← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉) တစ်မူထူးခြားတဲ့ စာသင်ချိန်... မမျှော်လင့်ဘဲ ရောက်လာတဲ့ ကျားသစ်လေး

နွေဦးရာသီ။

စိုက်ပျိုးရေးတက္ကသိုလ်၏ အမှတ် ၃ လက်တွေ့စိုက်ခင်း။

တိရစ္ဆာန်သိပ္ပံ မေဂျာမှ ကျောင်းသားများသည် ဝိုင်းဖွဲ့နေကြပြီး ဖုန်းများကို ကိုင်ဆောင်ကာ ရွှီယန် ပြောပြနေသော တိရစ္ဆာန်များ၏ စရိုက်လက္ခဏာများကို နားထောင်နေကြ၏။

ဤသည်မှာ တစ်မူထူးခြားသော ပြင်ပ လက်တွေ့ကွင်းဆင်း သင်ခန်းစာ တစ်ခုပင် ဖြစ်သည်။

ရွှီယန်က ဒရယ်ပြောက်လေးကို အရင်ဆုံး ဆွဲခေါ်လာခဲ့သည်။ ဒရယ်ပြောက်ကို မြင်သောအခါ ကျောင်းသားများက ချက်ချင်းပင် အုတ်အော်သောင်းနင်း ပြောဆိုလာကြ၏။

"ခြံပိုင်ရှင် ရဲ့ ဒရယ်ပြောက်လေးက အရမ်း လှတာပဲ"

"ငါလည်း မွေးချင်နေတာ... ကျောင်းက ဒီလောက်အကောင်ကြီးတွေ မွေးခွင့်မပေးလို့လေ"

"တကယ် မိုက်တာပဲ"

ဒရယ်ပြောက်လေး ပန်ပီ မှာ ယခုအခါ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ ပန်ပီက ဒရယ်မလေး ဖြစ်သဖြင့် ချိုမထွက်လာဘဲ နားရွက်ကြီးများက ထောင်မတ်နေကာ ခြေတံလက်တံ သွယ်လျသဖြင့် ကြည့်ရသည်မှာ အလွန် လှပလှပေသည်။ ပန်ပီက တိရစ္ဆာန်သိပ္ပံ မေဂျာမှ ကျောင်းသားများကို သိချင်စိတ်ဖြင့် စူးစမ်းကြည့်ရှုနေ၏။

"ဒရယ်ပြောက် တွေရဲ့ သဘာဝက ဒီလိုပဲ... နွေရာသီ ဆိုရင် အညိုရောင် သန်းတဲ့ အနီရောင်လေး ဖြစ်နေပြီး အဖြူရောင် အပြောက်လေးတွေက အရမ်း ထင်ရှားတော့ ကြည့်ရတာ ချစ်စရာကောင်းတယ်"

"ဆောင်းတွင်းဘက် ဆိုရင်တော့ အမွေးတွေ ပိုရှည်လာပြီး အပြောက်တွေ သိပ်မထင်ရှားတော့ဘဲ အညိုရင့်ရောင် ဘက်ကို သွားတယ်"

"သူတို့ ဝမ်းဗိုက်ဘက်က အမွေးတွေက အဖြူရောင် ဆိုတော့ အရောင်စပ်ထားတာ အရမ်း လှတယ်လေ"

"ကျွန်တော့် အကောင်လေးက မွေးမြူထားတဲ့ ဒရယ်ပြောက် ဆိုတော့ ခန္ဓာကိုယ်က ပိုပြီး သွက်လက်ကြံ့ခိုင်တယ်"

ရွှီယန်က ဒရယ်ပြောက်လေးကို ပွတ်သပ်ရင်း အားလုံးကို ဒရယ်ပြောက်များနှင့် ပတ်သက်သော ဗဟုသုတများကို ရှင်းပြနေလိုက်၏။ ဥပမာ သမင်ချိုနုများကို မည်သို့ ဖြတ်ယူရသည်... ဒရယ်ပြောက်များ ဘာစားလေ့ရှိသည်... မည်သည့် ရောဂါများ အဖြစ်များတတ်သည် စသည်တို့ပင် ဖြစ်သည်။

