အခန်း ၂၁၆
Vol. 21 Ch. 216
အခန်း ၂၁၆ - စပါးအုန်းမြွေမိစ္ဆာကို သတ်ဖြတ်ခြင်း (အပိုင်း ၂)
သူသည် မိမိ၏ သိုလှောင်လက်စွပ်နှင့် သိုလှောင်အိတ်ကို အပြည့်အသိမ်းနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။ သူ ယူနိုင်သလောက် အများကြီး ယူမည် ဖြစ်သည်။
သူတို့၏ နောက်ကွယ်တွင်မူ ဇနီးသည်များသည် မိမိတို့ရှေ့မှ စပါးအုန်းမြွေမိစ္ဆာကြီး၏ ရုပ်အလောင်းကို ကြည့်ရင်း ခင်ပွန်းဖြစ်သူသည် ၎င်းတို့အား လိမ်ညာပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း သဘောပေါက်သွားကြတော့သည်။
သူမတို့၏ ခင်ပွန်းသည် မိုင်ပေါင်းနှစ်ဆယ်ကျော် အကွာအဝေးမှနေ၍ ရွှေရောင်အမြုတေ ကိုးခုမြောက်အဆင့်ရှိ မိစ္ဆာသားရဲတစ်ကောင်ကို အမှန်တကယ်ပင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ခဏမျှအတွင်း ၎င်းတို့၏ ရင်ထဲ၌ ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်သော တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
အထူးသဖြင့် ကျိုကျိ ဖြစ်သည်။ သူမနှင့် သူမရှေ့မှ စပါးအုန်းမြွေကြီးသည် တောင်ပင်လယ်မိစ္ဆာလောက မှ လာကြသူများဖြစ်ရာ သူမအနေဖြင့် ဤစပါးအုန်းမြွေမိစ္ဆာအကြောင်းကို အတိုင်းအတာတစ်ခုအထိ သိရှိထားသည်။
ဤစပါးအုန်းမြွေမိစ္ဆာကြီးသည် ရွှေရောင်အမြုတေအဆင့်၏ ကိုးခုမြောက်အဆင့်တွင် ပိတ်မိနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ အခြေတည်ဝိဉာဥ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက် လွန်ခဲ့သည့် တစ်နှစ်ကျော်က ငှက်စိမ်းမျိုးနွယ်စုနှင့်အတူ တောအုပ်နီဆီသို့ သီးသန့် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ လူသားကျင့်ကြံသူများကို ဝါးမြိုခြင်းဖြင့် အခြေတည်အဆင့်သို့ ရောက်ရှိနိုင်မလားဟု ကြိုးပမ်းရန် ဖြစ်သည်။
သို့သော်လည်း ဤမျှအထိ ကျင့်ကြံခြင်းအဆင့် မြင့်မားလှသော စပါးအုန်းမြွေမိစ္ဆာကြီးကို သူမ၏ ခင်ပွန်းက မိုင်ပေါင်းနှစ်ဆယ်ကျော် အကွာမှနေ၍ ချက်ချင်းလက်ငင်း အပြတ်သတ်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် အဓိပ္ပာယ်မရှိလောက်အောင် ဆန်းကြယ်လွန်းလှသည်။
ယောက်ျားက သူ့ရဲ့အစွမ်းကို တမင်ဖုံးကွယ်ထားတာလား။
