← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀) ဘယ်တော့မှ အဆုံးသတ်ရှိမည်မဟုတ်

​ယဲ့မိသားစု၏ အစည်းအဝေးက ဤသို့ဖြင့် ကမန်းကတန်း ပြီးဆုံးသွားခဲ့ပြီး ယဲ့ကျန်ထျန်းအနေနှင့် ရွှေအူတိုင်အဆင့် သူ၏ဖခင်ထံသွားကာ အနန္တ ကုန်စုံဆိုင်အကြောင်းကို အစီရင်ခံရန် လိုအပ်သေးသည်။

​အခြားအကြီးအကဲများကလည်း သူတို့ဘက်က အလားအလာရှိသော မိသားစုဝင်များကို အုတ်မြစ်ချခြင်း ဆေးလုံးအကြောင်း သေချာပြောပြရန် မစောင့်နိုင်တော့ဘဲ ပြန်သွားကြပြီ ဖြစ်သည်။

​နောင်ကျရင် မည်သည့်ဘက်က အုတ်မြစ်ချခြင်းအဆင့် ပိုများလေလေ၊ ဤအစည်းအဝေးခန်းမအတွင်း စကားပြောရာတွင် ပို၍အရှိန်အဝါရှိလေလေ ဖြစ်ပေလိမ့်မည်။

​အစည်းအဝေးခန်းမကိစ္စ ပြီးဆုံးသွားပြီးနောက် ယဲ့ကျန်ထျန်းက ယဲ့ကိုင် တံခါးပိတ် ကျင့်ကြံရာ အခန်း သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။

​ထိုအချိန်တွင် ယဲ့ကိုင်၏ အခန်းအတွင်း.

​ယဲ့ကျန်ထျန်းက ယနေ့ အနန္တ ကုန်စုံဆိုင်တွင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ယဲ့ကိုင်အား အစအဆုံး ပြောပြပြီးခါစ ဖြစ်သည်။

​လောကအတွေ့အကြုံ အတော်အတန် ကြွယ်ဝလှသော ရွှေအူတိုင်အဆင့်ရှိ ယဲ့ကိုင်ပင်လျှင် ယဲ့ကျန်ထျန်း၏ ပြောပြချက်ကို ကြားပြီးနောက် စိတ်ထဲ၌ အံ့သြမှင်တက်သွားရသည်။

​သူသည်လည်း မည်သည့်အရာမဆို ရောင်းချပေးပြီး အရည်အသွေးကလည်း မနိမ့်လှသည့်အပြင် စျေးနှုန်းကပါ သက်သာလှသော ဤကဲ့သို့သော ဆိုင်မျိုးကို တစ်ခါမျှ မကြုံဖူးသေးပေ။

​ယဲ့ခိုင် စိတ်ထဲ၌ပင် ဝေခွဲမရ ဖြစ်နေမိသည်။ "ငါ တံခါးပိတ် ကျင့်ကြံနေတဲ့ အချိန်ကပဲ သိပ်ကြာသွားလို့ အပြင်လောကကြီးက ပြောင်းလဲသွားတာကို ငါကိုယ်တိုင် မသိလိုက်တာလား"

​သို့သော်လည်း ဤအတွေးကို သူက စိတ်ထဲ၌သာ ခဏမျှ တွေးလိုက်ခြင်း ဖြစ်သည်။

​ရွှမ်ထျန်းတိုက်ကြီး က ကျယ်ပြန့်လွန်းလှရာ သူ ရွှေအူတိုင်အဆင့်သို့ စတင်ခြေချပြီး အပြင်လောက၌ လှည့်လည်သွားလာစဉ်ကတည်းက ဤကျင့်ကြံခြင်းလောကသည် သူမြင်တွေ့နေရသလောက်နှင့် မရိုးရှင်းကြောင်း သိရှိခဲ့သည်။

​သူက ဤရွှမ်ထျန်းတိုက်ကြီးအတွင်းရှိ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်ပြီး မည်သည့်နေရာသို့ပဲ ပစ်ချပစ်ချ လှိုင်းတံပိုးတစ်ခုမျှပင် ထအောင် လုပ်နိုင်မည် မဟုတ်ပေ။

​"အဖေ... ဒီအနန္တ ကုန်စုံဆိုင်နဲ့ ပတ်သက်ပြီး အဖေ ဘယ်လိုမြင်လဲ"

​ယဲ့ကိုင် ခေတ္တ တွက်ချက်ကြည့်လိုက်သည်။ "အဲ့ဒီ အနန္တ ကုန်စုံဆိုင်က ငါးရက်ကြာရင် ဝမ်နန်မြို့ကို ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက် လာပို့ပေးမယ်ဆိုတာ သေချာလား"

