← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း (၂၀၂) အရည်အချင်းတွေ အစုံအလင်ပဲ... စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ နတ်ဘုရား

နောက်ဆုံးတွင်တော့ ဝက်ဝံညိုက ပြေးထွက်သွားခဲ့သည်။

ရွှီယန်က နှင်းပြင်ထဲမှ ကျောပိုးအိတ်ကို ပြန်ကောက်ယူလိုက်ပြီး သေတ္တာထဲရှိ လင်ဇီးခရမ်းမှို ကောင်းမွန်မှု ရှိမရှိကိုပါ အတည်ပြု စစ်ဆေးလိုက်၏။

ကံကောင်းစွာဖြင့် သေတ္တာက အထောက်အပံ့ ဖြစ်စေပြီး အထဲတွင်လည်း ဝါဂွမ်းအိတ်ဖြင့် ခံထားသဖြင့် လင်ဇီးခရမ်းမှိုမှာ ပကတိ အတိုင်းပင် ရှိနေသေးသည်။

ဤမြင်ကွင်းက အမှန်တကယ်ပင် အနည်းငယ် ရင်တမမ ဖြစ်စရာ ကောင်းလှ၏။

ရွှီယန်က အမြဲတမ်း တည်ငြိမ်နေသော်လည်း သတိပြန်ဝင်လာချိန်တွင်တော့ ခန္ဓာကိုယ် တစ်ခုလုံး ချွေးများ ရွှဲနစ်နေပြီး အနည်းငယ် ပူအိုက်နေကြောင်းကို သတိထားမိလိုက်သည်။

သူ၏ စိတ်ထဲတွင် မကြောက်ရွံ့သော်လည်း ကျောက်ကပ်ပေါ်ဂလင်း ဟော်မုန်းများ မြင့်တက်လာပြီး ခန္ဓာကိုယ်၏ စွမ်းဆောင်ရည် အားလုံး လှုပ်ရှားလာသဖြင့် ချွေးထွက်လာခြင်းမှာ သဘာဝပင် ဖြစ်သည်။

လိုက်ဖ်ထဲတွင် ပွက်လောရိုက်သွားတော့သည်။

ရေတွက်၍ မရနိုင်သော ကွန်မန့်များက လိမ့်ဆင်းလာ၏။

အမျိုးမျိုးသော လက်ဆောင် အထူးပြုလုပ်ချက်များကလည်း အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။

[အစ်ကိုယန်... ပြိုင်ဘက်ကင်းပဲ]

[ချန်ပိုင်တောင်တန်း က မင်းရဲ့ ပိုင်နက်ပဲ]

[အရမ်း မိုက်တယ်ကွာ... ဝက်ဝံညိုကြီးကိုတောင် ခြောက်လှန့် မောင်းထုတ်နိုင်တယ်]

[ငါကတော့ အထူးပြုလုပ်ချက်တွေ သုံးထားသလိုပဲ ခံစားရတယ်... နည်းနည်းတော့ ချဲ့ကားလွန်းတယ်ကွာ]

[အစ်ကိုယန်... အစ်ကိုယန်... အစ်ကိုယန်]

ဖန်သားပြင် တစ်ခုလုံးတွင် မြှောက်ပင့် ချီးကျူးစကားများဖြင့် ပြည့်နှက်နေ၏။

အားလုံးက ရွှီယန်၏ အစွမ်းအစကို ပိုမို ရှင်းလင်းစွာ သိရှိသွားကြပြီ ဖြစ်သည်။ သို့မဟုတ် အားလုံးက ရွှီယန်၏ သတ္တိကို ပိုမို ရှင်းလင်းစွာ သိရှိသွားကြပြီဟု ဆိုရမည်ပင်။

ဤကဲ့သို့သော မြင်ကွင်းမျိုးတွင် အခြား မည်သူမဆိုသာ ဆိုပါက သေချာပေါက် ခြေဖျားလက်ဖျားများ အေးစက်ကာ ကြောက်လန့်နေမည်မှာ အသေအချာပင်။ လက်ထဲတွင် သေနတ် ရှိနေလျှင် သို့မဟုတ် ဘေးတွင် ကား ရှိနေလျှင်လွဲ၍ပင်။

