← Chapters

အခန်း ၁၃၁၈

Vol. 88 Ch. 1318

အခန်း ၁၃၁၈

Vol. 88 Ch. 1318

အခန်း (၁၃၁၈) လုယန်နှင့် ဝူယော်

"ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်လား"

ဝူယော် အတော်အံ့အားသင့်သွားသည်။ လုယန်၏အဆင့်က ရုတ်တရက်တက်သွားသည်။ ကျင့်စဉ်အခြေခံ မတည်ငြိမ်မှုမျိုးလည်း လုံးဝမရှိ။

တကယ်ထူးခြားသည့် လျှို့ဝှက်ပညာဖြစ်သည်။ ကောင်းကင်နတ်ဆိုးဖြိုခွဲခြင်းပညာလော။

သို့သော် ထိုအဖြစ်မျိုးက အသေးအဖွဲစွမ်းရည်များသာဖြစ်သည်။ အကောင်းဆုံးလျှို့ဝှက်ပညာပင် ကြာမြင့်ချိန်နှင့် ဘေးထွက်ဆိုးကျိုးများရှိသည်။ ကျင့်စဉ်အဆင့်တည်ငြိမ်မှုမပျက်ဘဲ အဆင့်တက်နိုင်သည့် ပညာမျိုးဆိုလျှင် တန်ပြန်သက်ရောက်မှု ပိုပြင်းထန်သည်။

နောက်ဆုံးပြောရလျှင် ယာယီသာဖြစ်သည်။ ကြာကြာခံမည်မဟုတ်။

"အရင်တိုက်ခိုက်တော့ရော ဘာကိုပြောင်းလဲနိုင်မှာလဲ။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ကို ရောက်တာနဲ့ ငါနဲ့တန်းတူဖြစ်မယ်ထင်နေလား"

ဝူယော်အမြင်အရ လုယန်သည် ဒေါသထွက်၍ လုပ်မိလုပ်ရာ လုပ်နေခြင်းသာဖြစ်သည်။ ထည့်သွင်းစဉ်းစားဖို့မတန်။

"ဘုန်း"

နှစ်ယောက်လုံး ပြိုင်တူလှုပ်ရှားသည်။ ဝူယော်က လက်ဦးမှုယူချင်ခဲ့သည်။ သို့သော် လုယန်ကလည်း သူနှင့်အကြံတူနေသည်ကို တွေ့ရသည်။ ကြယ်တာယာများအလယ်တွင် သူတို့နှစ်ယောက် တိုက်ခိုက်ကြသည်။ သူတို့အသွင်များ မှုန်ဝါးနေသည်။

ပုံရိပ်ပေါင်းထောင်ချီ တိုက်ခိုက်နေသလိုထင်ရသည်။

သူတို့စွမ်းအင်ရောင်များက ကြယ်အလင်းတန်းများအဖြစ်ပြောင်းသွားသည်။ အဆက်မပြတ် ကျယ်ပြန့်စွာ ရိုက်ခတ်သည်။ ပြိုင်ဘက်ကင်းနတ်စွမ်းအားကို ပြသနေသည်။ ကြယ်ကမ္ဘာများ တုန်ခါလာသည်။ ကျင့်ကြံသူများ စစ်သင်္ဘောများက ဒီရေလှိုင်းဒဏ်သင့်သည့် ငါးများလိုဖြစ်နေသည်။

ထိန်းချုပ်နိုင်စွမ်းမရှိဘဲ လှိုင်းနှင့်အတူ ရွေ့လျားနေရသည်။

ရှီဝူမင် အံ့အားသင့်သွားသည်။ ကောင်းကင်အင်ပါယာ နန်းတက်ချိန်ကတည်းက ဒုတိယတစ်ကြိမ်တိုက်ခိုက်ရသည့် ပြိုင်ဘက်မျိုး သူမမြင်ဖူးခဲ့။ ကျင့်ကြံသူလောကမှ ပြသခဲ့သည့် ကြောက်စရာစွမ်းအားသည်ပင် သူတို့အင်ပါယာစွမ်းအားနှင့်ယှဉ်လျှင် အရောင်မှိန်နေသည်။

