အခန်း ၁၃၀၉
Vol. 88 Ch. 1309
အခန်း (၁၃၀၉) အပြုအမူကောင်း
ထိပ်တန်းသိပ္ပံပညာရှင် ကွေ့ယန်၊ သူခိုးဘိုးဘေးတို့နှင့် ခဏစကားပြောပြီးနောက် ကျင့်ကြံမှုပညာကို အောက်ခြေမှစတင်လေ့လာဖို့လိုသည်ဟု ကောင်းဟွမ်ယု ယူဆမိသည်။
အခြေခံအကျဆုံးသဘောတရားများကို အရင်နားလည်အောင်ကြိုးစားရမည်။
"ဒါဆိုအခု တာအိုလမ်းစဉ်ဂိုဏ်းကို ပြန်ကြမလား"
လုယန်က ကောင်းဟွမ်ယုကိုမေးသည်။ တာအိုလမ်းစဉ်ဂိုဏ်းသည့် ကျင့်ကြံမှုလောက အသေးစားလေးနှင့်တူသည်။ ကျင့်ကြံသူအခြေခံအသိပညာများ အပြည့်အစုံရှိသည်။
"ပြန်မယ်လေ"
ဂိုဏ်းသို့ပြန်ရောက်ပြီးနောက် လုယန်က ကောင်းဟွမ်ယုနှင့် ထောက်ပံရေးအဖွဲ့ကို ကျမ်းစာတိုက်သို့ခေါ်သွားသည်။ အကြီးအကဲထောင်ကို သင်ပြပေးဖို့တောင်းဆိုသည်။
အကြီးအကဲထောင်ရန်က ကျမ်းစာတိုက်မှ စာအုပ်အားလုံးကို အလွတ်ရထားသည်။ အသိဗဟုသုတကျယ်ပြန့်သည့် ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။ သူသင်ပြလမ်းညွှန်ပေးသည်က အကောင်းဆုံးဖြစ်သည်။
အီသာကလုန်းကလည်း ကျင့်ကြံမှုအသိပညာများကို နားလည်လိုသဖြင့် ကျမ်းစာတိုက်နောက်ဖေးတွင်နေသည်။
ကျမ်းစာတိုက်မှမပြန်မီ လုယန်က ဌာနမှူးကောင်းကို နောက်ဆုံးပေါ်ကွမ်တမ်ဆက်သွယ်ရေးကိရိယာတစ်စုံတောင်းသည်။ ကောင်းဟွမ်ယု နားမလည်နိုင်အောင်ဖြစ်သွားသည်။
"မင်းက ဒါတွေကို လေ့လာချင်လို့လား"
လုယန် ပြုံး၍ခေါင်းခါသည်။
"မဟုတ်ဘူး။ လောလောဆယ်သုံးဖို့ နည်းနည်းထုတ်လုပ်ချင်လို့ပါ"
"ထုတ်လုပ်ဖို့.."