ရွှီယန်က သစ်သားတုတ် တစ်ချောင်းတည်းဖြင့် ဝက်ဝံညိုကြီးကို တိုက်ရိုက် ရင်ဆိုင်ရဲခဲ့သည်။ သူက တကယ်ကို အရမ်း သတ္တိကောင်းလွန်းလှ၏။

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး... အဲဒီ ဝက်ဝံညို က ဆောင်းခိုရာကနေ အခုမှ နိုးလာတာဆိုတော့ ခန္ဓာကိုယ်က သိပ်မခိုင်မာသေးဘူးလေ"

"အားလုံး စဉ်းစားကြည့်လေ... လေးလကျော်လောက် အိပ်ထားရတာဆိုတော့ ပြန်လည် နာလန်ထူဖို့ အချိန်ယူရမှာပဲ"

"လူရဲ့ ခန္ဓာကိုယ် အရွယ်အစားကလည်း အတော်လေး ကြီးမားတဲ့အပြင် ဝက်ဝံညို ကလည်း လူတွေကို ရန်စဖို့ မလွယ်ဘူးဆိုတာ သိထားတယ်လေ"

"အဲဒါကြောင့် နည်းနည်းလောက် စမ်းသပ်ကြည့်ပြီး ထွက်သွားတာပါ"

ရွှီယန်က ကွန်မန့်များကို မြင်သောအခါ အားလုံးကို ရှင်းပြလိုက်၏။ နှိမ့်ချစွာ နေခြင်းက ပိုကောင်းပေသည်။

သို့သော် အင်တာနက်သုံးစွဲသူများက ဘယ်မှာ နားထောင်ကြမည်နည်း။

[အစ်ကိုယန်... ဟန်ဆောင်မနေပါနဲ့တော့... ခုနက ကျွန်တော်တို့ မမြင်ရတဲ့ သိုင်းပညာ တစ်ခုခုများ သုံးလိုက်သေးလား]

[ဝိညာဉ် ထွက်ပြီး တိုက်ခိုက်လိုက်တာများလား]

[ဝိညာဉ် အသက်ဝင်သွားတာလား]

[ဝက်ဝံညို က ဆောင်းခိုရာကနေ အခုမှ နိုးလာတာ ဖြစ်ဖြစ် မဖြစ်ဖြစ် အဲဒါကြီးက ဝက်ဝံကြီးလေ... လက်သည်း တစ်ချက် ကုတ်လိုက်တာနဲ့တင် ရင်ခေါင်း ပွင့်ထွက်သွားနိုင်တယ်... မင်းက နည်းနည်းလေးတောင် မကြောက်ဘူးလား]

[အစ်ကိုယန်က တကယ့် ယောကျ်ားစစ်ပဲ... ပြိုင်ဘက်ကင်းပဲကွာ]

ကွန်မန့်များ အားလုံးက ချီးကျူးနေသည့် အသံများချည်းသာ ဖြစ်၏။ ရွှီယန်က ကွန်မန့်များကို မြင်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။

ဤမြှောက်ပင့် ချီးကျူးစကားများကို ကြည့်ရသည်မှာ အတော်လေး နေလို့ကောင်းလှပေသည်။ ဘယ်သူကများ ရိုးသားသော ချီးကျူးစကားများကို မနှစ်သက်ဘဲ နေမည်နည်း။

ထို့အပြင် ခုနက မြင်ကွင်းမျိုးကလည်း ရွှီယန် တစ်ယောက်တည်းသာ လုပ်နိုင်သည့် အရာမျိုး ဖြစ်ပေသည်။

[ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါသည်]

[ဆုလာဘ် ရရှိပါသည်... ကိုယ်ကာယ ကြံ့ခိုင်မှု တိုးတက်လာခြင်း... လက်ခံသူ၏ ကိုယ်ကာယ ကြံ့ခိုင်မှု တိုးတက်လာပါမည်]

