← Chapters

အခန်း ၄၄၃

Vol. 45 Ch. 443

အခန်း ၄၄၃

Vol. 45 Ch. 443

အခန်း။ ၄၄၃

လက်သီးဆုပ်အရွယ်ရှိသော အတွင်းပိုင်းဝိညာဉ်အူတိုင်ကို အနီးရှိထောင့်တစ်ခုသို့ ပေါ့ပေါ့ပါးပါး ပစ်လိုက်သည်။

ထိုနေရာတွင် လက်ဝါးတစ်ထွာခန့်သာရှိသော မြွေဖြူငယ်လေးသည် အတွင်းပိုင်းအူတိုင်ရာပေါင်းများစွာဖြင့် ပြုလုပ်ထားသော တောင်ငယ်လေးထဲတွင် တူးဆွကစားနေရင်း ပျော်ရွှင်နေသည်။

"အာ... ချန်ကျီရှင်း ငါတို့ ဒီကနေ ဘယ်တော့ ထွက်သွားမှာလဲ။ နေ့တိုင်း မိစ္ဆာသတ်၊ မိစ္ဆာသတ်နဲ့ ငါ အရမ်းမုန်းနေပြီ။ ငါ ခုတ်စရာလူတစ်ယောက်လောက် ရှာပေးလို့ မရဘူးလား"

"ဘာလဲ... မင်းအဆင့်က မြင့်လာတော့ ငါ့ကို ဆရာလို့ မခေါ်ရုံတင်မကဘူး။ ငါ့နာမည်ကိုတောင် မခေါ်တော့ဘဲ ဆဲဆိုနေတာလား"

"ရှင်က ဆရာလို့ ခေါ်ရင် ကျွန်မကို ခုတ်စရာလူ ရှာပေးမှာမို့လို့လား"

"ဒီလို လူသူအရောက်အပေါက်နည်းတဲ့ တောအုပ်ထဲမှာ ငါက ဘယ်သူ့ကို သွားရှာပေးရမှာလဲ"

"ကျွန်မ မသိဘူး ကျွန်မ လူတစ်ယောက်လောက် ခုတ်ချင်တယ်။ လူတစ်ယောက်လောက် ခုတ်ချင်တာပဲ... အာ... ရှင်သာ လူတစ်ယောက်လောက် မခုတ်ခိုင်းရင် ရှင့်ကို ချန်ကျီရှင်း၊ ချန်ကျီရှင်း၊ ချန်ကျီရှင်း... လို့ပဲ ခေါ်မှာနော်"

ချင်းကျီဓားဝိညာဉ်မှာ တတွတ်တွတ်ပြောဆိုနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး လေထဲသို့ ပျံသန်းထွက်ခွာသွားသည်။

"အား"

ချန်ကျီရှင်း: "….."

မိန်းမပျိုတစ်ဦး၏ အော်သံကို ကြားလိုက်ရသဖြင့် သူသည် ကျောက်စိမ်းမှန်ထဲမှ အကြည့်ကို ခွာလိုက်သည်။

ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ ခဏမျှ ကြောင်အသွားသည်။

မိုချင်းယွဲ့၏ နဖူးတည့်တည့်ကို မသေမျိုးဓားတစ်လက်က ထောက်ထားသည်။

နဖူးအလယ်ဗဟိုတွင် သွေးစက်တစ်ခု စတင်ပေါက်ထွက်လာပြီး နှာတံတစ်လျှောက် အနီရောင်သွေးစက်များ စီးကျနေသည်။

ချန်ကျီရှင်း: "..."

သူ့နဖူးကို ပြန်ပွတ်သပ်လိုက်ရင်း ချန်ကျီရှင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"ချင်းကျီ... ပြန်လာခဲ့တော့"

"မလာဘူး"

"အင်း"

"ဇွီ..." ဟူသော အသံနှင့်အတူ ထိုဓားဝိညာဉ်မှာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ ဘယ်နေရာမှာ ပုန်းကွယ်သွားမှန်းလည်း မသိတော့ပေ။

"တောင်းပန်ပါတယ် ချင်းယွဲ့ ဓားဝိညာဉ်က ကျွန်တော်နဲ့ စိတ်ကောက်နေလို့ မတော်တဆ ထိခိုက်မိသွားတာပါ"

"မဟုတ်ပါဘူး... အဆင်ပြေပါတယ်"

မိုချင်းယွဲ့သည် ဖျော့တော့နေသော သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်သည်။ နဖူးမှ စီးကျနေသော သွေးစက်များနှင့်အတူ သူမ၏ပုံစံမှာ ကြေကွဲဖွယ်ရာ အလှတရားတစ်ခုကို ဆောင်ကြဉ်းနေသည်။

ထိုအချိန်တွင် မိုချင်းယွဲ့သည် ချန်ကျီရှင်း၏အကြည့်ကို ခဏတာ စိုက်ကြည့်နေမိသည်။ ထို့နောက် ချန်ကျီရှင်းက ရှေ့သို့တိုးလာပြီး သူမ၏ နဖူးမှ သွေးစက်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။

"အရင်ဆုံး သွေးတိတ်အောင် လုပ်လိုက်မယ်"

"ကျွန်မ..."

