← Chapters

အခန်း (၇၄၃-၇၄၄)

Vol. 72 Ch. 743-744

အခန်း (၇၄၃-၇၄၄)

Vol. 72 Ch. 743-744

အခန်း (၇၄၃)။

"မန်ပိုင်ယွန်... မင်း နိုင်သွားပြီ" ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ရွှန်ကျိ၏ မျက်နှာသွင်ပြင်မှာ များစွာ အိုမင်းရင့်ရော်သွားပုံ ပေါ်လာသည်။ သူ၏ အနှစ်သာရ၊ မူလစွမ်းအင်နှင့် စိတ်ဝိညာဉ် ထောက်တိုင်များ ဆုံးရှုံးသွားကာ မိုးကြိုး ရေကန် အတွင်းသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသကဲ့သို့ပင်။ သို့သော် သူ့ခန္ဓာကိုယ်မှာ ကြံ့ကြံ့ခံနိုင် ဆဲပင်။ သူသည် အနည်းငယ်မျှ မတ်မတ်ရပ်နေနိုင်သေးသည်။ မည်သို့ပင်ဆိုစေ သူသည် နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် ဧကရာဇ်အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မဟုတ်ပါ လော။ သူ၏ သိုင်းပညာနှင့် နတ်ဘုရားတန်ခိုးစွမ်းအားများ ချုပ်ငြိမ်းသွားခဲ့သော်လည်း သူ၏တာအိုနှလုံးသားမှာ ကျန်ရှိနေသေးသည်။ သူသည် သာမန်လူများထက် ပို၍ သန်မာ နေဆဲ ဖြစ်သည်။

သို့သော်လည်း ဟုန်ယွိကမူ သူ့ဖခင်၏ သိုင်းပညာနှင့် နတ်ဘုရားတန်ခိုးစွမ်းအားများမှာ သူ၏ အဓိက မှီခိုရာ ထောက်တိုင်များဖြစ်ကြောင်း သိထားသည်။ အကယ်၍ ၎င်းတို့ကိုသာ ဆုံးရှုံးလိုက်ရလျှင် သူ၏ အားနည်းလှသော နှလုံးသားက ကြာရှည် တောင့်ခံနိုင်မည် မဟုတ်ပေ။ အနှေးနှင့်အမြန် ဆိုသလို ပြိုလဲသွားကာ သူသည် အမှန်တကယ် အသုံးမကျ သောလူ သုံးစားမရဘဝသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

ဤလောကတွင် အကြီးမြတ်ဆုံးအရာမှာ အဘယ်နည်း။ ကျိုးကြောင်းဆင်ခြင်မှုသည်သာ အကြီးမြတ်ဆုံး ဖြစ်သည်။

ကျိုးကြောင်းဆင်ခြင်မှု၊ တာအိုနှင့် ကျိုးကြောင်းဆင်ခြင်မှု။ တာအိုသည် စွမ်းအား၏ အရင်း အမြစ်ဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်မှုမှာ ဥပဒေသ၏ အခြေခံဖြစ်သည်။ စွမ်းအားဟူ သော အရင်းအမြစ်မရှိလျှင် ဥပဒေသသည်လည်း တာအို၏ "ကျိုးကြောင်းညီညွတ်မှု" ကို ဆုံးရှုံးသွားမည်ဖြစ်ပြီး၊ ဆက်လက် တည်တံ့နိုင်တော့မည် မဟုတ်ပေ။

မြင့်မားသော ရာထူးနေရာတွင် ထိုင်နေချိန်၌ မောက်မာသော စရိုက်လက္ခဏာကို မွေးမြူ ရန် လွယ်ကူသည်။ သို့သော် မြင့်မားသော နေရာမှ ပြုတ်ကျသွားပြီးနောက်တွင်မူ မည်မျှ ပင် သန်မာသူဖြစ်ပါစေ စိတ်ဓာတ်ကျဆင်းသွားမည်သာ ဖြစ်သည်။ သူတို့၏ စရိုက် လက္ခဏာများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားမည်။ ဤသည်မှာ မပြောင်းလဲ သော ထာဝရ အမှန်တရားပင် ဖြစ်သည်။

"ဟိုတုန်းကတော့ အဖေက အနိုင်ရသူ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော့်အမေက အမှန်တကယ် အနိုင်ရသူ ဖြစ်သွားပြီ။ ဒါပေမဲ့ အမေကတော့ သူမသိုင်းပညာနဲ့ တာအို နှလုံးသား ဖျက်ဆီးခံခဲ့ရတာ။ အဖေက အမေ့ထက် အများကြီး ပိုသာပါသေးတယ်။ အနည်း ဆုံးတော့ အခု ကျွန်တော်က အမေ အမေ့ကို သတ်သလိုမျိုး အဖေ့ကို သတ်မှာ မဟုတ်ဘူး။ အဖေ... စိတ်မပူပါနဲ့။ ကျွန်တော် အဖေ့ကို ဘာမှမလုပ်ပါဘူး။ အဖေသာ အလိုရှိမယ်ဆိုရင် အဖေ့ကို စည်းစိမ်ဥစ္စာတွေ ခံစားခွင့်ပေးပြီး ဝူဝမ်မြို့စား အိမ်တော်မှာပဲ ပြန်ပြီး နေထိုင်ခွင့် ပေးပါ့မယ်"

ဟုန်ယွိက နတ်ဘုရားတန်ခိုးစွမ်းအားများနှင့် နက်ရှိုင်းသော မူလစွမ်းအင်များ ဆုံးရှုံးသွား သော ဟုန်ရွှန်ကျိကို ကြည့်လိုက်သည်။ သူ၏ အပ်စိုက်မှတ်များနှင့် အကြောများပင် ပျက်စီးသွားခဲ့လေပြီ။ သူက ပျော်ရွှင်မူကို မထိန်းချုပ်နိုင်ခဲ့ပေ။

သူ၏ စိတ်မှာ လုံးဝ အေးချမ်းသွားခဲ့သည်။ ဟုန်ရွှန်ကျိသည် နတ်ဘုရားတန်ခိုးစွမ်းအားများ ဆုံးရှုံးသွားပြီဖြစ်သဖြင့် ခြိမ်းခြောက်မှု မရှိတော့ပေ။ နောက်တစ်ကြိမ် ပြန်လည် ကျင့်ကြံလို သည် ဆိုခြင်းမှာလည်း အချည်းနှီးသော စကားသာ ဖြစ်သည်။ ဧကရာဇ်တံဆိပ်တော်၏ အနှစ်သာရ အားလုံးကို ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ထည့်သွင်းပေးမည် ဆိုလျှင်ပင် သူ၏ နတ်ဘုရားတန်ခိုးစွမ်းအားများကို ပြန်လည် ရရှိနိုင်တော့မည် မဟုတ်ပေ။

ဤသည်မှာ လူတစ်ယောက်ကို သတ်ပြီးမှ ပြန်လည် အသက်သွင်းရန် ကြိုးစားခြင်းနှင့် တူပေသည်။ သတ်ရန် လွယ်ကူသော်လည်း ပြန်လည် အသက်သွင်းရန်မှာ မဖြစ်နိုင်ပေ။ သိုင်းပညာကို ဖျက်ဆီးရန် လွယ်ကူသော်လည်း ပြန်လည် ရရှိရန်မှာလည်း မဖြစ်နိုင်ပေ။ တစ်ခုရလျှင် တစ်ခုဆုံးရှုံးရသည်။ ၎င်းမှာ ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။

"တကယ်လား၊ သားမိုက်... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်ကြီးမနေပါနဲ့ဦး။ မင်းလည်း အနှေးနဲ့အမြန် ဝဋ်လည်ဦးမှာပါ" ဟုန်ရွှန်ကျိက မိမိကိုယ်မိမိ လုံးဝ ဂရုမစိုက်တော့သည့် လေသံမျိုးဖြင့် ပြောလိုက်သည်။ ဤအချိန်တွင် သူသည် သူ၏ ခံစားချက်အားလုံး ဆုံးရှုံး သွားပုံရသည်။ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် သာယာမှုတို့ကို မတွေ့မြင်ရတော့ပေ။ ကျန်ရှိနေသည်မှာ စက်ရုပ်တစ်ရုပ်ကဲ့သို့သော ခံစားချက်မဲ့မှုသာ ဖြစ်ကာ အနာဂတ်သခင် တစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။

"အဖေက အမြဲတမ်း မြင့်မြတ်ပြီး တန်ခိုးကြီးတဲ့လူ၊ နတ်ဘုရားတွေအတွက် သေခြင်းရှင် ခြင်း စက်ဝန်းဘီးကို လှည့်ပတ်ပေးနေသူ မဟုတ်ဘူးလား" ဟုန်ယွိက ရုတ်တရက် ရယ်မောလိုက်သည်။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ ဟုန်ရွှန်ကျိ၏ ဘေးနားသို့ ခြေတစ်လှမ်းဖြင့် လျှောက်သွားလိုက်သည်။ "ဘာဖြစ်လို့ အခုမှ ကံတရားတွေ ဝဋ်ကြွေး တွေအကြောင်း ပြောနေရတာလဲ။ အကြောင်းနဲ့ အကျိုး၊ အကြောင်းနဲ့ အကျိုး၊ အကြောင်းနဲ့ အကျိုး။ ဒီနေ့မှာ အဖေ နတ်ဘုရားတန်ခိုးစွမ်းအားတွေ အားလုံး ဆုံးရှုံးသွားတာက အကျိုး ပဲ။ အဖေက ကျွန်တော့်အမေကို သတ်ခဲ့တာက အကြောင်းပဲ။ ဒီကံကြမ္မာ စက်ဝန်းဘီးက အဆုံးသတ်သွားခဲ့ပြီ၊ အရာအားလုံးက မီးခိုးငွေ့တွေလိုပဲ ပျောက်ကွယ်သွားခဲ့ပြီ။ အဖေက အခုထိ ဒါကို နားမလည်သေးဘူးလား။ ကျန်ရှိနေတဲ့ သက်တမ်းမှာ အေးအေးဆေးဆေးပဲ အနားယူလိုက်ပါတော့"

"ရှီ... အဖေ့ရဲ့ ခန္ဓာကိုယ်က နောက်ထပ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမလဲဆို တာ တွက်ချက်ပေးနိုင်မလား" ဟုန်ယွိက ကောင်းကင်ယံရှိ သွေးမူလစွမ်းအင်နေမင်းကြီး ထဲမှ အနာဂတ်သခင် ရှီကို ရုတ်တရက် လှမ်းမေးလိုက်သည်။

