← Chapters

အခန်း ၁၃၂၆

Vol. 116 Ch. 1326

အခန်း ၁၃၂၆

Vol. 116 Ch. 1326

အခန်း ၁၃၂၆

“ဒီနေ့ တစ်ခုခု ထူးထူးခြားခြား ကောင်းတာရှိလို့လား။ ဘာကို ပြောတာလဲ။”

“ဘယ်လို ကောင်းတဲ့အရာမျိုး ဖြစ်နိုင်မလဲ။ အောက်ဆီဂျင်၊ လျှပ်စစ် ဒါမှမဟုတ် လောင်စာဆီ ထုတ်ပေးနိုင်တဲ့ စက်ပစ္စည်းမျိုး မဟုတ်ရင် ကျန်တာကို ကောင်းတဲ့အရာလို့ မခေါ်နိုင်ဘူး။”

“ဒါဆို အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ခြင်းကတ် ဆိုရင်ကော။”

“ဘာ...မင်း အဆင့်မြှင့်တင်ရေးကတ်တစ်ခု ရလိုက်တာလား။”

“အဆင့်မြှင့်တင်ပြီးရင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်က ဘာဖြစ်သွားမှာလဲ။ အာကာသယာဉ်ကြီး ဖြစ်သွားမှာလား။”

“မဖြစ်နိုင်တာ။ ငါတို့က ဒီလောက်အစောကြီး အာကာသယာဉ်အထိ အဆင့်မြှင့်လို့ ရနေပြီလား။”

“အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် ၁။”

ထိုသူသည် အခြားသူများနှင့် ဆက်လက်ငြင်းခုံမနေတော့ဘဲ အဆင့်မြှင့်တင်ရေးကတ်ကို အများသုံးချန်နယ်ထဲသို့ တိုက်ရိုက် ချပြလိုက်သည်။ ထိုအဆင့်မြှင့်တင်ရေးကတ်ကို မြင်လိုက်ရသောအခါ လူတိုင်း ဆွံ့အမှင်တက်သွားကြသည်။

“ဒီအဆင့်မြှင့်တင်ရေးကတ်ကို သုံးပြီး အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်လို့ရတယ်။”

“သေစမ်း.. အာကာသယာဉ်အဖြစ် တကယ်ကြီး အဆင့်မြှင့်လို့ရတာပဲ။ မင်း ဒီအဆင့်မြှင့်တင်ရေးကတ်ကို ဘယ်လိုလုပ်ပြီး ရတာလဲ။”

“ဒီအစ်ကိုကြီးရဲ့ ကံကတော့ အနှိုင်းမဲ့ပဲလေ။”

“သူဌေး.. ဒီအဆင့်မြှင့်တင်ရေးကတ်အတွက် ငါတို့ အရောင်းအဝယ် ကိစ္စလေး ဆွေးနွေးလို့ ရမလား။”

“အပေါ်ကလူ.. စိတ်တောင်မကူးစမ်းနဲ့။ ဒီအဆင့်မြှင့်တင်ရေးကတ်က ကိုယ့်ဘာသာကိုယ်ပဲ သုံးလို့ရတာ။ လုံးဝ ပြန်ရောင်းလို့ မရဘူးဆိုတာ ဒီကလူတိုင်း သိတယ်။”

“ဟုတ်တယ်။ သူသာ ငတုံး မဟုတ်ရင် ရောင်းမှာမဟုတ်ဘူး။”

“အားလုံးပဲ.. ငါ့ကို မက်ဆေ့ခ်ျကနေ ဒီကတ် ရောင်းမလားဆိုပြီး လာမမေးကြပါနဲ့တော့။ ငါ လုံးဝ မရောင်းပါဘူး။ ဒါပေမဲ့ အဆင့်မြှင့်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကိုတော့ ငါ ပြောပြထားမယ်။ ဒါမှ မင်းတို့ အခုကတည်းက စုဆောင်းထားလို့ရမှာ။”

