အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း ၁၀၁
ကျန်းဟန်သည် ဆရာမ ဝမ်ယိ၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း သိထားသောကြောင့် မူလက သူမထံ သွားရောက်အကူအညီတောင်းရန် စဉ်းစားခဲ့၏။
သို့သော်လည်း နဂါးထိန်းချုပ်သူဂိုဏ်း၏ ရူးသွပ်မှုကို သိရှိခဲ့ရပြီးနောက်တွင်မူ ကျန်းဟန် ဤကိစ္စကို လောလောဆယ် လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။
တစ်ချက်အနေဖြင့် နဂါးထိန်းချုပ်သူဂိုဏ်း ကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းကြီးတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ဆရာမ ဝမ်ယိ၏ နောက်ခံက အသုံးဝင်ချင်မှ အသုံးဝင်မည်ဖြစ်သည်။
အခြားတစ်ချက်မှာ သူသည် ဆရာမ ဝမ်ယိနောက်ကွယ်မှ အင်အားစုများကို အပြည့်အဝမယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ဆရာမကို ယုံကြည်သော်လည်း သူမနောက်ကွယ်မှ အင်အားစုများ၏ တကယ့်အခြေအနေကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။
အကယ်၍ ပိုလင်းသာ လူသိရှင်ကြားဖြစ်သွားပြီး ဆရာမ ဝမ်ယိနောက်ကွယ်မှ အင်အားစုများ၏ အန္တရာယ်ပြုခြင်းကို ခံရပါက ကပ်ဘေးကြီး ဆိုက်သွားမည်မဟုတ်ပါလော။
သူ၏ လက်ရှိအင်အားမှာ အလွန်အားနည်းလွန်းနေသေးသဖြင့် ခုခံနိုင်စွမ်း လုံးဝမရှိသေးချေ။ ထို့ကြောင့် မည်သူ့ကိုမျှ မပြောဘဲ လျှို့ဝှက်ထားပြီး ပိုင်လင်ကို ဝှက်ထားကာ မိမိအင်အား အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာမှသာ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
ထိုအချိန်ကျမှသာ မည်သူနှင့် ရင်ဆိုင်ရပါစေ အနည်းဆုံးတော့ သူကိုယ်တိုင် စကားပြောဆိုပိုင်ခွင့် ရှိလာပေလိမ့်မည်။
ထိုအချက်ကို သဘောပေါက်သွားပြီးနောက် ကျန်းဟန်သည် ပိုင်လင်းကို တစ်ချက်ပြန်ကြည့်လိုက်၏။ ထိုစဉ် ၎င်းအတွက် အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းအသစ်များ သူ့မျက်စိရှေ့တွင် ပေါ်လာတော့သည်။
[လမ်းကြောင်း ၁ - မိုးကြိုးနဂါးကျိန်စာ:
မိုးကြိုးနဂါးတစ်ကောင် သေဆုံးခဲ့သည့်နေရာကို ရှာဖွေပြီး ထိုနေရာတွင် နေ့စဉ် တစ်နာရီကြာ အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်ပါ။ မိုးကြိုးပစ်ခတ်မှုကို သုံးနာရီကြာ ကြံ့ကြံ့ခံရင်း ထိုသို့ ကြံ့ကြံ့ခံနေစဉ်အတွင်း မိုးကြိုးအသက်ရှူခြင်း အကြိမ်တစ်ထောင်၊ လျှပ်စီးထုတ်လွှတ်ခြင်း အကြိမ်တစ်ထောင်နှင့် လက်သည်းဖြင့်ဆွဲကုတ်ခြင်းနှင့် အမြီးဖြင့်ရိုက်ခြင်း ငါးရာစီကို ရက်ပေါင်း ၃၀ ဆက်တိုက် လေ့ကျင့်ပါ။
