အခန်း ၂၁၂
Vol. 21 Ch. 212
အခန်း ၂၁၂ - ဓာတ်ကြီးငါးပါး ဝိညာဉ်အမြုတေကို စုစည်းခြင်း (အပိုင်း ၂)
ညီအစ်မများအားလုံး၏ ကြုံတွေ့ခဲ့ရမှုများမှာ ထပ်တူထပ်မျှ ဖြစ်နေသည်ကို သိရှိပြီးနောက် ၎င်းတို့အားလုံး အလွန်ပင် စိတ်ဒုက္ခရောက်ခဲ့ကြရသည်။
ညီအစ်မများ အတူတကွ ထိုင်ကာ စကားစမြည်ပြောဖြစ်သည့် အကြိမ်ပေါင်းများစွာတွင် ဤအကြောင်းအရာပါဝင်ပြီး အားလုံးက ညည်းညူရင်း ချန်အန်ကို ပြန်လည်နှိပ်ကွပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ညဉ့်နက်လာခဲ့ပြီ ဖြစ်သည်။
အချိန်တန်ပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဇနီးသည် လေးဦးလုံးသည် ချန်အန်ကို ဆက်၍ မနှောင့်ယှက်တော့ဘဲ သူ့အား ကျိုကျိနှင့်အတူ မင်္ဂလာဦးည ဆင်နွှဲနိုင်ရန် အချိန်ပေးသည့်အနေဖြင့် ကျင့်ကြံခြင်းအလုပ်များ လုပ်ဆောင်ရန် ၎င်းတို့၏ အခန်းများသို့ ပြန်သွားကြတော့သည်။
ချန်အန်မှာမူ မင်္ဂလာခန်းဆောင်ထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဇနီးသည်များ ထွက်သွားပြီးနောက် သူသည် မြေလျှိုးမှော်အတတ်ကို အသုံးပြုကာ မင်္ဂလာခန်းဆောင်ထဲသို့ တိုက်ရိုက်ဝင်ရောက်ရန် ပြင်လိုက်သည်။
သို့သော်လည်း လမ်းခုလတ်တွင် ဤသို့လုပ်ဆောင်ခြင်းက မသင့်တော်ဟု သူခံစားလိုက်ရသည်။ လျှောက်လှမ်းသွားပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားခြင်းက ပို၍ ကောင်းမွန်လိမ့်မည်ဟု သူ ယူဆလိုက်သည်။
ထို့ကြောင့် သူသည် မင်္ဂလာခန်းဆောင် တံခါးဝသို့ မြေပေါ်ပြန်တက်လာခဲ့သည်။
သူသည် မင်္ဂလာခန်းဆောင် တံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။
တစ်ချိန်တည်းမှာပင် “ကျိုကျိ... ကိုယ် ဝင်လာပြီနော်” ဟု နူးညံ့စွာ ပြောလိုက်သည်။
“အင်း...”