ဝုန်း ဝုန်း ဝုန်း... ဝုန်း ဝုန်း ဝုန်း…

အဆုံးမဲ့ အလင်းတန်းများ ကျဆင်းလာကာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထိုးဖောက်ကြည့်ရှုလိုက်သကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော တွက်ချက်မှုများကို ပြုလုပ်ခဲ့သည်။ အသက်ရှူအကြိမ် အနည်းငယ်မျှ အကြာတွင် သွေးမူလစွမ်းအင်နေမင်းထဲမှ ရှီက ပြန်လည် ဖြေကြားခဲ့သည်။ "သူ့ခန္ဓာကိုယ်ထဲက မူလ စွမ်းအင်နဲ့ သွေးသားအခြေအနေ၊ နောက်ပြီး သူ့စိတ်အခြေအနေတွေအရ... အခုအတိုင်း သာ ဆက်သွားမယ်ဆိုရင် သူ့သက်တမ်းက ၃၇ နှစ်၊ ၅ လ၊ ၁၃ ရက်၊ ၂ နာရီနဲ့ ၄၅ မိနစ်၊ အထိ ကျန်ပါသေးတယ်"

"ဟုတ်ပြီ... အဖေက အခု အသက် ၄၄ နှစ် ရှိပြီ။ နောက်ထပ် ၃၇ နှစ်ဆိုရင် သူ ၇၀ ဒါမှ မဟုတ် ၈၀ အရွယ် ရောက်ပြီပေါ့။ အသက် ၇၀ အထိ နေရခဲတာဆိုတော့ သူ သဘာဝ အတိုင်း အိုမင်းပြီး သေဆုံးသွားတယ်လို့ သတ်မှတ်လို့ ရတာပေါ့" ဟုန်ယွိက အေးစက်စွာ ပြောလိုက်သည်။ "အဖေ... ၃၇ နှစ်၊ ၅ လနဲ့ ၁၃ ရက် ကြာပြီးတဲ့အခါမှာ အဖေ့ရဲ့ အရိုးပြာ တွေကို အမေ့ရဲ့ အရိုးပြာတွေနဲ့အတူ မြှုပ်နှံပေးပါ့မယ်။ ဒါဟာ ကျွန်တော့်ရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးတာလို့ပဲ သတ်မှတ်လိုက်ပါ။ အဖေ့ရဲ့ မှတ်ဉာဏ်တွေ အားလုံးကိုတော့ နောင်ကျရင် ယန်ဖန်ရဲ့ မှတ်ဉာဏ်တွေနဲ့အတူ သူရဲကောင်းမှတ်တမ်းထဲမှာ တံဆိပ်ခတ် သိမ်းဆည်းထားပါ့မယ်။ ဒါမှသာ အဖေတို့ဟာ နောင်လာနောက်သားတွေအတွက် ဘုရင်နဲ့ အမတ်တို့ရဲ့ စံပြပုဂ္ဂိုလ်တွေ အမြဲဖြစ်နေပြီး သမိုင်းတစ်ကဏ္ဍမှာ ကျန်ရစ်မှာပါ။ အဖေတို့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကိုတော့ ခေတ်အဆက်ဆက်က ပညာရှင်တွေက အကဲဖြတ် ကြပါလိမ့်မယ်"

ဟုန်ရွှန်ကျိ၏ မှတ်ဉာဏ်များမှာ ကြီးမားသော ရတနာသိုက်ကြီး ဖြစ်သည်။ သူ အိုမင်း သေဆုံးသွားပြီးနောက်တွင် သူ၏မှတ်ဉာဏ်များကို ဟုန်ယွိက လောကသူလောကသား များ ဖတ်ရှုနိုင်ရန် အမြင့်ဆုံး သိုင်းပညာကျမ်းစာအဖြစ် သူရဲကောင်းမှတ်တမ်းထဲတွင် သဘာဝအတိုင်း ချိပ်ပိတ်သွားမည် ဖြစ်သည်။

"သားမိုက်၊ မင်းက ရက်စက်တာပဲ၊ ငါဟုန်ရွှန်ကျိဟာ ဒီလောကမှာ အရက်စက်ဆုံးလူသား လို့ အစက ထင်ခဲ့တာ။ မင်းက ငါ့ထက်တောင် ပိုပြီး ရက်စက်နေမယ်လို့ ထင်မထားခဲ့ဘူး။ ဒီလိုသားမျိုး ရှိနေမှတော့ ငါဟုန်ရွှန်ကျိအတွက် နောက်ထပ် ဘာမှ မျှော်လင့်စရာ မလိုတော့ဘူး။ ငါဟုန်ရွှန်ကျိဟာ သားကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့တယ်။ ဒါပေမယ့် မင်းကြောင့် အောင်မြင်သွားမယ်လို့ ထင်မထားခဲ့ဘူး။ ပြောစမ်းပါ ဦး... ငါက ဝမ်းသာရမလား၊ ဒေါသထွက်ရမလား" ဟုန်ရွှန်ကျိ၏ မျက်လုံးများက မြွေတစ်ကောင်ကဲ့သို့ ဟုန်ယွိကို စိုက်ကြည့်နေပြီး၊ သူ၏ ခံစားချက်မဲ့သော လေသံက လူတစ်ယောက်၏ စိတ်နှလုံးကို အဆုံးမဲ့ စိတ်ပျက်အားငယ်မှုကို ခံစားရစေသည်။

“သေဆုံးသွားတဲ့ စိတ်နှလုံးထက် ပိုပြီးဝမ်းနည်းစရာ ကောင်းတာ ဘာမှ မရှိတော့ဘူး။ ဟုန်ရွှန်ကျိရဲ့ နှလုံးသားက တဖြည်းဖြည်း သေဆုံးနေပြီ။ ဒါက သူ့ကို သတ်လိုက်တာထက် တောင် ပိုဆိုးသေးတယ်။ နောင်တစ်ချိန်မှာ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမလားဆို တာ ငါ သိချင်မိတယ်။ ဒါပေမဲ့ ဟုန်ယွိက သူ့ကို သတ်သေခွင့် ပြုမှာ မဟုတ်ဘူးဆိုတာ မြင်သာပါတယ်။ ဟုန်ယွိက လောကကြီးကို မေတ္တာရှိတဲ့ ဖခင်နဲ့ သိတတ်တဲ့ သားဆိုတဲ့ ပုံရိပ်ကို ပြချင်နေတာ။ မဟုတ်လို့ ဟုန်ရွှန်ကျိသာ သေသွားခဲ့ရင် ဟုန်ယွိရဲ့ သူတော်စင်ဆို တဲ့ ဂုဏ်သတင်းက နောင်တစ်ချိန်မှာ အစွန်းအထင်း ဖြစ်သွားနိုင်တယ်... ဟိုတုန်းက ဟုန်ရွှန်ကျိက သူ့ကို မသတ်ခဲ့တာက သားအဖ သံယောဇဉ်ကြောင့် မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာကို ကာကွယ်ချင်လို့ပဲ။ အခုတော့ ဟုန်ယွိကလည်း ဟုန်ရွှန်ကျိကို သားအဖ သံယောဇဉ်ကြောင့် မသတ်တာ မဟုတ်ဘဲ သူ့ကိုယ်ပိုင် ဂုဏ်သိက္ခာကို ကာကွယ် ဖို့ပဲ။ ဟုန်ယွိက ဟုန်ရွှန်ကျိကို သူ့ဆေးနဲ့ သူ့ကို ပြန်တိုက်လိုက်တာလို့ ပြောလို့ရတယ်။ ဒီသားအဖနှစ်ယောက်က တကယ်ကို ရက်စက်ကြတာပဲ။ ဟုန်ရွှန်ကျိက ရက်စက်တယ်ဆို ရင် ဟုန်ယွိက ပိုပြီး ရက်စက်သေးတယ်..."

ဆုမူသည် ဤအရာကို ကြည့်ရင်း သူမ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"ငါ့စီနီယာအစ်မ မန်ပိုင်ယွန်ရဲ့ လက်စားချေမှုက အခုတော့ တကယ်ပဲ ထိရောက်သွားခဲ့ပြီ။ ဟုန်ရွှန်ကျိဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် သူ့ရဲ့ အင်မော်တယ်လမ်းစဉ်နဲ့ လွတ်မြောက်ခြင်း အိပ်မက်တွေကို ဖျက်ဆီးပစ်မိမယ်လို့ ထင်မထားခဲ့ဘူး"

"ဟုန်ရွှေကျောင်း၊ ယောင်ယွဲ့ရူ၊ ယောင်ယွဲ့ရှင်း" ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ စကားများကို လျစ်လျူရှုကာ လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် ဟင်းလင်းပြင် လမ်းကြောင်း သုံးခုကို အတင်းကျပ် ဖွင့်လှစ်လိုက်သည်။ ဟုန်ရွှေကျောင်း၊ ယောင်ယွဲ့ရူနှင့် ယောင်ယွဲ့ရှင်းတို့ သည် လမ်းကြောင်းများမှ ထွက်ပေါ်လာကာ သူတော်စင်ပေါင်းစုံခန်းမ၏ မိုးကြိုးရေကန် အောက်ခြေသို့ ရောက်ရှိလာကြသည်။ ဟုန်ရွှန်ကျိ၏ အရှိန်အဝါများ လုံးဝ ပျောက်ကွယ် သွားသည်ကို မြင်လိုက်ရချိန်တွင် သူတို့မှာ မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။ ယောင်ချင်းဟွေနှင့် အထွဋ်အထိပ်ကောင်းကင်နယ်မြေခေါင်းဆောင် ကျောက်ဖေးအာတို့ လည်း လမ်းကြောင်းများထဲမှ ထွက်လာခဲ့ကြသည်။

သူတို့အားလုံးမှာ အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ကြသည်။ ဟုန်ရွှန်ကျိ၏ အသွင် အပြင်ကို မြင်လိုက်ရချိန်တွင် သူ၏ သိုင်းပညာအားလုံး လုံးဝ ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

