အခန်း ၇၂
Vol. 8 Ch. 72
အခန်း ၇၂ - ဝေ့မိသားစု စစ်ပွဲပြီးဆုံးခြင်း။
၎င်းမှာ ဝေ့ကျွင်းချန်ပေးပို့ထားသော ဗီဒီယိုဖိုင်တိုတစ်ခု ဖြစ်သည်။ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ တိုက်ပွဲမြင်ကွင်းတစ်ခုကို ပြသနေခဲ့သည်။
"ဒါတွေက ထူမိသားစုရဲ့ အလောင်းရုပ်သေးတွေလား။"
ထူမိသားစု၏ အလောင်းရုပ်သေးများသည် ဘိုးဘေး ဝေ့ချွမ်ဟဲ နှင့် ဝေ့ဇန်တို့ စောင့်ကြပ်နေသော နယ်မြေများကဲ့သို့သော အခြားနေရာများတွင်လည်း ထွက်ပေါ်နေခဲ့သည်။
အလောင်းရုပ်သေးအများစုမှာ ပျမ်းမျှကျင့်ကြံခြင်းအဆင့် မျှသာရှိပြီး ၎င်းတို့၏ တိုက်ခိုက်မှုများမှာ အားနည်းသော်လည်း ခန္ဓာကိုယ်များမှာမူ အနှိုင်းမဲ့ မာကျောလှပြီး ထိတ်လန့်ဖွယ် ကာကွယ်ရေးစွမ်းရည်များ ရှိကြသဖြင့် အလွန်ပင် ကိုင်တွယ်ရခက်ခဲလှသည်။
အမှန်တကယ်တွင် ရန်သူ့ဘက်၌ အစွမ်းထက်လှသော ကျင့်ကြံသူ အမြောက်အမြား မရှိချေ။
ဤအလောင်းရုပ်သေး အများအပြား ရှိနေခြင်းကပင် ဝေ့မိသားစု ကို ပြင်းထန်သော ထိုးနှက်ချက် ပေးနိုင်ခဲ့သည့် အဓိကအကြောင်းအရင်း ဖြစ်သည်။
"ဒါက ကျွင်းချန်ရဲ့ မိစ္ဆာသားရဲအလောင်းနဲ့ ထူမိသားစုရဲ့ အလောင်းရုပ်သေးတွေ တိုက်ခိုက်နေတဲ့ပွဲလား။"
"မျှော်လင့်ထားတဲ့အတိုင်းပဲ မိစ္ဆာသားရဲအလောင်းကတောင် အလောင်းရုပ်သေးကို မနာကျင်စေနိုင်ဘူးလား။"
ဝေ့ကျင်းပေါ်သည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရလေသည်။
သို့သော် ထိုအချိန်မှာပင် အရိုးနှုတ်သီးလင်းယုန်နက် သည် အလောင်းရုပ်သေးတစ်ကောင်၏ နောက်ကျောကို ရူးသွပ်စွာ ကုတ်ခြစ်လိုက်ပြီးနောက် ၎င်း၏ ထက်မြက်သော နှုတ်သီးဖြင့် ဦးခေါင်းကို အကြိမ်ကြိမ် ပြင်းထန်စွာ ဆိတ်သတ်လိုက်ရာ အလောင်းရုပ်သေးမှာ တစ်စစီ ကြေမွသွားသည်ကို မြင်လိုက်ရသည်။
"ဘာဖြစ်သွားတာလဲ။"
ဝေ့ကျင်းပေါ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ချက်ချင်းပင် စိတ်အားထက်သန်လာခဲ့သည်။
သူသည် ဗီဒီယိုကို ချက်ချင်း နောက်ပြန်ရစ်ကာ အကြိမ်ကြိမ် အထပ်ထပ် ကြည့်ရှုတော့သည်။
နှစ်ကြိမ် သုံးကြိမ် ငါးကြိမ် ဆယ်ကြိမ်...
