အခန်း ၁၃၂၅
Vol. 116 Ch. 1325
အခန်း ၁၃၂၅
ဆလတ်ရွက်များသည် အလွန်လျင်မြန်စွာ ကြီးထွားလာပြီး တစ်ရက်လျှင် တစ်ကြိမ် ရိတ်သိမ်းနိုင်သည်။ ရှောင်းယီတစ်ဦးတည်းအနေဖြင့် ဤမျှများပြားသော ရိက္ခာများကို အကုန်မစားနိုင်ပေ။ ထို့ကြောင့် အခြားသူများထံသို့ ထုတ်ရောင်းရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လေသည်။
ရှောင်းယီသည် ဆလတ်ရွက် ၁၀ ကီလိုဂရမ်ခန့်ကို ဆွတ်ခူးပြီး တစ်ထုပ်လျှင် ၅၀၀ ဂရမ်စီ ခွဲကာ ဈေးကွက်ခန်းမတွင် စာရင်းတင်လိုက်သည်။
[ဆလတ်ရွက် ၅၀၀ ဂရမ် - မှောင်မိုက်ရွှေ ၅။]
ယခုအခါ ကျူးဝူမှာ ဤဂလက်ဆီတွင် မရှိတော့သဖြင့် ရှောင်းယီအတွက် အနက်ရောက်ရွှေရရှိနိုင်မည့် လမ်းကြောင်းတစ်ခု ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
ယာဉ်ကို အဆင့်မြှင့်တင်ရန်အတွက် အနက်ရောင်ရွှေ ပမာဏအမြောက်အမြား လိုအပ်ရာ အနက်ရောက်ရွှေသည် ဤနေရာတွင် အရေးကြီးဆုံးအရာ ဖြစ်မှန်း ရှောင်းယီ သဘောပေါက်သွားခဲ့သည်။
နေ့စဉ် ရိက္ခာသေတ္တာများ ဖွင့်သည့်အခါ အုတ်မြစ်ကျောက်မှာ ပျမ်းမျှအားဖြင့် တစ်သေတ္တာလျှင် ဆယ်ခုထက်မက ထွက်တတ်သော်လည်း အနက်ရောင်ရွှေမှာမူ အခြေခံအားဖြင့် ဆယ်ခုအောက်သာ ထွက်လေ့ရှိသည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အနက်ရောင်ရွှေသည် အုတ်မြစ်ကျောက်ထက်ပင် ပိုမို အဖိုးတန်ကြောင်း သိသာလှသည်။
ရှောင်းယီ ထိုအရောင်းအဝယ်ကို တင်လိုက်ပြီးနောက် ပစ္စည်းများမှာ ချက်ချင်း လုယူခြင်း မခံရဘဲ အများသုံးချန်နယ်တွင် လူတိုင်းအကြား ဆွေးနွေးစရာ ဖြစ်သွားခဲ့သည်။
“သောက်ကျိုးနည်း...သူဌေးက တကယ်ကြီး တစ်ခုခု စိုက်ပျိုးအောင်မြင်သွားပြီဟ။”
“ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား။ ဗာမီကျူလိုက်၊ ရေနဲ့ မျိုးစေ့တွေ ရှိနေမှတော့ ဘာမှ မပေါက်လာမှ ထူးဆန်းမှာ။”
“ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ လူတိုင်းပဲ ဝယ်ပြီး မြည်းမကြည့်ချင်ကြဘူးလား။”
“အခုအချိန်က အရသာကို လိုက်ခံစားနေရမယ့် အချိန်မဟုတ်ဘူး။ အမြော်အမြင်ရှိတဲ့သူဆိုရင် အနက်ရောင်ရွှေရဲ့ အရေးကြီးပုံကို မြင်နိုင်ရမယ်။”
