အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇) အဆင့်လေး အနန္တ နေရာလွတ်
"ဆိုင်ရှင်ရှန်း... မင်းက ဘာသဘောလဲ၊ ရှိတယ်လို့ ပြောတာလည်း မင်းပဲ၊ မရှိဘူးလို့ ပြောတာလည်း မင်းပဲ၊ ငါ ယဲ့ကျန်ထျန်းကို မင်း စိတ်ကြိုက် လှည့်စားလို့ရတဲ့လူလို့ တကယ်ပဲ ထင်နေတာလား"
ယဲ့ကျန်ထျန်း တကယ်ပင် ဒေါသထွက်လာခဲ့ရသည်၊ ချန်ကျီ၏ ဤကဲ့သို့ ရှေ့တစ်မျိုး နောက်တစ်မျိုးဖြင့် လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းကို ခံရသည်မှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်ပြီး ချန်ကျီသည်လည်း သူ့အား ဤသို့ ပြုလုပ်ရဲသည့် ပထမဆုံးသော လူ ဖြစ်ပေသည်။
ယဲ့ကျန်ထျန်း အနည်းငယ် တည်ငြိမ်မှု ပျက်ပြားသွားသည်ကို မြင်သောအခါ ချန်ကျီက အသာအယာ ပြုံးလိုက်သည်။ "ယဲ့မိသားစု ခေါင်းဆောင်ကလည်း ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ၊ မင်းက ဒီလိုမျိုး စိတ်လိုက်မာန်ပါ ဖြစ်နေတာက ကျင့်ကြံခြင်း လမ်းကြောင်းအတွက် မကောင်းဘူး"
"ကျွန်တော်က ကျွန်တော့်ဆီမှာ လောလောဆယ် မရှိဘူးလို့ပဲ ပြောတာလေ၊ ကျွန်တော်တို့ အနန္တ ကုန်စုံဆိုင်မှာ မရှိဘူးလို့ မပြောရသေးပါဘူး"
"ဒါဆိုရင် မင်းရဲ့ အဓိပ္ပာယ် ဘယ်လို သဘော လဲ"
ယဲ့ကျန်ထျန်း တကယ်ပဲ လောသွားခဲ့ရသည်၊ ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်၏ ဆွဲဆောင်မှုက အုတ်မြစ်ချခြင်း ဆေးလုံးထက်ပင် ပိုမို ကြီးမားလှသဖြင့် သူက ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခုကို တကယ်ပဲ ဝယ်ယူချင်နေမိသည်။
ထို့ပြင် ပြီးခဲ့သည့်အကြိမ်က ဝမ်နန်မြို့၌ ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခုကို ကိုင်ဆောင်ထားသော လူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရှိခဲ့ကတည်းက သူသည် ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခု ရရှိရန် ပိုမို လိုလား တောင့်တနေခဲ့ခြင်း ဖြစ်ပေသည်။
"စကားအတိုင်း ပဲလေ၊ ကျွန်တော်က ဒီဝမ်နန်မြို့ကို စျေးကွက် လာချဲ့ထွင်ဖို့ စေလွှတ်ခြင်း ခံထားရတဲ့ လူတစ်ယောက်မျှသာ ဖြစ်တာမလို့... ဆန်းကြယ်အဆင့်မြင့်လိုမျိုး အဆင့်မြင့် ရတနာလက်နက်တွေကို သဘာဝကျကျ အမြဲတမ်း ကိုယ်ပေါ်မှာ သယ်ဆောင်ထားလို့ မရဘူး"
"ဒါပေမဲ့ မင်းမှာ လိုချင်တာ ရှိတယ်ဆိုရင်တော့... ကျွန်တော် အချိန်မရွေး ပစ္စည်း လှမ်းမှာပေးလို့ ရပါတယ်၊ အချိန်လည်း အများကြီး မကြာပါဘူး၊ အလွန်ဆုံး ငါးရက်အတွင်း ဝမ်နန်မြို့ကို အရောက် ပို့ဆောင်ပေးနိုင်ပါတယ်"