ကောင်းဟွမ်ယု ပို၍တွေးမရအောင်ဖြစ်သွားသည်။ ထိုကိရိယာအကြောင်း အပြည့်အဝနားမလည်ဘဲ ဘယ်လိုထုတ်လုပ်နိုင်မည်နည်း။
ဆက်ရှင်းပြနေလျှင် ပိုနားရှုပ်မည်စိုးသဖြင့် လုယန်ဘာမှထပ်မပြောတော့။ အကျဉ်းထောင်တောင်ထိပ်သို့သွားသည်။
"မိုရှောင်ချိုး မင်းအပြင်ကိုရောက်ရင် ငါတို့မဟာယုကို သိက္ခာမကျစေနဲ့"
"တွမ်ချင်ရွှေ့၊ ငါတို့မဟာချန်က သင်ပြခဲ့တာတွေကို မမေ့နဲ့။ အပြင်မှာ ကောင်းကောင်းအသုံးချပါ။ ကိုယ့်ကိုယ့်ကို နာမည်ရအောင် မလုပ်နိုင်ရင် ငါတို့ကို လာမတွေ့နဲ့"
"ဂရုစိုက်ကြပါ ဘိုးဘေးတို့"
မိုရှောင်ချိုးနှင့် တွမ်ချင်ရွှေ့တို့ မျက်ရည်များစီးကျနေသည်။
ထိုနှစ်ယောက်ကို အနောက်မိုးပျံဘုံကျောင်းတွင် ခိုးယူမှုဖြင့် လုယန်က ဖမ်းဆီးခဲ့သည်။ အကျဉ်းထောင်တောင်ထိပ်မှ မခွာချင်သည့်နေ့ရက်မျိုး ရောက်လာမည်ဟု သူတို့လုံးဝမထင်ခဲ့ကြ။
မဟာယုမဟာချန် အကြီးအကဲများက သူတို့ကို ခပ်တင်းတင်းဆက်ဆံခဲ့သော်လည်း တကယ်သိစေတတ်စေချင်သောကြောင့်ဖြစ်ကြောင်း နားလည်သည်။
"ရှောင်မို၊ မင်းကျင့်စဉ်အဆင့်က နည်းနည်းနိမ်ပေမယ့် ငါတို့မင်းကို ယုံကြည်တယ်။ နောက်ပိုင်းကျရင် တွမ်ချင်ရွှေ့ထက် ပိုစွမ်းအားကြီးလာမှာပါ"
"ရှောင်တွမ်၊ ကျင့်ကြံမှုကို အာရုံစိုက်ပါ။ မင်းကျင့်စဉ်အဆင့်က ရှေ့ရောက်နေတာပဲ။ ဟိုမိုကောင်လေး မင်းကိုကျော်မသွားစေနဲ့"
မဟာချန်မဟာယုကျင့်ကြံသူများအားလုံး တစ်ချိန်က ထင်ရှားကျော်ကြားခဲ့သူများဖြစ်သည်။ အကျဉ်းကျနေသော်လည်း သူတို့အတွေးအမြင်ကို ဤအခန်းကျင်းလေးထဲတွင် ကန့်သတ်မထား။
ကွမ်ရှန်ဟိုင်က အဖွဲ့နှစ်ခုလုံး ပြဿနာမဖြစ်ကြဘဲ အကျဉ်းသားတစ်ယောက်စီရွေး၍ သေချာလမ်းညွှန်သင်ပြပြီး ထောင်မှလွတ်လျှင် ဘယ်သူကပိုသာသည်ကို ကြည့်ကြဖို့ အဆိုပြုခဲ့သည်။
အင်ပါယာချန်နှင့် ထိန်းချုပ်သူကလည်း သူ့အဆိုပြုချက်ကို လက်ခံသည်။
ယခု တပည့်နှစ်ယောက် ထောင်မှလွတ်ပြီဖြစ်၍ ဘယ်သူပိုထူးချွန်လာမည်ကိုသာ စောင့်ကြည့်ရတော့မည်။
မိုရှောင်ချိုးနှင့် တွန်ချင်ရွှေ့ကို နှစ်ဖွဲ့လုံးက ခံစားချက်အပြည့်ဖြင့် နှုတ်ဆက်နေသည်ကိုကြည့်၍ လုယန်အံ့ဩသွားသည်။
ထိုနှစ်ယောက် အကျဉ်းထောင်တွင် ကောင်းကောင်းနေထိုင်ခဲ့၍ လျှော့ရက်ဖြင့်လွှတ်ပေးခြင်းဖြစ်ကြောင်း ကလေးဘိုးဘေးဆရာ ထန်ရှန်းယိက ရှင်းပြသည်။
ယနေ့သည် သူတို့လွတ်ရက်ဖြစ်သည်။
လုယန် အံ့အားသင့်နေသည်။ မဟာချန် မဟာယု အဖွဲ့ကြီးနှစ်ခု၏ အားသွန်ခံစိုက်သင်ပြမှုကို ခံယူခဲ့ရသဖြင့် ထိုနှစ်ယောက်သည် သူတို့တပည့်ဟု သတ်မှတ်နိုင်သည်။
အပြင်လောကသို့ ပြန်ရောက်လျှင် ထင်ရှားကျော်ကြားအောင် တကယ်လုပ်နိုင်လောက်သည်။
"အကြီးအကဲ လုယန်..."
