အခန်း ၂၁၈
Vol. 21 Ch. 218
အခန်း ၂၁၈ - ကျိုကျိ ကိုယ်ဝန်ရှိလာခြင်း
ဆေးဖော်စပ်ခြင်းခန်းမ၏ အရှေ့မှောက်တွင် ဖြစ်သည်။
သတင်းပို့ရန် ရောက်ရှိလာကြသော ဆေးဆရာ၂၅ ဦးသည် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ပျံသန်းရေးသင်္ဘောပေါ်မှ ဆင်းသက်လာခဲ့ကြသည်။
ခေါင်းဆောင်ထျန်းသည် လူတိုင်း၏ ရှေ့မှောက်၌ လျှောက်လှမ်းသွားပြီး ဆေးဖော်စပ်ခြင်းခန်းမ၏ အဝင်ဝတွင်ရှိသော အဖိုးအိုတစ်ဦးထံသို့ တာဝန်များကို လွှဲပြောင်းပေးအပ်လိုက်သည်။
“အကြီးအကဲလီ... ဆေးဆရာတွေ အားလုံး စုံစုံလင်လင် ရောက်ရှိလာကြပါပြီဗျာ။ ကျန်တဲ့ကိစ္စတွေကိုတော့ အကြီးအကဲကိုပဲ ဒုက္ခပေးရပါတော့မယ်။”
“အင်း... မင်းလည်း ပင်ပန်းသွားပြီ။”
အကြီးအကဲလီက အေးစက်စွာ ပြန်လည်ဖြေကြားလိုက်သည်။
သူသည် ကောင်းကင်မြေကမ္ဘာဂိုဏ်း၏ ဆေးဖော်စပ်ခြင်းခန်းမကို တာဝန်ယူ စီမံခန့်ခွဲရသူဖြစ်ပြီး ဂိုဏ်းအတွင်း၌ အလွန်မြင့်မားသော ရာထူးအာဏာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ရာထူးကြီးတစ်ခုတွင် အချိန်အကြာကြီး နေထိုင်ခဲ့ရခြင်းကြောင့် သူ၏ စရိုက်မှာ လူအများနှင့် လွယ်လွယ်ကူကူ ရောနှောတတ်ခြင်း မရှိတော့ချေ။
ခေါင်းဆောင်ထျန်းက ပြုံးစစဖြင့် - “မပင်ပန်းပါဘူးဗျာ၊ မပင်ပန်းပါဘူး” ဟု ဆိုကာ - “အကြီးအကဲလီ... တခြားကိစ္စမရှိရင်တော့ ကျွန်တော် အပြင်ဘက်နယ်မြေကိုပဲ အရင် ပြန်ခွင့်ပြုပါဦး။”
ဤသို့ပြောပြီးနောက် ခေါင်းဆောင်ထျန်းသည် သူ၏ သံလျက်ကို စီးနင်းကာ ပျံသန်းရေးသင်္ဘောဆီသို့ ပြန်လည်ပျံသန်းသွားခဲ့သည်။ မကြာမီအချိန်အတွင်းမှာပင် သူသည် ပျံသန်းရေးသင်္ဘောကို ထိန်းချုပ်ကာ ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့ပြီး အဝေးရှိ အပြင်ဘက်နယ်မြေဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
အကြီးအကဲလီသည် ထိုပျံသန်းရေးသင်္ဘောကို လှည့်၍ပင် မကြည့်ခဲ့ပါချေ။ သူ၏ အကြည့်သည် မိမိရှေ့မှ အသစ်ရောက်ရှိလာသော ဆေးဆရာ ၂၅ ဦးထံသို့ ကျရောက်သွားပြီးနောက် ၎င်းတို့ကို လှမ်း၍ ပြောလိုက်သည်။
“လူတိုင်း မိသားစုဝင်တွေကို ခေါ်လာကြတာဆိုတော့ သွားရလာရတာ သိပ်ပြီး အဆင်မပြေလှဘူး။ ဒါကြောင့် အားလုံးကို အရင်ဆုံး ဝင်ရောက်နားနေနိုင်ဖို့ လူလွှတ်ပြီး စီစဉ်ပေးမယ်။”
“ခေါင်းဆောင်ဟန်... မင်းက အလုပ်သင်အသစ် ဆယ်ယောက်ကို ခေါ်သွားပြီး နေရာချပေးလိုက်။”
