← Chapters

အခန်း ၁၃၁၉

Vol. 88 Ch. 1319

အခန်း ၁၃၁၉

Vol. 88 Ch. 1319

အခန်း (၁၃၁၉) မင်းဓားကိုငါရင်းနှီးသလိုပဲ

လုယန်နှင့်ဝူယော်တိုက်ပွဲကို လက်တွေ့မြင်ရသဖြင့် ကြောက်စရာကောင်းသည့် လုယန်၏စွမ်းအားအတိုင်းအတာကို ကောင်းဟွမ်ယုနားလည်လာသည်။

ကြယ်စုမဟာမိတ်တွင် လုယန်လှုပ်ရှားခဲ့သည့် အတိုင်းအတာကိုပင် ကောင်းကင်ဆန့်ကျင်နိုင်သည့်စွမ်းအားဟု အစက သူတွေးခဲ့သည်။ သို့သော်ယခု တစ်ချက်လှုပ်ရှားရုံဖြင့် ကြယ်များကို လမ်းကြောင်းပြောင်းနိုင်သည်။ သုံးလေးကြိမ်လှုပ်ရှားလျှင် ကြယ်စုတစ်ခုလုံးကို ဖျက်ဆီးနိုင်သည်။

ထိုအဖြစ်မျိုးကို ကောင်းကင်ဖျက်ဆီးနိုင်သည်ဟု ပြောလျှင်ပင် နည်းနည်းမသင့်တော်သယောင်ရှိသည်။

မသေမျိုးတစ်ဝက်အဆင့်သာရှိသေးသည်။ မသေမျိုးအစစ်များဆိုလျှင် ဘယ်လောက်စွမ်းအားကြီးမည်မသိ။

မသေမျိုးတိုက်ပွဲကို စိတ်ကူးကြည့်မိရုံဖြင့် ကောင်းဟွမ်ယုကြက်သီးထမိသည်။

ကျင့်ကြံသူများသည် သူတို့စွမ်းရည်ကို အမြင့်ဆုံးထိသန့်စင်ကြပြီး စကြာဝဠာစည်းမျဉ်းများကို ပြန်ပြင်ရေးကြသည်ဟုသာ သူကြားဖူးသည်။ သို့သော် ထိုအယူအဆကို သူ့ရုပ်ဝါဒအမြင်ဖြင့် လက်ခံနိုင်ဖို့ ခဲယဉ်းလွန်းသည်။

ယနေ့မှ ကျင့်ကြံသူလောက၏ ကြောက်စရာကောင်းသည့်သဘာဝကို နားလည်သည်။

ထိုကျင့်ကြံသူများက ဖယောင်းကောင်းကင်ကြယ်ကို မနိုင်မည့်အရေး တကယ်တွေးပူနေကြသလော။

"ယင်ယန်အရိယဖလသန္ဓေလေးပဲ"

သူဖလှယ်မှုအရိယဖလပိုင်ဆိုင်ခဲ့စဉ်က ကိုးဆမသေမျိုးထက် စွမ်းအားမနိမ့်ဟု သူ့ကိုယ်သူယုံကြည်သည်။ သို့သော် ဖလှယ်ခြင်းအရိယဖလကိုစွန့်ပယ်ပြီး အရိယဖလအသစ်ကို တည်ဆောက်ဖို့ ကြိုးစားခဲ့သည်။ ယခုထိ ကိုးဆမသေမျိုးထက် စွမ်းအားမသာသေးလျှင် ရယ်စရာကောင်းလွန်းနေပေလိမ့်မည်။

ဝူယော် လက်ချောင်းထိပ်ကိုကိုက်၍ လေဟာနယ်တွင် မှော်အဆောင်များရေးဆွဲသည်။ အဆောင်တစ်ခုက အဖိုးအနဂ္ဂထိုက်တန်သည်။ မှော်အဆောင်ကျွမ်းကျင်သူတစ်ယောက် ကံကောင်းထောက်မပြီး ထိုမှော်အဆောင်တစ်ခု သင်ယူခွင့်ရလျှင် သုံးရက်အတွင်း မှော်အဆောင်ပညာနှင့်ပတ်သက်၍ အတွေးအမြင်သစ်များ ရလာလိမ့်မည်။