ထိုအချိန်တွင် ရတနာရှာဖွေရေး ဆုလာဘ်ကလည်း အောင်မြင်စွာ ထွက်ပေါ်လာခဲ့၏။ တောနက်ကြီးထဲရှိ ရတနာရှာဖွေရေး တာဝန်များ၏ ဆုလာဘ်များက အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။ သို့သော် ဤအခက်အခဲကလည်း အတော်လေး မြင့်မားလှ၏။

"အချိန်လည်း တော်တော် လင့်နေပြီဆိုတော့ အပြန်လမ်းကို ပြင်ရတော့မယ်"

"အခုက ၁ နာရီ ကျော်နေပြီ... ညနေ ၄ နာရီ ၅ နာရီလောက် ဆိုရင် တောင်ထဲမှာ အပူချိန် ကျသွားတော့မှာ"

"အဲဒီအချိန်ကျရင် ပြန်ရတာ မလွယ်ဘူး"

ရွှီယန်က ကျောပိုးအိတ်ကို လွယ်ကာ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့၏။

ရွှီယန်သည် နံနက် ၅ နာရီတွင် လယ်ယာခြံဝင်းမှ ထွက်လာခဲ့ခြင်းဖြစ်ပြီး ကား နှစ်နာရီခန့် စီးခဲ့ရသည်။ ကားပေါ်တွင် အတော်လေး နွေးထွေးသဖြင့် အိပ်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှ၏။ နိုးလာပြီးနောက် တောင်ထဲတွင် လှည့်လည်သွားလာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သူက အငှားကား မငှားတော့ဘဲ မာဝန်ကိုသာ သူ၏ အော်ဒီ A6 ကားဖြင့် လိုက်ပို့ခိုင်းတော့သည်။ မတတ်နိုင်ချေ။ နှစ်နာရီ ခရီးစဉ်အတွက် အငှားကား ငှားရပါက ပိုက်ဆံ အတော်များများ ကုန်ကျမည်ဖြစ်ပြီး ကိုယ်ပိုင်ကား ရှိနေသည်က ပို၍ သက်သာပေသည်။

မာဝန်ကလည်း မပြန်သေးဘဲ တောင်ပေါ်လမ်းတွင် သူ့ကို စောင့်နေ၏။

ရွှီယန်ကတော့ တကယ့်ကို တစ်ဦးတည်းသော လယ်ယာခြံဝင်း ပိုင်ရှင်၊ တစ်ဦးတည်းသော တောတောင်ရှာဖွေသူ ပင် ဖြစ်သည်။

အခြား လယ်ယာခြံဝင်း ပိုင်ရှင်များကတော့ ကားစီးကာ စီးပွားရေး သွားဆွေးနွေးခြင်း စားသောက်ခြင်း ခြေဆေးခြင်းများ ပြုလုပ်ကြလေ့ ရှိ၏။ ရွှီယန် ကတော့ ကားစီးပြီး တောင်ထဲ ဝင်ခြင်းပင်။

အခြား တောတောင်ရှာဖွေသူများက ခြေလျင်ဖြင့် တောင်ထဲ ဝင်ကြပြီး အလွန်ဆုံး ကားကြုံ လိုက်စီးလေ့ ရှိကြသည်။ ရွှီယန် ကိုတော့ ယာဉ်မောင်းက အကြိုအပို့ လုပ်ပေး၏။

သီးသန့် ယာဉ်မောင်း တစ်ယောက်က သူ့ကို တောင်ပေါ်တက်ရန် လိုက်ပို့ပေးပြီးနောက် ပြန်လည် ကြိုဆိုပေးသည်။ ဤသည်ကိုမှ ဂုဏ်သိက္ခာ ဟု ခေါ်ရပေမည်။

ယခင်က တောင်ပေါ်တက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ရသော်လည်း ယခုအခါတွင်တော့ ဝါသနာ နှင့် အတွေ့အကြုံ တစ်ခု အဖြစ်သာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သဖြင့် နည်းလမ်းများလည်း ကွဲပြားသွားခဲ့ပြီ ဖြစ်၏။

ရွှီယန်က အပြင်ဘက်သို့ တောက်လျှောက် ထွက်လာခဲ့ပြီး နေရာတိုင်းတွင် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေဆဲပင် ဖြစ်သည်။