အောင်မြင်စွာ ပြီးဆုံးပါက မိမိ၏ မိုးကြိုးနဂါးသွေးမျိုးဆက်ကို ငါးဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ပြီး မိုးကြိုးနဂါးကျိန်စာကို ရရှိမည်ဖြစ်သည်။]
[လမ်းကြောင်း ၂ - သွေးစစ်မိုးကြိုးနဂါးအဖြစ် အသွင်ပြောင်းလဲခြင်း:
လျှပ်စီးအိုင်တစ်ခုနှင့် သွေးစစ်မိုးကြိုးနဂါးတစ်ကောင်၏ အရိုးများ သို့မဟုတ် လျှပ်စီးရေနဂါးဆယ်ကောင်၏ အရိုးများကို ရှာဖွေပါ။
ထို့နောက် မိုးကြိုးနဂါးအရိုးများ သို့မဟုတ် လျှပ်စီးရေနဂါးဆယ်ကောင်၏ အရိုးများကို လျှပ်စီးအိုင်ထဲသို့ ထည့်သွင်းကာ အိုင်ထဲသို့ ဆင်း၍ လျှပ်စီးအိုင်ထဲမှ ရေအားလုံးကို စုပ်ယူပြီးသည်အထိ အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်ပါ။ ထိုအခါ သွေးစစ်မိုးကြိုးနတ်နဂါးအဖြစ်သို့ အသွင်ပြောင်းလဲနိုင်မည်ဖြစ်သည်။
မှတ်ချက်။ ။ နဂါးမျိုးနွယ်စုဝင် အရိုးများများလေ ပိုကောင်းလေဖြစ်ပြီး အသွင်ပြောင်းလဲသွားမည့် သွေးစစ်နဂါးသည်လည်း ပိုမိုအစွမ်းထက်လာမည်ဖြစ်သည်။]
[လမ်းကြောင်း ၃ - ကျိန်စာသင့်နဂါးအဖြစ် အသွင်ပြောင်းလဲခြင်း:
အဆင့်သတ်မှတ်ချက် ခေါင်းဆောင်အဆင့်ထက်မနိမ့်သော၊ အဆင့်မြင့်လေ ပိုကောင်းလေဖြစ်သည့် ပြီးပြည့်စုံသော သားရဲအမြုတေများပါရှိသော ကျိန်စာအမျိုးအစား သားရဲများ၏ အလောင်းပေါင်း သုံးထောင်ကို ရှာဖွေပါ။
ကျိန်စာအမျိုးအစား သားရဲများ၏ အလောင်းများကို အသုံးပြု၍ ကျိန်စာကုန်းမြေတစ်ခု တည်ဆောက်ပြီး တစ်နေ့လျှင် တစ်ကြိမ် ကျိန်စာစွမ်းအင်ကို စုပ်ယူပါ။ ထိုနေ့တွင် ကျိန်စာစွမ်းအင်၏ တိုက်စားမှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း အသက်ရှူလေ့ကျင့်ခန်း သုံးသောင်း၊ ရှေ့သို့တိုးတိုက်ခြင်း၊ အမြီးဖြင့်ရိုက်ခြင်းနှင့် လက်သည်းဖြင့်ဆွဲကုတ်ခြင်း အကြိမ်တစ်သောင်းစီကို ပြီးမြောက်အောင် လုပ်ဆောင်ကာ အရိပ်သားရဲတစ်ကောင်ကို ဝါးမြိုပါ။
ကျိန်စာကုန်းမြေအတွင်းရှိ ကျိန်စာစွမ်းအင်များ လုံးဝပျောက်ကွယ်သွားသည်အထိ ယင်းအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ ထိုအခါ ခန္ဓာကိုယ်အတွင်းရှိ ကျိန်စာစွမ်းအင်ကို အခြေခံ၍ ကျိန်စာသင့်နဂါးပုံရိပ်ကို စုစည်းစေပြီး အနန္တနဂါးကျိန်စာကို ရရှိရန် မိမိကိုယ်ကိုယ်နှင့် ပေါင်းစပ်နိုင်သည်။
အနန္တနဂါးကျိန်စာသည် နဂါးတစ်ကောင်အား မည်သည့်ဓာတ်သဘာဝကန့်သတ်ချက်မျှမရှိဘဲ နဂါးကျိန်စာအမျိုးမျိုးကို သင်ယူနိုင်စေပြီး နဂါးတစ်ကောင်ကို သတ်ဖြတ်ရုံမျှဖြင့် ထိုနဂါး၏ နဂါးကျိန်စာကို တိုက်ရိုက်လုယူ ဖယ်ရှားပစ်နိုင်သည်။]
