← Chapters

အခန်း ၁၃၁၄

Vol. 88 Ch. 1314

အခန်း ၁၃၁၄

Vol. 88 Ch. 1314

အခန်း (၁၃၁၄) စကြာဝဠာလွမ်းမိုးသူအဆင့်က ဒါပဲလား

အကျဉ်းထောင်မှ အကျဉ်းသားများသာမက ဂိုဏ်းဝင်များအားလုံး အံ့ဩနေကြသည်။ ပိုင်လော်တပ်ဖွဲ့က ထိုသို့တံခါးလာခေါက်မည်ဟု ထင်မထားကြ။

ထို့ကြောင့် ပထမဆုံးဖြစ်လာသည့်စိတ်က ဒေါသပေါက်ကွဲမှုလို ပြင်းထန်သည့်ခံစားချက်မျိုးမဟုတ်။ နားမလည်ခြင်းသာဖြစ်သည်။

"ဒါက သတင်းစာထဲမှာပြောထားတဲ့ ပိုင်လော်တပ်ဖွဲ့ဆိုတာလား။ သူတို့ဒီကို ဘယ်လိုရောက်လာတာလဲ"

"ကျင့်ကြံတာပင်ပန်းလွန်းလို့ ငါရူးသွားတာများလား။ ကြည့်ရတာ သူတို့က အဲလောက်လည်းစွမ်းအားကြီးတဲ့ပုံ မပေါ်ပါဘူး"

ဂိုဏ်းတပည့်များ အချင်းချင်းပြောဆိုနေသည်။ သူတို့ကြားထားသည်နှင့် လုံးဝမတူ။

"အတုဖြစ်လောက်တယ်"

"ကွန်မန်ဒါ၊ စွမ်းအင်ရောင်ခြည်အမြင့်ဆုံးစွမ်းအားနဲ့ စွမ်းအင်စက်ကွင်းကို ဓာတ်ပြယ်အောင်မလုပ်နိုင်ပါဘူး"

ဘာကြောင့်မှန်းမသိ။ ကွန်မန်ဒါစိတ်ထဲ နည်းနည်းဂဏာမငြိမ်ဖြစ်လာသည်။ ဒေါသလည်းထွက်လာသည်။ ခပ်တင်းတင်းလေသံဖြင့် သူအမိန့်ပေးလိုက်သည်။

"ငါမျက်လုံးမကန်းဘူးကွ။ တစ်ချက်တည်းပစ်လို့ မလုံလောက်ရင် ဆယ်ချက်ပစ်။ ဆယ်ချက်နဲ့မလုံလောက်ရင် အချက်တစ်ရာပစ်။ အဲဒါမှမလုံလောက်သေးရင် တပ်ဖွဲ့ယာဉ်အားလုံး ရောင်ခြည်တန်းပစ်ကြ။

စွမ်းအင်ရောင်ခြည်နှစ်ရာကတော့ ဒီနေရာကိုမထိုးဖောက်နိုင်စရာမရှိဘူး"

ဝိညာဉ်ကျောက်သိမ်းယူပြီး ဂုဏ်ပြုချီးမြှင့်ခံရမည့် အခွင့်အရေးကို လုံးဝလက်လွတ်မခံနိုင်။

"ဟုတ်"

လက်ထောက်က ဆလွတ်ရိုက်ပြီး ယာဉ်ပျံခေါင်းဆောင်အားလုံးကို ဆက်သွယ်ပြီး စွမ်းအင်ရောင်ခြည်များ အသင့်ပြင်ဖို့ ညွှန်ကြားသည်။

"ဘုန်း"

စွမ်းအင်ရောင်ခြည်တန်းဆယ်ခုကို အမြင့်ဆုံးစွမ်းအားမြှင့်တင်ပြီး တစ်ပြိုင်တည်းပစ်ကြသည်။ ဂိုဏ်းမှော်စက်ဝန်းကိုထိသည်။ လှိုင်းတွန့်ဆယ်ခု ပေါ်လာသည်။ ထိုမျှသာဖြစ်သည်။