ထောင်တံခါးဝတွင်ရပ်နေသည့် လုယန်မြင်လိုက်ရသဖြင့် ထောင်ထွက်နှစ်ယောက် ရင်ထိတ်သွားသည်။ အကျဉ်းထောင်တွင် အချိန်အတော်ကြာနေခဲ့ရသဖြင့် အကျင့်ပါနေသည်။
"ခင်ဗျားတို့ ကောင်းကောင်းနေခဲ့လို့ စောစောလွတ်ရက်ရလာတာပဲ"
လုယန် လက်နှစ်ဘက်နောက်ပစ်၍ ခေါင်းငြိမ့်သည်။ ထောင်အရာရှိတစ်ယောက် ထောင်မှလွတ်သည့် အကျဉ်းသားနှစ်ယောက်ရှေ့ရေးအတွက် စဉ်းစားပေးနေသည့်ဂိုက်မျိုး ဖမ်းထားသည်။
"အကျဉ်းထောင်မှာ နေခဲ့ရတာ အဆင်ပြေလား"
မိုရှောင်ချိုးက မျက်နှာကိုချက်ချင်းပြုံး၍
"ဘာမှမပြေစရာမရှိပါဘူး။ အကျဉ်းထောင်တောင်ထိပ်က အရမ်းကောင်းတယ်။ အကြီးအကဲလုယန်က အများကြီးအားစိုက်ထုတ်ထားတာပဲ"
"တကယ်လား"
တွမ်ချင်ရွှေ့လည်း ခေါင်းအထပ်ထပ်ငြိမ့်သည်။
"ဟုတ်ပါတယ်။ စိတ်ရင်းနဲ့ပြောတာပါ။ အကြီးအကဲတွေက အသိပညာပြည့်စုံတယ်။ သူတို့သင်ပြတဲ့နည်းလမ်းတွေက စုံလင်ကွဲပြားတယ်။ သင်ကြားတာကလည်း အနှစ်သာရရှိပြီး လက်တွေ့ဆန်တယ်။
တကယ့်ကို သဘောတရားနဲ့လက်တွေ့ ပေါင်းစပ်ထားတာပဲ။ အခွင့်သာရင် ကျုပ်တို့ဒီကိုပြန်လာချင်ပါတယ်"
လုယန်ခေါင်းငြိမ့်ရန်ပြင်ပြီး ရုတ်တရက်ရပ်သွားသည်။
"ဘာရယ်"
သူ့လေသံက မြင့်တက်သွားသည်။
"အာ မဟုတ်ပါဘူး။ ...အခွင့်အရေးရှိရင် ဒီကအကြီးအကဲတွေဆီ လာလည်မယ်လို့ ပြောတာပါ"
လုယန် လက်တစ်ဘက်ဝှေ့ယမ်းလျက် ခပ်တင်းတင်းသတိပေးလိုက်သည်။
"ဟုတ်ပါပြီ။ ခင်ဗျားတို့သွားကြတော့။ နောက်ထပ် မဟုတ်တာတွေလုပ်တာတွေ့ရင်တော့ အကျဉ်းကျရုံလောက်နဲ့ ပြီးသွားမှာမဟုတ်ဘူး"
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ အပြင်ရောက်ရင် ဥပဒေလိုက်နာပြီး ရိုးရိုးသားသားနေမျာပါ"
နှစ်ယောက်လုံး ဦးညွှတ်နှုတ်ဆက်၍ အမြန်ထွက်သွားကြသည်။
"ငါ့ကို ဘာလုပ်ခိုင်းစရာရှိလို့လဲ"
