အခန်း ၁၁၈
Vol. 12 Ch. 118
အပိုင်း ၁၁၈ - အပြီးသတ်အဆုံးအဖြတ်
လျန်ချောင်ဟွေ့၏ မိခင်ဖြစ်သူ လျန်ကတော်မှာ သူမသားကဲ့သို့ပင် ထက်မြက်သူတစ်ဦးဖြစ်ရာ သားဖြစ်သူ၏ စကားအနည်းငယ်မျှဖြင့်ပင် အခြေအနေအရပ်ရပ်ကို ရိပ်မိနားလည်သွားသည်။
ဟောင်ကောင်မြို့မှ ကျင်းမန်မြို့သို့ ဆန်စပါးလှူဒါန်းမှု၊ စုယွီ၏ ကိုယ်စားလှယ်ပေးပို့လိုက်သည့် လက်ဆောင်များနှင့် အတွင်းရေးမှူးဝမ်ကို မကြာမီ အပြတ်ရှင်းတော့မည်ဆိုသည့် သားဖြစ်သူ၏စကား၊ ဤအချက်သုံးချက်ကို ဆက်စပ်ကြည့်ပြီးနောက် သူမသည် ဖြစ်ပျက်နေသမျှကို အကြမ်းဖျင်း ပုံဖော်လိုက်နိုင်တော့သည်။
"သားလည်း စောစောနားတော့လေ။ မနက်ဖြန်ကျရင် သားငယ်ကို စုယွိီအတွက် ပြန်ပေးဖို့ ပစ္စည်းတချို့ အဆင်သင့်ပြင်ခိုင်းလိုက်မယ်။ စုယွီဆီကို ပါဆယ်ပို့ပေးဖို့ လူတစ်ယောက်လောက်တော့ သားရှာပေးနိုင်တယ်မလား" ဟု သူမက ဆိုသည်။
လင်းစုယွီထံမှ လက်ဆောင်များရရှိသည့်အတွက် လျန်ကတော်မှာ အလွန်ဝမ်းသာနေသလို စုယွီအပေါ်တွင်လည်း စိတ်စေတနာထားရှိသူဖြစ်သည်။ သူမသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် အမြဲတမ်း စေ့စပ်သေချာပြီး ကျွမ်းကျင်လိမ္မာသူတစ်ဦး မမဟုတ်ပါလား။
လျန်ချောင်ဟွေ့က သဘောတူညီခဲ့ပြီး လင်းစုယွီက လျန်ဟွေ့အတွက် ရေးပေးလိုက်သောစာကို လျန်ကတော်မှတစ်ဆင့် ပေးအပ်ရန် ကမ်းပေးလိုက်သည်။ နောက်တစ်နေ့တွင်မူ လျန်ချောင်ဟွေ့သည် ချန်ယီထံမှ ရရှိထားသော သတင်းအချက်အလက်များကို ယူဆောင်ကာ မြို့တော်ဝန်ကျောက်ထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။
ဟောင်ကောင်မှ ဆန်စပါးများ ကျင်းမန်မြို့၏ ဂိုဒေါင်များအတွင်းသို့ အောင်မြင်စွာ ဆိုက်ရောက်လာပြီဖြစ်၍ မြို့တော်ဝန်ကျောက်မှာ သက်ပြင်းချနိုင်သွားပြီဖြစ်သည်။ ယခုအခါတွင် သူ၏မျက်စိထဲ၌ လျန်ချောင်ဟွေ့မှာ အလွန်ပင် အားကိုးထိုက်သူတစ်ဦးအဖြစ် မြင်နေတော့သည်။
"ရှောင်လျန် ရောက်လာပြီလား၊ ထိုင်ပါဦး။"
"မြို့တော်ဝန်... ကျွန်တော် ယူလာတဲ့ အချက်အလက်တချို့ကို တစ်ချက်လောက် ကြည့်ပေးပါဦး"
လျန်ချောင်ဟွေ့က စာရွက်စာတမ်းများကို မြို့တော်ဝန်ကျောက်ထံ ကမ်းပေးလိုက်သည်။ မြို့တော်ဝန်က စာရွက်များကို လှမ်းယူဖတ်ရှုလိုက်ရာ သူ၏ကြည်နူးနေသော စိတ်အစဉ်မှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
