← Chapters

အခန်း (၇၃၅-၇၃၆)

Vol. 71 Ch. 735-736

အခန်း (၇၃၅-၇၃၆)

Vol. 71 Ch. 735-736

အခန်း (၇၃၅)။

"ဘာ... ကျောက်စိမ်းမြို့တော်မှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တယ် ဟုတ်လား။ တစ်ညတာ အတွင်းမှာပဲ ဟုန်ရွှန်ကျိက ချုပ်နှောင်ဖိနှိပ်ခံလိုက်ရပြီး ယန်ဖန်ကလည်း ပျောက်ဆုံးသွားခဲ့ တယ်ပေါ့။ အိမ်ရှေ့စံမင်းသား၊ မင်းသားဟီနဲ့ တခြား မင်းသားအများအပြားလည်း အကျယ် ချုပ် ကျခံထားရတယ်။ နယ်မြေအသီးသီးက ဘုရင်ခံတွေကလည်း သူတို့ရဲ့ သစ္စာရှိမှုကို ပြသကြပြီး မင်းသားယုကို မဟာကောင်စီဝန်ကြီး၊ ရင်ခွင်ပိုက်အုပ်ချုပ်သူအဖြစ် ခန့်အပ် လိုက်သလို၊ နှစ်သစ်မှာ နန်းတက်ခိုင်းမယ် ဟုတ်လား။ သူ့ကိုယ်သူ ကျောက်စိမ်းဧကရာဇ် လို့ ခေါ်တွင်စေသတဲ့လား။"

ကျောက်စိမ်းမြို့တော်တွင် အာဏာသိမ်းမှုများ ဆက်တိုက်ဖြစ်ပွားကာ ကသောင်းကနင်း ဖြစ်နေချိန်၌၊ ပင်လယ်ပြင်မှ မိုင်ပေါင်းသိန်းချီ ဝေးကွာသော အခြားတိုက်ကြီးတစ်ခုတွင်မူ စည်ကားသာယာနေသော မြင်ကွင်းတစ်ခု ရှိနေလေသည်။

ဤနေရာကား တာအိုဘိုးဘေးနှစ်ပါး ဖြစ်ကြသည့် ယွန်ယင်ကျိနှင့် လျန်ယွန်ကျိတို့ တည်ထောင်ထားသော ဘိုးဘေးနတ်ဘုရားနိုင်ငံတော်ပင် ဖြစ်သည်။

ဟုန်ယွိသည် အာဏာသိမ်းမှုကို အလွန်လျင်မြန်စွာ ဆောင်ရွက်ခဲ့ပြီး တစ်ညတည်းနှင့် အခြေအနေကို အဆုံးသတ်နိုင်ခဲ့သောကြောင့်၊ သမုဒ္ဒရာမှ မိုင်ပေါင်းသိန်းချီ ဝေးကွာသော ဘိုးဘေးနတ်ဘုရားနိုင်ငံတော်သည် မည်သည့်အရာကိုမျှ မသိရှိခဲ့ပေ။ ထို့အပြင် ဟုန်ယွိ သည် သမုဒ္ဒရာအတွင်းရှိ နိုင်ငံပေါင်းတစ်ရာနှင့် ဆက်သွယ်ကာ ပင်လယ်ရေပြင်ပေါ်ရှိ သတင်းအားလုံးကို ပိတ်ဆို့ထားခဲ့သဖြင့် အဝေးရှိ သမုဒ္ဒရာရပ်ဝန်းသို့ သတင်းများ မပျံ့နှံ့နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အခြေအနေများ တည်ငြိမ်သွားပြီးနောက်တွင်မူ သတင်းများကို ဆက်လက်ဖုံး ကွယ်ထား၍ မရနိုင်တော့ပေ။ မဟာကမ္ဘာလောကကြီးအတွင်းရှိ အင်အားစုအကြီးအသေး အားလုံးနှင့် ပုန်းကွယ်နေသော အင်အားစုများသည်လည်း ဤသတင်းကို သိရှိသွားကြပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ မဟာကမ္ဘာလောကကြီးတွင် အလယ်ပိုင်းကောင်းကင် နယ်မြေသည် သန်းပေါင်းများစွာသော သက်ရှိတို့၏ ကံကြမ္မာကို ထိန်းချုပ်ထားသည့် အဓိကဗဟိုချက်ဖြစ်ရာ၊ ကမ္ဘာလောကကြီး၏ အရှင်သခင် ပြောင်းလဲသွားသည့် သတင်းကို မည်သူကမျှ လျစ်လျူရှုမထားနိုင်ကြပေ။

တောင်တန်းများပေါ်တွင် နှစ်ပေါင်းရာချီ ပုန်းအောင်းနေခဲ့ကြသော တာအိုကျင့်ကြံသူများ၊ တောရိုင်းဒေသရှိ လိုဏ်ဂူအသီးသီးတွင် ပုန်းအောင်းနေကြသည့် ရှေးဦးဘီလူးကြီးများနှင့် အစွမ်းထက် မိစ္ဆာသားရဲများ၊ မဟာကမ္ဘာလောကကြီး၏ လျှို့ဝှက်ဟင်းလင်းပြင် အလွှာ များတွင် နေထိုင်ကြသူများ၊ မြေအောက်ကမ္ဘာမှ လျှို့ဝှက်ဆန်းကြယ်သော အသက်ရှင် ကျန်ရစ်သူများနှင့် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရှေးဟောင်းဂိုဏ်းကြီးများ အားလုံး သည် မဟာကမ္ဘာလောကကြီး၏ အရှင်သခင် အပြောင်းအလဲသတင်းကို လက်ခံရရှိခဲ့ကြ ပြီး တုံ့ပြန်မှု အမျိုးမျိုး ပြုလုပ်ခဲ့ကြသည်။

ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွိ ဟူသော လူငယ်ပါရမီရှင် သုံးဦးသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခါစတွင် ဤတုန်လှုပ်ဖွယ်သတင်းကို ကြားလိုက်ရသဖြင့် သူတို့၏ စိတ်ကိုပင် မနည်းထိန်းချုပ်လိုက်ရကာ တာအိုနှလုံးသားများပင် လှုပ်ခတ်သွားခဲ့ရသည်။

"ဟုန်ယွိက တကယ်ကို အစွမ်းထက်လွန်းတယ်။ အခြေအနေအားလုံးကို တစ်ညတည်းနဲ့ အဆုံးသတ်သွားနိုင်ခဲ့တယ်။ သူနဲ့ ဟုန်ရွှန်ကျိ၊ ယန်ဖန်တို့ကြားက တိုက်ပွဲဟာ အချိန် အကြာကြီး ယူရဦးမယ်လို့ ငါထင်ထားခဲ့တာ။ ငါတို့ရဲ့ အစီအစဉ်က ဗဟိုကမ္ဘာကနေ စစ်တပ်စေလွှတ်ပြီး တော်ဝင်ချန်မင်းဆက်ကို စစ်ခင်းဖို့လေ။ အဲဒီအခါကျရင် တော်ဝင်ချန် ဧကရာဇ်၊ ဟုန်ရွှန်ကျိနဲ့ ဟုန်ယွိတို့ အချင်းချင်း တိုက်ခိုက်ကြပြီး ငါတို့က ကြားကနေ အကျိုးအမြတ် ရယူဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ ဟုန်ယွိက လက်ရှိအခြေအနေကို မိုးကြိုး ပစ်ချလိုက်သလို ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိ ဘူး" ထန်ဟိုင်လုံက ယခုအခါ ပို၍ လေးနက်စွာ တွေးတောနေဟန်ဖြင့် ဆိုလိုက်သည်။

ကောင်းကင်သံစဉ်နတ်သမီးသည် အခြားသူတစ်ဦးနှင့် တူနှစ်ဖော်ကျင့်ကြံခဲ့ကြောင်း သိလိုက်ရသည့် အချိန်မှစ၍ သူသည် ကျင့်ကြံခြင်းလမ်းစဉ် သွေဖည်မှု ဖြစ်လုနီးပါး ခံစားခဲ့ ရပြီး နတ်ဘုရားတန်ခိုး စွမ်းအားအားလုံးကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်း ထောက်မစွာဖြင့် စွမ်းအင်ဘုရင် ရွှီဝူယွိ၏ အကူအညီကြောင့် သူ၏ အတွင်းစိတ်မိစ္ဆာများကို ဖိနှိပ်နိုင်ခဲ့ပြီး အမြင့်မြတ်ဆုံး စစ်တာအိုနှင့် အမြင့်ဆုံး လျှို့ဝှက်ချက်များကို သင်ကြားပေး ခဲ့သဖြင့် သူ၏ ကျင့်ကြံမှုအဆင့်မှာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် သူ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ခန့်မှန်းရခက်လွန်းလှပြီး သူ၏ကျင့်စဉ်အဆင့်က မည်သည့်အဆင့်ထိ ရောက်ရှိနေပြီကို မည်သူမျှ မသိနိုင်ပေ။ တစ္ဆေများနှင့် နတ်ဘုရားများ ပင် သူ့ကို အကဲခတ်နိုင်မည် မဟုတ်ချေ။

"ဟုန်ရွှန်ကျိ မသေသေးဘူးလို့ ငါကြားတယ်။ ပြီးတော့ ဧကရာဇ် ယန်ဖန်လည်း ထွက်ပြေး လွတ်မြောက်သွားတယ်တဲ့။ ဟုန်ယွိရဲ့ အာဏာသိမ်းမှုက လုံးလုံးလျားလျား အောင်မြင် တယ်လို့ မဆိုနိုင်ပါဘူး။ သူတို့တွေ အေးအေးဆေးဆေး စားသောက် အိပ်စက်နိုင်ကြမှာ မဟုတ်ဘူး" ဖန်းယွမ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် သူ၏ လက်ညှိုးပေါ်ရှိ သူတော်စင်ဧကရာဇ်၏ အထွတ်အမြတ်ရတနာဖြစ်သော 'အနန္တနဂါးလက်စွပ်' ကို လှည့်ကစားလိုက်သည်။ ယခုအခါ နှစ်အနည်းငယ် ကုန်လွန်သွား ပြီ ဖြစ်ရာ၊ သူသည် ရှစ်နှစ်သား ပါရမီရှင်လေးတစ်ယောက်နှင့် မတူတော့ဘဲ၊ အရပ်မြင့်မြင့်၊ တည်ငြိမ်ရင့်ကျက်ကာ တွေးခေါ်တတ်သော လူငယ်တစ်ဦး ဖြစ်လာခဲ့ချေပြီ။