နောက်ဆုံးတွင် ဝေ့ကျင်းပေါ်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။
"ကျိုးရှူး ၊ ဟွမ်မန် ၊ လင်းထန် ၊ ရှန်ထန် ၊ ချန်လင် ၊ ရှန်းထင်အကယ်၍ မင်းက ဒီအသက်ချက် တွေကို ဒီအစီအစဉ်အတိုင်း တိုက်ခိုက်မယ်ဆိုရင် အလောင်းရုပ်သေးတွေကို ဖျက်ဆီးနိုင်မှာပဲ။"
ဝေ့ကျင်းပေါ်၏ အသံမှာ အနည်းငယ် တုန်ရင်နေခဲ့သည်။ အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက အလောင်းရုပ်သေးများ ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ရန်သူ၏ အလုံးစုံသော အင်အားမှာ များစွာ လျော့နည်းသွားမည်ဖြစ်ပြီး ဝေ့မိသားစုသည် အရှုံးမှ အနိုင်သို့ အလှည့်အပြောင်း ပြုလုပ်နိုင်ပေလိမ့်မည်။
စဉ်းစားနေရန် အချိန်မရှိတော့သဖြင့် သူသည် ဤသတင်းစကားကို ပေးပို့ရန် အသံလွှင့်ကျောက်တုံးကို ချက်ချင်း အသုံးပြုလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် နေရာအသီးသီးရှိ ဝေ့မိသားစုဝင်အားလုံးသည် ဤသတင်းစကားကို လက်ခံရရှိသွားကြသည်။
ရွှမ်းဖုန်းဂိုဏ်းနယ်မြေအတွင်း၌။
ဝေ့ဇန်သည် ညကောင်းကင်ယံကို ဖြတ်သန်းကာ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေခဲ့သည်။ သူသည် ဓားဂိုဏ်းမှ ဂိုဏ်းသားတစ်ဦးအပြင် ထူမိသားစု ထိန်းချုပ်ထားသော အလောင်းရုပ်သေး သုံးခုနှင့်ပါ ရင်ဆိုင်တိုက်ခိုက်နေရသဖြင့် နေရာအနှံ့တွင် ဒဏ်ရာများ ရရှိထားခဲ့သည်။
သူသည် ခေါက်ဆွဲအစပ်နှင့် နိုသကြားလုံးများကို စားသုံးထားခဲ့ပြီး အမျိုးမျိုးသော အင်းစာရွက်များ၊ ရတနာများ၊ ကျင့်စဉ်များနှင့် မန္တန်များ၏ ပံ့ပိုးမှုကြောင့် သူ၏ တစ်ကိုယ်ရေ အင်အားမှာ သန်မာသော်လည်း အလောင်းရုပ်သေးများ၏ ခုခံမှုမှာ တကယ့်ကို အံ့ဩဖွယ်ကောင်းလောက်အောင် လွန်ကဲနေခဲ့သည်။
"ဒီအတိုင်းသာ ဆက်သွားရင် ငါတော့..."
"ငါ တကယ်ပဲ ပုန်းအောင်းဖို့ မိသားစုဆီ ပြန်ရတော့မှာလား။"
သူသည် အကြိမ်ပေါင်း သောင်းခြောက်ထောင်မက မလိုလားဘဲ ဖြစ်နေခဲ့ရသည်။
"ဝေ့မိသားစုက တိရစ္ဆာန်အိုကြီး ဆက်ပြေးစမ်း မင်း သေမလား ကြည့်ကြသေးတာပေါ့။"
သူ့နောက်ကွယ်မှ ဓားဂိုဏ်း ကျင့်ကြံသူက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
ဝေ့ဇန်ည် စိတ်ထဲတွင် ညည်းတွားနေခိုက်မှာပင် အသံလွှင့်ကျောက်တုံးမှတစ်ဆင့် ဝေ့ကျင်းပေါ်၏ သတင်းစကားကို ရုတ်တရက် ကြားလိုက်ရသည်။
ဖတ်ပြီးနောက် သူ ဆွံ့အသွားခဲ့ရသည်။
"အလောင်းရုပ်သေးတွေကို ချေမှုန်းမယ့် နည်းလမ်း ဟုတ်လား။"
ဝေ့ဇန်၏ နှလုံးသားမှာ ခုန်လှုပ်သွားပြီး ဆက်လက်ဖတ်ရှုလိုက်သည်။