ကျန်ဟန်သည် သူ့ရှေ့မှ လင်းလက်နေသော စာတန်းငယ်များကို ကြည့်လိုက်မိသည်။ ပိုင်လင်နှင့် ဟုတ်ဟုတ်တို့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆင့်ကဲပြောင်းလဲပြီးကတည်းက အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ပါရမီသည် ပြင်ပပစ္စည်းများကို စတင်လိုအပ်လာခဲ့သည်။
နဂါးများ၏ ကနဦးဆင့်ကဲပြောင်းလဲမှုများသည် နေ့စဉ် လေ့ကျင့်ခန်းအချို့ကို ပြီးမြောက်ရန်သာ လိုအပ်သော်လည်း ယခုအခါတွင်မူ ပြင်ပပစ္စည်း အမြောက်အမြား လိုအပ်နေပြီဖြစ်သည်။
၎င်းသည် အံ့ဖွယ်ဒြပ်စင်ဟုခေါ်သော အရာရှိနေသည့်တိုင် အံ့ဖွယ်စွမ်းအင်သည် အရာဝတ္ထုများကို လေဟာနယ်ထဲမှ အလိုအလျောက် ဆင့်ကဲပြောင်းလဲမပေးနိုင်တော့ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဆင့်ကဲပြောင်းလဲမှုအတွက် အံ့ဖွယ်ဒြပ်စင်တစ်ခုတည်းအပေါ်တွင်သာ မှီခိုနေရလျှင် နှစ်ပေါင်းရာချီ သို့မဟုတ် ထောင်ချီကြာမြင့်သော လေ့ကျင့်မှုအချိန်များ လိုအပ်နိုင်ချေရှိသည်။
ပိုင်လင်၏ ယခင်အသွင်ပြောင်းလဲမှုကဲ့သို့ပင်။ သာမန်အခြေအနေမျိုးတွင်မူ အံ့ဖွယ်အသွင်ပြောင်းလဲခြင်းသည် နဂါးသွေးမျိုးဆက်ကို အစအနမျှသာ ပေးစွမ်းနိုင်မည်ဖြစ်သည်။
သို့သော်လည်း မိုးကြိုးရေနဂါးဦးချို ပေါ်ထွက်လာမှုကြောင့် ပိုင်လင်ကို နဂါးတစ်ပိုင်းအဖြစ်သို့ တိုက်ရိုက်ဆင့်ကဲပြောင်းလဲသွားစေခဲ့သည်။
ဤရုပ်ဝတ္ထုပစ္စည်းများသည် သားရဲ၏ အသွင်ပြောင်းလဲမှုကို မြန်ဆန်စေမည့် ဓာတ်ကူပစ္စည်းများ ဖြစ်ပုံရ၏။ ၎င်းတို့မရှိပါက သားရဲကို လေ့ကျင့်ပေးခြင်းနှင့် အံ့ဖွယ်ဒြပ်စင် စုဆောင်းခြင်းသက်သက်အပေါ်၌သာ မှီခိုနေရမည်ဖြစ်ပြီး အလွန်ရှည်လျားသော အချိန်ကာလတစ်ခု ကြာမြင့်ပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား အံ့ဖွယ်ဒြပ်စင်သည် နတ်ဘုရားကဲ့သို့ စွမ်းပကားကြီးမားလှသော တည်ရှိမှုတစ်ခုအဖြစ် ရှိနေဆဲပင်။
ဥပမာအားဖြင့် မိုးကြိုးရေနဂါးဦးချိုတစ်ခုတည်းကိုပဲ ကြည့်ပါ။ ၎င်းကို ထိပ်တန်း သားရဲမွေးမြုရေး ပညာရှင်များထံ ပေးလိုက်လျှင်ပင် ၎င်းတို့အနေဖြင့် ထိုဦးချိုကိုသုံးပြီး လျှပ်စီးပိုးကောင် တစ်ကောင်အား ခရမ်းရောင်မိုးကြိုးရေနဂါးအဖြစ် ဆင့်ကဲပြောင်းလဲပေးနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ထိုအရာက လုံးဝမဖြစ်နိုင်သောအရာ ဖြစ်သည်။