ရုတ်တရက် လုယန်ရှေ့တွေင် မှော်အဆောင်တစ်ခုပေါ်လာသည်။ လေဟာနယဖြတ်ကူးလာသကဲ့သို့ ရုတ်တရက်ပေါ်လာခြင်းဖြစ်သည်။

မှော်အဆောင်က လုယန်ရှေ့တွင် ပေါက်ကွဲသွားသည်။ 'ကျန်း'တစ်သောင်းခရမ်းလျှပ်စီးတန်းတစ်ခု ဆင်းလာပြီး သူအရေပြားနှင့်အသားကို ခွဲဖြတ်သည်။ လျှပ်စီးတန်းက တစ်ခုတည်းမဟုတ်။ ကြယ်ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်အောင် လျှပ်စီးများစွာပေါင်းစုထားခြင်းဖြစ်သည်။

ကျင့်ကြံသူများသည် ကောင်းကင်လျှပ်စီးကို အလိုလိုကြောက်ရွံ့ကြသည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူများ နောက်သို့ထပ်ဆုတ်သွားသည်။ တိုက်ပွဲကွင်းနှင့် တတ်နိုင်သမျှဝေးဝေးခွာသည်။

"ဒါဘယ်လိုလျှပ်စီးမျိုးလဲ"

"ဒဏ္ဍာရီထဲက ကောင်းကင်တုန်မသေမျိုးလျှပ်စီးဆိုတာများလား"

ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများ အကြီးအကျယ်အံ့အားသင့်သွားသည်။ လေထဲတွင်လက်တမ်းရေးဆွဲလိုက်သည့် မှော်အဆောင်တစ်ခုက ထိုမျှစွမ်းအားကြီးသည်။

ဝူယော်က မှော်အဆောင်များ အဆက်မပြတ် ထပ်ရေးဆွဲသည်။

လုယန်၏ဒဏ်ရာများ ချက်ချင်းပျောက်ကင်းသွားသည်။ တစ်စက္ကန့်ပင်မကြာ။

သူနားလည်လာသည်။ ဝူယော်က လေဟာနယ်မှော်ပညာကိုသုံး၍ မှော်အဆောင်ကို သူ့ရှေ့သို့ပို့ပြီး အငိုက်ဖမ်းတိုက်ခိုက်ခြင်းဖြစ်သည်။

လေဟာနယ်မှော်ပညာသည် လုယန်၏အားနည်းချက်ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်လျှင် သူ့ဘက်မှ အရေးမလှနိုင်။ ခြေတစ်လှမ်းမိုင်ချီပညာသုံး၍ ထွက်ပြေး၍လည်းမဖြစ်။ ဝူယော်က သူ့နာမည်ကို ထိန်းဖို့လိုသလို သူလည်း သိက္ခာထိန်းဖို့လိုသည်။

ဝူယော်၏လက်ချောင်းထိပ်တွင် မှော်အဆောင်များ ဆက်တိုက်ပေါ်လာသည်။ ရာချီထောင်ချီရှိသည်။ အားလုံးက မတူညီသည့် လျှပ်စီးမှောင်အဆောင်များဖြစ်သည်။ ထိုမှော်အဆောင်အားလုံး စွမ်းအားပြည့်ပေါက်ကွဲလျှင် မသေမျိုးအဆင့်တက်လျှပ်စီးထက် အားနည်းမည်မဟုတ်။

ဝူယော် လေဟာနယ်ပညာဖြင့် မှော်အဆောင်အားလုံးကို လုယန်ရှေ့သို့ ပို့လိုက်သည်။ စက္ကူနံရံကြီးတစ်ခုဖြစ်လာသည်။ ထိုမျှတန်ဖိုးကြီးသည့် မှော်အဆောင်များကို ဟင်းရွက်ကန်စွန်းရွက်လို ထုတ်လုပ်နိုင်သည်။ ကိုယ်တွေ့မမြင်ရလျှင် ဘယ်သူမှယုံမည်မဟုတ်။

မသေမျိုးအားလုံးထဲတွင် မသေမျိုးမှော်အ‌‌ဆောင်များ အသုံးပြုနိုင်သူ သူတစ်ယောက်သာရှိသည်။

"ဖောက်ခွဲမယ်"

ဝူယော် ပေါ့ပါးစွာ ရေရွတ်လိုက်သည်။ လျှပ်စီးအဆောင်အားလုံး တစ်ပြိုင်တည်း မီးစလောင်သည်။