ကျောက်ဖေးအာသည် ဟုန်ယွိ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ကျောက်မိသားစုနှင့် ဒါအထွဋ်အထိပ်ကောင်းကင်နယ်မြေအပေါ် ထားရှိသော သံယောဇဉ်များအားလုံး လုံးဝ ပြတ်တောက်သွားခဲ့ကာ ဟုန်ယွိထံတွင် အညံ့ခံခဲ့သည်။ တတိယမင်းသား ကျိုးသည်လည်း ဟုန်ယွိထံတွင် အညံ့ခံခဲ့သည်။ ဟုန်မိသားစု ပျက်စီးသွားပြီးနောက် ကျောက်မိသားစုရှိ အရာအားလုံး အသိမ်းခံလိုက်ရသည်။ အထွဋ်အထိပ်ကောင်းကင်နယ်မြေမှာလည်း စီးနင်းခံခဲ့ရသည်။ လူပေါင်း သိန်းနှင့်ချီ၍ အကျဉ်းချခံရပြီး လိုက်လံ ဖမ်းဆီးခံခဲ့ရသည်။ နှစ်ပေါင်းရာနှင့်ချီ၍ တည်တံ့ခဲ့သော နာမည်ကြီး မိသားစုကြီးများနှင့် မှူးမတ်မျိုးနွယ်စုများ မှာ တစ်ညတည်းနှင့် ပျက်စီးသွားခဲ့ရသည်။ ကျောက်ဖေးအာသည် ဤအရာအားလုံးကို တွေ့မြင်ခဲ့ရသည်။ သူမက ဟုန်ယွိ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသဖြင့်သာ သူမသည် မဒမ် ကျောက်ကဲ့သို့ အဆုံးမသတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိကာ နက်နက်ရှိုင်းရှိုင်း ဝမ်းမြောက် နေမိသည်။

"ဖေးအာ၊ မင်းက တကယ်ပဲ ဒီသားမိုက်ဆီမှာ အညံ့ခံလိုက်တာလား" ဟုန်ရွှန်ကျိက ကျောက်ဖေးအာကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွား သည်။ သူ၏ တုံ့ဆိုင်းနေသော နှလုံးသားထဲတွင် လှိုင်းတစ်ခု ပေါ်လာသကဲ့သို့ပင်။ "ငါတို့ရဲ့ သမီးဖေးရုန်ကို ဒီသားမိုက်က သတ်ပစ်ခဲ့တာကို မင်း သတိရမှာပါ။ မင်းမှာ သူ့အပေါ် နာကျည်းချက်တွေ ရှိနေပါလျက်နဲ့ ဘာလို့ သူ့ဆီမှာ အညံ့ခံရတာလဲ"

"ရွှန်ကျိ... အခြေအနေတွေက ပြောင်းလဲသွားပြီ။ ရှင်ဟာ တစ်သက်လုံး သန်မာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားတစ်ပါးလို သတ်မှတ်ခဲ့ပေမယ့် အခုတော့ ရှင်က နတ်ဘုရား မဟုတ်တော့ဘူး။ အခြေအနေအရ လိုက်လျောညီထွေ နေပါတော့" ကျောက်ဖေးအာက ပြောလိုက်သည်။ "ဒါ့အပြင် ဟုန်ယွိဟာ နောင်ကျရင် ယန်နတ်ဘုရား ဖြစ်လာတော့မှာ။ သူ လက်ဖြောက်တစ်ချက် တီးလိုက်ရုံနဲ့ ဖေးရုန်ရဲ့ ဝိညာဉ်ကို ပြန်လည် တည်ဆောက်ပေး နိုင်ပါတယ်။ ဒါဟာ ဘာမှ မဟုတ်ပါဘူး"

"ရွှန်ကျိ... ဝူဝမ်မြို့စားရဲ့ အိမ်တော်မှာပဲ နေလိုက်ပါ။ ရှင့်သမီးတွေက ရှင့်ကို စောင့်ရှောက် ပေးပါလိမ့်မယ်" ယောင်ချင်းဟွေက ပြောလိုက်သည်။ "ကျောက်စိမ်းဧကရာဇ်က အမိန့် တော် ထုတ်ပြန်ထားပြီးသားပါ။ ရှင်ဟာ ဟုန်ယွိရဲ့ ဖခင်ဖြစ်တဲ့အတွက်ကြောင့် ရှင့်ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးထားပါတယ်။ ရှင့်ရဲ့ဘွဲ့ထူးတွေကိုပဲ ရုပ်သိမ်းလိုက်တာပါ။ ဟုန်ယွိရဲ့ အကာအကွယ်အောက်မှာဆိုရင် ရှင် အရင်တုန်းက ရန်သူတွေ အများကြီး ရှိခဲ့ရင် တောင် ဘယ်သူမှ ရှင့်ကို ရန်မမူနိုင်ပါဘူး။ အေးအေးဆေးဆေးပဲ အနားယူပါတော့"

"ကောင်းပြီ... ကျောက်ဖေးအာ၊ ယောင်ချင်းဟွေ၊ အဖေ့ကို မြို့စားအိမ်တော်ထဲကို ကူညီပြီး ခေါ်သွားလိုက်ကြ" ဟုန်ယွိသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် နောက်ထပ် လမ်းကြောင်းတစ်ခု ပေါ်လာပြန်သည်။ "စီးနင်းခံထားရတဲ့ အိမ်တော်တစ်ခု လုံးကို ပြန်လည် စုစည်းပြီး မူလအတိုင်း ဖြစ်အောင် ပြန်လုပ်လိုက်ပါ။ ဒါပေမဲ့ အစေခံ တွေကိုတော့ အသစ်လဲဖို့ လိုတယ်"

"နားလည်ပါပြီ... ကျွန်မတို့ သေချာ စီစဉ်လိုက်ပါ့မယ်" ကျောက်ဖေးအာနှင့် ယောင်ချင်း ဟွေတို့က တစ်ပြိုင်တည်း ပြောလိုက်သည်။

အမျိုးသမီးနှစ်ဦးသည် ဟုန်ရွှန်ကျိကိုတွဲကာ လမ်းကြောင်းအတွင်းသို့ ဝင်သွားကြသည်။ လမ်းကြောင်း၏ အခြားတစ်ဖက်မှာ ဝူဝမ်မြို့စား အိမ်တော်၏ အဓိက ရင်ပြင်ပင် ဖြစ်သည်။

သူတော်စင်ပေါင်းစုံခန်းမ၏ နတ်ဘုရားတန်ခိုးစွမ်းအားမှာ စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ ၎င်းသည် အချိန်မရွေး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်စွမ်း ရှိသည်။

"ဟုန်ယွိ... မင်း သူ့ကို တကယ်ပဲ ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား။ သူဟာ အင်မော်တယ်နတ်ဘုရားဘုရင် ရွေးချယ်ထားတဲ့ ဆက်ခံသူ ဒါမှမဟုတ် အစားထိုးခံရမယ့် သူ ဆိုတာကို မင်း သိထားသင့်တယ်။ သူ့ရဲ့ အနှစ်သာရ၊ သွေးသားနဲ့ မူလစွမ်းအင်တွေကို ငါတို့က ထုတ်ယူလိုက်ပြီ ဆိုပေမယ့် သူ့ရဲ့ သိုင်းပညာအပေါ် နားလည်မှုတွေကတော့ ရှိနေသေးတယ်။ သူ့မှာ ကြီးမားတဲ့ အတွေ့အကြုံတွေလည်း ရှိနေသေးတယ်။ အင်မော် တယ်နတ်ဘုရားဘုရင်မှာ စိတ်ကူးမယဉ်နိုင်လောက်တဲ့ နတ်ဘုရားတန်ခိုးစွမ်းအားမျိုးစုံ ရှိနေတာ။ သူတို့က သူ့ကို ခိုးထုတ်သွားပြီး ပြန်ပြီး ကုစားပေးလိုက်ရင် သူဟာ နောက်ထပ် အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ဖြစ်လာဦးမှာပဲ" ကော့လီနတ်ဘုရားဘုရင်မက ရုတ်တရက် ပြောလိုက်သည်။

"ဒါကို ငါ တွက်ချက်ပြီးသားပါ" ဟုန်ယွိသည် ဆုမူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူက ဆုမူ ကြားသွားမည်ကို အမှန်တကယ်ပင် မကြောက်ပေ။ "ရှီ... အင်မော်တယ် နတ်ဘုရားဘုရင်က ဟုန်ရွှန်ကျိကို ဘယ်အချိန်မှာ လာပြီး ခေါ်သွားမလဲဆိုတာ တွက်ချက် စမ်း။ အဲဒီအချိန်ကျရင် ကျွန်တော်တို့က ဟင်းလင်းပြင်ထဲမှာ ချောင်းမြောင်းပြီး သူ့ကို အလစ်အငိုက် ဖမ်းကြမယ်။ အင်မော်တယ်နတ်ဘုရားဘုရင်ရဲ့ အသွေးအသားတွေဟာ ဒီလောကမှာ အကြီးမြတ်ဆုံး အာဟာရတွေပဲ။ ငါတို့ဟာ မကြာခင်မှာ ဗဟိုကမ္ဘာနဲ့ တိုက်ခိုက်ကြရတော့မယ်။ ဒီအင်မော်တယ်နတ်ဘုရားဘုရင်ကို ဖမ်းမိပြီး သူ့ရဲ့ အသားတွေ ကို အသုံးပြုနိုင်မယ်ဆိုရင် အဆုံးမရှိတဲ့ နတ်ဘုရားဆေးပြားတွေ၊ ဆေးဝါးတွေကို ဖော်စပ်နိုင်မှာ ဖြစ်ပြီး လူပေါင်းများစွာကို လူသားအင်မော်တယ်တွေ၊ မိုးကြိုးကပ်ဘေး အဆင့် တစ္ဆေအင်မော်တယ်တွေကနေ ဖန်ဆင်းရှင်တွေအထိတောင် ဖြစ်လာအောင် လုပ်ပေးနိုင်လိမ့်မယ်။ မဟာကမ္ဘာလောကဟာ ဖန်ဆင်းရှင် ရာပေါင်းများစွာ ရှိခဲ့တဲ့ အလယ်ခေတ်ကာလက ဂုဏ်ကျက်သရေတွေကို ပြန်လည် ရရှိနိုင်လိမ့်မယ်။ အဲဒီထက် တောင် ကျော်လွန်ပြီး အင်မော်တယ်ကမ္ဘာရဲ့ အစစ်မှန် အရှိန်အဝါကို ပြသနိုင်လိမ့်မယ်။”