"ဒီလောက်အဆင့်နဲ့များ ငါတို့ကိုလာတိုက်ရဲတယ်ပေါ့"

ဂိုဏ်းအကြီးအကဲများ အံ့အားသင့်နေကြသည်။ မဟာအကြီးအကဲပင် ခေါင်းတလားထဲမှထလာပြီး တိုက်ခိုက်ရန် အသင့်ပြင်သည်။

တာအိုလမ်းစဉ်ဂိုဏ်းကို သူတို့ထိုမျှ အထင်သေးသလော...

"မင်းတို့မလှုပ်ရှားနဲ့။ ငါပဲလုပ်လိုက်မယ်"

"ဘာလဲ၊ မင်းကအကိုကြီဆိုပြီး ကိုယ့်ညီတွေကို အခွင့်အရေးမပေးချင်တာလား"

"ရန်သူက သူတို့စွမ်းရည်ကို ဖုံးကွယ်ထားနိုင်တယ်။ မင်းတို့သွားရင် အသက်အန္တရာယ်များတယ်။ ငါက ဂိုဏ်းချုပ်ပဲ။ ငါ့အသက်ကိုရင်းပြီး ဂိုဏ်းကိုကာကွယ်မယ်လို့ ငါကျိန်ဆိုပါတယ်"

အကြီးအကဲများနှင့် တာအိုရှင်ဝစီပိတ်တို့ ထိုအခွင့်အရေးကို အပြိုင်လုနေကြသည်။

တိုက်ခိုက်မှုမထိရောက်သဖြင့် ကွန်မန်ဒါ နောက်ထပ်ရောင်ခြည်တန်းတိုးမြှင့်ရန်တွေးနေသည်။ ထိုစဉ် အဝေးတောင်တန်းဆီမှ မြစ်ရေပြင် အထက်သို့ ပြောင်းပြန်စီးလာသည်ကို မြင်လိုက်ရသည်။ ထို့နောက် ရေလုံးများမြင့်တက်လာပြီး တပ်ဖွဲ့ကိုဖုံးအုပ်သွားသည်။

တပ်ဖွဲ့တစ်ခုလုံး ဂယက်ထသွားသည်။ ထိုမြစ်က အသက်ရှိနေသလို ဘာကြောင့် ပြုမူနေသည်မသိ။ ကောင်းကင်အထိပင် ပျံတက်လာသည်။ ကြယ်ကမ္ဘာများသိမ်းယူခဲ့သည့် သူတို့သက်တမ်းတလျှောက် ထိုအဖြစ်မျိုး တစ်ခါမှမကြုံဖူး။

"အပြင်ဘက်ကိုကြည့်လိုက်။ လူတစ်ယောက်ရှိတယ်"

"သူ့မှာလက်နက်ပါတယ်ထင်တယ်...ဟ..ပုဆိန်နှစ်လက်တဲ့လား"

မြစ်ဝိညာဉ်က ရွှေပုဆိန် ငွေပုဆိန် တစ်ဘက်စီကိုင်ထားသည်။ နဖူးမှသွေးကြောများ ဖောင်းထနေသည်။ တင်းမာခက်ထန်သည့်မျက်နှာဖြင့် ကောင်းကင်သို့ပျံတက်လာပြီး တပ်ဖွဲ့တစ်ခုလုံးကို လှည့်ပတ်နေသည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် ကျူးကျော်တိုက်ခိုက်ခံရသည့်အဖြစ်မျိုး မကြုံဖူး။ အရင်က မဟာယုနိယာမသခင် အလစ်ဝင်တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် ယခုလောက်အားနည်းသည့် တိုက်ခိုက်မှုမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