ယဲ့မိသားစုထံမှ ဝိညာဉ်ကျောက်တုံးများကို အမြတ်ထုတ်ရန်မှာ ဒုတိယအချက်သာ ဖြစ်ပေသည်၊ ချန်ကျီက ယဲ့မိသားစုအား အနန္တ ကုန်စုံဆိုင်ကို ရိုသေလာအောင် ပြုလုပ်လိုခြင်း ဖြစ်ပြီး သူက တစ်ယောက်တည်း မဟုတ်ကြောင်းကိုပါ ယဲ့မိသားစုအား သိမြင်စေလိုခြင်း ဖြစ်သည်။
သူ၏ နောက်ကွယ်တွင် အနန္တ ကုန်စုံဆိုင်ကြီး ရှိနေသဖြင့် ဝမ်နန်မြို့ရှိ အနန္တ ကုန်စုံဆိုင်ကို ထိပါးလိုလျှင် ယဲ့မိသားစုအနေနှင့် အကျိုးအပြစ်ကို အထပ်ထပ် အခါခါ ချိန်ဆရပေလိမ့်မည်။
ချန်ကျီ ဤသို့ ပြုလုပ်ခြင်းမှာ အခြားကြောင့်မဟုတ်ဘဲ ယဲ့မိသားစုရှိ ရွှေအူတိုင်အဆင့် ကျင့်ကြံသူကို ခေတ္တခဏမျှ မျက်စိသူငယ် နားသူငယ် ဖြစ်သွားစေရန်သာ ဖြစ်သည်၊ သူကိုယ်တိုင် ရွှေအူတိုင်အဆင့်သို့ တက်လှမ်းပြီးသွားပါက ဤမုသားစကား က အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ဘာမျှ အရေးမကြီးတော့ပေ။
"ငါးရက်အတွင်း ဝမ်နန်မြို့ကို အရောက် ပို့ပေးနိုင်တယ် ဟုတ်လား"
ယဲ့ကျန်ထျန်းက စိတ်ထဲ၌ တွက်ချက်ကြည့်လိုက်သည်၊ ငါးရက်တာ ခရီးလမ်းအတွင်း မည်သည့် နေရာများက ဤအချိန်အတွင်း ဝမ်နန်မြို့သို့ ရောက်ရှိနိုင်မည်နည်း။
သို့သော်လည်း ငါးရက်တာ အချိန်အတွင်း ရောက်ရှိနိုင်မည့် နေရာများက တကယ်ပဲ များပြားလွန်းလှသဖြင့် ယဲ့ကျန်ထျန်းအနေနှင့် ချက်ချင်း အတည်မပြုနိုင်ခဲ့ပေ။
"မှန်တယ်... ငါးရက်ပဲ လိုတယ်" ချန်ကျီက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် ငါ တစ်ခု ဝယ်မယ်၊ မင်း ပစ္စည်း ပို့ဖို့ စီစဉ်လိုက်တော့" ယဲ့ကျန်ထျန်းက ဤတစ်ကြိမ်တွင် အလွန် ပြတ်သားလှပေသည်။
"ကောင်းပါပြီ... ပစ္စည်း ပို့ဖို့ကို အချိန်မရွေး စီစဉ်ပေးလို့ ရပါတယ်၊ ဒါပေမဲ့... မင်းလည်း သိတဲ့အတိုင်း ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်ရဲ့ တန်ဖိုး က ကျွန်တော်တို့ အနန္တ ကုန်စုံဆိုင်ရဲ့ စည်းမျဉ်းအရ... စရံငွေ တစ်ဝက်ကို အရင် ကြိုတင် ပေးချေရမှာ "
ယဲ့ကျန်ထျန်း အနည်းငယ် တုံ့ဆိုင်းသွားပြီး စိတ်ထဲ၌ ဝေခွဲမရ ဖြစ်သွားရသည်၊ ပစ္စည်းကိုပင် မမြင်ရသေးဘဲ ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင်ကို အရင် သုံးစွဲရမည် ဖြစ်ရာ အကယ်၍ ချန်ကျီက ဝိညာဉ်ကျောက်တုံးများကို ယူပြီး ထွက်ပြေးသွားလျှင် မည်သို့ ပြုလုပ်မည်နည်း။
ခေတ္တမျှ ကြာပြီးနောက် ယဲ့ကျန်ထျန်းက အတွေးပေါက်သွားပုံရသည်။
အနန္တ ကုန်စုံဆိုင်က လက်ရှိ ပြသထားသော အရည်အချင်းများနှင့်ဆိုလျှင် သူက တကယ်ပဲ အလွန်အမင်း စိုးရိမ်လွန်နေခြင်း ဖြစ်ပေသည်။
ဤဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင် ဆိုသည်မှာ တစ်မြို့လုံးရှိ ဝမ်နန်မြို့သူ မြို့သား အားလုံးထံမှ ရှာဖွေရရှိမည့် ဝိညာဉ်ကျောက်တုံးများနှင့် နှိုင်းယှဉ်လျှင် ဘာမျှ ပြောပလောက်သည် မဟုတ်ပေ။
