အခန်း ၄၅၂
Vol. 46 Ch. 452
အခန်း။ ၄၅၂
"ဆရာ..."
"ဘာလို့ မင်းက ငါ့ကို ချန်ကောင်လေးလို့ မခေါ်တော့တာလဲ"
"ဆရာ..."
"ထားလိုက်ပါတော့၊ နောက်ဆို ဆရာလို့ မခေါ်နဲ့တော့။ နားထောင်ရတာ ထူးဆန်းတယ်။ သခင်လေးလို့ပဲ ခေါ်"
"ဟုတ်ကဲ့ ဓားဝိညာဉ် ချင်းကျီက သခင်လေး ကျီရှင်းကို ဂါရဝပြုပါတယ်"
"ကောင်းပြီ"
"သခင်လေး... ရှေ့မှာ ပင်လယ်မိစ္ဆာတစ်ကောင် ရှိတယ်။ သူ့ကို သတ်ပစ်လိုက်ရမလား"
"ဟားဟား ချင်းကျီရာ မင်းလို ဓားဝိညာဉ်မျိုး ငါ့ဘေးမှာ ရှိနေမှတော့ တစ်နေ့နေ့မှာ ဓားမသေမျိုးဖြစ်မလာမှာကို ဘာလို့ စိုးရိမ်ရမှာလဲ"
"..."
ချန်ကျီရှင်း မပျော်မရွှင် ဖြစ်နေတာ မဟုတ်ဘူးလို့ ချင်းကျီ ခံစားရပေမဲ့ သူ ဘာကိုမှ မခံစားရသလို ဖြစ်နေတာကိုလည်း သတိပြုမိသည်။
ချင်းကျီကတော့ ချန်ကျီရှင်းသည် သူမကို မမြင်စေချင်၍ သူ၏ ခံစားချက်များကို ဖုံးကွယ်ထားခြင်းသာ ဖြစ်မည်ဟု တွေးမိသည်။
သူ ဝမ်းမနည်းတာ မဟုတ်ဘဲ ဝမ်းနည်းမှုကို ဖုံးကွယ်ထားခြင်းသာ။
...
မြောက်ပိုင်းဒေသ၊ ကျောက်ရွာ။
လဝက်လောက် မတွေ့ရသည့်အချိန်အတွင်းမှာပင် ထိုထင်းရှူးပင်ကြီး၏ မျက်နှာပြင်မှာ ပိုပြီး စိမ်းလန်းလာပြီး အကိုင်းအခက်များမှာလည်း အသက်ဝင်သော အစိမ်းရောင် လက္ခဏာများ ထွက်ပေါ်လာသည်။
ထင်းရှူးပင်ကြီးက အရွက်တွေ ထွက်နေပြီပဲ။
ချန်ကျီရှင်း ရောက်လာတာကို သိသလိုပင် အဝေးကနေ ထင်းရှူးပင်ကြီးက သူ၏ အကိုင်းအခက်များကို ဝှေ့ယမ်းကာ ကြိုဆိုနေသည်။
ဓားအလင်းတန်းသည် ထင်းရှူးပင်ကြီးအောက်သို့ ကျရောက်သွားသည်။
ဘာမှ မပြောဘဲ သူသည် အပေါ်ရှိ သစ်ရွက်ဖုံးအုပ်မှုများ တဖြည်းဖြည်း ထူထပ်လာသည်ကို ငြိမ်သက်စွာ ကြည့်နေသည်။
ချန်ကျီရှင်း၏ စိတ်ခံစားချက်ကို နားလည်သော နတ်ဘုရားလွီက ပြောလိုက်သည်။
"ကြုံတွေ့... မနှစ်မြို့စရာ... ကိစ္စများ... လား"
"ဟုတ်ပါတယ်"
"ဒါက... လူတွေအတွက်... ပုံမှန်ပါပဲ..."