မင်္ဂလာခန်းဆောင်ထဲမှ ကျိုကျိ၏ အသံလေး ထွက်ပေါ်လာသည်။
ထိုအသံမှာ အနည်းငယ် တိုးညင်းလှပြီး စိုးရိမ်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
၎င်းက အသံပိုင်ရှင်လေးကို ဖျက်ဆီးပစ်ချင်သည့် စိတ်ဆန္ဒကို ဖြစ်ပေါ်စေလှသည်။
သူသည် ကျိုကျိ၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
ချန်အန်သည် အခြားဘာမှ ထပ်မပြောတော့ဘဲ လက်ကိုဆန့်ကာ သူမ၏ နီရဲသော မျက်နှာဖုံးပုဝါကို ဖယ်ရှားလိုက်သည်။
နောက်တစ်ဆက်တည်းမှာပင် လူအများ စွဲမက်တမ်းတရလောက်သည့် မြေခွေးမလေးတစ်ကောင်ကဲ့သို့ လှပသော မျက်နှာလေးက သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာရာ သူ၏ စိတ်အစဉ်ကို ခဏမျှ လွင့်ပါးသွားစေတော့သည်။
သူတို့အကြား ယခင်က ဖြစ်ပွားခဲ့သော မနှစ်မြို့ဖွယ် အတွေ့အကြုံများကို ဘေးဖယ်ထားမည်ဆိုလျှင် ကျိုကျိ၏ လှပသန့်စင်သော မျက်နှာလေးမှာ ချန်အန်၏ အလှအပ စံနှုန်းများနှင့် အကိုက်ညီဆုံး ဖြစ်နေသည်။
သူမထံတွင် မိန်းကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်မှုနှင့် အတွေ့အကြုံရှိသော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုတို့ ရှိနေသည်။ သူမသည် အသက်ရှူမှားလောက်အောင် လှပလွန်းလှသည်။
“ကျိုကျိ... ကိုယ့်ကို မင်းရဲ့ မြေခွေးနားရွက်နဲ့ အမြီးတွေကို ပြပါဦး။ ဒီည တောရိုင်းတိရစ္ဆာန် နားရွက်လေးနဲ့ မိန်းကလေးရဲ့ ဆွဲဆောင်မှုကို ကိုယ် မြင်တွေ့ချင်တယ်”
ကျိုကျိသည် ‘တိရစ္ဆာန်နားရွက်နှင့် မိန်းကလေး’ ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို နားမလည်ပေ။ သူမသည် ချန်အန် ပြောသည့်အတိုင်း လိမ္မာစွာ လုပ်ဆောင်ပြီး ဝှက်ထားသော နားရွက်များနှင့် အမြီးများကို ဖော်ထုတ်ပြသလိုက်သည်။
သူမတွင် အမွှေးပွပွ မြေခွေးနားရွက်တစ်စုံနှင့် နှင်းကဲ့သို့ ဖြူဖွေးနူးညံ့သော မြေခွေးအမြီး ကိုးချောင်း ရှိနေသည်။
ချန်အန်သည် ယခင်က တိရစ္ဆာန်နားရွက်ရှိသော မိန်းကလေးများကို သဘောမကျခဲ့သော်လည်း သူ၏ရှေ့မှ ကျိုကျိမှာမူ အမှန်တကယ်ပင် လှပလွန်းလှသည်။ သူသည် သူမ၏အလှတွင် မိန်းမောသွားရပြီး ရင်ထဲ၌ အလိုအလျောက် တုန်လှုပ်သွားရကာ “ကျိုကျိ... မင်းက တကယ်ကို လှလွန်းပါတယ်” ဟု ချီးမွမ်းလိုက်မိသည်။
ချန်အန်သည် သူ၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုက်ပြီးနောက် မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ ကျိုကျိကို ကုတင်ပေါ်သို့ တွန်းလှဲကာ သူမ၏ သန့်စင်လှပသော မျက်နှာလေးကို နမ်းရှုံ့လိုက်တော့သည်။
ကျိုကျိမှာ အခြေအနေကို ကြိုတင်မပြင်ဆင်ထားမိပေ။ သူမ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ချန်အန်က သူမအနီးသို့ တိုးကပ်လာပြီး သိမ်းပိုက်လိုက်လေပြီ။
