← Chapters

အခန်း ၁၃၂၈

Vol. 116 Ch. 1328

အခန်း ၁၃၂၈

Vol. 116 Ch. 1328

အခန်း ၁၃၂၈

“အရောင်းအဝယ် မအောင်မြင်ပါ။ သင်သတ်မှတ်ထားသော ကုန်သွယ်ဖက်သည် ဤဂလက်ဆီတွင် မရှိတော့ပါ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အချက်ပေးစာတန်းကို ကြည့်ပြီး ကျန်းယွင်ထျန်း ခေတ္တမျှ ဆွံ့အသွားကာ ဂရုချတ်ထဲတွင် မေးလိုက်သည်။

“ကျူးဝူ...မင်း ရှိသေးလား။”

“ငါတို့ မဟာမိတ်ခေါင်းဆောင်ရဲ့ နာမည်က မီးခိုးရောင် ပြောင်းသွားပြီ။ သူ ငါတို့ဂလက်ဆီကနေ ထွက်သွားတာ သေချာတယ်။”

အားကုန်းက ဂရုချတ်ထဲတွင် ပြောလိုက်သည်။

“မဖြစ်နိုင်တာ...စောစောကလေးတင် ငါတို့ စကားပြောနေကြတုန်းရှိသေးတယ်။ တစ်စက္ကန့်လောက်နဲ့ ထွက်သွားတာလား “

ကျန်းယွင်ထျန်းမှာ ယုံရခက်နေခဲ့လေသည်။ ၎င်းက သူတို့ကို ပြင်ဆင်ရန် အချိန်ပင် လုံးဝမပေးခဲ့ချေ။

“ငါတို့ မဟာမိတ်ခေါင်းဆောင်က ငါတို့ဂလက်ဆီရဲ့ အစွန်းဆီကို တစ်ရက်တာ ခရီးတိုလေး လာလည်သွားတာ နေမှာပါ။”

အားကုန်းက ခန့်မှန်းလိုက်သည်။ ကျန်းယွင်ထျန်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“သူနဲ့ လဲလို့မရတော့မှတော့ မင်းနဲ့ပဲ လဲရတော့မှာပေါ့။ အားလုံးကို လောင်စာဆီအဖြစ် ပြောင်းလိုက်ပါ။ မင်းအတွက် ဒီနေ့စာ အောက်ဆီဂျင်ကို ခဏနေရင် ပို့ပေးမယ်။”

“အင်း...။”

အားကုန်းက ပြန်ဖြေလိုက်သည်။

တစ်ဖက်တွင်လည်း ကျူးဝူတစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေခဲ့လေသည်။ ကျန်းယွင်ထျန်း ပို့လိုက်သည့် ကုန်သွယ်မှုကို စောစောက သူ သေသေချာချာ မြင်လိုက်ရသော်လည်း သဘောတူသည်ဟု နှိပ်လိုက်သည့် တဒင်္ဂအတွင်း အရောင်းအဝယ်မှာ ချက်ချင်း မီးခိုးရောင်ပြောင်းကာ ပျောက်ကွယ်သွားခဲ့သည်။

“ဘာဖြစ်တာလဲ။ ကျန်းယွင်ထျန်းက ပြန်ဖျက်လိုက်တာလား။”

ကျူးဝူ ခဏမျှ ဆွံ့အသွားပြီးနောက် အခြေအနေကို မေးမြန်းရန် ဂရုထဲသို့ မက်ဆေ့ခ်ျပို့ရန် ကြိုးစားလိုက်သည်။

“ဤဂရုအား အခြားဂလက်ဆီတစ်ခုတွင် တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် ယာယီအသုံးပြု၍မရပါ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထိုအချက်ပေးချက်ကို မြင်လိုက်ရသောအခါ သူ နောက်တစ်ကြိမ် လွင့်မျောထွက်ခွာလာခဲ့ပြန်ပြီဆိုသည်ကို ကျူးဝူ ချက်ချင်း သဘောပေါက်သွားတော့သည်။

“သေစမ်း.. တစ်ရက်တာ ခရီးစဉ်လားဟ။”