​"ဟုတ်ပါတယ်၊ အဲ့ဒီ ဆိုင်ရှင်ရှန်းက အဲ့လို ပြောခဲ့တာပါ"

​"ကောင်းပြီ၊ ဒီကိစ္စကို ငါသိပြီ၊ မင်းလုပ်တာ မဆိုးပါဘူး၊ အနန္တ ကုန်စုံဆိုင်နဲ့ ဆက်ပြီး မိတ်ဆွေဖွဲ့ထားလိုက်၊ ကျန်တဲ့ကိစ္စတွေကိုတော့ မင်း စိတ်ပူမနေနဲ့တော့"

​"ဟုတ်ကဲ့"

​ယဲ့ကျန်ထျန်းက ခေါင်းငြိမ့်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။

​ယဲ့ကိုင်က တစ်ခုခုကို သတိရသွားသည့်အလား သူ့ကို ရုတ်တရက် ပြန်လှမ်းခေါ်လိုက်သည်။ "မင်း အနန္တ ကုန်စုံဆိုင်မှာ ဝယ်ခဲ့တဲ့ အုတ်မြစ်ချခြင်း ဆေးလုံးတွေက အလယ်အလတ်အဆင့်တွေချည်းပဲ မဟုတ်လား"

​ယဲ့ကျန်ထျန်းက ယဲ့ကိုင်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်၊ ဤကိစ္စကို သူပြောပြခဲ့ပြီးပြီ မဟုတ်ပါလား။

​ယဲ့ကျန်ထျန်း စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်နေသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။

​"မကြာသေးခင်က ပိုင်ရီရဲ့ ကျင့်ကြံခြင်း အခြေအနေက ဘယ်လိုလဲ"

​ယဲ့ကိုင် ဤသို့ ပြောလိုက်သည်နှင့် ယဲ့ကျန်ထျန်းက သူ၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။ "ပိုင်ရီက မကြာသေးခင်က တော်တော်လေး ကြိုးစားပြီး ကျင့်ကြံနေပါတယ်၊ ဒါပေမဲ့..."

​ယဲ့ကျန်ထျန်းက စကားကို ခဏရပ်လိုက်ပြီး ဆက်မပြောတော့ပေ။

​ယဲ့ကိုင်က ယဲ့ကျန်ထျန်း ဘာပြောချင်သည်ကို နားလည်သည်။ "ကိစ္စမရှိဘူး၊ ဆေးလုံး နည်းနည်း ပိုသုံးစွဲလည်း ဘာမှမဖြစ်ပါဘူး၊ အဲ့ဒီဆေးလုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို အဲ့ဒီအချိန်ကျရင် ငါကိုယ်တိုင် ပိုင်ရီအတွက် သေချာ ဖယ်ရှားပေးပါ့မယ်"

​"ဒါပေမဲ့ အဖေ... အဖေ အဲ့လိုလုပ်တာက အဖေရဲ့ ကျင့်ကြံခြင်းအပေါ် ထိခိုက်မှု တစ်ခုခု ရှိသွားနိုင်မလား"

​"ဘာမှမဖြစ်ဘူး၊ ဒီလို ပြဿနာအသေးအဖွဲလေးက ငါ့ကို မထိခိုက်စေနိုင်ပါဘူး၊ အလွန်ဆုံးရှိလှ အချိန်ခဏလောက် တံခါးပိတ် ကျင့်ကြံ ရုံပါပဲ"

​ယဲ့ကိုင်က ဤမျှအထိ ပြောလာပြီ ဖြစ်ရာ ယဲ့ကျန်ထျန်းလည်း ဆက်ပြီး စကားအပို မဆိုရဲတော့ပေ။

​ယဲ့ကိုင်က လက်ရှိတွင် ယဲ့မိသားစု၏ အင်အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအား ဖြစ်ပြီး ယဲ့မိသားစု၏ ဒေါက်တိုင် ဖြစ်ရာ ယဲ့ကျန်ထျန်းအနေနှင့် သူ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်သွားမည်ကို သေချာပေါက် မလိုလားပေ။

​ယဲ့ကျန်ထျန်းက တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ယဲ့ကိုင်က သူ့ကို ပြန်ရန် အချက်ပြလိုက်သည်။

