← Chapters

အခန်း ၁၃၂၀

Vol. 88 Ch. 1320

အခန်း ၁၃၂၀

Vol. 88 Ch. 1320

အခန်း (၁၃၂၀) ဖန်တီးခြင်း

စကြာဝဠာတွင် နောက်တစ်ကြိမ် ကြောက်စရာစွမ်းအင်ပေါက်ကွဲမှု ဖြစ်လာပြန်သည်။ ကြယ်ပါင်းများစွာ ကြွေကျ၍အမှုန့်ဖြစ်သွားသည်။

ဓားရောင်လှံရောင်တောက်ပနေသည်။ စွမ်းအင်ရောင်နှစ်ခု ရောယှက်နေသည်။ ကြယ်စုများတိုက်မိ၍ အလင်းဖြာထွက်သည့်အဖြစ်နှင့် ဆင်တူသည်။

ကြောက်စရာချီစွမ်းအားက တိုက်ပွဲနေရာတွင် သိပ်သည်းဖုံးလွှမ်းနေသည်။ စုစည်းခြင်းအဆင့်များပင် တိုက်ခိုက်သူနှစ်ယောက် ဘယ်နေရာရောက်နေသည်ကို ခွဲခြားမမြင်နိုင်ကြ။

"ကောင်းကင်မျက်လုံးစွမ်းအား"

ရှီချန်းက ဗုဒ္ဓစွမ်းအားခြောက်မျိုးထဲမှ တစ်မျိုးကိုသုံးလိုက်သည်။ ကောင်းကင်မျက်လုံးဖွင့်၍ နေရာစုံမှ မရေမတွက်နိုင်သည့် လောကများကို ကြည့်ရှူသည်။

"မသေမျိုးသတ်ဓားစက်ဝန်း"

ဓားစက်ဝန်းပညာကို လုယန်နောက်တစ်ကြိမ်သုံးသည်။ မသေမျိုးဓားရှစ်လက်နှင့်အတူ ချင်ဖုန်းဓားနေရာတွင် ဓားဆေးကန်ကိုထည့်သည်။ မသေမျိုးဓားကိုးလက်ဟု သတ်မှတ်နိုင်သည်။ စွမ်းအားက အတိုင်းအဆမရှိ။

"ငါ့တိုက်ကွက်နဲ့ ငါ့ကိုပြန်တိုက်ခိုက်မယ်ပေါ့။

အစောပိုင်းက သူဒေါသထွက်နေချိန်တွင် အလစ်တိုက်ခိုက်သဖြင့် အငိုက်မိသါားခြင်းဖြစ်သည်။ ဒုတိယတစ်ကြိမ် ဓားစက်ဝန်းထဲ သူဘယ်လိုကျနိုင်မည်နည်း။

ထို့ပြင် သူသည် ဤဓားစက်ဝန်းပညာကို တီထွင်သူဖြစ်သည်။ ဓားစက်ဝန်းထဲမှ အားနည်းသည့်ဆုံမှန်နေရာများကို သိထားသည်။

လက်နှစ်ဘက်လှုပ်ရှား၍ ထူးဆန်းသည့်မှော်တံဆိပ်များ ဖန်တီးလိုက်သည်။ ဓားစက်ဝန်း၏ ပျော့ကွက်နေရာများကို ရိုက်ချသည်။

သို့သော် သူမျှော်လင့်ထားသလို့ ဓားစက်ဝန်းက ပြိုကွဲမသွားပဲ ပုံမပျက်ရှိနေသည်။

"ဒီဓားစက်ဝန်းကို မင်းပြောင်းလဲထားတာလား"

ဝူယော် သေချာစစ်ဆေးသည်။ လုယန်သုံးလိုက်သည့် ဓားစက်ဝန်းသည် သူတီထွင်ခဲ့သည်နှင့်မတူ။ ပို၍ပင်ပြည့်စုံသယောင်ရှိသည်။

"မသေမျိုးသတ်ဓားစက်ဝန်းကို ကိုယ့်ဘာသာတီထွင်ထားသလိုလို ပြောနေတယ်ပေါ့"

လုယန် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ မသေမျိုးဓားများက ကောင်းကင်ကိုဖြတ်သန်း၍ ဝူယော်ဆီကျဆင်းလာသည်။