“အခုကတည်းက စုရမယ်ဟုတ်လား။ ငါ့မှာ အဆင့်မြှင့်တင်ရေးကတ်တောင် မရှိသေးဘူး။ မင်းက ငါ့ကို ကုန်ကြမ်းတွေ လိုက်စုခိုင်းနေတာလား။”

“ဟုတ်တယ်။ ငါက နှစ်ရက်အတွင်း အကုန်စုံအောင် စုထာပြီး အဆင့်မြှင့်တင်ရေးကတ်သာ ဘယ်တော့မှ ပွင့်မလာရင် ငါ့အားအင်တွေ အလဟဿ အဖတ်တင်ကုန်မှာပေါ့။”

“မစိုးရိမ်ပါနဲ့။ ဘာလို့လဲဆိုတော့ မင်းတို့ အခုကတည်းက ကုန်ကြမ်းတွေ စုထားရင်တောင် အဆင့်မြှင့်တင်ရေးကတ် ပွင့်လာတဲ့အချိန်အထိ လောက်ချင်မှ လောက်မှာမို့လို့ပဲ။”

“အင်...ကုန်ကြမ်းတွေ အဲဒီလောက် အများကြီး လိုလို့လား။”

“ဒါပေါ့။ အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်ဖို့အတွက် အုတ်မြစ်ကျောက် ၁၀ သန်းနဲ့ အနက်ရောင်ရွှေ ၁၀ သန်း လိုအပ်တယ်။”

“ဆ..ဆယ်..သန်း ဟုတ်လား။”

“ချီးပဲ.. ငါ သေတဲ့အထိ ကြိုးစားရင်တောင် ဒီလောက်များတဲ့ အနက်ရောင်ရွှေတွေကို စုမိမှာ မဟုတ်ဘူး။”

“အနက်ရောင်ရွှေကို ထားလိုက်ဦး။ ငါ့မှာ အုတ်မြစ်ကျောက်လည်း အများကြီး လိုနေသေးတယ်။”

“အဆန်းပဲ...ဟိုရက်ပိုင်းကမှ သူဌေးကြီးက အနက်ရောင်ရွှေတွေကို အသည်းအသန် လိုက်စုနေတာ။ သူလည်း ဒီအဆင့်မြှင့်တင်ရေးကတ်ကို ရသွားတာ ထင်တယ်။”

“အခုလို ပြောမှပဲ အဲဒါ တကယ် ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ အဲဒီတုန်းက သူအများဆုံး စုမိတာ အနက်ရောင်ရွှေ ၂ သန်းကျော်ပဲ ရှိသေးတာ။ ၁၀ သန်းဆိုတဲ့ ကိန်းဂဏန်းနဲ့ အဝေးကြီး လိုသေးတယ်။”

“ဟုတ်တယ်။ ငါလည်း အဲဒီအရောင်းအဝယ်ကို စောင့်ကြည့်နေတာ။ သူဌေးကြီးက စုစုပေါင်း ၂.၄ သန်းကျော်ပဲ အောင်အောင်မြင်မြင် လဲလှယ်နိုင်ခဲ့တယ်။ ဒီနှစ်ရက်မှာတော့ သူ အသည်းအသန် လိုက်မစုတော့ဘူး။ သူဌေးကြီးက အနက်ရောင်ရွှေ ၂.၄ သန်းပဲ လိုတာလားမသိဘူး။”

“ဒါဆိုရင်တော့ သူဌေးကြီးက အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်တာ မဟုတ်လောက်ဘူး။ သူဌေးကြီးက တခြား အဆင့်မြှင့်တင်မှုစနစ် တစ်ခုကို ရလိုက်တာများလား။”

“ငါ့အမြင်တော့ အားလုံးပဲ ရမ်းသန်းခန့်မှန်းမနေကြဘဲ ရိက္ခာသေတ္တာတွေ သွားလုဖို့ပဲ မြန်မြန်လုပ်ကြပါ။”

