← Chapters

အခန်း (၇၃၁-၇၃၂)

Vol. 71 Ch. 731-732

အခန်း (၇၃၁-၇၃၂)

Vol. 71 Ch. 731-732

အခန်း (၇၃၁)။

ဆယ်မိုင်မျှ ရှည်လျားကာ ဆယ့်ရှစ်ထပ်မျှ မြင့်မားသော ‘ဖန်ဆင်းခြင်းသင်္ဘော’ ကြီးမှာ နောက်ဆုံးတွင် တစ်စုံတစ်ယောက်၏ ပြင်းထန်သော လှုပ်ခါခြင်းကို ခံလိုက်ရလေပြီ။ သင်္ဘောကြီးမှာ စကြဝဠာဟင်းလင်းပြင်ကြီးကို လှည့်လည်စောင့်ကြပ်နေသည့် နတ်ဘုရား ဘုရင်တစ်ပါး၏ စစ်သင်္ဘောကြီးအလား ခံ့ညားထည်ဝါလှပေသည်။

ခေတ်အဆက်ဆက်၏ နံပါတ်တစ် နတ်ဘုရားလက်နက်ဘုရင်ကို လှုပ်ခါစေခဲ့သူမှာ ဟုန်ယွိ ပင် ဖြစ်သည်။

ယခုလေးတင် ဟုန်ယွိက ဟုန်ရွှန်ကျိကို ဖိနှိပ်နေစဉ် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်သည် အင်မော်တယ် ကျောက်စာတိုင်တစ်ခုနှင့် ပေါင်းစပ်သွားခဲ့ပြီး သူ၏စွမ်းအားကို အဆမတန် မြင့်တက်လာစေခဲ့သည်။ သူသည် ချိပ်တံဆိပ်ခတ်ထားမှုကို ချိုးဖျက်ကာ တိမ်တိုက်များကို ဖြတ်သန်းဝင်ရောက်ပြီး ပင်လယ်လေးစင်းကို စိုးမိုးထားသည့် နဂါးဘုရင်တစ်ပါး၏ အရှိန်အဝါမျိုးဖြင့် ထွက်ပေါ်လာခဲ့သည်။ ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါးပင်လျှင် လွင့်စင်သွားခဲ့ရသည်။ သို့ရာတွင် သခင်လေးရှူ၏ ရုတ်တရက် တိုက်ခိုက်မှု၊ သူ၏ ပျက်သုဉ်းခြင်းနတ်ဘုရားနှင့် ဖန်ဟွမ်အချိန်ဓားတို့ကို ပေါက်ကွဲစေမှု၊ ထို့ပြင် သူ၏ ဖန်ဆင်းရှင် အတွေးစ ထက်ဝက်ကို လောင်ကျွမ်းစေပြီး စွမ်းအားများကို စတေးခဲ့မူတို့က ဟုန်ယွိအတွက် အခွင့်ကောင်း ဖြစ်သွားခဲ့သည်။ သူသည် သူတစ်ပါး၏ဓားကို ငှား၍ ဟုန်ရွှန်ကျိကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ကာ အင်မော်တယ် ကျောက်စာတိုင်နှင့် ပေါင်းစပ် မည့် ဟုန်ရွှန်ကျိ၏ အစီအစဉ်ကို အမြစ်ပြတ် ချေမှုန်းပစ်ခဲ့သည်။ ထိုမျှမက ဟုန်ရွှန်ကျိ သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး သူတော်စင်ပေါင်းစုံခန်းမ အပြင်ဘက်သို့ လွင့်စင် ထွက်သွားခဲ့ရသည်။

လက်ရှိ ဟုန်ယွိသည် သူ၏ နတ်ဘုရားစွမ်းအားများကို အထွတ်အထိပ်သို့ ရောက်အောင် ထုတ်ဖော်ပြသနေသည်ဟု ဆိုနိုင်ပေသည်။

သူသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ဖန်ဟွမ်ဟင်းလင်းပြင်ဓား နှင့် ဖန်ဟွမ်အချိန်ဓားတို့၏ စွမ်းအားများ၊ ပျက်သုဉ်းခြင်းနတ်ဘုရား၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုမှ ထွက်ပေါ်လာသော မူလစွမ်းအင်၊ ထို့ပြင် အင်မော်တယ် ကျောက်စာတိုင် နှစ်ခု၏ စွမ်းအားများကို ပိုင်ဆိုင်ထား သည်။ နတ်ဘုရားဘုရင် အားလုံးသည် သူ၏ ခြေဖဝါးအောက်တွင် နင်းချေခံထားရပြီး အထွတ်အထိပ်ကိုးပါးပင်လျှင် သူ၏စွမ်းအားများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ပေ။

လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ‘အသွင်မျိုးစုံပြောင်းလဲခြင်း’ အဆင့်သို့ ကျင့်ကြံထားနိုင်ပါ က၊ မှော်သင်္ကေတ သန်းပေါင်း ၄၈၀ အဖြစ် အသွင်ပြောင်းလဲနိုင်ပြီး၊ ၎င်းမှာ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုနှင့် စွမ်းအားကို မြှင့်တင်ရန် အင်မော်တယ် ကျောက်စာတိုင်နှင့် ပေါင်းစပ်နိုင်ပြီ ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

ဤသည်မှာ အင်မော်တယ် ကျောက်စာတိုင်၏ ထူးခြားသော စွမ်းရည်တစ်ခု ဖြစ်သည်။ ထို့ပြင် ၎င်းမှာ ရှေးယခင်က ဧကရာဇ်ချန်ရှန်း ဖန်တီးခဲ့သည့် အင်မော်တယ် ကျောက်စာ တိုင်၏ အမှန်တကယ် လုပ်ဆောင်ချက်လည်း ဖြစ်သည်။ ကျောက်စာတိုင်မှာ ခန္ဓာကိုယ်နှင့် ပူးပေါင်းပြီး အပြန်အလှန် အကျိုးပြုရန်ပင် ဖြစ်သည်။ အဆုံးတွင် စွမ်းအားက အထွက်အထိပ်သို့ ရောက်ရှိသွားသောအခါ ‘ဟင်းလင်းပြင်ဖျက်ဆီး’ အဆင့်သို့ ရောက်ရှိ ရန်၊ ‘ယန်နတ်ဘုရား’ အဖြစ်သို့ ရောက်ရှိရန်နှင့် ‘နိဗ္ဗာနနယ်ပယ်’ သို့ တက်လှမ်းနိုင်ရန် ဖြစ်သည်။

ဟုန်ရွှန်ကျိ၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ အကယ်၍ သူသာ အင်မော်တယ် ကျောက်စာ တိုင်တစ်ခုနှင့် ပေါင်းစပ်သွားမည်ဆိုလျှင်၊ နောက်ဆုံးတွင် ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့်သို့ ရောက်ရန် မဖြစ်နိုင်သေးသော်ငြားလည်း သူ၏ သိုင်းပညာစွမ်းအားမှာ နှစ်ဆ တိုးလာမည်ဖြစ်သည်။ သူသည် ရွှီဝူယွိနှင့် နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသားကို ပိုင်ဆိုင်ထားသော ဟုန်ယွိတို့ကို အပြည့်အဝ ကျော်လွန်သွားလိမ့်မည်။

ယခုမူ ဟုန်ယွိသည် အင်မော်တယ် ကျောက်စာတိုင် နှစ်ခုနှင့်ပင် ပေါင်းစပ်သွားခဲ့လေပြီ။ သူ၏စွမ်းအားက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေမည်နည်း။

ဤအခိုက်အတန့်တွင် သူတော်စင်ပေါင်းစုံခန်းမသည်လည်း အစွန်းကုန် ကျယ်ပြန့်လာပြီး အံ့မခန်းဖွယ် အကျိုးသက်ရောက်မှုများကို ထုတ်ဖော်ပြသနေပါသည်။

ဟုန်ယွိ၏ ပြင်းထန်သော စိတ်ဆန္ဒဖြင့် မောင်းနှင်မှုအောက်တွင် ဖန်ဟွမ်အချိန်ဓား၏ စွမ်းအားမှာ ကြီးမားသော မဟာအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုက်ကျိမိုးကြိုး ရေကန်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ထိုက်ကျိမိုးကြိုးရေကန်သည် လည်ပတ်နေပြီး ပြိုကွဲသွားပြီး သူတော်စင်ပေါင်းစုံခန်းမ၏ ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားရာ ခန်းမ၏ အချိန်၊ ဟင်းလင်းပြင်နှင့် မြေဆွဲအားတို့ကို ပြောင်းလဲသွားစေသည်။

ယခင်က သူတော်စင်ပေါင်းစုံခန်းမအတွင်းရှိ ဟင်းလင်းပြင်များစွာမှာ တည်နေရာကိုသာ ပြောင်းလဲနိုင်ပြီး အချိန်ကိုမူ ယာယီ တွန့်လိမ်သွားစေနိုင်စွမ်းသာ ရှိခဲ့သော်လည်း၊ မြေဆွဲ အားမှာမူ မဟာကမ္ဘာလောကမြေနှင့် တူညီနေဆဲဖြစ်သည်။

သို့သော် ယခုတော့ ကွာခြားသွားခဲ့လေပြီ။ အချိန်ဓားနှင့် ပေါင်းစပ်ပြီးနောက် ဟုန်ယွိသည် သူဖန်တီးထားသည့် နတ်ဘုရားလက်နက်ဘုရင်ကြီးမှာ ‘မဟာပြီးပြည့်စုံခြင်း’ အဆင့်သို့ အမှန်တကယ် စတင်ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူတော်စင်ပေါင်းစုံ ခန်းမသည် ရှေးဟောင်း ယန်နတ်ဘုရား ဖန်ဆင်းရှင်တာအိုသခင်၏ လက်ထဲရှိ ‘ဖန်ဆင်း ခြင်းသင်္ဘော’ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေ ဖြစ်သည်။