ဝူယော်သည် မသေမျိုးသတ်ဓားစက်ဝန်း၏ မူရင်းတီထွင်သူမဟုတ်။ ချီလင်မသေမျိုးချန်ထားခဲ့သည့် ဓားစက်ဝန်းအပိုင်းအစများကိုတွေ့၍ တီထွင်ကြံဆခဲ့ခြင်းဖြစ်သည်။

ချီလင်က သူ့မိန်းမနှစ်ယောက်ကို ဒူးထောက်တောင်းပန်ရမည့်အချိန်မျိုးအတွက် ထိုဓားစက်ဝန်းကို ဒီဇိုင်းထွင်ထားခြင်းဖြစ်သည်။

ယင်ထန်မသေမျိုးထံမှ ဓားစက်ဝန်းအဆင့်မြှင့်သည့်နည်းလမ်းများ လုယန်ရထားပြီးဖြစ်သည်။ မူလဓားစက်ဝန်းထက်ပင် ပိုသာနိုင်သည်။

"အဲလိုဆိုတော့လည်း ပြရသေးတာပေါ့။...မသေမျိုးသတ်ဓားစက်ဝန်း"

ဝူယော်၏ကြေးနီလှံ တဖျတ်ဖျတ်တောက်ပလာသည်။ ထို့နောက် ပုံစံတူလှံရိပ်များစွာပေါ်လာသည်။ ဓားနေရာတွင်လှံကိုအစားထိုး၍ ဓားစက်ဝန်းတည်ဆောက်ခြင်းဖြစ်သည်။

မသေမျိုးသတ်ဓားစက်ဝန်းကို အရိုးရှင်းဆုံး အကြမ်းတမ်းဆုံး တန်ပြန်တိုက်ခိုက်နည်းက ဆန့်ကျင်ဘက်ဓားစက်ဝန်းတစ်ခု ဖန်တီးဖို့ဖြစ်သည်။

ကျလာသည့် မသေမျိုးဓားများက ပျံတက်လာသည့် ကြေးနီလှံများနှင့် ရင်ဆိုင်တွေ့သည်။ ဝင့်ထည်သည့်နေမင်းကဲ့သို့ တောက်ပသည့်မသေမျိုးအလင်းများ ဖြာထွက်လာသည်။

ဓားနှင့်လှံ အရေအတွက်ချင်းတူလျှင် လုယန်၏ဓားစက်ဝန်းက အသာစီးရလိမ့်မည်။ သို့သော် ဝူယော်က သူ့ဓားစက်ဝန်းအားနည်းချက်များကို ကာမိဖို့ လှံအရေအတွက်ကို ထပ်တိုးထားသဖြင့် လုယန်နှင့် လက်ရည်ညီနေသည်။

လုယန် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ မသေမျိုးဓားများနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ဝူယော်က ကြေးနီလှံများစွာ ချက်ချင်းထုတ်နိုင်ခြင်းသည်။ မှော်ပညာဖြင့်ဖန်တီးခြင်းမဟုတ်။

"ဒါက အရိယဖလသန္ဓေရဲ့ စွမ်းရည်တစ်မျိုးလား။ ပုံတူပွားတာလား"

လုယန်ခေါင်းခါသည်။ ပုံတူပွားအရိယဖလသန္ဓေဆိုလျှင့် ကွမ်းရှန်ဟိုင်၏ ပုံသွန်းအရိယဖလအောက်သို့ ရောက်သွားမည်။ ထိုအရိယဖမျိုး ဝူယော်ရွေးချယ်မည်မဟုတ်။

ဝူယော်က ရေကိုခါထုတ်၍ မင်ရည်အဖြစ်ပြောင်းသည်။ လေဟာနယ်ကို ပတ္တူစအဖြစ်သုံးသည်။ နတ်ဆိုးသားရဲများ ပတ္တူစထဲမှ ခုန်ထွက်လာသည်။ နတ်ဆိုးသားရဲအစစ်များအဖြစ် အသွင်ပြောင်းပြီး လုယန်ဆီပြေးဝင်လာသည်။

တော်ဝင်သားရဲလေးမျိုး၊ မကောင်းဆိုးဝါး‌လေးမျိုး၊ နဂါး၊ ဖီးနစ်၊ တိကျန်း...ထိုနတ်ဆိုးသားရဲအားလုံးက ရှေးဟောင်းခေတ်တွင် ကူးဖြတ်ခြင်းအဆင့်ရောက်ခဲ့သည့် သားရဲကြမ်းများဖြစ်သည်။ သမိုင်းပုံရိပ်များနှင့် အလားသဏ္ဌာန်တူသည်။