“သူ‌ဌေးကြီး အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်သည်ဖြစ်စေ၊ မမြှင့်သည်ဖြစ်စေ မင်းတို့ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ အဲဒါကြောင့် အားလုံးပဲ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ကြစို့။”

ရှောင်းယီသည် ဂရုထဲက ဆွေးနွေးမှုများကို မြင်သောအခါ အနည်းငယ် အံ့သြသွားခဲ့သည်။ ဤကဲ့သို့သော အဆင့်မြှင့်တင်ရေးကတ်မျိုး ယခုလို အချိန်တိုအတွင်း ထွက်ပေါ်လာခြင်းမှာ သူ့ကြောင့် ဖြစ်နိုင်မည်လော။

အဘယ်ကြောင့်ဆိုသော် စနစ်က စက်ပစ္စည်းအဆင့်မြှင့်တင်ရေးကတ်တစ်ခု ပေးခဲ့ပြီး သူသည် သူ၏အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်ခဲ့ခြင်းကြောင့် ကမ္ဘာ့စည်းမျဉ်းများက လူတိုင်း အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် ရနိုင်မည့် အခွင့်အလမ်းကို တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။

၎င်းမှာ အလွန်ဖြစ်နိုင်ချေ ရှိသည်။ အဆုံးတွင် မျှခြေတစ်ခုကို ထိန်းသိမ်းထားရမည် မဟုတ်ပါလော။

“ငါကော နောက်ထပ် အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်တစ်ခုလောက် ထပ်ပြီးရနိုင်ဦးမလား မသိဘူး။”

သူသာ နောက်ထပ် အဆင့်မြှင့်တင်ရေးကတ်တစ်ခု ထပ်ရမည်ဆိုပါက အမြတ်အစွန်းမှာ အုန်းအုန်းထွက်သွားမည်မှာ အသေအချာပင်။ သူ့အဖော်ကို ပေးပေး၊ ပြန်ပဲရောင်းရောင်း အဆမတန် မြတ်ဦးမှာ ဖြစ်သည်။

သို့သော် ယနေ့အတွက် ဒုတိယမြောက် ရိက္ခာသေတ္တာက ယခုအချိန်ထိ ပေါ်မလာသေးချေ။

ထိုအချက်ကို တွေးမိရင်း ရှောင်းယီက ခေါင်းခါလိုက်ပြီး အများသုံးချန်နယ်ကို တစ်ခေါက် ပြန်ကြည့်လိုက်သည်။

“ငါတော့ ဒီနေ့အတွက် ရိက္ခာသေတ္တာ နှစ်လုံးစလုံးကို ဖွင့်ပြီးပြီ။ ဒီအရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်မျိုး မရခဲ့ပါဘူး။ တခြားလူတွေကော ဘယ်လိုလဲ။”

“ငါလည်း မရဘူး။”

“မရဘူး + ၁။”

“လူတိုင်းက ဟိုအစ်ကိုကြီးလို ကံမကောင်းကြဘူး ထင်တယ်။”

“ငါကတော့ သူ့ရဲ့ကံကို အားလည်းမကျပါဘူး။ ဘာလို့လဲဆိုတော့ ငါ ဒီအဆင့်မြှင့်တင်ရေးကတ်ကို ဖွင့်ရရင်တောင် ကုန်ကြမ်းပစ္စည်းတွေ ရှိမှာမဟုတ်လို့ ကြည့်ပြီး ရင်မောနေရရုံပဲ ရှိမှာ။”

“ဒီအဆင့်မြှင့်တင်ရေးကတ် ပေါ်လာတာက အနက်ရောင်ရွှေရဲ့ တန်ဖိုးကို ပိုတက်သွားစေတာပဲ။ အခုဆို လူတိုင်းက ရိက္ခာတွေရဖို့အတွက် အနက်ရောင်ရွှေနဲ့ လဲလှယ်ဖို့ ပိုတောင် ဝန်လေးကြတော့မယ်။”