“ခေါင်းဆောင်လျူ... မင်းက တပည့်အသစ် ဆယ်ယောက်ကို ခေါ်သွားပြီး နေရာချပေးလိုက်။”
“ကျန်တဲ့ ခေါင်းဆောင်အသစ် ငါးယောက်ကတော့ ပျံသန်းရေးသင်္ဘောကို စီးပြီး ငါနဲ့အတူ ကျင့်ကြံခြင်းလိုဏ်ဂူ နယ်မြေဆီကို လိုက်ခဲ့ကြပြီး နေရာချကြတာပေါ့။”
အကြီးအကဲလီသည် စကားပြောရင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ ပျံသန်းရေးသင်္ဘောငယ်တစ်စင်းကို ထုတ်ယူလိုက်ပြီး ခေါင်းဆောင်အသစ် ငါးဦးကို အလျင်အမြန် တက်ရောက်ရန် တိုက်တွန်းလိုက်သည်။
၎င်းတို့ ငါးဦးသည်လည်း အချိန်ဆွဲမနေဘဲ မိမိတို့၏ မိသားစုဝင်များနှင့်အတူ ပျံသန်းရေးသင်္ဘောပေါ်သို့ ချက်ချင်း တက်ရောက်ခဲ့ကြသည်။
အကြီးအကဲလီသည် စကားနည်းသောသူ ဖြစ်သည်။ လူတိုင်း ပျံသန်းရေးသင်္ဘောပေါ်သို့ ရောက်ရှိသွားသည်ကို မြင်သောအခါ သူသည် စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ ပျံသန်းရေးသင်္ဘောကို ကျင့်ကြံခြင်းလိုဏ်ဂူနယ်မြေဆီသို့ ဦးတည်ကာ မောင်းနှင်လိုက်တော့သည်။
ကျင့်ကြံခြင်းလိုဏ်ဂူနယ်မြေဆိုသည်မှာ ကောင်းကင်မြေကမ္ဘာဂိုဏ်းအတွင်း ဝိညာဉ်ချီစွမ်းအင်အသိပ်သည်းဆုံး နယ်မြေ ဖြစ်သည်။
အပြင်ဘက်နယ်မြေ၏ အဝင်အဝနှင့် အထွက်အဝကို စီမံခန့်ခွဲရသော ခေါင်းဆောင်ထျန်းကဲ့သို့သော အထူးတာဝန်ရှိသည့် ခေါင်းဆောင်အချို့မှလွဲ၍ ကျန်ရှိသော ဂိုဏ်း၏ အထက်လူကြီးများအားလုံးသည် အခြေခံအားဖြင့် ဤကျင့်ကြံခြင်းလိုဏ်ဂူနယ်မြေတွင်သာ နေထိုင်ကြခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းလိုဏ်ဂူနယ်မြေတွင် မနေထိုင်နိုင်သော ခေါင်းဆောင်ထျန်းကဲ့သို့သော သူများအတွက်မူ ဂိုဏ်းအနေဖြင့် အခြားသော အကျိုးခံစားခွင့်များကို ပေးအပ်ထားလေ့ရှိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပျံသန်းရေးသင်္ဘောသည် ကျင့်ကြံခြင်းလိုဏ်ဂူနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ခေါင်းဆောင်အသစ် ငါးဦး၏ ကျင့်ကြံခြင်းလိုဏ်ဂူများသည် တစ်နေရာတည်းတွင်ပင် တည်ရှိနေကြသဖြင့် အားလုံးသည် အနာဂတ်တွင် အိမ်နီးနားချင်းများ ဖြစ်လာကြမည် ဖြစ်သည်။
အကြီးအကဲလီက ၎င်းတို့ ငါးဦးကို လှမ်း၍ ပြောလိုက်သည် - “အခုကစပြီး ခင်ဗျားတို့အားလုံး ကောင်းကင်မြေကမ္ဘာဂိုဏ်းရဲ့ ဒီနေရာမှာ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အကြီးအကဲတွေ ဖြစ်လာတာမျိုး ဒါမှမဟုတ် ဂိုဏ်းကနေ ဆုလာဘ်တွေ ရရှိတာမျိုး မရှိရင်တော့ ပိုပြီးကောင်းမွန်တဲ့ ကျင့်ကြံခြင်းလိုဏ်ဂူတွေကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ရှိမှာမဟုတ်ပါဘူး။”