"ဒီအချက်အလက်တွေကို မင်းဘယ်ကရတာလဲ" ဟု သူက မေးလိုက်သည်။
အချက်အလက်များက မည်မျှပင် ခိုင်လုံနေစေကာမူ ဤကဲ့သို့ လက်ရာမြောက်သည့် သက်သေအတုများကို အတွင်းရေးမှူးဝမ်ကသာ ဖန်တီးနိုင်သည်ကို မြို့တော်ဝန်ကျောက် သိနေသည်။
"မြို့တော်ဝန်... ဟဲ့ဖိန်လမ်းက အိမ်လေးမှာ ဖြစ်ခဲ့တဲ့ ခိုးမှုအကြောင်း မှတ်မိသေးတယ်မလား။ အဲဒီကနေ ရလာတဲ့ အချက်အလက်တွေပဲ။ တကယ်လို့ ဒီစာရွက်စာတမ်းတွေကို အချိန်မီ မသိမ်းဆည်းနိုင်ခဲ့ဘူးဆိုရင်..." ဟု လျန်ချောင်ဟွေ့က မြို့တော်ဝန်ကို သတိပေးလိုက်သည်။
ထိုစဉ်က အတွင်းရေးမှူးဝမ်၏ အကွက်ဆင်မှုကြောင့် မြို့တော်ဝန်ကျောက်မှာ ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရသည်ကို ပြန်လည်အမှတ်ရစေလိုခြင်းဖြစ်သည်။
မြို့တော်ဝန်ကျောက်သည် ထိုစဉ်က သူ၏အခြေအနေ မည်မျှအန္တရာယ်ကြီးခဲ့သည်ကို ပြန်လည်တွေးတောမိသွားသည်။ သူ၏ရာထူးကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း သူ၏သားအရင်းကိုမူ အကျဉ်းစခန်းသို့ ပို့ဆောင်ခဲ့ရသည်။ ယခုအချိန်တွင်မူ လျန်ချောင်ဟွေ့က ဤသတင်းကို မည်သို့ရလာသနည်းဆိုသည်ထက် လျန်ချောင်ဟွေ့၏ ရည်ရွယ်ချက်နှင့် သူမည်သည့်ဘက်က ရပ်တည်နေသနည်းဆိုသည်ကိုသာ မြို့တော်ဝန်က ပို၍ စဉ်းစားနေမိတော့သည်။
မြို့တော်ဝန်ကျောက် စိတ်ဝင်စားသွားသည်ကို မြင်သောအခါ လျန်ချောင်ဟွေ့က ကောင်းသောအခွင့်အရေးကို အသုံးချ၍ ဆက်ပြောလိုက်သည်။
"မြို့တော်ဝန်... တကယ်လို့ တစ်စုံတစ်ယောက်က အတွင်းရေးမှူးဝမ်ကို ရာထူးကနေ ဆွဲချဖို့ ကြိုးစားနေတယ်ဆိုရင် မြို့တော်ဝန်အနေနဲ့ ဘယ်လိုသဘောရမလဲ" ဟု မေးလိုက်သည်။
မြို့တော်ဝန်တွင် အကြံအစည်ရှိသည်မှာ သေချာသော်လည်း အတွင်းရေးမှူးဝမ်ကို အပြီးတိုင်ဖြုတ်ချရန်အတွက် သူ မည်သည့်တန်ဖိုးကို ပေးဆပ်ရမည်နည်း။
"ရှောင်လျန်... မင်း ငါ့နားမှာ အလုပ်လုပ်လာတာ မနည်းတော့ဘူး၊ ငါ့အကြောင်းကို မင်းသိပါတယ်။ အတွင်းရေးမှူးဝမ်ကို ဖြုတ်ချနိုင်မယ်ဆိုတာကတော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ဘယ်လိုလုပ်မှာလဲ၊ မင်းမှာ အစီအစဉ်ရှိရင် ပြောပြပါဦး"