“အတိအကျပဲ။ နောင်တစ်ချိန်မှာ ငါတို့ရဲ့ ယာဉ်တွေကို အဆင့်မြှင့်ဖို့ အနက်ရောင်ရွှေ အများကြီး လိုဦးမှာ။ ဒါကြောင့် အခုအချိန်မှာ အလွယ်တကူ ထုတ်မသုံးနိုင်ဘူး။”
“မှန်တယ်။ ငါတို့အသက်အန္တရာယ် မစိုးရိမ်ရသရွေ့ အနက်ရောင်ရွှေကို ကိုယ့်လက်ထဲမှာပဲ ထိန်းထားတာ အကောင်းဆုံးပဲ။”
လူတိုင်းက ထိုသို့ ဝေဖန်ဆွေးနွေးနေကြသော်လည်း အချို့သူများမှာမူ ဝယ်ယူမြည်းစမ်းရန် ရွေးချယ်ခဲ့ကြပြီး ရှောင်းယီ ဈေးကွက်ခန်းမတွင် တင်ထားသော ဆလတ်ရွက်များကို ဝယ်ယူခဲ့ကြသည်။
“ဆလတ်ရွက်ကို အာကာသရိက္ခာနဲ့ ပတ်စားရတာ တကယ် အရသာရှိတာပဲ။ အပူပေးပြီး စားလို့ရရင် ပိုပြီး ပြည့်စုံသွားမှာ။”
“ညီအစ်ကို… ငါ့ဆီမှာ အပူပေးတဲ့ ဝန်ဆောင်မှု ရှိတယ်။ တစ်ကြိမ်ကိုမှ အနက်ရောင်ရွှေ တစ်ခုပဲ။”
“မင်း ဓားပြတိုက်နေတာလား။ တစ်ခါ အပူပေးရုံနဲ့တင် အနက်ရောင်ရွှေ တစ်ခု တောင်းတယ်ပေါ့။’
“မင်း သိထားရမှာက ငါလည်း လျှပ်စစ်ဓာတ်အား သုံးစွဲရတယ်လေ။ ဒီပစ္စည်းကလည်း အရမ်း အဖိုးတန်တယ်။ လျှပ်စစ်မရှိရင် ဘာမှလုပ်လို့မရဘူး။ သဘောပေါက်လား။”
“ချီးပဲ… ဘာပဲဖြစ်ဖြစ် တစ်ခါ အပူပေးဖို့အတွက်နဲ့တော့ အနက်ရောင်ရွှေ တစ်ခု အကုန်မခံနိုင်ပါဘူး။”
“မင်း ဆလတ်ရွက်ဝယ်ဖို့တုန်းကတောင် အနက်ရောင်ရွှေ သုံးခဲ့သေးတာပဲ။ ဒီလောက်လေးကို ဘာလို့ တွန့်တိုနေတာလဲ။”
“တွန့်တိုတာပေါ့။ ငါ့မျက်စိထဲမှာတော့ ပစ္စည်းတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိတယ်။ မတန်ဘူးလို့ ထင်ရင် ငါ့လက်ထဲက အရင်းအမြစ်တွေကို အလဟဿ အကုန်မခံနိုင်ဘူး။”
“အဲဒီဆလတ်ရွက်က တကယ်ပဲ အနက်ရောင်ရွှေ ၅ ခု တန်လို့လား။”
“ငါ့မျက်စိထဲမှာတော့ တန်တယ်။”
“အေးပါ… မင်းက တန်တယ်ဆိုရင်လည်း တန်တယ်ပေါ့။”
ဆလတ်ရွက် အစုပေါင်း ၂၀ သာ ရှိသဖြင့် အရောင်းအဝယ် ဖြစ်မြောက်မှု အရှိန် နှေးကွေးသော်လည်း တစ်နာရီအကြာတွင် အားလုံး ကုန်စင်သွားခဲ့သည်။ ရှောင်းယီသည် အနက်ရောင်ရွှေ ၁၀၀ ကို ရိတ်သိမ်း ရရှိခဲ့၏။
ထိုစဉ် အများသုံးချန်နယ်၌ လူတစ်ဦးက ရုတ်တရက် ပြောလာခဲ့သည်။
