အခန်း ၁၁၁
Vol. 12 Ch. 111
အပိုင်း ၁၁၁ - မမျှော်လင့်ထားသော ကယ်တင်ခြင်း
လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့ ဆေးရုံကားပါကင်သို့ ရောက်ရှိချိန်မှာပဲ မသိမသာ နံစော်နေသော သွေးညှီနံ့တစ်ခုကို ရရှိလိုက်သည်။ လင်းစုယွီသည် ချက်ချင်းပင် သတိအနေအထားဖြစ်သွားပြီး ကားဆီသို့ ဦးတည်သွားနေသော ကျန့်ဖိန့်ဖိန့်ကို လှမ်းဆွဲလိုက်သည်။
"ဖိန့်ဖိန့် ခဏနေဦး"
သူမစကားပြောနေစဉ်မှာပင် သူမ၏ စိတ်ဝိညာဉ်အာရုံစွမ်းအားကို ဖြန့်ကျက်လိုက်ပြီးဖြစ်သည်။ စုယွီက မြေပြင်ပေါ်ရှိ မိုးပေါက်လေးများအလား ကျဆင်းနေသော သွေးစက်လေးများကို ကြည့်ရန် ကျန့်ဖိန့်ဖိန့်အား အချက်ပြလိုက်သည်။
ထိုအချိန်တွင် လင်းစုယွီသည် ကျန့်ဖိန့်ဖိန့်၏ ကားနောက်ဖုံးထဲ၌ ဒဏ်ရာရထားသော အမျိုးသမီးတစ်ဦး ပုန်းအောင်းနေသည်ကို စိတ်ဝိဉာဉ်အာရုံဖြင့် မြင် လိုက်ရသည်။ ထိုအမျိုးသမီးသည် လက်တစ်ဖက်က ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကမူ အဝတ်စတစ်ခုဖြင့် ဒဏ်ရာကို ဖိထားလေသည်။
"ငါတို့ နောက်ဆုတ်ကြမလား"
ကျန့်ဖိန့်ဖိန့်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ သူမသည် ငယ်စဉ်ကတည်းက ပညာရှိတို့မည်သည် ပြိုကျလုဆဲ နံရံအောက်၌ မတ်တပ်မရပ်ရဟူသော ဆုံးမစကားကို နာယူခဲ့ရသူဖြစ်ရာ ယခုကဲ့သို့ အခြေအနေမျိုးတွင် ကိုယ့်လုံခြုံရေးကိုသာ ပထမဦးစားပေး စဉ်းစားမိခြင်းဖြစ်သည်။
လင်းစုယွီလည်း စိတ်နှစ်ခွဖြစ်နေသည်။ ပုန်းနေသောသူမှာ ကျန့်ဖိန့်ဖိန့်၏ ကားထဲတွင် ဖြစ်နေသည့်အပြင် အချိန်မရွေး သတိလစ်သွားနိုင်သည့် အနေအထားတွင် ရှိနေသည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ လူတစ်စု ကားပါကင်ထဲသို့ ရောက်ရှိလာခြင်းပင်။
"ဆရာ... အဲ့ဒီမိန်းမ ဒီပါကင်ထဲမှာ ပုန်းနေတာ သေချာတယ်၊ သေချာရှာရင်တော့ ဖမ်းမိမှာပဲ။ မိတာနဲ့ သူ့ခြေထောက်တွေကို အရင်ဆုံး ရိုက်ချိုးပစ်မယ်"
"စကားများမနေနဲ့ မြန်မြန်ရှာစမ်း" ဟု ပြောဆိုသံများ ပျံ့လွင့်လာသည်။
ကျန့်ဖိန့်ဖိန့် မျက်မှောင်ကြုတ်လိုက်ပြီး သူမနှင့်အတူပါလာသော သက်တော်စောင့် နှစ်ယောက်ကို ကြည့်ကာ အခြေအနေကို တွက်ဆလိုက်သည်။ ကားပါကင်ထဲတွင် အခြေအနေက မသေချာသည့်အပြင် လူမိုက်တစ်စုပါ ရောက်လာသဖြင့် အတူရှိနေသော စုယွီအား ထိခိုက်မိမှာ သို့မဟုတ် လန့်ဖျပ်သွားမှာကို သူမ အဖြစ်မခံနိုင်ပေ။
"စုယွီ ရပါတယ်... ငါတို့ အရင်ပြန်ဆုတ်ရအောင်"