"တွက်ချက်မှုတွေအရဆိုရင် နောက်ထပ် ငါးရက်အကြာ၊ မင်းသားယု နန်းတက်မယ့် အချိန် မှာ အင်မော်တယ်နတ်ဘုရားဘုရင်က ဟုန်ရွှန်ကျိကို လာခေါ်သွားဖို့ အခွင့်အလမ်း ၉၈ ရာခိုင်နှုန်း ရှိပါတယ်" အနာဂတ်အရှင်သခင် ရှီက ကောင်းကင်နှင့် မြေကြီးကို တွက်ချက် ကာ သူ၏ စက်ရုပ်ဆန်သော အသံဖြင့် ကြေညာလိုက်သည်။

"အင်း... မဆိုးပါဘူး။ ဒါဆိုရင် သူ လာမယ့်အချိန်ကို ငါတို့ ချောင်းမြောင်း စောင့်ဆိုင်းနေကြ တာပေါ့။ ဒီတာအိုကိုယ်ပွားဖြစ်တဲ့ ရှေးဦး အင်မော်တယ် နတ်ဘုရားဘုရင်မှာ ဘယ်လို နတ်ဘုရားတန်ခိုးစွမ်းအားတွေ ရှိမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" ဟုန်ယွိ၏ မျက်လုံး များမှာ တောက်ပနေကာ အထက်သို့ မော့ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ဟင်းလင်း ပြင် အလွှာပေါင်းများစွာကို ဖောက်ထွင်းသွားပြီး မရောက်နိုင်လောက်အောင် နက်ရှိုင်းလှ သော နေရာတစ်ခုသို့ ရောက်ရှိသွားကာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော တည်ရှိမှုတစ်ခုကို စိန်ခေါ်နေသကဲ့သို့ပင်။

“ဒီဧကရာဇ်တံဆိပ်တော်က အခုတော့ ပုံဖော်ပြီးသွားပြီ၊ အပေါ်မှာ မူလဘိုးဘေးနဂါးနဲ့ မူလဉသျှောင်နဂါးတို့ ရစ်ပတ်နေကြသလို၊ ငါ့ရဲ့တောင်နှင့်ပင်လယ်ပုလဲ အနှစ်သာရလည်း ရှိနေသေးတယ်။ ဒါပေမဲ့ ဟုန်ရွှန်ကျိဆီကရတဲ့ မူလစွမ်းအင် အနှစ်သာရတွေက အထဲမှာ ကျန်နေသေးပြီးတော့ မဟာအစီအရင်တစ်ခုအဖြစ် လုံးဝ မပြောင်းလဲသေးဘူး။ ဒီတံဆိပ် တော်ကိုသာ အပြည့်အဝ သန့်စင်လိုက်နိုင်မယ်ဆိုရင် သူတော်စင်ပေါင်းစုံခန်းမ၊ ထာဝရ နိုင်ငံတော် ဒါမှမဟုတ် ဖန်ဆင်းခြင်းသင်္ဘောတို့နဲ့ မယှဉ်နိုင်ရင်တောင်၊ အဲဒီအောက်က နံပါတ်တစ်ရတနာ ဖြစ်လာလိမ့်မယ်။ ဒီရတနာရှိမယ်ဆိုရင် အင်မော်တယ်နတ်ဘုရား ဘုရင်ကို တိုက်ခိုက်ရာမှာ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်"

ကော့လီနတ်ဘုရားဘုရင်မက လေထဲတွင် ဝဲပျံနေသော ဧကရာဇ်တံဆိပ်တော်ကို စိုက်ကြည့်နေသည်။

သူမ၏ တောင်နှင့်ပင်လယ် ပုလဲလုံးကို ဤတံဆိပ်တော်အဖြစ် သန့်စင်ထည့်သွင်းလိုက်ပြီး ဟုန်ရွှန်ကျိ၏ မူလစွမ်းအင်အားလုံးနှင့် ပေါင်းစပ်လိုက်သဖြင့် ၎င်းမှာ နှစ်ဆမျှ ပို၍ အစွမ်း ထက်လာခဲ့ကြောင်း သူမ သိသည်။ ဧကရာဇ်တံဆိပ်တော်မှာ အမှောင်ကြယ်နှင့် ဆာဟာ ရတနာသစ်ပင်တို့ထက်ပင် သာလွန်သွားခဲ့လေပြီ။

သူမအတွက်တော့ ဤသည်မှာ သူမ အလွန် ဝမ်းမြောက်စရာ ကောင်းသောအရာပင် ဖြစ်သည်။

"မှန်တယ်... အထဲမှာရှိတဲ့ မူလစွမ်းအင်တွေက လူတော်တော်များများရဲ့ ကျင့်စဉ်တွေကို တိုးမြှင့်ပေးနိုင်တယ်။ ရှီ... ဒီမူလစွမ်းအင်တွေကို သေချာ အသုံးပြုမယ်ဆိုရင် အစွမ်းထက် တဲ့ ကျွမ်းကျင်သူ ဘယ်လောက်အထိ ဖန်တီးနိုင်မလဲဆိုတာ တွက်ချက်ကြည့်စမ်း" ဟုန်ယွိ က ရှီကို ထပ်မံ မေးမြန်းလိုက်သည်။

ရှီ၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွားကာ အချိန်အတော်ကြာမှ ပြန်လည် ဖြေကြားခဲ့သည်။ "ဟုန်ရွှန်ကျိရဲ့ မူလစွမ်းအင်တွေကို သေချာ အသုံးပြုမယ်ဆိုရင် လူသား အင်မော်တယ် ၄၉ ယောက်ကို ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ နဂါးနှစ်ကောင်ရဲ့ မူလ စွမ်းအင်ကိုသာ သန့်စင်နိုင်မယ်ဆိုရင်တော့ ကျွန်တော်က ယွမ်ရှန်းရှန်းနဲ့ ကျီရှန်းထျန်း တို့ကို ကူညီပေးနိုင်မှာ ဖြစ်ပြီး သူတို့ ဖန်ဆင်းရှင်အဆင့် ရောက်ရှိဖို့ ၇၀ ရာခိုင်နှုန်း အခွင့် အလမ်း ရှိပါတယ်။ နဂါးသမီးတော် အောင်လွမ်ကတော့ ဖန်ဆင်းရှင်အဆင့်ကို ရောက်ရှိဖို့ ၅၀ ရာခိုင်နှုန်း၊ ချန်ယင်းရှာကတော့ ဖန်ဆင်းရှင်အဆင့်ကို ရောက်ရှိဖို့ ၃၀ ရာခိုင်နှုန်း ရှိပြီး နင်ဂျာဘုန်းတော်ကြီးကတော့ လူသားအင်မော်တယ် အထွက်အထိပ်အဆင့်ကို ရောက်ရှိဖို့ ၅၀ ရာခိုင်နှုန်း ရှိပါတယ်..."

ရှီက အလွန် တိကျစွာ တွက်ချက် တင်ပြခဲ့သည်။ သူသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ကို ဖောက်ထွင်းမြင်နိုင်သော ဗုဒ္ဓထက်ပင် ပို၍ အစွမ်းထက်ပုံရသည်။ သူသည် သူတော်စင် များထက်ပင် သာလွန်ပြီး ဘယ်သောအခါမှ မမောမပန်း တွက်ချက်နိုင်သူ ဖြစ်သည်။

ဆုမူက နားထောင်လေလေ၊ ပို၍ တုန်လှုပ်လာလေလေ ဖြစ်သည်။ နားထောင်လေလေ၊ သူမ၏ နှလုံးသားမှာ ပို၍ အေးစက်လာလေလေ ဖြစ်သည်။ နောက်ဆုံးတွင် သူမ၏ နှလုံး သားမှာ လုံးဝ အေးစက်သွားကာ ဟုန်ယွိကို ခုခံနိုင်စွမ်းမရှိတော့သည့် ခံစားချက်မျိုးပင် အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။

"မကောင်းတော့ဘူး... ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ငါ့တာအိုနှလုံးသား ပျက်စီးသွား ပြီး မန်ပိုင်ယွန်လို ဖြစ်သွားလိမ့်မယ်။ စီနီယာအစ်မရဲ့ အဖြစ်ဆိုးမျိုးကို ထပ်ကြုံရလိမ့် မယ်" ဆုမူသည် လန့်ဖျန့်သွားကာ အနာဂတ်သခင်ကို မေးလိုက်သည်။ "ဒီမူလစွမ်းအင်တွေကို သာ ငါ အသုံးပြုမယ်ဆိုရင် ငါ ဖန်ဆင်းရှင်အဆင့်ကို ရောက်ဖို့ အခွင့်အလမ်း ဘယ်လောက် ရှိသလဲ"

"ဘာမှ မှတ်ချက်မပေးနိုင်ဘူး။"

ရှီက သူမကို အေးစက်လှသော စကားလေးလုံးဖြင့်သာ ပြန်လည် ဖြေကြားပါတော့သည်။

အခန်း (၇၄၄)။

"ဘာမှ မှတ်ချက်မပေးနိုင်ပါ"

အနာဂတ်သခင် ရှီ၏ အေးစက်စက် စကားများကို ကြားလိုက်ရချိန်တွင် ဆုမူ၏ မျက်နှာမှာ အေးခဲသွားကာ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။ သူမနှင့် ဟုန်ယွိ၏ အုပ်စုအကြားတွင် နက်ရှိုင်းသော သွေးကွဲမှုတစ်ခု ရှိနေသေးကြောင်းကို သူမ သိထားသည်။ သို့သော်လည်း သူမသည် အဆုံးစွန်ထိ ပါးနပ်လိမ္မာသူတစ်ဦး ဖြစ်သည်။ ထို့အပြင် သူမသည် 'အမြင့်ဆုံး ခံစားချက်မဲ့လမ်းစဉ်'ကို အထွတ်အထိပ်အထိ ကျင့်ကြံထား သူဖြစ်ရာ မည်သည့် သဲလွန်စမျှ ချန်ထားခဲ့မည် မဟုတ်ပေ။ ခဏတာ မှင်သက်သွားပြီး နောက် သူမက ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်ကာ ထိုစကားများကို မကြားခဲ့ရသကဲ့သို့ ပုံမှန်အတိုင်း ဟန်ဆောင်နေလိုက်သည်။