"ကျွန်တော် ရယ်စရာကောင်းတယ်လို့ ထင်မိလို့ပါ။ နဂါးလိပ်နဲ့ တွေ့တဲ့အခါ ဘိုးဘေးကို ခေါ်ပြီး ရတနာတွေ ရှာဖို့ စိတ်ကောင်းနဲ့ လုပ်ခဲ့တာ။ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်လာမယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ"
"ဆန္ဒမပြည့်ဝမှု... ဆယ်ခုမှာ... ကိုးခုပေါ့..."
"မသေချာပါဘူး။ တချို့နှစ်တွေ ကြာပြီးတဲ့အခါ သူက ထာဝရအသက်ရှည်ခြင်း မသေမျိုးဘုရင်ဖြစ်လာနိုင်တာပဲလေ"
ချန်ကျီရှင်း အသာအယာ ရယ်မောလိုက်သည်။
လူကြီးတစ်ယောက်၏ ထွက်ပေါက်မှာ မကောင်းသောအရာအားလုံးကို အကောင်းဆုံးဘက်ကနေ တွေးတောခြင်းပင်။
"မင်း... ပြောတာမှန်တယ်..."
"ဒါနဲ့ ဒီတစ်ခါ ကျွန်တော် လာတာ တစ်ခုခု မေးစရာ ရှိလို့ပါ"
"မင်း... ပြောပါ"
"အနက်ရောင် ခေါင်းတလား တစ်လုံးအကြောင်း ကြားဖူးလား။ မျက်နှာပြင်မှာ ဝါညစ်ညစ် ရွှံ့စေးတွေ ကပ်နေပြီး မပျက်စီးနိုင်ရုံတင်မကဘဲ ခေါင်းတလားထဲက သွေးစက်တစ်စက်က အေးခဲတဲ့ ကုန်းပြင်မြင့်လိုမျိုး ထိတ်လန့်စရာ ကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်တယ်ဆိုတာလေ"
ထင်းရှူးပင်ကြီး၏ ပင်စည်မှာ တုန်ခါသွားပြီး သစ်ပင်ထိပ်ဖျားရှိ အကိုင်းအခက်များမှာလည်း မရပ်မနား တုန်ခါနေသည်။
သူ့စကားက ထင်းရှူးပင်ကြီးကို လှုပ်ခတ်သွားစေကြောင်း ချန်ကျီရှင်း သိလိုက်သည်။
သို့သော်လည်း အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် ချန်ကျီရှင်းသည် ထင်းရှူးပင်ကြီးထံမှ မည်သည့် တုံ့ပြန်မှုကိုမျှ ရရှိမလာခဲ့ပေ။
"စကားမပြောချင်တာလား ဒါမှမဟုတ် စကားမပြောနိုင်တာလား"
မည်သည့်အကြောင်းပြန်မှုမျှ မရှိပေ။
"ကောင်းပါပြီ ကျွန်တော် နားလည်ပါတယ်။ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ချန်ကျီရှင်းသည် ဓားကိုစီး၍ ကျောက်ရွာထဲမှ ထွက်ခွာခါနီးအထိ ထင်းရှူးပင်ကြီးဆီမှ တုံ့ပြန်မှု မရှိခဲ့ပေ။ သို့သော် ထိုအချိန်တွင်မှ မှိန်ဖျော့သော အမျိုးသမီးအသံတစ်ခု သူ့နားထဲသို့ ရောက်ရှိလာသည်။
"မင်းရဲ့ နောက်တစ်ကြိမ် အရောင်းအဝယ်ကို မှတ်ထားပါ"
"နားလည်ပါပြီ"
"အပြန်အလှန်အားဖြင့် မင်းရဲ့ မိသားစု ဘိုးဘေးရဲ့ အသက်ကို ငါ ကာကွယ်ပေးဖို့ ကြိုးစားပေးမယ်..."
ချန်ကျီရှင်း: "….."
...