​ယဲ့ကျန်ထျန်းလည်း လှည့်ထွက်ရန် ပြင်လိုက်တော့သည်။

​သူ မထွက်ခွာမီတွင် ယဲ့ကိုင်က လေသံအသာဖြင့် လှမ်းပြီး သတိပေးလိုက်သေးသည်။ "အလယ်အလတ်အဆင့် အုတ်မြစ်ချခြင်း ဆေးလုံး ထဲက တစ်လုံးကို ပိုင်ရီအတွက် ချန်ထားပေးဖို့ မမေ့နဲ့ဦး"

​ယဲ့ကျန်ထျန်း ဤစကားကို ကြားလိုက်ရသည့်အချိန်၌ စိတ်ထဲတွင် မအောင့်အီးနိုင်ဘဲ လှစ်ခနဲ တွေးမိသွားသည်။ "တကယ်ပဲ ဘယ်သူက အရင်းလဲ မသိတော့ဘူး၊ ရှေးလူကြီးတွေ ပြောတာ တကယ်မမှားဘူး၊ မြေးကျမှ ပိုအချစ်ပိုတယ် ဆိုတာပဲ"

​ယဲ့ကျန်ထျန်း၏ မှတ်ဉာဏ် ထဲတွင် ယဲ့ကိုင်က သူ၏သားဖြစ်သူအပေါ် ဤမျှအထိ ဂရုစိုက်ဖူးခြင်း မရှိခဲ့ပေ ။

​ထို့ကြောင့် အပြင်တွင် ရှိနေသည့်အချိန်၌ ယဲ့ကျန်ထျန်းက သူ၏ဖခင်ကို ဘိုးဘေး ဟုသာ အမြဲ ခေါ်ဝေါ်လေ့ရှိသည်။

​"ဟုတ်ကဲ့ပါ အဖေ"

​ယဲ့ကျန်ထျန်းက ပြန် ဖြေပြီးနောက် ယဲ့ကိုင်၏ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

​ယဲ့ကိုင်က ယဲ့ကျန်ထျန်း၏ စိတ်ခံစားချက်ကို သတိမပြုမိသည့်အလား သူ၏စိတ်ထဲ၌ အနန္တ ကုန်စုံဆိုင်ကိစ္စကိုသာ တွက်ချက်နေမိသည်။

​"ကြည့်ရတာ ငါကိုယ်တိုင် တစ်ခေါက်လောက် သွားဖို့ လိုအပ်မယ် ထင်တယ်၊ ဒါပေမဲ့ အချိန်ကတော့ စောပါသေးတယ်၊ ငါးရက်တောင် ကျန်သေးတာပဲ"

​ယဲ့ကိုင်က ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်၊ အနန္တ ကုန်စုံဆိုင်က ဝမ်နန်မြို့သို့ ပစ္စည်းလာပို့မည့် အချိန်ကျလျှင် ဤပစ္စည်းပို့မည့်သူ၏ ခွန်အား က ဘယ်လိုရှိလဲဆိုတာကို သူ သွား အမြင်ကျယ်စေ မည် ဖြစ်သည်။

​ယဲ့ကိုင်က အနန္တ ကုန်စုံဆိုင်၏ နောက်ခံကို ဇဝေဇဝါ ဖြစ်နေသော်လည်း အနန္တ ကုန်စုံဆိုင်တွင် ရှိနေသော ကျင့်ကြံခြင်း အရင်းအမြစ် အမြောက်အမြားက သူ့ကို စိတ်လှုပ်ရှားစေသည်မှာ အမှန်ပင် ဖြစ်သည်။

​သို့သော်လည်း ဤစိတ်လှုပ်ရှားမှုသည် သူ၏ ခွန်အား က ထိုအခြေအနေကို ထိန်းချုပ်နိုင်ကြောင်း အတည်ပြုနိုင်သည့် အခြေအနေမျိုးတွင်သာ လှုပ်ရှားမည် ဖြစ်သည်။

​အကယ်၍ အနန္တ ကုန်စုံဆိုင်တွင် တကယ်ပဲ ထိုကဲ့သို့ ခွန်အား ရှိနေပါက သူက အနန္တ ကုန်စုံဆိုင်၏ နောက်ကွယ်က အင်အားစုနှင့် တိုက်ရိုက် ကုန်သွယ်မှု အချို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

​ဤအဆင့်အထိ ကျင့်ကြံလာနိုင်ပြီးနောက် ဤကျင့်ကြံခြင်းလောက၏ ရှင်သန်ခြင်း နိယာမတရားကို သူ အလွန် ရှင်းလင်းစွာ သဘောပေါက်ပြီး ဖြစ်သည်၊ သန်မာသူ စားစတမ်း သက်သက်သာ ဖြစ်ပေသည်။