သူတော်စင်ပေါင်းစုံခန်းမမှဦ ရှေးဟောင်း ယန်နတ်ဘုရား ဖန်ဆင်းရှင်တာအိုသခင်၏ ‘ဖန်ဆင်းခြင်းသင်္ဘော’ နှင့် ရှေးဟောင်း ယန်နတ်ဘုရား ‘တိုင်’ ၏ လက်ထဲရှိ ‘ထာဝရနိုင်ငံ တော်’ ကဲ့သို့ပင် ဖြစ်လာသည်။

ယခုအခါ နတ်ဘုရားလက်နက်ဘုရင် သုံးခုလုံးတွင် အားနည်းချက်များ ကိုယ်စီ ရှိနေကြ သည်။ မုန့်ရှန်းကျီ၊ ဟုန်ယွိနှင့် ယန်ဖန်တို့သည် ၎င်းတို့ကို ပြန်လည်ပြုပြင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း၊ ရှေးဦးခေတ်က ယန်နတ်ဘုရင်များ ပိုင်ဆိုင်ခဲ့သည့် အထွတ် အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။ အကြောင်းမှာ သူတို့သည် ယန်နတ်ဘုရင်များ မဟုတ်ကြသေးသောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါ ဟုန်ယွိသည် နောက်ဆုံးတွင် ဖန်ဟွမ်အချိန်ဓားနှင့် ပေါင်းစပ်သွားခဲ့ပြီး၊ ဧကရာဇ်ဖန်၏ ဓားသုံးလက်လုံးကို ရရှိကာ ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ခဲ့ သည်။ တစ်ချိန်တည်းမှာပင် သူသည် သခင်လေးရှူ၏ စိတ်ဝိညာဉ်အတွေးစတစ်ဝက်ကို လောင်ကျွမ်းစေခြင်းဖြင့် ဖွဲ့စည်းထားသော ‘ကောင်းကင်ကိုးလွှာ၊ မြေကြီးကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက်အစီအရင်’ ကိုလည်း သူတော်စင်ပေါင်းစုံခန်းမပေါ်တွင် ထွင်းထုလိုက်သည်။

ဝှီး... ဝှီး... ဝှီး... ဝှီး... ဝှီး...

သူတော်စင်ပေါင်းစုံခန်းမအတွင်း၌ မရေမတွက်နိုင်သော ဟင်းလင်းပြင်များသည် အပြင် ဘက်သို့ ကျယ်ပြန့်ထွက်ပေါ်လာပြီး၊ တောင်တန်းများ၊ မြစ်များ၊ မြေပြင်များ၊ နတ်ဘုရား သားရဲများ၊ သက်ရှိသတ္တဝါများ၊ ပင်လယ်များနှင့် ကြယ်တာရာများအဖြစ် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်လာကြသည်။

တစ်ချိန်တည်းမှာပင် အတိုင်းအဆမဲ့သော ‘သွေးစွမ်းအင်’ များက ဟုန်ယွိ၏ခန္ဓာကိုယ်ထဲမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး၊ သူတော်စင်ပေါင်းစုံခန်းမ၏ အမြင့်ဆုံးကောင်းကင်ဆီ သို့ ပြေးတက်သွားကြသည်။ သွေးစွမ်းအင်များမှာ အဆက်မပြတ် ပြန့်ကျဲသွားလိုက်၊ ပြန်လည်စုစည်းသွားလိုက် ဖြစ်နေကာ နောက်ဆုံးတွင် ဟင်းလင်းပြင်ထဲ၌ ဖုံးကွယ်နေ သော တောက်ပသည့် နေမင်းကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားလေသည်။ ထိုနေမင်းကြီး သည် မဟာကမ္ဘာလောက ကောင်းကင်အထက်ရှိ နေမင်းကြီးနှင့်တူပြီး မြေပြင်ကို လင်းလက်တောက်ပစေကာ၊ ဟင်းလင်းပြင်ထဲမှ ခုန်ထွက်လာပြီးနောက် နေ့နှင့်ည၊ ဥတု လေးပါး၊ ဓာတ်ကြီးငါးပါးနှင့် ယင်-ယန် တို့ကို ခွဲခြားသတ်မှတ်ပေးလေသည်။

ဤအခိုက်အတန့်တွင် သူတော်စင်ပေါင်းစုံခန်းမသည် မဟာကမ္ဘာလောကတစ်ခုအဖြစ် ပြောင်းလဲမည့် လက္ခဏာများကို အမှန်တကယ် ပြသနေလေပြီ။ ဟုန်ယွိ၏ သွေးစွမ်းအင် များမှာ ထိုကမ္ဘာသစ်၏ နေမင်းကြီးပင် ဖြစ်လာတော့သည်။

အကြောင်းမှာ ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ သွေးစွမ်းအင်များသည် အလွန်အမင်း ထူထပ်သိပ်သည်းနေသောကြောင့် ဖြစ်သည်။ အင်မော်တယ် ကျောက်စာတိုင် နှစ်ခု၏ စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီးနောက် သူ၏ သွေးစွမ်းအင်များကို အားကောင်းလာစေခဲ့ပြီး သူ၏ခန္ဓာကိုယ် ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရ သည်။ သူ၏ လက်ရှိစွမ်းအားဖြင့်ပင်လျှင် ကျောက်စာတိုင်နှစ်ခု၏ စွမ်းအားကို သူ အပြည့် အဝ စုပ်ယူနိုင်ခြင်းမရှိပေ။ ရလဒ်အနေဖြင့် သူ၏ သွေးစွမ်းအင်များမှာ အတင်းအကျပ် ထွက်ပေါ်လာခဲ့ပြီး သူတော်စင်ပေါင်းစုံခန်းမအတွင်း၌ နေမင်းကြီးအဖြစ် ပြောင်းလဲ သွားရခြင်း ဖြစ်သည်။

"ကျစ်... ဧကရာဇ်ချန်ရှန်းက ဘာဖြစ်လို့ ဒီအင်မော်တယ် ကျောက်စာတိုင် ငါးခုကို ဖန်တီးခဲ့ ပြီး နတ်ဘုရားဘုရင်ငါးပါးကို ဖမ်းဆီး ချိပ်ပိတ်ခဲ့လဲဆိုတာ ငါ နောက်ဆုံးတော့ နားလည် သွားပြီ။ ရှေးခေတ်က နတ်ဘုရားဘုရင် ငါးပါးဆိုတာ စကြဝဠာမှာ ရုပ်ပိုင်းဆိုင်ရာအရ အစွမ်းအထက်ဆုံး သတ္တဝါတွေပဲ။ ဧကရာဇ်ချန်ရှန်းက သူတို့နဲ့ အင်မော်တယ် ကျောက်စာ တိုင်တွေကို ပေါင်းစပ်ပြီး စမ်းသပ်ချင်ခဲ့တာပဲ။ သူတို့ရဲ့ ခွန်အားတွေနဲ့များ နိဗ္ဗာနနယ်ပယ် ကို ချိုးဖြတ်သွားနိုင်မလားဆိုတာ ကြည့်ချင်ခဲ့တာကိုး။ ငါ့လက်ရှိခန္ဓာကိုယ်က နတ်ဘုရား ဘုရင်တစ်ပါးနဲ့ ညီမျှတယ်။ ကျောက်စာတိုင်တစ်ခုကို လက်ခံနိုင်တာကတင် အကန့် အသတ် ဖြစ်နေပြီ။ သူတော်စင်ပေါင်းစုံခန်းမရဲ့ စွမ်းအားနဲ့မို့လို့သာ ကျောက်စာတိုင် နှစ်ခု ကို ငါ ခံနိုင်ရည်ပြီး ငါ့စွမ်းအားအကန့်အသတ်အထိ ရောက်သွားခဲ့ပြီ။ တကယ်ဆို ငါ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို အမှန်တကယ် ဖြတ်ကျော်လွန်နိုင်မှပဲ ငါ့ခန္ဓာကိုယ် ထဲမှာ ကျောက်စာတိုင်ငါးခုစလုံးကို လက်ခံနိုင်ပြီး ယန်နတ်ဘုရားအဆင့်ကို ကျော်လွန် ကာ နိဗ္ဗာနနယ်ပယ်ကို တက်လှမ်းနိုင်မှာ"

သူ၏စိတ်နှလုံးထဲတွင် ဉာဏ်အလင်းပွင့်သွားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း၌ပင် ဖြစ်ပျက်သွားခဲ့သည်။ သခင်လေးရှူ၏ တိုက်ခိုက်မှုမှစ၍၊ ဟုန်ယွိက ဟုန်ရွှန်ကျိကို သူတော်စင်ပေါင်းစုံခန်းမ အပြင်ဘက်သို့ ရိုက်ထုတ်လိုက်ခြင်း၊ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို လှုပ်ခါလိုက်ခြင်းနှင့် အနာဂတ်သခင်ကို အတင်းအကျပ် ဖမ်းယူလိုက်ခြင်းအထိ အရာအားလုံးသည် အလွန်မြန်ဆန်လွန်းလှသည်။ ဖန်ဆင်းရှင်တစ်ပါးပင်လျှင် တုံ့ပြန်နိုင်စွမ်းမရှိသည့် လျင်မြန်မှုမျိုးပင်။