ဂိုဏ်းအကာအကွယ်မှော်စက်ဝန်းသည့် မြစ်ဝိညာဉ်၏ ခန္ဓာအစိတ်အပိုင်းဖြစ်သည်။ တပ်ဖွဲ့တိုက်ခိုက်မှုများက သူ့ကိုသေးနှင့်ပန်းသလို ခံစားရသည်။ သူ့လိုဂိုဏ်းကာကွယ်သူကို သက်သက်စော်ကားခြင်းဖြစ်သည်။

"ပျံသန်းနိုင်တဲ့ နယ်ခံတစ်ယောက်လား။ ကြည့်ရတာ သူလည်း လုယန်လို့ စွမ်းအားကြီးတဲ့လူတွေထဲကထင်တယ်"

"ဟားဟား၊ ပုဆိန်နှစ်လက်နဲ့ လာတယ်တဲ့။ ဒီလို ရှေးဟောင်းလက်နက်တွေနဲ့ ငါတို့ကိုရင်ဆိုင်လို့ရမယ် ထင်နေလားမသိဘူး"

ပိုင်လောက်တပ်ဖွဲ့ ဟားတိုက်ရယ်မောနေသည်။ ရှေးဟောင်းကြယ်ကမ္ဘာတစ်ခု သူတို့သိမ်းပိုက်စဉ်ကအဖြစ်ကို ပြန်သတိရလာကြသည်။ သားရဲသားရေများဝတ်ထားသည့် ထိုနယ်ခံများက သူတို့တိုက်ပွဲယာဉ်ပျံကို လှံဖြင့်ပစ်ကြသည်။

"ရောင်ခြည်အမြောက်ပစ်လိုက်။ မျိုးဆက်ခြင်းဘယ်လောက်ကွာတယ်ဆိုတာ သူမသေခင်သိခွင့်ပေးလိုက်ပါ"

တပ်ဖွဲ့က အမြောက်များကို လှည့်ချိန်သည်။ စွမ်းအင်ရောင်ခြည်စုစည်းသည်။ မြစ်ဝိညာဉ်ကို တစ်ချက်ပစ်လိုက်သည်။

"ဖြောင်း"

ရွှေရောင်အလင်းတစ်ချက်လက်လာပြီး စွမ်းအင်ရောင်ခြည် နှစ်ခြမ်းကွဲထွက်သွားသည်။ ရွှေရောင်အလင်းကျသည့် မျဉ်းဖြောင့်တလျှောက်မှ ယာဉ်ပျံများလည်း သေသေသပ်သပ်နှစ်ခြမ်းပြတ်သွားသည်။ ပြတ်သွားသည့်နေရာက ချောမွေ့နေသည်။

ပျက်စီးသွားသည့် ယာဉ်ပျံနှင့် ပိုင်လောက်တပ်သားများ အောက်သို့ထိုးကျသွားသည်။

တပ်ဖွဲ့တွင်း ဆက်သွယ်ရေးစနစ်များ ငြိမ်ကျသွားသည်။

သူတို့ယာဉ်ပျံသည် ကြယ်ကမ္ဘာဖျက် လက်နက်များကြောင့် အပေါက်ဖြစ်သွားလျှင်ပင် သူဘာသာပြန်ပြုပြင်နိုင်စွမ်းရှိသည်။ သို့သော် ပုဆိန်တစ်လက်၏ခုတ်ချက်ကို လုံးဝခံနိုင်ရည်မရှိ။

ကွန်မန်ဒါ အခြေအနေကို နားလည်သွားပြီး အော်ဟစ်အမိန့်ပေးသည်။

"ဆုတ်ကြ။ အခုချက်ချင်းဆုတ်ကြ"

သို့သော် တပ်ဆုတ်ရန်ပြင်နေချိန်တွင် ပြောင်းပြန်စီးလာသည့်မြစ်ရေက သူတို့ကိုလွှမ်းခြုံပိတ်ဆို့ထားကြောင်း တွေ့လိုက်ရသည်။ နွံအိုင်ထဲ ပိတ်မိနေသကဲ့သို့ လှုပ်လေမြုပ်လေဖြစ်နေသည်။