ကျန့်ဖိန့်ဖိန့်က ဆုတ်ခွာချင်သော်လည်း "အစ်ကိုကြီး... ဒီမှာ လူတွေရှိတယ်" ဆိုသောအသံနှင့်အတူ လူမိုက်အုပ်စုက သူတို့ကို ချက်ချင်းတွေ့သွားပြီး ဝိုင်းထားလိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူက ကျန့်ဖိန့်ဖိန့်နှင့် လင်းစုယွီကို အကဲခတ်လိုက်သည်။ သူတို့နှင့်အတူ သက်တော်စောင့်များ ပါလာသည်ကို မြင်သောအခါ သာမန်လူများမဟုတ်ကြောင်း ရိပ်မိသွားသဖြင့် စကားပြောသံမှာ အနည်းငယ် ယဉ်ကျေးသွားသည်။
"မိန်းကလေးတို့... အသက် (၁၈)နှစ်၊ (၂၀) ဝန်းကျင် ဒဏ်ရာရထားတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့မိကြသေးလား"
ကျန့်ဖိန့်ဖိန့်က ဘာမှပြန်မပြောဘဲ သက်တော်စောင့် အားချိန်က ရှေ့သို့တိုးကာ ရင်ဆိုင်ဖြေရှင်းပေးလိုက်သည်။
"ညီအစ်ကိုတို့က ဘယ်ကလဲ။ ကျွန်တော်တို့ သခင်မလေးက အခုမှ ပါကင်ထဲ ရောက်တာ၊ ဘယ်သူ့ကိုမှ မတွေ့မိဘူး"
"အခုမှ ရောက်တာဆိုရင်လည်း ခဏစောင့်ဦး။ ပုဆိန်ဂိုဏ်းက အလုပ်လုပ်နေတာ၊ ဘေးလူတွေ ဖယ်နေကြစမ်း"
လင်းစုယွီတို့ကို အခက်အခဲဖြစ်စေရန် ရည်ရွယ်ချက်မရှိသော်လည်း လူမိုက်ဂိုဏ်းသားများပီပီ သူတို့၏ ရိုင်းစိုင်းသော စရိုက်ကတော့ ပေါ်လွင်နေဆဲဖြစ်သည်။
ပုဆိန်ဂိုဏ်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော ဂိုဏ်းဖြစ်သည်။ မိန်းကလေးတစ်ယောက်တည်းကို လူအများအပြားဖြင့် လိုက်လံဖမ်းဆီးနေခြင်းက သူတို့၏ ဆိုးသွမ်းမှုကို ပြသနေသလို ထိုမိန်းကလေးမှာလည်း လူဆိုးတစ်ယောက် မဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။
"ဖိန့်ဖိန့်... ငါတို့ ပြန်ကြရအောင်" ဟု လင်းစုယွီက ပြောလိုက်သည်။
လင်းစုယွီ စကားပြောလိုက်သည့်အခါ ကျန့်ဖိန့်ဖိန့်က ကန့်ကွက်ခြင်းမရှိဘဲ အားချန်းကို ကိုင်တွယ်ဖြေရှင်းရန် မျက်ရိပ်ပြလိုက်သည်။
"ညီအစ်ကိုတို့ ဘယ်လောက်ကြာဦးမှာလဲ။ ကျွန်တော်တို့ သခင်မလေးက အလျင်လိုနေလို့၊ ကားကို အရင်ပေးထွက်လို့ ရမလား"
"မရဘူး... ပါကင်တစ်ခုလုံး ရှာမပြီးမချင်း ဘယ်သူမှ ထွက်ခွင့်မရှိဘူး"
ခေါင်းဆောင်ဖြစ်သူ စကားမပြောရသေးမီ လက်ပါးစေတစ်ဦးက ဝင်ပြောလိုက်သည်။ ထိုအသံမှာ လင်းစုယွီ စောစောကကြားခဲ့ရသော မောက်မာရိုင်းစိုင်းပြီး ပြဿနာရှာချင်နေသည့် အသံပင် ဖြစ်သည်။
"ဘယ်လောက်ကြာဦးမှာလဲ" နှစ်ဖက် စကားအချေအတင် ဖြစ်နေစဉ်မှာပင် ရှာဖွေရေးသွားသော လူများ ပြန်ရောက်လာပြီး လူပျောက်နေကြောင်း သတင်းပို့ကြသည်။
"မဖြစ်နိုင်တာ၊ ငါ့မျက်စိနဲ့ကို မြင်လိုက်တာ ဒီထဲဝင်သွားတာကို။ ထွက်ပေါက်တွေအားလုံး ပိတ်ထားတာပဲ၊ အတောင်ပံရှိရင်တောင် လွတ်စရာအကြောင်းမရှိဘူး။ ကားနောက်ဖုံးတွေ အကုန်ဖွင့်စစ်စမ်း"