လောကတွင် သူတို့ပုံရိပ်များချန်ခဲ့သည်။ ဝူယော်ရေးဆွဲလိုက်သည့် သားရဲများက ထိုပုံရိပ်နှင့်ပေါင်းစပ်သွားသည်။ သူတို့၏ ရှေးဟောင်းမူလအသွင်ဖြင့် ရောက်လာသလိုပင်ဖြစ်သည်။

ကူးဖြတ်ခြင်းအဆင့်ဝါရင့်များ လုယန်အတွက် စိုးရိမ်နေသဖြင့် ရင်တမမဖြစ်နေသည်။ ဆက်သွယ်ရေးကိရိယာများမှကြည့်နေသည့်တိုင် ထိုနတ်ဆိုးသားရဲများ၏ လူသတ်စွမ်းအင်ရောင်ကို သူတို့ခံစားမိကြသည်။ ရှေးဟောင်းနတ်ဆိုးအစစ်များဖြစ်သည်။

"ဒီတစ်ခါတော့ မလွယ်လောက်ဘူး"

ကောင်းကင်ဂိတ်တောင်ထိပ်တွင် လက်ဖက်ရည်သောက်နေသည့် ကျွေးယွဲ့ မျက်နှာပျက်သွားသည်။ ထိုနတ်ဆိုးသားရဲများသည် ဖန်တီးမှုဖြစ်သည်။ စိတ်ခံစားချက်အစစ်ရှိသည်မဟုတ်။ မဆင်မခြင်တိုက်ခိုက်လျှင် အကြီးအကျယ်ဒုတ္ခရောက်သွားနိုင်သည်။

"ချင်ဟဲ၊ ဘယ်သူနိုင်မယ်ထင်လဲ"

ကန်ထန်လည်း ရှေ့တန်းသို့ ရောက်နေသည်။ ကျွေးယွဲ့နှင့်ချင်ဟဲက ကွမ်တမ်ဆက်သွယ်ရေးစက်မှတစ်ဆင့် ကြည့်နေသည်။

ချန်ဟဲက အထင်မကြီးဟန်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့၍

"လုယန်ပဲနိုင်မှာပေါ့။ သူက သခင်မရွေးချယ်ထားတဲ့ တပည့်ပဲလေ။ သူ့ပြိုင်ဘက်က ဝူယော်ဖြစ်ဖြစ် ကောင်းကင်အင်ပါယာဖြစ်ဖြစ် ဘာမှအရေးမကြီးဘူး။ သခင်မတပည့်က ဘယ်လိုလုပ်ရှုံးမှာလဲ"

ကျွေးယွဲ့ မျက်ခုံးတစ်ချက်လှုပ်သွားသည်။ နတ်မယ်နှင့်လုယန်က တကယ်ဆရာတပည့်ဆက်ဆံရေးမျိုးလော။ သူ့ခံစားချက်ခုနစ်မျိုးအရိယဖလက သူ့ကိုပြောသည်မှာ ထိုသို့မဟုတ်။

ထိုစကားမျိုးကို ထုတ်မပြောသင့်။ လက်ဖက်ရည်သောက်ဖော်ဖြစ်သည့် ချင်ဟဲကို ဆုံးရှုံးသွားနိုင်သည်။

"ဂါး"

နတ်ဆိုးတစ်ရာတိုက်ခိုက်မှုကို ရင်ဆိုင်ရသဖြင့် လုယန် မသေမျိုးဓားများကိုပြန်ထုတ်သည်။ မသေမျိုးဓားရှစ်လက်က အရပ်ရှစ်မျက်နှာကို စောင့်ကြပ်နေသည်။ သူတို့၏အတုမဲ့ဓားချီက ကောင်းကင်သုံ့ဆယ့်သုံးခုကို ထိုးဖောက်သွားသည်။ စကြာဝဠာ တုန်ခါလာသည်။

"သေကြစမ်း"

ထိုမျှများပြားသည့် နတ်ဆိုးသားရဲအုပ်မျိုး တစ်ခါမှရင်မဆိုင်ဖူးသဖြင့် လုယန်စိတ်အားတက်ကြွနေသည်။ ဤနတ်ဆိုးသးရဲများသည် သူ့ဓားအတွက် ဓားသွေးကျောက်များဖြစ်သည်။