"ဘယ်လိုပဲဖြစ်ဖြစ် အခု ဟုန်ယွိရဲ့ အာဏာက အခိုင်အမာ တည်ဆောက်ပြီးသွားပြီဆိုတော့ ငါတို့ရဲ့ ချန်ခွန်းအကယ်ဒမီ အစီအစဉ်က သဲထဲရေသွန် ဖြစ်သွားလောက်ပြီ။ ငါတို့ အခု ဘိုးဘေးနတ်ဘုရားနိုင်ငံတော်ကိုပဲ စီမံခန့်ခွဲနိုင်တော့မယ်" လီဖေးယွိက ခေါင်းယမ်းလျက် ဆိုသည်။

"ကိစ္စမရှိပါဘူး။ ဟုန်ယွိရဲ့ တက်လမ်းက မြန်ဆန်လွန်းတယ်။ လောကက လူတော်တော် များများက သူ့ကို လက်မခံကြဘူး။ ဒါပေမဲ့ သူ့ရဲ့ အစွမ်းအာဏာကို ကြောက်လို့ ဘာမှ မပြောရဲကြတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူပဲဖြစ်ဖြစ်၊ မင်းသားယုပဲဖြစ်ဖြစ် သူတို့ရဲ့ အုပ်ချုပ်မှုစွမ်းရည်တွေက ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့ထက် အများကြီး နိမ့်ကျတယ်။ အခု ငါတို့အတွက် အခွင့်အရေးတွေ အများကြီး ရှိနေပါတယ်" ထန်ဟိုင်လုံက ဆိုသည်။ "အခု ငါတို့အတွက် အရေးအကြီးဆုံးက ငါတို့ကိုယ်တိုင် ဖန်ဆင်းရှင်တွေ ဖြစ်လာဖို့ပဲ။ ဟုန်ယွိက ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်ဖို့ အထွတ်အထိပ်အဆင့် လူသားအင်မော်တယ် ငါးဦးနဲ့ ရှေးဟောင်း ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါးကို စုစည်းခဲ့တယ်လို့ ကြားတယ်။ ပြီးတော့ သူ့ဆီမှာ ခန့်မှန်းလို့မရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီလည်း ပါသေး တယ်တဲ့။ အဲဒီအမျိုးသမီးက ရှေးဟောင်း ကော့လီနတ်ဘုရားဘုရင်မ ဖြစ်ဖို့များတယ်။ အခု ဒါက ကျင့်ကြံခြင်းလောက အသိုင်းအဝိုင်းတွေမှာ တောမီးလို ပြန့်နှံ့နေပြီ"

"ဒါကိုကြည့်ရင်, ငါတို့ ဖန်ဆင်းရှင်တွေ ဖြစ်လာခဲ့ရင်တောင် ဟုန်ယွိကို ယှဉ်နိုင်ဖို့ မလွယ်ဘူးထင်တယ်" ဖန်းယွမ်၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားသည်။

"ငါ ဖန်ဆင်းရှင် ဖြစ်လာဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ဒီတစ်ခါ ကောင်းကင်သံစဉ် နတ်သမီးက ငါ့ကို သစ္စာဖောက်လိုက်လို့ ငါ ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ငါ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ငါ့ရဲ့ စိတ်နေသဘောထားက ပိုပြီး သန့်စင် သွားခဲ့တယ်။ ဒီလို သစ္စာဖောက်ခံရမှုသာ မရှိခဲ့ရင် ဖန်ဆင်းရှင်တစ်ယောက်ရဲ့ အစစ်အမှန် အနှစ်သာရကို ငါ ဘယ်တော့မှ မြင်တွေ့နိုင်မှာ မဟုတ်ဘူး။ အခု ငါတို့အတွက် အရေးအကြီးဆုံးက ဧကရာဇ် ယန်ဖန်ကို ရှာတွေ့ဖို့ပဲ။ အခု သူ ကျောက်စိမ်းမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်လာပြီဆိုတော့ သူ လုံးဝ ကျေနပ်နေမှာ မဟုတ်ဘူး။ သူက ကိုး-ငါး အထွက်အထိပ် ဧကရာဇ်တစ်ပါးရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့အတွက် ငါတို့ဆီလာပြီး ငါတို့ရဲ့ အင်အားကို ငှားရမ်းကောင်း ငှားရမ်းလိမ့်မယ်။ ငါတို့ကလည်း ဖန်ဆင်းရှင်တွေ အစစ်အမှန် ဖြစ်လာဖို့ သူ့ရဲ့ စုဆောင်းထားမှုတွေကို အသုံးချနိုင်တာပေါ့" ထန်ဟိုင်လုံက ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်သည်။

"ငါကိုယ်တိုင် ခန့်အပ်ခဲ့တဲ့ မဟာပညာရှင်ပီပီ အခြေအနေကို ဒီလောက် ရှင်းရှင်းလင်းလင်း နားလည်ထားတာပဲ" သူတို့ စကားပြောနေစဉ် လေဟာပြင်ထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ကြီးမားလှသော လမ်းကြောင်းတစ်ခု အတင်းအဓမ္မ ပွင့်ဟလာပြီး အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။ "မင်းတို့အားလုံးမှာ အလားအလာတွေ ရှိတယ်။ ဖန်ဆင်းရှင်ဖြစ်လာဖို့ မင်းတို့အတွက် မခက်ခဲပါဘူး။ မင်းတို့နဲ့ ငါ စေ့စပ်ဆွေးနွေးကြတာ ပေါ့။ ငါက ရှုံးနိမ့်သွားပြီလို့ မင်းတို့ တကယ် ထင်နေကြတာလား။ ဗဟိုကမ္ဘာလောကရဲ့ အင်အားကို ငှားရမ်းပြီး ငါ့နိုင်ငံတော်ကို ပြန်လည်တည်ထောင်ချင်တယ်။ သူတို့က ငါ့ရဲ့ အဆင့်အတန်းကို လိုအပ်နေပြီး ငါ့ကို ရုပ်သေးရုပ်အဖြစ် အသုံးချချင်နေကြတယ်။ ဒါပေမဲ့ ငါကလည်း အစီအစဉ်တစ်ခု ဆွဲထားပြီးပါပြီ..."

ယန်ဖန်၏ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော စိတ်ဆန္ဒက ထိုသူသုံးဦး၏ စိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာခဲ့လေသည်။

…

"ကိုးကြိမ်လှည့်ပတ် ရွှေအမြုတေ တည်နေရာရွှေ့ပြောင်းခြင်း"

ကျောက်စိမ်းမြို့တော်၊ နန်းတော်တွင်း။

ဟုန်ယွိက စာကြည့်ဆောင်အတွင်း ထိုင်နေခဲ့ပြီး မင်းသားယုက မင်းသားများ၊ အိမ်ရှေ့စံ မင်းသားနှင့် ဆွေတော်မျိုးတော်များကို 'ရင်းနှီးစွာ စကားပြောဆိုရန်' ဟုဆိုကာ စစ်တပ်နှင့် သိုင်းပညာရှင်များ စေလွှတ်၍ ခေါ်ဆောင်လာသည်ကို စောင့်ကြည့်နေခဲ့သည်။ ယခုအခါ ကျောက်စိမ်းမြို့တော်၏ ကာကွယ်ရေး ယန္တရားများအားလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ရာ၊ တော်ဝင်စစ်တပ်မှ အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး၊ နင်ဂျာ ဘုန်းတော် ကြီးနှင့် အခြားသူများ၏ စွမ်းအားမှာ အလွန်အမင်း ကြီးမားလှပေသည်။ ဗဟိုကမ္ဘာမှ ဝန်ကြီးခုနစ်ပါး လာရောက်တိုက်ခိုက်လျှင်ပင် ထိုးဖောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤထက်ပို၍ လုံခြုံသော အခြေအနေဟူ၍ မရှိနိုင်တော့ပေ။ အိမ်ရှေ့စံမင်းသားနှင့် ဆွေတော်မျိုးတော်များတွင် အာဏာများစွာ ရှိခဲ့သော်လည်း ယခုအခါ ဘာမျှ မတတ်နိုင်ကြ တော့ပေ။ လက်ရှိရလဒ်ကို နာခံမှုရှိစွာဖြင့် လက်ခံရန်သာ ရှိတော့သည်။

သို့ရာတွင် ဟုန်ယွိသည် တော်ဝင်မိသားစု၏ ကိစ္စရပ်များကို စိတ်ဝင်စားခြင်း မရှိပေ။ ယခု သူ၏ အရေးအကြီးဆုံး တာဝန်မှာ ဟုန်ရွှန်ကျိနှင့် ညှိနှိုင်းဆွေးနွေးပြီး သူ့ကို လုံးလုံးလျား လျား အညံ့ခံလာစေရန် ဖြစ်သည်။ ဟုန်ရွှန်ကျိကို သတ်ဖြတ်ရန်မှာ ဟုန်ယွိအတွက် ခက်ခဲမည်ဆိုသော်လည်း၊ ဟုန်ရွှန်ကျိကို စိတ်နှလုံးပါပါ အညံ့ခံလာစေရန် ပြုလုပ်ရသည် လောက် မခက်ခဲလှပေ။

သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ဟုန်ယွိသည် ရှေးဟောင်းအစီအရင် တစ်ခုဖြစ်သည့် "ကိုးကြိမ်လှည့်ပတ် ရွှေအမြုတေ တည်နေရာရွှေ့ပြောင်းခြင်း" ကို အသုံးပြုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကျောက်စိမ်းမြို့တော်၏ အနက်ရှိုင်းဆုံးနေရာရှိ 'အင်ပါယာအကျဉ်းထောင်' သို့ ရောက်ရှိသွားခဲ့သည်။