"ဒီမှာ ကားတွေ အများကြီးကို ဘယ်လိုလိုက်ဖွင့်မှာလဲ၊ ဦးနှောက်သုံးစမ်း၊ ခွေးသွားခေါ်ခဲ့"
လင်းစုယွီသည် ထိုအမျိုးသမီးကို ကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။ ဒဏ်ရာရထားသော အမျိုးသမီးမှာ သတိလစ်သွားပြီဖြစ်သလို သွေးများကလည်း စိမ့်ထွက်နေပြီဖြစ်သည်။ အမြန်ဆုံး မထွက်သွားနိုင်ပါက ဖမ်းမိသွားတော့မည်။
"ပုဆိန်ဂိုဏ်းက တော်တော်လည်း အရှိန်အဝါ ကြီးနေပါလား။ ဟောင်ကောင်မြို့ရဲ့ ပိုင်မိသားစုနဲ့ ကျန့်မိသားစုက သမီးပျိုတွေကို ပါကင်ထဲမှာ ပိတ်ထားရဲတယ်ပေါ့၊ ငါတို့ကို ထွက်ခွင့်မပေးဘူးလား" ဟု လင်းစုယွီက မေးလိုက်သည်။
ဟောင်ကောင်ရှိ လူမိုက်ဂိုဏ်းများနှင့် ကြီးမားသော မိသားစုကြီး (၄) စုသည် အကျိုးစီးပွားချင်း ဆက်နွှယ်နေကြသည်။ ကွယ်ရာတွင် အားပြိုင်မှုများ ရှိနိုင်သော်လည်း မည်သည့်ဂိုဏ်းမှ ထိုမိသားစုကြီးများကို ဗြောင်ကျကျ ရန်မစရဲကြပေ။
ထို့ကြောင့် လင်းစုယွီက သူမ၏ အထောက်အထားကို ထုတ်ပြောလိုက်သောအခါ ခေါင်းဆောင်ဖြစ်သူမှာ ခေတ္တစဉ်းစားသွားပြီး လမ်းဖယ်ပေးရန် ဆုံးဖြတ်လိုက်သည်။
"အိုးး... ပိုင်မိသားစုက သခင်မလေးကိုး။ ကောင်းပါပြီ၊ ကျွန်တော်တို့ ပုဆိန်ဂိုဏ်းက မိသားစုကြီး (၄) စုရဲ့ မျက်နှာကို ထောက်ထားရမှာပေါ့"
စကားပြောပုံမှာ သိပ်မယဉ်ကျေးသော်လည်း ယခုအချိန်မှာ အသေးအဖွဲ့ကိစ္စကို အရေးလုပ်နေရမည့် အချိန်မဟုတ်ပေ။ လင်းစုယွီသည် ကျန့်ဖိန့်ဖိန့်ကို ကားဆီသို့ ဆွဲခေါ်သွားသည်။ ကျန့်ဖိန့်ဖိန့်က ကားပေါ်တက်ချိန်တွင် ဘာမှမရိပ်မိသော်လည်း သက်တော်စောင့် အားချန်းကတော့ ကားထဲဝင်လိုက်သည်နှင့် သွေးညှီနံ့ကို ချက်ချင်း သတိပြုမိသွားသည်။
"အားချန်း... မောင်းတော့။ ဖိန့်ဖိန့်က စက်ရုံအဖြစ်ပြောင်း လို့ရမယ့် ဂိုဒေါင်ဟောင်းတစ်ခုကို သွားကြည့်ချင်တယ်ဆို၊ အဲ့ဒီကိုပဲ သွားရအောင်" ကျန့်ဖိန့်ဖိန့်က မကန့်ကွက်သဖြင့် အားချန်းလည်း လင်းစုယွီ ပြောသည့်အတိုင်း လုပ်ဆောင်ရန် ပြင်လိုက်သည်။
"ဆရာ... ဒီအတိုင်း လွှတ်လိုက်မှာလား။ သူတို့ကားနောက်ဖုံးကို မစစ်ရသေးဘူးလေ"
ထိုအသံမှာ လင်းစုယွီ အမုန်းဆုံး အသံပင်ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ သူမ သည်းမခံတော့ဘဲ အိတ်ထဲမှ ဒင်္ဂါးပြားတစ်ခုကို ထုတ်ကာ လက်ချောင်းဖြင့် စွမ်းအင်သွင်း၍ မြှောက်ပစ်လိုက်သည်။
"အား!" ဟူသော အော်ဟစ်သံနှင့်အတူ ထိုလူမှာ ဒူးထောက်ကျသွားပြီး ခြေထောက်မှ သွေးများ ပန်းထွက်လာသည်။
"နောက်တစ်ခါ ထပ်ပြီး ရိုင်းစိုင်းဦးမယ်ဆိုရင်တော့ မင်းခြေထောက်ကို အကောင်းအတိုင်း ရတော့မှာ မဟုတ်ဘူး" ဟု လင်းစုယွီက ပြတ်သားစွာ ပြောလိုက်သည်။