သူက အမှန်တကယ်တော့ နာဆန့်ဆိုးလ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေတာလား။
ဤသို့ တွေးမိလိုက်သည်နှင့် ကျိုကျိသည် ချန်အန်ကို မြတ်နိုးတန်ဖိုးထားသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ မြေခွေးမိစ္ဆာတို့၏ အစွမ်းထက်သူကို ပိုမိုစွဲမက်တတ်သော သဘာဝအရ သူမသည် ဤအခိုက်အတန့်တွင် ချန်အန်ကို အသည်းစွဲအောင် ချစ်မိသွားခဲ့လေပြီ။
[သင်သည် သင်၏ဇနီးဖြစ်သူ ကျိုကျိ၏ ရှေ့မှောက်တွင် အလွန်ပင် အစွမ်းထက်သော ခွန်အားကို ပြသခဲ့သဖြင့် သူမအနေဖြင့် မိမိအား အစပိုင်းတွင် ဖမ်းဆီးပိတ်လှောင်ကာ နှိပ်စက်ပြီးမှ အိမ်သို့ခေါ်ဆောင်ကာ သိမ်းပိုက်ခြင်း ခံခဲ့ရသည့် အဖြစ်အပျက်ကို ‘အဆိုးထဲက အကောင်း’ ဟု ပိုမို၍ပင် အခိုင်အမာ ယုံကြည်သွားစေခဲ့သည်။ ဇနီးမောင်နှံ သံယောဇဉ် +၁+၃+၁+၄+၅+၂+၀…]
[အမည် - ကျိုကျိ]
[ကျင့်ကြံခြင်း - ရွှေရောင်အမြုတေအဆင့် ၄]
[ထူးခြားချက် - ခန္ဓာကိုယ် အားနည်းခြင်း၊ စိတ်ဓာတ် ကြံ့ခိုင်ခြင်း]
[သံယောဇဉ် - ၁ ကြယ် - ၆၉%]
ဟင်...
ဤမြေခွေးမိစ္ဆာမသည် အနှိပ်စက်ခံရခြင်းကို သဘောကျသည့် ဝေဒနာရှင်တစ်ဦးလား။
ဤကဲ့သို့သောအရာမျိုးက မည်သို့ဖြစ်၍ သံယောဇဉ်ရမှတ်များကို အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားစေရသနည်း။
ထားလိုက်ပါတော့လေ... ဤမြေခွေးမိစ္ဆာမကို မြေအောက်လှိုင်ဂူထဲတွင် တစ်လနီးပါး ပိတ်လှောင်ထားခဲ့ရခြင်းက ယခုလေးတင် သူမရှေ့၌ မိမိ၏ အစွမ်းကို ထုတ်ပြလိုက်ရသလောက် အသုံးမဝင်ခဲ့ပါချေ။
ဤအရာက အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။
မိမိရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသော အကြောင်းကြားစာ အများအပြားကို ကြည့်ရင်း ချန်အန်မှာ ခဏမျှ ဆွံ့အသွားရသည်။
ထို့နောက်တွင် ချန်အန်သည် စပါးအုန်းမြွေမိစ္ဆာကြီး၏ မိစ္ဆာအမြုတေ၊ ဦးချိုများ၊ မျက်လုံးများ၊ အဆိပ်စွယ်များ၊ မြွေသည်းခြေနှင့် အခြားသော တန်ဖိုးကြီးသည့် အစိတ်အပိုင်းများကို ဆက်လက် ထုတ်ယူလိုက်သည်။
သူ၏ ဇနီးသည်များသည် သူ တစ်ခုပြီးတစ်ခု ထုတ်ယူနေသော တန်ဖိုးကြီး ပစ္စည်းများကို ကြည့်ရင်း ၎င်းတို့၏ မျက်ဝန်းများမှာ အရောင်တောက်လာခဲ့ကြသည်။