ရွှီယန်၏ ရှင်းပြမှုက အလွန် ပရော်ဖက်ရှင်နယ် ဆန်လှပေသည်။ ကျောင်းသားများသာမက ဆရာများကပါ ဗီဒီယို ရိုက်ကူးနေကြ၏။ ထင်ထားသည့်အတိုင်းပင် ရွှီယန် စာသင်နေသည့် ဗီဒီယိုက သိပ်မကြာခင် အင်တာနက်ပေါ် ပြန့်နှံ့သွားမည်မှာ သေချာလှသည်။

တက္ကသိုလ်တွင် စာသင်ကြားနေရသည်နှင့် တူညီနေပြီး ဤအချက်ကို လုပ်နိုင်သော လိုက်ဖ်လွှင့်သူဆိုသည်မှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။

ဒရယ်ပြောက် အကြောင်း ရှင်းပြပြီးနောက် ရွှီယန်က မြင်းနက်ကြီး ကျင်းကျယ် ကို ဆွဲခေါ်လာခဲ့ပြန်သည်။

အားလုံးက ခန့်ညားထည်ဝါသော ဤမြင်းကြီးကို စောစောကတည်းက သတိထားမိနေခဲ့ကြ၏။ မြင်းနက်ကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အံ့ဩချီးကျူးသံများ ထွက်ပေါ်လာတော့သည်။

"ဝါး"

ကျင်းကျယ် က လူတိုင်း သူ့ကို ကြည့်နေမှန်း သိနေသည့်အလား ခေါင်းကို မော့ကာ ရင်ကော့ပြီး သူ၏ ကိုယ်ဟန်အနေအထားကို ဂုဏ်ယူဝင့်ကြွားစွာ ပြသနေတော့၏။

ယနေ့ စာသင်ချိန် ဆိုသည်ထက် ကျောင်းသားများက လယ်ယာခြံဝင်းမှ တိရစ္ဆာန်များကို လာကြည့်ကြသည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ တိရစ္ဆာန်သိပ္ပံ မေဂျာမှ ကျောင်းသားများ အားလုံးက တိရစ္ဆာန်များကို အလွန် နှစ်သက်ကြပြီး ကိုယ်ပိုင် အိမ်မွေးတိရစ္ဆာန်များလည်း မွေးမြူထားကြသည်။ သို့သော် အချို့ တိရစ္ဆာန်များကို ကျောင်းဝင်းထဲတွင် မမြင်တွေ့နိုင်သဖြင့် ဤသင်ခန်းစာက ကျောင်းသားများကို ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်၏။ တက္ကသိုလ်၏ စာသင်ချိန်များက နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပို၍ ပေါ့ပါးလွတ်လပ်လှပေသည်။

"မြင်းမွေးမြူတဲ့ နေရာမှာ သတိထားရမယ့် အချက်တွေ တော်တော်များတယ်... သူတို့က အိပ်တဲ့နေရာကို အရမ်း ဂျီးများတယ်... မြက်ခြောက်တွေကို ခဏခဏ လဲပေးရပြီး နေ့တိုင်းလည်း အပြင်ကို လမ်းလျှောက် ထွက်ပေးဖို့ လိုတယ်"

"ရာသီဥတု ကောင်းရင် ခြံထဲမှာ အလွတ် လွှတ်ထားလို့ ရတယ်... အပြင်ကို ထွက်မပြေးသွားအောင် ကြည့်ထားဖို့ပဲ လိုတာ"

"သူတို့က ခံစားချက် တော်တော်လေး ကြွယ်ဝတယ်... သေချာ ဂရုစိုက်ပြီး မွေးရင် အရမ်း စိတ်ချမ်းသာရတယ်... သေချာ မမွေးရင်တော့ တော်တော်လေး ခေါင်းမာတတ်ကြတယ်"

"ဒါကြောင့် မြင်းမွေးမယ်ဆိုရင် မြင်းခြံ ဒါမှမဟုတ် လယ်ယာခြံဝင်း တစ်ခုခု ရှိတာ အကောင်းဆုံးပဲ... ဒါမှ သူတို့ အပြင်ထွက် ပြေးလွှားပြီး စိတ်အပန်းဖြေလို့ ရမှာလေ"

ရွှီယန်က မြင်းနက်ကြီး၏ လည်ပင်းကို ပွတ်သပ်ရင်း မြင်းမွေးရာတွင် သတိထားရမည့် အချက်များကို အားလုံးအား ရှင်းပြနေလိုက်၏။

