← Chapters

အခန်း ၄၄၄

Vol. 45 Ch. 444

အခန်း ၄၄၄

Vol. 45 Ch. 444

အခန်း။ ၄၄၄

နောက်ထပ် သုံးလခွဲဆိုလျှင် ကောင်းကင်စံအိမ်တော်မှ ထာဝရအသက်ရှည်ခြင်းအဆင့်ဘိုးဘေးနှစ်ပါး ပြန်လည်ရောက်ရှိလာတော့မည်။

ယခုအချိန်တွင် ချန်မိသားစုအနေဖြင့် မငြိမ်မသက်မှုများ ဖန်တီးနေခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် မထူးခြားပေ။

ချန်ကျီရှင်း၏ မျက်နှာအမူအရာမှာ ဟန်ဆောင်ထားခြင်း မဟုတ်ကြောင်း မြင်လိုက်ရသောအခါ မိုချင်းယွဲ့ ခဏမျှ တွန့်ဆုတ်ပြီးနောက် သူ့အား ပြောလိုက်သည်။

"ရှင် ဘာလို့ ပြန်ပြီး သူတို့ကို မတားဆီးကြည့်တာလဲ"

"ဘာကို တားဆီးရမှာလဲ"

"နယ်မြေတွေကို ဖွင့်ပေးဖို့နဲ့ ဒေသအချင်းချင်း အသွားအလာ ပိတ်ဆို့မှုတွေကို ရပ်တန့်ဖို့လေ... ဒါက တကယ့်ကို မကောင်းတဲ့ လုပ်ရပ်ပဲ"

"ကျွန်တော် လုပ်ချင်တာပေါ့... ဒါပေမဲ့ ပြဿနာက ကျွန်တော် ဘယ်လိုပြန်ရမလဲဆိုတာပဲ"

"ကျွန်မ ဆရာဦးလေးကို ခိုင်းပြီး ရှင့်အတွက် ကြေးနန်းပို့စနစ်ကို ခဏလောက် ဖွင့်ပေးခိုင်းလိုက်ရမလား"

ဉာဏ်ရည်မမီသော ကလေးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ချန်ကျီရှင်း၏ ကြင်နာသော အကြည့်အောက်တွင် မိုချင်းယွဲ့၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

...

ကြေးနန်းပို့စနစ်ကို သုံး၍ မဖြစ်နိုင်ပေ။

မြောက်ဘက်ဒေသက ဖွင့်ပေးမည်ဆိုလျှင်တောင် တောင်ဘက်ဒေသရှိ အိမ်တွင် ပိတ်ထားပြီးဖြစ်ရာ အသုံးမဝင်ချေ။

ထို့ကြောင့် ခါးသီးသောရေမြောင်းရှိ ကောင်းကင်စံအိမ်တော်အဖွဲ့ဝင်အချို့ထံမှ ခွင့်ပြုချက်ရယူပြီးနောက် မိုချင်းယွဲ့၊ ချန်ကျီရှင်းနှင့် အခြားသူတို့သည် အိမ်သို့ ပြန်မည့်ခရီးကို နောက်ဆုံးတွင် စတင်လိုက်ကြသည်။

(၁၈) ရက်ကြာပြီးနောက် ကျန်းကျိုး၊ ဇီဝေတောင်။

ယောင်ယွဲ့မသေမျိုးသင်္ဘောသည် ဇီဝေတောင်၏ တောင်တံခါးဝရှေ့တွင် ဆင်းသက်ရပ်နားလိုက်သည်။

"ကျီရှင်း... ကျွန်မပြောတာ မှတ်ထားနော်။ နယ်မြေတွေကို ဖွင့်ပေးဖို့ သေချာ တားဆီးလိုက်ပါ။ မဟုတ်ရင် ပြောမပြနိုင်လောက်အောင် ဆိုးရွားတဲ့ ကိစ္စတွေ ဖြစ်လာလိမ့်မယ်"

"စိတ်မပူပါနဲ့ ချင်ယွဲ့ ကျွန်တော် ရှင်းလိုက်ပါ့မယ်"