“ဒီနေရာက ကျင့်ကြံခြင်းလိုဏ်ဂူကတော့ ကောင်းကင်မြေကမ္ဘာဂိုဏ်းထဲမှာ ပုံမှန်အဆင့်ပဲ ရှိပါသေးတယ်။”
“ဒါပေမဲ့ ခင်ဗျားတို့က ခေါင်းဆောင်အသစ်တွေ ဖြစ်နေတာတောင် ရောက်ရောက်ချင်း ဒီလိုကောင်းမွန်တဲ့ ကျင့်ကြံခြင်းလိုဏ်ဂူမျိုးမှာ နေထိုင်ခွင့်ရတာက ဂိုဏ်းချုပ်ကြီးက ကျွန်တော်တို့ရဲ့ ဆေးဖော်စပ်ခြင်းခန်းမကို အလွန်အမင်း တန်ဖိုးထားလို့ပဲ ဖြစ်ပါတယ်။ ဒါကို ခင်ဗျားတို့ စိတ်ထဲမှာ မှတ်ထားကြပါ။”
“ကဲ... အခု ကျင့်ကြံခြင်းလိုဏ်ဂူကို စတင်ရွေးချယ်ကြရအောင်။ စမ်းသပ်စစ်ဆေးမှုရဲ့ အဆင့်သတ်မှတ်ချက်အတိုင်း စပြီး ရွေးချယ်ကြတာပေါ့။”
အကြီးအကဲလီသည် စကားပြောရင်း နောက်ဆုံးတွင် ရပ်နေသော ချန်အန်ကို ကြည့်လိုက်ပြီး - “ဆေးဆရာချန်... ခင်ဗျားအရင်ဆုံး ရွေးချယ်ပါ” ဟု ဆိုသည်။
ချန်အန်သည် အစွန်ဆုံးတွင်ရှိသော ကျင့်ကြံခြင်းလိုဏ်ဂူကို သဘောကျနေခဲ့သည်။
#(Deacon ကိုခေါင်းဆောင်အစား အဆင်သင့်ရာ ပြောင်းလဲသုံးစွဲပါမည်)
ထိုနေရာက လူသူဝေးပြီး တိတ်ဆိတ်လှသဖြင့် ကျင့်ကြံအားထုတ်ရန် အလွန်ပင် သင့်တော်သည်ဟု သူ ခံစားမိသောကြောင့် ဖြစ်သည်။
သို့သော်လည်း သူ၏ ဇနီးသည်များကို လေးစားသောအားဖြင့်လည်းကောင်း၊ ၎င်းတို့၏ နှစ်သက်မှုကို ရရှိစေရန်နှင့် သံယောဇဉ်ရမှတ်များ တိုးပွားလာစေရန်အတွက်လည်းကောင်း သူသည် ချက်ချင်း ဆုံးဖြတ်ချက်မချခဲ့ပါချေ။ ၎င်းအစား သူသည် မိမိဘေးမှ ဇနီးသည်ငါးဦးကို လှမ်း၍ မေးလိုက်သည်။
“မင်းတို့ရော ဘယ်လိုထင်လဲ။ ဘယ်ကျင့်ကြံခြင်းလိုဏ်ဂူကို ရွေးချယ်ချင်ကြလဲဟင်။ မင်းတို့ရဲ့ သဘောထားတွေကို ပြောပြကြဦးလေ။”
“ယောက်ျားရွေးချယ်တဲ့အတိုင်းပဲ လိုက်ပါ့မယ်။”
“ကျွန်မလည်း အတူတူပါပဲ။”
“ဟွာယင်းကလည်း ယောက်ျားစကားကိုပဲ နားထောင်မှာပါ။”
“ကျွန်မလည်း တူတူပါပဲရှင်။”
“ယောက်ျား... အထဲအကျဆုံး တစ်ခုကိုပဲ ရွေးလိုက်ပါ။ အဲဒီနေရာက ပိုပြီးတော့ လူသူဝေးပြီး ပုံမှန်အချိန်တွေမှာလည်း ပိုပြီး တိတ်ဆိတ်လိမ့်မယ်။”
အခြားသော ဇနီးသည် လေးဦးစလုံးက ချန်အန်၏ အလိုအတိုင်းသာ လိုက်မည်ဟု ပြောဆိုကြသော်လည်း ဝမ်ကျိယန်တစ်ဦးတည်းသာ ဤသို့ အကြံပြုချက် ပေးခဲ့ခြင်း ဖြစ်သည်။