လျန်ချောင်ဟွေ့၏ အစီအစဉ်ကို နားထောင်ပြီးနောက် မြို့တော်ဝန်ကျောက် အလွန်စိတ်လှုပ်ရှားသွားသည်။ ဤအစီအစဉ်မှာ အမှန်တကယ် လက်တွေ့ကျလှသည်။
"ချောင်ဟွေ့... ကောင်းကောင်းဆက်လုပ်ပါ။ နောင်တစ်ချိန် အခွင့်အရေးရလာရင် မင်းရဲ့အရည်အချင်းနဲ့ ထိုက်တန်တဲ့ ရာထူးတစ်ခုရဖို့ ငါသေခုပေါက် ကူညီပေးမယ်။ မင်းက လူထုအတွက် အနစ်နာခံပြီး ကိုယ်ကျိုးမဖက်တဲ့ လူတော်တစ်ယောက်ပဲ"
မြို့တော်ဝန်ကျောက်က ကတိစကားကို တိုက်ရိုက်ပေးလိုက်ပြီးနောက် နှစ်ဦးသား လင်းစုယွီ၏ စီစဉ်မှုအတိုင်း လုပ်ငန်းများကို စတင်ညှိနှိုင်းကြတော့သည်။
"ချောင်ဟွေ့... အတွင်းရေးမှူးဝမ်ရဲ့ မိသားစုဝင်တွေကိုပါ ဒီထဲ ဆွဲထည့်လို့ရမလား" ဟု မြို့တော်ဝန်က မေးလိုက်သည်။
သူ၏သားကို ထောင်နန်းစံအောင် လုပ်ခဲ့သော အတွင်းရေးမှူးဝမ်အပေါ် ကလဲ့စားချေလိုစိတ်ဖြင့် ဝမ်၏ သားကိုပါ အလွတ်မပေးလိုတော့ပေ။
"အတွင်းရေးမှူးဝမ်ရဲ့သားက အခုတလော မှောင်ခိုဈေးကွက်မှာ ပါဝင်ပတ်သက်နေတယ်လို့ ကြားတယ်၊ ကျွန်တော်တို့ အဲဒီကနေ စကြည့်လို့ရနိုင်တယ်" ဟု လျန်ချောင်ဟွေ့က သတင်းအချက်အလက်ပေးလိုက်သည်။
"ကောင်းပြီ... ဒါဆို မြွေကိုတွင်းအပြင်ထွက်လာအောင် ငါတို့ အကွက်လေးတစ်ခုလောက် ဆင်လိုက်ကြတာပေါ့"
အတွင်းရေးမှူးဝမ်မှာမူ အိမ်၌ထိုင်ရင်း လင်းမိသားစုကို အသုံးချကာ ဟောင်ကောင်မှ ဆန်စပါးများရယူပြီး သူ့အတွက် နာမည်ကောင်းရရန် ကြံစည်နေဆဲဖြစ်သည်။ ပိုင်မိသားစုထံမှ ရောက်ရှိလာသော ဤဆန်စပါးများသည် သူ့အတွက် ထောင်ချောက်တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
ချန်ယီသည် ကျင်းမန်မြို့တွင် တစ်လခွဲခန့် နေထိုင်ခဲ့ပြီး အရာအားလုံးသည် အစီအစဉ်အတိုင်း အောင်မြင်စွာ လည်ပတ်နေခဲ့သည်။ ဦးစွာ အတွင်းရေးမှူးဝမ်၏သား ပြဿနာတက်ပြီးနောက်တွင်မူ မီးပွားလေးတစ်ခုမှ တောမီးလောင်သကဲ့သို့ ထိုပြဿနာမှာ အတွင်းရေးမှူးဝမ်ထံသို့ အရှိန်အဟုန်ဖြင့် ကူးစက်သွားတော့သည်။
"ဒီတစ်ခါတော့ လောင်ဝမ်ရဲ့သား လက်ပူးလက်ကြပ် အမိခံလိုက်ရပြီ။ ဆန်စပါးနဲ့ ရှေးဟောင်းပစ္စည်းတွေကို မှောင်ခိုရောင်းစားနေတာကိုး၊ တကယ်ကို ကျေနပ်စရာပဲ"