အချို့နေရာများက အတော်လေး မတ်စောက်သဖြင့် ရွှီယန်က မြေကြီးပေါ်တွင် တိုက်ရိုက် ထိုင်ချကာ ခန္ဓာကိုယ်ကို လှဲလျောင်းလုနီးပါး အနေအထားဖြင့် အောက်သို့ လျှောချသွားလိုက်၏။ သူ ဤသို့ လျှောချသွားချိန်တွင် ဘေးရှိ နှင်းများကလည်း အတူတကွ လျှောကျလာပြီး ကြည့်ရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသည်။

ဤရာသီတွင် တောင်ပေါ်တက်သူ အတော်လေး နည်းပါးသော်လည်း လုံးဝ မရှိသည်တော့ မဟုတ်ချေ။ အချို့က ပြင်ပ ဓာတ်ပုံဆရာများ ဖြစ်ကြပြီး တောင်ထဲရှိ တိရစ္ဆာန်များ၏ မြင်ကွင်းများကို ရိုက်ကူးကာ အင်တာနက်ပေါ်တွင် တင်ဆက်လေ့ ရှိကြသည်။ အချို့ကတော့ တောင်ပေါ်တက်ကာ လင်ဇီးမှိုများ ရှာဖွေကြခြင်း ဖြစ်၏။

သို့သော် ရွှီယန်ကဲ့သို့ တောနက်ကြီးထဲသို့ အဝေးကြီး ဝင်ရောက်သူမျိုးတော့ မရှိကြပေ။

လိုက်ဖ်ထဲတွင် အတော်လေး စည်ကားနေဆဲပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရွှီယန်၏ ဗီဒီယို အတိုများကလည်း အင်တာနက်ပေါ်တွင် ပြန့်နှံ့နေပြီ ဖြစ်၏။ ကျားနှင့် ကျားသစ် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်း ဘက်တွင်လည်း။

ကင်းလှည့်ဝန်ထမ်း ဝမ်ကျန်းဟိုင် က ဤဗီဒီယိုကို မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံး နေရာမှပင် မတ်တတ်ရပ်လိုက်မိသည်။

"လခွမ်း... ဒါ လောင်ရွှီ လား"

"မဟုတ်သေးဘူးလေ... တုတ်တစ်ချောင်းတည်းနဲ့ ဝက်ဝံညိုကြီးကို တိုက်ရိုက် ခြောက်လှန့်လိုက်တာလား"

ဝမ်ကျန်းဟိုင်၏ မျက်နှာတွင် အံ့ဩမှုများ အပြည့်ဖြစ်နေ၏။

သူ သစ်တောစောင့် အဖြစ် လုပ်ကိုင်လာခဲ့သည်မှာ ခုနစ်နှစ် ရှစ်နှစ်ခန့် ရှိပြီဖြစ်ပြီး တောင်ထဲတွင် လူပေါင်းစုံနဲ့ အဖြစ်အပျက်ပေါင်းစုံ ကို မြင်တွေ့ခဲ့ဖူးသည်။ တိရစ္ဆာန်များ၏ စရိုက်လက္ခဏာများကိုလည်း သူ အလွန် ကောင်းစွာ နားလည်ထား၏။

သို့သော် ရွှီယန် ကဲ့သို့သော လူမျိုးကိုတော့ သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ပထမဆုံး အနေဖြင့် ရွှီယန်က တောနက်ကြီးထဲသို့ တစ်ယောက်တည်း ဝင်ရောက်ရဲခြင်းကပင် လုံလောက်အောင် အန္တရာယ် များနေပြီ ဖြစ်သည်။ ထို့အပြင် သားရဲတိရစ္ဆာန်များကို တွေ့လျှင်လည်း မကြောက်ရွံ့ချေ။

သူက ဤသားရဲတိရစ္ဆာန်များကို အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်မှု ရှိနေပုံရ၏။

"ဒါက အရမ်းကို ချဲ့ကားလွန်းနေပြီ"

"သူ့ဆီမှာ သေချာပေါက် ပညာ တစ်ခုခု ရှိရမယ်"