ဤ 'အင်ပါယာအကျဉ်းထောင်' သည် မျိုးဆက်အဆက်ဆက် အရေးကြီးသော ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးအကျဉ်းချထားရာ နေရာဖြစ်သည်။ ဂြိုဟ်တစ်လုံးလုံးကို အကျဉ်းထောင်အဖြစ် အသုံးပြုထားသော ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာ၏ 'သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်' လောက် မခံ့ညား၊ မကျယ်ဝန်း သော်လည်း အလွန်အမင်း လုံခြုံတင်းကျပ်လှပေသည်။ မြေအောက်အနက်ပိုင်းတွင် ဝင်္ကပါ တစ်ခုသဖွယ် တည်ဆောက်ထားသည်။ ကျောက်သားခန်းမဆောင်များ အထပ်ထပ် ရှိနေပြီး မြေအောက်ပေရာချီ အနက်အထိ ဆင်းသွားသော သံမဏိအကျဉ်းထောင်တစ်ခု လည်း ရှိနေသည်။

ယခုအခါ အင်ပါယာအကျဉ်းထောင်သည် ဟုန်ယွိ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ၎င်းအတွင်း၌ ဟုန်မိသားစုနှင့် ကျောက်မိသားစု၏ မျိုးဆက် မြောက်မြားစွာကို အကျဉ်းချထားလေသည်။ မဒမ်ကျောက်၊ ဟုန်ရှီ၊ မဒမ်ရုံ၊ ဟုန်ကွေ့၊ ဟုန်ကျန်း၊ ဟုန်ကျောက်နှင့် ဟုန်မိသားစု၏ တိုက်ရိုက် သွေးသားမျိုးဆက် အများအပြား လည်း ပါဝင်သည်။

မူလက ဟုန်ကွေ့၊ ဟုန်ကျန်းနှင့် ဟုန်ကျောက် တို့ကို ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာ၏ ခေါင်းဆောင် ရွှီယွိက အမြင့်မြတ်ဆုံး သိုင်းပညာရပ်များကို သင်ကြားပေးခဲ့ သည်။ ၎င်းတို့ကို 'ကောင်းကင်အနှစ်သာရရွှေဆေးလုံး' ၏ အကူအညီဖြင့် သိုင်းသူတော်စင် အဆင့်သို့ မြှင့်တင်ပေးခဲ့သည်။ သူသည် သူတို့ကို အရုဏ်ဦးချပ်ဝတ်တန်ဆာများ၊ သိုင်းပညာဆိုင်ရာ လျှို့ဝှက်နက်နဲမှုများနှင့် အစွမ်းထက် မှော်စွမ်းအားများကိုလည်း ပေးသနားခဲ့သေးသည်။ ထို့နောက် သူတို့ကို ဒေသအသီးသီးသို့ ဘုရင်ခံများအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ ဟုန်ရွှန်ကျိ၏ မူလရည်ရွယ်ချက်မှာ သူတို့အသီးသီး တာဝန်ကျရာ ဒေသများတွင် ကိုယ်ပိုင် အင်အားစုများ တည်ဆောက်ရန် ဖြစ်သည်။ နှစ်အနည်းငယ် ကြာသောအခါ သူတို့သည် အလွန် အစွမ်းထက်လာမည် ဖြစ်သည်။

သို့သော် လွန်ခဲ့သော လဝက်ခန့်က ကျောက်စိမ်းမြို့တော်တွင် ဟုန်ယွိ၏ အာဏာသိမ်းမှု အောင်မြင်ပြီး လောက၏ အာဏာကို သိမ်းပိုက်လိုက်ချိန်မှစ၍ ဘုရင်ခံအားလုံးသည် သူ့ထံသို့ သစ္စာခံခဲ့ကြသည်။ တာဝန်ကျခါစ ထိုင်ခုံပင် မပူသေးသော ဤဟုန်မိသားစု မျိုးဆက်များမှာ ကံဆိုးမိုးမှောင်ကျသွားကြသည်။ သူတို့သည် မရေမတွက်နိုင်သော ဘုရင်ခံများနှင့် မြင့်မြတ်သော မိသားစုမျိုးဆက်များ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံခဲ့ရသည်။ ထို့နောက် ဟုန်ယွိ၏ လူများက သူတို့ကို ဖမ်းဆီးကာ အင်ပါယာအကျဉ်းထောင်တွင် အကျဉ်းချထားခဲ့သည်။

ယခုအခါ တရားရေးဝန်ကြီးဌာန၏ အင်ပါယာအကျဉ်းထောင်အတွင်း လူသောင်းနှင့်ချီ၍ အကျဉ်းချခံထားရသည်။ အခြေခံအားဖြင့် ၎င်းတို့အနက် ထက်ဝက်မှာ ဟုန်မိသားစုနှင့် ကျောက်မိသားစု၏ မျိုးဆက်များ ဖြစ်ကြသည်။ မင်းသားယုက ဟုန်မိသားစု ဘိုးဘေးခန်းမ မှ အရေးမပါသော ဆွေမျိုးတချို့ကိုပင် ဖမ်းဆီး၍ ကျောက်စိမ်းမြို့တော်သို့ ခေါ်ဆောင်လာ ရန် အမိန့်ပေးခဲ့သေးသည်။ သူသည် မိသားစုတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ချင်နေ သည်မှာ ထင်ရှားလှသည်။

ဟုန်ရွှန်ကျိ၏ ယခင် တပည့်တချို့ပင်လျှင် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။ ဟုန်ရွှန်ကျိ၏ လက်ပါးစေများအားလုံး မျိုးဖြုတ်သုတ်သင်ခံလိုက်ရပြီဟု ဆိုနိုင်ပေသည်။

မင်းသားယုသည် မဟာကျိုးမင်းဆက် တည်ထောင်သူ ဘိုးဘေးကြီး၊ ထိုမိစ္ဆာအိုကြီးများနှင့် မဟာနတ်ဘုရားတို့၏ မှတ်ဉာဏ်များကို ပေါင်းစပ်ထားသူ ဖြစ်သည်။ သူသည် လောကကြီးကို ရှင်းလင်းရေးလုပ်ကာ တည်ငြိမ်အောင် လုပ်ဆောင်ရာတွင် အမှန်တကယ် ပင် ကျွမ်းကျင်လှပေသည်။

ယခုအခါ ဟုန်ယွိသည် ဤအကျဉ်းထောင်အတွင်းသို့ ရောက်ရှိလာခြင်းမှာ ဟုန်ရွှန်ကျိအား သူ၏မိသားစုဝင်များ ကျရောက်နေသော ဒုက္ခများကို မြင်စေပြီး ခေါင်းငုံ့ကာ အမှားဝန်ခံ လာစေရန် နောက်ဆုံးအကြိမ် ကြိုးစားခြင်း ဖြစ်သည်။

အကယ်၍ ဟုန်ရွှန်ကျိသည် မိခင်ဖြစ်သူအား သူ၏အမှားကို ဝန်မခံသေးပါက၊ ဟုန်ယွိ အနေဖြင့် နောက်ဆုံးနည်းလမ်းကို အသုံးပြုကာ သူ၏ သိုင်းပညာများကို ရုပ်သိမ်းပစ်ရန် သာ ရှိတော့သည်။

ဟုန်ယွိသည် ဟုန်ရွှန်ကျိကို အခွင့်အရေး တစ်ခု ပေးနေခြင်းပင်။

…

"အဖေ... ဒီနေရာက စကြာဝဠာနဂါးတပ်ဖွဲ့တွေကို အကျဉ်းချထားတဲ့ ထောင်ပဲ။ ဒါပေမဲ့ ကျွန်တော် သိပ်အများကြီး ပြောနေစရာ မလိုပါဘူးလေ။ အဖေက အစိုးရအဖွဲ့ကို ၂၅ နှစ် တိုင်တိုင် အုပ်ချုပ်လာခဲ့တာပဲ။ သဘောထားကွဲလွဲသူ အများအပြားကို သတ်ဖြတ်ပြီး အကျဉ်းချခဲ့ဖူးတယ်။ အင်ပါယာအကျဉ်းထောင်နဲ့ ပတ်သက်ပြီး အဖေက အတော်လေး ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်မှာပါ"

ဟုန်ယွိ ပထမဆုံး ရောက်ရှိလာသည့် အကျဉ်းခန်းမှာ ဟုန်မိသားစုနှင့် ကျောက်မိသားစုမှ အပြစ်ရှိသူများကို အကျဉ်းချထားသည့် နေရာမဟုတ်ပေ။ ထိုနေရာမှာ ဆေဘာသူတော်စင် သခင်ဂွန်ယန်ယုနှင့် "နတ်လက်ကောင်းကင်ဆေဘာ" ဝေတိုင်ကျန်တို့ကို အကျဉ်းချထား သည့် နေရာဖြစ်သည်။

ဟုန်ရွှန်ကျိက သူ၏ဘေးတွင် ရပ်နေ၏။ သို့သော် သူ၏ပတ်လည်တွင် မြူခိုးများ ဖုံးလွှမ်းနေသည်။ ထိုမြူခိုးများအတွင်း၌ ရှေးဟောင်း ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါး၏ အရိပ်များ ဟိုမှဒီမှ ဖြတ်သန်းသွားလာနေသည်ကို မှုန်ဝါးဝါး မြင်တွေ့နေရ သည်။

ဟုန်ယွိသည် ဟုန်ရွှန်ကျိအား သူတော်စင်ပေါင်းစုံခန်းမထဲမှ လွှတ်ပေးခဲ့သော်လည်း၊ သူ၏ ပတ်ပတ်လည်တွင် အစွမ်းထက်ဆုံးသော ကန့်သတ်ချုပ်နှောင်ခြင်း အစီအရင်များကို ထည့်သွင်းထားခဲ့သည်။ နေရာတိုင်းတွင် အလွှာအထပ်ထပ်ရှိနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ရှိနေသည်။ ထို့အပြင် အနာဂတ်သခင် "ရှီ" သည်လည်း ဟုန်ရွှန်ကျိ၏ လှုပ်ရှားမှုများကို အစဉ်တစိုက် စောင့်ကြည့်နေလျက်ရှိသည်။ သူသည် ဟုန်ရွှန်ကျိနှင့် ပတ်သက်သည့် အရာအားလုံးကိုပင် တွက်ချက်နေခြင်း ဖြစ်သည်။