အားလုံးထိတ်လန့်သွားသည်။ ဘယ်လိုနည်းပညာမျိုးမှန်းမသိ။

"ဒီကိုလာပြီးမှ ထွက်သွားချင်တယ်ပေါ့"

မြစ်ဝိညာဉ် ပုဆိန်နှစ်လက်ကိုင်၍ ယာဉ်ပျံတပ်ဖွဲ့ဆီ ပျံသန်းလာပြီး ဟင်းသီးဟင်းရွက်ဖြတ်သလို အလွယ်တကူ ခုတ်ဖြတ်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ကောင်းဟွမ်ယု အချိန်အတော်ကြာအောင် ပါးစပ်အဟောင်းသားဖြစ်နေသည်။

ပိုင်လော်တပ်ဖွဲ့စွမ်းအားကို သူမြင်ဖူးသည်။ ကြယ်စုမဟာမိတ်၏ တပ်ဖွဲ့ဆယ့်နှစ်ခုပင် လုံးဝမယှဉ်နိုင်။

သို့သော် ကျင့်ကြံသူလောကတွင် အခြေအနေက လုံးဝပြောင်းပြန်ဖြစ်နေသည်။ မြစ်ဝိညာဉ်တစ်ယောက်တည်း တိုက်ပွဲယာဉ်ပျံ အစီးနှစ်ရာကို ဖျက်ဆီးနေသည်။

အီသာကလုန်းဖန်သားပြင်တွင်လည်း အားကျသည့်မျက်နှာမျိုး ပေါ်နေသည်။ သူလည်းမူလဝိညာဉ်ဖြစ်၍ မြစ်ဝိညာဉ်လို စွမ်းအားကြီးလာနိုင်ခြေရှိသလော...

.....

"တပ်ဖွဲ့ ၂ ပြောနေပါတယ်။ တပ်ကူတောင်းပါတယ်။ ကျင့်ကြံမှုကမ္ဘာသားတွေရဲ့စွမ်းအားဟာ ကျုပ်တို့ထင်ထားတာထက် အများကြီးကျော်လွန်နေပါတယ်"

"တပ်ဖွဲ့ ၃ ပြောနေပါတယ်။ တပ်ကူတောင်းပါတယ်..."

ကွန်မန်ဒါများက တပ်ဖွဲ့ချင်း အကူအညီအတင်းခေါ်နေကြသည်။ ဘာဂုဏ်ပြုဆုမှလည်း အရေးမစိုက်တော့။ အသက်ရှင်ဖို့သာ အရေးအကြီးဆုံးဖြစ်သည်။

သို့သော် တစ်ဘက်ဆက်သွယ်ရေးစက်မှ တုံ့ပြန်သူမရှိ။ ကြောက်လန့်တကြားအော်ဟစ်သန်များ သားရဲအော်ဟစ်သံများသာ ကြားရသည်။

.....

တပ်ဖွဲ့ ၁ ကွန်မန်ဒါ မင်သက်မိနေသည်။ ဘယ်လိုရန်သူမျိုးနှင့် တွေ့နေရသည်မသိ။

မြစ်ဝိညာဉ်စွမ်းအားပြနေသည်ကိုကြည့်၍ ဂိုဏ်းတပည့်များ စိတ်လှုပ်ရှားနေကြပြီး ကွမ်တမ်စက်များဖြင့် လောကတစ်ခွင့်မှ သူငယ်ချင်းများကို ဗွီဒီယိုကောလ်ခေါ်ပြီး တာအိုလမ်းစဉ်ဂိုဏ်း၏ ဂုဏ်ယူစရာမြင်ကွင်းကို ပြကြသည်။