စကားပြောရင်း ချန်ကျီရှင်းသည် ဇီဝေတောင်၏ တောင်တံခါးကို ဖြတ်ကျော်ကာ ဝင်ရောက်သွားသည်။

"ရှင်... အဲ... မိသားစုခေါင်းဆောင်ပါ။ မိသားစုခေါင်းဆောင် ပြန်ရောက်လာပြီ မိသားစုခေါင်းဆောင် ပြန်ရောက်လာပြီ"

"အာ... ခေါင်းဆောင်လား"

"ကျီရှင်း"

"မိသားစုခေါင်းဆောင်... နောက်ဆုံးတော့ ပြန်ရောက်လာပြီ မိသားစုခေါင်းဆောင် မသိရှာဘူး..."

အကြောင်းရင်းတစ်ခုခုကြောင့် အလွန်အမင်း ရင်းနှီးလွန်းသော မိသားစုဝင်များကို ရှောင်ရှားရင်း ချန်ကျီရှင်းသည် ဓားဖြင့် တိုက်ရိုက်ပျံသန်းသွားရန် ကြံရွယ်ထားသော်လည်း ပြန်လည်စဉ်းစားကာ အဓိကတောင်ထိပ်သို့ လှေကားထစ်များကို တစ်ထစ်ချင်း နင်းတက်သွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဘိုးဘေး ထျန်ယွမ်မှာ ထိုနေရာတွင် သူ့ကို စောင့်ဆိုင်းနေနှင့်ပြီးဖြစ်သည်။

"မင်းကို ပြန်လာခွင့်ပေးလိုက်တာလား"

"ဟုတ်ကဲ့ အိမ်မှာ ဖြေရှင်းရမယ့် ပြဿနာတချို့ ရှိနေတယ်လို့ ပြောကြလို့ပါ"

"ဒါက တာအိုတောင်တို့ရဲ့ လက်ချက်ပဲ"

"ဘိုးဘေးက သူတို့ကို ဘာလို့ မတားဆီးပေးတာလဲ"

"လွန်ခဲ့တဲ့ တစ်လက ကြေးနန်းပို့စနစ် ပိတ်လိုက်ကတည်းက ချန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက သုံးဆ တိုးလာခဲ့တယ်"

"ဒါကြောင့်လား"

ချန်ကျီရှင်းသည် ချန်ထျန်ယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"ဘိုးဘေး... ဝက်တစ်ကောင် ဘယ်လောက်ပဲ ဝလာပါစေ ဝက်ပဲ ဖြစ်နေဦးမှာဆိုတာ ဘိုးဘေး သိသင့်ပါတယ်"

"ငါက ဘာလို့ ကြားဝင်ပေးရမှာလဲ"

"ဘိုးဘေးက မိသားစုရဲ့ ဘိုးဘေးလေ..."

"ဒါပေမဲ့ မင်းက မိသားစုရဲ့ ခေါင်းဆောင်လေ"

အိုမင်းသော တာအိုကျင့်စဉ်ဆရာသည် ချန်ကျီရှင်း၏ ပခုံးကို ပုတ်ကာ တိုးညင်းစွာ ပြောလိုက်သည်။ "မိသားစုခေါင်းဆောင်အနေနဲ့ မင်း ဂရုမစိုက်ဘဲ အပြင်လူတွေနဲ့ မြောက်ဘက်ဒေသကို စိတ်ကူးပေါက်ရာ လျှောက်သွားနေရင် ငါက မင်းအတွက် ဘာလို့ သူတို့ကို ပိတ်ဆို့ပေးရမှာလဲ။

ဒီဟာက ပျက်စီးတော့မယ့် အိမ်ထောင်စုတစ်ခုပါ။ ပျက်စီးသွားရင်လည်း အစက ပြန်စလို့ ရတာပဲ။ မင်းက ငယ်ပါသေးတယ်။ မင်းမှာ အချိန်တွေ အများကြီး ရှိပါသေးတယ်"

ချန်ကျီရှင်း တိတ်ဆိတ်သွားသည်။

"ဒီတစ်ခါတော့ ကျွန်တော် မှားသွားပါတယ်"

"အင်း... ပြီးတော့ရော"