“မင်းပြောတဲ့ အခြေအနေမျိုး ဖြစ်လာချင်မှ ဖြစ်လာမှာပါ။ တွေးကြည့်လေ.. ဒီအဆင့်မြှင့်တင်ဖို့အတွက် အနက်ရောင်ရွှေ ၁၀ သန်းတောင် လိုတာ။ ပုံမှန်အခြေအနေအရဆိုရင် သေတ္တာတွေ ဖွင့်နေရုံနဲ့ ဘယ်လောက်တောင် ကြာဦးမလဲ မသိနိုင်ဘူး။ ဒါကြောင့် ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို အနက်ရောက်ရွှေ အမြောက်အမြား ရနိုင်မယ့် အခွင့်အရေးတစ်ခုကို သေချာပေါက် ပေးလာလိမ့်မယ်။ အဲဒါကြောင့် လက်ထဲမှာရှိတဲ့ အနက်ရောင်ရွှေတွေကို သုံးနေလို့ ရပါသေးတယ်။”

“အဲဒါလည်း ဟုတ်နိုင်တာပဲ။ ဒါပေမဲ့ အဲဒီအချိန်ကျမှ ငါတို့က အနက်ရောင်ရွှေ ဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းလောက် လိုနေရင် အိုးနင်းခွက်နင်း ဖြစ်မသွားဘူးလား။”

“မဖြစ်နိုင်တာ။ အလွန်ဆုံး နှစ်ရက်လောက် ထပ်စောင့်ပြီး ရိက္ခာသေတ္တာတွေ ဖွင့်ရင်း အဲဒီ ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ကို စုလိုက်ရုံပဲ။”

“အပေါ်ကလူ ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဟုတ်တယ်။ ငါလည်း ဒီနှစ်ရက်မှာ စောင့်ကြည့်နေတာ။ တစ်နေ့ကို ရနိုင်တဲ့ အမက်ရောင်ရွှေ ပမာဏက ၆ ယူနစ်ကနေ ၈ ယူနစ်ဝန်းကျင်ပဲ ရှိတယ်။ ဒီလိုနည်းနဲ့ စုနေရတာက တကယ်ကြီး နှေးလွန်းတယ်။ ကမ္ဘာ့စည်းမျဉ်းတွေဘက်က အနက်ရောင်ရွှေ အမြောက်အမြား ရနိုင်မယ့် အခွင့်အရေးမျိုး ပေးဖို့ တကယ် လိုအပ်နေပြီ။”

“ဒါဆိုရင် အဲဒါက ဘယ်လို အခွင့်အရေးမျိုး ဖြစ်မလဲ။”

“ငါလည်း မသိဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီအခွင့်အရေးနဲ့အတူ ကြီးမားတဲ့ အန္တရာယ်ကလည်း ဒွန်တွဲနေမှာပဲ။”

“ဒီကမ္ဘာ့စည်းမျဉ်းတွေရဲ့ သဘာဝအရတော့ အဲဒါက ရှောင်လွှဲလို့မရတဲ့ အရာပဲ။”

လူတိုင်း၏ ဆွေးနွေးငြင်းခုံမှုများကို မြင်သောအခါ ရှောင်းယီလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်မိသည်။ ထိုစဉ်မှာပင် လုမေယွီထံမှ သီးသန့်မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာခဲ့သည်။

“သူဌေး... ကျူးဝူက တကယ်ပဲ တခြားဂလက်ဆီကို ရောက်သွားတာလား။”

လုမေယွီက စပ်စုချင်စိတ်ဖြင့် မေးလာခဲ့သည်။ ရှောင်းယီ မျက်လုံးလှန်လိုက်မိ၏။

“မင်းရဲ့ တုံ့ပြန်မှုက နှေးလွန်းတယ်။”