တစ်ချို့က နဂါးနန်းတော်မှ နဂါးသားတော်မြေးတော်များကို ဆက်သွယ်၍ ကြွားလုံးထုတ်ကြသည်။

"တွေ့လား၊ စကြာဝဠာလွှမ်းမိုးသူလို့ခေါ်တဲ့ တပ်ဖွဲ့က ငါတို့တာအိုလမ်းစဉ်ဂိုဏ်းမှာ ကြက်တွေဝက်တွေလိုပဲ"

"အဲ၊ ငါလည်း မင်းဆီခေါ်တော့မလို့ပဲ။ ပိုင်လော်တပ်ဖွဲ့က ငါတို့အရှေ့ပင်လယ်ကိုလည်း ရောက်လာတယ်"

"ဘာလို့ သူတို့က မင်းတို့ဆီ ရောက်လာတာလဲ"

တာအိုလမ်းစဉ်ဂိုဏ်းတပည့် နားမလည်သဖြင့် မေးသည်။ ထိုမျှအားနည်းသည့် ပိုင်လော်တပ်ဖွဲ့က အင်အားခွဲ၍ပင် လွှတ်သေးသလော။

....

"သတင်းပို့ပါတယ် ဆရာ၊ ဒီရေပြင်အောက်မှာ ထိပ်တန်းဝိညာဉ်ကျောက်တွေ အများကြီးအာရုံခံမိပါတယ်။"

စစ်သားတစ်ယောက်က တပ်ဖွဲ့ ၂ မှ ကွန်မန်ဒါကို သတင်းပို့သည်။

"ရေအောက်ကျောက်ကြောတွေလား။ ဘယ်နေရာမှာရှိတာလဲ"

"ပင်လယ်ကြမ်းပြင်မှာပါ"

"တုန်ခါဗုံးတစ်ချို့ချပြီး ပင်လယ်ကြမ်းပြင်တုန်ခါအောင်လုပ်လိုက်ပါ။ အဲဒီ့ဝိညာဉ်ကျောက် ထွက်လာလိမ့်မယ်"

စွမ်းအားမြင့် တုန်ခါဗုံးတစ်ချို့ ပင်လယ်ထဲပစ်ချလိုက်သည်။ ရေထဲသို့ဆက်တိုက် မြုပ်ဆင်းသွားပြီးနောက် ရေအောက်ပတ်ဝန်းကျင် ချက်ချင်းပြောင်းလဲသွားသည်။

အလင်းရောင်တောက်ပနေရာမှ မည်းမှောင်သွားသည်။ မည်းမှောင်နေရာမှ ပြန်လင်းလာသည်။ နောက်ဆုံးတွင် နဂါးနန်းတော်ခေါင်မိုးကို ထိသည်။

ယနေ့သည် နဂါးအိုအင်ပါယာ၏ သက်ရှည်ပွဲကျင်းပသည့်နေ့ဖြစ်သည်။ မွေ့နေ့ပွဲလောက်တော့ မကြီးကျယ်။ ရိုးရှင်းသည့် ပွဲတော်တစ်ခုဖြစ်သည်။ နဂါးသားမြေးများ လက်ဆောင်လာပေးကြသည်။

သိတတ်လိမ္မာသည့် မျိုးဆက်သစ်များပြည့်နေသည့် အခန်းကိုကြည့်၍ နဂါးအိုအင်ပါယာ ပျော်ရွှင်စွာ ရယ်မောနေသည်။

"ကဲ၊ လာကြ၊ အဖေအင်ပါယာအသက်ရှည်စေဖို့ ဂုဏ်ပြုဆုတောင်းကြစို့"

နဂါးသားမြေးများ ခွက်ကိုယ်စီမြှောက်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အပျော်ရိပ်များပြည့်နေသည်။

"ဝုန်း"

မသဲမကွဲအသံတစ်ခုထွက်လာပြီး‌ေ အောက်ကြမ်းပြင် နည်းနည်းတုန်ခါသွားသည်။ ခွက်ထဲမှ ဝိုင်တစ်ချို့ ဖိတ်စင်သွားသည်။