ဝမ်ကျန်းဟိုင် မှာ အလွန် အံ့ဩနေမိ၏။

ကျားနှင့် ကျားသစ် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ အခြားသူများလည်း ထိုနည်းတူပင် ဖြစ်သည်။ ယခုအခါ ရွှီယန်က သူတို့ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင် အတော်လေး နာမည်ကြီးနေပြီ ဖြစ်ပြီး အားလုံးက သူ့ကို ဖိတ်ကြားကာ ဟောပြောပို့ချခိုင်းခြင်း ကြော်ငြာ ကူညီလုပ်ပေးခိုင်းခြင်းများ ပြုလုပ်ချင်နေကြသည်။

ထို့အပြင် စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားဟောင်းများ ဂရု တွင်လည်း။ ရွှီယန်၏ ဗီဒီယိုကို တစ်စုံတစ်ယောက်က ဂရု ထဲသို့ တင်ပေးလိုက်၏။

"လယ်ယာခြံဝင်း ပိုင်ရှင် ရွှီ ရဲ့ နောက်ဆုံးထွက် လိုက်ဖ် ဗီဒီယို... တောင်ထဲမှာ ဝက်ဝံညိုကြီး နဲ့ အကြီးအကျယ် ချနေတယ်ဟေ့"

စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားက စာပို့လိုက်သည်။ အားလုံးက ဗီဒီယိုကို အသီးသီး ဖွင့်ကြည့်လိုက်ကြပြီး စိုက်ပျိုးရေးတက္ကသိုလ်မှ ပရော်ဖက်ဆာ အချို့ပင် ဤဗီဒီယိုကို မြင်တွေ့သွားကြ၏။

"တကယ်ကို အစွမ်းထက်တာပဲ... တိရစ္ဆာန် သိပ္ပံ မေဂျာက ကျောင်းသားတွေမှာများ ဒီလို အရည်အချင်း ရှိကြမလား မသိဘူး"

"ကျွန်တော်တို့က ယုန်လေးတွေ ဆိတ်လေးတွေပဲ မွေးဖူးတာလေ... ဝက်ဝံနဲ့မှ မဆက်ဆံဖူးတာ... သေချာပေါက် ဒီလို အရည်အချင်း မရှိဘူးပေါ့"

"ဒီလယ်ယာခြံဝင်း ပိုင်ရှင်က တကယ်ကို အစွမ်းထက်တာပဲ"

"သူ စိုက်ထားတဲ့ သီးနှံတွေကလည်း အရမ်း ကောင်းတာပဲ... ကျွန်တော်တို့ စိုက်ပျိုးရေးတက္ကသိုလ် နဲ့တောင် ပူးပေါင်းဆောင်ရွက်မှု ရှိသေးတယ်လေ"

"ဒီလူကို ငါတို့ ကျောင်းမှာ လာပြီး ဆရာ မလုပ်ခိုင်းတာ တကယ် နှမြောစရာပဲ"

"ငှားလို့ ရမလား... ငါ သူ စာသင်တာကို သွားနားထောင်ချင်လို့"

ဂရု ထဲတွင် အလွန် စည်ကားနေ၏။ ကျောင်းသားများက သူ့ကို အလွန် တွေ့ချင်နေကြသည်။

ချောမောသော လိုက်ဖ်လွှင့်သူ အပေါင်း လယ်ယာခြံဝင်း ပိုင်ရှင် အပေါင်း ထိပ်တန်း စိုက်ပျိုးရေး ပညာရှင် အပေါင်း ထိပ်တန်း တိရစ္ဆာန် ယဉ်ပါးအောင် လုပ်သူ။ အရည်အချင်းတွေ အစုံအလင်ပဲ... စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ နတ်ဘုရားပင် ဖြစ်သည်။

ကျောင်း အကြီးအကဲများကလည်း သူ့ကို တကယ်ပင် အလုပ်ခန့်ချင်သည့် စိတ်ကူး ရှိနေကြ၏။ သို့သော် ဤသည်က စိတ်ကူးသက်သက်သာ ဖြစ်သည်။ ပရော်ဖက်ဆာ တစ်ယောက် ဖြစ်လာရန်အတွက် ပညာအရည်အချင်း သုတေသန ရလဒ် စာတမ်း အထူးပြု ဘာသာရပ် စသည့် လိုအပ်ချက်များစွာ ရှိနေပေသည်။