မသေမျိုးတစ်ယောက်ဖြစ်လာဖို့ လုယန်စိတ်သွင်းထားသည်။ မသေမျိုးလျှပ်စီးနှင့် တန်းတူအဆင့်ရှိသည့် ထိုမှော်အဆောင်များကို သူမကြောက်။ သိုသော် ငြိမ်ရပ်နေပြီးလျှပ်စီးအထိခံဖို့လောက်ထိ သူမရူးမိုက်။

လျှပ်စီးအဆောင်များ ပေါက်ကွဲခါနီးဖြစ်လာသည်။ ကြည့်နေသည့်ကျင့်ကြံသူများ ရင်ထဲတွင်တင်းကြပ်လာသည်။ မသေမျိုးကူးဖြတ်ခြင်းလျှပ်စီးအစစ်ကို ခုခံနိုင်ဖို့ ဘယ်သူမှယုံကြည်ချက်မရှိကြ။

သို့သော် မီးလောင်နေသည့် မှော်အဆောင်များ တစ်ဝက်ကျိုးချိန်တွင် ရုတ်တရက် အချိန်နောက်ပြန်ရစ်သွားသကဲ့သို့ မီးမလောင်မီကလို အကောင်းပကတိပြန်ဖြစ်သွားသည်။

ဝူယော် "..."

မှော်အဆောင်ပညာစလေ့လာကတည်းက ထိုအအခြေအနေမျိုး သူတစ်ခါမှမကြုံဖူး။

ဘယ်လိုပညာမျိုးမှန်းမသိ။ သူကိုယ်တိုင်ပင်နားမလည်နိုင်သည့် အချိန်မှော်ပညာကို ထိုကောင်လေးက တတ်ကျွမ်းနေခြင်းလော။

ဝူယော်သည် မသိသေးသည့်နယ်ပယ်များကို လေ့လာဖို့ ဝါသနာထုံသူဖြစ်သည်။ ဘက်စုံစွမ်းအားကြီးဖို့ ကြိုးစားသည်။ သို့သော် အချိန်မှော်ပညာအတွက်တော့ သူပါရမီမရှိ။ အခြေခံလောက်သာ လေ့လာနိုင်ခဲ့သည်။

ယခု မထင်မှတ်ဘဲ အချိန်မှော်ပညာကျွမ်းကျင်သည့် ပြိုင်ဘက်တစ်ယောက်နှင့် ကြုံရသည်။

ဝူယော်၏ညာလက် လှုပ်ခါသွားသည်။ ကြေးနီရောင်လှံတစ်လက် လက်ထဲသို့ရောက်လာသည်။ မသေမျိုးရွှေဖြင့် ပြုလုပ်ထားသည့် မသေမျိုးရတနာဖြစ်သည်။

ထူးဆန်းသည့်ခြေလှမ်းဖြင့် သူရှေ့တက်သွားသည်။ လုယန်ရှေ့သို့ ချက်ချင်းရောက်သွားပြီး လှံဖြင့်ထိုးလိုက်သည်။

"အရိပ်မဲ့ခြေလှမ်းပဲ"

သမိုင်းကြောင်းဗဟုသုတများသည့် ကူးဖြတ်ခြင်းအဆင့် အကြီးအကဲတစ်ယောက်က တအံ့တဩရေရွတ်သည်။

"ဒါက ယုအင်ပါယာဝူယော်ရဲ့ အတုမဲ့ပညာပဲ။ သူတစ်ယောက်ပဲကျွမ်းကျင်တာ"

"ဘယ်လို။ သူက အင်ပါယာဝူယော်လား"

အားလုံး ဆူညံပွက်လောရိုက်သွားသည်။ ကောင်းကင်အင်ပါယာက သူတို့ဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်သဖြင့် ကျင့်ကြံမှုလောကသားတစ်ယောက်ဖြစ်မည်ဟု သာခန့်မှန်းခဲ့ကြသည်။

အင်ပါယာဝူယော်ဖြစ်မည်ဟုတော့ လုံးဝမတွေးမိကြ။

သရုပ်မှန်ကိုသိပြီးနောက် မေးခွန်းများစွာပေါ်လာသည်။

ဘယ်သူမှအပြင်မထွက်နိုင်အောင် ကျင့်ကြံသူလောကကို ရှေးဟောင်းမသေမျိုးလေးယောက်က အလုံပိတ်ခဲ့သည်မဟုတ်လော။ ကျင့်ကြံသူလောကမှ ဝူယော်ဘယ်အချိန်ထွက်သွားသနည်း။ ဘယ်လို ထွက်သွားနိုင်ခဲ့သနည်း။