နဂါးအိုအင်ပါယာ နည်းနည်းအလိုမကျဖြစ်ပြီး မျက်မှောင်ကျုံ့သည်။ မွေးနေ့ပွဲကျင်းပစဉ်ကဖြစ်ရပ်သည် နိမိတ်ကောင်းမဟုတ်။

စိတ်ထဲမသိုးမသန့်ဖြစ်လာပြီး ခေါင်းမော့ကြည့်သည်။ ပိုင်လော်တပ်ဖွဲ့၏ တိုက်ပွဲယာဉ်များကို အာရုံခံမိသည်။

ချက်ချင်းနဂါးအသွင်ပြောင်း၍ ရေပြင်ဆီ ထိုးတက်သွားသည်။

ကျန်သည့်နဂါးသားမြေးများလည်း နဂါးအိုနောက်မှ လိုက်သွားကြသည်။

ပတ်ဝန်းကျင်ပင်လယ်ပြင် တုန်ခါလာသည်။ နဂါးများတက်လာမှန်းသိသဖြင့် ပုဇွန် ဂဏန်းစစ်သည်များ တစ်ခြားပင်လယ်သတ္တဝါများ ခပ်ဝေးဝေးသို့ ရှောင်ပြေးကြသည်။

နဂါးအုပ်စုကောင်းကင်တက်လျှင် ဝိညာဉ်အားလုံး လမ်းဖယ်ပေးရသည်။

"ကွန်မန်ဒါ ရေအောက်မှာ ပြင်းထန်တဲ့ တုန်ခါမှုလှိုင်းကို အာရုံခံမိပါတယ်။ တုန်ခါဗုံးတွေကြောင့် ပင်လယ်ကြမ်းပြင်မှာ ငလျင်တစ်ခုဖြစ်နေပုံရပါတယ်"

"တိုက်ပွဲယာဉ်နှစ်စီးလွှတ်ပြီး အခြေအနေစစ်ဆေးပါ"

သာမန်မြစ်ကြမ်းပြင်ငလျင်သည် သူတို့ဂုဏ်ယူရသည့် တိုက်ပွဲယာဉ်များကို မထိခိုက်နိုင်။

သို့သော် ယာဉ်နှစ်စီး ငုပ်ဆင်းသွားသည်နှင့် ကြီးမားသည့် ဝဲဂယက်တစ်ခု ပင်လယ်မျက်နှာပြင်တွင် ပေါ်လာသည်။ လေပြင်းများကျလာသည်။ ပတ်ဝန်းကျင်ရာသီဥတု ရုတ်တရက် ပြောင်းလဲသွားသည်။

ပေထောင်ချီရှည်လျားသည့် ကြမ်းတမ်းသည့် ရှေးဟောင်းနဂါးတစ်ကောင် တိုက်ပွဲယာဉ်နှစ်စီးကို ဆုပ်ကိုင်၍ ရေပေါ်သို့ ထိုးတက်လာသည်။ ပေတစ်ထောင်မြင့်သည့် ရေလှိုင်းများ ပေါ်လာသည်။

ထို့နောက် ထောင်ချီသည့်နဂါးများ ဆက်တိုက်ထွက်ပေါ်လာပြီး ပိုင်လော်တပ်ဖွဲ့ကို ဝိုင်းရံထားသည်။ နဂါးအော်သံများ တိမ်တိုက်ထဲထိ ပဲ့တင်ထပ်နေသည်။

ဖယောင်းကောင်းကင်ကြယ်ကမ္ဘာ၏ နည်းပညာဖွံ့ဖြိုးမှုက ဇီဝဖြစ်စဉ်နည်းပညာဘက်တွင် အလေးသာသည်။ သူတို့ယာဉ်ပျံများ၏ ကိုယ်ထည်သည် အတော်မာကျောသည့် အသားထုများဖြစ်သည်။