အလွန်ဆုံး ရွှီယန်ကို အထူး ဖိတ်ကြားထားသော နည်းပြ အဖြစ်သာ ခန့်အပ်နိုင်မည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်ရှိ သတင်းများက ပို၍ပင် ပြန့်နှံ့နေခဲ့သည်။ အင်တာနက်သုံးစွဲသူများက ရွှီယန်၏ ဗီဒီယိုကို မြင်သောအခါ အားလုံး အလွန် အံ့ဩသွားကြတော့၏။

ဗီဒီယိုထဲတွင် ရွှီယန်က သစ်သားတုတ်ကြီး တစ်ချောင်းကို ကိုင်ကာ ဝက်ဝံညိုနှင့် နှင်းပြင်ထဲတွင် မျက်နှာချင်းဆိုင် ရင်ဆိုင်နေသည်။ သူ၏ မျက်နှာ အမူအရာက တည်ငြိမ်နေပြီး အနည်းငယ်မျှပင် ထိတ်လန့်နေသည့် အရိပ်အယောင် မရှိချေ။ ကြည့်ရသည်မှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။

[ဒီလူ ထပ်လာပြန်ပြီ... သူက ဟို အပြင်ဘက်က လိုက်ဖ်လွှင့်သူ မလား]

[သူပဲလေ... အရမ်း မိုက်တယ်... ချန်ပိုင်တောင်တန်း ရဲ့ နံပါတ်တစ် လမ်းသရဲကြီး လို့ ကြားတယ်]

[သူက ကျားကိုတောင် မကြောက်တာ]

[ဝက်ဝံညိုကြီး တကယ် ဝင်အုပ်လာမှာကို ငါ တကယ် စိုးရိမ်နေတာ]

[သူ တကယ်ပဲ ဝက်ဝံညိုကို နိုင်မယ်လို့ ငါ ထင်တယ်]

[စနောက်မနေပါနဲ့ကွာ... ဝက်ဝံညို ဆိုတာ ကုန်းပေါ်မှာ တိုက်ခိုက်နိုင်စွမ်း အမြင့်ဆုံး အဆင့်မှာ ရှိတာ... လက်နက်မပါတဲ့ လူတစ်ယောက်က ဝက်ဝံညိုကို ဘယ်လိုလုပ် နိုင်နိုင်မှာလဲ]

[တကယ် မိုက်တာပဲ... နည်းနည်းလေးတောင် မကြောက်ဘူး... ဝက်ဝံညိုကြီးကိုတောင် ခြောက်လှန့် မောင်းထုတ်လိုက်နိုင်တယ်]

ရွှီယန်၏ ကိစ္စများက အင်တာနက်ပေါ်တွင် နောက်တစ်ကြိမ် လှိုင်းဂယက် ထစေခဲ့ပြန်သည်။ အင်တာနက်၏ သတင်း ပြန့်နှံ့မှုက အချိန်နှောင့်နှေးမှု ရှိတတ်၏။ ကိစ္စ တစ်ခု ဖြစ်ပွားပြီးနောက် သတင်း ပြန့်နှံ့သွားရန် အချိန်အတိုင်းအတာ တစ်ခု ယူရပေသည်။ ထို့နောက်မှသာ လူကြိုက်များမှုက အမြင့်ဆုံးသို့ ရောက်ရှိသွားမည် ဖြစ်၏။

ရွှီယန်က ဤအချက်ကို ကောင်းစွာ သိရှိထားသည်။ သူက လိုက်ဖ်ကို ပိတ်လိုက်ပြီး တောင်အောက်သို့ ဆင်းကာ စောင့်နေသော မာဝန်ကို ရှာတွေ့ပြီးနောက် ကားပေါ်သို့ တက်လိုက်၏။ မာဝန်က ကားမောင်းကာ အပြန်လမ်းသို့ ဦးတည်လိုက်သည်။ ရွှီယန်က ဖုန်းကို ကစားရင်း အင်တာနက်ပေါ်ရှိ သတင်းများကို ကြည့်ရှုနေလိုက်၏။