​အနန္တ နေရာလွတ်အတွင်း

​ချန်ကျီက နှစ်နာရီကျော်ခန့် အချိန်သုံးစွဲပြီးနောက် နောက်ဆုံးတွင် ရွှမ်ယန်ချင်းလင် ဆေးလုံးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

​"နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီပဲ၊ မင်းကို ရှာရတာ တကယ် မလွယ်ကူဘူး"

​ချန်ကျီက ဆေးလုံး ဈေးဝယ်မျက်နှာပြင်အတွင်းရှိ ဆေးလုံးများကို စစ်ဆေးနေစဉ်တွင် အဆင့် ၄ ဆေးလုံးများက အဆင့် ၃၊ အဆင့် ၂၊ အဆင့် ၁ ဆေးလုံးများ အားလုံး ပေါင်းထားသည်ထက်ပင် ပိုမို များပြားနေကြောင်း တွေ့ရှိရသည်။

​ဤမျှ များပြားလှသော အဆင့် ၄ ဆေးလုံးများထဲတွင် ဆေးလုံးတစ်လုံးကို သီးသန့် လိုက်လံ ရှာဖွေရသည်မှာ မည်မျှ ခက်ခဲလိမ့်မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

​ချန်ကျီ၏ ဇွဲနပဲ ကြီးမားမှုကြောင့်သာ ဤကဲ့သို့ စိတ်ရှည်လက်ရှည်ဖြင့် အချိန်ပေးနိုင်ခြင်း ဖြစ်သည်။

​ချန်ကျီက ရွှမ်ယန်ချင်းလင် ဆေးလုံး၏ မိတ်ဆက်ကို စတင် ကြည့်လိုက်သည်။

​ရွှမ်ယန်ချင်းလင် ဆေးလုံး၊ အဆင့် ၄ ဆေးလုံး၊ ရိုးတွင်းခြင်ဆီကို ဆေးကြောပေးနိုင်ပြီး ခန္ဓာကိုယ် ကို အသစ်တစ်ဖန် ပြောင်းလဲပေးနိုင်သည့် အာနိသင် ရှိသည်၊ ဝိညာဉ်အမြစ် ပိုမို ညံ့ဖျင်းသူများအတွက် ထိရောက်မှု ပိုမို ကောင်းမွန်သည်။ ဤဆေးလုံးကို သုံးစွဲပြီးနောက် တစ်ကြိမ်သာ အာနိသင် ပြနိုင်ပြီး ထပ်မံ သုံးစွဲပါက အာနိသင် မရှိတော့ပေ။

​မိတ်ဆက်ကို ကြည့်ပြီးနောက် ချန်ကျီ စိတ်ထဲ၌ သက်ပြင်းချနိုင်သွားသည်။ "ဒါကြောင့်မလို့ပေါ့၊ ဒီလောက် ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဆေးလုံးက အကန့်အသတ်မရှိ သုံးစွဲလို့ ဘယ်ရပါ့မလဲ"

​"ဒါပေမဲ့ ဒီဆေးလုံးကို ဖန်တ ခဲ့တဲ့လူကလည်း တကယ့်ကို အစွမ်းထက်တာပဲ၊ အဆင့် ၄ ဆေးလုံးမျှသာ ဖြစ်ပေမယ့် ရိုးတွင်းခြင်ဆီ ဆေးကြောပြီး ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြောင်းလဲပေးနိုင်တဲ့ အာနိသင် ရှိနေတာ"

​"ဒီလို အာနိသင်မျိုးရှိတဲ့ ဆေးလုံးက အဆင့် ၄ ဆေးလုံးတွေထဲမှာ ဒုတိယတစ်လုံး ရှာတွေ့ဖို့ မလွယ်လောက်ဘူး ထင်တယ်"

​ချန်ကျီက ဤဆေးလုံးကို တစ်ကြိမ်သာ သုံးစွဲနိုင်သည်ဆိုသည့် ကန့်သတ်ချက်ကို ဂရုမစိုက်ပေ၊ သူ ဂရုစိုက်သည်မှာ ဤဆေးလုံးတွင် ဘေးထွက်ဆိုးကျိုး မရှိလျှင် ပြီးတာပဲ ဟူ၍ ဖြစ်သည်။