ချန်ကျီရှင်းသည် ထင်းရှူးပင်ကြီးသည် အမှန်တကယ် မည်သည့်သက်ရှိပုံစံမျိုးဖြင့် တည်ရှိနေသလဲဆိုသည်ကို အမြဲတမ်း သိလိုခဲ့သည်။
တစ်ခါတစ်ရံတွင် သူသည် ထင်းရှူးပင်ကြီးမှာ တကယ့်ကို နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်ဟု ခံစားရသည်။
၎င်းသည် မြောက်ပိုင်းဒေသ၊ ဗဟိုပြည်နယ်နှင့် ကလေးလေးနေထိုင်သည့် တောင်ဘက်ကျွန်းအထိ အကွာအဝေးကို စကားပြောဆိုနိုင်သည်။
၎င်းသည် မြောက်ပင်လယ်၏ ပင်လယ်ရေအောက် သုံးထောင်လီအနက်တွင် ပုန်းအောင်းနေသော ထိပ်သီးအဆင့်မိစ္ဆာကြီးတစ်ကောင်ကို ဖမ်းဆုပ်နိုင်စွမ်း ရှိသည်။
၎င်းသည် စကြဝဠာကို ဖြတ်ကျော်ကာ နက်နဲသော စိမ်းလန်းသောနယ်မြေအထိ ခရီးနှင်နိုင်သည်။
၎င်းသည် ကောင်းကင်ယံ၏ ဖြစ်စဉ်များကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည်။
လူ့လောက၏ နားလည်မှုအရ ဤသို့သော တည်ရှိမှုမျိုးမှာ နတ်ဘုရားတစ်ပါးနှင့် ဘာမျှမခြားနားပေ။
အခြားအချက်များကို ချန်ထားပြီး အထက်ပါ အချက်လေးချက်ကိုသာ ကြည့်လျှင်ပင် ထာဝရအသက်ရှည်ခြင်း မသေမျိုးဘုရင်တစ်ဦးပင်လျှင် မလုပ်နိုင်သော ကိစ္စများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာကာသကို ဖြတ်ကျော်နိုင်သော မည်သည့် ထာဝရအသက်ရှည်သူမျှ မရှိသောကြောင့်ပင်။
ထို့အပြင် နတ်ဘုရားလွီ၏ အံ့ဖွယ်များမှာ ဤမျှနှင့် မပြီးဆုံးပေ။ ၎င်းသည် ကျောက်ရွာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ပြင်ပရှိ ထာဝရအသက်ရှည်သူများက ရှာမတွေ့ခဲ့သလို ရွာသားများကလည်း ၎င်းရှိနေကြောင်း တစ်ခါမျှ မပေါက်ကြားခဲ့ပေ။
ဘယ်သူမှ မသိအောင် ပုန်းကွယ်နေနိုင်တဲ့ ဒီအစွမ်းက... ထာဝရအသက်ရှည်ခြင်း ဆရာသခင်တစ်ယောက်အပေါ်မှာတောင် သက်ရောက်မှု ရှိနိုင်တာလား..
ကျောက်ရွာသားတွေဆီကလည်း ဘာသတင်းအချက်အလက်မှ အပြင်ကို ပေါက်ကြားလို့မရဘူး...
ငါသာ ဒီထင်းရှူးပင်ကြီးနဲ့ အရောင်းအဝယ် မလုပ်ခဲ့ဘူးဆိုရင် ငါကိုယ်တိုင်လည်း ဒီထင်းရှူးပင်နဲ့ ရွာရဲ့အကြောင်းကို လုံးဝ မေ့သွားမှာ...
သူက စဥ်းစားရင်း ရေရွတ်လိုက်မိသည်။
"ဒါကြောင့်မို့လို့... ဘိုးဘေးအတွက်ဆိုရင် ဒီထင်းရှူးပင်ကြီးက အေးခဲတဲ့ ကုန်းပြင်မြင့်လိုမျိုးပဲ အန္တရာယ်များလွန်းတယ်။ မလိုအပ်ဘဲနဲ့တော့ ကိုယ်တိုင်လာဖို့ကို လုံးဝ ရှောင်ရမယ်...