မိုချင်းယွဲ့သည် နည်းလမ်းမျိုးစုံ သုံးခဲ့သော်လည်း နိဗ္ဗာန်အဆင့်အထိပင် သွေးပြန်လည်ထုတ်လုပ်နိုင်စွမ်း ရှိသည့်တိုင် နဖူးမှ ဒဏ်ရာအသေးလေးကို မတိတ်အောင် ဖြစ်နေခဲ့သည်။

သို့သော် ယခု ချန်ကျီရှင်း၏ လက်ဖြင့် ထိတွေ့လိုက်သည်နှင့် ဒဏ်ရာမှာ ချက်ချင်း ပြန်ပိတ်သွားသည်။

ဤမှော်ဆန်သော အပြောင်းအလဲကြောင့် မိုချင်းယွဲ့မှာ အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ခဏစဉ်းစားပြီးနောက် မိုချင်းယွဲ့က တိုးညင်းစွာ မေးလိုက်သည်။

"ကျီရှင်း... ရှင် နောက်ပိုင်းမှာ ဓားပညာကို ကျင့်ကြံနေတာလား"

"ဟုတ်ကဲ့... အဲဒီလိုမျိုးပါပဲ"

တတွတ်တွတ်ပြောတတ်သည့် ဓားဝိညာဉ်ကို ထိန်းကျောင်းရင်း စိတ်ငြိမ်အောင် ထားရခြင်းမှာလည်း ဓားပညာကျင့်စဉ် တစ်မျိုးဟု ဆိုနိုင်မည်ပင်။

"သံသယဖြစ်စရာ မလိုတော့ပါဘူး ရှင့်ရဲ့ ခုနက တိုက်ခိုက်မှုမှာ ထာဝရအသက်ရှည်ခြင်းကို တစ်ချက်တည်းနဲ့ ဖြတ်တောက်နိုင်မယ့် အရိပ်အယောင်လေး ပါနေတယ်"

သူမသည် သူမ၏မျက်လုံးထဲမှ အံ့အားသင့်မှုနှင့် မနာလိုမှုကို ဖုံးကွယ်ရန် ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်သည်။

ချန်ကျီရှင်းသည် ဤခေတ်၏ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း သူမ ကြာမြင့်စွာကတည်းက သိထားသော်လည်း ထိုတိုက်ခိုက်မှုကို မြင်လိုက်ရသည့်အခါ သူမ၏ ရင်ထဲတွင် မနာလိုမှုများ လှိုင်းထန်လာသည်။

အသက်ငါးနှစ်ကတည်းက ဓားပညာကို စတင်လေ့လာခဲ့သည့် မိုချင်းယွဲ့သည် (၉၄) နှစ်ကြာအောင် ကျင့်ကြံခဲ့ရသော်လည်း ယခုမှသာ ဓားစိတ်ကြည်လင်ခြင်း၏ အစွန်းအထင်းကိုသာ ထိတွေ့နိုင်သေးသည်။

သို့သော် သူမရှေ့က ဒီလူကတော့...

တိတ်ဆိတ်စွာဖြင့် စိတ်ကို ပြန်ထိန်းပြီးနောက် မိုချင်းယွဲ့သည် ချန်ကျီရှင်း၏လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်ကာ မျက်လုံးကို စိုက်ကြည့်ရင်း အလေးအနက် ပြောလိုက်သည်။

"ကျီရှင်း... ရှင် ရှင့်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ရှာတွေ့သွားပြီ"

"အင်း"

ချန်ကျီရှင်းမှာ နားမလည်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

"ဓားတစ်ချက်တည်းနဲ့ ထာဝရအသက်ရှည်ခြင်းကို ဖြတ်တောက်နိုင်ရင် ဓားတစ်ချက်တည်းနဲ့ ထာဝရအသက်ရှည်ခြင်းကို သက်သေပြနိုင်မှာပါ။ ကျီရှင်း... ဓားတာအိုကလည်း ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းပါပဲ။ အနည်းဆုံးတော့... ရှင် ဖြစ်အောင် လုပ်နိုင်မှာပါ"

"အာ... ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ချင်ယွဲ့... အခု ကျွန်တော့်လက်ကို လွှတ်ပေးလို့ ရမလား"

စကားပြောရင်း ချန်ကျီရှင်းသည် မိုချင်းယွဲ့ ဆွဲကိုင်ထားသဖြင့် တွန့်သွားသော သူ၏လက်မောင်းကို ညွှန်ပြကာ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် မိုချင်းယွဲ့မှာ သူ့ကို ကြောင်အစွာဖြင့် ငေးကြည့်နေမိတော့သည်။

ရိုးရှင်းခြင်း။

ပညာရှင်ဆန်သော အငွေ့အသက်….

သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်ခြင်း….

နူးညံ့သိမ်မွေ့သော ရုပ်ရည်….

ထူးချွန်ထက်မြက်သော အရည်အချင်း….

ဓားဝိညာဉ်နှင့် ဆက်သွယ်နိုင်သည့် ဓားပညာ….