"ဘုရားရေ... အရမ်း မိုက်တာပဲ"

"သူဌေး မွေးထားတဲ့ တိရစ္ဆာန်တွေ အကုန်လုံးက အရမ်း လန်းတာပဲ"

"အားကျလိုက်တာ... ငါလည်း ခြံတစ်ခြံလောက် ဖွင့်ချင်လာပြီ"

"မင်းမှာ သူ့လောက် ပိုက်ဆံရှိမှ ရမှာပေါ့"

"ဒီမြင်းကြီးကို အပြင်မှာ မြင်ရတာ ပိုမိုက်တယ်ဟေ့"

ကျောင်းသားများက ဖုန်းများကို ကိုင်ကာ အဆက်မပြတ် ရိုက်ကူးနေကြသည်။

ဘေးရှိ တက္ကသိုလ် ဆရာများ နှင့် ကောလိပ်၏ ဒုတိယကျောင်းအုပ် တစ်ဦးတို့ပင် ဗီဒီယိုများကို ရိုက်ကူးနေကြ၏။ ဤမြင်ကွင်းမျိုးက ကြုံတောင့်ကြုံခဲ ဖြစ်ပေသည်။ တကယ့်ကို အကောင်းဆုံး ကြော်ငြာ ဗီဒီယို တစ်ခုပင် ဖြစ်၏။

ရှောင်ဟေး နှင့် မာလီနွိုက်ခွေး တို့လည်း ဘေးတွင် ရှိနေကြသော်လည်း ခွေးများ အကြောင်းကိုတော့ အများကြီး မိတ်ဆက် ရှင်းပြနေရန် မလိုတော့ချေ။ မည်သို့ပင်ဖြစ်စေ ခွေးဘယ်လို မွေးရမည် ဆိုသည်ကို အားလုံး သိထားကြသည် မဟုတ်ပါလား။

ရွှီယန်က မြင်းနက်ကြီး အကြောင်း မိတ်ဆက်ပြီးနောက် ဘေးသို့ ပြန်ဆွဲခေါ်သွားကာ ဝမ်ဝူကို ထိန်းကိုင်ထားစေလိုက်သည်။ ဤနေရာတွင် လူများပြားသဖြင့် ပြဿနာ တစ်ခုခု မဖြစ်စေရန် မြင်းကို သေချာ ထိန်းထားရမည် ဖြစ်၏။

ရွှီယန်က မလှမ်းမကမ်းသို့ ထပ်မံ လှမ်းကြည့်လိုက်သည်။

"ဟူတ... ဟူအာ..."

ရွှီယန်က တောင်ကုန်းလေး တစ်ခု ရှိရာဘက်သို့ လှမ်းအော်လိုက်၏။ ဟူတ နှင့် ဟူအာ ဆိုသည်မှာ ရွှီယန်က မြေခွေးအထီး နှစ်ကောင်ကို ပေးထားသော အမည်များ ဖြစ်သည်။ ခေါ်ရလွယ်ကူသဖြင့် ထိုသို့သာ ခေါ်လိုက်ခြင်း ဖြစ်၏။

ယနေ့ မြေခွေးလေး နှစ်ကောင်ကိုလည်း ရွှီယန်က ဖျောင်းဖျ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤနေရာတွင် လူများသဖြင့် သူတို့က အနောက်ဘက်တွင် ပုန်းနေကြပြီး အနားသို့ မကပ်ရဲကြချေ။

ရွှီယန်၏ ခေါ်သံကို ကြားသောအခါ ကောင်လေး နှစ်ကောင်က ချက်ချင်း ခေါင်းပြူထွက်လာပြီး ဤဘက်သို့ လှမ်းကြည့်ကြသည်။ ရွှီယန်က လက်ကမ်းကာ လာခဲ့ရန် အချက်ပြသည်ကို မြင်မှသာ ကောင်လေး နှစ်ကောင်က ရွှီယန်၏ အနားသို့ သတိကြီးစွာဖြင့် ပြေးလာကြတော့၏။ ထို့အပြင် အင်အင်အင် ဟုလည်း အော်မြည်နေကြသေးသည်။