သို့သော်ယခု အင်ပါယာက လက်ရည်တူပြိုင်ဘက်တစ်ယောက် တကယ်တွေ့လာသည်။

ရှီချန်းတို့လည်း အံ့အားသင့်သွားသည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်တိုက်ပွဲကို မြင်ခွင့်ရသဖြင့် သူတို့ကံကောင်းသည်။ သို့သော် ထိုတိုက်ပွဲ၏ သက်ရောက်အားက ပြိုင်ဘက်ကင်းသည်။ မသေမျိုးတစ်ဝက်တိုက်ပွဲ၏ အားလှိုင်းရိုက်ခတ်မှုပင် ထိုထက်မပိုနိုင်။

"အကြီးအကဲတွေကို မြန်မြန်ဆက်သွယ်ကြ"

ရှီချန်းကပြောသည်။ ယခု လေးစားအားကျနေရမည့်အချိန်မဟုတ်။ အကူအညီခေါ်ဖို့ အရေးကြီးသည်။

ဒုတိယတန်းတိုက်စစ်မှ ကူးဖြတ်ခြင်းအဆင့်များ အချက်ပေးမှုကို ရသည်။ သို့သော် လုယန်တို့ရှိသည့်တည်နေရာကို မခန့်မှန်းနိုင်ကြ။

စုစည်းခြင်းအဆင့်ကျင့်ကြံသူများက ထွက်သွားသည့်ယာဉ်ပျံတပ်ဖွဲ့နောက်သို့ အနီးကပ်လိုက်သွားပြီး wormhole ခွဲဖွင့်နိုင်ခဲ့သည်။ ကြွင်းကျန်ရစ်သည့် လေဟာနယ်လှုပ်ရှားမှုများကိုကြည့်၍ wormhole ဝင်ပေါက်ကို ရှာနိုင်သည်။

သို့သော် အချိန်ကြာသွားပြီဖြစ်၍ ကျန်ရစ်သည့် လေဟာနယ်တုန်ခါလှိုင်းများက ပျောက်ကွယ်သွားပြီဖြစ်သည်။ တည်နေရာအမှတ်အသားကြည့်ဖို့သုံးသည့် ကြယ်များလည်း ဤတိုက်ပွဲကြောင့် လမ်းကြောင်းပြောင်းသွားသည်။

လမ်းကြောင်းရှာမတွေ့သဖြင့် ကွမ်တမ်ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် တိုက်ပွဲကြည့်ရင်း အံ့ဩမင်သက်မိရုံသာ တတ်နိုင်သည်။

"ဒါက ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲလား"

"ဘယ်နေရာမှ ဟာကွက်မရှိအောင် အမြင့်ဆုံးထိကျင့်ကြံထားတာပဲ"

"မသေမျိုးတွေပြောတဲ့ အဆင့်မတက်ခင် ပြည့်စုံတဲ့အနေအထားဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်"

"ကောင်းကင်အင်ပါယာလက်သီး"

"အရဟတ်လက်သီး"

သူတို့နှစ်ယောက်နောက်တွင် ကောင်းကင်အင်ပါယာနှင့် အရဟတ်တို့၏ ဓမ္မပုံရိပ်များ ခပ်ဝါးဝါးပေါ်လာသည်။ အင်ပါယာက နေ၊လ၊ကြယ်များကို လက်ဝါးထဲတွင် ထိန်းထားသည်။ အရဟတ်က မူရင်းဗုဒ္ဓကျမ်းစာကို ရွတ်ဖတ်နေသည်။

ထို့နောက် ဝူယော်ခေါင်းမှ ဆံပင်များ အစုလိုက်ကျွတ်ကျသွားသည်။

"တွေ့ရတာ ဝမ်းသာပါတယ် ခေါင်းပြောင်အင်ပါယာ"