ချန်အန်သည် ထိုစကားကို ကြားရသောအခါ ခေါင်းညိတ်လိုက်ပြီး အကြီးအကဲလီကို ရိုသေစွာဖြင့် - “အကြီးအကဲလီ... ကျွန်တော် အထဲအကျဆုံးနေရာမှာရှိတဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကိုပဲ ရွေးချယ်ပါရစေ” ဟု ပြောလိုက်သည်။
သူ၏ ဘေးနားရှိ ဇနီးသည်များသည် ထိုစကားကို ကြားရသောအခါ မိမိတို့၏ ခင်ပွန်းသည် မိမိတို့အပေါ် လေးစားမှုရှိပြီး မိမိတို့၏ အကြံပြုချက်များကို လက်ခံလိုစိတ်ရှိကြောင်း ခံစားလိုက်ရသဖြင့် ၎င်းတို့အားလုံး၏ ဇနီးမောင်နှံ သံယောဇဉ်ရမှတ်များသည် မတူညီသော အတိုင်းအတာအထိ တိုးပွားလာခဲ့ကြသည်။
အထူးသဖြင့် ယခုလေးတင် အကြံပြုချက်ပေးခဲ့သော ဝမ်ကျိယန်သည် ချန်အန်က သူမ၏ အကြံပြုချက်ကို အမှန်တကယ် လက်ခံလိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ ရင်ထဲ၌ အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားသွားရကာ ယနေ့ည ကျင့်ကြံခြင်းလိုဏ်ဂူတွင် အခြေကျပြီးနောက် ချန်အန်အား သူမ၏ ခန္ဓာကိုယ်ကို စိတ်ကြိုက် ပွတ်သပ်ခွင့်ပြုရန် တွေးတောမိသွားခဲ့သည်။
[သင်သည် ဇနီးဖြစ်သူ ဝမ်ကျိယန်၏ အကြံပြုချက်ကို လက်ခံလိုက်သဖြင့် သူမအား မိမိကိုယ်မိမိ အရေးပါမှုကို အမှန်တကယ် ခံစားမိစေခဲ့သည်။ ဇနီးမောင်နှံ သံယောဇဉ်ရမှတ် +1 +3 +1 +4 +5 +2 +0…]
မကြာမီအချိန်အတွင်းမှာပင် ကျန်ရှိသော လူလေးဦးသည်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းလိုဏ်ဂူများကို တစ်ဦးပြီးတစ်ဦး ရွေးချယ်ပြီးစီးသွားခဲ့ကြသည်။
အကြီးအကဲလီသည် မထွက်ခွာမီ ၎င်းတို့ ငါးဦးကို လှမ်း၍ ပြောကြားခဲ့သည် - “ဒီနေ့ရဲ့ ကျန်ရှိတဲ့ အချိန်တွေမှာတော့ အားလုံး ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ အခြေချပြီး ကောင်းကောင်း အနားယူကြပါ။ ညနေ ခုနစ်နာရီမှာတော့ အားလုံး ဆေးဖော်စပ်ခြင်းခန်းမရဲ့ ဧည့်ခံပွဲခန်းမမှာ စုဝေးကြပြီး ကြိုဆိုပွဲအခမ်းအနားကို တက်ရောက်ကြရပါမယ်။”
“အဲဒီအချိန်ကျရင် ဂိုဏ်းချုပ်ကြီးနဲ့ သူတော်စင်မိန်းကလေးတို့လည်း တက်ရောက်ကြမှာဖြစ်လို့ အားလုံး နောက်မကျစေဖို့ သတိပြုကြပါ။”
“ဒါမှမဟုတ်ရင်တော့ ခံရမယ့် အကျိုးဆက်တွေ ရှိလာလိမ့်မယ်။”
ဤသို့ပြောပြီးနောက် အကြီးအကဲလီသည် သူ၏ ပျံသန်းရေးသင်္ဘောကို သိမ်းဆည်းလိုက်ပြီး သံလျက်ကို စီးနင်းကာ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