“ခဏလေး...သူဌေးရဲ့ လက်အောက်ငယ်သား ကျူးဝူကို ဒီနေ့ ဘာလို့ စကားပြောတာ မတွေ့ရတာလဲ။ သူက အမြဲတမ်း အများသုံးချန်နယ်မှာ စကားပြောနေကျ မဟုတ်ဘူးလား။”
“ဟုတ်တယ်။ ခဏလေး...ငါ သူ့ကို @ ခေါ်ကြည့်လိုက်ဦးမယ်။”
“ဘာဖြစ်တာလဲ...။ ငါ သူ့ကို @ ခေါ်လို့မရဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သူ ဤဂလက်ဆီထဲမှာ မရှိတော့ဘူးလို့ ပြနေတယ်။”
“ဟင်...ဒါက ဘာအဓိပ္ပာယ်လဲ။ ငါလည်း စမ်းကြည့်ဦးမယ်။”
“တကယ်ကြီး အဲဒီအတိုင်းပဲဟ။ ဒါက သူ တခြားဂလက်ဆီကို ထွက်ပြေးသွားတာလို့ ဆိုလိုတာလား။”
“လခွမ်း...အဲဒါမျိုးက ဖြစ်နိုင်လို့လား။ သူ တကယ်ပဲ ကြယ်တံခွန်ကို စီးပြီး တခြားဂလက်ဆီကို ရောက်သွားတာလား။”
“အနည်းဆုံးတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အချက်ပေးချက်အရဆိုရင် အဲဒီအဓိပ္ပာယ်ပဲ ဖြစ်ရမယ်။ တကယ့်ကို တုန်လှုပ်စရာပဲ။”
“သူ တခြားဂလက်ဆီကို သွားနိုင်တယ်ဆိုရင် ပထမအဆင့်တုန်းက အသိမိတ်ဆွေတွေနဲ့ ပြန်ဆုံနိုင်မလား။”
“အဲဒါက အရမ်း ဖြစ်နိုင်ခြေရှိတယ်။ ဒီဂလက်ဆီထဲမှာတော့ ဘယ်သူမှ ပထမအဆင့်တုန်းက အဖော်တွေ၊ ပြိုင်ဘက်တွေကို ရှာမတွေ့ကြသေးဘူးလေ။”
“မဟုတ်ဘူး။ ငါတို့တွေက ဂလက်ဆီ အများကြီးထဲကို လူကွဲပြီး ရောက်သွားကြတာ ဖြစ်ရမယ်။”
“ချီးပဲ… ငါတို့ မဟာမိတ်အဖွဲ့မှာတင် လူပေါင်းတစ်သောင်းနီးပါး ရှိတယ်။ မင်းပြောချင်တာက ငါတို့ကို ဂလက်ဆီပေါင်း တစ်သောင်းထဲ ခွဲပစ်လိုက်တယ်လို့ ဆိုလိုတာလား။”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။”
“အတိအကျပဲ။ စကြာဝဠာထဲက ဂလက်ဆီတွေဆိုတာ ဂင်္ဂါဝါဠု သဲစုမက အရေအတွက် မြောက်မြားစွာ ရှိနေတာ။ ဂလက်ဆီပေါင်း တစ်သောင်းဆိုတာ စာဖွဲ့လို့တောင် ရပါ့မလား။”
“ကျူးဝူက တခြားဂလက်ဆီတွေကို သွားနိုင်မှန်းသာ ကြိုသိရင် ငါသူနဲ့ ဆက်ဆံရေးကောင်းအောင် အရင်လုပ်ထားပြီး ပထမအဆင့်တုန်းက ငါ့အဖော်တွေကို ကူရှာခိုင်းမိမှာ။”
“ဟုတ်တယ်။ သူ တကယ်ကြီး တခြားဂလက်ဆီတွေကို ပျံသန်းသွားနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။”