လုယန် လေးလေးစားစားဦးညွှတ်နှုတ်ဆက်သည်။

"မင်းသေချင်နေတာပဲ"

ဝူယော် အကြီးအကျယ် ဒေါသပေါက်ကွဲသွားသည်။ သူ့ပုံပန်းသွင်ပြင်ကို အမြဲတန်ဖိုးထားခဲ့သည်။ ခေါင်းပြောင်ဖြစ်ရသည်ကို အသတ်ခံရသည်ထက် ပိုဒေါသထွက်သည်။ သူ့လက်အောက်ခံများ တိုက်ပွဲကြည့်နေကြသည်။ ကျင့်ကြံသူလောကသားများလည်း ဆက်သွယ်ရေးစက်မှ ထိုမြင်ကွင်းကိုမြင်နေရသည်။

ထို့နောက် ဝူယော်၏ဆံပင်ရှည်များ ချက်ချင်းပြန်ပေါက်လာသည်။ လုယန် အတော်အံ့အားသင့်သွားသည်။

သူ့အရဟတ်လက်သီးကို ဇစ်မြစ်အရိယဖလသန္ဓေဖြင့် အားဖြည့်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဆံပင်ပြန်ပေါက်ဖို့ဆိုလျှင် အရိယဖလသန္ဓေတစ်မျိုးသုံးမှသာရမည်။

ဆိုလိုသည်မှာ ဝူယော်တွင် အရိယဖလသန္ဓေတစ်ခု ပိုင်ထားခြင်းဖြစ်သည်။

လုယန် မအံ့ဩပါ။ ဝူယော်ဆိုသည်မှာ မသေမျိုးလူဝင်စား၊ ကျင့်ကြံနည်းတစ်ရာကျွမ်းကျင်သူ၊ နာမည်ကျော်ကြားပြီး အတွေ့အကြုံများသူဖြစ်သည်။

အရိယဖလသန္ဓေမတည်ဆောက်နိုင်လျှင်သာ အံ့ဩစရာဖြစ်မည်။

သို့သော် ဝူယော်၏အရိယဖလသန္ဓေ ဘယ်လိုစွမ်းရည်ရှိမှန်း သေချာမသိသေး။

ဆံပင်ပြန်ပေါက်သည့်စွမ်းရည်တော့ မဟုတ်နိုင်။

"ရှောင်ယန်၊ နင်တိုက်ခိုက်တာကောင်းတယ်။ အဲဒီ့အတိုင်း ဆက်တိုက်ခိုက်နေရုံပဲ"

သိစိတ်နယ်မြေမှနတ်မယ်က လုယန်ကိုအားပေးနေသည်။ သူ့အလံကိုဝှေ့ယမ်း၍ လေထဲသို့ လက်သီးနှစ်ချက်ထိုးပြသည်။ လုယန်ကို မထီလေးစားလုပ်သည့် ဝူယော်ကို အစောကတည်းက သူအမြင်ကပ်ခဲ့သည်။

ဝူယော်ဆံပင်ကျွတ်သွားသည်က တကယ်စိတ်ကျေနပ်စရာကောင်းသည်။

နတ်မယ်၏ဝတ်စုံက ခါတိုင်းထက် ပိုဟော့နေသည်။ ကျင့်ကြံသူလောကဝတ်စုံမျိုးမဟုတ်။ ကြယ်စုမဟာမိတ်မှ ချီးယားလီဒါပုံစံဖြစ်သည်။

ကြယ်စုမဟာမိတ်၏ စာကြည့်တိုက်တွင် မဟာမိတ်နှင့်ပတ်သက်သည့် အခြေခံအချက်များကို လုယန်လေ့လာစဉ်က နတ်မယ်လည်းအလကားမနေခဲ့။ စကားလုံးနည်းပြီး ရုပ်ပုံပိုများသည့် မဂ္ဂဇင်းများကို ရွေးဖတ်ခဲ့သည်။