ထိုရေနဂါးချိုတွင် အလွန်ဆုံးရှိမှ မိုးကြိုးရေနဂါး၏ စွမ်းအင်အချို့နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းပစ္စည်းအချို့သာ ပါဝင်သော်လည်း အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ပါရမီသည် အံ့ဖွယ်ဒြပ်စင်ကို အခြေခံကာ ပိုင်လင်းအား ခရမ်းရောင်မိုးကြိုးရေနဂါးတစ်ကောင် ဖြစ်လာစေခဲ့သည်။
ထို့ကြောင့် အံ့ဖွယ်ဒြပ်စင်နှင့် အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ပါရမီတို့သည်သာ စစ်မှန်သော ဇာတ်လိုက်များဖြစ်ကြောင်း ထင်ရှားပေသည်။
လမ်းကြောင်း ၂ ရှိ သွေးစစ်မိုးကြိုးနဂါးအဖြစ် အသွင်ပြောင်းလဲခြင်းတွင် ဖော်ပြထားသည့်အတိုင်းပင်။ သွေးစစ်မိုးကြိုးနဂါးတစ်ကောင်၏ အရိုးများ သို့မဟုတ် လျှပ်စီးရေနဂါးဆယ်ကောင်၏ အရိုးများလိုအပ်သည်။
၎င်းတို့ကို လျှပ်စီးအိုင်ထဲသို့ ထည့်သွင်းကာ အသက်ရှူလေ့ကျင့်ခန်းကို ပြီးမြောက်အောင်လုပ်ဆောင်ပြီး အိုင်ထဲမှရေများကို စုပ်ယူနိုင်သရွေ့ အသွင်ပြောင်းလဲမှုကို ပြီးမြောက်စေနိုင်သည်။
သာမန်အခြေအနေမျိုးတွင်မူ အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ပါရမီ၏ အကူအညီမပါဘဲ ဤအရာမှာ လုံးဝမဖြစ်နိုင်ချေ။
နဂါးအမျိုးအစား သွေးမျိုးဆက်မှ နဂါးတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲခြင်းက အသွင်ပြောင်းလဲမှုတစ်ဆင့်ဆိုလျှင် ရေနဂါးမှ သွေးစစ်နဂါးအစစ်အဖြစ်သို့ ပြောင်းလဲခြင်းက နောက်ထပ်အဆင့်တစ်ခု ဖြစ်သည်။
အကယ်၍ ရှေ့ဖြစ်စဉ်က ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသည်ဆိုပါက နောက်ဖြစ်စဉ်မှာမူ ကမ္ဘာမြေနှင့် နေမင်းကြီးကဲ့သို့ ကွာခြားလှသဖြင့် ၎င်းတို့မှာ တစ်ဆင့်တည်း၊ တစ်တန်းတည်း လုံးဝမဟုတ်ပေ။
ကျန်းဟန် နားလည်ထားသော အချက်အလက်များအရ ဤကမ္ဘာပေါ်တွင် သွေးစစ်နဂါးအစစ်များ ရှိ၊ မရှိဆိုသည်မှာ ငြင်းခုံနေရဆဲဖြစ်ပြီး ရှိလျှင်ပင် အရေအတွက် အလွန်နည်းပါးမည်မှာ သေချာသည်။
သို့သော်လည်း အံ့ဖွယ်ဆင့်ကဲဖြစ်စဉ် လမ်းကြောင်း ၂ က တောင်းဆိုထားသော လိုအပ်ချက်များမှာ အောင်မြင်ရန် အထူးတလည် ခက်ခဲလွန်းလှသည်တော့ မဟုတ်ပေ။
လျှပ်စီးအိုင်ဆိုသည်မှာ အရည်ပျော်နေသော လျှပ်စီးများဖြင့် ပြည့်နှက်နေသည့် အိုင်တစ်ခုဖြစ်ပြီး ကောင်းကင်အမြင့်တွင် တည်ရှိသည်ဟု ဆိုကြသည်။
သွေးစစ်မိုးကြိုးနဂါးများကို ရှာဖွေရန် ခက်ခဲသော်လည်း လျှပ်စီးရေနဂါးများမှာမူ အမြောက်အမြား ရှိနေသည်မှာ သေချာသည်။ လက်ရှိတွင် ကျန်းဟန်၏ အဆင့်မှာ နိမ့်ပါးနေသေး၍သာဖြစ်ပြီး သူ၏အင်အား ကြီးထွားလာသည်နှင့်အမျှ လျှပ်စီးရေနဂါးအလောင်းများကို သူ သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။