“ဒီအနာဂတ်သခင်က တကယ်ကို အရာအားလုံးကို တွက်ချက်နိုင်စွမ်း ရှိတာပဲ။ ဂိုဏ်းချုပ် ရဲ့ တိကျတဲ့ အစီအစဉ်တွေကိုရော သူ တွက်ချက်နိုင်ပါ့မလား မသိဘူး။ သူ့အစီအစဉ်က ကောင်းကင်တာအိုရဲ့ လျှို့ဝှက်ချက် 'ရှောင်တမ်းခြင်းတစ်ခု' အပေါ် အခြေခံထားတယ်လို့ ဂိုဏ်းချုပ်က ပြောခဲ့တယ်။ ဒီအနာဂတ်သခင် ဘယ်လောက်ပဲ စွမ်းစွမ်း ဒါကိုတော့ တွက်ချက်နိုင်မှာ မဟုတ်ပါဘူး။” သူမ၏ တည်ငြိမ်မှု ပြန်လည်ရရှိလာသော်လည်း ဆုမူက ယခုအခါ အနာဂတ်သခင်ကို အလွန် သတိထားနေမိသည်။ အကြောင်းရင်းမှာ အနာဂတ် သခင်၏ စွမ်းအားကြောင့် မဟုတ်ဘဲ သူ၏ ကြောက်မက်ဖွယ်ကောင်းသော တွက်ချက်နိုင် စွမ်းကြောင့် ဖြစ်သည်။

စောစောက 'ရှီ' သည် ဟုန်ရွှန်ကျိ၏ သက်တမ်းကို တွက်ချက်ခဲ့သည်။ ထိုအရာသည် တာအိုကျင့်စဉ်များနှင့် လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်ပေ။ ဖန်ဆင်းရှင်ပင်လျှင် ထိုသို့လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။ လူတစ်ယောက်ကို ကြည့်ရုံဖြင့် အခြေအနေ အရပ်ရပ်ကို သေချာစွာ တွက်ချက်ခွဲခြမ်းစိတ်ဖြာပြီး သူ၏ သက်တမ်းနှင့် သေရှင်အခြေ အနေကို ကောက်ချက်ချနိုင်ခြင်းသည် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသောအရာ ဖြစ်သည်။ အနည်းဆုံးတော့ သူမ၏ ဂိုဏ်းချုပ်ဖြစ်သူ မုန့်ရှန်းကျီတွင်ပင် ဤသို့သော စွမ်းအားမျိုး မရှိကြောင်း ဆုမူ သိထားသည်။

“ယန်ဖန်က ဒီအနာဂတ်သခင်ကို သန့်စင်ဖို့ ဦးနှောက်စားခံပြီး ကြိုးစားခဲ့တာ။ သူ ရာဇပလ္လင်ပေါ်မှာ အကြာကြီး မထိုင်လိုက်ရတာ ကံကောင်းလို့။ မဟုတ်ရင် ဒီကိုယ်ပွားနဲ့ ဆိုရင် သူက တော်ဝင်ချန် ကောင်းကင်နယ်မြေတစ်ခုလုံးကို သံမဏိပြားတစ်ချပ်လို ခိုင်မာ အောင် စုစည်းနိုင်သွားလိမ့်မယ်။ ဟုန်ယွိက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ အနာဂတ် သခင်ရဲ့ လက်ထဲကနေ အရာအားလုံးကို သူက တိုက်ရိုက် လွှဲပြောင်းရယူသွားခဲ့တာ။ အခုချိန်မှာတော့ ဟုန်ယွိဟာ အလယ်ပိုင်း ပြည်နယ် ၉၉ ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရတယ်။ နောက်ထပ် ဘယ်လို မူဝါဒအသစ်တွေ ချမှတ်ဦးမလဲ မသိဘူး။' ဆုမူ တွေးတောနေမိသည်။

"သခင်မလေး ဆုမူ... စိတ်မရှိပါနဲ့။ အနာဂတ်သခင် ရှီမှာ သူ့ကိုယ်ပိုင် အမြင်တွေနဲ့ ထင်မြင် ချက်တွေ ရှိပါတယ်။ လူတွေအပေါ်မှာလည်း သူ့ကိုယ်ပိုင် သဘောကျမှုတွေ ရှိတယ်။ ကျွန်တော်တောင် သူ့ကို မေးလို့ပဲ ရတာ၊ အမိန့်ပေးလို့ မရပါဘူး" ဟုန်ယွိက ခပ်ဖျော့ဖျော့ ပြောလိုက်သည်။ "ကျွန်တော်နဲ့ မုန့်ရှန်းကျီတို့ ပူးပေါင်းပြီး ရွှီယီကို သတ်မယ်၊ ပြီးတော့ သူ့ရဲ့ရွှီမျိုးနွယ်ဝင် သန်း ၃၀၀ ကို မြှုပ်နှံပစ်မယ်လို့ ခင်ဗျား ခုလေးတင် ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တစ်ဝက်ပဲ လက်ခံနိုင်တယ်။ ရွှီယီကိုတော့ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ လူသန်း ၃၀၀ ကို မျိုးတုံးသတ်ဖြတ်မယ်ဆိုတာက တကယ်ကို လူမဆန်တဲ့ လုပ်ရပ်ပဲ။ လူသားဆန်တဲ့သူ တစ်ယောက် လုပ်မယ့် အလုပ်မျိုး မဟုတ်ဘူး"

"အို" ဆုမူသည် သူမ၏ ဆံနွယ်တစ်မျှင်ကို ပေါ့ပေါ့ပါးပါး ပွတ်သပ်လိုက်ရင်း သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု တောက်ပသွားသည်။ "ဟုန်ယွိ... ရှင်က ဒီလောက်အထိ ကရုဏာတရားတွေ ရှိနေမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ဒီလိုမှ မလုပ်ရင် ဗဟိုကမ္ဘာ တစ်ခုလုံးကို ကျွန်မတို့ ခုခံနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်။ ဗဟိုကမ္ဘာမှာ လူဦးရေ သန်းတစ်သောင်းလောက် ရှိပြီး အဲဒီအထဲမှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိတယ်ဆိုတာ ရှင် သိဖို့ကောင်းတယ်။ ပုန်းကွယ်နေတဲ့ နဂါးတွေ၊ ဝပ်နေ တဲ့ ကျားတွေ အများကြီးပဲ။ ကျွန်မတို့ရဲ့ မဟာကမ္ဘာလောကက သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့သာ မဟာကမ္ဘာလောကထဲကို ဆင်းသက်လာရင် ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေ သတ်ဖြတ်လုယက်ခံရဖို့ပဲ ရှိတယ်။ ဟုန်ယွိ... ရှင်တစ်ယောက်တည်းနဲ့ ဗဟိုကမ္ဘာတစ်ခုလုံးကို ခုခံနိုင်မယ်လို့ ရှင် ထင်နေတာလား"

"နောက်ပြီး ရှင်က နဂါးစွယ်ဆန် အကြောင်းကို ကြေညာခဲ့ပေမယ့် အဲဒါက ရှေးဟောင်း ကောင်းကင်နဂါးတွေရဲ့ စားစရာလေ။ မိုးကြိုးရေကန် ရှိတဲ့သူတွေပဲ အဲဒါကို စိုက်ပျိုးနိုင် တာ။ အစွမ်းထက်တဲ့ မိသားစုကြီးတွေ မှူးမတ်မျိုးနွယ်စု အနည်းငယ်တောင်မှ ကိုယ်တိုင် မစိုက်ပျိုးနိုင်ကြဘူး။ အဲဒါက အပြင်ကို မပြန့်နှံ့သေးသလို လောကသူလောကသားတွေ လည်း အဲဒီကနေ အကျိုးမခံစားရသေးဘူး" ဆုမူ၏ စကားများမှာ ထက်မြက်ပြီး ယုံကြည် ချက်အပြည့်ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"အဲဒီလို ဟုတ်ချင်မှ ဟုတ်မှာပါ။ အနာဂတ်သခင် အပြည့်အဝ ဖြစ်တည်လာတာနဲ့ နဂါးစွယ်ဆန်ကို လောကကြီးကို ကြေညာပေးမှာပေါ့။ ငါးရက်နေလို့ ကျောက်စိမ်းဧကရာဇ် နန်းတက်တဲ့အခါကျရင် မဟာကမ္ဘာလောကကြီးကို စစ်မှန်တဲ့ အင်မော်တယ်နတ်ဘုရား ကမ္ဘာကြီးအဖြစ် ကျွန်တော် ပြောင်းလဲပစ်မယ်။ ပြည်သူတွေအားလုံး အအေးဒဏ်ကြောင့် သေဆုံးရတာမျိုး၊ အငတ်ဘေးကြောင့် သေဆုံးရတာမျိုးတွေအတွက် ပူပန်နေစရာ မလိုတော့ဘူး" ဟုန်ယွိသည် ဆုမူကို ကြည့်လိုက်ပြီး အံ့သြစရာကောင်းလောက်အောင် ဘာမှ ပြန်မပြောခဲ့ပေ။ သူက အနာဂတ်သခင် ရှီကိုသာ "ရှီ... ကျောက်စိမ်းဧကရာဇ်ဆန် အသစ်ကို သန့်စင်တာ ဘယ်လိုနေပြီလဲ" ဟု မေးလိုက်သည်။

"နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ အခုလေးတင် သန့်စင်လို့ ပြီးသွားပါပြီ" အနာဂတ် သခင် ရှီက ပြောလိုက်သည်။ ထို့နောက် ဧက ၁၀ ရွယ်ခန့် ကြီးမားသော သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ရာ ချက်ချင်းပင် အဆုံးမရှိ သော ကမ္ဘာတစ်ခု ပေါ်လာသည်။ ဆုမူ၏ မျက်လုံးများကလည်း ထိုကမ္ဘာကို မြင်လိုက်ရ သည်။ သေချာ မြင်တွေ့လိုက်ရချိန်တွင် သူမ အံ့သြမှင်သက်သွားခဲ့သည်။ သူမ၏ မျက်နှာ သွင်ပြင်လည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