နတ်မယ်၏ ချီးယားမှုက အကျိုးသက်ရောက်မှုရှိ၍လား၊ လုယန်တိုက်ပွဲအသာစီးရနေ၍လားတော့မသိ။ တိုက်ခိုက်မှုများက ပို၍မြန်ဆန်သွက်လက်လာသည်။

"သန့်စင်မယ်"

ကောင်းကင်မှကြယ်များကို ဝူယော်ဆင့်ခေါ်လိုက်သည်။ ပစ္စည်းသွန်းပညာသုံး၍ မသေမျိုးရတနာများအဖြစ် ဖန်တီးသည်။ နည်းလမ်းဟောင်းကို ပြန်သုံးသည်။ ကြယ်များကို ဆုံမှတ်အဖြစ်ထား၍ ဒြပ်ဆွဲအားနှစ်ထပ်မဟာမှော်စက်စက်ဝန်းကို တည်ဆောက်သည်။

လုယန်မလှုပ်နိုင်အောင် အလယ်တွင်ညှပ်ပိတ်ထားသည်။ ထို့နောက် ကြယ်များက တစ်လွှာပြီးတစ်လွှာ ကျဆင်းလာသည်။လုယန်ကို နောက်ထပ်ဖိနှိပ်သည်။

ကြယ်ဒြပ်ဆွဲအားမှော်စက်ဝန်းက ပထမတစ်ခုထက် ပိုပြင်းထန်သည်။ အရဟတ်လက်သီးဖြင့် ချိုးဖျက်၍ လုံးဝမရနိုင်။

"သတိထား"

ကူးဖြတ်ခြင်းအဆင့် ဝါရင့်ကျင့်ကြံသူများ လှမ်းအော်ကြသည်။ ထိုတိုက်ကွက်က အလွန်တရာပါးနပ်သည်။ မှော်စက်ဝန်းနှင့်ပစ္စည်းသွန်းပညာ နှစ်ခုလုံးကျွမ်းကျင်သူ၊ သို့မဟုတ် ခန္ဓာကျင့်ကြံသူစစ်စစ်များသာ ထိုမှော်စက်ဝန်းကို ချိုးဖျက်နိုင်လောက်သည်။

လုယန်က ထိုကျင့်ကြံသူမျိုးမဟုတ်။

သို့သော် မှော်စက်ဝန်းက သူ့အပေါ်သက်ရောက်မှုရှိပုံမရ။ ကြယ်ကမ္ဘာများကြား မြေဝိညာဉ်တစ်ခုလို လွတ်လပ်စွာလှုပ်ရှား၍ ဖြတ်ကျော်လာသည်။

ဝူယော် မျက်မှောင်ကျုံ့သွားသည်။ လုယန်ဘယ်လိုနည်းလမ်းသုံးနေသည်ကို သူနားမလည်။

'မြေစုံ့'မှော်ပညာသည် မြေကြီးထဲတွင် အတားအဆီးမရှိ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သည်။

ရွှေကျီးကန်းအော်သံ နဂါးငွေ့တန်းတလျှောက် ပဲ့တင်ထပ်သွားသည်။ မီးတောက်စစ်အစအနများ မှော်စက်ဝန်းမျက်နှာပြင်တွင် ပေါ်လာသည်။ ရွှေငှက်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး လုယန်ပုခုံးပေါ်တွင် နားသည်။

မျိူးတုန်းပျေက်ကွယ်ခဲ့သည့် ရွှေကျီးကန်းနှင့်ဆင်တူသည်။

ရွှေငှက်က တစ်ကောင်မှနှစ်ကောင် နှစ်ကောင်မှလေးကောင် ချက်ချင်းပွားလာသည်။ မှော်စက်ဝန်းတစ်ခုလုံး မီးငှက်များပြည့်သွားသည်။ မီးတောက်ကွန်ယက်ကြီးတစ်ခုဖြစ်လာသည်။ ကြယ်များ အရည်ပျော်ကျလာသည်။

"ရေပျော့သုံးထောင်စွမ်းအား"