အစပိုင်းတွင် သူမသည် မျက်လုံးများကို တင်းတင်းပိတ်ထားပြီး အလွန် နေရခက်သလို ခံစားခဲ့ရသည်။
သို့သော် ဖြည်းဖြည်းချင်းဖြင့် သူမသည် ချန်အန်၏ အနမ်းများအောက်တွင် စိတ်လှုပ်ရှားလာခဲ့သည်။ သူမသည် ချန်အန်၏ အနမ်းများကို အလိုအလျောက် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း သူမ၏ လှုပ်ရှားမှုများမှာ အနည်းငယ် မကျွမ်းကျင်ဘဲ ယောင်ချာချာ ဖြစ်နေခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ သူတို့နှစ်ဦးလုံး အနည်းငယ် မောဟိုက်ကာ ရပ်တန့်လိုက်ကြသည်။
ချန်အန်သည် မျက်နှာလေး နီရဲကာ အသက်ရှူသံများ စည်းချက်ပျက်ပြီး မြန်ဆန်နေသော ကျိုကျိကို ကြည့်ကာ “ဒီညပြီးရင် မင်းက ကိုယ့်ရဲ့ ဇနီးသည် ဖြစ်သွားပြီ။ ဒီအပေါ် မင်း ဘယ်လိုထင်လဲ” ဟု နူးညံ့စွာ မေးလိုက်သည်။
“သမားတော်... သမားတော်ချန်... ကျွန်မအပေါ် ငြာတာပေးပါဦး။”
ကျိုကျိမှာ အသက်ရှူ ကောင်းကောင်း မဝသေးသဖြင့် သူမ၏ အသံမှာ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။
သူမ၏ မူလက နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးမှာ အရည်ပျော်နေသော ရေကန်တစ်ခုကဲ့သို့ နူးညံ့အိစက်နေပြီ ဖြစ်သည်။
၎င်းက ကုတင်နှင့် တစ်သားတည်း ဖြစ်လုမတတ် နူးညံ့နေတော့သည်။
ချန်အန်သည် ကျိုကျိ၏ နဖူးပေါ်ရှိ အနည်းငယ် ရှုပ်ပွနေသော ဆံစများကို သပ်တင်ပေးလိုက်သည်။ သူက သူမကို ကြည့်ကာ “ဒီလိုအချိန်မျိုးမှာတောင် မင်းက ကိုယ့်ကို သမားတော်ချန်လို့ ခေါ်နေတုန်းလား” ဟု မေးလိုက်သည်။ ကျိုကျိသည် ထိုစကားကို ကြားသောအခါ နှုတ်ခမ်းကို စေ့လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကို ဘေးသို့ လွှဲလိုက်သည်။ ထို့နောက် ခဏမျှ တုံ့ဆိုင်းနေပြီးမှ တိုးညင်းသောအသံဖြင့် “လင်ယောက်ျား...” ဟု ခေါ်လိုက်လေသည်။
ဤသို့ မတတ်သာ၍ ခေါ်လိုက်သော “လင်ယောက်ျား” ဟူသည့် အခေါ်အဝေါ်ကို ကြားရသောအခါ ချန်အန်သည် ထူးဆန်းစွာပင် အောင်မြင်မှု အထိမ်းအမှတ် သို့မဟုတ် အောင်နိုင်ခြင်း အထိမ်းအမှတ် ခံစားချက်ကို ခံစားလိုက်ရသည်။
ဤအချိန်တွင် အမျိုးသားတစ်ဦးအနေဖြင့် သူသည် စိတ်ကို ဆက်၍ မထိန်းချုပ်နိုင်တော့ပေ။ သူသည် ကျိုကျိ၏ ခါးမှ ဝတ်စုံခါးပတ်ကို ဆွဲဖြတ်လိုက်ပြီး ဤမြေခွေးမိစ္ဆာမလေးကို အဆုံးတိုင် သိမ်းပိုက်ရန် ပြင်လိုက်တော့သည်။
ထိုညက ဝတ်ရုံနီများ၊ အတွင်းခံများ၊ ခြေအိတ်ဖြူများနှင့် အခြားသော အဝတ်အစားများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။
မိုးလင်းသည့်တိုင်အောင် ထိုအဝတ်အစားများကို ပြန်လည် ဝတ်ဆင်ခြင်း မရှိခဲ့ချေ။