“ဒါပေမဲ့ ငါတို့အတွက် အခွင့်အရေး ရှိပါသေးတယ်။ ကြယ်တံခွန်တွေက ယေဘုယျအားဖြင့် စက်ဝန်းအတိုင်း အချိန်မှန် လှည့်ပတ်နေကြတာ။ တစ်ရက်နှစ်ရက်နေရင် သူ ပြန်လာရင် လာမှာပဲ။ အဲဒီကျမှ သူ့ကို မေးကြည့်ရမယ်။ တကယ်လို့ သူ တခြားဂလက်ဆီကို ရောက်သွားတာ မှန်ရင် ငါတို့အတွက် သတင်းစကား ပါးခိုင်းလို့ရတာပေါ့။”
“သတင်းစကား ပါးဖို့ကို အသာထား...ပစ္စည်းတွေပါ သယ်ခိုင်းလို့ ရသေးတယ်။”
“မင်းရဲ့ ပစ္စည်းတွေကို သူ့လက်ထဲ အပ်ပြီး အရောင်းအဝယ် လုပ်ရဲလို့လား။”
“အာ… တကယ်တော့ မလုပ်ရဲပါဘူး။ ပြီးတော့ ငါတို့က တခြားဂလက်ဆီတွေနဲ့ ဆက်သွယ်လို့လည်း မရဘူးလေ။ သူ အဲဒီဘက်ကို သယ်သွားပေးတယ်ပဲထား။ သူ အဲဒီလူကို တကယ် ရှာတွေ့လား...ဒါမှမဟုတ် အဲဒီလူက တကယ်ပဲ ပစ္စည်းချင်း လဲလိုက်လားဆိုတာ အတည်ပြုလို့မရဘူး။ သတင်းစကားပဲ ပါးခိုင်းတာ အကောင်းဆုံးပဲ။”
“ဟုတ်တယ်။ ကချေသည်ဝက်က ယီရန်ပင်းသူဌေးနဲ့ ဆက်ဆံရေး အဲဒီလောက် ကောင်းတာ။ ငါတို့ ယီရန်ပင်းသူဌေးကို လှမ်းပြောခိုင်းရင် မကောင်းဘူးလား။”
၎င်းကို မြင်လိုက်ရသောအခါ ရှောင်းယီက တိုက်ရိုက် ဝင်ရောက် ပြောဆိုလိုက်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိမှာ ငါလည်း အခြေအနေကို သေချာမသိသေးဘူး။ အကယ်၍ မင်းတို့ သူ့ကို သတင်းစကား ပါးခိုင်းချင်ရင် သူ့ကိုပဲ တိုက်ရိုက် ပြောကြရလိမ့်မယ်။”
“သူဌေး...ခင်ဗျားကော သူ့ကို သတင်းစကား မပါးခိုင်းဘူးလား။”
“ပါးခိုင်းရမှာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ငါလည်း သူ့ကို စကားပြောရမယ်။”
“တကယ်တော့ လူတိုင်းပဲ ကျူးဝူကို သတင်းစကား ပါးခိုင်းဖို့ အဲဒီလောက်အထိ စိတ်လှုပ်ရှားမနေကြပါနဲ့။ ဒါက အဓိပ္ပာယ် မရှိဘူး။ မင်းတို့ အဖော်တွေကို ရှာတွေ့သွားရင်တောင် ဘာလုပ်လို့ရမှာလဲ။”
“မင်းတို့က ကျူးဝူရဲ့ လက်ထဲကို အရင်းအမြစ်တွေ မအပ်ရဲကြဘူး။ ဆိုလိုတာက မင်းတို့ အပြန်အလှန် ဘာအကူအညီမှ ပေးနိုင်၊ ယူနိုင်မှာ မဟုတ်ဘူး။ သူတို့ တခြားဂလက်ဆီမှာ ရှိနေမှန်း သိရရုံနဲ့ လက်ရှိမှာ ငါတို့က ကြယ်တာရာခရီးစဉ်တွေ မလုပ်နိုင်သေးတဲ့အတွက် စိတ်အနှောင့်အယှက်ပဲ ပိုတိုးလာလိမ့်မယ်။ ဒီမှာပဲ ရိုးရိုးသားသား တိုးတက်အောင် လုပ်နေတာက ပိုကောင်းပါတယ်။”