ဓားရောင် လင်းလက်တောက်ပလာပြီး လေဟာနယ်ကို ထိုးခွဲသွားသည်။ ဓားတစ်ချက်ဝင့်တိုင်း နတ်ဆိုးသားရဲတစ်ကောင်သေသည်။

နတ်ဆိုးတစ်ရာက ကူးဖြတ်ခြင်းအဆင့်သာရှိသော်လည်း အားလုံးကို လူတစ်ကိုယ်ဓားတစ်လက်ဖြင့် အကုန်ရှင်းလင်းနိုင်ဖို့တော့ မျော်လင့်မထား။

သိပ်မကြာမီ သူဒဏ်ရာရလာသည်။ ယခု ဝေဒနာကိုခံစားသည့်အာရုံ လုံးဝပျောက်ကွယ်သွားသည်။ ဓားပညာကိုနားလည်ရသည့် ကြည်နူးမှုထဲတွင် စိတ်နစ်မြုပ်နေသည်။ ဝူယော်ပင် ယခုလိုအန္တရာယ်ကြားတွင် ဉာဏ်အလင်းရှာဖွေဖို့ သတ္တိမရှိလောက်။

တစ်ခုခုမူမမှန်ကြောင်း ဝူယော်ချက်ချင်းရိပ်မိသည်။ နတ်ဆိုးသာရဲများကြောင့် လုယန် အပြင်းအထန်ဒဏ်ရာရထားသည်။ ဒဏ်ရာများကို မကုသလျှင် ကျင့်စဉ်အခြေခံ ထိခိုက်နိုင်သည်။ သို့သော် လုယန်၏ဒဏ်ရာများက ချက်ချင်းပြန်ပျောက်ကင်းသွားသည်။

ဝူယော် နားလည်လာသည်။ လုယန် ယုံကြည်ချက်ရှိ၍ ထိုမျှရဲတင်းနေခြင်းမဟုတ်။ ဤတိုက်ပွဲကို သူ့စွမ်းရည်သွေးဖို့ စမ်းသပ်မှုအဖြစ် သဘောထားခြင်းဖြစ်သည်။

တွေးရင်းတွေးရင်း ဝူယော်ပို၍ဒေါသထွက်လာသည်။ နတ်ဆိုးသားရဲများကို အလုံးအရင်းဝင်တိုက်ခိုက်ဖို့ အမိန့်ပေးသည်။ လုယန် ဒဏ်ရာကုသခွင့်မရစေရန် အရေအတွက်အင်အားဖြင့် ဖိနှိပ်ဖို့ကြိုးစားသည်။

နတ်ဆုးသားရဲများ လုယန်ပေါ်သို့ အစုအပြုံလိုက်ခုန်အုပ်သည်။ လက်တစ်ချောင်းပင် မလှုပ်နိုင်တော့။ မသေမျိုးဓားရှစ်လက်ကိုလည်းသားရဲအုပ်က ဖိနှိပ်ထားသည်။

"ဘုန်း"

သားရဲပုံကြီး ပေါက်ကွဲသွားသည်။ ခြေပြတ်လက်ပြတ်များ အသားအပိုင်းအစများ လေဟာနယ်တွင်ပြန့်ကျဲ၍ မင်အဖြစ်ပြောင်းသွားသည်။

"ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာလား"

ဝူယော် အံ့အားသင့်သွားသည်။ အကြမ်းတမ်းဆုံးနည်းလမ်းကို လုယန်ရွေးချယ်မည်ဟု သူထင်မထား။

သို့သော် သူ့မျက်စိရှေ့တွင် ပေါ်လာသည့်လုယန်က အထိအခိုက်လုံးဝမရှိ။ ခန္ဓာကိုယ်ဖောက်ခွဲခဲ့သူတစ်ယောက်နှင့်မတူ။

ဝူယော် မျက်မှောင်ကျုံ့သွားသည်။

"မှော်အဆောင်ကို နဂိုရ်အတိုင်းဖြစ်အောင် ပြင်နိုင်တယ်၊ ခန္ဓာကိုယ်ဖောက်ခွဲပြီး အကောင်းပကတိပြန်ဖြစ်တယ်...အချိန်စီးကြောင်းပြောင်းပြန်လှန်နိုင်တဲ့ အချိန်နဲ့ပတ်သက်တဲ့ အရိယဖလသန္ဓေတစ်မျိုးလား။