ချန်ယီသည် လူတစ်ယောက်ကို ဆန်ပိုင်ဆိုင်သူအဖြစ် ဟန်ဆောင်ခိုင်းပြီး ဝမ်၏သားကို ဆက်သွယ်စေခဲ့သည်။ ထို့နောက် ရှေးဟောင်းပစ္စည်းများနှင့် လဲလှယ်ရန် ကမ်းလှမ်းခဲ့ပြီး အရောင်းအဝယ်ပြုလုပ်နေစဉ်မှာပင် အမိအရ ဖမ်းဆီးခိုင်းလိုက်ခြင်းဖြစ်သည်။
"အခုဆိုရင် ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေကို အတွင်းရေးမှူးဝမ်ရဲ့ အိမ်ထဲကို သွားထားဖို့ အချိန်တန်ပြီ။ အားလုံးအဆင်သင့်ဖြစ်ရင် ငါ့ကို အချက်ပေးလိုက်"
မြို့တော်ဝန်ကျောက်က ဆက်၍ "ငါ အခုချက်ချင်း အထက်လူကြီးဆီသွားပြီး ဖမ်းဝရမ်းသွားယူမယ်။ ချောင်ဟွေ့... မင်းက ယုံကြည်ရတဲ့လူတွေကို ခေါ်ပြီး ဝမ်အိမ်ကို သွားဝိုင်းထားလိုက်၊ ဘယ်သူ့ကိုမှ အဝင်အထွက် မပေးနဲ့" ဟု အမိန့်ပေးလိုက်သည်။
ဤသို့ဖြင့် တစ်လခွဲကြာ စနစ်တကျ စီစဉ်ပြီးနောက် မြို့တော်ဝန်ကျောက်သည် အဖွဲ့ကိုဦးဆောင်ကာ အတွင်းရေးမှူးဝမ်၏ အိမ်မှ သက်သေခံပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။
"သက်သေတွေက ခိုင်လုံနေပြီ။ လောင်ဝမ်ကတော့ ဒီတစ်ခါ နာလန်ထူနိုင်တော့မှာ မဟုတ်ဘူး၊ သူ့နောက်ခံလူတွေကလည်း သူ့ကို လက်ခါလိုက်ကြပြီ။ လောင်ဝမ်ကတော့ ဒီတစ်ခါ သေနတ်စာ မိတော့မှာပဲ"
နိုင်ငံတော်အဆင့် ရှေးဟောင်းပစ္စည်းများကို မှောင်ခိုရောင်းချမှု၊ လူသတ်မှုအား ပံ့ပိုးကူညီမှု၊ ဆန်စပါးမှောင်ခိုမှု၊ ပြည်ပနှင့် ဆက်သွယ်မှုနှင့် အရင်းအမြစ်မသိသော ငွေကြေးအမြောက်အမြား ပိုင်ဆိုင်မှု—ဤစချက်များထဲမှ တစ်ခုတည်းနှင့်ပင် အတွင်းရေးမှူးဝမ်မှာ သေဒဏ်ကျရန် လုံလောက်နေပြီဖြစ်သည်။
မြို့တော်ဝန်ကျောက်သည် ယခုမှပင် ရင်ထဲ၌ အလုံးကြီးကျကာ အေးချမ်းသွားတော့သည်။ သူနှင့် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ရသော ပြိုင်ဘက်ကို အပြီးတိုင် နှိမ်နင်းနိုင်ခဲ့ပြီ မဟုတ်ပါလား။
သူသည် အတွင်းရေးမှူးဝမ်နှင့် အချိန်အတော်ကြာအောင် အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရပြီး တစ်ဖက်လူ၏ လက်ချက်ဖြင့် အကြိမ်ကြိမ်ပင် ရာထူးမှ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။ ယခုအခါတွင်မူ သူသည် ထိုပြိုင်ဘက်ဟောင်းကြီးကို အပြီးတိုင် အပြတ်ရှင်းပစ်နိုင်ခဲ့ပြီ ဖြစ်သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း