​ဝိညာဉ်အမြစ်က မည်သည့်အဆင့် ဖြစ်နေပါစေ သူ့အတွက်တော့ သိပ်ပြီး အရေးမကြီးပေ ။

​"ဟဲဟဲ... ခန့်မှန်းရတာ ဒီဆေးလုံးကို ဖန်တီး ခဲ့တဲ့လူကိုယ်တိုင်တောင် အလယ်အလတ်အဆင့် ရွှမ်ယန်ချင်းလင် ဆေးလုံး တစ်လုံးတောင် ဖော်စပ်နိုင်ခဲ့ဖူးမှာ မဟုတ်ဘူး"

​"ငါ့လက်ထဲက အလယ်အလတ်အဆင့် ရွှမ်ယန်ချင်းလင် ဆေးလုံးက တစ်လုံးတည်း ဖြစ်နေမှာပဲ"

​"ငါကိုယ်တိုင် အဆင့်နိမ့် ရွှမ်ယန်ချင်းလင် ဆေးလုံး တစ်လုံး သုံးစွဲခဲ့တုန်းက ဝိညာဉ်အမြစ်က အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲသွားခဲ့တာ"

​"ဒါဆိုရင်... ဒီအလယ်အလတ်အဆင့် ရွှမ်ယန်ချင်းလင် ဆေးလုံးကို သုံးစွဲလိုက်မယ်ဆိုရင် အဆင့်နိမ့် ကနေ အဆင့်မြင့် ကို တိုက်ရိုက် ပြောင်းလဲသွားမှာ မဟုတ်ဘူးလား၊ အ​ ဆင့်မြင့် ကနေ အထွတ်အထိပ်တောင် ဖြစ်သွားနိုင်သေးတယ်"

​"ဘာလို့ ငါ နည်းနည်း ရှုံးသွားသလို ခံစားနေရတာပါလိမ့်"

​ချန်ကျီ ဤနေရာသို့ တွေးမိသောအခါ တစ်ခုခုကို ထပ်မံ သတိရသွားသည့်အလား အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်မိသည်။ "ဟမ် အဆင့် ၄ ဆေးလုံးကတင် ရိုးတွင်းခြင်ဆီ ဆေးကြောပြီး ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြောင်းလဲပေးနိုင်တဲ့ အာနိသင် ရှိနေတာ"

​"ဒါဆိုရင် အဆင့် ၅၊ အဆင့် ၆ ဆေးလုံးတွေထဲမှာလည်း ဒီလို အာနိသင်မျိုးရှိတဲ့ ဆေးလုံးတွေ ရှိနေနိုင်မလား"

​"အဆင့် ၄ ဆေးလုံးကို လူတစ်ယောက်က ဖန်တီး နိုင်ခဲ့ရင် ပို မြင့်တဲ့ အဆင့်တွေမှာ ဘယ်သူမှ မဖန်တီး နိုင်စရာ အကြောင်းမရှိဘူး"

​"ဆေးလုံးအားလုံးက ကျင့်ကြံသူတွေ ဖန်တီး ခဲ့ကြတာ မဟုတ်လား"

​"ဒီအဆင့် ၄ ရွှမ်ယန်ချင်းလင် ဆေးလုံးက ပို မြင့်တဲ့ အဆင့်ရှိတဲ့ ဆေးလုံးတစ်ခုခုကို အမှီပြုပြီး ဖော်စပ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ"

​ချန်ကျီ၏ စိတ်ထဲ၌ ဝိညာဉ်အမြစ် အဆင့်ကို မြှင့်တင်လိုသည့် အကြံအစည်က ရုတ်တရက် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

​နှုတ်ကနေ ဂရုမစိုက်ဘူးဟု ပြောနေသော်လည်း တကယ်တမ်း ရွှမ်ယန်ချင်းလင် ဆေးလုံး ပေါ်လာသည့်အချိန်၌ သူ အများကြီး တွန့်ဆုတ်နေခြင်း မရှိခဲ့ပေ ။

​ယခုအခါ သူ၏ စိတ်ထဲ၌ တွက်ချက်မှုများ ပြုလုပ်ပြီးနောက်တွင် ဝိညာဉ်အမြစ် မြှင့်တင်နိုင်မည့် မျှော်လင့်ချက်ကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

​သေချာပေါက် လူဆိုသည်မှာ မည်သည့်အခါမျှ ရောင့်ရဲတင်းတိမ်ခြင်း မရှိကြပေ။

​လူသားတို့၏ လောဘစိတ်က တောင်တန်းကြီးများကဲ့သို့ပင်၊ တစ်တောင်ထက် တစ်တောင် ပိုမို မြင့်မားနေကြပြီး ဘယ်တော့မှ အဆုံးသတ်ရှိမည်မဟုတ်ပေ။

All Chapters