သူတော်စင်ပေါင်းစုံခန်းမမှာ အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေပြီး၊ ကျယ်ပြန့်လာကာ၊ ပြီးပြည့်စုံလာပြီး ခိုင်မာကျစ်လစ်လာလေသည်။ ဟုန်ယွိ၏ သွေးစွမ်းအင်များမှာ တောက်ပ သော နေမင်းကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ခန်းမအတွင်းရှိ ဟင်းလင်းပြင်နှင့် အချိန်တိုင်း ကို လင်းလက်တောက်ပစေသည်။ ထိုအခိုက်အတန့်တွင် ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံ ခန်းမ’ နှင့် သူ အမှန်တကယ်ပင် ခွဲခြား၍မရနိုင်တော့ကြောင်း ခံစားလိုက်ရသည်။ မည်သူ ကမျှ သူ့ကို ဤနတ်ဘုရားလက်နက်ဘုရင်နှင့် ခွဲခွာသွားအောင် မလုပ်နိုင်တော့သလို၊ မည်သူကမျှ သူ၏လက်ထဲမှ ဤနတ်ဘုရားလက်နက်ကို လုယူသွားနိုင်မည်မဟုတ်တော့ ပေ။

"မုန့်ရှန်းကျီက ထာဝရနိုင်ငံတော်နဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပြီ။ ဒါပေမဲ့ ချန်ဧကရာဇ် ယန်ဖန်က ‘ဖန်ဆင်းခြင်းသင်္ဘော’ နဲ့ တစ်သားတည်း မဖြစ်သေးဘူး။ သူရဲ့စွမ်းအားက နည်းနည်းလိုနေသေးတယ်၊ ပြီးတော့ သူက ‘ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး’ ကိုလည်း မဖြတ်ကျော်ရသေးဘူး။ ဒီနေ့တော့ အတိတ်ကကိစ္စတွေကို ငါ အတိတ်က ရန်ကြွေး အားလုံးကို အပြီးအပြတ် ရှင်းပစ်မယ်၊ မင်းရဲ့ အနာဂတ်သခင်နဲ့ ဖန်ဆင်းခြင်းသင်္ဘောကို ငါ သိမ်းယူမယ်”

ဤအခိုက်အတန့်တွင် ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမ၏ ပြောင်းလဲမှုများနှင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ကောင်းစွာ သိရှိနေပြီဖြစ်သည်။ သူသည် အရာ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေပြီ ဖြစ်သည်။

ယခုအခါ သူ၏ခန္ဓာကိုယ်သည် သိုင်းပညာ သက်သက်ဖြင့်ပင် ရွှီဝူယွိကို အပြည့်အဝ ကျော်လွန်သွားခဲ့လေပြီ။ သူသည် စကြဝဠာတစ်ခုလုံးတွင် နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာခဲ့ပြီ။ သိုင်းပညာဖြင့် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ရောက်ခဲ့သည့် ရှေးဟောင်း သူတော်စင်ဧကရာဇ်များပင်လျှင် သူ့ကို နှိမ်နင်းနိုင်စွမ်း မရှိတော့ပေ။

ဤမျှ အစွမ်းထက်နေသည့် အခြေအနေတွင် ဟုန်ယွိက ယနေ့တွင် အရာအားလုံးကို အပြီး အပိုင် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ကို တစ်ကျော့ပြန် အသက်ဝင်လာမည့် အခွင့်အရေးမျိုး သူ လုံးဝပေး၍ မဖြစ်တော့ပေ။

…

"ယန်ဖန်... ခင်ဗျားသာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို စွန့်လွှတ်ဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ ကျုပ် ခင်ဗျားကို ဘေးကင်းကင်းနဲ့ ထွက်သွားခွင့်ပေးမယ်။ အနာဂတ်သခင်ကိုတော့ ထားခဲ့ရ မယ်"

ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ အဆပေါင်းထောင်ချီ၍ ကြီးထွားလာပြီး၊ "ကောင်းကင်နှင့်မြေကြီး နိယာမကိုယ်ပွား" နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ သူက သူတော်စင်ပေါင်းစုံ ခန်းမ၏ ပုံရိပ်ပေါ်တွင် ရပ်နေပြီး သူ၏ တိုက်ခိုက်မှုများက အတိုင်းအဆမဲ့ နတ်ဘုရား စွမ်းအားများ၊ အဆုံးအစမဲ့ အမြင့်မြတ်ဆုံး မှော်သင်္ကေတများနှင့် ကြီးမားလှသော သွေးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး၊ တောင်နှင့်ပင်လယ် စစ်မြေပြင်တစ်ခုလုံးကို တိုက်ရိုက် ပြိုကျစေနိုင်ကာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို ထိုအထဲတွင် မြှုပ်နှံပစ်နိုင်မည့် အလားပင်။

ဤသည်က ချန်ဧကရာဇ် ယန်ဖန်ကို ကြီးမားသော ဖိအားများကို ခံစားရစေခဲ့သည်။

"အရှင်မင်းကြီး... ဒီမိုက်ရိုင်းတဲ့သားယုတ်က ကျွန်တော်မျိုးတို့ အားလုံးကို လှည့်စားဖို့ ပရိယာယ် သုံးနေတာပါ။ ကျွန်တော်မျိုးတို့ အစီအစဉ်က နောက်ဆုံးအခိုက်အတန့်မှာ ကျရှုံး သွားရုံတင်မကဘူး၊ ကျွန်တော်မျိုးရဲ့ အင်မော်တယ် ကျောက်စာတိုင်တစ်ခုကိုလည်း သူက ခိုးယူသွားခဲ့ပါတယ်။ အခု သူက အင်မော်တယ် ကျောက်စာတိုင်တွေနဲ့ ပေါင်းစပ်သွားပြီဆို တော့ သူ့စွမ်းအားတွေက အတိုင်းအဆမရှိ ဖြစ်နေပြီး သူ့နတ်ဘုရားတန်ခိုးအစွမ်းကလည်း အတိုင်းအဆမရှိ ဖြစ်နေပါပြီ၊ ကျွန်တော်မျိုးတို့ သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ စစ်ဗျူဟာ ၃၆ ခုထဲမှာ ဆုတ်ခွာတာက အကောင်းဆုံးပါပဲ။ အသက်ရှင်နေသမျှ မျှော်လင့်ချက်ဆိုတာ ရှိစမြဲပါ။ ကျွန်တော်မျိုးတို့ အတူတူ ထွက်သွားကြရအောင်"

ဝှီး

ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်တစ်ခုလုံးက ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ အမြင့်ဆုံးအဆင့်ဖြစ်သော ‘ကောင်းကင်ပုံဆောင်ခဲ’ အတွင်းသို့ ဝင်ရောက်သွားသည်။ ဤနေရာသည် ‘ဖန်ဆင်းခြင်း သင်္ဘော’ ၏ အစီအရင်အားလုံးကို ထိန်းချုပ်ရာနေရာလည်း ဖြစ်သည်။ ချန်ဧကရာဇ် ယန်ဖန်က ကြီးမားသော အစီအရင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို သူ မြင်လိုက်ရပြီး၊ သူ အပင်ပန်းခံ၍ သန့်စင်ထားခဲ့သော အနာဂတ်သခင်မှာမူ အပြင်သို့ ပေါ်ထွက်နေ၏။ လက်ရှိတွင် အနာဂတ်သခင်မှာ ဟုန်ယွိ၏ ကိုယ်ပွားဖြစ်သော လက် တစ်ဖက်၏ ဖမ်းဆုပ်ထားခြင်းကို ခံထားရပြီး လှုပ်ရှား၍ မရနိုင်ဖြစ်နေသည်။

ယခုအခါ ဟုန်ယွိက ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ ကာကွယ်ရေး မူလစွမ်းအင်များကို ဖောက်ထွင်းဝင်ရောက်ကာ အနာဂတ်သခင်ကို အတင်းအကျပ် ဖမ်းဆုပ်ထားခဲ့လေပြီ။ ချန်ဧကရာဇ် ယန်ဖန်က အနာဂတ်သခင်ကို ပြန်လည်လုယူရန် သူ့ခွန်အားအပြည့်အဝကို အသုံးပြုနေလေသည်။

"ဒီအနာဂတ်သခင်က ငါတို့ရဲ့ အခြေခံအုတ်မြစ်ပဲ၊" ယန်ဖန်က ပြောလိုက်သည်။ "သူ့ကို အပါခံလို့ မဖြစ်ဘူး။ အဲဒီလိုမှမဟုတ်ရင် ငါတို့ ဘယ်တော့မှ ယန်နတ်ဘုရင်လမ်းစဉ်နဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်မှာမဟုတ်ဘူး။ ရွှန်ကျိ... အနာဂတ်သခင်ကို ငါ ဘယ်လောက်တောင် သွေးထွက်သံယိုဖြစ်ပြီး ချွေးနှဲစာတွေနဲ့ ရင်းနှီးမြှုပ်နှံခဲ့ရတယ်ဆို တာ မင်း သိလား..." ယန်ဖန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်နှာပေါ်တွင် ယခင်က တစ်ကြိမ်မျှမရှိခဲ့ဖူးသော ဆုံးဖြတ်ချက်ချထားသည့် အမူအရာတစ်ခု ပေါ်လာ သည်။

"အရှင်မင်းကြီး... တကယ်လို့ အခု မထွက်ခွာဘူးဆိုရင် ကျွန်တော်မျိုးတို့ အနာဂတ် သခင်ကို ဆုံးရှုံးရုံတင်မကဘူး၊ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကိုပါ ဆုံးရှုံးရလိမ့်မယ်။ အဲဒီလို ဖြစ်သွားရင်တော့ ကျွန်တော်မျိုးတို့ တစ်ကျော့ပြန်လာဖို့ ဘယ်တော့မှ အခွင့်အရေး ရတော့ မှာမဟုတ်ဘူး။" ဟုန်ရွှန်ကျိက အော်ပြောလိုက်ပြီး သူ၏ ကွန်ဖြူးရှပ်ဝတ်ရုံများ လွင့်ခါသွား ကာ သူလည်း သူ၏ အသက်ကို ရင်း၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