ကျယ်ဝန်းပြီး အဆုံးမရှိသော ထိုကမ္ဘာကြီးထဲတွင် စပါးခင်းများစွာ ရှိနေသည်။ စပါးခင်း များထဲတွင် အရောင်ငါးမျိုးရှိသော မြေဆီလွှာများဖြင့် ပြည့်နှက်နေပြီး ထိုမြေဆီလွှာများ ပေါ်တွင် လူတစ်ဝက်ခန့် အရပ်ရှိသော သီးနှံများ ပေါက်ရောက်နေသည်။ ၎င်းတို့သည် ဂျုံနှင့်တူပြီး နဂါးစွယ်ဆန်နှင့် မတူညီသော်လည်း အလွန် လျင်မြန်စွာ ကြီးထွားလာ ကြသည်။ အသက်တစ်ရှိုက်စာအတွင်းမှာပင် ပွင့်ဖူးလာကာ နောက်ထပ် အသက်တစ်ရှိုက် စာအတွင်းမှာပင် အသီးအနှံများ သီးလာပြီး ရင့်မှည့်သွားကြသည်။

စပါးစေ့တိုင်း ရင့်မှည့်သွားပြီးနောက် မျက်မြင်မရသော လေပြင်းများက တံစဉ်တစ်ခုအဖြစ် ပြောင်းလဲကာ ရိတ်သိမ်းလိုက်သည်။ ထို့နောက် ၎င်းတို့ကို ကောင်းကင်ယံသို့ ဆွဲတင်သွား ကာ ရွှေရောင်ဆန်တောင်ကြီးများအဖြစ် ပုံသွားစေသည်။

ဆုမူသည် ရင့်မှည့်နေသော ထိုဆန်များကို ကြည့်လိုက်သည်။ ဆန်စေ့တိုင်းသည် သုံးပေ ရှည်သော နဂါးစွယ်ဆန်နှင့် မတူသော်လည်း လက်သန်းခန့် အရွယ်အစား ရှိကြပြီး၊ လုံးဝန်း ကာ အပြင်ဘက်တွင် မှော်သင်္ကေတပုံစံများဖြင့် ရွှေရောင် ဖုံးလွှမ်းနေသည်။ မှော်သင်္ကေတ ပုံစံအခွံများမှာ သဘာဝအလျောက် ဖြစ်တည်နေခြင်း ဖြစ်သည်။

"ဒါက နဂါးစွယ်ဆန်ကို အခြေခံပြီး ကျွန်တော် သန့်စင်ထားတဲ့ မျိုးစေ့ပဲ။ သူ့ကို ကျောက်စိမ်းဧကရာဇ်ဆန်လို့ ခေါ်ပြီး မိုးကြိုးစွမ်းအင်တွေကို စုစည်းပေးနိုင်တဲ့ အစီအရင် တစ်ခု သဘာဝအလျောက် ပါဝင်တယ်။ မြေကြီးထဲကို ပစ်ချလိုက်တာနဲ့ အမြစ်တွယ်ပြီး အပင်ပေါက်လာလိမ့်မယ်။ နဂါးစွယ်ဆန်လောက် မထူးဆန်းပေမယ့် သူ့ကို စိုက်ပျိုးဖို့ မိုးကြိုးရေကန်တွေ မလိုဘူး။ သာမန် ပြည်သူတွေတောင် စိုက်ပျိုးနိုင်တယ်။ တစ်ဧကကို ကီလိုဂရမ် ထောင်နဲ့ချီပြီး ထွက်နိုင်သလို သဲကန္တာရထဲမှာတောင် စိုက်လို့ရတယ်"

ဟုန်ယွိသည် 'ကျောက်စိမ်းဧကရာဇ်ဆန်' မျိုးစေ့တစ်ခုကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက် သည်။ လက်ဖြင့် ဖွဖွလေး ညှစ်လိုက်ရာ ပုလဲလုံးကဲ့သို့ လုံးဝန်းသော ဆန်စေ့တစ်စေ့ သူ၏ လက်ထဲသို့ ကျလာသည်။ ဤပုလဲဆန်စေ့သည် ပြဒါးများ ပြည့်နှက်နေသကဲ့သို့ အတွင်းပိုင်း၌ ကြယ်ရောင်များ တောက်ပနေပုံရသည်။

"ဟင်၊ ဒီဆန်က တကယ်ပဲ ထူးဆန်းတယ်။ မိုးကြိုးစုစည်းတဲ့ အစီအရင်ကိုတောင် ဖန်တီး နိုင်တယ်" ဆုမူသည် မျိုးစေ့ကို ကြည့်လိုက်သည်။ "ရှင်က ဒါကို လောကကြီးကို ကြေညာ တော့မှာလား။ ဒါပေမဲ့ အလကားပါပဲ။ အဲဒီ အထက်တန်းလွှာ မိသားစုကြီးတွေ၊ မှူးမတ် မျိုးနွယ်စုတွေနဲ့ သူဌေးတွေက မျိုးစေ့တွေကို သေချာပေါက် သိုလှောင်ထားကြမှာပဲ။ သာမန်ပြည်သူတွေကို အကျိုးခံစားခွင့် ပေးမှာ မဟုတ်ဘူး"

"သူတို့ လှောင်းထားလဲ အလကားပါပဲ... ဒီမျိုးစေ့က တစ်ရာသီပဲ စိုက်လို့ရတာ" ဟုန်ယွိက ပြောလိုက်သည်။ "တစ်ရာသီပြီးသွားရင် ဒီမျိုးစေ့က အသုံးမဝင်တော့ဘူး။ အဲဒီ မိသားစုကြီးတွေ မျိုးစေ့တွေကို ရသွားပြီး စိုက်ပျိုးရင်တောင် အလကားပဲ။ မင်းသားယု နန်းတက်ပြီးသွားရင် သူက ကျိုးယွိအကယ်ဒမီနဲ့ ပူးပေါင်းပြီး ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့နယ်တွေနဲ့ ကျေးရွာတွေအထိ ဝန်ကြီးဌာနတွေ တည်ထောင်ပြီး ဒီမျိုးစေ့တွေကို ပြည်သူတွေဆီ ရောင်းချပေးလိမ့်မယ်။ အနာဂတ်သခင် ရှီက သူတော်စင်ပေါင်းစုံခန်းမရဲ့ စွမ်းအားတွေကို အဆက်မပြတ် အသုံးပြုပြီး လောကကြီးအတွက် မျိုးစေ့တွေ ထုတ်လုပ် ပေးလိမ့်မယ်"

"ဒီနည်းလမ်းက..." ဆုမူသည် ဟုန်ယွိ၏ စကားများကို နားထောင်ရင်း သူ၏ လက်ထဲရှိ ပုလဲလုံးကဲ့သို့သော ကျောက်စိမ်းဧကရာဇ်ဆန်ကို ကြည့်လိုက်သည်။ "ရှင့်ရဲ့ ကျိုးယွိ အကယ်ဒမီက လောကကြီးရဲ့ မျိုးစေ့တွေကို ထိန်းချုပ်ထားတာပေါ့။ ဒါဟာ လောကကြီးရဲ့ အသက်သွေးကြောကို ကိုင်ဆုပ်ထားတာနဲ့ အတူတူပဲ။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေက မျိုးစေ့တွေကို အချိန်မရွေး နေရာမရွေး ဝယ်လို့ရတယ်။ အဲဒီမိသားစုကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုကို နည်းနည်းမှ ကြောက်စရာ မလိုတော့ဘူး။ မှူးမတ်မျိုးနွယ်စုတွေရဲ့ အင်အားကို အများကြီး လျှော့ချပစ်လိုက်တာပဲ။ ပြီးတော့ သူတို့မှာ ဘာနည်းလမ်းမှ မရှိတော့ဘူး။ သူတို့တောင် ဒီကျောက်စိမ်းဧကရာဇ်ဆန် မျိုးစေ့တွေကို ရှင့်ဆီကနေ ဝယ်ချင်လာလိမ့်မယ်..."

"နန်းတက်ပွဲ အခမ်းအနားမှာ မင်းသားယုက မူဝါဒအသစ်တွေကို ကြေညာလိမ့်မယ်။ ပထမတစ်ခုက အစိုးရနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ကျောက်စိမ်းဧကရာဇ်ဆန် ဖြန့်ဝေ ပေးမယ့် အဖွဲ့စည်းတစ်ခု တည်ထောင်ဖို့ပဲ။ ဒီဆန်ကို စိုက်ပျိုးပြီး တစ်ရာသီအကြာမှာ အသီးအနှံတွေ ရင့်မှည့်လာတာနဲ့ တော်ဝင်ချန်အင်ပါယာထဲမှာ ဘယ်သူမှ အအေးဒဏ် ဒါမှ မဟုတ် အငတ်ဘေးကြောင့် သေဆုံးရတော့မှာ မဟုတ်ဘူး။ ဒီလို ကြီးမားတဲ့ ကောင်းချီး မင်္ဂလာတွေ၊ ကုသိုလ်ကံတွေနဲ့ဆိုရင် ကျောက်စိမ်းဧကရာဇ်ရဲ့ နေရာကို ခိုင်မာအောင် လုပ်နိုင်မယ်လို့ ခင်ဗျား ထင်လား၊ ယန်ဖန် ပြန်လာရင်တောင် သူ့ရဲ့ တရားဝင် ဘွဲ့နာမည် က အသုံးဝင်တော့မှာ မဟုတ်ဘူး" ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်သည်။ "ကျွန်တော် သိပါတယ်။ သခင်မလေး ဆုမူ... ခင်ဗျားက တာအိုဂိုဏ်းတွေရဲ့ အင်အားစု အများအပြားကို ထိန်းချုပ်ထားတယ်ဆိုတာ။ ဒီတစ်ကြိမ်တော့ ခင်ဗျားက လောကကြီးမှာ ကျောက်စိမ်း ဧကရာဇ်ဆန် စိုက်ပျိုးတဲ့ ကုသိုလ်အလုပ်မှာ ကူညီပေးနိုင်ပါတယ်"

"ဒါပေါ့။ ဒီတစ်ကြိမ်မှာ ဂိုဏ်းချုပ်က လောကီရေးရာ ကိစ္စရပ်အားလုံးကို ကိုင်တွယ်ဖို့ ကျွန်မကို အာဏာအပြည့်အဝ ပေးထားပါတယ်။ နောက်ပြီး လောကီရေးရာနယ်ပယ်မှာ ရှိနေတဲ့ တာအိုဂိုဏ်းက လူတွေကလည်း အင်ပါယာနန်းတွင်းကို အပြည့်အဝ ထောက်ခံဖို့ ပဲ" ဆုမူက ယဉ်ယဉ်ကျေးကျေးဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။ သို့သော် သူမ၏ နှလုံးသား နက်ရှိုင်းသော နေရာတွင်မူ အရာခပ်သိမ်းအပေါ် ဂရုမစိုက်သော၊ ခံစားချက်မဲ့ သော အငွေ့အသက်များကို တစ်ဖန် ပြသနေပြန်သည်။