ဟုန်ရွှန်ကျိသည် သူတော်စင်ပေါင်းစုံခန်းမထဲမှ ထွက်လာနိုင်ခဲ့သော်လည်း ချက်ချင်း ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ဟု ဆိုရပေမည်။ အသွင်မျိုးစုံ ပြောင်းလဲခြင်းအဆင့် ရှိသည့် နတ်ဘုရားတန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားသော ဟုန်ရွှန်ကျိကဲ့သို့ ပညာရှင် တစ်ဦးအတွက်၊ ဟုန်ယွိအနေဖြင့် သတိမလွတ်ဘဲ အလွယ်တကူ လွှတ်ထားပေးမည် မဟုတ်သည်မှာ သဘာဝပင်။

အကျဉ်းခန်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက်၊ ဟုန်ယွိနှင့် ဟုန်ရွှန်ကျိတို့သည် ဆေဘာ သူတော်စင် ဂွန်ယန်ယုက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရသည်။ သူ၏ မုတ်ဆိတ်မွေးများမှာ ရှည်လျားနေပြီး၊ သူ၏လက်ထဲရှိ စကြဝဠာ မိုးကြိုးဧကရာဇ် ဆေဘာလည်း ရှိမနေတော့ပေ။ သူ၏ အသားအရေများမှာ တွဲရော်ကျနေပြီး ယခင်က ရှိခဲ့ဖူးသည့် ခန့်ညားမှုမျိုး လုံးဝ မရှိတော့ချေ။

"ဧကရာဇ်အကြံပေး"

အကျဉ်းခန်းတံခါးဝတွင် ရပ်နေသော ဟုန်ရွှန်ကျိကို မြင်လိုက်ရသောအခါ ဂွန်ယန်ယု၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။ သူက အော်ဟစ်လိုက်ပြီး မတ်တတ်ရပ်လိုက် သည်။ သို့သော် သူ၏ဘေးရှိ ဟုန်ယွိကို ကြည့်လိုက်မိသောအခါ သူ၏ ထွက်သက် ဝင်သက်များ သိသိသာသာ အားနည်းသွားခဲ့သည်။

"သခင်ဂွန်ယန်ယု... ဒီနေရာမှာ အေးအေးဆေးဆေး အနားယူနေပါ။ မကြာခင် ဒါမှမဟုတ် နောက်ကျရင် ဧကရာဇ်မင်းမြတ်နဲ့ ကျွန်တော်က ခင်ဗျားကို ပြန်ခေါ်ထုတ်သွားမှာပါ" ဟုန်ရွှန်ကျိက ရုတ်တရက် ပြောလိုက်သည်။

"သခင်ဂွန်ယန်ယု... ခင်ဗျား 'အပ်စိုက်မှတ် တစ်ခု ပွင့်တာနဲ့ အပ်စိုက်မှတ်ငယ် တစ်ရာ ပွင့်တယ်' ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး မဟုတ်လား၊ လူသားအင်မော်တယ် အဆင့်ရဲ့ အထွတ်အထိပ်ကို မရောက်ခင် ခင်ဗျားရဲ့ သက်တမ်းက အနှစ်နှစ်ရာလောက်မှာ ကန့်သတ် ခံထားရမှာပဲ။ ခင်ဗျား အခု အဲဒီအချိန်ကို ရောက်ခါနီးနေပြီ" ဟုန်ယွိက ရုတ်တရက် ဝင်ပြောလိုက်သည်။ "ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ခင်ဗျားက ပြောင်းလဲခြင်းကျမ်းကို ဖတ်ဖူးတယ်ဆိုတော့ အဲဒီကျမ်းရဲ့ နက်နဲမှုကို သိမှာပါ။ ခင်ဗျား အမှောင်ကိုစွန့်ပြီး အလင်းကို ရှာဖွေမယ်ဆိုရင်၊ ပြောင်းလဲခြင်း တာအိုအပေါ် သစ္စာရှိမယ်ဆိုရင်... ကျွန်တော် က အထွက်အထိပ် မဟာပညာရပ်ကို သုံးပြီး ခင်ဗျားကို အမြင့်မြတ်ဆုံး မူလစွမ်းအင်တွေ ထည့်သွင်းပေးမယ်။ အဲဒါက ခင်ဗျားကို လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားအောင် ကူညီပေးနိုင်ပြီး ခင်ဗျားရဲ့ သက်တမ်းလည်း အများကြီး တိုးလာလိမ့် မယ်"

"မင်းက ငါ့ကို မင်းဆီမှာ သစ္စာခံစေချင်တာလား" ဂွန်ယန်ယုက ဆိုသည်။ "'အပ်စိုက်မှတ် တစ်ခု ပွင့်တာနဲ့ အပ်စိုက်မှတ်ငယ် တစ်ရာ ပွင့်တယ်' ဆိုတဲ့ နည်းလမ်းက ဖန်ဆင်းရှင် အဆင့်နဲ့ ညီမျှတယ်။ မင်းက ယန်နတ်ဘုရားအဆင့် ရောက်နေတယ်ဆိုရင်တောင် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်ကို ဖန်ဆင်းရှင်အဆင့် ရောက်အောင် ကူညီမပေးနိုင်သေးပါဘူးလေ။ မကြာသေးခင်ကမှ ဧကရာဇ်မင်းမြတ်က အနာဂတ်သခင်ကို သုံးပြီး တွက်ချက်ခဲ့သေးတယ်၊ ဒါပေမဲ့ ငါ ဖန်ဆင်းရှင် ဖြစ်လာအောင် မကူညီနိုင်ခဲ့ဘူး။ မင်းရဲ့မှော်စွမ်းအားက အဲဒီအဆင့်ထိ ရောက်နေပြီလား။ ငါ မယုံဘူး"

"အနာဂတ်သခင်ကို ကျွန်တော် သန့်စင်လိုက်ပါပြီ။ အသက်မဲ့အနာဂတ်ကျမ်း၊ ပြောင်းလဲခြင်းကျမ်းနဲ့ ကျွန်တော့်ရဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတို့ ပေါင်းစပ်လိုက်မယ်ဆို ရင် မူလစွမ်းအင်တချို့ သုံးလိုက်ရုံနဲ့ ခင်ဗျားကို လူသားအင်မော်တယ် အထွတ်အထိပ် အဆင့်အထိ မြှင့်တင်ပေးဖို့ဆိုတာ မခက်ခဲပါဘူး။ ခင်ဗျား သဘောပါပဲ" ဟုန်ယွိက ပေါ့ပေါ့ ပါးပါး ဆိုလိုက်သည်။

"မင်း ငါ့ကို မသတ်မယ့်အပြင် ငါ့ကျင့်ကြံမှုကိုပါ မြှင့်တင်ပေးချင်တယ်ပေါ့။ ငါ့ကို ဘာခိုင်းချင်လို့လဲ" ဂွန်ယန်ယုက မေးလိုက်သည်။

"သိပ်တော့ မရှိပါဘူး။ ဧကရာဇ်အကြံပေးဟာ သစ္စာဖောက်ဝန်ကြီးတစ်ပါး ဖြစ်တယ်ဆို တာ ခင်ဗျားကို သက်သေထွက်ဆိုပေးစေချင်ရုံပါ။ သူက ဧကရာဇ်ကို ဖြားယောင်းသွေး ဆောင်တယ်၊ သဘောထားကွဲလွဲသူတွေကို ရှင်းလင်းဖယ်ရှားတယ်၊ သစ္စာရှိတဲ့သူတွေကို ဒုက္ခပေးတယ်" ဟုန်ယွိက ပြောလိုက်သည်။ "ခင်ဗျား ရှေ့မှာရှိတဲ့ ဧကရာဇ်အကြံပေးကို 'သစ္စာဖောက်ဝန်ကြီး' ဆိုတဲ့ စကားလုံး ပြောလိုက်ရုံပါပဲ"

"ဂွန်ယန်ယု... မင်း တကယ်ပဲ နန်းတော်ကို သစ္စာဖောက်တော့မလို့လား" ဟုန်ရွှန်ကျိ၏ မျက်နှာမှာ အေးစက်သွားသည်။ အကြောင်းမှာ ဂွန်ယန်ယုတစ်ယောက် တကယ်ပင် သွေးဆောင်ခံလိုက်ရကြောင်း သူ အာရုံခံမိသောကြောင့် ဖြစ်သည်။

"သစ္စာဖောက်တယ် ဟုတ်လား။" ဂွန်ယန်ယု၏ မျက်နှာ ပြောင်းလဲသွားသည်။ "ဧကရာဇ် အကြံပေး... ဒီလောကမှာ အနိုင်ရသူက ဘုရင်၊ ရှုံးတဲ့သူက မိစ္ဆာပဲ။ အနိုင်ရသူက တရားမျှ တတယ်၊ ရှုံးနိမ့်သူက ယုတ်မာတယ်။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ အဆုံးစွန်သော အမှန်တရားပဲ၊ သိုင်းပညာရဲ့ အနှစ်သာရကလည်း ဒါပဲ။ ဧကရာဇ်အကြံပေးရဲ့ စိတ်ထဲမှာ ရှိတဲ့ သိုင်းလမ်းစဉ်ကလည်း ဒါပဲ မဟုတ်လား။ ဒါပေမဲ့ ဧကရာဇ်အကြံပေးက သူတပါးဆီက ပဲ သစ္စာရှိမှုကို အမြဲ တောင်းဆိုနေတတ်တယ်။ ဧကရာဇ်အကြံပေး ခင်ဗျားက တကယ်ကို ကောက်ကျစ်တာပဲ။ 'သစ္စာဖောက်ဝန်ကြီး' ဆိုတဲ့ စကားလုံးက လက်ရှိ ဧကရာဇ် အကြံပေးနဲ့ တကယ် လိုက်ဖက်ပါတယ်"

"ဟားဟား... ဟားဟားဟား..." ဟုန်ယွိက ရုတ်တရက် အားရပါးရ ရယ်မောလိုက်သည်။ "ဂွန်ယန်ယု... ခင်ဗျား ကောင်းကောင်း ပြောလိုက်တာပဲ"

"ဂွန်ယန်ယု... ဧကရာဇ်မင်းမြတ် ရှုံးသွားပြီလို့ မင်း တကယ် ထင်နေတာလား" ဟုန်ရွှန်ကျိ က ရုတ်တရက် အေးစက်စွာ ပြုံးလိုက်သည်။ "ဒီနေ့ မင်းပြောခဲ့တဲ့ စကားတွေအတွက် မင်း နောင်တရလိမ့်မယ်"