"ဒါက တကယ့် တောရိုင်း မြေခွေး တွေပဲ... လတ်တလော မြေခွေးမလေး တစ်ကောင်က ကလေးမွေးတော့မှာ ဆိုတော့ သူတို့ အခု ကျွန်တော့်ခြံထဲမှာ လာနေနေကြတာ"

"မြင်းခွေးတွေက လူတွေနဲ့ တော်တော် ရင်းနှီးတတ်တယ်"

"ဆောင်းတွင်း ရောက်ရင် မြေခွေး အတော်များများက အပြင်ထွက်လာပြီး အစာ တောင်းစားတတ်ကြတယ်"

"ဒါပေမယ့် သူတို့က တောရိုင်း သဘာဝ တော်တော်လေး ကြီးတယ်... တောထဲကို ပြေးသွားပြီး ဆော့ရတာကို ပိုသဘောကျတယ်လေ... ဒါကြောင့် သူတို့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ထားလို့ မရဘူး"

ရွှီယန်က မြေခွေးလေး တစ်ကောင်ကို ပွေ့ချီကာ အားလုံးအား ရှင်းပြလိုက်၏။

ချစ်စရာကောင်းသော မြေခွေးလေးများကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ထပ်မံ အားကျသွားကြပြန်သည်။ လယ်ယာခြံဝင်းရှိ တိရစ္ဆာန်လေးများက အလွန် ချစ်စရာ ကောင်းလွန်းလှပေသည်။

တစ်ချိန်တည်းမှာပင်။ ရှောင်ဟွာ က လယ်ယာခြံဝင်း၏ ခြံထဲတွင် ရှိနေဆဲ ဖြစ်ပြီး ရွှီယန်ကို ထွက်ရှာချင်သဖြင့် တစ်ချက် ခုန်လိုက်ရာ ခြံစည်းရိုး နံရံပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ရောက်ရှိသွားပြီး နောက်တစ်ချက် ထပ်ခုန်ကာ အောက်သို့ ဆင်းလာခဲ့သည်။ ရှောင်ဟွာ က အပြင်ဘက်သို့ တောက်လျှောက် ပြေးထွက်လာခဲ့၏။

ကျားသစ်များ၏ အမြင်အာရုံက အလွန် ကောင်းမွန်လှသည်။ ၎င်းက လယ်ယာခြံဝင်း အပြင်ဘက်တွင် တစ်ပတ်ခန့် ပြေးလွှားပြီးနောက် အဝေးမှနေ၍ စိုက်ပျိုးရေးတက္ကသိုလ်၏ စိုက်ခင်းဘက်မှ လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရ၏။ မြင်းနက်ကြီး နှင့် ခွေးလေးများ အားလုံး ထိုနေရာတွင် ရှိနေသည်ကို မြင်လိုက်ရသည်။

ရှောင်ဟွာ က သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက် ခြံစည်းရိုးကို ဖောက်ထွက်ကာ ဤဘက်သို့ တောက်လျှောက် ခပ်သွက်သွက် ပြေးလာတော့၏။

ရွှီယန်၏ စာသင်ချိန် လေထုက အတော်လေး ကောင်းမွန်နေ၏။ ဤလှုပ်ရှားမှုက အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး ရွှီယန် ကိုယ်တိုင်လည်း ဤဖြစ်စဉ်ကို နှစ်သက်နေသည်။ လူတိုင်း၏ စိတ်ဝင်စားမှုက တူညီနေပြီး ရည်မှန်းချက် တူညီနေကြကြောင်းကို သူ ခံစားသိရှိနိုင်ပေသည်။ ထို့ကြောင့် မျှဝေရခြင်း၏ ပျော်ရွှင်မှုကို ခံစားနေရ၏။

ရွှီယန်က မြေခွေးများနှင့် ပတ်သက်သော အကြောင်းအရာ အချို့ကို ပြောပြပြီးနောက် ဤမျှဖြင့် အဆုံးသတ်ရန် ရည်ရွယ်ထားလိုက်သည်။

ထိုအချိန်မှာပင် ကျောင်းသားများ၏ အနောက်ဘက်တွင် ကျားသစ်လေး ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။ ကျောင်းသားများနှင့် ဆရာများ အားလုံးက ရွှီယန်ကိုသာ ကြည့်နေကြသဖြင့် အနောက်ဘက်ရှိ အခြေအနေကို သတိမထားမိကြချေ။