"ဒီဧကရာဇ်တံဆိပ်တော်မှာ နောက်ဆုံး အစီအရင်တစ်ခု လိုနေသေးတယ်။ တိုင်ရှန်တာအို ဂိုဏ်းက စကြဝဠာကျမ်းစာနှစ်စောင်ကို ကျွန်တော့်ဆီ ထားရစ်ခဲ့မှတော့ ကျွန်တော်လည်း လောကကြီးအတွက် အကျိုးပြုတဲ့ အလုပ်တစ်ခု လုပ်ပေးရမှာပေါ့" ဟုန်ယွိသည် ဆုမူကို လျစ်လျူရှုကာ စကြဝဠာကျမ်းစာနှစ်စောင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ဝုန်း… ကျမ်းစာနှစ်စောင် ပေါက်ကွဲသွားကာ ဟင်းလင်းပြင်ထဲတွင် ဝဲပျံနေသော စေတီ တစ်ဆူနှင့် ခေါင်းလောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စေတီက လည်ပတ်နေပြီး ခေါင်းလောင်းက မြည်ဟည်းနေသည်။ နှိုင်းယှဉ်၍မရလောက်အောင် ကြီးမားသော အချိန် နှင့် ဟင်းလင်းပြင် စွမ်းအားများက လေထဲတွင် ဝဲပျံနေသော ဧကရာဇ်တံဆိပ်တော်ပေါ်သို့ စုဆောင်းရောက်ရှိလာသည်။

ဤဧကရာဇ်တံဆိပ်တော်သည် တောင်နှင့်ပင်လယ်ပုလဲလုံး၊ ဟုန်ရွှန်ကျိ၏ လျှို့ဝှက် နတ်ဘုရားစွမ်းရည်များ၊ စွမ်းအင်များနှင့် မူလစွမ်းအင် အားလုံးအပြင် တိုင်ရှန်တာအိုဂိုဏ်း ၏ စကြဝဠာကျမ်းစာနှစ်စောင်တို့ကိုပါ စုစည်းထားသည်။ ဟုန်ယွိ၏ အနာဂတ်သခင်ထံ တွင် သန့်စင်ခံရပြီးနောက် နောက်ဆုံးတွင် ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။

တံဆိပ်တော်မှာ ခြောက်လက်မခန့် ကျယ်ဝန်းပြီး ငါးလက်မခန့် မြင့်သော တံဆိပ်တော် ကြီးတစ်ခု ဖြစ်သည်။ အရောင်မှာ ကောင်းကင်ပြာရောင် သန်းနေကာ မူလနဂါးနှစ်ကောင် ရစ်ခွေနေ၏။ အတွင်းတွင် ကူးခတ်နေသော နဂါးကောင်ရေ ထောင်ချီ၍ပင် ရှိနေပြီး၊ ရှေးဟောင်း ကောင်းကင်နဂါးမျိုးနွယ် တစ်ခုလုံးကို စုစည်းထားပုံရသည်။ ကြီးမားလှသော တန်ခိုးအရှိန်အဝါ တစ်ခုတည်းကပင် ဖန်ဆင်းရှင်များကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။

"ကောင်းပြီ... ကျင့်ကြံကြစို့၊ နန်းတက်ပွဲ အခမ်းအနား ရောက်လာရင် ပြင်းထန်တဲ့ တိုက်ပွဲ တစ်ခု ရှိလာနိုင်တယ်။ အင်မော်တယ်နတ်ဘုရားဘုရင်က ဘယ်လို ပုံစံမျိုးလဲ။ သူတို့မှာ ဘယ်လို လျှို့ဝှက်နတ်ဘုရားတန်ခိုးစွမ်းရည်တွေ ပိုင်ဆိုင်ထားလဲ။ ကျွန်တော် ကိုယ်တိုင် တွေ့ချင်နေပြီ" ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားသည်။ သန့်စင်ပြီးသော ဧကရာဇ် တံဆိပ်တော်ကို ယူဆောင်ကာ အချိန်နှင့် ဟင်းလင်းပြင် နက်ရှိုင်းသော နေရာများထဲသို့ ပျောက်ကွယ်သွားတော့သည်။

ဆုမူက မျက်မှောင်ကြုတ်လိုက်သည်။ သူမ သူတော်စင်ပေါင်းစုံခန်းမထဲမှ ထွက်ခွာလာပြီး နောက် တိုင်ရှန်တာအိုဂိုဏ်း၏ သူတော်စင်မိန်းမပျို ဘာတွေ တွေးနေလဲဆိုသည်ကို မည်သူမှ မသိနိုင်တော့ပေ။

...

ငါးရက်တာ အချိန်ကာလက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် နှစ်သစ်သို့လည်း ရောက်ရှိလာခဲ့သည်။ တော်ဝင်ချန်မင်းဆက်၏ ၆၅ နှစ်မြောက်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ။

ဤနေ့တွင် ကျောက်စိမ်းမြို့တော်တစ်ခုလုံးကို မီးပုံးများ၊ အလှဆင် တံခွန်များဖြင့် တန်ဆာ ဆင်ထားသည်။ တစ်ချိန်တည်းမှာပင် ဓလေ့ထုံးတမ်း ဝန်ကြီးဌာနမှ အရာရှိများအားလုံး အလုပ်များနေကြသည်။ ထို့အပြင် ပြည်နယ်အုပ်ချုပ်ရေးမှူး အမျိုးမျိုးက စေလွှတ်လိုက် သော အရာရှိများသည်လည်း အင်ပါယာနန်းတော်ရှေ့ရှိ ရင်ပြင်တွင် သပ်ရပ်စွာ တန်းစီနေ ကြသည်။

ယနေ့သည် မင်းသားယု တရားဝင် နန်းတက်မည့်နေ့ ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မင်းသားယုသည် သူ၏ ညီအစ်ကိုအချို့နှင့် စကား ပြောဆိုပြီးနောက်၊ အိမ်ရှေ့စံမင်းသား ယန်ယွမ်ဖြစ်စေ၊ မင်းသားဟီ ဖြစ်စေ၊ မြို့စားအချို့ သို့မဟုတ် အခြားသော မင်းသားများစွာတို့ကပါ တိုင်းပြည်ကို အုပ်ချုပ်မည့်သူမရှိဘဲ တစ်ရက်မျှ မထားသင့်ကြောင်း အသနားခံစာများ တင်သွင်းခဲ့ကြသည်။ သူတို့အားလုံးက မင်းသားယုကို အမြန်ဆုံး နန်းတက်စေချင်ကြသည်။ တစ်ချိန်တည်းမှာပင် ပြည်နယ် ဘုရင်ခံများ အုပ်ချုပ်ရေးမှူးများ အားလုံးကလည်း အသနားခံစာများ တင်သွင်းခဲ့ကြသလို၊ ဝန်ကြီးဌာန ခြောက်ခုမှ အတွင်းဝန်ကြီးများကလည်း အသနားခံစာများ တင်သွင်းခဲ့ကြ သည်။ မင်းသားယု နန်းတက်ခြင်းကို အထွေထွေ အခြေအနေများက တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ အခြေအနေတွေ အားလုံး အဆင်သင့်ဖြစ်နေချိန်မှာ ဤကိစ္စက သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဟန့်အတား လုံးဝ မရှိခဲ့ပါဘူး။

တော်ဝင်ချန်မင်းဆက် ၏ ၆၅ နှစ်မြောက် နေ့တွင် ရာသီဥတုမှာ အလွန် သာယာနေသည်။ ပူပြင်းသော နေမင်းကြီးက ကောင်းကင်ယံတွင် မြင့်မားစွာ တောက်ပနေပြီး နွေးထွေးသော ခံစားချက်ကို ပေးစွမ်းနေသည်။ ၎င်းမှာ နှစ်သစ်ကူး အချိန်အခါပင် ဖြစ်သည်။

ချန်ကန်းနန်းဆောင်ရှေ့ရှိ ရင်ပြင်တွင် အခမ်းအနား တေးဂီတသံများ ဆက်တိုက် ပဲ့တင် ထပ် ထွက်ပေါ်နေသည်။ မရေမတွက်နိုင်သော လှပလှသည့် ဂီတသင်္ကေတများမှာ အစစ်အမှန် အရာဝတ္ထုများအဖြစ်ပင် ပြောင်းလဲလုနီးပါး ဖြစ်နေကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး နေမင်းကြီးပေါ်တွင် ရောင်စဉ်အဝိုင်းများအဖြစ် စုစည်းသွားကြသည်။ ငြိမ်းချမ်းရေးကို ဂုဏ်ပြုရန်အတွက် ကောင်းကင်ယံရှိ နေမင်းကြီးပင်လျှင် ဂီတနှင့်အတူ ကခုန် သီဆိုနေသကဲ့သို့ ထင်မှတ်ရသည်။

ရင်ပြင်ပေါ်တွင် လူအများအပြားလည်း ရပ်နေကြသည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ မှူးမတ်မျိုးနွယ်စု အမျိုးမျိုးမှ ခေါင်းဆောင်များအပြင် အနောက်ဘက် ဒေသခံများ၊ ဟွာလျှို၊ ယွမ်တူး၊ နတ်ဘုရားလေနိုင်ငံနှင့် ပင်လယ်ရပ်ခြား နိုင်ငံတစ်ရာတို့မှ ဘုရင်များလည်း ပါဝင်ကြသည်။

ဤဘုရင်များမှာ မင်းသားယု နန်းတက်ပွဲ အခမ်းအနားတွင် သူတို့၏ သစ္စာရှိမှုကို တရားဝင် ကျိန်ဆိုကြမည်ဖြစ်ပြီး တော်ဝင်ချန် နယ်မြေထဲသို့ ပူးပေါင်းဝင်ရောက်ကြမည် ဖြစ်သည်။ သို့မှသာ မင်းသားယု၏ နန်းတက်ခြင်းမှာ ပို၍ တရားဝင်လာမည်ဖြစ်ပြီး သူ၏ နာမည်သည် လည်း ခေတ်အဆက်ဆက် သမိုင်းတွင် ကျန်ရစ်မည် ဖြစ်သည်။ ဤသည်မှာ သူ၏ ဂုဏ်သိက္ခာအတွက်လည်း လိုအပ်ပေသည်။ အားလုံး၏ မျက်လုံးများက သူ့အပေါ်သို့ ရောက်ရှိနေကြသည်။