"ကောင်းပြီ... ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်ကို ငါ ကြိုတင် မှာယူလိုက်မယ်၊ ဒါက စရံငွေပဲ"
ယဲ့ကျန်ထျန်းက နောက်ထပ် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်သည်၊ ဤသိုလှောင်အိတ်ကို ထုတ်ယူလိုက်သည့်အချိန်၌ သူက တစ်ခုခုကို သတိရသွားပုံရသည်။
ချန်ကျီတွင် သူ့ကို ပြန်မပေးရသေးသော သိုလှောင်အိတ် နှစ်အိတ် ကျန်ရှိနေသေးသည် မဟုတ်ပါလော၊ ယနေ့တွင် ဝိညာဉ်ကျောက်တုံး အမြောက်အမြား သုံးစွဲခဲ့ရသဖြင့် သူက ပို၍ တွေးတောမိခြင်း ဖြစ်ပေသည်။
ထို့ပြင် ထိုသိုလှောင်အိတ် နှစ်အိတ်ကလည်း သူက ဝိညာဉ်ကျောက်တုံး ပေးပြီး ဝယ်ယူခဲ့ရခြင်း ဖြစ်ရာ လက်ရှိတွင် ဝိညာဉ်ကျောက်တုံး တစ်တုံးကို နှစ်ခြမ်း ခွဲပြီး သုံးချင်စိတ် ပေါက်နေခဲ့ရသည်။
သို့သော်လည်း နောက်ဆုံးတွင် သူက ပါးစပ် မဟရဲခဲ့ပေ ၊ ချန်ကျီထံသို့ တိုက်ရိုက် သွားပြီး ထိုသိုလှောင်အိတ် နှစ်အိတ်ကို တောင်းဆိုရန်လည်း သူ မျက်နှာမပြရဲပေ။
ချန်ကျီက ယဲ့ကျန်ထျန်း ကမ်းပေးလာသော သိုလှောင်အိတ်ကို လှမ်းယူလိုက်သည်၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင်၊ မမှားပေ။
သူက ထိုသိုလှောင်အိတ်ကို တိုက်ရိုက်ပင် အိတ်ထဲ ထည့်လိုက်ပြီး ယဲ့ကျန်ထျန်းအား ပြန်ပေးရန် စိုးစဉ်းမျှ စိတ်ကူးမရှိခဲ့ပေ။
ချန်ကျီ၏ လှုပ်ရှားမှုကို မြင်သောအခါ ယဲ့ကျန်ထျန်း၏ မျက်ခွံများ တွန့်ကနဲ ဖြစ်သွားရပြီး ချန်ကျီက တမင်သက်သက် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
ယခင်ကဆိုလျှင် သူ ဤသို့ ခံစားရမည် မဟုတ်သော်လည်း လက်ရှိတွင် သူကိုယ်တိုင်လည်း ဝိညာဉ်ကျောက်တုံး အလွန်အမင်း ပြတ်လတ်နေသဖြင့် ချန်ကျီက တမင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သူ သံသယ ဝင်နေမိတော့သည်။
"ကောင်းပါပြီ... ငါးရက်ကြာပြီးနောက် ယဲ့မိသားစု ခေါင်းဆောင် မင်း ပြန်လာခဲ့ပါ၊ ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်ကို အရောက် အပ်နှံပေးပါ့မယ်"
"ဒါနဲ့ စကားမစပ်... ယဲ့မိသားစု ခေါင်းဆောင်က ဘယ်လို ပုံစံမျိုး ရတနာလက်နက်ကို လိုချင်တာလဲ၊ ကျွန်တော် ဟိုဘက်ကို ကြိုတင်ပြီး ပစ္စည်း ရှိမရှိ မေးမြန်းထားလို့ ရအောင်လို့ပါ"
"ဓားရှည်" ယဲ့ကျန်ထျန်းက ချန်ကျီနှင့် နောက်ထပ် စကားအပို ထပ်မပြောချင်တော့ပေ ၊ ယနေ့တွင် ထောင်ချောက်များချည်း ဖြစ်နေပြီး သူ့အား အတွင်းသို့ သက်ဆင်းရန် စောင့်ဆိုင်းနေသကဲ့သို့ သူ ခံစားနေရသည်။
"ကောင်းပါပြီ... မင်းရဲ့ တောင်းဆိုချက်ကို သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်၊ နောက်တစ်ကြိမ် လာဖို့ ဖိတ်ခေါ်ပါတယ်၊ ကောင်းကောင်းသွားပါ၊ ပြန်လိုက်မပို့တော့ဘူးနော်"