"အဲဒီလိုဆိုရင်လည်း၊ ငါတို့ရဲ့ နောက်ဆုံးတိုက်ခိုက်မှုကို လုပ်ဆောင်ကြတာပေါ့။ ငါတို့သာ အတူတူ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အနာဂတ်သခင်ကို မကယ်နိုင်ဘူးဆိုတာ ငါ လုံးဝ မယုံကြည်ဘူး" ချန်ဧကရာဇ် ယန်ဖန်က မတ်တပ်ရပ်လိုက်ပြီး၊ မဟာကမ္ဘာလောကရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ကျက်သရေကို ဖြာထွက်စေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်က ပျံထွက်သွားပြီး၊ ဟုန်ရွှန်ကျိကို ရစ်ပတ်ထား သော မရေမတွက်နိုင်သည့် အတွေးစများအဖြစ် ပြောင်းလဲသွားကာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ချက်ချင်းပင် ကြီးမားလှသော သွေးစွမ်းအင်များ လှိမ့်တက်လာပြီး ‘ဖန်ဆင်းခြင်းသင်္ဘော’ မှ မီးခိုးတန်းကြီးတစ်ခု ထွက်ပေါ်လာသည်။

"ယင်ယန်ကိုယ်ပွား၊ ယင်ယန်ဖန်ဆင်းခြင်း"

ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့၏ အသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး၊ ‘ဖန်ဆင်းခြင်း သင်္ဘော’ သည် တစ်ဖန်ပြန်လည် ကျယ်ပြန့်လာကာ သူတော်စင်ပေါင်းစုံခန်းမနှင့် အရွယ် အစားတူညီသွားသည်။ ချန်ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့၏ ခန္ဓာကိုယ်များသည် လည်း သင်္ဘောအထက်တွင် ပေါ်လာကာ ဟုန်ယွိ၏ "ကောင်းကင်နှင့်မြေကြီး နိယာမ ကိုယ်ပွား" နတ်ဘုရားစွမ်းရည်နှင့် ယှဉ်ပြိုင်လိုက်သည်။

အစစ်မှန်စွမ်းအင်များ၏ လှုံ့ဆော်မှုကြောင့် ဟုန်ယွိ၏ လက်ထဲရှိ အနာဂတ်သခင်မှာ စတင် ကြီးထွားလာပြီး၊ သူ၏ မျက်လုံးကိုးလုံးမှ ထွက်ပေါ်လာသော အလင်းတန်းများမှာ လည်း များပြားလှသော မှော်သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။ ထိုမှော်သင်္ကေတ များမှာ သန်းပေါင်း ၄၈၀ ရှိသော်လည်း၊ အင်မော်တယ် ကျောက်စာတိုင် ပေါ်ရှိ မှော်သင်္ကေတများနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။

ဤ ‘အသက်မဲ့အနာဂတ်ကျမ်း’ သည် တိုင်ရှန်တာအိုဂိုဏ်း၏ စကြဝဠာကျမ်းစာများကို ရင်ဆိုင်ရန်အတွက် မျိုးဆက်ရာပေါင်းများစွာတိုင်အောင် ဒိုင်ဇင်ဘုရားကျောင်းမှ ထူးချွန် သော ပုဂ္ဂိုလ်များနှင့် ထင်ရှားသော ရဟန်းတော်များက စုပေါင်းပြုစုခဲ့ကြခြင်း ဖြစ်သည်။ ကျမ်းစာ၏အစကိုလည်း သူတော်စင်ဧကရာဇ် "ယွမ်" ၏ ပညာရပ်များကို အမွေဆက်ခံသူ ဒိုင်ဇင်ဘုရားကျောင်းကို တည်ထောင်သည့် "ဇင်" က ရေးသားခဲ့ခြင်း ဖြစ်သည်။ ဟုန်ယွိ၏ ပြောင်းလဲခြင်းကျမ်းကဲ့သို့ပင် ထိုကျမ်းကို သူတော်စင် ဧကရာဇ် "ယွမ်" က ရေးသားခဲ့ သည်ဟုလည်း ဆိုနိုင် သည်။

ဤကျမ်းသည် ပြောင်းလဲခြင်းကျမ်းလောက် မအောင်မြင်သော်လည်း၊ ကျမ်းတွင်ပါရှိသော "အနာဂတ်သခင်"မှာ ဗုဒ္ဓဘာသာတွင် အမြင့်ဆုံးသော အောင်မြင်မှုကို ကိုယ်စားပြုပေ သည်။ သူသည် ဗုဒ္ဓအားလုံး၏ ဘုရင်၊ ဘုရင်အားလုံး၏ ဘုရင်လည်း ဖြစ်ပေသည်။

ယခုအချိန်တွင် ဗုဒ္ဓအားလုံး၏ ဘုရင်ဖြစ်သော ဤ "အနာဂတ်သခင်" ၏ စွမ်းအားသည် အကန့်အသတ်အထိ တွန်းပို့ခံလိုက်ရလေပြီ။ သူသည် ဟုန်ယွိ၏ လက်ထဲမှ ခုန်ထွက်ပြီး ချန်ဧကရာဇ် ယန်ဖန်နှင့်အတူ ထွက်ခွာသွားချင်နေသည်။

ဟုန်ယွိသည် အစွမ်းထက်သော်လည်း အပြင်ဘက်တွင် မုန့်ရှန်းကျီက ရှိနေဆဲ ဖြစ်သည်။ အကယ်၍ ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ လွတ်မြောက်လိုပါက သူက သူတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။

"ဟွန့်၊ ဒီနေ့ ခင်ဗျားတို့တွေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ"

သူ၏လက်ဖဝါးထဲရှိ "အနာဂတ်သခင်" ကြီးထွားလာသည်ကို မြင်သောအခါ ဟုန်ယွိက အေးစက်စက် ရယ်မောလိုက်သည်။ သူ၏စွမ်းအားများက တစ်ဖန် တိုးပွားလာသည်။ တစ်ချိန်တည်းမှာပင် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးနှင့် မူလတာအိုသခင်တို့သည် တစ်ဖန် ပျံထွက်လာကြသည်။ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးသည် လှုပ်ရှားသွားပြီး ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ ကို ခင်းကျင်းကာ "အနာဂတ် သခင်" ကို ထောင်ချောက်ဆင် ဖမ်းမိလိုက်သည်။ မူလတာအိုသခင်ကမူ မသေမျိုးစစ်အလံ အဖြစ် ပြောင်းလဲသွားပြီး အဆုံးမဲ့သော စစ်ပွဲစွမ်းအင်များ၊ ဖရိုဖရဲစွမ်းအင်များနှင့် အခြား သော စွမ်းအင်များကို ထုတ်လွှတ်လိုက်လေသည်။

ထိုသို့သော ဖိအားများအောက်တွင် "အနာဂတ်သခင်" သည် ရုန်းကန်လာရသည်။ သူ၏ စွမ်းအားများသည် တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားပုံရသည်။

လူတစ်ဦးဖြစ်စေ၊ ရတနာတစ်ခုဖြစ်စေ၊ သူတို့၏ အစွမ်းကုန်ခွန်အားများကို အကြိမ် အနည်းငယ် ထုတ်လွှတ်ပြီးနောက်တွင် သူတို့သည် စတင်အားနည်းလာပြီး စိတ်ဓာတ် ကျဆင်းလာမည် ဖြစ်သည်။ အနာဂတ်သခင်သည်လည်း ချွင်းချက်မဟုတ်ပေ။

"မင်း အနာဂတ်သခင်ကို လုယူသွားတာ ခံမယ့်အစား ငါ သေချင်သေ တိုက်ခိုက်မယ်" ချန်ဧကရာဇ် ယန်ဖန်က ဟစ်အော်လိုက်သည်။ "အနာဂတ်ဆိုတာ မရှိဘူး။ ခွဲခြားမှုမရှိတဲ့ ပျက်စီးခြင်း"

ဤစကားလုံးများကို အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် "အနာဂတ်သခင်" သည် တစ်စုံတစ်ရာသော သတင်းစကားကို လက်ခံရရှိသွားသကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ် အတွင်း ရှိ မူလစွမ်းအင်များ အားလုံး တစ်ခုနှင့်တစ်ခု ပွတ်တိုက်လာပြီး စိတ်ကူးမယဉ်နိုင်သော ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ "အနာဂတ်သခင်" သည် ယမ်းမှုန့်စည်ပိုင်းတစ်ခု သို့မဟုတ် ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း ဟုန်ယွိ ခံစားလိုက်ရသည်။

"မူလတာအိုသခင် သူ့ကို နှိမ်နင်းစမ်း"

ဤအရေးကြီးသော အလှည့်အပြောင်းတွင် ဟုန်ယွိက အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် မူလတာအိုသခင်က မူလစွမ်းအင်ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး အနာဂတ်သခင်၏ မူလစွမ်းအင်များထဲသို့ စိမ့်ဝင်သွားသည်။ သူသည် အမှန်တကယ်ပင် သူ့ကို အတင်းအကျပ် ဖိနှိပ်နေလေပြီ။

မူလတာအိုသခင်သည် အမြင့်မြတ်ဆုံး ဝိညာဉ်အနှစ်သာရဖြစ်ပြီး အနာဂတ်သခင်သည် ထိုထက်ပင် ပို၍မြင့်မြတ်သေးသည်။ ဤတည်ရှိမှုနှစ်ခုသည် တစ်ခုက ဗုဒ္ဓဘာသာနှင့် တစ်ခုက တာအိုဂိုဏ်းတို့ ဖြစ်ကြသည်။ ဟုန်ယွိ၏ ကြီးမြတ်သော နတ်ဘုရားစွမ်းရည်များ က အနှိုင်းမဲ့ နက်ရှိုင်းလွန်းသည်။ မူလတာအိုသခင်က ဖိနှိပ်ပြီး ဆွဲဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ပေါက်ကွဲတော့မည့် "အနာဂတ်သခင်" မှာ အမှန်တကယ်ပင် ရပ်တန့်သွားခဲ့သည်။