ဤအချိန်တွင် လောကကြီးရှိ မျက်လုံးအားလုံးသည် ဤနေရာသို့ အာရုံစိုက်နေကြသည်ဟု ဆိုနိုင်သည်။ သူတို့သည် လောက၏ နံပါတ်တစ် နေရာကို လက်လွှဲပြောင်းယူမည့်အချိန်၊ မင်းသားယု နန်းတက်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ တစ်ချိန်တည်းမှာပင် လူအများအပြားက မင်းသားယုအတွက် ဟုန်ယွိ ဖန်တီးပေးထားသည့် ဧကရာဇ် ကျောက်စိမ်းတံဆိပ်တော်ကိုလည်း စောင့်မျှော်နေကြသည်။

ယန်ဖန် ထွက်ပြေးလွတ်မြောက်သွားပြီး ဧကရာဇ်ကောင်းကင် ကျောက်စိမ်းတံဆိပ်တော် ကို ယူဆောင်သွားသည်ဆိုသော သတင်းမှာလည်း ပြန့်နှံ့နေပြီ ဖြစ်သည်။ ဤအရာက မင်းသားယု၏ နန်းတက်ပွဲကို အနည်းငယ် တရားမဝင်သကဲ့သို့ ဖြစ်စေသည်။

သို့သော်လည်း ဤအချိန်တွင် လူအများအပြားက ဟုန်ယွိသည် ဤကိစ္စကို မည်သို့ ဖြေရှင်း မည်ကို စောင့်ကြည့်နေကြသည်။ အကယ်၍ ဤကိစ္စကို သေချာစွာ မဖြေရှင်းနိုင်ပါက နောင်တစ်ချိန်တွင် သူ၏ ဂုဏ်သိက္ခာအပေါ် အစွန်းအထင်း ဖြစ်ကျန်ရစ်ခဲ့မည် ဖြစ်သည်။

"အစ်ကို ယွင်ထောင်... သူတော်စင်က ဒီတစ်ကြိမ်မှာ အစစ်အမှန် ဧကရာဇ်ကောင်းကင် ကျောက်စိမ်းတံဆိပ်တော်ကို ရလာမယ်လို့ ထင်လား။ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ အသစ် ပြန်လုပ်မလား။ ဒါပေမဲ့ အသစ်ပြန်လုပ်ထားတဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တော်က ဧကရာဇ် ကောင်းကင်ကျောက်စိမ်းတံဆိပ်တော်လောက်တော့ ဩဇာအာဏာ ရှိမှာ မဟုတ်ဘူး။ ဒီတစ်ခါတော့ သူ လှောင်ပြောင်စရာများ ဖြစ်သွားမလား မသိဘူးနော်"

ထိုအချိန်တွင် ရင်ပြင်၏ အရှေ့ဘက်၌ မှူးမတ်မျိုးနွယ်စုများမှ အရေးပါသော ပုဂ္ဂိုလ်များ နှင့် ပညာရှင် သူတော်စင်မျိုးနွယ်စုများမှ ခေါင်းဆောင်များ ရပ်နေကြသည်။ သူတို့အထဲ တွင် ခေါင်းပေါ်၌ ကျောက်စိမ်းသရဖူကို ဆောင်းထားသော အရပ်ရှည်ရှည်နှင့် ပိန်သွယ် သွယ် လူတစ်ယောက်က ဖန်းမျိုးနွယ်စု၏ ခေါင်းဆောင် ဖန်းယွင်ထောင်ကို စကားပြော လိုက်ခြင်း ဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင် ခိုင်မာသော ပညာရှင် အငွေ့အသက်များ ရှိနေ သော်လည်း ထိုအငွေ့အသက်၏ အဓိက အနှစ်သာရမှာ နက်ရှိုင်းသော ပင်လယ်ထဲမှ ရေဝဲကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

"အစ်ကို ချန်ထျန်း... ခင်ဗျား အရမ်း စိုးရိမ်နေတာပဲ။ ဟုန်ယွိရဲ့ စဉ်းစားတွေးခေါ်မှုတွေက အသေးစိတ်ကျပြီး ပြည့်စုံတယ်။ သူလုပ်သမျှ အရာအားလုံးက အကြောင်းပြချက် ခိုင်လုံ တယ်။ ဒီတစ်ကြိမ်မှာလည်း ဘာအမှားအယွင်းမှ သေချာပေါက် ရှိလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ သူ့ကို လှောင်ပြောင်စရာ အကြောင်းမရှိပါဘူး" ဖန်းယွင်ထောင်က ထိုလူကို တစ်ချက် ကြည့်လိုက်သည်။ "ဒါပေမဲ့ ဒီတစ်ကြိမ်မှာ အိမ်ရှေ့စံမင်းသားက တကယ်ကို ဖယ်ပေးခဲ့ပြီး မင်းသားယု နန်းတက်တာကို ပထမဆုံး ထောက်ခံပေးခဲ့တယ်။ ဒါက ကျိမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ စိတ်ထားကို ပြသနေတာပဲ"

ထို့ကြောင့် ဖန်းယွင်ထောင်နှင့် စကားပြောနေသူမှာ ကျိမျိုးနွယ်စု၏ ခေါင်းဆောင် ကျီချန်ထျန်းပင် ဖြစ်သည်။ ယန်ဖန်၏ မိဖုရားမှာ ကျိမျိုးနွယ်စု၏ သမီးအကြီးဆုံး ဖြစ်သည်။ သူမကို မိဖုရားကျိဟုလည်း ခေါ်ကြသည်။ ဟိုတုန်းက သူတို့သည် ကြင်ယာ တော်ယွမ်ကို ရင်ဆိုင်ရန် ကြိုးစားခဲ့စဉ် ဟုန်ယွိနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသည်။ ယခုအခါ အိမ်ရှေ့စံမင်းသားကို မင်းသားယုက အတင်းအဓမ္မ ဖယ်ရှားလိုက်ပြီဖြစ်ရာ ၎င်းမှာ ကျိမျိုးနွယ်စုအတွက် သဘာဝကျကျ အကျိုးမများသော ကိစ္စပင်။

"ဟုန်ယွိ လုပ်ရပ်က တရားချင်မှ တရားမှာပါ။ မင်းသားယု ဒီနေ့ နန်းတက်ပြီးတာနဲ့ သစ္စာဖောက်တွေကို ကွပ်မျက်ဖို့ အမိန့်ထုတ်ပြန်မယ်လို့ ကျွန်တော် ကြားထားတယ်။ ဝူဝမ် မြို့စားအိမ်တော်က လူတွေအားလုံး ခေါင်းဖြတ်ခံရလိမ့်မယ်။ ဟုန်ယွိက သူ့အဖေကို အတင်းအကျပ် ဖိအားပေးပြီး သူ့အစ်ကိုကို သတ်ခိုင်းခဲ့တာ။ ဒါက ကောင်းတဲ့ လမ်းစဉ်လို့ မထင်ဘူး..." ထိုအချိန်တွင် ကျီချန်ထျန်း၏ နောက်ကျောဘက်မှ လူငယ်တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။

"ဟွန့်… ဒီလူငယ်က..." ဖန်းယွင်ထောင်၏ အကြည့်များ အေးစက်သွားသည်။ မူလက သူနှင့် ကျီချန်ထျန်း စကားပြောနေချိန်တွင် ကျိမျိုးနွယ်စုမှ တပည့်များ ဝင်ရောက်ပြောဆို ခွင့် မရှိပေ။ ဤလူငယ်ကို ဆူပူကြိမ်းမောင်းရန် ပြင်လိုက်ချိန်တွင် လူငယ်၏ မျက်လုံးများ ထဲ၌ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု တောက်ပနေသည်ကို သူ သတိထားမိ လိုက်သည်။ ဤအရာက သူ၏ နှလုံးသားကို တုန်လှုပ်သွားစေကာ အမှန်တကယ်ပင် စကားဆက်မပြောနိုင် ဖြစ်သွားခဲ့ရသည်။

"ကျိမျိုးနွယ်စုမှာ ဒီလို ထူးချွန်တဲ့ တပည့်မျိုး ရှိနေတာလား။ မဖြစ်နိုင်ဘူး"

ဖန်းယွင်ထောင် ဒေါသထွက်လုနီးပါး ဖြစ်သွားချိန်တွင် ကျီချန်ထျန်းက "ကျီမျဲ့... ဖန်းမျိုးနွယ်စု ခေါင်းဆောင်ကို ရိုင်းရိုင်းစိုင်းစိုင်း မပြောနဲ့" ဟု ပြောလိုက်သည်။

"ဟွန့်" ဖန်းယွင်ထောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက် အဝေးမှနေ၍ ကမ္ဘာမြေကြီး တုန်ဟည်းသွားလောက်မည့် အသံကြီး ထွက်ပေါ်လာသည်။ "ဧကရာဇ် မင်းမြတ် ကြွချီလာပါပြီ"

မင်းသားယု နောက်ဆုံးတော့ ရောက်ရှိလာခဲ့လေပြီ။ အဝေးမှနေ၍ အင်ပါယာ ထီးတံခွန်နှင့် အဝါရောင် ထီးကြီးကို မြင်တွေ့နိုင်လေသည်။

"ဘာတွေ ဖြစ်နေတာလဲ"

မင်းသားယု လူထုရင်ပြင်ပေါ်သို့ ရောက်ရှိလာချိန်တွင် ကြီးမားသော အခြွေအရံများ ခြံရံလျက် ပါလာသည်။ သူသည် တင့်တယ်ခမ်းနားသော ခြေလှမ်းများဖြင့် ချန်ကန်း နန်းဆောင်ခန်းမကြီးဆီသို့ လျှောက်လှမ်းသွားသည်။ ရုတ်တရက် ထူးဆန်းသော အပြောင်း အလဲတစ်ခု ဖြစ်ပေါ်လာသည်။ မူလက တောက်ပပြီး သာယာနေသော ကောင်းကင်ယံတွင် ရုတ်တရက် တိမ်မည်းများ ဖုံးလွှမ်းသွားသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် အမှန် တကယ်ပင် မှောင်မိုက်သွားခဲ့သည်။

ဤသည်မှာ ကောင်းသော လက္ခဏာ မဟုတ်ပေ။

All Chapters