"ဟေ့ လူတွေ... သခင်ဂွန်ယန်ယုကို အပြင်ထုတ်ပေးလိုက်။ သူ နှစ်ရက်လောက် နားနား နေနေ နေလို့ရအောင် အခန်းတစ်ခန်း စီစဉ်ပေးလိုက်ပါ။ အဲဒီနောက် သူ့ခန္ဓာကိုယ်ပေါ်က ချိပ်ပိတ်ထားတဲ့ အစီအရင်ကို ငါ ဖယ်ရှားပေးပြီး သူ့နတ်ဘုရားတန်ခိုးစွမ်းအားတွေ တိုးမြင့်အောင် ကူညီပေးမယ်" ဟုန်ယွိက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်လာပြီး အကျဉ်းခန်းကို ဖွင့်ရန် အမိန့်ပေးလိုက်သည်။ ဤအမျိုးသမီးမှာ ဟုန်ရွှေကျောင်းပင် ဖြစ်သည်။ သူမ၏ သွေးများက ဆူပွက်နေသည်။ သူမသည် အမှန်တကယ်ပင် လူသားအင်မော်တယ် တစ်ပါး ဖြစ်နေချေပြီ။ ထို့အပြင် သူမသည် ရွှေရောင်အင်မော်တယ်ဝတ်ရုံထက်ပင် ပို၍ အစွမ်းထက်သော ပိုးသားဂါဝန်ကို ဝတ်ဆင်ထားသည်။ သူမ၏ အမူအရာနှင့် လှုပ်ရှားမှုများမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ နှင်းကျခြင်းကို ထိန်းချုပ်နိုင်သည့် နှင်းနတ်သမီးတစ်ပါးနှင့် တူလှပေသည်။

"ရွှေကျောင်း... သမီး"

ဟုန်ရွှန်ကျိက ဟုန်ရွှေကျောင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှ ထက်ရှသော အကြည့်များ ထွက်ပေါ်လာသည်။

"အဖေ... ဘာမှ ပြောနေစရာ မလိုတော့ပါဘူး။ အရှုံးကိုသာ လက်ခံလိုက်ပါတော့..." ဟုန်ရွှေကျောင်းက ညင်သာစွာ ပြောလိုက်လေသည်။

အခန်း (၇၃၆)။

ဟုန်ရွှေကျောင်းသည် နှင်းဆီဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် ရေခဲနှင့် နှင်းများကို ထိန်းချုပ်နိုင်သော နတ်သမီးတစ်ပါးနှင့်ပင် တူလှသည်။ သူမက အေးစက် တည်ငြိမ်သော အငွေ့အသက်များဖြင့် လျှောက်လှမ်းလာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်း ငယ်က မဒမ်ကျောက်က သူမကို အရှေ့ဘက်ရှိ ချန်ပီယံမြို့စား၏ စံအိမ်သို့ ပို့ဆောင်ခဲ့ချိန်မှ စ၍၊ သူမကို ဟုန်ယွိက ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူမသည် သိုင်းပညာ များ ကျင့်ကြံရန် ဖရိုဖရဲလေဟာနယ်-အချိန်နေရာတွင်း ၌ ပုန်းအောင်းနေခဲ့သည်။ ယခု အချိန်အထိ သူမသည် တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

ဤနှစ်များအတွင်း ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုများနှင့်အတူ ဟုန်ယွိ၏ 'ကောင်းကင်အနှစ်သာရရွှေဆေးလုံး' ၏ စွမ်းအင်များ ပေါင်းစပ်သွားသောအခါ သူမ၏ ကျင့်ကြံမှုကို လူသားအင်မော်တယ်အဆင့်သို့ ချက်ချင်း မြှင့်တင်ပေးနိုင်ခဲ့သည်။

ယခုတစ်ကြိမ် ဟုန်မိသားစု ဖျက်ဆီးခံရချိန်တွင် ဝူဝမ်မြို့စား၏ ဒုတိယဇနီးဖြစ်သူ သူမ မိခင် "မဒမ်ဖန်" မှာ အကျဉ်းချမခံရပေ။ ထို့အစား သူမကို လုံခြုံသော နေရာတစ်ခုသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ဤသည်မှာ ငယ်စဉ်က ဟုန်ယွိနှင့် တည်ဆောက်ခဲ့သော ကောင်းမွန်သည့် ဆက်ဆံရေးကြောင့်ပင်။ သို့မဟုတ်ပါက အသိုက်ပျက်စီးသွားချိန်တွင် ဥများ မည်သို့လျှင် မကွဲဘဲ ကျန်ရစ်နိုင်မည်နည်း။

ယခုတစ်ကြိမ်တွင် ဟုန်မိသားစုနှင့် ကျောက်မိသားစုမှ လူသောင်းနှင့်ချီ၍ မြေအောက် ကောင်းကင်အကျဉ်းထောင်တွင် အကျဉ်းချခံခဲ့ရသည်။ ဟုန်ရွှေကျောင်းသည် အစောင့်များ ထဲမှ တစ်ဦးဖြစ်လေသည်။

မင်းသားယုက မင်းဆက်သစ်တစ်ခုကို တည်ထောင်လိုခဲ့သည်။ လူအင်အားအားလုံးကို ပြန်လည်စီစဉ်ရမည်။ တော်ဝင်ချန်မင်းဆက် ဧကရာဇ် ယန်ဖန်အပေါ် သစ္စာရှိကြသည့် အရာရှိဟောင်းအချို့ကို ဖယ်ရှားပစ်ရမည်။ သဘာဝအတိုင်း၊ ဟုန်ရွှေကျောင်းသည် အခွင့် အာဏာကို ရယူနိုင်ပြီး ကြီးမားသော အာဏာကို ချုပ်ကိုင်နိုင်မည် ဖြစ်သည်။ အနည်းဆုံး တော့ ယခုအခါ သူမသည် စစ်တပ်၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ သူမ၏ အဓိကအင်အားသည် ဟုန်ရှီ၏ နတ်ဘုရားဗျူဟာတပ်ရင်းထက်ပင် များစွာ ကြီးမား နေပြီ ဖြစ်သည်။

ယခု သူမသည် ဟုန်ရွှန်ကျိရှေ့တွင် ပေါ်လာပြီဖြစ်ရာ၊ ဟုန်ယွိက ဤဖအေတူမအေကွဲ အစ်မကို အသုံးပြု၍ ဟုန်ရွှန်ကျိ နောက်ဆုံးတွင် သူ၏အမှားကို ဝန်ခံလာသည်အထိ သူ၏ စိတ်ကို အကြိမ်ကြိမ် တိုက်ခိုက်လိုခြင်း ဖြစ်သည်။

ဟုန်ယွိ၏ နှလုံးသားထဲတွင် ဟုန်ရွှန်ကျိက သူ၏အမှားကို နောက်ဆုံးတွင် ဝန်ခံလိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်သည်။

ဟုန်ရွှန်ကျိက သူ၏အမှားကို ဝန်ခံသရွေ့၊ ဟုန်ယွိသည် သားလိမ္မာတစ်ဦးအဖြစ် နေထိုင်ရန် ဝန်လေးမည် မဟုတ်ပေ။ သို့ရာတွင် ဟုန်ရွှန်ကျိက အမှားကို ဝန်ခံလိုက်ပါက သူ၏ တာအို နှလုံးသား ပြိုလဲသွားမည်ကိုလည်း သူ ရှင်းလင်းစွာ သိထားသည်။ ထိုသို့ဖြစ်လျှင် သူ၏ သိုင်းပညာများသည် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်၏ အထွတ်အထိပ်သို့ မည်သည့် အခါမျှ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။ တစ်နေ့တခြားပင် ယုတ်လျော့လာမည် ဖြစ်သည်။

သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့် နှစ်ခု စလုံးသည် ၎င်းတို့ကို ပံ့ပိုးပေးရန် ခိုင်မာသော စိတ်စွမ်းအား လိုအပ်ပေသည်။ စိတ်နှင့် စိတ်ဝိညာဉ်တို့ ကျဆင်းပျက်စီးသွားသည်နှင့်၊ ဤနတ်ဘုရားတန်ခိုးစွမ်းရည်နှင့် အဆင့် နှစ်ခုစလုံး များစွာ ကျဆင်းသွားမည် ဖြစ်သည်။

ဟုန်ရွှေကျောင်းက "အဖေ... အရှုံးကိုသာ လက်ခံလိုက်ပါတော့" ဟု ပြောလိုက်သည်။ ထိုစကားလုံးများ သူမနှုတ်မှ ထွက်သွားသည်နှင့်၊ ဟုန်ရွှန်ကျိ၏ မျက်နှာအမူအရာ သိသိ သာသာ ပြောင်းလဲသွားသည်ကို ဟုန်ယွိ ရှင်းလင်းစွာ မြင်လိုက်ရ၏။ သူ့ပုံစံက အလွန်ပင် နေရခက်သွားပုံရသည်။ ဟုန်ယွိက သူ၏ အာဏာကို စိန်ခေါ်ခြင်းကို သူ သည်းခံနိုင်ကောင်း သည်းခံနိုင်မည် ဖြစ်သော်လည်း၊ ဟုန်ရွှေကျောင်းကပါ သူ၏ အာဏာကို ထပ်မံစိန်ခေါ်ခြင်း ကိုမူ မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။

"ရွှေကျောင်း... မင်းကတောင် ဒီသားမိုက်နဲ့ ပေါင်းပြီး နန်းတော်ကို သစ္စာဖောက်တော့မလို့ လား။ ပုန်ကန်တော့မလို့လား" ဟုန်ရွှန်ကျိက အေးစက်စွာ အော်ဟစ်လိုက်သည်။ "အဖေ က မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မှာကို မကြောက်ဘူးလား။ ငါဟုန်ရွှန် ကျိက နောက်ထပ် ပုန်ကန်တတ်တဲ့ သမီးတစ်ယောက်ကို မွေးထုတ်မိလိမ့်မယ်လို့ ထင်မ ထားခဲ့ဘူး။ မင်းမှာ ရှက်စိတ်ဆိုတာ နည်းနည်းလေးတောင် ရှိသေးရင် အဲဒီသစ္စာဖောက် ဟုန်ယွိနဲ့ တိုက်ခိုက်သင့်တယ်။ သူ့ကို မသတ်နိုင်ရင်တောင် မင်းနိုင်ငံ၊ မင်းအဖေနဲ့ မင်းမိသားစုအတွက် အသေခံသင့်တယ်"

