့တာကြောင့်ပဲ အရှင်မနဲ့ ကလန် က ဒီ ငရဲတွင်းထဲကို စွန့်ပစ်ခြင်း ခံခဲ့ရတာပဲ မဟုတ်ဘူးလား..”
သူမက ညကောင်းကင်ယံရဲ့ ပုံရိပ်ကို ပြသထားတဲ့ ပြတင်းပေါက်အတုဆီကို လှမ်းကြည့်လိုက်တယ်..။အပြင်မှာတော့ ပျံ့နှံ့နေတဲ့ အော်ရိုရာ လင်းတန်းတွေရဲ့ ဝန်းရံမှုအောက်မှာ လပြည့်ဝန်းကြီးက တောက်ပနေခဲ့တာပါ..။
ကောင်းကင် ဒီရေ ရဲ့ လှပတဲ့ မျက်နှာပေါ်မှာ နက်ရှိုင်းပြီး ဖုံးကွယ်ထားတဲ့ ခံစားချက်အချို့ ပေါ်လာခဲ့ပါတယ်..။ ခနအကြာမှာတော့ သူမက ပြောလာခဲ့တယ်..။
“ဒီနေရာရဲ့ ကောင်းကင်က တကယ် မွန်းကျပ်စရာ ကောင်းတာပဲ..။ ဒါပေမဲ့ အဲဒါကလွဲရင်..
ဒီီနေရာက ငါ ရှိနေချင်တဲ့ နေရာ အတိအကျပဲ..”
ဆန်နီ ဟာ ခနလောက် ငြိမ်သက်နေခဲ့ပြီးမှ.. မာစတာ ရွန် ကို အနည်းငယ် ဦးညွှတ်ကာ.. တိတ်တဆိတ် လှည့်ထွက်လာခဲ့ပါတယ်..။
သူ တိုက်ပွဲအတွက် ပြင်ဆင်ရဦးမှာပါ။
အပိုင်း ( ၁၀၀၅ ) ပြီး၏။