"ဒီလိုကိုး။ ငါ ဒီအလောင်းရုပ်သေး သုံးခုကိုသာ ဖယ်ရှားနိုင်ရင် သူ့အတွက် တိုက်ခိုက်မှုတွေကို ပိတ်ဆို့ပေးမယ့်သူ ရှိတော့မှာ မဟုတ်ဘူး။ ဒီဓားဂိုဏ်းကကောင်က ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။"
ဝေ့ဇန်၏ မျက်နှာထက်တွင် အလင်းရောင်များ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူသည် လှည့်ပြန်လိုက်ပြီး ထွက်ပြေးရန်အတွက် သိမ်းဆည်းထားခဲ့သော သူ၏ နောက်ဆုံး ကျူယွမ်ဆေးလုံးကို ထုတ်ယူလိုက်သည်။
"ဒီည ငါ ငါ့ရဲ့ မိသားစုဝင်တွေအတွက် ကလဲ့စားချေဖို့ မင်းရဲ့ခေါင်းကို အပြတ်ဖြတ်မယ်။"
သူသည် ခေါင်းကို မော့ကာ အဆင့် ၂ ကျူယွမ်ဆေးလုံးကို မျိုချလိုက်သည်။
သူ၏ ခန်းခြောက်လုနီးပါး ဖြစ်နေသော ချီစွမ်းအင်များသည် ချက်ချင်းပင် ထက်ဝက်ကျော် ပြန်လည်ပြည့်တင်းသွာခဲ့သည်။
သူသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ရှေ့သို့ အပြင်းအထန် အော်ဟစ်ကာ ချီတက်တော့သည်။
ဤနည်းလမ်းမှာ အမှန်တကယ်ပင် ထိရောက်လှသည်။ သူသည် အလောင်းရုပ်သေးများကို သန့်ရှင်းသပ်ရပ်ပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းလိုက်ပြီးနောက် ပြိုင်ဘက်နောက်သို့ စတင်လိုက်လံဖမ်းဆီးတော့သည်။
"သူခိုး အခုနက မင်း တော်တော် မောက်မာနေတယ် မဟုတ်လား။ လာစမ်း လာစမ်း မင်းရဲ့ အဘိုးဝေ့က မင်းကို သေချာ ပညာပေးရသေးတာပေါ့။"
ဝေ့ကျွင်းချန်၏ ဘက်တွင်မူ။
ဆဋ္ဌမအကြီးအကဲ ဝေ့ယီသည် သတင်းစကားကို လက်ခံရရှိပြီးနောက် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ မိစ္ဆာသားရဲ သုံးကောင်နှင့် ပူးပေါင်းကာ သူသည် ကျန်ရှိနေသော အလောင်းရုပ်သေး နှစ်ခုကို အရင်ဆုံး ဖျက်ဆီးလိုက်ပြီးနောက် တောင်စောင့်မိစ္ဆာကို အဓိကအင်အားအဖြစ် အသုံးပြု၍ ထူလီကို သတ်ဖြတ်လိုက်တော့သည်။
တိုက်ပွဲ ပြီးဆုံးသွားခဲ့ချေပြီ။
အဆုံးမရှိသော နှိပ်စက်ညှဉ်းပန်းမှုများကို ကြုံတွေ့ခဲ့ရသည့် ဝေ့ကျွင်းချန်မှာမူ ခံစားချက်အားလုံးကို ဆုံးရှုံးခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
သူ၏ မျက်လုံးများမှာ လန်တက်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေပြီး လဲကျသွားခဲ့ရသည်။
ဆဋ္ဌမအကြီးအကဲ ဝေ့ယီသည် ဝေ့ကျွင်းချန်ကို ဖမ်းထိန်းရန် ပျံသန်းလာခဲ့ပြီး အခြားလက်တစ်ဖက်ဖြင့် ဝေ့ယွမ်ကို မကာ ဒဏ်ရာများကို ကုသရန်အတွက် မိသားစုထံသို့ ပြန်လည်ပျံသန်းသွားခဲ့တော့သည်။
...
ဤကဲ့သို့သော မြင်ကွင်းများသည် အခြားသော နေရာများတွင်လည်း ဖြစ်ပွားနေခဲ့သည်။
ဝေ့မိသားစုဝင်များ အသက်နှင့်လဲ၍ တိုက်ပွဲဝင်နေကြသည့် အချိန်မှာပင်...