'Trend ပေါ် ရောက်သွားပြီပဲ'

'ဗီဒီယိုက တော်တော်လေး လူကြိုက်များနေတာပဲ'

ရွှီယန်က အတော်လေး နာမည်ကြီးနေပြီဖြစ်ရာ ဗီဒီယို၏ လူကြိုက်များမှု အတိုင်းအတာကို ကောင်းစွာ နားလည်ထား၏။

'ဒါဆိုရင် နောက် နှစ်ရက် သုံးရက်လောက် အတွင်းမှာ ငါ လိုက်ဖ်လွှင့်ရင် လူ တစ်သိန်းကျော်လောက် သေချာပေါက် ရောက်လာမှာပဲ'

'ဗီဒီယိုအတို တွေက ဒီလိုပဲလေ... အားလုံးက Trend ကို လိုက်ကြတာကိုး'

'ဘာကိစ္စ ဖြစ်ဖြစ် အားလုံးက ပွဲကြည့်ချင်ကြတာပဲ'

'ဒီနှစ်ရက်အတွင်း ဆက်ပြီး လိုက်ဖ်လွှင့်ရမယ်... နာမည်ကျော်ကြားမှု ရမှတ် တွေ ရှာရမယ်'

ရွှီယန် စိတ်ထဲမှ တွေးလိုက်၏။ ဤလူကြိုက်များမှုကို သူ ဖမ်းဆုပ်ထားရမည် ဖြစ်သည်။

ဆောင်းတွင်း တစ်တွင်းလုံး လိုက်ဖ်လွှင့်မှု နည်းပါးခဲ့သဖြင့် ယခုအခါ နာမည်ကျော်ကြားမှု ရမှတ် ခုနစ်သိန်းကျော်သာ စုဆောင်းမိထား၏။ ယနေ့ ရမှတ် ပိုများမည်ဟု ခန့်မှန်းရပြီး ကိုးသိန်းအထိ စုဆောင်းနိုင်လောက်ပေသည်။ မနက်ဖြန်နှင့် သန်ဘက်ခါတို့တွင်လည်း ဆက်လက် လိုက်ဖ်လွှင့်ရဦးမည် ဖြစ်၏။

ဆောင်းတွင်း တစ်တွင်းလုံး အနားယူခဲ့ပြီးပြီဖြစ်ရာ ယခု နွေဦးပေါက်တော့မည်ဖြစ်သဖြင့် အလုပ်စလုပ်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။

"သူဌေး... ဒီနေ့ ခင်ဗျား တကယ် မိုက်တာပဲ... ဝက်ဝံညိုကြီးကိုတောင် တိုက်ရိုက် ရင်ဆိုင်ရဲတယ်"

"ကြည့်ရတာ အရမ်း အန္တရာယ်များတာပဲ"

မာဝန် က ကားမောင်းနေရင်း ရွှီယန်နှင့် စကားစမြည် ပြောလိုက်၏။

"မတတ်နိုင်ဘူးလေ... ပြေးလို့မှ မလွတ်တာ... သူ့ကို ခြောက်လှန့် မောင်းထုတ်ရုံပဲ ရှိတော့တာပေါ့"

"သူလည်း နည်းနည်း အားနည်းနေလို့ပေါ့... မဟုတ်ရင်တော့ ပြောရခက်တယ်"

ရွှီယန်က ပြန်ဖြေလိုက်သည်။

"နောက်ပိုင်း တောင်ထဲဝင်ရင် လူနည်းနည်းလောက် ခေါ်သွားဖို့ ကောင်းမယ်... လူများရင် သားရဲတိရစ္ဆာန်တွေ အနား မလာရဲဘူးလေ"

"တောနက်ကြီးထဲ ဝင်ပြီး တောင်ထွက်ပစ္စည်း ရှာတဲ့ သူတွေ အများစုက နှစ်ယောက် တစ်ဖွဲ့ သွားကြတာ"

မာဝန် က အကြံပြုလိုက်ပြန်၏။

"ငါက မလိုပါဘူး... တစ်ယောက်တည်း သွားရတာ ပိုအဆင်ပြေတယ်... လျှောက်လည်ရုံ သက်သက်ပါပဲ"