ရွှီယန်၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အံ့ဩတကြီး ပြောလိုက်သည်။

"ရှောင်ဟွာ... မင်း ဘယ်လိုလုပ် ရောက်လာတာလဲ"

ရွှီယန်၏ မျက်နှာ အမူအရာကို မြင်သောအခါ ကျောင်းသားများကလည်း ရွှီယန် ကြည့်နေသည့် ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ကျောင်းသား အချို့က ကျားသစ်လေးကို အရင်ဆုံး မြင်တွေ့သွားကြသည်။

"အမလေး"

မိန်းကလေး နှစ်ယောက်က လန့်ဖျပ်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ အနောက်သို့ ချက်ချင်း ပြေးကြတော့သည်။

"ဟာ... ကျားသစ်ကြီး"

အခြားသူများလည်း နောက်ကျမှ သတိထားမိသွားကြပြီး ထိတ်လန့်တကြားဖြင့် အနောက်သို့ ပြေးကြတော့၏။

မြင်ကွင်းက ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ဆရာများနှင့် ကျောင်းသားများ အားလုံး ပြေးလွှားနေကြ၏။

ရှောင်ဟွာ ကတော့ ဆန့်ကျင်ဘက် အနေဖြင့် ကျောင်းသားများကြောင့် လန့်သွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားကာ မျက်နှာ တစ်ခုလုံး အူကြောင်ကြောင် ဖြစ်နေတော့သည်။

"အားလုံးပဲ မကြောက်ကြနဲ့... ဒီကျားသစ်က လူကို အန္တရာယ် မပေးဘူး"

ရွှီယန်က အသံကျယ်ကျယ်ဖြင့် ကျောင်းသားများကို အလျင်အမြန် ချော့မော့ ပြောဆိုလိုက်၏။

လူများနေ၍လား သို့မဟုတ် ရွှီယန်၏ အော်သံကို ကြားလိုက်ရ၍လား မသိ... ကျောင်းသားများက ဘေးတစ်ဖက်သို့ ပြေးသွားကာ စုရုံးနေကြပြီး ဆက်မပြေးကြတော့ချေ။ သူတို့လည်း ထိုမျှလောက် မကြောက်ရွံ့ကြတော့ပေ။

သူတို့ အားလုံးက ကျားသစ်လေးကို သတိကြီးစွာဖြင့် စူးစမ်း ကြည့်ရှုနေကြပြီး လူအချို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များပင် ပေါ်လွင်နေ၏။ ထိုစဉ် ရွှီယန်က ကျားသစ်လေး၏ အနားသို့ လျှောက်သွားကာ ကျားသစ်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်ကို မြင်တွေ့လိုက်ကြရသည်။

"အားလုံးပဲ မကြောက်ကြနဲ့နော်... ဒီကျားသစ်က လူကို အန္တရာယ် မပေးပါဘူး"

"သူက ကျွန်တော်နဲ့ ရင်းနှီးလို့ ဒီကို ရောက်လာတာပါ"

ရွှီယန်က ရှင်းပြလိုက်၏။

ကျောင်းသားများက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာကြတော့သည်။

"ဘုရားရေ... အဲဒီ ကျားသစ်လေးပဲ... အရမ်း ချစ်စရာ ကောင်းတာပဲ"

"အရှင်လတ်လတ် အရှေ့မြောက် ကျားသစ်ကြီး... ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... ဒီနေ့ လာရတာ တကယ် တန်သွားပြီ"

"ဒီခြံပိုင်ရှင် က တကယ်ကို အစွမ်းထက်တာပဲ"

"အရှေ့မြောက် ကျားကို ယဉ်ပါးအောင် လုပ်နိုင်ပြီး ဝက်ဝံညိုကို ခြောက်လှန့် မောင်းထုတ်နိုင်တဲ့ ယောကျ်ား လို့ ပြောရလောက်တယ်"

"အစ်ကိုယန်... အစ်ကိုက ကျွန်တော့်ရဲ့ အိုင်ဒေါ ပဲ"