လုယန်နှင့်ဝူယော်က ထိုမေးခွန်းများကို ဖြေနိုင်သည်။ သို့သော် နှစ်ယောက်လုံး တိုက်ပွဲကို အပြည့်အဝစိတ်နှစ်ထားရသည်။ ထိုကိစ္စများ ပြောနေချိန်မရှိ။

အားလုံး၏အကြည့်က လုယန်ဆီ ပြန်ပြောင်းသွားသည်။ သူ့ပါရမီက ကြောက်စရာကောင်းလွန်းသည်။ မသေမျိုးဖြစ်ပြီးမှ ကျင့်စဉ်ပြန်စသည့်ဝူယော်ကို လက်ရည်တူယှဉ်နိုင်သည်။

သမိုင်းတွင် ထိုအဖြစ်မျိုး တစ်ခါမှမကြားဖူး။

လုယန်ကို အမီလိုက်မည်ဟု သန္နိဌာန်ချထားသည့် ပါရမီရှင်များ၊ ဒုတိယလုယန်ဟု ကြွေးကြော်နေသူများ စိတ်ပျက်သွားသည်။ လုယန်က စွမ်းအားကြီးလွန်းသဖြင့် အမီလိုက်ချင်စိတ်ပျောက်ဆုံးသွားသည်။

ယခု လုယန်ကို ခေတ်အားလုံး၏ အမြင့်ဆုံးပါရမီရှင်ဟုခေါ်လျှင်ပင် ဘယ်သူမှငြင်းကြမည်မထင်။

ခုနကအကြီးအကဲက လုယန်ကိုအတွက် စိုးရိမ်သွားသည်။

"အခြေအနေတော့ဆိုးပြီ။ အရိပ်မဲ့ခြေလှမ်းပညာက ပတ်ဝန်းကျင်လေဟာနယ်ကို ဖျက်ဆီးနိုင်တယ်။ လုယန် လေဟာနယ်ပညာတွေ သုံးနိုင်မှာမဟုတ်ဘူး"

ကြေးနီလှံ ထိုးဖောက်ခါနီးတွင် လုယန်နေရာမှပျောက်သွားပြီး ဝူယောက်နောက်တွင် ဖျတ်ခနဲပေါ်လာသည်။ လေဟာနယ်တုန်ခါမှုလုံးဝမရှိ။

"ဟာ.."

ဝူယော် မျက်လုံးပြူးသွားသည်။ ဘယ်လိုလုပ်လိုက်သည်မသိ။ လေဟာနယ်ပညာမဟုတ်သည်က သေချာသည်။ မှော်ပညာဖြင့်လုပ်နိုင်သည့် ကိစ္စမျိုးပင်မဟုတ်။

ယင်ယန်အရိယဖလသန္ဓေစွမ်းအားလည်း မဖြစ်နိုင်။

အမှန်တော့ လုယန်က ဇစ်မြစ်အရိယဖလသန္ဓေသုံး၍ တိုက်ပွဲအတွင်းကရှိခဲ့သည့် လေဟာနယ်တစ်နေရာသို့ ပြန်ရောက်သွားခြင်းဖြစ်သည်။

ဆိုလိုသည်မှာ တိုက်ပွဲကွင်းအတွင်း သူသွားချင်သည့်နေရာသို့ ရောက်အောင်သွားနိုင်သည်။

ဓားအလင်းတစ်ခု ကြယ်ကောင်းကင်၌ ပေါ်လာသည်။

"ချွင်"

တိုက်ပွဲအတွေ့အကြုံကြွယ်သူဖြစ်၍ လုယန်ရည်ရွယ်ချက်ကို ဝူယော်ခန့်မှန်းနိုင်သည်။ ချက်ချင်းနောက်လှည့်ပြီး ဓားချက်ကို လှံဖြင့်ကာသည်။

သူ့သက်တမ်းတစ်စိတ်စာပင်မရှိသည့် မျိုးဆက်သစ်တစ်ယောက်လှည့်စားခံရသဖြင့် ဝူယော်မျက်နှာတင်းသွားသည်။