ဤသည်မှာ မိုချင်းယွဲ့တစ်ယောက် ဓားတာအိုတွင် အောင်မြင်မှုရရှိပြီးနောက် သူမကိုယ်သူမ ဖြစ်ချင်ခဲ့သော ပုံစံမျိုးပင်။

"ကျီရှင်း..."

သူမ၏ လက်သည် သူမရှေ့ရှိ မျက်နှာကို ထိတွေ့ရန် အလိုအလျောက် ရွေ့လျားသွားသည်။

ထိတွေ့ခါနီးအချိန်တွင်

"ဇွီ"

မိုချင်းယွဲ့၏ လက်ချောင်းထိပ်တွင် ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

ထိုနာကျင်မှုနှင့်အတူ ကောင်းကင်စံအိမ်တော်၏ သူတော်စင်မလေးမှာ စိတ်ကူးယဉ်လောကမှ ရုတ်တရက် နိုးထလာခဲ့ရသည်။

"အာ... တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျီရှင်းရယ်။ တကယ်ကို တောင်းပန်ပါတယ် ကျွန်မ..."

"ရပါတယ်"

ချန်ကျီရှင်းက ခေါင်းခါရင်း ပြောလိုက်သည်။

"ဒါနဲ့... ချင်ယွဲ့ ဒီတစ်ခါရော ကျွန်တော့်ကို ဘာများ ပြောစရာ ရှိလို့လဲ"

"အာ... ဟုတ်သားပဲ ကျွန်မကလည်း... ပြောဖို့ မေ့သွားလိုက်တာ"

လက်ချောင်းထိပ်မှ တရစပ် နာကျင်မှုက မိုချင်းယွဲ့ကို သူမလာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြန်လည်သတိရစေသည်။

"ကျီရှင်း... ရှင့်ရဲ့ ချန်မိသားစု ဦးဆောင်ပြီး ကျန်းနန်နယ်မြေအတွင်းကို ပြင်ပလူတွေ လုံးဝမဝင်ရအောင် ပိတ်ဆို့ထားတာကို သိပြီးပြီလား"

မိုချင်းယွဲ့သည် အဆင်မပြေမှုကို ဖုံးကွယ်ရန်အတွက် သူမ၏ ဆံပင်များကို သပ်တင်လိုက်သည်။

"ဟင်"

ယခုတစ်ကြိမ်တွင်မူ ချန်ကျီရှင်းမှာ အမှန်တကယ်ပင် အံ့အားသင့်သွားသည်။

"ချန်မိသားစုက တောင်ဘက်ဒေသကို ပိတ်ဆို့လိုက်တာလား"

"ဟုတ်တယ် တောင်ဘက်ဒေသကို ဝင်ရောက်ခွင့်ရတဲ့ တစ်ခုတည်းသောလမ်းကြောင်းက ကောင်းကင်စံအိမ်တော်ရဲ့ ပျံသန်းရေးသင်္ဘောပဲ ရှိတော့တယ်။ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ ကြေးနန်းပို့စနစ်တွေကိုလည်း ဖြတ်တောက်ထားတယ်... ကျီရှင်း ကျွန်မ ဒီကိုလာတာက ကျွန်မရဲ့ ဆရာဦးလေးကိုယ်စား မေးမြန်းဖို့ပါ။ ရှင့်တို့ ချန်မိသားစု ဘာတွေ ကြံစည်နေတာလဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ကောင်းကင်စံအိမ်တော်အနေနဲ့ ရှင့်တို့ကို တန်ပြန်လုပ်ဆောင်ရလိမ့်မယ်"

"ကျွန်တော် မသိဘူး"

"ရှင်... မသိဘူး"

"ကျွန်တော် သိသင့်လို့လား"

ချန်ကျီရှင်းက သူ့မျက်နှာကို လက်ညှိုးထိုးပြရင်း "ကျွန်တော် အဲ့ကို မပြန်ဖြစ်တာ နှစ်လကျော်

ပြီ။ သူတို့က မြောက်ဘက်ဒေသရဲ့ ကြေးနန်းပို့စနစ်ကိုပါ ပိတ်လိုက်ပြီဆိုတော့ မိသားစုကိစ္စကို ဘယ်သူကများ ကျွန်တော့်ဆီ လာသတင်းပို့နိုင်ပါ့မလဲ"

မိုချင်းယွဲ့: "..."

ဟုတ်သလိုလိုပါပဲ...

ဒါပေမဲ့ သူက ချန်မိသားစုရဲ့ ခေါင်းဆောင်လေ...

"ဆိုတော့... ရှင် တကယ်ပဲ ဘာမှ မသိရသေးဘူးပေါ့"

သံသယဖြစ်မိသဖြင့် မိုချင်းယွဲ့က တစ်ချက်ထပ်မေးသည်။

ချန်ကျီရှင်းမှာ သူမကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်လိုက်သည်။

သူသာ အမှန်တကယ် သိခဲ့ရင်... သူ့မိသားစုကို ဒီလိုမျိုး အဖြစ်ခံပါ့မလား...

All Chapters