နဂါးထိန်းချုပ်သူဂိုဏ်း ကဲ့သို့သော အဖွဲ့အစည်းများတွင် ၎င်းတို့ကို သိုလှောင်ရုံ၌ အမြောက်အမြား သိမ်းဆည်းထားမည်မှာ သေချာပြီး ထိုက်တန်သော တန်ဖိုးကို ပေးချေရုံဖြင့် ဝယ်ယူနိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်က သွားရောက်၍ ရေနဂါးအရိုးစုဆယ်ခုနှင့် လျှပ်စီးအိုင်ထဲမှရေတို့ ပေါင်းစပ်ပါက သွေးစစ်မိုးကြိုးနဂါးတစ်ကောင် ထွက်လာနိုင်သည်ဟု ၎င်းတို့ကို သွားပြောလျှင်မူ ၎င်းတို့က သင့်ကို ငတုံးတစ်ယောက်လို ကြည့်ပြီး လုံးဝဂရုစိုက်မည်မဟုတ်ပေ။
အကယ်၍ ဤမျှလောက် ရိုးရှင်းနေပါက ၎င်းတို့၏ နဂါးထိန်းချုပ်သူဂိုဏ်းသည် ဤကမ္ဘာကြီးကို လွန်ခဲ့သောအချိန်ကတည်းက စိုးမိုးထားပြီးဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် အံ့ဖွယ်ဒြပ်စင်နှင့် အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ပါရမီတို့သည်သာ အမှန်တကယ် အစွမ်းထက်လှသော Bug များ ဖြစ်ကြသည်။ ထိုဆန်းကြယ်သော အံ့ဖွယ်ဒြပ်စင်အပေါ် မှီခိုခြင်းဖြင့် မဖြစ်နိုင်သမျှသောအရာ အားလုံးကို ဖြစ်နိုင်ချေရှိသောအရာများအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ထိုမှတ်ချက်ကို မတွေ့လိုက်ပါလော။ အကယ်၍ ကျနဟန်အနေဖြင့် နဂါးအလောင်းများကို ပိုမိုရရှိပြီး အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ပါရမီနှင့် ပေါင်းစပ်နိုင်မည်ဆိုပါက သူသည် ဘိုးဘေးနဂါးသို့မဟုတ် ကမ္ဘာဦးနဂါး တစ်ကောင်ကိုပင် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည်။
ထို့အပြင် တတိယမြောက် ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းဖြစ်သည့် ကျိန်စာသင့်နဂါးလည်း ရှိသေးသည်။
ကျန်းဟန်သည် အမှန်တကယ်တွင် ထိုလမ်းကြောင်းကို ပိုမိုစိတ်ဝင်စားနေမိသည်။ မိုးကြိုးနဂါးများနှင့် မီးနဂါးများမှာ ဒြပ်စင်နဂါးများသာ ဖြစ်ကြပြီး ကျိန်စာသင့်နဂါးကဲ့သို့သော အမျိုးအစားများမှာမူ ပိုမိုမြင့်မားသောအဆင့်ရှိ စည်းမျဉ်းနဂါးများတွင် ပါဝင်သည်။
ကျန်းဟန်သည် ကျိန်စာသင့်နဂါးအကြောင်းကို တစ်ခါမျှ မကြားဖူးသော်လည်း ၎င်း၏ အနန္တနဂါးကျိန်စာ တစ်ခုတည်းနှင့်တင် မိုးကြိုးနဂါး သို့မဟုတ် အခြားနဂါးများထက် များစွာပိုမိုအစွမ်းထက်ကြောင်း သိသာထင်ရှားလှပေသည်။