“အဲဒါတော့ မှားနေပြီ။ အဖော်တွေ တခြားဂလက်ဆီမှာ ရှိနေမှန်း သိရတာက ငါတို့ကို ပိုပြီး စိတ်ဓာတ်တက်ကြွစေတယ်။ ပိုကြိုးစားချင်စိတ် ဖြစ်စေပြီး အဖော်တွေနဲ့ အမြန်ဆုံး ပြန်ဆုံနိုင်အောင် တွန်းအားပေးရာ ရောက်တယ်။”
“မင်းတို့တွေ စကားများမနေကြပါနဲ့တော့။ မင်းတို့ ငြင်းခုံနေကြတဲ့ အချက်က ကျူးဝူ တခြားဂလက်ဆီကို ရောက်သွားတယ်၊ အဲဒီဂလက်ဆီမှာလည်း အသက်ရှင်ကျန်ရစ်သူတွေ ရှိတယ်ဆိုတဲ့ အချက်ပေါ်မှာ အခြေခံနေတာ။ ဒါပေမဲ့ ဒီအချက်က ခိုင်လုံလို့လား။ အဲဒီဂလက်ဆီမှာ အသက်ရှင်ကျန်ရစ်သူ လုံးဝမရှိရင်ကော။”
“အတိအကျပဲ။ စကြာဝဠာက အကျယ်ကြီး၊ ဂလက်ဆီတွေကလည်း အများကြီးပဲ။ ကျူးဝူ ရောက်သွားတဲ့ ဂလက်ဆီက စမ်းသပ်ကွင်းအဖြစ် သတ်မှတ်ထားတဲ့ ဂလက်ဆီဖြစ်နေဖို့ဆိုတာ ဒီလောက်အထိ တိုက်ဆိုင်ပါ့မလား။”
“ကျူးဝူက ဘာမှမရှိတဲ့ လဟာပြင်ကမ္ဘာဆီ ရောက်သွားတာလည်း ဖြစ်နိုင်တာပဲ။ အားလုံး လူစုခွဲလိုက်ကြပါတော့။ သူ အဲဒီမှာ သေတောင် သေနေလောက်ပြီ။”
“အပေါ်ကလူက ပါးစပ် တကယ် သရမ်းတာပဲ။ ကျူးဝူက မင်းအပေါ် ဘာအမှားလုပ်ထားလို့လဲ။ သူ့ကို ဘာလို့ အဲဒီလို လျှောက်ပြောနေရတာလဲ။”
“ချီးပဲ… မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါ ပြောချင်တာ ငါပြောမှာပေါ့။”
“မင်းကတော့ တကယ့် ကီးဘုတ်သူရဲကောင်းပဲ။ မနေ့က သူဌေးကို ဝိုင်းတိုက်ခိုက်တဲ့အထဲမှာလည်း မင်း ပါလိမ့်မယ်။”
“ပါတော့ ဘာဖြစ်လဲ။ မင်း ငါ့ကို လာကိုက်မလို့လား။”
“သစ်ပင်က အခေါက်မရှိရင် သေတတ်တယ်။ လူက အရှက်မရှိရင်တော့ ဗိုလ်ကျလို့ရတယ်။”
“ဟမ့်… ငါက ဖြစ်နိုင်ခြေတစ်ခုကို ပြောပြရုံပဲ။ မင်းတို့ကမှ မယုံချင်ကြတာ။ မင်းတို့လို ဦးနှောက်မရှိတဲ့ သတ္တဝါတွေနဲ့ တစ်ချိန်တည်းမှာ အတူတူ အသက်ရှင်နေရတာကိုက ငါ့အတွက် ရှက်စရာပဲ။”
“ဒီခွေးသတောင်းစား… ငါ ဆဲချင်လို့ မဟုတ်ဘူး။ မင်း ငါ့ကို အတင်း ဆဲခိုင်းနေတာပဲ။ ငလူးမခွေးသား…”
“မင်းတို့တွေ အားယားနေကြတာလား။ ဒီလိုကိစ္စမျိုးနဲ့ ဘာလို့ ရန်ဖြစ်နေကြတာလဲ။ မြန်မြန်သွားပြီး ရိက္ခာသေတ္တာတွေသာ သွားဖွင့်ကြစမ်းပါ။ ဒီနေ့ ပစ္စည်းကောင်းတွေ ထွက်နေတယ်။”