"အဖေ... အဖေက အခုအချိန်အထိ အဲဒီလောက်တောင် ခေါင်းမာနေတုန်းလား။ နိုင်ငံ အတွက် အသေခံချင်ကြတယ်လို့ အဖေ အမြဲပြောခဲ့တယ်။ ဒါပေမဲ့ ကျောက်စိမ်းမြို့တော် ကျဆုံးသွားချိန်ကစပြီး ဘယ်အရာရှိတစ်ယောက်မှ နိုင်ငံအတွက်ဖြစ်ဖြစ်၊ ဧကရာဇ်အတွက် ဖြစ်ဖြစ် အသေမခံခဲ့ကြဘူး။ ဧကရာဇ်အပေါ် သစ္စာရှိပါတယ်လို့ ကြွေးကြော်တဲ့ လူတွေ တောင် နိုင်ငံအတွက် အသေမခံခဲ့ကြဘူး။ အခုဆို သူတို့အားလုံး မင်းဆက်သစ်ဆီ အညံ့ခံဖို့ စာလွှာတွေ တင်သွင်းဖို့ အလုပ်များနေကြပြီ။ တစ်ချိန်တည်းမှာပဲ သူတို့က ကျိုးယွိ အကယ်ဒမီကို သူတို့ရဲ့ သစ္စာရှိမှုကို ပြသနေကြတယ်။ ဒါဟာ ယေဘုယျ ရေစီးကြောင်းပဲ။ အဖေရဲ့ ကွန်ဖြူးရှပ်ဝါဒဟာ လုံးလုံးလျားလျား ကျရှုံးသွားပြီဆိုတာ မြင်နိုင်ပါတယ်လေ။" ဟုန်ရွှေကျောင်းက ခေါင်းယမ်းလျက် ပြောသည်။

"ဟုန်ယွိဟာ လူသားလမ်းစဉ်ရဲ့ ခေတ်သစ်တစ်ခုကို ဖန်တီးခဲ့တယ်။ အခုဆို နိုင်ငံအားလုံး က လာရောက်ပြီး တော်ဝင်ချန်နယ်မြေထဲကို ပူးပေါင်းဝင်ရောက်လာကြပြီ။ အလယ်ပိုင်း ကောင်းကင်နယ်မြေက လူတွေဟာ ကောင်းကင်အင်ပါယာရဲ့ အမှန်တကယ် အဆင့်မြင့် ပြည်နယ်တစ်ခု ဖြစ်လာပြီ။ ကျွန်မတို့ တော်ဝင်ချန် ကမ္ဘာလောကကြီးကို ပေါင်းစည်းနိုင်ခဲ့ ပြီ။ ပြီးတော့ ကျိုးယွိအကယ်ဒမီဟာ လူသားလမ်းစဉ်ရဲ့ ရတနာ၊ အားလုံးရဲ့ ကျမ်းစာ၊ ကျမ်းစာအားလုံးရဲ့ ဘုရင် ဖြစ်လာပြီ။ အဖေ ဝမ်းသာသင့်ပါတယ်။ အဖေသာ ရင်ထဲက မာနတွေကို ချထားပြီး ခေါင်းငုံ့လိုက်မယ်ဆိုရင်၊ ပိုပြီး ဝေးဝေးကို မြင်နိုင်ပြီး ပိုရှင်းရှင်း လင်းလင်း စဉ်းစားနိုင်ကောင်း စဉ်းစားနိုင်လိမ့်မယ်။ ဒါက အဖေရဲ့ သိုင်းပညာ ကျင့်ကြံမှု အတွက်တောင် အများကြီး အထောက်အကူ ဖြစ်နိုင်တယ်။ အဖေ ရင်ထဲက ဝန်ထုတ်ဝန်ပိုး က ကြီးမားလွန်းနေတယ်။ တကယ်တော့ ဟုန်ယွိက အဖေကို ဘာမှမလုပ်ခဲ့ပါဘူး။ သူ့ရဲ့ လက်ရှိ လျှို့ဝှက်နက်နဲတဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတွေက ပြိုင်ဘက်ကင်းပြီး အတိုင်း အဆမဲ့တယ်။ အဖေရဲ့ စွမ်းအားတွေကို ချိတ်ပိတ်ထားဖို့ လုံလောက်ပေမဲ့ သူ အဲဒီလို မလုပ်ခဲ့ဘူး။ သူ့ရဲ့ ပြင်းပြတဲ့ ကြိုးစားအားထုတ်မှုတွေကို အဖေ နားမလည်ဘူးလား။"

"ဟင်" ဟုန်ရွှေကျောင်း၏ စကားများကို တိတ်ဆိတ်စွာ နားထောင်ရင်း ဟုန်ရွှန်ကျိ၏ မျက်နှာအမူအရာမှာ ပိုမို ပြောင်းလဲလာခဲ့ပြီး မိုးကြိုးမုန်တိုင်းတစ်ခု အုံ့မှိုင်းလာပြီး ပေါက်ကွဲထွက်တော့မည့်အလားပင်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးစွမ်းအင်များမှာ အစိုင်အခဲတစ်ခုအဖြစ် စုစည်းသွားကာ အဝတ်စတစ်ခုသဖွယ် ဟင်းလင်းပြင်ကို စုတ်ပြဲနေသော ဆုတ်ဖြဲလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဖရိုဖရဲစွမ်းအင်များဖြင့် ဝန်းရံခံထားရသည်။

သို့သော် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဟုန်ယွိ ချမှတ်ထားသော အစီအရင်က အလုပ် လုပ်လာခဲ့ပြီး အနည်းငယ် လည်ပတ်သွားပြီး ကမ္ဘာလောကကြီးကို ပြောင်းလဲပစ်နိုင်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ဟုန်ရွှန်ကျိ၏ စွမ်းအင်လှုပ်ခတ်မှုများကို လုံးလုံးလျားလျား ဖိနှိပ်ထားလိုက်သည်။

"ဒီနေ့ကစပြီး မင်း၊ ဟုန်ရွှေကျောင်းဟာ ဟုန်မိသားစုဝင် မဟုတ်တော့ဘူး" သူသည် ဟုန်ယွိ၏ ချိတ်ပိတ်မှုကို မဖျက်ဆီးနိုင်ကြောင်း မြင်သောအခါ ဟုန်ရွှန်ကျိ ရပ်တန့်သွား သည်။ သူက လူတို့၏ သွားများကိုပင် တုန်ရီသွားစေနိုင်သော လေသံဖြင့် "တစ်နေ့၊ ငါ ဒီချိတ်ပိတ်မှုကနေ ရုန်းထွက်နိုင်တဲ့အခါ ပထမဆုံးလုပ်မယ့်အရာက မင်းတို့ သားမိုက် သမီးမိုက်နှစ်ယောက်ကို အပြစ်ပေးဖို့ပဲ။ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တွေအတွက် လောကကြီးအတွက် ငါ ရှင်းလင်းပေးမယ်" ဟု ပြောလိုက်လေသည်။

"အဖေ... အဖေက အခုထိ ခေါင်းမာနေတုန်းပဲကိုး" ဟုန်ရွှေကျောင်းက ဟုန်ရွှန်ကျိကို ကြည့်လိုက်သည်။ ထိုစကားများကို ကြားသောအခါ သူမသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ "ဟေ့လူတွေ... ဟုန်ရှီ၊ မဒမ်ကျောက်၊ မဒမ်ရုံနဲ့ ဟုန်ကွေ့တို့ကို ဒီကို ခေါ်လာခဲ့စမ်း"

"ဟုတ်ကဲ့ပါ"

လေဟာပြင်ထဲတွင် မှောင်မိုက်သော အရိပ်ဒါဇင်ပေါင်းများစွာ ပျံထွက်သွားပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ စစ်သားအုပ်စုများ ပြေးလွှားနေကြပြီး သူတို့၏ ကျယ်လောင်သော ခြေသံများက အကျဉ်းထောင်၏ သံမဏိကြမ်းပြင်ပေါ်တွင် ပဲ့တင်ထပ်နေ၏။

"ဧကရာဇ်မင်းမြတ်ရဲ့ လျှို့ဝှက်အစောင့်တွေတောင် မင်းတို့လို သားမိုက် သမီးမိုက် နှစ်ယောက်ဘက် ပါသွားကြပြီပဲ။ ကောင်းတယ်... အရမ်းကောင်းတယ်... တကယ့်ကို ကောင်းတယ်" ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟုန်ရွှန်ကျိသည် ဖော်ပြ၍မရနိုင် သော ရယ်မောသံကို ထုတ်လွှတ်လိုက်လေသည်။

...

ချွမ်... ချွမ်...

မကြာမီတွင် မြေပြင်မှ သံကြိုးခလောက်များ၏ အသံများ ထွက်ပေါ်လာသည်။ ထို့နောက် စစ်သားအုပ်စုများက မဒမ်ကျောက်၊ မဒမ်ရုံ၊ ဟုန်ရှီနှင့် ဟုန်ကွေ့တို့ကို ခေါ်ဆောင်လာခဲ့ကြ သည်။

ဤလူလေးဦးအနက် နှစ်ဦးမှာ ဝူဝမ်မြို့စားစံအိမ်၏ တရားဝင်ဇနီးများ ဖြစ်ခဲ့ဖူးသည်။ အခြားနှစ်ဦးမှာ တရားဝင် သားများဖြစ်ပြီး အထူးသဖြင့် ဟုန်ရှီသည် တရားဝင်ဇနီး၏ သားအကြီးဆုံး ဖြစ်သည်။ သူက မြို့စားဘွဲ့ကို ဆက်ခံရမည် ဖြစ်သည်။ ယခုအခါ သူတို့ အားလုံးမှာ အကျဉ်းသားများ ဖြစ်နေကြပြီ။ သို့သော် သူတို့၏ အဝတ်အစားများမှာ ပန်းထိုး ထားဆဲ ဖြစ်သည်။ အနည်းငယ် ညစ်ပတ်ကာ ရှုပ်ပွနေရုံမျှသာ ဖြစ်သည်။ သို့သော် သူတို့ထံ တွင် သာလွန်မြင့်မြတ်သည့် အရှိန်အဝါများ မရှိတော့ချေ။