ထျန်ရှင်းတောင်လျှို့ဝှက်ဂူအတွင်း၌
ဝေ့ဝူသည် ကျိုးကျုန်း နှင့် အခြားသူများကို ရှာဖွေနေဆဲ ဖြစ်သည်။
အချိန်အတော်ကြာ ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ နှလုံးသားထဲတွင် အနည်းငယ် ပျင်းရိငြီးငွေ့မှုများ ထွက်ပေါ်နေခဲ့သည်။
ထိုအချိန်မှာပင် သူ၏ အသိစိတ်ထဲရှိ မိုဘိုင်းဖုန်းမှ အကြောင်းကြားစာ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ လှမ်းကြည့်လိုက်သောအခါ ဦးလေးကျွင်းချန်က ပလက်ဖောင်းပေါ်သို့ တစ်စုံတစ်ခု တင်ထားကြောင်း တွေ့လိုက်ရသည်။
မိုဘိုင်းဖုန်း၏ ပလက်ဖောင်းသည် ကမ္ဘာမြေပေါ်ရှိ အချို့သော လူမှုကွန်ရက် ဆော့ဖ်ဝဲလ်များရှိ ဂရုများကဲ့သို့ပင် မည်သူက မည်သည့်အရာကို မြင်ရမည် မမြင်ရမည်ကို သတ်မှတ်ထားနိုင်စွမ်း ရှိသည်။
သို့သော် လက်ရှိတွင် သူတို့ သုံးဦးတည်းသာ မိုဘိုင်းဖုန်း ရှိကြသဖြင့် ၎င်းတို့သည် အများသုံးဂရုတစ်ခုကိုသာ အသုံးပြုထားကြခြင်း ဖြစ်သည်။
ဝေ့ဝူသည် ဗီဒီယိုကို ဖွင့်ကြည့်လိုက်ရာ ဇွန်ဘီကဲ့သို့သော မိစ္ဆာကောင်အချို့ တိုက်ခိုက်နေကြသည့် မြင်ကွင်းကို မြင်လိုက်ရသည်။
"ဒါက... ဆဋ္ဌမအကြီးအကဲ ဝေ့ယီလား။ မိသားစုမှာ တစ်ခုခု ဖြစ်လို့လား။"
ဆဋ္ဌမအကြီးအကဲ ဝေ့ယီ အသည်းအသန် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသဖြင့် ဝေ့ဝူသည် ရုတ်တရက် သူ၏ နှလုံးသားမှာ ခုန်လှုပ်သွားခဲ့သည်။
သူ လျှို့ဝှက်ဂူအတွင်း ရှိနေစဉ်အတွင်း မိသားစု၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။
သူသည် ဝေ့ကျင်းပေါ်ထံသို့ ချက်ချင်း ဆက်သွယ်လိုက်သည်။
"အဖေ မိသားစုမှာ ဘာဖြစ်လို့လဲ။"
"ဝေ့ဝူ မင်း ဘယ်လိုလုပ်ပြီး..."