လုယန်မပြောမီ ကွမ်းရှန်ဟိုင်က မေးသည်။
လုယန်က ကွမ်တမ်ဆက်သွယ်ရေးကိရိယာနှစ်ခုထုတ်၍
"ခင်ဗျား ဒါတွေကို ပုံတူပွားနိုင်လား"
"ဒါကဘာလဲ"
ကွမ်းရှန်ဟိုင် အံ့အားသင့်သွားသည်။ ထိုအရာမျိုး သူမမြင်ဖူး။ တကယ်အနုစိတ်ဖန်တီးထားသည့် ပစ္စည်းဖြစ်သည်။ တစ်ခုထူးဆန်းသည်က ဝိညာဉ်ဆင့်ခေါ်မှော်စက်ဝန်းမျိုးမပါ။ မှော်ပစ္စည်းနှင့်လည်းမတူ။
"တစ်ခြားကမ္ဘာကယူလာတဲ့ ပစ္စည်းပါ"
လုယန် သိပ်ရှင်းမပြ။
"ငါလုပ်နိုင်ပါတယ်"
ကွမ်းရှန်ဟိုင် ခေါင်းငြိမ့်သည်။ မှော်ပစ္စည်းဖြစ်စေ အပြင်ကမ္ဘာပစ္စည်းဖြစ်စေ ကိစ္စမရှိ။ ပုံသွန်းအရိယဖလသည် စည်းမျဉ်းကို ကိုယ်စားပြုသည်။
လောကအတွင်းအပြင် ဘယ်နေရာမဆိုသုံးနိုင်သည်။
"ဝိညာဉ်စွမ်းအင် နည်းနည်းလောက်တော့လိုလိမ့်မယ်"
ကွမ်းရှန်ဟိုင်ကပြောသည်။ သူ့ဆီတွင် ဝိညာဉ်စွမ်းအင် လုံးဝမရှိ။ မှော်ပညာလည်းသုံးမရ။
လုယန်က အဆင့်နိမ့်ဝိညာဉ်ကျောက်တစ်လုံး ထုတ်ပေးသည်။ ကွမ်းရှန်ဟိုင်က တစ်ခါထိရုံဖြင့် အကုန်စုပ်ယူသည်။
ထို့နောက် ကွမ်တမ်ဆက်သွယ်ရေးကိရိယာကိုတစ်ဘက် ဝိညာဉ်ကျောက်တုံးအခွံကိုတစ်ဘက်ကိုင်၍ ပုံသွန်းအရိယဖလကို အသက်သွင်းလိုက်သည်။
ဝိညာဉ်ကျောက်က တဖြေးဖြေးအသွင်ပြောင်းပြီး ကွမ်တမ်ဆက်သွယ်ရေးကိရိယာပုံစံ ပေါ်လာသည်။
သူ့ပုံသွန်းပညာနှင့် ပုံသွန်းအရိယဖလသည် ဘာမှမရှိဘဲ ပုံသွန်းနိုင်သည်မဟုတ်။ ပုံသွန်းကြားခံအဖြစ် ဒြပ်ထုဆင်တူသည့် ကုန်ကြမ်းပစ္စည်း လိုအပ်သည်။
"ရော့၊ ကြည့်လိုက်ပါဦး"
ပုံသွန်းထားသည့် ကွမ်တမ်ဆက်သွယ်ရေးကိရိယာကို လုယန်စစ်ဆေးကြည့်သည်။ တကယ်အလုပ်ဖြစ်ကြောင်းတွေ့ရသဖြင့် သူဝမ်းသာသွားသည်။
ကြယ်စုမဟာမိတ်မှ ကွမ်တမ်ပစ္စည်းနှင့် တစ်ခြားထုတ်ကုန်များ အများအပြားထုတ်လုပ်ဖို့ ကွမ်းရှန်ဟိုင်၏ အရိယဖလတစ်ခုတည်းကို အးကိုး၍မဖြစ်။