သတ္တိကောင်းသော ယောကျ်ားလေး အတော်များများက အသီးသီး အော်ဟစ်လိုက်ကြ၏။ ရွှီယန်ကတော့ အခြေအနေက ထင်မှတ်ထားသည်ထက် အနည်းငယ် လွန်ကဲနေသည်ဟု ခံစားလိုက်ရသဖြင့် လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

"အားလုံးပဲ... ဒီနေ့ စာသင်ချိန်ကိုတော့ ဒီမှာပဲ ရပ်လိုက်ကြရအောင်... သူ့ကို တောင်ထဲ အရင် ပြန်ခေါ်သွားလိုက်ဦးမယ်"

"ကျားသစ် ဆိုတာ တော်တော်လေး အန္တရာယ် များတယ်လေ"

ပြောရင်းနှင့်ပင် ရွှီယန်က ရှောင်ဟွာကို တစ်ချက် လှမ်းခေါ်လိုက်ပြီး အပြင်ဘက်သို့ လျှောက်သွားလိုက်၏။ အခြား တိရစ္ဆာန်များကိုတော့ ဝမ်ဝူ နှင့် မာဝန် တို့ကို ပြန်ခေါ်သွားခိုင်းလိုက်သည်။ ထိုသို့ဆိုလျှင် အတော်လေး အဆင်ပြေပေသည်။

တိရစ္ဆာန်သိပ္ပံ မေဂျာမှ ကျောင်းသားများက ရွှီယန်နှင့် ကျားသစ်လေး တို့ အဝေးသို့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ပို၍ပို၍ စိတ်လှုပ်ရှားလာကြ၏။ ယခုအခါ သူတို့က ရွှီယန်ကို နတ်ဘုရား တစ်ပါးကဲ့သို့ပင် သဘောထားနေကြပြီ ဖြစ်သည်။ တစ်ကမ္ဘာလုံးကို လိုက်ကြည့်မည် ဆိုပါကလည်း တောရိုင်း ကျားသစ်များနှင့် ကျားများကို ယဉ်ပါးအောင် လုပ်နိုင်သူ ဆိုသည်မှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။

"အိုင်ဒေါ... မသွားပါနဲ့ဦး... ကျားသစ်လေးကို နည်းနည်းလောက် ထပ်ကြည့်ပါရစေဦး"

"ဘုရားရေ... ကျားသစ်လေးက အရမ်း ချစ်စရာ ကောင်းတာပဲ... တစ်ခါလောက် သွားကိုင်ကြည့်ချင်လိုက်တာ"

"တကယ်ကို လှတာပဲ"

"ဒီအစက်အပြောက် တွေက အရမ်း လှတာပဲ"

အားလုံးက အဆက်မပြတ် ညည်းတွား ချီးကျူးနေကြ၏။ စာသင်ချိန်က အုတ်အော်သောင်းနင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ ကျားသစ်လေး ရုတ်တရက် ပေါ်လာခြင်းက စာသင်ချိန်၏ စည်းကမ်းကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။

သို့သော် လူတိုင်းက အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး ကျောင်းသားများရော ဆရာများပါ ထိုနည်းတူပင် ဖြစ်ကြ၏။ တောရိုင်း အရှေ့မြောက် ကျားသစ်များကို မြင်တွေ့ရရန် အလွန် ခက်ခဲလှပေသည်။ အရှေ့မြောက် ကျားများထက်ပင် ပို၍ ရှားပါးသေးသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းက ရွှီယန် ကဲ့သို့ နေ့တိုင်း ကျားသစ်ကို ပွတ်သပ်ခွင့် ရနေသည်မှ မဟုတ်ပါလား။

"ရှောင်ဟွာ... မင်း လူတွေကို နည်းနည်း ရှောင်နေရမယ်... လယ်ယာခြံဝင်း ထဲက လူတွေကလွဲရင် တခြားလူတွေကို မြင်တာနဲ့ ရှောင်ထွက်သွားတာ အကောင်းဆုံးပဲ"

ရွှီယန်က ရှောင်ဟွာ ကို အသက်ရှင် နေထိုင်ရေး အတွေ့အကြုံများ သင်ကြားပေးနေလိုက်၏။ မည်သို့ပင်ဖြစ်စေ ဤကောင်လေးက အလွန် ရိုးအလွန်းသဖြင့် နောက်ပိုင်း တောထဲတွင် လူဆိုးများကို မြင်တွေ့ပါက သေချာပေါက် သတိထားရမည် ဖြစ်သည်။