မဟုတ်ဘူး။ မသေမျိုးမီးတောက်နဲ့ဖန်တီးတဲ့ ရွှေဖီးနစ်က အဲဒါတွေနဲ့ မဆိုင်လောက်ဘူး။ သူ့အရိယဖလသန္ဓေက ဘယ်လိုဟာမျိုးလဲ"

လုယန်က ခပ်ညှင်းညှင်းရယ်သည်။

"ဆံပင်ပြန်ပေါက်တယ်။ လက်နက်တွေပွားနိုင်တယ်။ နတ်ဆိုးတစ်ရာပုံ‌ေဖော်နိုင်တယ်။ ခင်ဗျားအရိယဖလသန္ဓေက ဘယ်လိုဟာလဲ"

"ငါမင်းကိုပြောပြမယ်ထင်နေလား"

"ကျုပ်ကရော ပြောမယ်ထင်နေလား"

နှစ်ယောက်လုံး ပါးနပ်သည်။ ကိုယ်အရိယဖလသန္ဓေ၏ သဘာဝကိုထုတ်ပြောလောက်အောင် မတုံးကြ။

လုယန်စိတ်ထဲ ခန့်မှန်းချက်တစ်ချို့ရှိသည်။ ဝူယော်၏အရိယဖလသန္ဓေသည် ဖန်တီးခြင်းနှင့်ပတ်သက်လောက်သည်။ တိုက်ခိုက်ဖို့အတွက် ရှားပါးရတနာမျိုးစုံဖန်တီးနိုင်ခြင်းဖြစ်မည်။ ရင်ဆိုင်ဖို့အတော်ခက်သည်။

သို့သော် သူမကြောက်ပါ။ ထိုအရိယဖလသန္ဓေမျိုးကို တန်ပြန်တိုက်ခိုက်ဖို့ အလွယ်ကူဆုံး အရိုးရှင်းဆုံး နည်းလမ်းက အနီးကပ်တိုက်ခိုက်ဖို့ဖြစ်သည်။

ဘယ်ရှားပါးရတနာမျိုးဖန်တီးသည်ဖြစ်စေ ဝူယော်အလုပ်လုပ်ဖို့ နေရာလိုအပ်သည်။

လုယန်က ထိုအခွင့်အရေးကို အမိအရယူသည်။

ဝူယော်က အနီးကပ်တိုက်ခိုက်မှုကို ရှောင်ရန်ကြိုးစားသည်။ သို့သော် လုယန်က ဇစ်မြစ်အရိယဖလဖြင့် လေဟာနယ်ထဲမှ နေရာစုံကို ပြန်သွားနိုင်သည်။ ဝူယော် ထွက်ပြေးနိုင်စွမ်းမရှိ။

မသေမျိုးဓားရှစ်လက်က ခုခံဖို့မလွယ်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ထိုဓားတစ်ချက်သာထိလျှင် ခန္ဓာနှင့်ဝိညာဉ် သေချာပေါက်ပျက်စီးသွားလိမ့်မည်။ ဝူယော် ကြေးနီလှံကို နောက်တစ်ကြိမ်ပြန်ထုတ်သည်။

တိုက်ကွက်ပေါင်းရာချီ ရင်ဆိုင်ပြီးနောက် ဝူယော်၏ပုခုံးမှ အသားတစ်တုံးလှီဖြတ်ခံရသည်။ သို့သော် ချက်ချင်းအသားပြန်ပြည့်သည်။

လုယန်လည်း သွေးတစ်ပွက်အန်ထုတ်သည်။ ဝူယော်လက်ချက်ကြောင်း အတွင်းဒဏ်ရာရသွားသည်။

သို့သော် လုယန်၏ ဒဏ်ရာပျောက်ကင်နှုန်းက ဝူယော်ထက် များစွာပိုမြန်ဆန်သည်။

ဇစ်မြစ်အရိယဖလနှင့် ထာဝရအရိယဖလ နှစ်မျိုးပိုင်ဆိုင်ထားသဖြင့် ရေရှည်တိုက်ပွဲမျိုးတွင် နတ်မယ်မှလွဲ၍ ဘယ်သူ့ကိုမှသူမကြောက်။

******************************

All Chapters