ဒိန်းကွန်အသစ် ငါးဦးစလုံးသည် လူမှုရေး နားလည်ကြသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အကြီးအကဲလီ လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ရပြီးနောက်တွင်မှ မိမိတို့၏ ကျင့်ကြံခြင်းလိုဏ်ဂူများထဲသို့ အသီးသီး ဝင်ရောက်သွားခဲ့ကြပြီး ဇနီးသည်များနှင့်အတူ အခြေချရန် ပြင်ဆင်ကြတော့သည်။
လူတိုင်းသည် ကျင့်ကြံခြင်းလိုဏ်ဂူအတွင်းရှိ သိပ်သည်းလှသော ဝိညာဉ်ချီစွမ်းအင်များကို ခံစားကြည့်ရှုရန်အတွက် အလွန်ပင် စိတ်အားထက်သန်နေကြသည်။
ထို့ကြောင့် ၎င်းတို့သည် ပြင်ပတွင် ရပ်၍ စကားစမြည် ပြောဆိုမနေကြတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် အနာဂတ်တွင် အိမ်နီးနားချင်းများ ဖြစ်လာကြမည်ဖြစ်ရာ အချင်းချင်း ရင်းနှီးကျွမ်းဝင်လာစေရန် အချိန်အများကြီး ရှိနေသေးသဖြင့် လောနေရန် မလိုအပ်ပါချေ။
ကျင့်ကြံခြင်းလိုဏ်ဂူ၏ အံ့ဩဖွယ်ရာ အရသာကို ခံစားရရှိနိုင်ရန်ကသာ အမှန်တကယ်ပင် အရေးကြီးနေခြင်း ဖြစ်သည်။
ချန်အန်သည်လည်း ထို့အတူပင် ဖြစ်သည်။ အကြီးအကဲလီ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူသည် ဇနီးသည်များနှင့် သမီးများကို ခေါ်ဆောင်ကာ ကျင့်ကြံခြင်းလိုဏ်ဂူထဲသို့ ချက်ချင်းပင် ဝင်ရောက်ခဲ့တော့သည်။
ကျင့်ကြံခြင်းလိုဏ်ဂူသည် ပြင်ပမှကြည့်လျှင် ကျဉ်းမြောင်းပုံရသော်လည်း အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသောအခါ ၎င်းက လုံးဝ ခြားနားသော ကမ္ဘာသစ်တစ်ခု ဖြစ်နေသည်ကို သူ ရှာဖွေတွေ့ရှိလိုက်ရသည်။
၎င်းက လိုဏ်ဂူတစ်ခုနှင့် မတူဘဲ သီးသန့်စံအိမ်တော်ကြီးတစ်ခုနှင့် ပိုမိုတူညီနေသည်။
အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်၊ ရေကန်၊ ဥယျာဉ် သို့မဟုတ် ဟင်းသီးဟင်းရွက်စိုက်ခင်း စသည်ဖြင့် လိုဏ်ဂူအတွင်း၌ အရာအားလုံး ရှိနေခဲ့သည်။ လူနေမှုဆိုင်ရာ အဆောက်အအုံများမှာ အလွန်ပင် ပြည့်စုံလှသည်။
အရေးကြီးဆုံးအချက်မှာ နယ်မြေအကျယ်အဝန်းမှာ အထူးသဖြင့် ကျယ်ပြန့်လှခြင်း ဖြစ်သည်။
၎င်းက စတုရန်းမီတာ တစ်သောင်းကျော်မျှ ကျယ်ဝန်းလှသဖြင့် သူ၏ ယခင်ဘဝက ကျောင်းကွင်းပြင်ကြီးတစ်ခုနီးပါး ကြီးမားပုံရသည်။
ဤနေရာတွင် နေထိုင်ရခြင်းက အကယ်၍ သူသည် တစ်သက်လုံး ပြင်ပလူများနှင့် သွားရောက်ထိတွေ့ဆက်ဆံခြင်း မပြုလုပ်လျှင်ပင် ပြဿနာမရှိနိုင်ဟု သူ ခံစားမိစေသည်။ သူသည် မိမိဘာသာ လုံးဝ ဖူလုံနေနိုင်ခြင်းကြောင့် ဖြစ်သည်။