ချန်ကျီရှင်းသည် သူ့နေရာတွင် အစားထိုးရန်အတွက် စတုတ္ထဦးလေးဖြစ်သူ ချန်ထျန်ချန်းမှာ အသင့်တော်ဆုံးဖြစ်မည်ဟု တွေးမိသည်။
သူသည် စိတ်သဘောထား နူးညံ့ပြီး ထင်းရှူးပင်ကို မနှစ်မြို့ဖွယ် မဖြစ်စေနိုင်သလို မိသားစုလျှို့ဝှက်ချက်များကို သိရှိထားသော တိုက်ရိုက်ဆွေမျိုးဖြစ်သည့်အတွက် ယုံကြည်စိတ်ချရသည်။
"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းနည်း နိမ့်နေတယ်။ မဟုတ်ဘူး ပြန်ရောက်တာနဲ့ ဦးလေးကို နိဗ္ဗာန်အဆင့်ကို အမြန်ဆုံး ရောက်အောင် ကျင့်ခိုင်းရမယ်"
...
အမှန်စင်စစ် ချန်ထျန်ချန်းမှာလည်း ကျင့်ကြံခြင်းအတွက် အစွမ်းကုန် ကြိုးစားနေခဲ့ခြင်းပင်။
သို့သော် သူ့တွင် ကျင့်ကြံခြင်း ပါရမီ လုံးဝမရှိပေ။
ချန်ကျီရှင်း၏ အဖေသည် ချန်ထျန်ချန်းထက် တစ်နှစ်ခွဲစောပြီး ကျင့်ကြံခြင်းကို စတင်ခဲ့သည်။ ကျင့်ကြံချိန်မှာ အများကြီး မကွာခြားသော်လည်း အဖေဖြစ်သူ ချန်ထျန်လျန် ဒဏ်ရာရချိန်တွင် သူသည် စစ်မှန်သော ကိုယ်ပိုင်နယ်ပယ် ထိပ်သီးအဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ထိုအချိန်တွင် ချန်ထျန်ချန်းမှာ နတ်ဘုရားခရီးသွားအဆင့်ကိုပင် မရောက်သေးပေ။
နောက်ပိုင်းတွင် ချန်ထျန်လျန်၏ ရောဂါဝေဒနာများကြောင့် ကျင့်ကြံမှုမှာ နှစ်အတော်ကြာ ကျဆင်းသွားခဲ့ပြီးမှသာ ချန်ထျန်ချန်းမှာ သူ့နောက်ကို အမီလိုက်နိုင်ကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တတိယအဆင့်ကို ရောက်ရှိလာခြင်းပင်။
ယခုအချိန်တွင် ချန်ထျန်လျန်မှာ ရောဂါပျောက်ကင်းသွားပြီး စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သတ္တမအဆင့်သို့ ပြန်ရောက်နေပြီဖြစ်သော်လည်း ချန်ထျန်ချန်းမှာမူ တတိယအဆင့်တွင်သာ ရှိနေဆဲပင်။
သူမှာ ကျင့်ကြံခြင်း ပါရမီမရှိသူ၊ ကျင့်ကြံရန် မသင့်တော်သူများ၏ အခြေအနေမျိုး ဖြစ်သည်။
ချန်မိသားစုတွင် မွေးဖွားလာပြီး ရတနာပစ္စည်းများကို မှီခိုနိုင်ခြင်း မရှိခဲ့ပါက ချန်ကျီရှင်း၏ ဤစတုတ္ထဦးလေးမှာ ကျင့်ကြံခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အခွင့်အရေးပင် ရှိမည်မဟုတ်ပေ။