"ဗုဒ္ဓဘာသာနဲ့ တာအိုဂိုဏ်း တစ်သားတည်း၊ ဆုတ်ခွာစမ်း"

ဟုန်ယွိက ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး အင်အားထုတ်သုံးလိုက်သည်။ ဝှီး.. ဝှီး.. ဝှီး.. ဧရာမ အနာဂတ်သခင်သည် ယန်ဖန်နှင့် သူ၏ဆက်သွယ်မှုကို အမှန်တကယ်ပင် အတင်း အကျပ် ဖြတ်တောက်လိုက်ပြီး သူတော်စင်ပေါင်းစုံခန်းမထဲသို့ စုပ်ယူခံလိုက်ရသည်။

အနာဂတ်သခင်သည် ဟုန်ယွိ၏အရာ ဖြစ်သွားလေပြီ။

"တကယ်လို့ ခင်ဗျားတို့သာ အနာဂတ်သခင်ကို စွန့်လွှတ်ပြီး ချက်ချင်း ထွက်သွားခဲ့မယ် ဆိုရင် လွတ်မြောက်ဖို့ အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်း ရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ အခုတော့ ခင်ဗျားတို့ မလွတ်နိုင်တော့ဘူး" ဟုန်ယွိက အနာဂတ်သခင်ကို သိမ်းဆည်း လိုက်ပြီး တစ်ဖန် ပြန်လည်တိုက်ခိုက်လိုက်သည်။

"အို... မကောင်းတော့ဘူး၊ တကယ်လို့ ဟုန်ယွိသာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို ရရှိသွားရင် ကမ္ဘာပေါ်မှာ သူ့ကို ဖိနှိပ်နိုင်မယ့်သူ ဘယ်သူမှ ရှိတော့မှာမဟုတ်ဘူး။ အင်မော်တယ် နတ်ဘုရင် ပြန်ရောက်လာရင်တောင်၊ ရွှီယွိနဲ့ ငါ ပူးပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်ဖို့ မသေချာတော့ဘူး။”

ကော့လီနတ်ဘုရားဘုရင်မနှင့် တိုက်ခိုက်နေသော မုန့်ရှန်းကျီက ဤမြင်ကွင်းကို မြင်သည် နှင့် အခြေအနေဆိုးရွားနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူသည် ရုတ်တရက် သူ၏ နတ်ဘုရားတန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ ကော့လီနတ်ဘုရင်ဘုရင်မကို တွန်းထုတ်ပြီး အောက်သို့ ဆင်းသက်လာလေတော့သည်။

အခန်း (၇၃၂)။

"တိုင်ရဲ့ ဆက်ခံသူကတော့ အမှန်တကယ်ကို ထူးခြားတာပဲ။ ငါ့စွမ်းအားတွေ အပြည့်အဝ ရှိနေရင်တောင် သူ့ကို အသာစီးရဖို့ မသေချာဘူး၊ ငါ့ရဲ့ အနိုင်ရနိုင်ခြေက ငါးဆယ်-ငါးဆယ် ပဲ ရှိသေးတယ်။ အခု ငါဘာမှ လုပ်စရာ မလိုတော့ဘူး။ ဟုန်ယွိ... မင်းမှာ ကမ္ဘာတုန်စေမယ့် ဘယ်လို နတ်ဘုရားစွမ်းရည်တွေ ရှိမလဲ ကြည့်ရသေးတာပေါ့။ မင်းက ဧကရာဇ်ချန်ရှန်းရဲ့ ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ လူပဲ။ အနာဂတ်မှာ မင်းဟာ အင်မော်တယ်ကျောက်စာတိုင် ငါးခုစလုံးကို သေချာပေါက် ရရှိမှာဖြစ်ပြီး ယန်နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ကလည်း ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ။ မင်းအနေနဲ့ နိဗ္ဗာန်နယ်ပယ်ကို ရောက်ရှိနိုင်မလား၊ အရင်က မရှိခဲ့ဖူးတဲ့ အဆင့်တစ်ခုကို ရောက်သွားမလားဆိုတာ ငါ စောင့်ကြည့်ရဦးမယ်။”

မုန့်ရှန်းကျီ၏ တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စင်သွားခဲ့သော ကော့လီနတ်ဘုရား ဘုရင်မသည် ရှေ့ဆက်မတိုးတော့ဘဲ လေထဲ၌သာ ဝဲပျံနေခဲ့သည်။ သူမသည် မုန့်ရှန်းကျီ အား ဟန့်တားထားစဉ်အတွင်း ဟုန်ယွိနှင့် ဖန်ဆင်းခြင်းသင်္ဘောတို့ တောင်နှင့်ပင်လယ် စစ်မြေပြင်၌ ပြင်းထန်စွာ တိုက်ခိုက်နေပုံနှင့် ဟုန်ယွိက အနာဂတ်သခင်အား ဖမ်းဆီးလိုက် ပုံ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

ရိုးသားစွာဆိုရလျှင် သူမသည် အနာဂတ်သခင်ကဲ့သို့ အထွတ်အထိပ် မူလဝိညာဉ်မျိုးကို ယခင်က တစ်ကြိမ်မျှ မမြင်ဖူးခဲ့ချေ။ သို့သော်လည်း ဤမူလဝိညာဉ်သည် မည်မျှ အစွမ်းထက်ကြောင်း သူမ ကောင်းစွာ သိမြင်နိုင်သည်။ ထိုမူလဝိညာဉ်သည် ရှေးဦးခေတ်၏ မည်သည့်လျှို့ဝှက်ပညာရပ်ထက်မဆို ပိုမိုနက်နဲကာ ပိုမိုစွမ်းအားကြီးမားသည်။ အကယ်၍ ဟုန်ယွိသာ ထိုမူလဝိညာဉ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါက သူ၏အတွက် အလွန်ပင် အကျိုးကျေးဇူး များပေလိမ့်မည်။

ထို့ပြင် ဟုန်ယွိသည် ယခုအခါ အင်မော်တယ်ကျောက်စာတိုင် နှစ်ခုကိုပါ စုပ်ယူကာ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ထားပြီး ဖြစ်သည်။ သူ၏ စွမ်းအားမှာ အကန့်အသတ်တစ်ခု အထိ ရောက်ရှိနေပြီ ဖြစ်သည်။ ဤစွမ်းအားမျိုးက လွန်ခဲ့သော နှစ်ပေါင်းများစွာက ဧကရာဇ်ချန်ရှန်း၏ ဟောကိန်းနှင့် အတိအကျ ထပ်တူကျနေပေသည်။

"တောင်နှင့်ပင်လယ်ပုလဲ... ဖွဲ့စည်းစမ်း။"

မုန့်ရှန်းကျီ၏ ဟန့်တားမှု မရှိတော့သဖြင့် ကော့လီနတ်ဘုရားဘုရင်မသည် သူမ၏ စွမ်းအားများကို ပြန်လည်ရရှိသွားခဲ့သည်။ အတွေးတစ်ချက်ဖြင့် တောင်နှင့်ပင်လယ် စစ်မြေပြင်ကို ဖန်တီးထားသော 'တောင်နှင့်ပင်လယ်ပုလဲ' ကို စုစည်းလိုက်ရာ စစ်မြေပြင် ၏ အကာကွယ်စွမ်းအားမှာ အဆပေါင်းရာချီ ပိုမိုအားကောင်းလာခဲ့သည်။ ယခုဆိုလျှင် ဟုန်ယွိ၊ ဟုန်ရွှန်ကျိနှင့် ချန်ဧကရာဇ်ယန်ဖန်တို့၏ အသက်နှင့်ရင်း၍ တိုက်ခိုက်နေကြ သော ပြင်းထန်လှသော တိုက်ပွဲဒဏ်များကို ခံနိုင်ရည် ရှိသွားတော့သည်။

"မကောင်းတော့ဘူး။ မုန့်ရှန်းကျီက ကော့လီနတ်ဘုရားဘုရင်မကို တွန်းထုတ်ပြီး ဆင်းလာ နေပြီ။ သူသာ ဝင်နှောင့်ယှက်ရင် ချန်ဧကရာဇ်ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ တကယ်ပဲ လွတ်သွားလိမ့်မယ်။ အဲဒီအခါကျရင် သူတို့ကို ပြန်ဖမ်းဖို့ ခက်သွားလိမ့်မယ်။"

မုန့်ရှန်းကျီ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဟုန်ယွိ ချက်ချင်း အာရုံခံမိလိုက်သည်။ ယခုအချိန်တွင် သူ၏စွမ်းအား အားလုံးကို အသုံးပြု၍ ဖန်ဆင်းခြင်းသင်္ဘောအား လုယူရန် တိုက်ခိုက်နေသည့် အရေးကြီးဆုံး အချိန်အခါ ဖြစ်နေသည်။ အခြားသူများကို မည်သို့လျှင် လာရောက်နှောင့်ယှက်ခွင့် ပြုနိုင်မည်နည်း။ အထူးသဖြင့် မုန့်ရှန်းကျီ ကဲ့သို့သော အဓိက ပုဂ္ဂိုလ်မျိုးကို ပို၍ပင် ခွင့်မပြုနိုင်ပေ။