ကျူးဝူ မျက်လုံးများ ပြူးကျယ်သွားပြီး ယီရန်ပင်း၏ နာမည်ကို စစ်ဆေးရန် အဆက်အသွယ်စာရင်းကို အပြေးအလွှား ဖွင့်ကြည့်လိုက်သည်။ ၎င်းမှာ စကားပြော၍မရသော မီးခိုးရောင် အခြေအနေတွင်ပင် ရှိနေဆဲပင်။

“ချီးထဲမှ.. ငါ အခု ဘယ်လိုဂလက်ဆီထဲကို မျောပါလာပြန်ပြီလဲ။”

ကျူးဝူ လုံးဝ ဆွံ့အသွားကာ အများသုံးချန်နယ်သို့ အမြန် ပြောင်းလဲကြည့်ရှုလိုက်သည်။ အများသုံးချန်နယ်ကို ကြည့်လိုက်သောအခါ ကျူးဝူ နောက်တစ်ကြိမ် ကြောင်အသွားရပြန်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် အများသုံးချန်နယ်တစ်ခုလုံးမှာ လုံးဝ ဗလာကျင်းနေပြီး မည်သူမျှ စကားပြောဆိုခြင်း မရှိသောကြောင့် ဖြစ်သည်။

“ဟဲလို...ဘယ်သူရှိလဲ။”

အများသုံးချန်နယ်မှာ သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်နေဆဲပင်။

“ငါ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှမရှိတဲ့ ဂလက်ဆီထဲ ရောက်လာတာတော့ မဟုတ်ပါဘူးနော်။”

ကျူးဝူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။

သူ ပြတင်းပေါက်နားသို့ မျောလွင့်သွားပြီး အပြင်ဘက်ရှိ ပိန်းပိတ်အောင် မှောင်မိုက်နေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာမှာ တိတ်ဆိတ်လွန်းသဖြင့် သူ့နှလုံးခုန်သံကိုပင် သူ ပြန်ကြားနေရသည်။

ဤနေရာရှိ ကြယ်မှာ အလင်းရောင် သိပ်ရှိပုံမရပေ။ သို့မဟုတ်ပါက သူသည် ထိုကြယ်နှင့် အလွန်ဝေးကွာလွန်းသဖြင့် ၎င်း၏ တောက်ပမှုကို လုံးဝ မခံစားရခြင်းလည်း ဖြစ်နိုင်သည်။

“သောက်ကျိုးနည်းကွာ.. ဒါက သေဆုံးနေတဲ့ ဂလက်ဆီကြီးတော့ မဟုတ်လောက်ဘူးမလား။”

ကျူးဝူ ကျောချမ်းလာမိသည်။

“တစ်ယောက်ယောက် လာပြီးစကားပြောကြပါဦး။”

သူ မလျှော့သောဇွဲဖြင့် အများသုံးချန်နယ်ထဲသို့ နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်ပြန်၏။ သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ချေ။

ယခုအချိန်တွင် ကျူးဝူသည် ထီးကျန်ခြင်း၊ ဟာလာဟင်းလင်းဖြစ်ခြင်းနှင့် ချမ်းအေးခြင်းတို့ကိုသာ ခံစားနေရသည်။သူသည် အတိုင်းအဆမဲ့ မှောင်မိုက်ခြင်းထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရပြီး မိမိကိုယ်မိမိ ရွေ့လျားနေသည်ကိုပင် မခံစားရတော့ချေ။

“မဖြစ်ဘူး...။ ဒီအတိုင်း ဆက်သွားရင် ငါ ရူးသွားလိမ့်မယ်။”

ကျူးဝူ တံတွေးတစ်ချက် မြိုချရင်း မိမိကိုယ်မိမိ ပြောလိုက်သည်။

“ငါ စိတ်ကို ပြန်စုစည်းရမယ်။”