ချန်ထျန်ချန်း ကိုယ်တိုင်လည်း ၎င်းကို သိရှိထားသည်။
ထို့ကြောင့် သူသည် သု၏ ကျင့်ကြံခြင်းကို တိုးတက်အောင် ကြိုးစားခြင်းကို လက်လျှော့လိုက်ပြီး ချန်မိသားစုကို သန်မာလာစေရန်အတွက်သာ တစ်ကိုယ်လုံး စိတ်နှစ်ထားခဲ့ခြင်းပင်။
ချန်ကျီရှင်း မိသားစုခေါင်းဆောင် ရာထူးမှ နုတ်ထွက်လိုက်သောအခါ ထိုတာဝန်မှာ ချန်ထျန်ချန်း၏ ပခုံးပေါ်သို့ ရောက်လာရခြင်းပင်။
ဇီဝေတောင်၊ ထာဝရအသက်ရှည်ခြင်း ခန်းမ။
ချန်ထျန်ချန်းသည် ပင်မထိုင်ခုံတွင် ထိုင်နေပြီး သူ့ရှေ့တွင် တောင်ပုံရာပုံ စာရွက်စာတမ်းများမှာ စောင့်ဆိုင်းနေသည်။
"အစ်ကိုကြီးက မယားငယ် ထပ်ယူမယ်။ မိသားစုဘက်က တင်တောင်းပစ္စည်းအတွက် ငွေကြေး ထောက်ပံ့ဖို့ တောင်းဆိုတယ်... ဟင်…ဝိညာဉ်ကျောက်တုံး သုံးထောင်ပဲလား"
အကြီးဆုံးမျိုးဆက်မှ တင်ပြလာသော စာရင်းကို ကြည့်ပြီး ချန်ထျန်ချန်း၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
"အစ်ကိုကြီး ဘာလုပ်ချင်တာလဲ။ မိသားစု အဆင်းရဲဆုံး အချိန်တုန်းကတောင် တိုက်ရိုက်မျိုးဆက်တွေအတွက် တင်တောင်းပစ္စည်းက တစ်သောင်းအောက် မလျော့ခဲ့ဘူး။ အခုတော့ ဒီသုံးထောင်... "
ချန်ထျန်လျုံလက်ထပ်မည့် မိန်းမမှာ ယခင်ကွယ်လွန်သွားသော ဇနီးသည်နှင့် ဆင်တူသည့် သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ့မျက်မှောင်များ ပြေလျော့သွားသည်။
"ဘယ်သူရှိလဲ အပေါ်ထပ် အိမ်အတွက် လိုအပ်တဲ့ ငွေကြေးကို ပေးလိုက်ပါ။ ပြီးတော့ ကျွန်တော့်ကိုယ်စား ဂုဏ်ပြုကြောင်း စကားပါးလိုက်ပါ"
"ဟုတ်ကဲ့"
လီရွှမ်းသည် စာရင်းကို ယူပြီး ထိုနေရာမှ ပျောက်ကွယ်သွားသည်။
ချန်ထျန်ချန်းသည် နှင်းမိစ္ဆာမျိုးနွယ်၏ လျှို့ဝှက်သော သဘောသဘာဝကို အသားကျနေပြီ ဖြစ်သောကြောင့် သူ၏ စာများကို ဆက်လက် စစ်ဆေးနေသည်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိရပေ။
"တူဖြစ်သူက စတုတ္ထဦးလေးကို ဂါရဝပြုပါတယ်"
"အင်း"
"ဦးလေး... အဖေက လက်ထပ်တော့မယ်လို့ ကြားလို့ အထူးတလည် ပြန်လာခဲ့တာပါ။ ဒါပေမဲ့ အလုပ်တွေ များနေလို့ အဖေနဲ့ အခု မတွေ့နိုင်သေးဘူး။ ကျွန်တော့်ရဲ့ မင်္ဂလာလက်ဆောင်ကို ဦးလေးဆီကနေပဲ အဖေဆီ ပေးလို့ ရမလား"