ယဲ့ကျန်ထျန်းက အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ကို သယ်ဆောင်သွားပြီး ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခုကို ကြိုတင် မှာယူခဲ့သော်လည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းရှစ်သောင်း ကုန်ကျခဲ့ရသည်။
သူ လက်ရှိတွင် သူ့ကိုယ်သူ ဝမ်းသာရမလား၊ ဘာဖြစ်ရမလား မသိတော့ဘဲ ဘာပဲဖြစ်ဖြစ် စိတ်ထဲ၌ အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေရသည်။
ယဲ့ကျန်ထျန်း ထွက်ခွာသွားပြီးနောက် ချန်ကျီက ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ကို သူ့ထံသို့ ပြန်ပေးလိုက်သည်။
ချန်ကျီက ဝိညာဉ်ကျောက်တုံးများကို သယ်ဆောင်ကာ သက်တောင့်သက်သာဖြင့် ပြန်လာခဲ့တော့သည်။
"ဟားဟားဟား... ဝိညာဉ်ကျောက်တုံးတွေက တကယ်ပဲ ရှာရလွယ်တာပဲ"
ချန်ကျီ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိသွားသည်နှင့် ပက်လက်ကုလားထိုင်ပေါ်မှ ဝမ်းသာအားရ ခုန်ကာ ကြွေးကြော်လိုက်တော့သည်။
ထိုဝမ်းမြောက် ပျော်ရွှင် နေသော လှုပ်ရှားမှုများကြောင့် ကျောက်လင်းအာက "ခစ်ခစ်" ဟု တဟားဟား ရယ်မောမိသွားခဲ့ရသည်။
"လင်းအာ... ငါ ယဲ့မိသားစုဆီကနေ ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် အမြတ်ထုတ်ခဲ့လဲဆိုတာ ခန့်မှန်းကြည့်စမ်း"
"သခင်ရဲ့ ပုံစံကို ကြည့်ရတာ... ယဲ့မိသားစုကတော့ သေချာပေါက် အကြီးအကျယ် သွေးထွက်သံယို ဖြစ်သွားခဲ့ပုံပဲ"
"ဟားဟား... ငါ ယဲ့မိသားစုဆီကနေ ဝိညာဉ်ကျောက်တုံး တစ်သိန်းရှစ်သောင်း အမြတ်ထုတ်ခဲ့တာ၊ ယဲ့မိသားစုက တကယ်ပဲ မိသားစု အခြေခံအုတ်မြစ် ကြီးမားတာပဲ၊ ငါတို့လိုမျိုး သာမန် မိသားစုလေးတွေက ဘယ်လိုမှ နှိုင်းယှဉ်လို့မရဘူး"
"ဟီးဟီး... သခင်ကို ဂုဏ်ပြုပါတယ်"
"ဟားဟား... ကျေနပ်စရာပဲ၊ ယဲ့မိသားစုက ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ပဲ ရှာရှာ... နောက်ဆုံးတော့ ငါ့အတွက် အလုပ်လုပ်ပေးနေရတာပဲ"
ချန်ကျီက ဝိညာဉ်ကျောက်တုံးများ ရှာဖွေရရှိခဲ့သည့် သုခချမ်းသာထဲ၌ လုံးဝ နစ်မြောနေခဲ့သော်လည်း အရေးကြီးသော ကိစ္စကို မေ့လျော့မသွားခဲ့ပေ ။ "အခုပဲ အနန္တ နေရာလွတ်ကို အဆင့်မြှင့်မယ်"
စိတ်ထဲ၌ ဤအတွေး ပေါ်ပေါက်လာသည်နှင့် ချန်ကျီ၏ မျက်စိအရှေ့၌ စနစ် မျက်နှာပြင် ပေါ်ပေါက်လာခဲ့တော့သည်။
အမည် - ချန်ကျီ
ကျင့်ကြံမှု - အုတ်မြစ်ချခြင်း အဆင့် ၇ (၁၂၅/၂၀၀)
ပါရမီ - မြေကြီး အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်
ကျင့်စဉ် -
ရွှမ်ထျန်းလု (ပြီးပြည့်စုံခြင်း ) ၅၄၇/၈၀၀