"ပြီးတော့... ဘိုးဘေးရယ် ကျွန်တော် အခု တကယ့်ကို လွမ်းနေတဲ့သူ ရှိတယ်ဆိုတာ ဘိုးဘေး သိမှာပါ"

"ဘယ်သူလဲ မင်းရဲ့ အဘိုးလား"

"မဟုတ်ဘူး ညီလေး ကျောက်ရှင်းပါ"

"ဟားဟား... အခုမှ နောင်တရတာလား နောက်ကျသွားပြီ"

အိုမင်းသော တာအိုကျင့်စဉ်ဆရာသည် ချန်ကျီရှင်း၏ ခေါင်းကို ပုတ်ကာ တောင်ကျောနောက်ဘက်သို့ ပြန်လျှောက်သွားသည်။

...

ဓားသွားသာ ထက်မြက်နေမည်ဆိုလျှင် ဖြေရှင်း၍မရနိုင်သော ပြဿနာဟူသည် မရှိပေ။

ချန်ကျီရှင်း အိမ်ပြန်ရောက်သည့်အချိန်မှစ၍ ဇီဝေတောင်မှ အလောင်း (၄၀) ကျော်ကို သယ်ထုတ်သွားသည့်အချိန်အထိ သုံးရက်သာ ကြာမြင့်ခဲ့သည်။ ဤသုံးရက်သည် ချန်ကျီရှင်း လူသတ်ခဲ့သည့်အချိန်မဟုတ်ဘဲ ထိုသူတို့ အိမ်ပြန်လမ်းတွင် သေဆုံးခဲ့ရသည့် အချိန်ကာလသာဖြစ်သည်။

ချန်မိသားစု ဘိုးဘွားရိပ်သာရှေ့ရှိ လှေကားထစ်များပေါ်တွင် ချန်ကျီရှင်း ထိုင်နေသည်။ သူ၏အနားမှ အလောင်းများ တစ်ခုပြီးတစ်ခု သယ်ဆောင်သွားသည်ကို ငေးကြည့်နေမိသည်။ သူသည် ထိုသူတို့နှင့် ရင်းနှီးမှု သိပ်မရှိသော်လည်း သူ၏ အသားစများကို အစဉ်အမြဲ ဆွဲဖြဲခံနေရသကဲ့သို့ အားမလိုအားမရဖြစ်မှုမျိုးမှာ ရင်ထဲတွင် တရိပ်ရိပ် တက်လာသည်။

တိတ်ဆိတ်ခြင်း….

မငြိမ်သက်ခြင်း….

ထို့နောက်...

"ချန်ကျောက်ရှင်း မင်း ဒီလူ့သဘောမရှိတဲ့ ကောင်စုတ် မင်းတာဝန်တွေကို ပစ်ထားခဲ့ပြီး ဒီအရှုပ်တော်ပုံကို ငါ့ဆီ ပစ်ပေးခဲ့တာပေါ့လေ ငါကလည်း မိုက်မိုက်ကန်းကန်းနဲ့ အဲဒါတွေကို လက်ခံယူမိလိုက်တာ"

မြွေဖြူငယ်လေးပင် ကြောက်လန့်လွန်း၍ သူ့အကျီကော်လာထဲတွင် ခေါင်းတိုးဝင်ကာ ပုန်းအောင်းနေရသည်။

ထို့နောက်တွင်မူ ရှည်လျားလှသော တိတ်ဆိတ်ခြင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူမျှ မသိပေ။

နောက်ဆုံးတွင် သူ၏ရှေ့၌ ဖိနပ်တစ်စုံ ပေါ်လာသည်။ ချန်ကျီရှင်း မော့ကြည့်လိုက်သောအခါ မျက်ရည်စက်လက်ဖြင့် ရှိနေသော ရှူချင်းချင်း၏ မျက်နှာကို မြင်လိုက်ရသည်။

"ယောကျာ်း..."

...