“မတတ်နိုင်ဘူးလေ။ ဒီနေ့ ရိက္ခာသေတ္တာက ကျွန်တော်နဲ့ တော်တော်ဝေးတဲ့ ဂြိုဟ်ပတ်လမ်း ထဲမှာ ရှိနေတာ။ သေတ္တာသွားလုဖို့အတွက် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို သေသေချာချာ ထိန်းကျောင်း မောင်းနှင်ခဲ့ရတယ်။ သူဌေး ပေးထားတဲ့ ဖန်သားပြင်ကြီးတွေသာ မရှိရင် ကျွန်တော် ဒီရိက္ခာသေတ္တာကို စွန့်လွှတ်လိုက်မိမှာပဲ။”

လုမေယွီက ညည်းတွားလိုက်သည်။

အမြင်အာရုံ ကောင်းကောင်းမရှိဘဲ ဂြိုဟ်ပတ်လမ်းထဲကို ထိုကဲ့သို့ ဇွတ်တိုးဝင်သွားခြင်းက ဘေးပတ်ဝန်းကျင်ရှိ ဥက္ကာခဲများနှင့် တိုက်မိတာမျိုး ဆက်တိုက် ဖြစ်လာနိုင်ခြေ များသည်။

ဂြိုဟ်ပတ်လမ်းထဲမှာ ကားတိုက်တမ်း ကစားဖို့ဆိုသည်မှာ.. သူ့၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“အဲဒါကြောင့် အများသုံးချန်နယ်ကို အာရုံမစိုက်နိုင်ခဲ့ဘူး။ အခုမှ ပြန်ရောက်လို့ လူတိုင်းရဲ့ စကားဝိုင်းတွေကို လိုက်ဖတ်ပြီးတာ။”

လုမေယုယွီက ရှင်းပြလိုက်သည်။

အမှန်တော့ လုမေယွီ၏ ဤအခြေအနေကသာ အသက်ရှင်ကျန်ရစ်သူတစ်ယောက်၏ ပုံမှန်အခြေအနေ ဖြစ်သည်။

ပုံမှန် အသက်ရှင်ကျန်ရစ်သူများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့တွင် အချိန်ပြည့် ရှိမနေနိုင်ကြချေ။ အသေခံဖို့ စောင့်နေသည့်လူမျိုး ဒါမှမဟုတ် ရိက္ခာများကို ကူညီဖမ်းယူပေးမည့် အဆင့်မြင့် ကိရိယာများနှင့် စက်ပစ္စည်းများ ရှိသည့် ရှောင်းယီကဲ့သို့ လူမျိုးမဟုတ်လျှင်ပေါ့။ ကျန်သည့်လူများမှာ ရိက္ခာသေတ္တာများ လုယူနိုင်ရန်အတွက် အသည်းအသန် ရုန်းကန်နေကြရခြင်း ဖြစ်သည်။

ရှောင်းယီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“အဲဒါကတော့ အသေအချာ မပြောနိုင်သေးဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အချက်ပေးချက်အရဆိုရင်တော့ အဲဒီလို ဖြစ်ဖို့များတယ်။ ဒါပေမဲ့ သူရောက်သွားတဲ့ ဂလက်ဆီရဲ့ အခြေအနေကိုတော့ မင်းတို့လိုပဲ ငါလည်း မသိဘူး။”

“သူသာ နောက်ပိုင်းမှာ ပြန်လာနိုင်ရင် ကျွန်တော့်အတွက် စကားတစ်ခွန်းလောက် ပါးပေးလို့ ရမလား။”

လုမေယွီက အားနာနာဖြင့် တောင်းဆိုလာခဲ့သည်။

တခြားလူများ မသိသော်လည်း ဇာတ်ကြောင်းကို သိနေသည့် သူကတော့ ကျူးဝူသည် ယခုအခါ ရှောင်းယီ၏ လက်အောက်ခံ လုံးလုံးလျားလျား ဖြစ်နေပြီဆိုသည်ကို ကောင်းကောင်း နားလည်ထားသည်။ တစ်ခုခုရှိလျှင် ရှောင်းယီဘက်က သဘောတူသရွေ့ ကျူးဝူဘက်တွင် ဘာပြဿနာမှ ရှိလာမည် မဟုတ်ပေ။

All Chapters