စကားမဆုံးမီမှာပင် ဝေ့ကျင်းပေါ်သည် ဝေ့ဝူက မိသားစု ဒုက္ခရောက်နေသည်ကို အဘယ်ကြောင့် သိရှိရသလဲဆိုသည်ကို သဘောပေါက်သွားခဲ့သည်။
ဝေ့ဝူက မေးမြန်းလာခဲ့ပြီ ဖြစ်သဖြင့် သူသည် ဆက်လက်ဖုံးကွယ်မထားတော့ဘဲ မိသားစု၏ အခြေအနေများကို တစ်ကြောင်းချင်းစီ သေချာစွာ ပြောပြလိုက်တော့သည်။
သွေးမြစ်ဂိုဏ်းနှင့် ကျိုးမိသားစုတို့သည် အရှေ့ဘက်မှ ထွက်ပြေးလာကြသော ကျင့်ကြံသူများကို အသုံးပြု၍ ပြဿနာများ ဖန်တီးနေကြသည်။
မိုင်ပေါင်းသောင်းချီသော နယ်မြေအတွင်းရှိ အင်အားစု အမြောက်အမြားမှာ ရှုပ်ထွေးနေကြသည်။
ပိုင်မိသားစုသည် အရှေ့ဘက်စစ်ပွဲကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သော်လည်း အရပ်ရပ်သို့ ကယ်ဆယ်ရန် ကျင့်ကြံသူ အမြောက်အမြားကို စေလွှတ်ထားဆဲ ဖြစ်သည်။
မန်ရှင်းအဆင့် ၇ တစ်ဦး စောင့်ကြပ်သော လုံထန်ဂိုဏ်း ပျက်စီးသွားခဲ့ပြီ။
ထူမိသားစု၊ ဓားဂိုဏ်းနှင့် လွတ်လပ်သော ကျင့်ကြံသူ အမြောက်အမြားက ဝေ့မိသားစုကို စီးနင်းတိုက်ခိုက်ခဲ့ကြသည်။
ကျူးမိသားစုသည် ထိတ်လန့်တကြားဖြင့် လျူမိသားစုထံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။
လျူမိသားစုသည် သူတို့၏ ဗဟိုဌာနချုပ်ကို အသက်နှင့်လဲ၍ ကာကွယ်နေကြသည်။
ချင်းမင်ဂိုဏ်းနှင့် လျိုမိသားစု၏ ဗဟိုဌာနချုပ်များ စီးနင်းတိုက်ခိုက်ခြင်း ခံခဲ့ရသည်။
ရှောင်ချီ သည် ကျိုးမိသားစုမှ မန်ရှင်းအဆင့် ၆ တစ်ဦးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေရသည်။
ဝေ့မိသားစုဝင် အားလုံးကို နေရာအနှံ့သို့ စေလွှတ်ထားရပြီး အရပ်ရပ်မှ ကျူးကျော်လာသော ရန်သူများကို တိုက်ခိုက်နေကြရသည်။
ဝေ့လော့သည် တိုက်ပွဲတွင် ပါဝင်ရန် ချင်မိသားစု ထံသို့ သွားရောက်ခဲ့သည်။
ဝေ့ယွမ်သည် မိမိ၏ ကန့်သတ်ချက်များကို ကျော်လွန်၍ ရွှမ်းမင်နတ်ဘုရားလက်ဝါးကို အသုံးပြုရန် သူ၏ အနှစ်သာရကို ကုန်ဆုံးစေခဲ့သဖြင့် အင်အားချည်းနဲ့ကာ ပြင်းထန်သော ဒဏ်ရာများဖြင့် သတိမေ့မြောနေခဲ့သည်။
ဝေ့ကျွင်းချန်သည် သူ၏ စိတ်ဝိဉာဥ် များ ခန်းခြောက်သွားခဲ့သဖြင့် သတိမေ့မြောသွားခဲ့သည်။
တတိယဘိုးဘေးကြီး ဝေ့ဇန်ဒဏ်ရာရရှိခဲ့သည်။
ဘိုးဘေး ဝေ့ချွမ်ဟဲ ဒဏ်ရာရရှိခဲ့သည်။
တတိယအကြီးအကဲ ဝေ့ရှင်းယန်မှာ ပြင်းထန်သော ဒဏ်ရာများဖြင့် သတိမေ့မြောနေခဲ့သည်။
ဦးလေး ဝေ့ဆန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သူ၏ ညာဘက်လက်မောင်း ဖြတ်တောက်ခြင်း ခံခဲ့ရသည်။
မိသားစုဝင် ခုနစ်ဦး အသက်စွန့်ခဲ့ရပြီး အမြောက်အမြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြကာ လူအများစုမှာလည်း ဒဏ်ရာအနည်းငယ်စီ ရရှိထားခဲ့ကြသည်။
...
ဝေ့ကျင်းပေါ်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိချေ၊ သူ၏ အသံနေအသံထားမှာ အနည်းငယ် အေးစက်နေကာ သူ ရရှိထားသော အချက်အလက်အားလုံးကို ဝေ့ဝူထံသို့ တစ်ခုပြီးတစ်ခု ပြောပြခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူသည် ကျောက်ရုပ်တစ်ခုကဲ့သို့ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပြီး မလှုပ်ရှားနိုင်တော့ချေ။