ဆောင်ဟွာယင်းသည် ရတနာပစ္စည်းများကို အထူးသဘောကျသူ ဖြစ်သည်။ သူမသည် စပါးအုန်းမြွေမိစ္ဆာကြီး၏ ကျောက်မျက်ရတနာကဲ့သို့ တောက်ပပြီး လက်ရွှန်းနေသော မျက်လုံးများကို သဘောကျသွားခဲ့သည်။
ဂူရှင်းယွဲ့ကမူ ဟင်းချက်ခြင်းအလုပ်ကို စွဲလန်းသူဖြစ်ရာ စပါးအုန်းမြွေမိစ္ဆာကြီး၏ ဆူဖြိုးလှသော မြွေသားများကို သဘောကျသွားခဲ့သည်။
ဝမ်ကျိယန်သည် အဆိပ်ဖော်စပ်ခြင်းကို ဝါသနာပါသူဖြစ်ရာ စပါးအုန်းမြွေမိစ္ဆာကြီး၏ အဆိပ်များ သိုလှောင်ထားသော အစွယ်များကို သဘောကျသွားခဲ့သည်။
ရှန်းချင်းယီသည် ပေါ့ပါးသော လက်နက်ငယ်တစ်ခုကို အမြဲတမ်း လိုချင်နေခဲ့သူ ဖြစ်သည်။ သူမသည် စပါးအုန်းမြွေမိစ္ဆာကြီး၏ သံမဏိကဲ့သို့ မာကျောလှသော ဦးချိုများကို သဘောကျသွားခဲ့သည်။
ကျိုကျိကမူ ရေဓာတ်ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် စပါးအုန်းမြွေမိစ္ဆာကြီး၏ ရေဓာတ်မိစ္ဆာအမြုတေကို သဘောကျနေခဲ့သည်။
ချန်အန်သည် ဇနီးသည်များ၏ မျက်ဝန်းထဲမှ အရောင်များကို မြင်တွေ့လိုက်ရသဖြင့် ပြုံးလျက်ဖြင့် -
“စိတ်မပူကြပါနဲ့... ဒီအရာတွေအားလုံးက မင်းတို့အတွက်ပါပဲ။ တို့တွေ ကောင်းကင်မြေကမ္ဘာဂိုဏ်းကို ပြောင်းရွှေ့ပြီး အခြေချပြီးသွားတဲ့အခါကျရင် ကိုယ် ဒါတွေကို ထုတ်ပြီး ခွဲဝေပေးပါ့မယ်” ဟု ပြောလိုက်သည်။
သူ၏ စကားကို ကြားရသောအခါ ဇနီးသည်များသည် ၎င်းတို့၏ တောင်းဆိုချက်များကို ချက်ချင်းပင် တင်ပြကြတော့သည်။
ဆောင်ဟွာယင်းက “ယောက်ျား... ကျွန်မ ဤစပါးအုန်းမြွေမိစ္ဆာရဲ့ မျက်လုံးတွေကို ရတနာအဖြစ် သွေးချင်တယ်” ဟု ဆိုသည်။
ဂူရှင်းယွဲ့က “ယောက်ျား... ကျွန်မ ဤစပါးအုန်းမြွေမိစ္ဆာရဲ့ ရုပ်အလောင်းကို ဟင်းချက်ဖို့အတွက် ပြန်သယ်သွားချင်တယ်” ဟု ဆိုသည်။
ဝမ်ကျိယန်က “ယောက်ျညး... ကျွန်မ ထိုမြွေအစွယ်တစ်စုံကို အဆိပ်ဆေးလုံးတွေ ဖော်စပ်ဖို့အတွက် လိုချင်တယ်” ဟု ဆိုသည်။
ရှန်းချင်းယီက “ယောက်ျား... ကျွန်မ ထိုဦးချိုတစ်စုံကို လက်နက်သွန်းလုပ်ဖို့အတွက် လိုချင်တယ်” ဟု ဆိုသည်။
ကျိုကျိသည်လည်း မိစ္ဆာအမြုတေကို လိုချင်နေခဲ့သော်လည်း သူမအနေဖြင့် ခင်ပွန်းဖြစ်သူ၏ ယုံကြည်မှုကို အပြည့်အဝ မရရှိသေးသဖြင့် ခင်ပွန်း၏ စိတ်ထဲတွင် သူမကို ပြင်ပလူတစ်ဦးအဖြစ်သာ သတ်မှတ်ထားဆဲဖြစ်ရာ ထုတ်ပြောရန် အလွန်ပင် ရှက်ရွံ့နေမိသည်။