“ငါ အရင်ဂလက်ဆီမှာ တစ်ရက်ပဲ နေခဲ့ရတာဆိုတော့...အခုက ဘေးပတ်ဝန်းကျင် ဂလက်ဆီရဲ့ အစွန်းနားလေးကိုပဲ ဝဲပျံနေတာ ဖြစ်ဖို့များတယ်။ ဒါကြောင့် ဒီကာလက ဘယ်လိုမှ မရှည်ကြာနိုင်ဘူး။ အဲဒါကြောင့် ငါ လုပ်စရာ အလုပ်တစ်ခုခု ရှာရမယ်။ စကားပြောမယ့်လူ မရှိရင်တောင် ငါ့ဘာသာငါ တစ်ယောက်တည်း စကားပြောနေလို့ရတာပဲ။”

ကျူးဝူသည် မိမိကိုယ်မိမိ အားပေးရင်း အလုပ်များအောင် စတင်လုပ်ဆောင်တော့သည်။

သူသည် ပစ္စည်းစုဆောင်းကိရိယာကို လွှတ်တင်လိုက်ပြီးနောက် လက်ရှိရှိနေသော ရိက္ခာများဖြစ်သည့် အောက်ဆီဂျင်၊ သန့်စင်ပြီးရေနှင့် အစားအစာများကို စီစစ်လိုက်သည်။

သူ ထိုပစ္စည်းများကို အထပ်ထပ်အခါခါ ပြန်လည်စီရီနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ရပ်တန့်သွားခဲ့သည်။

သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အချိန်ကို ကြည့်လိုက်ရာ နာရီဝက်ခန့်သာ ကုန်လွန်သေးသည်။

“ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ။ ငါ အလုပ်တွေ အများကြီး လုပ်ပြီးပြီလေ။ အချိန်က ဘာလို့ ဒီလောက် နှေးနှေးလေး ကုန်ဆုံးနေရတာလဲ။”

ကျူးဝူ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်။

“ငါ ဆက်အိပ်နေရင် ကောင်းမလား။”

ကျူးဝူ မိမိကိုယ်မိမိ တီးတိုးပြောရင်း အိပ်စက်ခြင်းအိတ်ထဲသို့ တကယ်ကြီး ပြန်ဝင်လိုက်သည်။

သူ ခုလေးတင်မှ နိုးလာခြင်းဖြစ်ရာ ယခုအချိန်တွင် ပြန်အိပ်ပျော်ရန် ကြိုးစားခြင်းက မဖြစ်နိုင်မှန်း သိသင့်သည်။ မှောင်မိုက်ခြင်းထဲတွင် တစ်ယောက်တည်း ရှိနေခြင်းက လူကို တကယ် စိတ်ပျက်ရူးသွပ်စေနိုင်၏။

ကျူးဝူ အိပ်ပျော်ရန် အတင်းကြိုးစားရင်း ဝေဝေဝါးဝါးဖြင့် အချိန်မည်မျှ ကုန်လွန်သွားသည်မသိဘဲ အိပ်စက်ခြင်းအိတ်ထဲမှ ပြန်ထွက်လာခဲ့သည်။

သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အချိန်ကို ကြည့်လိုက်ရာ မနက် ၈:၀၀ နာရီ ရှိနေပြီ ဖြစ်သည်။

ဒီလောက်အကြာကြီး ဟိုလှည့်ဒီလှည့် လုပ်နေခဲ့တာတောင်မှ အချိန်က တစ်နာရီပဲ ကုန်သေးတာလား။

မူလကတော့ ဤနေရာတွင် ပြင်းထန်သော အလင်းရောင်မရှိသဖြင့် ကျူးဝူအနေဖြင့် လျှပ်စစ်ဓာတ်အားအချို့ကို ချွေတာသင့်သော်လည်း သူသည် အရေးပေါ်ကယ်ဆယ်ရေးယာဉ်အတွင်းရှိ မီးများ အားလုံးကို ဖွင့်ချလိုက်တော့သည်။

သူ့ကို ဤအလင်းရောင် အနည်းငယ်လေးပင် ရခွင့်မပေးဘူးဆိုလျှင် ကျူးဝူတစ်ယောက် တကယ်ကြီး ရူးသွားနိုင်ပေသည်။

ဤအချိန်အတွင်း ပစ္စည်းစုဆောင်းရေး ကိရိယာက စုဆောင်းမှုပြီးဆုံး၍ တစ်ခေါက် ပြန်ရောက်လာသဖြင့် ကျူးဝူလည်း ၎င်းထဲမှ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