“ဟင်း... ဒီဂိုဏ်းကြီးကတော့ တကယ်ကို မတူတာပဲ။ ငါ တစ်ခါမှ ဒီလိုမျိုး ကမ္ဘာကြီးရဲ့ အလှအပတွေကို မမြင်ဖူးခဲ့ဘူး။”
ချန်အန်သည် သူ၏ ကျင့်ကြံခြင်းလိုဏ်ဂူကို စူးစမ်းကြည့်ရှုရင်း သူ၏ မျက်နှာထက်၌ ဖုံးကွယ်မရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အခြားတစ်ဖက်တွင်မူ သူ၏ ဇနီးသည်များနှင့် သမီးများသည်လည်း ထို့အတူပင် ဖြစ်သည်။
ဆောင်ဟွာယင်းနှင့် သမီးဖြစ်သူသည် ပန်းမန်များကို အလွန်နှစ်သက်ကြသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဥယျာဉ်ဆီသို့ ချက်ချင်းပင် ပြေးသွားကြတော့သည်။ မိခင်နှင့် သမီးနှစ်ဦးစလုံးသည် အတွင်း၌ ပွင့်လန်းနေကြသော ဝိညာဉ်ပင်များကို ကြည့်ရှုရင်း ၎င်းတို့၏ နုပျိုလှပသော မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ရှန်းချင်းယီနှင့် ဝမ်ကျိယန်တို့ကမူ ကျင့်ကြံခြင်းလိုဏ်ဂူအတွင်းရှိ ဝိညာဉ်ချီစွမ်းအင်များ၏ သိပ်သည်းဆကို ပိုမိုဂရုစိုက်ကြသည်။ ၎င်းတို့ ပထမဆုံး ပြုလုပ်လိုက်သော အရာမှာ နေရာလွတ်တစ်ခုကို ရှာဖွေထိုင်လိုက်ပြီး ကျင့်ကြံအားထုတ်ခြင်းပင် ဖြစ်သည်။
ဂူရှင်းယွဲ့ကမူ စိတ်ခံစားမှု အရမ်းကြီး လှုပ်ရှားခြင်းမရှိချေ။ ချန်ယီခဲ့သည် ရေကန်၏ အစွန်းသို့ ပြေးသွားပြီး အတွင်းရှိ ဝိညာဉ်ငါးများကို ကြည့်ကာ သွားရည်များ ကျနေသည်ကို မြင်သောအခါ သူမသည် သမီးငယ်လေး၏ ဘေးသို့ သွားရောက်ကာ ဂရုစိုက်ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအူတူတူသမီးငယ်လေးသည် ငါးဖမ်းရန်အတွက် ရေကန်ထဲသို့ မဆင်မခြင် ခုန်ချမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ကျိုကျိကမူ ထိုနေရာတွင်ပင် ဆက်လက်ရပ်နေခဲ့ပြီး ကျင့်ကြံခြင်းလိုဏ်ဂူ၏ အတွင်းပိုင်းကို တိတ်တဆိတ် စူးစမ်းကြည့်ရှုနေခဲ့သည်။
ချန်အန်သည် ဤမြေခွေးမိစ္ဆာမလေးကို ကြည့်လိုက်သည်။ သူ၏ အကြည့်သည် သူမ၏ သွယ်လျလှပပြီး နုနယ်သော ခန္ဓာကိုယ်ထက်၌ လှည့်လည်နေခဲ့သည်။ သူမကို ကြည့်ရင်းနှင့် သူ၏ ရင်ထဲ၌ ရုတ်တရက် ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့ရသည်။
“ကိုယ်နဲ့အတူ ခဏလောက် လိုက်ခဲ့ဦး။”
သူသည် ကျိုကျိ၏ နုနယ်သော လက်ကလေးကို ဆွဲကိုင်လိုက်ပြီး ပေါင်းမြက်များဖြင့် ပြည့်နှက်နေသော ဟင်းသီးဟင်းရွက်စိုက်ခင်းဆီသို့ ခေါ်ဆောင်သွားခဲ့တော့သည်။
ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်ရှိလာပြီးနောက် နှစ်ဦးစလုံးသည် လူတစ်ရပ်မက မြင့်မားလှသော ပေါင်းမြက်တောကြီးထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ကြသည်။
“ယောက်ျား”
ကျိုကျိက ချန်အန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ချန်အန်က သူမအား အဘယ်ကြောင့် ရုတ်တရက် မြက်တောထဲသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သူမ မသိရှိရခြင်းကြောင့် ဖြစ်သည်။
ချန်အန်က ပြုံးလိုက်ပြီး ဘာမှမပြောဘဲ လက်ကိုဆန့်ကာ သူမ၏ သွယ်လျသော ခါးလေးကို လှမ်း၍ ဖက်လိုက်တော့သည်။
ကျိုကျိသည် ချန်အန် ဘာပြုလုပ်လိုနေခြင်း ဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ သူမသည် ချက်ချင်းပင် မျက်နှာလေး နီမြန်းသွားရပြီး ပျာပျာသလဲဖြင့် -
“ယောက်ျား.. အရင်ဆုံး အသံလုံမှော်အစီအရင်ကို ပြင်ဆင်လိုက်ပါဦး။ အမရှန်းနဲ့ အမဝမ်တို့က ဟိုဘက်မှာ ရှိနေတာဆိုတော့ သူတို့ အရာအားလုံးကို ကြားရလိမ့်မယ်။”
“သူတို့ ကြားရင်လည်း ကြားပါစေပေါ့။ သူတို့လည်း အရင်က မကြားဖူးတာမှ မဟုတ်တာ။ တို့တွေအားလုံးက အချင်းချင်း အားလုံး ပွင့်လင်းမြင်သာမှုရှိတဲ့ မိသားစုဝင်တွေပဲဥစ္စာ၊ ရှက်နေစရာ ဘာမှမရှိပါဘူး။”
“ယောက်ျား.. မလုပ်ပါနဲ့၊ ဟုတ်ပြီလား။”
“ကျိုကျိ... မင်းက မြေခွေးမိစ္ဆာမလေးတစ်ကောင်ပဲလေ။ မြေခွေးမိစ္ဆာမလေးဆိုတာ မြေခွေးမိစ္ဆာမလေးတစ်ကောင်လိုပဲ ပြုမူနေထိုင်ရမှာပေါ့။ လာပါ။”
“ယောက်ျား... မလုပ်ပါနဲ့ဆို...”
ကျိုကျိသည် မလိုလားဟန်ဖြင့် ရုန်းကန်နေခဲ့သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ ငြင်းပယ်မှုမှာ အရာမထင်ခဲ့ပါချေ။ နောက်ဆုံးတွင် ချန်အန်သည် အောင်မြင်စွာဖြင့် ဆန္ဒပြည့်ဝသွားခဲ့ရတော့သည်။
မိနစ်အချို့ ကုန်လွန်သွားသောအခါ။
[သက်စောင့်အား +1၊ စိတ်ဝိညာဉ်စွမ်းအား +1၊ ရေဓာတ်ခံ ဝိညာဉ်မြစ်ဖျား အရည်အချင်း +1]
[စိတ်ဝိညာဉ်စွမ်းအား: အဆင့် ၁ အစောပိုင်း - ၁%]
[ဇနီးမောင်နှံ သံယောဇဉ်ရမှတ် +1]
ချန်အန်သည် ကျိုကျိ၏ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များကို စဉ်းစားတွေးတောလျက် သေသေချာချာ ပြန်လည်ပြင်ဆင်ပေးရင်း မိမိရှေ့မှောက်၌ ပေါ်ပေါက်လာသော အကြောင်းကြားစာ သုံးခုကို ကြည့်လိုက်သည်။
စိတ်ဝိညာဉ်စွမ်းအား +1?