အနာဂတ်သခင်အား သိမ်းပိုက်ထားနိုင်ခဲ့သဖြင့် ဟုန်ယွိ၏ စွမ်းအားမှာ အဆင့်တစ်ခု တိုးတက်သွားခဲ့ပြီး ချန်ဧကရာဇ်ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့၏ စွမ်းအားကို ထပ်မံ အားနည်း သွားစေခဲ့သည်။ အထူးသဖြင့် ဟုန်ရွှန်ကျိပင်ဖြစ်သည်။ ယနေ့ သူသည် အသွင်မျိုးစုံ ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရထားပြီး သူ၏ စွမ်းအားများ ပြန်လည်မပြည့်ဝသေးပေ။ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အမြင့်ဆုံး အခြေအနေ၏ ထက်ဝက်ပင် မရှိတော့ချေ။ အကယ်၍ သူသာ ယနေ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါက လအနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။ ထို့နောက် ယနေ့တိုက်ပွဲမှ အသိအမြင်များဖြင့် သူ၏ သိုင်းပညာမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာနိုင်ပေသည်။

ဟုန်ရွှန်ကျိကဲ့သို့လူမျိုး လွတ်မြောက်သွားခြင်းမှာ မင်းဆက်အသစ်တစ်ခု တည်ထောင်ခြင်း နှင့် မင်းသားယုအား ထီးနန်းတင်ခြင်းအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာ လိမ့်မည်။ သူတို့၏ ဖန်ဆင်းခြင်းသင်္ဘောအား မသိမ်းပိုက်နိုင်သရွေ့ အန္တရာယ်ရှိနေပေလိမ့် မည်။

"လွတ်လပ်ခြင်း၊ ကိုယ်ကျင့်တရား၊ ဟင်းလင်းပြင်၊ သူတော်စင်၊ ထာဝရ။"

မုန့်ရှန်းကျီ အောက်သို့ ဆင်းသက်လာသည်ကို မြင်သည်နှင့် ဟုန်ယွိက တွေဝေနေခြင်း မရှိပေ။ သူက လက်ကိုမြှောက်ကာ မဟာမူလစွမ်းအင်ငါးခုကို ပေါင်းစည်းလိုက်ပြီး ရန်သူ၏ အဟုန်ကို တားဆီးရန် တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ရုပ်ခန္ဓာ သည်လည်း "ကောင်းကင်နှင့်မြေကြီး နိယာမကိုယ်ပွား" ၏ စွမ်းအားကို ထုတ်ဖော်လိုက် သည်။ သူက ကောင်းကင်နှင့်မြေကြီး အတူရှင်သန်ခြင်း၊ ထာဝရအသက်နှင့် ရှေးဦး ကောင်းကင်ငှက် အသွင်ကိုးမျိုးပြောင်းခြင်းအပါအဝင် အထွတ်အထိပ် တိုက်ကွက်များကို ဆက်တိုက် အသုံးပြုလိုက်သည်။ သူတော်စင်ပေါင်းစုံခန်းမ၏ စွမ်းအားများ ပါဝင်နေသော ထိုပြင်းထန်လှသော နတ်ဘုရားစွမ်းအားများမှာ ဖန်ဆင်းခြင်းသင်္ဘောအား ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ ရှေးခေတ်၏ နံပါတ်တစ် နတ်ဘုရားလက်နက်ဘုရင်မှာ ရေဝဲအတွင်း ကျဆင်းသွားသော ရွက်လှေတစ်စင်းကဲ့သို့ ချာချာလည်သွားခဲ့သည်။

အကယ်၍ ဖန်ဆင်းခြင်းတာအိုသခင်သာ အသက်ပြန်ရှင်လာပြီး သူကိုယ်တိုင် သွန်းလုပ်ခဲ့ သော ဤနတ်ဘုရားလက်နက်ဘုရင်ကြီး ဤမျှ ဖျက်ဆီးခံနေရသည်ကို မြင်တွေ့ရပါက ဒေါသတကြီးဖြင့် သင်္ချိုင်းထဲမှ ထွက်လာကာ လှေကို ထိန်းချုပ်နေသူအား အပိုင်းပိုင်း ဆွဲဖြဲ ပစ်မည်မှာ သေချာပေသည်။ ဤသည်မှာ ဖန်ဆင်းခြင်းသင်္ဘော၏ ဂုဏ်သိက္ခာကို ကြီးမား စွာ စော်ကားလိုက်ခြင်းပင် ဖြစ်သည်။

အကယ်၍ ထိုနတ်ဘုရားလက်နက်ဘုရင်မှာ ဖန်ဆင်းခြင်းတာအိုသခင်၏ လက်ထဲတွင်သာ ရှိနေခဲ့လျှင် ဟုန်ယွိသည် ၎င်းကို တစ်လက်မပင် ရွေ့လျားအောင် ပြုလုပ်နိုင်မည် မဟုတ် ပေ။ သို့သော်လည်း ယခုလက်ရှိ ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့မှာ ဖန်ဆင်းခြင်းတာအိုသခင် ထက် များစွာ အားနည်းနေပေသည်။

…

“မူလစွမ်းအင်... ဆွဲဖြဲစမ်း၊ ပြောင်းလဲခြင်း ဓားစွမ်းအင်"

သူတော်စင်ပေါင်းစုံခန်းမသည် ရုတ်တရက် တုန်ခါသွားပြီး အသန့်စင်ဆုံး မူလစွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမူလစွမ်းအင်များမှာ ချပ်ဝတ်တစ်ခုကဲ့သို့ ဟုန်ယွိ၏ ခန္ဓာကိုယ်တွင် လာရောက်ကပ်တွယ်သွားသည်။ ဟုန်ယွိ၏ စွမ်းအားများ တစ်ဖန်မြင့်တက် လာပြီး သန်းနှင့်ချီသော ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုဓားစွမ်းအင်များ အတွင်း၌ "ချန်၊ ကွန်၊ ဝူဝမ်၊ ဂယ်၊ တာ့ကော်၊ ရှောက်ကော်" စသည့် ဟေစ်ဇာဂရမ် ပေါင်းစုံ နှင့် အသွင်ပြောင်းလဲမှုများ ပါဝင်နေသည်။

ဟေစ်ဇာဂရမ် ပေါင်းစုံများမှ အဆုံးမဲ့ ဓားစွမ်းအင်များက ဖန်ဆင်းခြင်းသင်္ဘော၏ အပြင် ဘက်ရှိ မဟာအစီအရင်များကို အဆက်မပြတ် ခုတ်ပိုင်းဖျက်ဆီးပစ်ပြီး အတွင်းပိုင်း ဟင်းလင်းပြင်အထိပင် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ဖန်ဆင်းခြင်းသင်္ဘောသည် သမိုင်းတစ်လျှောက်တွင် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။ ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့သည် သူတို့ စွမ်းအားရှိ သမျှ ထုတ်သုံးနေသော်လည်း သင်္ဘောကြီးကို အပြင်သို့ ထွက်ပြေးအောင် မလုပ်နိုင်ကြပေ။ ဤနတ်ဘုရားဘုရင် လက်နက်ကြီးမှာ အတင်းအဓမ္မ ပိတ်ဆို့ခြင်းကို ခံထားရသည်။

"မကောင်းတော့ဘူး အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ အကောင်းဆုံး အခွင့်အရေးကို လက်လွတ်ခံလိုက်ရပြီ။" ဟုန်ရွှန်ကျိက 'ကောင်းကင်ပုံဆောင်ခဲ' ၏ အဓိကဗဟိုချက်သို့ တစ်ဖန် ဝင်ရောက်သွားခဲ့သည်။ သူ၏ မျက်လုံးများတွင် ရန်သူနှင့် အတူတကွ သေဆုံးရန် ပြင်ဆင်ထားသည့် ရူးသွပ်သည့် အမူအရာမျိုး ပေါ်လွင်နေသည်။

"ဖန်ဆင်းခြင်းသင်္ဘောပေါ်မှာ မိုးကြိုးရေကန် သုံးခုရှိတယ်။ အဲဒီမိုးကြိုးရေကန်တွေကို ဖောက်ခွဲပြီး ထွက်ပြေးကြတာ ပိုကောင်းမယ်။" ယန်ဖန်က ရုတ်တရက် အကြံပြုလိုက် သည်။

"ကျွန်တော်မျိုးတို့ မိုးကြိုးရေကန်တွေကို ဖောက်ခွဲတာက မသင့်တော်ပါဘူး။ ဒီသားမိုက်ရဲ့ အခုရှိနေတဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ဆိုရင် မိုးကြိုးရေကန်တွေကို ဖောက်ခွဲတာက သူ့ကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး။ အဲဒီအစား သူ့ကိုတောင် ကူညီပေးသလို ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် မိုးကြိုးရေကန်တွေကို ဖောက်ခွဲပြီးရင် ဖန်ဆင်းခြင်းသင်္ဘောရဲ့ စွမ်းအားက အများ ကြီး လျော့နည်းသွားလိမ့်မယ်။ တကယ်လို့ ကောင်းကင်အပြင်ပနယ်မြေက သိုင်းပညာရှင် တွေနဲ့ ဆုံတွေ့ရင် ကျွန်တော်မျိုးတို့ကို အခွင့်ကောင်းယူသွားနိုင်ပါတယ်။ ဤအချိန်တွင် ဟုန်ရွှန်ကျိ၏ တွက်ချက်မှုများက အလွန်နက်ရှိုင်းနေဆဲ ဖြစ်သည်။

"မင်းပြောတာ မှန်တယ်၊ ငါလည်း ဒီပြဿနာကို စဉ်းစားမိတယ်။ ယန်ဖန်က သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ပြင်းပြင်းထန်ထန် ထုတ်ဖော်လိုက်သည် “တစ်ကမ္ဘာလုံးကို စိုးမိုး ပြီး မဟာကမ္ဘာလောကကြီးကို တစ်သားတည်းဖြစ်အောင် လုပ်ဖို့ ပြင်ဆင်နေတဲ့ငါ၊ ကောင်းကင်အပြင်ပနယ်မြေက လူတွေကို နှိမ်နင်းပြီး အမြင့်မြတ်ဆုံး အရှင်သခင် ဖြစ်ဖို့ စောင့်မျှော်နေတဲ့ ငါဟာ... အခုလို အရေးကြီးတဲ့ အချိန်မှာ အရှုံးကြီးရှုံးနိမ့်ရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ငါ တကယ်ကို မကျေနပ်နိုင်ဘူး”