အလွန်အမင်း နာကျင်၍ ခံရခက်သော ခြောက်နာရီအချိန်ကာလ ကုန်လွန်သွားခဲ့သည်။ ကျူးဝူသည် နေ့လယ်စာပင် မစားချင်တော့ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသာ ကြောင်တောင်တောင် စိုက်ကြည့်နေမိပြီး တစ်ယောက်ယောက်က တစ်ခုခု လာပြောလိမ့်နိုးနိုးဖြင့် မျှော်လင့်နေမိသည်။

တစ်ခါတရံတွင် သူသည် အပြင်ဘက်ရှိ ပိန်းပိတ်အောင် မှောင်နေသော ပတ်ဝန်းကျင်ကို ကြည့်မိသော်လည်း မိမိကိုယ်မိမိ ရွေ့လျားနေသလား မရွေ့လျားဘူးလား ဆိုသည်ကို လုံးဝ မခံစားရချေ။

“ငါ တွင်းနက်ကြီးထဲကို စုပ်ယူခံလိုက်ရတာများလား။”

ထိုအတွေးက ကျူးဝူ၏ ဦးနှောက်ထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ သူသည် မိမိဆံပင်ကို နာကျင်စွာ ကုတ်ခြစ်ရင်း တီးတိုးရေရွတ်နေမိသည်။

“မဖြစ်နိုင်တာ...မဖြစ်နိုင်ဘူး။ အဲလို မဟုတ်နိုင်ပါဘူး...။”

အချိန်က တရွေ့ရွေ့ ကုန်လွန်နေပြီး ကျူးဝူ၏ မျက်ဝန်းများက အာရုံစူးစိုက်မှု ကင်းမဲ့နေကာ ဆံပင်များကလည်း ငှက်သိုက်တစ်ခုလို ရှုပ်ပွနေခဲ့ပြီ ဖြစ်သည်။

“ဘယ်သူမှ မရှိဘူး။ ငါ တစ်ခုခု လုပ်မှဖြစ်မယ်။ ငါ အခု သွားလိုက်ရမလား။”

ကျူးဝူတစ်ယောက် စိတ္တဇနာဝေဒနာရှင်တစ်ဦးလို ဖြစ်လာနေပြီ ဖြစ်သည်။ အရေးပေါ်ကယ်ဆယ်ရေးယာဉ် တစ်ခုလုံးအတွင်း ကျူးဝူ၏ တီးတိုးရေရွတ်သံမှတစ်ပါး အခြားမည်သည့် အသံမျှ မရှိချေ။

“တီ.. တီ...”

ရုတ်တရက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြောင်အမ်းနေသော ကျူးဝူသည် ထိတ်လန့်သွားသည့် ကြောင်တစ်ကောင်လို ချက်ချင်း နောက်သို့ လွင့်ပျံသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင်မူ ကျူးဝူသည် ရေနစ်နေသူတစ်ဦးက ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲရန် ကြိုးစားသကဲ့သို့ ထိုမျှော်လင့်ချက်ကို ဖမ်းဆွဲရန် အတင်းအလူးအလဲ ရှေ့သို့ တိုးသွားတော့သည်။

သို့သော် သူသည် ယာဉ်နံရံရှိ ပုံသေလက်တန်းကို မဆွဲကိုင်ထားသဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာဆီသို့ ရွေ့လျားသွားရန် မဖြစ်နိုင်ချေ။

အတန်ကြာ အားထုတ်ရုန်းကန်ပြီးနောက်တွင်မှ ကျူးဝူ၏ မျက်ဝန်းများတွင် အာရုံပြန်လည် စုစည်းလာနိုင်ခဲ့ပြီး ဘေးနားရှိ လက်တန်းကို ဆွဲကိုင်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ မျောလွင့်သွားရမည်ကို နောက်ဆုံးတွင် သတိပြုမိသွားတော့သည်။

“ကျူးဝူ.. မင်း ရှိလား...။ မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။”

“အခြေအနေက ဘာလဲ။ ဘာလို့ စကားမပြောတာလဲ။ အန္တရာယ်နဲ့ ကြုံနေရလို့လား။”