အဘယ်ကြောင့်ဆိုသော် နဂါးကျိန်စာဆိုသည်မှာ သွေးစစ်နဂါးတစ်ကောင်၏ အဆီအနှစ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ကျန်းဟန် သိထားသောကြောင့် ဖြစ်သည်။ ၎င်းသည် အစွမ်းထက်ဆုံး ပါရမီဗီဇနှင့် ထပ်တူထပ်မျှဖြစ်ပြီး ၎င်းကို ထုတ်ဖော်အသုံးပြုရန်အတွက် ဝိညာဉ်စွမ်းအား ကုန်ဆုံးရန် မလိုသလို မည်သည့်စည်းကမ်းချက်မျှ မလိုအပ်ဘဲ ချက်ချင်းလက်ငင်း ဖြစ်ပေါ်စေနိုင်သည်။
နဂါးတစ်ကောင်သည် မိမိသက်တမ်းတစ်လျှောက်လုံးတွင် နဂါးကျိန်စာ တစ်ခုတည်းကိုသာ ပိုင်ဆိုင်နိုင်သော်လည်း ဤကျိန်စာစွမ်းအင်သည်မူ အမှန်တကယ် အနန္တနဂါးကျိန်စာများကို ပိုင်ဆိုင်နိုင်ပြီး ဓာတ်သဘာဝကန့်သတ်ချက်များလည်း မရှိပေ။ ဤသည်မှာ တစ်ခါမျှ မကြားစဖူး အံ့ဩစရာပင်။
ထို့အပြင် ဤမျှအစွမ်းထက်လှသော တည်ရှိမှုကို အဆင့်နိမ့်ကျိန်စာအမျိုးအစား သားရဲအချို့၏ အလောင်းများနှင့် လေ့ကျင့်မှုအချို့ကို ပေါင်းစပ်ရုံမျှဖြင့် ရရှိနိုင်သည်ဖြစ်ရာ အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ပါရမီ၏ ကြောက်မက်ဖွယ်ကောင်းပုံမှာ ဤအချက်ကိုကြည့်ရုံဖြင့် ထင်ရှားနေပေသည်။
သားရဲထိန်းချုပ်သူ အသက်မွေးဝမ်းကျောင်းအတတ်ပညာ အကြောင်းကို ပိုမိုနားလည်လာလေလေ အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ပါရမီက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ကျန်းဟန် ပို၍သဘောပေါက်လာလေလေ ဖြစ်သည်။
၎င်းသည် မရှိရာမှ ရှိရာသို့ ဖန်တီးပေးခြင်းနှင့် လုံးဝခြားနားမှုမရှိချေ။
သူ့ရှေ့မှ ပိုင်လင်းအတွက် ဆန်းသစ်လှသော အံ့ဖွယ်လမ်းကြောင်းများကို ကြည့်ရင်း ကျန်းဟန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထလာခဲ့သည်။ သူသည် ဤလမ်းကြောင်းများကို ချက်ချင်းလက်ငင်း ပြီးမြောက်အောင်လုပ်ဆောင်ပြီး ကောင်းကင်ထက်တွင် ပျံသန်းကာ သက်ရှိခပ်သိမ်းတို့ကို တုန်ရင်စေမည့် ပြိုင်ဘက်ကင်း နတ်နဂါးကြီးတစ်ကောင်ကို ရရှိချင်စိတ်များ ပြင်းပြနေမိတော့သည်။
“ဟူး...”
သူ၏ စိတ်ခံစားချက်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်း နှစ်ချက်ခန့် ရှူသွင်းလိုက်ပြီးနောက် ကျန်းဟန်သည် သူ့ရှေ့တွင် ဆော့ကစားနေဆဲဖြစ်သော ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့ကို ကြည့်ကာ ပြောလိုက်သည်။
“ငါ တစ်ခု ကြေညာမယ်။ အခုကစပြီး ပိုင်လင်းကို လူမသိအောင် ဖုံးကွယ်ထားပြီး ငါ့ရဲ့ လျှို့ဝှက်လက်နက်အဖြစ် ထားမယ်။ သူများရှေ့မှာ လုံးဝ ထုတ်မပြဘူး။ ဟုတ်ဟုတ်ကတော့ ပိုင်လင်းရဲ့ ယခင်နေရာကို အစားထိုးပြီး ငါ့ရဲ့ ပုံမှန်တိုက်ခိုက်ရေးဖော်အဖြစ် တာဝန်ယူရမယ်။”