မန္တန် -
နှလုံးဖောက်တိုက်ခိုက်မှု (ကျွမ်းကျင်) ၁/၂၀၀
ဝိညာဉ်ရှာဖွေခြင်း (ကျွမ်းကျင်) ၂/၂၀၀
ကြိုးကြာပျံခြေလှမ်း (ဂရန်းမာစတာ ) ၃၄၃၅/၅၀၀၀
ကြယ်ရွှေ့ပြောင်းခြင်း ဓား ဆယ့်သုံးလက် ဓားသိုင်း (ဒဏ္ဍာရီ)
ကောင်းကင်ကိုးခု နဂါးဟိန်းသံလှံ သိုင်း (ဒဏ္ဍာရီ)
မီးတောက်မန္တန် (ဒဏ္ဍာရီ)
အသက်ရှုသံဖျောက်ကျင့်စဉ် (ဒဏ္ဍာရီ)
မြေကြီး ဒိုင်းကာ (ဒဏ္ဍာရီ)
ဓားပျံထိန်းချုပ်ခြင်း ကျင့်စဉ် (ဒဏ္ဍာရီ)
အနန္တ နေရာလွတ် - အဆင့် ၃
ချန်ကျီက စနစ် မျက်နှာပြင်ကို တစ်ချက် ကြည့်ပြီးနောက် အတွေးတစ်ချက်ဖြင့် ပြောလိုက်သည်။ "ငါ အနန္တ နေရာလွတ်ကို အဆင့်မြှင့်ချင်တယ်"
"အနန္တ နေရာလွတ်ကို အဆင့်မြှင့်တင်ရန်အတွက် အမှတ် သို့မဟုတ် ဝိညာဉ်ကျောက်တုံး တစ်သိန်း ကုန်ကျမည် ဖြစ်သည်၊ သဘောတူ ပါသလား"
ချန်ကျီက စနစ်၏ သတိပေးချက်ကို တစ်ချက် ကြည့်ပြီးနောက် တိုက်ရိုက်ပင် သဘောတူသည် ကို ရွေးချယ်လိုက်တော့သည်။
"အနန္တ နေရာလွတ် အဆင့်မြှင့်တင်နေဆဲ ဖြစ်သည်၊ ခေတ္တ စောင့်ဆိုင်းပေးပါ"
အနန္တ နေရာလွတ်၏ အဆင့်မြှင့်တင်မှု အမြန် နှုန်းက အလွန် မြန်ဆန်လှသဖြင့် ခဏမျှအကြာတွင် စနစ်၏ သတိပေးချက် ပေါ်လာခဲ့သည်။
"ဂုဏ်ယူပါသည်၊ အနန္တ နေရာလွတ် အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်"
"သတိပေးချက် - နောက်တစ်ကြိမ် အနန္တ နေရာလွတ် အဆင့်မြှင့်တင်ရန်အတွက် အမှတ် သို့မဟုတ် ဝိညာဉ်ကျောက်တုံး တစ်သန်း ကုန်ကျမည် ဖြစ်သည်"
"ဟားဟား... အဆင့်လေး အနန္တ နေရာလွတ်"
"ဒါပေမဲ့ နောက်တစ်ကြိမ် အဆင့်မြှင့်တင်ဖို့ကတော့ ဘယ်အချိန်အထိ စောင့်ရမလဲ မသိတော့ဘူး၊ ယဲ့မိသားစုလိုမျိုး သူဌေးကြီးတွေနဲ့ နောက်ထပ် အများကြီး ဆုံတွေ့နိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ"
ချန်ကျီက အဆင့်မြင့်သွားသော အနန္တ နေရာလွတ်အတွင်းသို့ ဝင်ရောက်ကာ အပြောင်းအလဲများကို ကြည့်ရန်အတွက် မအောင့်အီးနိုင်တော့ပေ ။
"လင်းအာ... မင်း အိမ်စောင့်နေဦး၊ ငါ ခဏသွားပြီး ပြန်လာခဲ့မယ်"
"ကောင်းပါပြီ... သခင်"
ချန်ကျီက များစွာ တွေးမနေတော့ဘဲ အသိစိတ်က အနန္တ နေရာလွတ်အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့တော့သည်။
အနန္တ နေရာလွတ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ချန်ကျီ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ အနန္တ နေရာလွတ်၏ ဧရိယာက နောက်တစ်ကြိမ် ထပ်မံ ကြီးမားကျယ်ပြန့်သွားခြင်း ဖြစ်ပေသည်၊ ယခင်က မြူခိုးများနောက်ကွယ်ရှိ မမြင်ရသော နေရာများကိုပါ ယခုအခါ၌ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရပြီ ဖြစ်တော့သည်။