မီုးတောက်စက်နှင့် ရင်ဆိုင်ဖို့ ဝူယောက်က လက်ကိုမြှောက်၍ လွေ့ရွှေမြစ်(ရေပျော့မြစ်)ကို ဆင့်ခေါ်သည်။ အော်မြည်နေသည့်လှိုင်းလုံးများက နဂါးအသွင်ပြောင်းသွားပြီး ရွှေငှက်များကို ခုန်အုပ်သည်။

နဂါးပုံရေလှိုင်းများကို မီးငှက်ကွန်ယက်က မရေမတွက်နိုင်သည့် ရေစက်များအဖြစ် ပိုင်းဖြတ်သည်။ စကြာဝဠာထဲတွင် ပြန့်ကျဲသွားသည်။ မီးငှက်ကွန်ယက် ပျံသန်းရှိန်နှေးအောင်သာလုပ်နိုင်သည်။

ဝူယော် အံ့အားသင့်သွားသည်။ ထိုရွှေငှက်မီးတောက်က သူထင်ထားသည်ထက် ပိုစွမ်းအားကြီးနေသည်။ သူအသိပြန်ဝင်လာချိန်တွင် ရွှေမီးတောက်များ ကောင်းကင်တွင်ဖြန့်ကျက်၍ သူ့ကိုဝါးမျိုသွားသည်။ သူ့အရေပြားနှင့်အသားကို လောင်ကျွမ်းသည်။

ဝူယော်က ရွှေပုရစ်အရေလဲပညာဖြင့် ခန္ဓာအပြင်ခွံကိုချန်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်လာသည်။ လုယန်ကို သူစိုက်ကြည့်သည်။ အထင်မသေးရဲတော့။

"ငါမင်းကို လျှော့တွက်ခဲ့မိပုံပဲ။ မင်းက ယင်ယန်အရိယဖလတည်ဆောက်ထားတဲ့ မသေမျိုးတစ်ဝက်လား"

ထိုစကားကြောင့် ပရိတ်သတ်အားလုံး အံ့အားသင့်သွားသည်။ မယုံနိုင်သည့်အကြည့်ဖြင့် လုယန်ကို ငေးကြည့်ကြသည်။

သူတို့အမြင်တွင် လုယန်သည် ကူးဖြတ်ခြင်းအလတ်တန်းဆင့် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ပြီး လျှို့ဝှက်ပညာတစ်မျိုးသုံး၍ ကျင့်စဉ်ယာယီမြင့်ထားသည်ဟုသာ ထင်ခဲ့ကြသည်။

အရိယဖလသန္ဓေ လျှို့ဝှက်တည်ဆောက်ထားမည်ဟု မတွေးမိကြ။

တစ်သက်လုံးကြိုးစားသော်လည်း အရိယဖလသန္ဓေမတည်ဆောက်နိုင်သည့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ များစွာရှိသည်။ လုယန်ပါရမီအရ မသေမျိုးတစ်ဝက်ဖြစ်လာမည်ဟု အားလုံးယုံကြည်ထားပါသည်။ သို့သော် ထိုအဆင့်သို့ ရောက်နေပြီးဖြစ်မည်ဟု ထင်မထားကြ။

လုယန်နှင့်ယှဉ်တွေး နှစ်ထောင်ချီသက်တမ်းများ အလဟသကုန်ဆုံးခဲ့သည်ဟု ကူးဖြတ်ခြင်းအဆင့်အကြီးအကဲများ တွေးမိကြသည်။

လုယန် ဝူယော်ကို မပွင့်တပွင့်ပြုံး၍ စိုက်ကြည့်သည်။

"အကြီအကဲက ကျုပ်တမင်ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကို ထိုးဖောက်မြင်နိုင်မယ်လို့ မထင်ခဲ့ဘူး။ တကယ်အမြင်စူးရှတာပဲ။

ဟုတ်ပါတယ်။ ကျုပ်က ယင်ယန်အရိယဖလသန္ဓေတည်ဆောက်ထားတဲ့ မသေမျိုးတစ်ဝက်ပါ"

*************************************

All Chapters