ပုဆိန်ဂိုဏ်း အဖွဲ့ဝင်များမှာ ထိတ်လန့်သွားကြသည်။ သူတို့၏ ပုဆိန်များမှာ မာကျောသော်လည်း ကိုယ်ခံပညာကိုတော့ နားမလည်ကြပေ။ ပိုင်မိသားစု၏ သခင်မလေးမှာ ဤမျှ စွမ်းဆောင်နိုင်မည်ဟု မထင်ထားခဲ့ကြရာ စောစောက သူတို့လုပ်ရပ်မှာ ဓားသွားပေါ်တွင် ကပြနေသကဲ့သို့ အန္တရာယ်ကြီးလှသည်။
"မောင်းတော့"
ကားပါကင်ထဲမှ ထွက်လာပြီးနောက် ကျန့်ဖိန့်ဖိန့်သည် လင်းစုယွီကို အံ့အားသင့်စွာ ကြည့်ရင်း "စုယွီ... နင်က ရှေးဟောင်းသိုင်းပညာ တတ်တာလား၊ တကယ့်ကို အလန်းကြီးပဲ၊ ခုနက တိုက်ကွက်က တော်တော်မိုက်တယ်" ဟု ဆိုကာ ပရိသတ်တစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
"အခြေခံလောက်ပါပဲ။ ဒီဒင်္ဂါးပြားက အထူးပြုလုပ်ထားလို့ ဒဏ်ရာရသွားတာပါ" ဟု လင်းစုယွီက နှိမ့်ချစွာ ရှင်းပြလိုက်ရာ အားချန်းလည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ကားမောင်းနေစဉ်အတွင်း လင်းစုယွီသည် ကားနောက်ဖုံးရှိ အမျိုးသမီး သတိမရသေးမီ သူမ၏ မှတ်ဉာဏ်များကို စစ်ဆေးရန် ပြင်လိုက်သည်။ သူမအနေဖြင့် ခက်ခက်ခဲခဲ ကယ်တင်ထားရသူဖြစ်ရာ ထိုသူမှာ လူဆိုးမဟုတ်ကြောင်း သေချာစေရန် စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးခြင်းက သင့်တော်သည်ဟု ယူဆမိသည်။
ကံကောင်းသည်မှာ ထိုအမျိုးသမီးမှာ သတိလစ်နေသဖြင့် လင်းစုယွီ၏ အာရုံစွမ်းအားကို မတွန်းလှန်နိုင်ပေ။ လင်းစုယွီသည်လည်း အနက်ရှိုင်းဆုံးထိ မကြည့်ဘဲ လတ်တလော မှတ်ဉာဏ်များကိုသာ ခပ်မြန်မြန် ကြည့်လိုက်သည်။ ထိုအမျိုးသမီးမှာ ဘဝခါးလှသူတစ်ဦး ဖြစ်နေသည်။
သူမ၏ လှပမှုကြောင့်ပင် သားကိုအလိုလိုက်ပြီး သမီးကိုနှိမ်တတ်သော မိဘများက သူမအား ပုဆိန်ဂိုဏ်း၏ အောက်ခြေခေါင်းဆောင်တစ်ဦးထံ ရောင်းစားခဲ့ခြင်းဖြစ်သည်။ ထိုခေါင်းဆောင်မှာ လင်းစုယွီ ဒင်္ဂါးပြားဖြင့် ပစ်လိုက်သော လူမိုက်ပင် ဖြစ်သည်။
"ဖိန့်ဖိန့်... လုံခြုံမှုရှိတဲ့ ဆေးခန်းတစ်ခုခုကို သိလား။ ငါတို့ကားနောက်ဖုံးထဲမှာ ဒဏ်ရာရထားတဲ့ အမျိုးသမီးတစ်ယောက် ပါလာတယ်၊ သူ ဆေးကုဖို့ လိုနေတယ်"
လင်းစုယွီ စကားဆုံးသည်နှင့် ကျန့်ဖိန့်ဖိန့်လည်း ပုဆိန်ဂိုဏ်းက လိုက်ရှာနေသူမှာ သူမ၏ ကားနောက်ဖုံးထဲတွင် ရှိနေမှန်း သဘောပေါက်သွားတော့သည်။
သူမသည် ဘာမှထပ်မမေးတော့ဘဲ အားချန်းအား သူတို့၏ သင်္ဘောလိုင်းပိုင် ဆေးခန်းသို့ ကားကို မောင်းနှင်ရန် ညွှန်ကြားလိုက်လေတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း