ယန်ဖန်သည် အမှန်တကယ်ပင် ဤအရာကို လက်မခံနိုင်ခဲ့ပေ။

ယန်ဖန်သည် "အနာဂတ်သခင်" ကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ 'ဗုဒ္ဓတစ်သောင်းဘုရင်' ၏ အစွမ်းထက်သော တွက်ချက်မှု စွမ်းရည်များဖြင့် သူသည် အနာဂတ်၏ အကျိုးသက်ရောက် မှုများကို ကြိုတင်မြင်နိုင်ခဲ့၏။ ထို့ကြောင့် သူ၏ ကျင့်စဉ်တိုးတက်မှုမှာ အလွန်ပင် လျင်မြန် လှသည်။

အကယ်၍ သူ့ကို နောက်ထပ် သုံးနှစ်မှ ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်ခန့်သာ အချိန်ပေးမည် ဆိုလျှင် သူ၏စွမ်းအားမှာ မှန်းဆ၍မရနိုင်အောင် ကြီးမားလာမည် ဖြစ်သည်။ ထိုအချိန်တွင် သူသည် ယန်နတ်ဘုရင်အဆင့်ကို မရောက်သေးလျှင်တောင် ကိုးကြိမ်မြောက် မိုးကြိုးကပ် ဘေးကို ဖြတ်ကျော်ထားသော အထွက်အထိပ်တစ်ဦး ဖြစ်နေမည်ဖြစ်ပြီး၊ ဟုန်ရွှန်ကျိမှာ လည်း ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိနေပေလိမ့်မည်။ ထိုအခါ သူတို့ နှစ်ယောက် ပူးပေါင်းလိုက်လျှင် မဟာကမ္ဘာလောကကြီးတွင် သူတို့ကို ယှဉ်နိုင်သူ ရှိတော့ မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ဟုန်ယွိအနေဖြင့် နောက် ၃ နှစ်မှ ၅ နှစ်ခန့်ကြာမှ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း ဟုန်ယွိသည် ကောင်းကင် အပြင်ပနယ်မြေသို့ သွားရောက်ကာ သူ၏အင်အားကို ချဲ့ထွင်လိမ့်မည်ဟု သူတို့ မထင် မှတ်ခဲ့ကြချေ။ သူသည် မိုးကြိုးအလား ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာပြီး သူတို့ကို အပြတ်အသတ် အနိုင်ယူခဲ့သည်။ သူတို့ အနှစ် ၂၀ တိုင်တိုင် တစ်လှမ်းချင်း စီစဉ်ခဲ့ သမျှ ကြိုးပမ်းမှုအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရပြီ။

လွန်ခဲ့သော ၂၅ နှစ်က ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးခဲ့ချိန်မှစ၍ ယခုအချိန်အထိ သူတို့ မည်မျှ ကြိုးစားခဲ့ရသနည်း။ ဟုန်ရွှန်ကျိနှင့် ချန်ဧကရာဇ်ယန်ဖန်တို့ပင် မရေတွက်နိုင်တော့ ချေ။ သို့သော် ထိုကြိုးပမ်းမှုအားလုံးမှာ ယခုတော့ တံလျှပ်တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့ ချေပြီ။

ဘုန်း…

ဓားစွမ်းအင်အလင်းတန်းများမှာ အမှန်တကယ်ပင် 'ဆွေ' ဟေစ်ဇာဂရမ်အဖြစ် ဖွဲ့စည်းသွား ပြီး ဖန်ဆင်းခြင်းသင်္ဘောအတွင်းရှိ အစီအရင် သန်းပေါင်းများစွာကို ပြင်းထန်စွာ ထိုးဖောက် ကာ 'ကောင်းကင်ပုံဆောင်ခဲ' ကျောက်တုံးပေါ်တွင် နက်ရှိုင်းသော အရာတစ်ခုကို ချန်ရစ်ခဲ့ သည်။ ထိုအချက်က ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ကိုပါ တုန်လှုပ်သွားစေ၏။

ဇာတ်သိမ်းခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြပြီ။

"မဖြစ်တော့ဘူး အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ ကြိုးပမ်းအားထုတ်မှုတွေ အလကား ဖြစ်သွားလို့ မရဘူး။ အနှစ် ၂၀ ကျော် တည်ဆောက်ခဲ့သမျှ အဆုံးရှုံးမခံနိုင်ဘူး"

ဟုန်ရွှန်ကျိက ရုတ်တရက် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ကျွန်တော်မျိုး ဒါတွေကို တားဆီးပေးမယ်။ အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ စွမ်းအားကို အသုံးပြုပြီး ချက်ချင်း ထွက်ပြေးပါ။ ဒါမှ အခွင့်အရေး ရှိပါလိမ့်မယ်”

"ဒါပေမဲ့ မင်းကရော" ယန်ဖန်က မတ်တတ်ရပ်ကာ အော်လိုက်သည်။

"ဒီသားမိုက်က ကျွန်တော်မျိုးကို သတ်မှာမဟုတ်ဘူး။ ကျွန်တော်မျိုး မသေသရွေ့ အခွင့်အရေး ရှိပါသေးတယ်" ဟုန်ရွှန်ကျိ၏ မျက်လုံးများမှာ တည်ငြိမ်အေးစက်နေ၏။ "ကျွန်တော်မျိုး မသေသရွေ့ အရှင်မင်းကြီးရဲ့ ဖန်ဆင်းခြင်းသင်္ဘောလည်း မဆုံးရှုံးဘူးဆို ရင် အသစ်ကနေ ပြန်စဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။”

"ကောင်းပြီ"

ယန်ဖန်က အားရပါးရ ရယ်မောပြီး ကောင်းကင်ယံသို့ မော့၍ ဝမ်းနည်းကြေကွဲဖွယ် ဟစ်အော်လိုက်သည်။ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး မှော်သင်္တေက သန်းပေါင်းများစွာအဖြစ် ပြောင်းလဲကာ ဓားစွမ်းအင်များဆီသို့ တိုးဝင်သွားလေတော့သည်။

"မုန့်ရှန်းကျီ ... ကျုပ်မှော်စွမ်းအားက အခု ခင်ဗျားထက် အပြည့်အဝ သာလွန်နေပြီ။ ခင်ဗျား ရဲ့ ထာဝရနိုင်ငံတော်ကလည်း ကျုပ်အပေါ်မှာ ဘာအသာစီးမှ မရနိုင်တော့ဘူး။ ကျုပ်နဲ့ တိုက်ရင် ခင်ဗျား သေချာပေါက် ရှုံးလိမ့်မယ်။ ခင်ဗျားက အခွင့်ကောင်းယူဖို့ ဆင်းလာနေ တုန်းလား”

ဟုန်ယွိထံမှ အဆုံးမဲ့ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဖန်ဆင်းခြင်းသင်္ဘောအား အပြင်းထန် တိုက်ခိုက်နေသဖြင့် သင်္ဘောကြီးမှာ ချာချာလည်နေတော့သည်။ ဟုန်ရွှန်ကျိ နှင့် ယန်ဖန်တို့မှာ အတွင်း၌ ပုန်းအောင်းနေကြရ၏။ အကယ်၍ ဤအတိုင်း ဆက်သွားပါက ဟုန်ယွိအနေဖြင့် ဤနံပါတ်တစ် နတ်ဘုရားဘုရင်လက်နက်ကို ဖျက်ဆီးပြီး ဧကရာဇ်နှင့် ဧကရာဇ်အကြံပေးကို အရှင်ဖမ်းမိပေလိမ့်မည်။ သို့သော် မုန့်ရှန်းကျီက ဝင်ရောက် နှောင့်ယှက်ရန် ရောက်ရှိလာခဲ့သည်။

ဟုန်ယွိ မည်မျှပင် စွမ်းအားကြီးစေကာမူ သူသည် ယန်နတ်ဘုရားတစ်ပါး မဟုတ်သလို၊ ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်သည့် စွမ်းရည်မျိုးလည်း မရှိသေးပေ။ ထို့ကြောင့် နတ်ဘုရား လက်နက် ဘုရင်နှစ်ပါး၏ တိုက်ခိုက်မှုကို တစ်ပြိုင်နက် ခုခံရန်မှာ ခက်ခဲလှသည်။ သို့သော် သူ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကမ္ဘာ ပေါ်တွင် နံပါတ်တစ် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဟု ခေါ်ဆိုကြသော တိုင်ရှန်တာအိုဂိုဏ်းချုပ်ကို လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။

"ဟုန်ယွိ ... ငါ့လက်ချက်နဲ့ မင်းတစ်ကြိမ် ဒုက္ခရောက်ဖူးတာကို မမေ့နဲ့ဦး။" မုန့်ရှန်းကျီက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဆန္ဒ၊ စကြာဝဠာနှင့် အချိန်ဟူသော နတ်ဘုရား ဆေဘာများ ပေါ်ထွက်လာပြီး ဟုန်ယွိ၏ လက်သီးချက်ကို ကာကွယ်လိုက်သည်။

“အခု ဘယ်သူ ရှုံးမလဲဆိုတာ ပြောဖို့ စောပါသေးတယ်။ ဒီနေ့တော့ ဒီမဟာကမ္ဘာလောက ကြီးမှာ၊ ဒီစကြဝဠာကြီးထဲမှာ ဘယ်သူက နံပါတ်တစ်လဲဆိုတာ ခင်ဗျားကို သိစေရမယ်”