ချန်အန်သည် သူမ၏ စိတ်ကူးကို ရိပ်မိလိုက်သဖြင့် ဖွဖွလေး ပြုံးပြရင်း -
“ကျိုကျိ... မင်းက ရေဓာတ်ကျင့်ကြံသူတစ်ဦးပဲလေ။ ကိုယ် ဒီစပါးအုန်းမြွေမိစ္ဆာရဲ့ မိစ္ဆာအမြုတေကို မင်းအတွက် သိမ်းထားပေးပါ့မယ်။ ကိုယ် ပင်လယ်ရေအောက်ကျောက်တုံးတွေကို ဖြုတ်ပေးမယ့်နေ့ကျရင် ဒီမိစ္ဆာအမြုတေကို မင်းကို ပေးမယ်နော်” ဟု ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ကျိုကျိက ဝမ်းမြောက်ဝမ်းသာ ပြန်လည် ဖြေကြားလိုက်သည်။
ဤအခိုက်အတန့်တွင် သူမသည် လည်ပတ်များ၊ လက်ထိပ်များနှင့် ခြေကျင်းဝတ်များဖြင့် လူသားမဆန်စွာ ဆက်ဆံခံနေရခြင်းအပေါ် ပုံမှန်ကိစ္ဆတစ်ခုကဲ့သို့ လက်ခံနေမိပြီ ဖြစ်သည်။
ဤအရေးနှင့် ပတ်သက်၍ သူမသည် ချန်အန်အပေါ် နာကျည်းခြင်း သို့မဟုတ် အပြစ်တင်ခြင်း မရှိတော့ဘဲ မိမိနှင့် ထိုက်တန်သည်ဟုပင် ခံစားနေမိသည်။ မိမိအနေဖြင့် ချန်အန်ကို စိတ်မချရအောင် ပြုလုပ်ခဲ့မိ၍သာ ဤမှော်ဝင်ပစ္စည်းများဖြင့် ကန့်သတ်ခံထားရခြင်း ဖြစ်သည်ဟု ယူဆနေမိသည်။
သူမသည် မိမိကိုယ်မိမိ မသိလိုက်ဘဲ ချန်အန်၏ ယဉ်ပါးအောင် မွေးမြူခြင်းကို ခံလိုက်ရပြီ ဖြစ်သည်ကို သတိမပြုမိခဲ့ချေ။
“ဖေဖေ... သမီးလည်း စပါးအုန်းမြွေမိစ္ဆာရဲ့ မျက်လုံးကို လိုချင်တယ်”
ချန်ယုကျန်းသည် ဖခင်ဖြစ်သူ၏ အဝတ်အစားကို ဆွဲကိုင်ကာ သူမ၏ မျက်နှာထက်တွင် လိုချင်တက်မက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမ၏ မိခင်ဖြစ်သူ ဆောင်ဟွာယင်းကဲ့သို့ပင် သူမသည်လည်း မွေးရာပါ ရတနာပစ္စည်းများနှင့် တောက်ပသောအရာများကို အထူးသဘောကျတတ်သူ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူမသည် မိခင်ဖြစ်သူနှင့် လုယူရတော့မည် ဖြစ်သည်။
ဆောင်ဟွာယင်းသည် သမီးဖြစ်သူက မိမိထံမှ ပစ္စည်းလုနေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် စတော်ဘယ်ရီသီးလေးကဲ့သို့ နီရဲသော နှုတ်ခမ်းလွှာလေးကို ဆူလိုက်ပြီး သမီးဖြစ်သူကို မကျေမနပ် ကြည့်ကာ -
“ချန်ယုကျန်း... ငါက နင့်ရဲ့ မေမေနော် နင်က ဘယ်လိုဖြစ်လို့ မေမေ့ဆီက ပစ္စည်းလုရတာလဲ” ဟု ငေါက်လိုက်သည်။
“မေမေ... သမီးက မေမေ့ရဲ့ သမီးတင်မကဘူး၊ ကလေးငယ်လေးလည်း ဖြစ်သေးတယ်လေ။ လူကြီးတစ်ယောက်အနေနဲ့ သမီးကို အလျှော့မပေးနိုင်ဘူးလား” ဟု ချန်ယုကျန်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်လည် ချေပလိုက်သည်။