"ရွှန်ကျိ" "မြို့စား" "အဖေ!" "အဖေ... အဲဒီသားမိုက် ဟုန်ယွိကို မြန်မြန်သတ်ပြီး ကျွန်တော် တို့ကို ကယ်ပါ။ နောက်ဆုံးတော့ အဖေ ကျွန်တော်တို့ကို လာကယ်ပြီပဲ"

သူတို့လေးဦးစလုံး ဟုန်ရွှန်ကျိကို မြင်လိုက်ရသောအခါ အော်ဟစ်လိုက်ကြသည်။ သို့သော် သူတို့၏ တာအိုနည်းစနစ်များမှာ ချိတ်ပိတ်ခံထားရပြီး သာမန်လူများနှင့် မခြားနားတော့ ပေ။ သဘာဝကျကျပင်၊ သူတို့သည် ကြမ်းကြုတ်သော စစ်သားများကို ခုခံနိုင်စွမ်း မရှိကြ ချေ။

ကောင်းကင်အကျဉ်းထောင်ကို စောင့်ကြပ်နေသည့် အနိမ့်ဆုံးအဆင့် စစ်သားများပင်လျှင် ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

"အော်မနေကြနဲ့တော့။ အခု အဖေကလည်း အကျဉ်းသားတစ်ယောက် ဖြစ်နေပြီ။ ဧကရာဇ် သစ် နန်းတက်လာပြီး ဟုန်မိသားစုနဲ့ ကျောက်မိသားစုကို မျိုးဖြုတ်သုတ်သင်ဖို့ အမိန့်ပေး ထားတယ်။ ရှေ့ဆက်ပြီး ဘယ်လိုဖြစ်မယ်ဆိုတာက အဖေအပေါ်မှာပဲ မူတည်နေတယ်"

ဟုန်ရွှေကျောင်းက ဆက်ပြောသည် "အဖေသာ သူ့ရဲ့ ယခင်အမှားတွေကို ဝန်ခံပြီး နောင်တရမယ်ဆိုရင်၊ ဧကရာဇ်မင်းမြတ်က သနားညှာတာမှုပြပြီး ဟုန်နဲ့ ကျောက် မိသားစု တွေရဲ့ ဘိုးဘေးဗိမာန်တွေကို ပူဇော်ပသခွင့် ပြုလိမ့်မယ်။ ဘိုးဘေးတွေရဲ့ သင်္ချိုင်းတွေကို တူးဆွပြီး ဘိုးဘေးတွေရဲ့ အရိုးတွေကို ရိုက်နှက်တာမျိုး လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အဖေ က နောင်တရဖို့ ငြင်းဆန်နေတယ်။ အဲဒီအစား အဖေက ရှင်တို့အားလုံးကို ကိုယ့်ကိုယ် ကိုယ် သတ်သေပြီး နိုင်ငံအတွက် အသေခံစေချင်နေတယ်။ ရှင်တို့ကို ကျွန်မ မေးပါရစေ။ အဖေကို နောင်တရအောင် ရှင်တို့ ဖျောင်းဖျပေးကြပါ။ ဒါမှမဟုတ် အဖေရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ နိုင်ငံအတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အသေခံနိုင်ပါတယ်။"

"ဘာ... အဖေ၊ အဲဒါ တကယ်ပဲလား။ အဖေ ကျွန်တော်တို့ကို ကယ်မှဖြစ်မယ်နော်" ဟုန်ရွှေကျောင်း၏ စကားများကို ကြားသောအခါ ဟုန်ကွေ့၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားပြီး အထိန်းအကွပ်မဲ့စွာ အော်ဟစ်လိုက်၏။ သူ၏ သိုင်းပညာများ ချိတ်ပိတ် ခံထားရပြီး အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ခံထားရခြင်းကြောင့်၊ မှောင်မိုက်သော ညှဉ်းပန်းနှိပ်စက်မှုများက သူ့အပေါ် များစွာ သက်ရောက်မှု ရှိနေသည်မှာ ထင်ရှားလှသည်။

"ဟုန်ယွိ... ယွိကျိ... မင်းက သူတော်စင် တစ်ပါးလေ။ သူတော်စင်ဆိုတာ ကိုယ့်အစ်ကို အရင်းကို မသတ်ဘူးမလားဟင်။ ငါ မင်းကို တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်... ငါ့ကို ထွက်ပေါက်တစ်ခုလောက် ပေးပါ။ ငါ မင်းကို ဘယ်တော့မှ ဆန့်ကျင်တော့မှာ မဟုတ်ပါဘူး"

ဘုန်း… ဟုန်ကွေ့ ရုတ်တရက် ဒူးထောက်ချလိုက်သည်။

"ငါ မှားမှန်း ငါသိပါပြီ။ အဲဒီတုန်းက မင်းကို ငါ ဒုက္ခမပေးခဲ့ပါဘူး။ မင်းအမေကို ဒုက္ခပေးခဲ့ တာ မဒမ်ကျောက်ပါ။ မဟုတ်ဘူး။ အဲဒီခွေးမ ကျောက်ပါ။ အဲဒီခွေးမက မင်းအမေ သေအောင် လုပ်ခဲ့တာ။ အပြစ်မရှိတဲ့ လူတွေ မပါပါစေနဲ့"

ထို့နောက် သူက ဟုန်ရွှန်ကျိဘက်သို့ လှည့်ကာ "အဖေ... အခု အခြေအနေတွေ အားလုံး ပြီးဆုံးသွားပြီမို့၊ အမှားကိုသာ ဝန်ခံလိုက်ပါတော့။ သားကို ဂရုမစိုက်ဘူးဆိုရင်တောင် တစ်မိသားစုလုံးကိုရော ဂရုမစိုက်ဘူးလား။ ဟုန်မိသားစုတစ်ခုလုံး မျိုးဖြုတ်သုတ်သင် ခံရတော့မယ်။ မျိုးဆက်ကိုးဆက်လုံးနော်" ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း။ တကယ့် အသုံးမကျတဲ့ကောင်ပဲ။ မင်း နိုင်ငံအတွက် အသေခံသင့် တယ်။ ဘာကို စောင့်နေတာလဲ" ဟုန်ကွေ့၏ စကားများကို ကြားသောအခါ ဟုန်ရွှန်ကျိ ဒေါသထွက်သွားခဲ့သည်။ သူသည် ရှေ့သို့လှမ်းကာ ဤသားဖြစ်သူကို လက်ဝါးရိုက်ချက်ဖြင့် သတ်ပစ်ချင်နေခဲ့သည်။ သို့သော် ဟုန်ယွိ၏ မဟာအစီအရင်က သူ၏လှုပ်ရှားမှုများကို အခိုင်အမာ ကန့်သတ်ထားသဖြင့် အင်အားထုတ်ဖော်ရန် ခက်ခဲနေခဲ့သည်။

"ဟုန်ယွိ၊ မင်း ရှီးအာကို လွှတ်ပေးမယ်ဆိုရင်၊ မင်းအမေကို သတ်မိတဲ့ အပြစ်အတွက် ငါ့ကိုယ်ငါ သတ်သေပြီး အပြစ်ကြေအောင် လုပ်ပေးပါ့မယ်။" မဒမ်ကျောက်က ရုတ်တရက် ထပြောလိုက်သည်။ သူမသည် ဟုန်ယွိကို စိုက်ကြည့်လိုက်ပြီးနောက် ဟုန်ရွှန်ကျိကို ကြည့်လိုက်သည်။ "မြို့စား... တကယ်လို့ ရှင် လိုလားမယ်ဆိုရင် ရှီအာရဲ့ အသက်ကို ကယ်တင်ပေးပါ။ မြို့စား အမှားကို ဝန်မခံရင် ရှီးအာ သေရမှာ သေချာတယ်။ ခန်းအာ လည်း သေသွားပြီ။ ရှီအာကိုပါ ထပ်မသေစေချင်တော့ဘူး။ မဟုတ်ရင် ဟုန်မိသားစုမှာ မျိုးဆက်တွေ ကျန်တော့မှာ မဟုတ်ဘူး။"

"မင်း ငါ့ကို နားမလည်သေးဘူးလား" ဟုန်ရွှန်ကျိက အေးစက်စွာ ပြောလိုက်သည်။ "ဒီထက်ပိုပြောရရင် ဒီသားမိုက်တွေက အခု အနည်းငယ်လေးပဲ အသာစီးရနေတာ။ ငါ့ကို တစ်ခုခုလုပ်ဖို့ သူတို့အတွက် စောလွန်းပါသေးတယ်။ ငါက ထောင်ချောက်မိနေရုံပဲ။ မကြာခင် ဒါမှမဟုတ် နောက်ကျရင် ငါ လွတ်မြောက်မှာပဲ။"

"အခုအချိန်အထိတောင် အဖေက ထွက်ပြေးလွတ်မြောက်ဖို့ စိတ်ကူးယဉ်နေတုန်းပဲလား။ ဒါပေမဲ့ အဖေရဲ့ ကွန်ဖြူးရှပ်ဝါဒက လူတွေကို နိုင်ငံအတွက် အသေခံဖို့နဲ့ သေတဲ့အထိ သစ္စာရှိဖို့ သင်ပေးထားတာလေ။ ကိုယ့်သားကိုယ်တောင် ဉာဏ်အလင်းမပွင့်စေနိုင်ဘဲ တခြားသူတွေကို ဉာဏ်အလင်းပွင့်စေချင်တယ်ပေါ့။ တကယ့်ဟာသပဲ။ ပြီးတော့ အဖေလို့ ခေါ်တာက ကျွန်တော်တို့ရဲ့ ယခင်ဘဝက ရေစက်ကြောင့်ပါ။ အခု ကျွန်တော့်ကို အဖေရဲ့ မျက်စိရှေ့မှာတင် အမွေပြတ် စွန့်လွှတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ရဲ့ အသွေးအသား ရေစက်က လုံးလုံးလျားလျား ပြတ်တောက်သွားပြီ။ ကျွန်တော့်ကို သားမိုက်လို့ သတ်မှတ် လို့ မရတော့ဘူး။ အမွေပြတ်စွန့်လွှတ်ပြီးရင် ယခင်ဘဝက ရေစက် ပြတ်သွားပြီလေ။ ဒါဟာ အလယ်ခေတ်က သူတော်စင်တွေ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တစ်ခုပဲ။ အဖေက အဲဒါကို ပြောင်းပြန်လှန်ချင်လို့လား။" ဟုန်ယွိက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ကောင်းကင် အကျဉ်းထောင်ထဲမှာ တစ်မိသားစုလုံး ပြန်ဆုံရမယ့်နေ့ တစ်နေ့ ရောက်လာလိမ့်မယ်လို့ အဖေ ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ဘူး။ အဖေက အမေ့ရဲ့ အရိုးပြာအိုးရှေ့မှာ အမှား ဝန်ခံဖို့ ငြင်းဆန်နေတုန်းပဲဆိုတော့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဟေ့ လူတွေ... အလောင်းတွေကို ယူလာခဲ့စမ်း"