ဟုန်ယွိက ဝင့်ကြွားစွာ ပြောလိုက်သည်။ သူက ဟင်းလင်းပြင်ထဲ၌ ရပ်နေရင်း ဖန်ဆင်းခြင်း သင်္ဘောအား ဓားစွမ်းအင်များဖြင့် ရစ်ပတ်ထားလိုက်၏။ တစ်ချိန်တည်းမှာပင် သူခန္ဓာ ကိုယ်အတွင်းရှိ အင်မော်တယ်ကျောက်စာတိုင် နှစ်ခု၏ စွမ်းအားကို နှိုးဆွကာ မုန့်ရှန်းကျီ ကို အပြင်းထန် တိုက်ခိုက်လိုက်သည်။

"အတိတ်က သူတော်စင် ဧကရာဇ်တွေတောင် ပျောက်ကွယ်ပြီး ကြယ်တာရာတွေအဖြစ် ပြောင်းလဲသွားကြပြီ။ ယနေ့ခေတ်ရဲ့ 'ပြောင်းလဲခြင်း' လမ်းစဉ်ဟာ လူသားမျိုးနွယ်ရဲ့ အဓိက လမ်းစဉ် ဖြစ်လာပြီ။ ခင်ဗျားတင်မကဘူး၊ ခင်ဗျားရဲ့ဆရာသခင် တိုင်ရှန်တောင်မှ ဒီအခြေအနေကို နောက်ပြန်လှည့်လို့ မရတော့ဘူး။ ဒီနေ့ ကျုပ်ကိုယ်ပိုင် စွမ်းအားနဲ့ ခင်ဗျား ရဲ့ ထာဝရနိုင်ငံတော်နဲ့ ဖန်ဆင်းခြင်းသင်္ဘောဆိုတဲ့ နတ်ဘုရားဘုရင်လက်နက်ကြီး နှစ်ခု လုံးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်မယ်”

သူ၏အသံမှာ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားပြီး ထာဝရအသက်ရှင်ခြင်း၏ သံစဉ် တေးသွားသဖွယ် ပြောင်းလဲသွားကာ တော်ဝင်ချန်အင်ပါယာအတွင်းရှိ ပညာရှင်တိုင်း ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

"တကယ်ပဲ အဲဒီလိုလား" မုန့်ရှန်းကျီက ကိုယ်ကို မတ်လိုက်သည်။ သူ၏ မျက်လုံးများတွင် အရာအားလုံးကို အေးခဲသွားစေနိုင်သည့် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက် နေသည်။

ဟုန်ယွိသည် ဤမျှ လူသားဆန်သော မုန့်ရှန်းကျီကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ယခင် တိုက်ပွဲ များတွင် ဤတိုင်ရှန်တာအိုဂိုဏ်းချုပ်၌ သတ်ဖြတ်လိုစိတ် ကင်းမဲ့နေခဲ့သည်။ သတ်ဖြတ်လို စိတ် ရှိလာခြင်းမှာ မုန်းတီးခြင်း၊ နာကျည်းခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရှိသည်ဟု ဆိုလိုရာ၊ ၎င်းမှာ ကောင်းကင်လမ်းစဉ် မဟုတ်တော့ဘဲ သာမန်လူသားတစ်ယောက်ကဲ့သို့ ခံစားလာ ခြင်းပင်။

ထိုအထွတ်အထိပ် ပုဂ္ဂိုလ်နှစ်ဦး အချင်းချင်း စိုက်ကြည့်နေစဉ်မှာပင် ဓားစွမ်းအင်များဖြင့် ပိတ်ဆို့ရစ်ပတ်ထားသော ဖန်ဆင်းခြင်းသင်္ဘောထံမှ ကမ္ဘာတုန်စေမည့် အငွေ့ အသက်များ ကိန်းအောင်းလာနေ၏။ ရုတ်တရက် ဖန်ဆင်းခြင်းသင်္ဘောထဲမှ ဟစ်ကြွေးသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဟုန်ရွှန်ကျိသည် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲ ကာ တောင်များကို ဖြိုချနိုင်သော ခွန်အားဖြင့် ပြေးထွက်လာပြီး ဓားစွမ်းအင်များကို ဖယ်ရှားပစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဖန်ဆင်းခြင်းသင်္ဘောသည် ဝူးကနဲ အသံနှင့် အတူ စတင်လှုပ်ရှားကာ လွတ်မြောက်သွားလေသည်။ ဟုန်ယွိနှင့် မုန့်ရှန်းကျီတို့မှာ အချင်းချင်း တိုက်ခိုက်နေကြသဖြင့် မတားဆီးနိုင်ခဲ့ကြပေ။

"ဖမ်းစမ်း"

ဟုန်ရွှန်ကျိသည် ချန်ဧကရာဇ်ယန်ဖန် ထွက်ခွာသွားသည်ကို မြင်လျှင် အသံကုန်ဟစ်အော် ၍ ထွက်ပြေးရန် ပြင်ဆင်လေသည်။ သို့သော် သူသည် နောက်ကျသွားခဲ့ချေပြီ။ မုန့်ရှန်းကျီ နှင့် ဟုန်ယွိတို့ နှစ်ဦးစလုံး သူတို့၏ အစစ်မှန်စွမ်းအင်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြပြီး သူ့ကို ဖမ်းဆီးရန် ကြိုးပမ်းလိုက်ကြသည်။

မုန့်ရှန်းကျီက နောက်မှ လှုပ်ရှားသော်လည်း အရင် ရောက်ရှိသွားခဲ့သည်။ သူ၏ လက်ဝါးက ဟင်းလင်းပြင်ကို ဖောက်ထွက်သွားပြီး 'ထာဝရအလင်းတန်း' များဖြင့် သူ့ကို ရစ်ပတ်လိုက် ၏။ ဟုန်ရွှန်ကျိမှာမူ ဓားစွမ်းအင်များကို ခုခံကာကွယ်ရာ၌ အားအင်များစွာ ကုန်ခမ်းထား ရသဖြင့် သူ၏ ပြင်းထန်သော အဟုန်မှာ များစွာ လျော့ပါးနေချေပြီ။

"ကောင်းကင်နှင့်မြေကြီး ကြိတ်ဆုံ"

ဟုန်ယွိက တုံ့ဆိုင်းခြင်းမရှိဘဲ မုန့်ရှန်းကျီအား ကောင်းကင်နှင့်မြေကြီး ကြိတ်ဆုံ အကွက် ဖြင့် အပြင်းအထန် တိုက်ခိုက်လိုက်သည်။ ထို့နောက် သူက ဓားစွမ်းအင်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး 'ကောင်းကင်နှင့်မြေကြီး အတူရှင်သန်ခြင်း' ကို အသုံးပြုလိုက်ရာမှတစ် ဆင့် ‘ဘေးဒုက္ခအဆုံး သုခဆိုက်’ နိယာမအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲလိုက်ကာ 'ထာဝရ အလင်းတန်း' များကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။

မုန့်ရှန်းကျီက မျက်မှောင်ကြုတ်လျက် ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားသည်။ ဟုန်ယွိ သည် အမှန်တကယ်ပင် အလွန်အမင်း ရက်စက်ပြင်းထန်လှပေ၏။ အကယ်၍ ဖန်ဆင်း ခြင်းသင်္ဘောသာ မရှိတော့လျှင် ဟုန်ယွိအတွက် ဖိအားများ များစွာလျော့ကျသွားမည် ဖြစ်ရာ သူ စွမ်းအားမှာ မုန့်ရှန်းကျီထက်ပင် သာလွန်သွားခဲ့လေပြီ။

ထာဝရအလင်းတန်းများမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ပြီး မုန့်ရှန်းကျီသည်လည်း နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ ဟုန်ယွိက ဟုန်ရွှန်ကျိအား တစ်ဖန် ပြန်လည်ချုပ်နှောင် လိုက်ပြီး 'သူတော်စင်ပေါင်းစုံခန်းမ' အတွင်းရှိ 'ထိုက်ကျိမိုးကြိုးရေကန်' ၏ အနက်ရှိုင်းဆုံး နေရာသို့ ပစ်သွင်းကာ ဖိနှိပ်ထားလိုက်လေသည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော ဟုန်ရွှန်ကျိမှာမူ ပြန်လည်ခုခံရန် မည်သည့်နည်းလမ်းမျှ မရှိတော့ပေ။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့"

မုန့်ရှန်းကျီသည် ဟုန်ရွှန်ကျိ ဖိနှိပ်ခံလိုက်ရသည်ကို မြင်လျှင် ရှည်လျားစွာ သက်ပြင်းချ လိုက်သည်။ ဤအကြိမ်တွင် သူ့အနေဖြင့် မည်သည့်အကျိုးအမြတ်မျှ ရရှိနိုင်မည်မဟုတ် ကြောင်း သူ ကောင်းစွာ သိမြင်လိုက်လေပြီ။ သူ၏ ကိုယ်ခန္ဓာသည် ရုတ်တရက် ဝေဝါးသွား ပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပျောက်ကွယ်သွားခဲ့လေသည်။

သူ၏ ထွက်ခွာသွားမှုက ဟုန်ယွိ ကျောက်စိမ်းမြို့တော်ကို ဝိုင်းရံပိတ်ဆို့ထားသည့် တိုက်ပွဲ ကြီး အဆုံးသတ်သွားပြီဖြစ်ကြောင်း ဖော်ပြနေတော့သည်။

တိုက်ပွဲအပြီးတွင် နောက်ဆက်တွဲကိစ္စရပ်များကို ဖြေရှင်းရမည့်အချိန်သို့ ဆိုက်ရောက်လာ ပါတော့သည်။

All Chapters