"မင်းပိုင်ဆိုင်ထားတာ ယင်ယန်အရိယဖလသန္ဓေလုံးဝမဟုတ်ဘူး။ မင်းကဘာလဲ..‌.နေဦး၊ မင်းဓားကို ငါအရမ်းရင်းနှီးနေသလိုပဲ"

လုယန်လက်ထဲမှ ချင်ဖုန်းဓားကို ဝူယော်တအံ့တဩစိုက်ကြည့်သည်။ မသေမျိုးရတနာများထဲတွင် သူတန်ဖိုးအထားဆုံး မသေမျိုးဓားဖြစ်သည်။ သွန်းလုပ်ဖို့ များစွာကြိုးစားအားထုတ်ခဲ့ရသည်။

ထိုအချိန်ကျမှ ချင်ဖုန်းဓားသည် ဝူယော်ထံမှ အမယွမ်ရလာသည့် ဓားဖြစ်ကြောင်း လုယန်ပြန်သတိရလာသည်။

"ငါ့ဓား..ဒီကိုလာစမ်း"

ဝူယော် သိစိတ်အာရုံမှ သူ့မသေမျိုးဓားကို လှမ်းခေါ်လိုက်သည်။

သို့သော် မသေမျိုးဓားက ပြန်မလာသည့်အပြင် လုယန်နားသို့ ပို၍ကပ်သွားသည်။

လုယန် နည်းနည်းအားနာလာသည်။

"အဲ...ကျုပ်မှာ ဓားဝိညာဉ်မြစ်ရှိလို့ ဒီဓားက ကျုပ်ကိုအလိုလိုခင်တွယ်လာတာလို့ပြောရင် ခင်ဗျားယုံမလား"

"ပေါက်တတ်ကရပြောမနေနဲ့။ ဓားဝိညာဉ်မြစ်ရှိတဲ့ကောင်တွေ့ ငါမတွေ့ဖူးဘူးထင်နေလား။ ငါ့ဓားကိုပြန်ပေးစမ်း"

ဝူယော်ဒေါသတကြီးအော်ဟစ်လိုက်သည်။ ထိုကောင်လေးကို အနိုင်မယူရသေးမီ သူအရှက်ကွဲနေပြီဖြစ်သည်။ သူသဘောအကျဆုံးဓားကလည်း သူ့ကိုသစ္စာဖောက်သည်။

ယနေ့ သူတို့နှစ်ယောက်ထဲတွင် တစ်ယောက်သာအသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မည်။

လုယန်ခဏပြန်စဉ်းစားသည်။ ချင်ဖုန်းဓားဖြင့် ဝူယော်ကို တိုက်ခိုက်ခြင်းသည် နည်းနည်းမသင့်တော်။ ထို့ကြောင့် ချင်ဖုန်းဓားကိုသိမ်းပြီး မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုကို ထုတ်သည်။

"အမှန်အတိုင်းပြောရရင် ကျုပ်လည်း မသေမျိုးသတ်ဓားစက်ဝန်းပညာကို တတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားကိုတိုက်ခိုက်ဖို့ မသုံးဘူး"

လုယန်က သဘောထားအပြည့်ဖြင့်ပြောသည်။ မည်သို့ဆိုစေ ထိုပညာသည် ဝူယော်၏တီထွင်မှုဖြစ်သည်။ ပို၍ဒေါသထွက်အောင် သူမလုပ်ချင်။

"မင်းငါ့ကို ငဲ့ညှာနေစရာမလိုဘူးကွ"

ဝူယော် ဒေါသပေါက်ကွဲသွားသည်။

မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားက မသေမျိုးသတ်ဓားစက်ဝန်းတည်ဆောက်ပြီး ဝူယော်ကို လွှမ်းခြုံသွားသည်။ ပြင်းထန်သည့်ဖိအားကြောင့် ဝူယော်၏ခြေထောက်များကွေးညွှတ်ပြီး ဒူးထောက်ကျသွားသည်။

ဒူး‌ထောက်ပုံက တကယ်စနစ်ကျသည်။

"ကျုပ်ခင်ဗျားကို ငဲ့ညှာနေစရာမလိုဘူးလို့ ပြောလိုက်သလားလို့"

"မင်းသေချင်နေတာပဲ ကောင်လေး"

********************************

All Chapters