ရွှီယန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ကားထဲတွင် အတော်လေး နွေးထွေးနေပြီး ရွှီယန်လည်း အနည်းငယ် ပင်ပန်းနေသဖြင့် ထိုင်ရင်း အနားယူနေလိုက်၏။ ကျောပိုးအိတ်ကို ကားနောက်ဖုံးထဲတွင် ထည့်ထားပြီး အဝတ်အစားပေါ်ရှိ ဖုန်များနှင့် နှင်းများကိုလည်း ခါထုတ်ထားပြီး ဖြစ်သည်။ ရွှီယန်က တစ်ကိုယ်လုံး ပေါ့ပါးနေ၏။

ကားက အပြန်လမ်းသို့ တောက်လျှောက် မောင်းနှင်လာခဲ့ပြီး မာဝန်က ရွှီယန် မျက်လုံးမှိတ်ကာ အိပ်ငိုက်နေသည်ကို မြင်သောအခါ ဆက်မပြောတော့ချေ။

ကားထဲရှိ အပူချိန်က အလွန် နွေးထွေးနေပြီး လေနွေးများက အလွန် သက်သောင့်သက်သာ ရှိအောင် တိုက်ခတ်နေ၏။ A6 က မူလကတည်းက သူဌေးကား ဖြစ်ပြီး သူဌေးများ စီးရန် သင့်တော်ကာ နောက်ခန်းတွင် ထိုင်ရသည်မှာ ပိုမို ကောင်းမွန်သော ခံစားချက်ကို ရရှိစေသည်။

ကားက တောင်ပေါ်လမ်းများကို ဖြတ်သန်းကာ လယ်ယာခြံဝင်းသို့ တောက်လျှောက် ပြန်လည် ရောက်ရှိလာခဲ့၏။ မာဝန်က ရွှီယန်ကို တစ်ချက် လှမ်းခေါ်လိုက်ရာ ရွှီယန်က အိပ်မက်ထဲမှ လန့်နိုးလာပြီး နှုတ်ခမ်းကို တသပ်သပ် လုပ်လိုက်ရင်း ပါးစပ် အနည်းငယ် ခြောက်သွေ့နေကြောင်း ခံစားလိုက်ရသည်။

"ရောက်ပြီလား... တော်တော် မြန်တာပဲ"

ရွှီယန်က ကားပေါ်မှ ဆင်းလိုက်၏။ ထိုအချိန်တွင် ကောင်းကင်က အနည်းငယ် မှောင်နေပြီ ဖြစ်သည်။

ခွေးလေးများက ပြေးထွက်ကာ ကြိုဆိုကြပြီး ရွှီယန်က သူတို့၏ ခေါင်းများကို ပွတ်သပ်ပေးလိုက်ကာ ကားနောက်ဖုံးမှ ကျောပိုးအိတ်ကို ထုတ်ယူပြီးနောက် ခြံဝင်းထဲသို့ ပြန်ဝင်ကာ အနားယူတော့၏။

သူက ခြံဝင်းတံခါးကို ဖွင့်လိုက်သည်။ တံခါး ပွင့်သွားသည်နှင့် ရှောင်ဟွာက ခုန်ထွက်လာပြီး ရွှီယန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ခုန်အုပ်ကာ ရွှီယန်ကို ဖက်ထားလိုက်တော့သည်။ ဤကောင်လေးက ယခုအခါ အနည်းငယ် လေးလံနေပြီဖြစ်ပြီး ပေါင် ၁၀၀ ကျော်ခန့် ရှိနေပြီ ဖြစ်၏။ ရွှီယန်ကိုပင် လဲကျလုနီးပါး ဖြစ်သွားစေခဲ့သည်။

"ရှောင်ဟွာ... ဖြည်းဖြည်း လုပ်ပါ"

ရွှီယန်က ၎င်းကို ပွေ့ဖက်ကာ အောက်သို့ ပြန်ချပေးလိုက်သော်လည်း ဤကောင်လေးက ရွှီယန်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေဆဲပင် ဖြစ်၏။ ဤကျားသစ်ဝက်တုတ်ကြီးကို မွေးမြူထားရသည်မှာလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

All Chapters