သူ့ထံ၌ အဘယ်ကြောင့် ရုတ်တရက် အပိုအရည်အချင်းတစ်ခု တိုးပွားလာရသနည်း။
ဤအတောအတွင်း ကျိုကျိ၏ စိတ်ဓာတ်စွမ်းအားများ ပိုမိုတိုးတက်လာခဲ့ပြီး သူမ၏ အားသာချက်များထဲမှ တစ်ခု ဖြစ်လာခဲ့ခြင်းကြောင့် ဖြစ်နိုင်ပါ့မလား။
ချန်အန်သည် ထိုအချက်ကို ခဏမျှသာ တွေးတောလိုက်ပြီး အများကြီး စိတ်အနှောင့်အယှေ ခံမနေတော့ပေ။
ယခုအချိန်တွင် သူ၏ အာရုံစိုက်မှု အများစုမှာ သူ၏ ခန္ဓာကိုယ်ထက်၌သာ ရှိနေဆဲ ဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအား +1 တိုးပွားလာပြီးနောက် သူသည် မိမိကိုယ်မိမိ ပိုမို၍ စိတ်အားထက်သန်လာသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်လည်း ၎င်းက အလွန်ပင် သေးငယ်လှသော ပမာဏမျှသာ ဖြစ်သည်။
အကယ်၍ စိတ်ကို တည်ငြိမ်အောင်ထားပြီး အာရုံမခံကြည့်လျှင် သတိပြုမိနိုင်မည်ပင် မဟုတ်ပါချေ။
မကြာမီ ချန်အန်၏ အကြည့်သည် အောက်ဆုံးတွင်ရှိသော [ဇနီးမောင်နှံ သံယောဇဉ်ရမှတ် +1] ထံသို့ ကျရောက်သွားခဲ့သည်။ ထို့နောက်တွင် သူသည် ကျိုကျိကို ကြည့်ပြီး အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်မိသည်။
သူမက မလိုချင်ဘူးဟု ပြောဆိုနေခဲ့သော်လည်း ဇနီးမောင်နှံအကြား သံယောဇဉ်ရမှတ်များကမူ အမှန်တကယ် တိုးပွားလာခဲ့သည်။
ဤမြေခွေးမိစ္ဆာမလေးသည် တကယ်ကို မရိုးသားလှချေ။
ကျိုကျိသည် မိမိ၏ ခင်ပွန်းသည် မိမိအား ပြုံးလျက် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသောအခါ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရပြီး သူမ၏ နှုတ်ခမ်းနီလေးကို စုလိုက်ရင်း - “ယောက်ျား... ကျွန်မကို အဲဒီလိုမျိုး စိုက်မကြည့်ပါနဲ့ဦး။ အလွန် ရှက်ဖို့ကောင်းလွန်းလို့ပါ...” ဟု ဆိုသည်။
“ရပါတယ်၊ အနာဂတ်မှာ မင်းကို ဒီထက်ပိုပြီး ရှက်သွားအောင် ကိုယ် ခဏခဏ လုပ်ပေးဦးမှာပါ” ချန်အန်က ပြုံးလျက်ဖြင့် နောက်ပြောင်လိုက်သည်။
ကျိုကျိသည် ထိုစကားကို ကြားရသောအခါ သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားရတော့သည်။
ဤအချိန်တွင် ချန်အန်၏ ရှေ့မှောက်၌ အကြောင်းကြားစာအသစ်တစ်ခု ရုတ်တရက် ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။
[သင်၏ ဇနီးဖြစ်သူ ကျိုကျိတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်။ ဆုလာဘ် - မြေခွေးမိစ္ဆာမျိုးနွယ်စု၏ ပင်ကိုယ်မှော်စွမ်းအား ဖြစ်သော “ညှို့ယူဖမ်းစားခြင်း အတတ်”ကို ရရှိပါသည်။]
.....................................................