ရှောင်ဟွာ က နားလည်သလို နားမလည်သလိုဖြင့် ခေါင်းညိတ်ပြလိုက်၏။ မျက်လုံးများကတော့ ဖြူစင်နေဆဲပင် ဖြစ်သည်။

ရွှီယန်က ၎င်းကို လယ်ယာခြံဝင်းသို့ ပြန်မခေါ်သွားဘဲ တောင်ထဲသို့ ခေါ်သွားကာ တစ်ပတ်ခန့် လှည့်ပတ် လမ်းလျှောက်နေလိုက်သည်။ သိပ်မကြာခင်မှာပင် ရွှီယန် စာသင်နေသည့် ဗီဒီယိုများက အင်တာနက်ပေါ်သို့ ရောက်ရှိသွားခဲ့၏။

မည်သို့ပင်ဖြစ်စေ ပရိသတ် သန်းဂဏန်းခန့် ရှိသော လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်ရာ ရွှီယန်၏ လူကြိုက်များမှုက အတော်လေး ကောင်းမွန်လှပေသည်။ ဤကဲ့သို့သော ဗီဒီယိုများကို မြင်သောအခါ အင်တာနက်သုံးစွဲသူများလည်း ပျော်ရွှင်သွားကြတော့၏။

"နေပါဦး... လောင်ရွှီ က လိုက်ဖ် မလွှင့်ဘဲ စိုက်ပျိုးရေးတက္ကသိုလ် မှာ စာသွားသင်နေတာလား"

"ဟိုက်... ကျားသစ်တောင် ခေါ်သွားပြီး စာသင်သေးတယ်လား"

"တကယ်ကို အားကျလိုက်တာ... ငါလည်း စိုက်ပျိုးရေးတက္ကသိုလ် ကပဲလေ... ငါတို့ကျောင်းက ငါ့ကို ကျားသစ် တစ်ခါမှ ပေးမကြည့်ဖူးဘူး"

"ဒီသင်ခန်းစာက တကယ် မဆိုးဘူးပဲ... လောင်ရွှီ က တကယ် အစွမ်းထက်တာပဲ"

"သူက စိုက်ပျိုးရေးတက္ကသိုလ် နဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ကြားတယ်... လောင်ရွှီ ရဲ့ အရည်အချင်းက ကြီးမားလှတယ်ကွ"

"ငါ သူ့အကြောင်း ပိုသိလာလေ ပိုပြီး လေးစားလာလေပဲ... အစက တောင်ပေါ်တက်ပြီး မိသားစုကို လုပ်ကျွေးနေတဲ့ တောင်ပေါ်သားလို့ ထင်နေတာ... နောက်တော့ သူ့မှာ လယ်ယာခြံဝင်း တစ်ခု ရှိမှန်း သိလိုက်ရတယ်... ပြီးတော့ အဲဒါက ခြံကြီး တစ်ခြံ ဖြစ်နေပြန်ရော... နောက်တော့ ကျောင်းနဲ့ပါ ပူးပေါင်းဆောင်ရွက်မှု ရှိမှန်း သိလာရတယ်... ဒီကောင် ဘာလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားသေးလဲ မသိတော့ဘူး"

"အစ်ကိုယန် မိုက်တယ် လို့ပဲ ပြောနိုင်တော့တယ်ကွာ"

အင်တာနက်သုံးစွဲသူများက ဤကိစ္စနှင့် ပတ်သက်၍ အလွန် ချီးကျူးနေကြ၏။ ဤကိစ္စက အင်တာနက်ပေါ်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းက ဤချစ်စရာကောင်းသော တိရစ္ဆာန်များကို ကြည့်ရသည်ကို အလွန် နှစ်သက်ကြသည်။ အထူးသဖြင့် လူနှင့် တိရစ္ဆာန်များ အတူတကွ ဆော့ကစားနေသည့် မြင်ကွင်းများကိုပင်။ တိရစ္ဆာန်များကို နှစ်သက်သူများ အတွက်တော့ ဤမြင်ကွင်းများက နွေးထွေးပြီး လှပလွန်းလှပေသည်။

All Chapters