မနေ့က သူ့အမျိုးအနွယ်တို့၏ သွေးများဖြင့် လက်ဝါးများ စွန်းထင်းခဲ့ရသော်လည်း နောက်တစ်နေ့တွင် ချန်မိသားစု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ချန်ကျီရှင်းမှာ အပြုံးနုနုဖြင့် လူများကို ဆက်လက်ရင်ဆိုင်ရပြန်သည်။

"ခေါင်းဆောင်"

"ချန်ထျန်ကျောင်း"

"ဟားဟား... ဘယ်သူများလဲလို့ ကျွန်တော်တို့ တောင်ဘက်ဒေသရဲ့ ဂုဏ်ယူစရာပဲ။ မြောက်ဘက်ကို သွားတယ်လို့ ကြားလိုက်တာ ဘယ်တော့ ပြန်ရောက်တာလဲ"

"ကျွန်တော်က ဆွန်းတင်းဆူပါ။ အခု ဆွန်းမိသားစုကို တာဝန်ယူထားတာမို့ ခေါင်းဆောင်နဲ့ လာတွေ့တာပါ"

"ဟေ့... အိုဆွန်း ဘာပြောလိုက်တာလဲ။ ဒီကလေးက ပြန်ရောက်ရောက်ချင်း မိသားစုသွေးစွန်းတဲ့ လုပ်ရပ်တွေ လုပ်ထားတာကို ရှင်က သူ့ကို ခေါင်းဆောင်လို့ ခေါ်နေတာလား"

"ဘာလို့ ကျွန်တော့်ကို အဲဒီလို ကြည့်နေတာလဲ"

"ချန်ကျီရှင်း ငါ တည့်တည့်ပြောမယ်။ ဒီလုပ်ငန်းက မင်းတို့ ချန်မိသားစုရှိရှိ၊ မရှိရှိ လည်ပတ်နေမှာပဲ။ မင်း မလုပ်ချင်ရင် မင်းတို့မိသားစုလက်ထဲက အစီအရင်သော့ကို ပေးအပ်လိုက်ပါ။ မဟုတ်ရင်တော့... အကျိုးဆက်တွေကို မင်း သိမှာပါ"

"တောင်းပန်ပါတယ် ကျီရှင်း မင်းတို့အဖေနဲ့ ကျွန်တော်က သူငယ်ချင်းတွေ ဖြစ်ပေမဲ့ လူတစ်ယောက်ရဲ့ စားပေါက်ကို ပိတ်တာက မိဘကို သတ်တာနဲ့ တူတယ်ဆိုတဲ့ စကားပုံ ရှိတယ်လေ..."

"ချန်ကျီရှင်း ဘာကို ဆိုလိုတာလဲ ဘာဆက်လုပ်မလဲ ပြောစမ်း"

"ဘာတွေကို ရယ်နေတာလဲ ဟေ့"

"...ချင်းကျီ"

...

မိုးရွာပြီးနောက် သာယာလှပသော နေသာသည့်နေ့ ဖြစ်လာသည်။

နယ်မြေစည်းမျဉ်း အစီအရင်များကို ဖွင့်လှစ်လိုက်သည်နှင့် လူအုပ်ကြီးမှာ တောင်ဘက်ဒေသဆီသို့ စီးဝင်လာကြသည်။

မကြာမီပင် တောင်ဘက်နယ်စပ်ရှိ လူသူအရောက်အပေါက်နည်းသော ဒေသက အံ့ဩဖွယ် စည်ကားသိုက်မြိုက်သည့်နေရာ ဖြစ်လာတော့သည်။

ဤအရာများသည် ချန်ကျီရှင်းနှင့် သိပ်ပြီး မသက်ဆိုင်တော့ပေ။

မိသားစုကြီးရှစ်ခု၏ အစည်းအဝေးတွင် ခေါင်းဆောင်ငါးဦးကို ကိုယ်တိုင်စီရင်ပြီးနောက် အစီအရင်များ ဖြုတ်ချခြင်းကို တားဆီးရန် ကြိုးစားသူအားလုံးကို သတိပေးပြီးနောက် ချန်ကျီရှင်းသည် ချန်မိသားစုသို့ ပြန်လာခဲ့သည်။

မကြာမီပင် ချန်မိသားစု ခေါင်းဆောင်သည် သူ့သဘောဆန္ဒဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဟူသော သတင်းမှာ ပျံ့နှံ့သွားတော့သည်။

All Chapters