"ဟုတ်ကဲ့ပါ"

မှောင်မိုက်သော အရိပ်အချို့ လှုပ်ရှားသွားပြီး ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ အချို့က ပုံဆောင်ခဲခေါင်းတလား နှစ်ခုကို သယ်ဆောင်လာကြသည်။ ဤပုံဆောင်ခဲ ခေါင်းတလား နှစ်ခုအတွင်း၌ 'ဟုန်ခမ်း' နှင့် 'ကျောက်ဖေးရုံ' တို့၏ ရုပ်အလောင်းများ ရှိနေသည်။ ဤလူနှစ်ဦးသည် ဟုန်ယွိကို သတ်ဖြတ်ရန် ကြိုးစားရင်း ရှုံးနိမ့်ကာ ဟုန်ယွိ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူများ ဖြစ်သည်။

"အဖေ... ကျွန်တော် အနာဂတ်သခင်နဲ့ ပေါင်းစပ်ဖို့ ပြောင်းလဲခြင်းကျမ်းကို အသုံးပြုခဲ့ တယ်။ အနာဂတ်သခင်ဟာ 'ရှီ' ဖြစ်လာခဲ့ပြီ။ အဖေက 'ရှီ' ရဲ့ စွမ်းအားနဲ့ သူ့ရဲ့ တွက်ချက်မှု ဆိုင်ရာ နက်နဲမှုတွေကို ကောင်းကောင်း သိထားမှာပါ။ အဖေ မလုပ်နိုင်တာကို ကျွန်တော် လုပ်နိုင်တယ်။ ကျွန်တော် 'ရှီ' ရဲ့ စွမ်းအားတွေကို သုံးပြီး ဟုန်ခမ်းနဲ့ ကျောက်ဖေးရုံတို့ရဲ့ ဝိညာဉ်တွေကို တွက်ချက်စေပြီး သူတို့ကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်။ တကယ်လို့ အဖေသာ အမေ့ရဲ့ အရိုးပြာအိုးကို ဦးညွှတ်ပြီး အမှားကို ဝန်ခံမယ်ဆိုရင် သူတို့ကို ကျွန်တော် အသက်ပြန်ရှင်အောင် လုပ်ပေးမယ်။ ဘယ်လိုလဲ။" ဟုန်ယွိက ရုပ်အလောင်းနှစ်လောင်းကို လက်ညှိုးထိုးပြလိုက်သည်။

"သားမိုက်... အတင်းအကျပ် ခြိမ်းခြောက်ပြီး လာဘ်ထိုးတာလား။ မင်းက ငါ့ရဲ့ တာအို နှလုံးသားကို လှုပ်ခတ်ချင်နေတာလား။" ဟုန်ရွှန်ကျိ ရုတ်တရက် ရယ်မောလိုက်သည်။ အစီအရင်အတွင်း ပိတ်မိနေသော်လည်း၊ သူ၏ အဝတ်အစားများက လေထဲတွင် လွင့်ဝဲနေ ဆဲဖြစ်ပြီး အားလုံးကို အထင်အမြင်သေးစွာ ငုံ့ကြည့်နေသည်။

"မင်း သူတို့ကို အသက်ပြန်ရှင်အောင် လုပ်ပေးရင်တောင်၊ ငါ့လက်နဲ့ကိုယ်တိုင် သူတို့ကို ပြန်သတ်ပစ်မယ်။ မင်း ဘာကြံစည်နေလဲဆိုတာ ငါ မသိဘူးလို့ ထင်နေလား။" ဟုန်ရွှန်ကျိ က ဆက်ပြောသည်။ "ငါကိုယ်တိုင် သူတို့ကို အသက်ပြန်ရှင်အောင် လုပ်မယ်။ ပြီးရင် အမြင့်မြတ်ဆုံး နည်းစနစ်တွေကို သင်ပေးပြီး မင်းကို မဟာကမ္ဘာလောကကြီးထဲကနေ မောင်းထုတ်ပစ်မယ်။ အဲဒီနောက် မင်းကို သတ်ပစ်မယ် ဒါမှမဟုတ် ချိတ်ပိတ်ပစ်မယ်။"

"ကောင်းပြီလေ။ အဖေအကြောင်း ကျွန်တော် ထင်ထားတာ မှန်ပါတယ်။ အဖေရဲ့ တာအို နှလုံးသားက တကယ်ကို ခိုင်မာပြီး မတုန်မလှုပ်ပါပဲ။ အဖေက တရားဝင်သား၊ ဇနီး ဒါမှ မဟုတ် မိသားစုကိုတောင် ဂရုမစိုက်သလို၊ အမှားတွေအတွက် နောင်တရဖို့လည်း ဆန္ဒမရှိ ဘူး။ အမေ့မျက်နှာက တခြားအရာအားလုံးထက် ပိုအရေးကြီးနေတာကိုး။ ကြည့်ရတာ ကျွန်တော် လုပ်နိုင်တာ ဘာမှမရှိတော့ဘူးထင်တယ်။ သူတို့ကို ဖိနှိပ်လိုက်စမ်း" ဟုန်ယွိက လက်ယမ်းလိုက်သည်။

ထိုခဏတွင် ကြမ်းကြုတ်သော စစ်သားတစ်စုက မဒမ်ကျောက်၊ မဒမ်ရုံ၊ ဟုန်ကွေ့နှင့် ဟုန်ရှီတို့ကို ဖိနှိပ်ချုပ်နှောင်လိုက်ကြသည်။

"အဖေ... တကယ်ပဲ အဲဒီလောက် အသည်းနှလုံးမဲ့ရက်တာလား။ ကျွန်တော် ဒီလို မသေချင် ဘူး" ဟုန်ရှီက ရုတ်တရက် ဟစ်အော်လိုက်သည်။ "ကျွန်တော် လူသားအင်မော်တယ် အဆင့်အထိ ကျင့်ကြံထားပြီးပြီ၊ မသေမျိုးဖြစ်ဖို့ တစ်လှမ်းပဲ လိုတော့တာ။ ဟုန်ယွိ... ဟုန်ယွိ။ ငါ့ကို လွှတ်ပေးပါ၊ မင်း ငါ့ကို လွှတ်ပေးသရွေ့ မင်းခိုင်းတာ အကုန်လုပ်ပါ့မယ်။ ခုနက မင်း ဂွန်ယန်ယုကို လွှတ်ပေးခဲ့တယ်။ ပြီးတော့ သူ့ကို လူသားအင်မော်တယ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်အောင်တောင် ကူညီပေးခဲ့သေးတယ်။ မသေမျိုးဖြစ်ဖို့ ကူညီပေး ခဲ့တယ်။ ငါ့ကို ဒီလိုသာ လုပ်ပေးမယ်ဆိုရင် ငါ မင်းအတွက် ဟုန်ရွှန်ကျိကို သတ်ပေးဖို့ ဆန္ဒရှိတယ်။ မင်းက သူတော်စင်ဆိုတော့ မင်းအဖေကို မသတ်ချင်ဘူးမလား၊ ဒါပေမဲ့ ငါက သတ်ချင်တယ်။ မင်းအတွက် ငါ လုပ်ပေးပါ့မယ်။ ဟုန်ရွှန်ကျိကို ငါကိုယ်တိုင် သတ်ပေး မယ်"

အကျဉ်းထောင်အတွင်း အော်ဟစ်သံရှည်ကြီး ပဲ့တင်ထပ်သွားသည်။

တကယ်တော့၊ ဟုန်ရှီ၏ လက်ရှိကျင့်ကြံမှုဖြင့် သူသည် လူသားအင်မော်တယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။ ရှေးခေတ်ကတည်းက ဤအဆင့်သို့ရောက်ရန် လူများစွာသည် ၎င်းတို့၏ ဇနီးနှင့် သားသမီးများကိုပင် စွန့်ပစ်ခဲ့ကြ သည်။ ယခု ဟုန်ရှီမှာ မျှော်လင့်ချက် ရှိနေသော်လည်း သူ သေရတော့မည်ဖြစ်ရာ၊ သူ မည်သို့လျှင် ကျေနပ်နိုင်မည်နည်း။

"ဟားဟား... ဟားဟားဟား..." ဟုန်ယွိ ရုတ်တရက် ရယ်မောလိုက်ပြီး ဟုန်ရွှန်ကျိကို ကြည့်လိုက်သည်။ "အဖေရဲ့ကွန်ဖြူးရှပ်ဝါဒက ဒီလို တရားဝင် သားတစ်ယောက်ကို မွေးထုတ်ပေးလိုက်တာ ဘယ်လိုခံစားရလဲ အဖေ။"

"မင်းလိုပဲ တကယ့်ကို သားမိုက်... သူ သေသွားလည်း ကိစ္စမရှိပါဘူး" ဟုန်ရွှန်ကျိက ရုတ်တရက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဟုန်ရှီ... လာခဲ့။ မင်းကို အစီအရင်ကို ထိန်းချုပ်ခိုင်းပြီး ဟုန်ရွှန်ကျိရဲ့ သိုင်းပညာတွေနဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတွေကို ရယူခိုင်းမယ်"

ဟုန်ယွိက ရုတ်တရက် ပြောလိုက်သည်။ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့်၊ သူတော်စင် ပေါင်းစုံခန်းမ၏ စွမ်းအားများက အကျဉ်းထောင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဟုန်ရှီနှင့် ဟုန်ရွှန်ကျိတို့ကို အတွင်းသို့ စုပ်ယူသွားလေသည်။

ဟုန်ရွှန်ကျိ၏ သိုင်းပညာများကို ရုပ်သိမ်းရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်သည်။

All Chapters