"အင်း... ကျောက်ရှင်းလား"
အလုပ်တွေနှင့် ရှုပ်နေသော ချန်ထျန်ချန်းသည် တစ်ခုခု လွဲနေကြောင်း နောက်ဆုံးတွင် သတိပြုမိပြီး အမြန် မော့ကြည့်လိုက်သည်။
ခန်းမကြီး၏ ရှေ့တွင် အနက်ရောင်ဝတ်ရုံနှင့် ချန်ကျောက်ရှင်းမှာ နူးညံ့စွာ ပြုံးနေသည်။
"စတုတ္ထဦးလေး... မတွေ့တာ ကြာလှပြီနော်"
"မင်း... မင်း တကယ်ပဲ ကျောက်ရှင်းလား"
မယုံကြည်နိုင်စွာဖြင့် ချန်ထျန်ချန်းသည် အမြန်ဆင်းလာပြီး ချန်ကျောက်ရှင်းထံသို့ ချဉ်းကပ်လာသည်။
သူသည် ချန်ကျောက်ရှင်း၏ လက်ကို တစ်ဖက်မှ ဆုပ်ကိုင်လိုက်သည်။
"ကျောက်ရှင်း ဒီနှစ်တွေအတွင်း ဘယ်တွေ ရောက်နေခဲ့တာလဲ။ ဘာလို့ မိသားစုကို အသိမပေးရတာလဲ။ မင်းအဖေ မင်းကို ဘယ်လောက်တောင် လွမ်းနေခဲ့လဲဆိုတာ မင်းသိတယ်မဟုတ်လား..."
"တကယ်ကို စတုတ္ထဦးလေးနဲ့ အဖေ့အတွက် စိုးရိမ်ခဲ့တာပါ"
ချန်ကျောက်ရှင်းသည် သူ့ရှေ့ရှိ စိုးရိမ်စိတ်နှင့် ရွှင်လန်းနေသော ချန်ထျန်ချန်းကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောသည်။
"တူဖြစ်သူက အဝေးကြီးကို သွားခဲ့ရတာပါ။ ဒါပေမဲ့ အခု ပြန်ရောက်လာပါပြီ"
"ဘာတွေ ပြောနေတာလဲ။ ပြန်ရောက်လာတာပဲ ကောင်းပါတယ်။ မင်းအဖေရဲ့ လက်ထပ်ပွဲအကြောင်းကတော့... ကျောက်ရှင်း မင်းလည်း အရွယ်ရောက်လာပြီဆိုတော့ မင်းအဖေဖြစ်သူရဲ့ ဒီနှစ်တွေအတွင်း အဖြစ်အပျက်တွေကို နားလည်ပေးသင့်တယ်..."
"စတုတ္ထဦးလေး တူဖြစ်သူက အပြည့်အဝ နားလည်ပါတယ်။ အဖေရဲ့ လက်ထပ်ပွဲအတွက်လည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ အဝေးကြီးကနေ ပြန်လာတာဖြစ်လို့ အရေးတကြီး လုပ်စရာ ကိစ္စလေးတွေ ရှိနေပါတယ်"
ချန်ကျောက်ရှင်းက အပြုံးဖြင့် ရှင်းပြသည်။
ချန်ထျန်ချန်း ခေါင်းညိတ်ကာ ဆက်မေးသည်။
"မင်း နောက်ဆုံးတော့ ဘယ်ကို သွားခဲ့တာလဲဆိုတာ မပြောပြသေးဘူးနော်"
"တကယ်ကို ဝေးလွန်းတဲ့ နေရာပါ ဦးလေး။ သက်တမ်းတစ်လျှောက်လုံး အိမ်ပြန်ရောက်တော့မှာ မဟုတ်ဘူးလို့တောင် ထင်ခဲ့ရတဲ့အထိ ဝေးလွန်းတဲ့ နေရာပါ"