(**အမြောက်ကျည်ထိ၍ အပေါက်ဖြစ်သွားသော်လည်း ပြန်လည်ပြုပြင်နိုင်စွမ်းရှိသည်မှာ ထိုအသားကိုယ်ထည်ကြောင့်ဖြစ်မည်ဟု ယူဆပါသည်)

နဂါးအိုအင်ပါယာက ယာဉ်ပျံနှစ်စီးကို အသားတုံးနှစ်ခုလို ဆုပ်ကိုင်ထားသည်။

"န..နဂါး"

ပိုင်လော်စစ်သားများ အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားသည်။ ဒဏ္ဍာရီသားရဲက သူတို့မျက်စိရှေ့တွင် ရုတ်တရက်ပေါ်လာသည်။

နဂါးခွန်အားက ပိုင်လော်စစ်သားများအပါအဝင် သတ္တဝါအများစုကို နှိပ်ကွပ်နိုင်သည်။ ကြောက်စရာကောင်းသည့်နဂါးများ ရောက်လာသဖြင့် ကိုယ်ထဲမှဆဲလ်များအားလုံး တုန်ခါသွားသည်။

နဂါးအိုအင်ပါယာက အကြီးဆုံးဖြစ်သည့် တပ်ဖွဲ့ ၂ ၏ ခေါင်းဆောင်ယာဉ်ကို ဆုပ်ကိုင်ထားသည်။

နဂါးအိုမျက်လုံးထဲတွင် ဇဝေဇဝါအရိပ်မျိုးပေါ်နေသည်။ ဤအရာသည် စကြာဝဠာလွှမ်းမိုးသူ၏ ယာဉ်ပျံလော။ သိပ်လည်း မခိုင်ခံ့သလို ခံစားရသည်။

ကွန်မန်ဒါ ကြောက်ရုပ်လိုရပ်နေသည်။ အသက်အောင့်ထားသည်။ ပြတင်းပေါက်အပြင်ဘက်မှ ဧရာမနဂါးကြီး၏ မျက်လုံးကိုမကြည့်ရဲ။ ခေါင်းဆောင်ယာဉ်ထဲတွင် လူတစ်ယောက်မှမရှိသလို ဟန်ဆောင်နေသည်။ ဒုက္ခမရောက်အောင်ရှောင်ချင်သည်။

နဂါးအရှိန်အဝါကြောင့် ချွေးများပျံနေသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက ထိုနေရာမှထွက်ပြေးဖို့ သူ့ကိုသတိပေးသည်။

သို့သော် သူ့မသိစိတ်က နဂါးစစ်ရှေ့မှ ထွက်ပြေးခြင်းသည် သေလမ်းဖြစ်ကြောင်း ပြောနေသည်။

ရုတ်တရက် ဗဝါ်ကီတော်ကီမှ အသံမြည်လာသည်။

"တပ်ဖွဲ့ ၂ အကူအညီတောင်းဆိုပါတယ်။ ကျင့်ကြံသူကမ္ဘာသားတွေရဲ့စွမ်းအားဟာ ကျုပ်တို့ထင်ထားတာထက် အများကြီးကျော်လွန်နေပါတယ်"

ထိုသကောင့်သားကို ကွန်မန်ဒါ သတ်ချင်စိတ်ပေါက်သွားသည်။

နဂါးအိုအင်ပါယာ အော်ဟစ်လိုက်သည်။ ယာဉ်တစ်ခုလုံး တုန်ခါသွားသည်။ နဂါးအိုအင်ပါယာပါးစပ်မှ ထွက်လာသည့် ပြင်းထန်သည့်သွေးနံ့ကို ရှူရှိုက်လိုက်ရသည်။

ကြောက်လွန်းသဖြင့် မျက်ခွံလန်၍ သတိလစ်သွားသည်။

**********************************

All Chapters