“ကျူးဝူ.. စကားပြောဦးလေ။”

၎င်းမှာ ရှောင်းယီ ပို့လိုက်သော သီးသန့်မက်ဆေ့ခ်ျ ဖြစ်သည်။

ဤအချိန်တွင် ကျူးဝူမှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာမိသည်။ နောက်ဆုံးတော့ သူ အသက်ရှင်နေတဲ့ လူသားတစ်ယောက်ကို မြင်လိုက်ရပြီ ဖြစ်သည်။ ၎င်းက သူ၏သူဌေးပင် ဖြစ်နေသေးသည်။

“ဘာတွေဖြစ်နေတာလဲ။ မင်းဘက်က အခြေအနေက ဘယ်လိုရှိလဲ။”

ရှောင်းယီက နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့ပြန်သည်။ ကျူးဝူသည် သူ့အင်္ကျီလက်ဖြင့် မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး ပြောလိုက်သည်။

“သူဌေး.. ကျွန်တော်ပါဗျာ။ ကျွန်တော် အဆင်ပြေပါတယ်။ နောက်ဆုံးတော့ ကျွန်တော် ဒီဘက်ကို ပြန်ရောက်လာခဲ့ပြီ။”

ကျူးဝူထံမှ မက်ဆေ့ခ်ျကို မြင်သောအခါ ရှောင်းယီလည်း အနည်းငယ် စိတ်အေးသွားပြီး မေးလိုက်သည်။

“မင်း တကယ်ပဲ တခြားဂလက်ဆီတစ်ခုကို ရောက်သွားခဲ့တာလား။”

“ဟုတ်တယ်။ စောစောကဆိုရင် ကျွန်တော် ဒီဂလက်ဆီကို ပြန်မလာနိုင်တော့ာ့ဘူးလို့တောင် ထင်သွားတာ။”

ကျူးဝူက မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။

“ဘာဖြစ်ခဲ့လို့လဲ။”

ရှောင်းယီက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ကျွန်တော် အလွန်အမင်း မှောင်မိုက်တဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေပြီး ဘာမှမမြင်ရဘူး။ အများသုံးချန်နယ်ထဲမှာလည်း ဘယ်သူမှ စကားမပြောကြဘူး။ သင်္ချိုင်းတစ်ခုလို တိတ်ဆိတ်နေတာပဲ။ ကျွန်တော် တကယ်ကြီး ရူးသွားတော့မလို့ပဲ။”

ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။ ကျူးဝူ၏ ဖော်ပြချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီ သက်ပြင်းချလိုက်မိသည်။

“အဲဒီ ကန့်လန့်တိုက်တတ်တဲ့ ကောင်ပြောတာ တကယ် မှန်နေတာပဲ။”

“ဘယ်သူ့ကို ပြောတာလဲ သူဌေး။”

ကျူးဝူ အနည်းငယ် ဆွံ့အသွားပြီး မေးလိုက်သည်။

“မင်း ငါတို့ဂလက်ဆီကနေ ပျောက်သွားပြီးတဲ့နောက် အများသုံးချန်နယ်ထဲမှာ မင်း ဘယ်ရောက်သွားလဲဆိုတာ ဆွေးနွေးနေကြတာလေ။”

“အဲဒီထဲက ကန့်လန့်တိုက်တတ်တဲ့လူ အချို့က မင်း အသက်လက္ခဏာ လုံးဝမရှိတဲ့ ဂလက်ဆီထဲ ရောက်သွားတာ ဖြစ်ရမယ်လို့ ပြောခဲ့တယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ဒါပေမဲ့ အတိုင်းအဆမဲ့ မှောင်မိုက်တဲ့ နေရာထဲမှာ နာရီပေါင်း ၃၀ ကျော်ကြာ ဖြတ်သန်းခဲ့ရတာ မင်း တကယ် ပင်ပန်းသွားပြီ။”

“ကျွန်တော် အမှောင်ထဲမှာ နာရီပေါင်း ၃၀ ကျော် ဖြတ်သန်းခဲ့ရတယ်လို့ ဘယ်သူပြောလဲ။”

All Chapters