ချန်အန်သည် ချစ်စဖွယ် မိခင်နှင့် လိမ္မာလှသော သမီးတို့၏ အဖြစ်အပျက်ကို ကြည့်ရင်း ရယ်ရအခက် ငိုရအခက် ဖြစ်နေတော့သည်။
ထို့နောက်တွင် သူသည် မိခင်နှင့် သမီးနှစ်ဦးကို -
“ကဲပါ... တော်ကြပါတော့။ ဤစပါးအုန်းမြွေမိစ္ဆာမှာ မျက်လုံး စုစုပေါင်း နှစ်လုံး ရှိတာပဲဥစ္စာ။ တစ်လုံးတည်း ရှိတာမှ မဟုတ်တာ။ မင်းတို့နှစ်ယောက် တစ်ယောက်တစ်လုံးစီ ယူလိုက်ကြရင် မပြီးဘူးလား” ဟု ဖျောင်းဖျလိုက်ရသည်။
“ဖေဖေ... သမီး မြွေသား စားချင်တယ်!!!”
ဤအချိန်တွင် အူတူတူ သမီးငယ်လေးဖြစ်သော ချန်ယီခဲ့သည် ဖခင်ဖြစ်သူ၏ ဘောင်းဘီကို အစွမ်းကုန် ဆွဲကိုင်ထားသည်။ သူမသည် စပါးအုန်းမြွေမိစ္ဆာကြီး၏ ရုပ်အလောင်းကို ကြည့်ရင်း ပါးစပ်အစုံမှ တံတွေးများ စီးကျနေကာ သူမ၏ အသံအကျယ်ဆုံးဖြင့် အော်ဟစ်လိုက်တော့သည်။
ချန်အန် ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင် ဘေးနားရှိ ဝမ်ကျိယန်က ဤအူတူတူမလေး၏ လက်ကို ရိုက်ချလိုက်သည်။ သူမက သမီးဖြစ်သူကို စူးစူးဝါးဝါး စိုက်ကြည့်ကာ -
“နင်ကတော့ အူတူတူမလေးပဲ... ဘာလို့ ဒီလောက် အကျယ်ကြီး အော်နေရတာလဲ” ဟု ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလိုက်လေသည်။
ချန်ယီခဲ့သည် နာကျင်ဝမ်းနည်းစွာဖြင့် နှုတ်ခမ်းစူသွားတော့သည်။
ဤသည်ကို မြင်လိုက်ရသောအခါ ဘေးနားရှိ ဂူရှင်းယွဲ့က ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။ “သမီးလေး ယီခဲ့... တို့တွေ ကောင်းကင်မြေကမ္ဘာဂိုဏ်းကို ရောက်သွားတဲ့အခါကျရင် မေမေဂူက သမီးအတွက် မြွေဟင်းလျာ အပြည့်အစုံ ချက်ကျွေးမယ် ဟုတ်ပြီလား”
“ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့ပါ!”
ချန်ယီခဲ့သည် မိခင်ဖြစ်သူ၏ ဒေါသမျက်လုံးများကို လိမ္မာစွာ ရှောင်ကွင်းလိုက်ပြီး ဂူနန်းအား ခေါင်းညိတ်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲမှ -
ငါသာ မေမေဂူရဲ့ သမီး ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ။
ဒါဆိုရင် ငါ နေ့တိုင်း ဆူပူကြိမ်းမောင်းခံနေရမှာ မဟုတ်ဘူး ဟု တွေးတောနေမိတော့သည်။
................................................................