[သက်စောင့်အား +၁၊ ရေဓာတ် ဝိညာဉ်အမြုတေ ပါရမီ +၁] X၂၈
[ရေဓာတ် ဝိညာဉ်အမြုတေ - အောက်တန်းစား A-၂၈%]
[အမည် - ကျိုကျိ]
[ကျင့်ကြံခြင်း - ရွှေရောင်အမြုတေအဆင့် ၄]
[ထူးခြားချက် - ခန္ဓာကိုယ် အားနည်းခြင်း၊ စိတ်ဓာတ် ကြံ့ခိုင်ခြင်း]
[သံယောဇဉ် - ၀ ကြယ် (အဆင့်မသတ်မှတ်ရသေး)]
ချန်အန်သည် မောပန်းနွမ်းနယ်နေသော ကျိုကျိကို အသာအယာ ချထားပေးလိုက်ပြီး သူ့ရှေ့မှ စနစ်အကြောင်းကြားစာကို ကြည့်လိုက်သည်။
စိတ်ဓာတ် ကြံ့ခိုင်ခြင်း တဲ့လား။
ဤမြေခွေးမိစ္ဆာမသည် မှောင်မည်းသော ဂူတစ်ခုထဲတွင် လအနည်းငယ်မျှသာ ပိတ်လှောင်ခံထားရပြီး မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။ ဤအရာက စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် မည်သို့ သက်ဆိုင်နိုင်မည်နည်း။
ဖြစ်နိုင်သည်မှာ ဤစိတ်ပိုင်းဆိုင်ရာ ခွန်အားသည် အခြားသော စိတ်ဓာတ်ပြင်းပြမှုမျိုးနှင့် တူညီမည်မဟုတ်ပေ။
ကျိုကျိ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားဆိုသည်မှာ မန္တန်များကို ထုတ်လွှတ်ရာတွင် အသုံးပြုသည့် စိတ်ဝိညာဉ်စွမ်းအားကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ၎င်းက ဂိမ်းထဲမှမှော်စွမ်းအားနှင့် တူညီပြီး ပြင်းပြသော စိတ်ဆန္ဒရှိသည့် စိတ်ဓာတ်ခွန်အားမျိုး မဟုတ်ပေ။
ချန်အန်သည် ဆက်လက်၍ ဖတ်ကြည့်လိုက်သည်။
၎င်းတို့ ဇနီးမောင်နှံ၏ သံယောဇဉ်အဆင့်မှာ အဆင့်တစ်ခုသို့ မရောက်ရှိသေးပေ။
ဤအရာက သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခင်က ရန်သူများ ဖြစ်ခဲ့ကြသည်မဟုတ်ပါလား။ မည်သည့် သံယောဇဉ်မျိုး ရှိနိုင်ပါမည်နည်း။
သူသည် သံယောဇဉ် တိုးပွားလာစေရန်အတွက် အချိန်ကိုသာ အားကိုးရဦးမည်ဖြစ်သည်။
ကျိုကျိ၏ အချက်အလက်များကို ကြည့်ရှုပြီးနောက် ချန်အန်၏ အာရုံစိုက်မှုသည် ၎င်းပေါ်ရှိ ရေဓာတ် ဝိညာဉ်အမြုတေဆီသို့ ရောက်ရှိသွားသည်။
မလွယ်ကူလှပါတကား။
သူသည် နောက်ဆုံးတွင် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြုတေအားလုံးကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဤအချိန်မှစ၍ လေထုထဲတွင်ရှိသော ဓာတ်ကြီးငါးပါး၏ ဝိညာဉ်ချီစွမ်းအင်များကို စုပ်ယူပြီး သန့်စင်နိုင်ပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာလည်း ထပ်မံ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်းတွင် သူသည် အဆင့်လိုက် စနစ်တကျသာ ကျင့်ကြံသွားမည်ဆိုပါက တစ်နှစ်အတွင်း အခြေတည်ဝိဉာဥ်အဆင့် ရောက်ရှိရန်မှာ စိတ်ကူးယဉ်အိပ်မက်သက်သက် မဟုတ်တော့ပေ။
...........................................................