ဖယောင်းကောင်းကင်ထပ်ဖွဲ့နှင့် ရင်ဆိုင်ရာတွင် အရေးပေါ်သုံးဖို့သာဖြစ်သည်။ ကျန်သည့်ကိစ္စများ နောက်မှလုပ်မည်။
ကွမ်းရှန်ဟိုင်ရှေ့သို့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်ပုံ ရောက်လာသည်။ အားလုံးကို ကွမ်တမ်ဆက်သွယ်ရေးစက်အဖြစ် ပုံသွန်းပေးရမည်။
တစ်ဦးတည်းထုတ်သည့် ထုတ်လုပ်ရေးလိုင်းဖြစ်သည်။
သိပ်မကြာမီ ကွမ်တက်ဆက်သွယ်ရေးစက်များ အပုံလိုက်ရလာသည်။ ထိုစက်များကိုပြန်ယူ၍သွားပြီး အဖွဲ့အစည်းမျိုးစုံကို ဝေငှသည်။
"နတ်မယ်၊ ခင်ဗျားဘာလို့ တစ်ချိန်လုံး အသံတိတ်နေတာလဲ"
လုယန် တွေးရခက်နေသည်။ နတ်မယ်၏ အဆက်မပြတ်ဂျီကျသံကို နားစွဲနေရာမှ ရုတ်တရက်အသံတိတ်သွားသဖြင့် နေသားမကျသလိုဖြစ်နေသည်။
နတ်မယ်က ခေါင်းအုန်းကိုဖက်၍ ကုတင်ပေါ်တွင်လှဲနေသည်။
"ကျင့်ကြံသူလောကရဲ့ အနာဂတ်အတွက် စဉ်းစားနေတာပါ"
"ဘယ်လို"
လုယန် အံ့အားသင့်သွားသည်။ ထိုမျှကြီးမားသည့်ကိစ္စကို နတ်မယ်၏ဦးနှောက်ဖြင့် တကယ်စဉ်းစားနိုင်သလော။
"အခု ကျင့်ကြံသူလောကမှာ မသေမျိုးတစ်ဝက် ဆယ်ယောက်ကျော်လောက်ပဲ ရှိတယ်လို့ စည်းဝေးပွဲမှာ ပြောတယ်မဟုတ်လား"
"ဟုတ်တယ်လေ၊ အဲဒါဘာဖြစ်လဲ"
လုယန် နားမလည်သေး။
နတ်မယ် ကုတင်ပေါ်မှ ချက်ချင်းခုန်ထလာသည်။ မျက်လုံးများက ကြယ်ရောင်တောက်ပနေသည်။
လွတ်လပ်ရေးအလံတစ်ခုလို ခေါင်းအုန်းကိုဝှေ့ယမ်းသည်။
"ဒါဆိုအခု ဒီလောကမှာ မသေမျိုးဆိုလို့ ငါတစ်ယောက်ပဲရှိတဲ့သဘောမဟုတ်လား။ ရှောင်ယွမ် ဒီမှာမရှိဘူးလေ။ ငါလုပ်ချင်တာ လုပ်လို့ရတယ်။
အခုချိန်ကစလို့ ငါက ကျင့်ကြံသူလောကရဲ့ အရှင်သခင်ပဲ"
လုယန် "..."
နတ်မယ်၊ ခင်ဗျား ပြန်အိပ်နေတာ ကောင်းမယ်ထင်တယ်။ ပြောရရင် သိစိတ်နယ်မြေ တိတ်ဆိတ်နေတဲ့အချိန်ဆို တကယ်ကောင်းပါတယ်..
********************************