← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇- ရန်သူအပေါင်းကို သုတ်သင်ခြင်း ဝိဉာဉ်သွေးကြောကို လုယူခြင်းနှင့် တျန်းရှင်းတောင်မှ ထွက်ခွာခြင်း။

ဝေ့ဝူသည် နောက်ထပ်တစ်ကြိမ် လောင်းကြေးထပ်ရန်အတွက် တုံ့ဆိုင်းမနေတော့ပေ။

"ငါ့မှာ ဒီလို ထူးခြားတဲ့ မီးစက်အားသာချက် ရှိနေတာပဲ။ ငါသာ မတိုက်ခိုက်ဘဲ လက်လျှော့လိုက်ရင် နောင်တရနေမှာ သေချာတယ်။"

ဝေ့ဝူသည် လျှပ်စီးအလင်းတန်းများ၏ အကာအကွယ်အောက်တွင် မီးစက်ကို မနားတမ်းလှည့်ရင်း အလယ်ဗဟိုနေရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ရုတ်တရက် လူတစ်ယောက်ကို မြင်လိုက်ရသည်။

"ကျန်းလော်လား။"

ကျန်းလော်သည် လက်ရှိတွင် မိစ္ဆာဝိဉာဉ်တစ်ကောင်နှင့် လုံးပန်းတိုက်ခိုက်နေရသည်။ သူက ဝေ့ဝူကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

"ချောင်ချောင်... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။"

ဝေ့ဝူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မီးစက်၏ ဓာတ်အားလွှတ်ပေါက်ကို သူ့ထံသို့ ချိန်ရွယ်လိုက်သည်။

မီးလျှံတစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် ကျန်းလော်၏ ခန္ဓာကိုယ်တစ်ခုလုံး မီးစွဲလောင်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ဖြည်းဖြည်းချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အနီးအနားတွင် ကျန်းလော်နှင့်အတူ ရှိနေခဲ့သည့် တခြားလူငါးဦးလည်း ရှိနေကြသည်။ ထိုသူများသည် ကျိုးမိသားစု၏ ဩဇာခံများဖြစ်ကြပြီး ကျိုးမိသားစု ၏ လက်ပါးစေများဟု ဆိုနိုင်သည်။

ဝေ့ဝူသည် မီးစက်ကို အေးစက်စွာ လှည့်ရင်း လျှပ်စီးအလင်းတန်းများကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။

ဤနေရာသည် ကျင့်ကြံခြင်းကမ္ဘာ ဖြစ်နေ၍သာ တော်တော့သည်။ ထို့ကြောင့်လည်း ဝေ့ဝူအနေဖြင့် မီးစက်ကို ပြင်းထန်စွာ အချိန်အကြာကြီး လှည့်နိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်ဘဲ ကမ္ဘာမြေပေါ်တွင်သာဆိုလျှင် ၎င်း၏ လက်မောင်းမှာ မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်ပေ။

ထိုလူငါးဦးကို သတ်ဖြတ်ပြီးနောက် သူသည် ရှေ့သို့ ဆက်လက်ချီတက်ခဲ့ရာ ခြေလှမ်းအနည်းငယ်အကြာတွင် မျက်ခုံးပင့်လိုက်မိသည်။

"မင်းတို့တွေကလည်း ငါ့ကို အပြင်းထန်ဆုံး လိုက်ဖမ်းခဲ့တဲ့ကောင်တွေပဲ။"

ဝေ့ဝူသည် ဤကဲ့သို့ တိုက်ပွဲမျိုးတွင် အတွေ့အကြုံရှိနေပြီဖြစ်ရာ မိစ္ဆာဝိဉာဉ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို အခွင့်ကောင်းယူကာ ထိုလူများကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။

လမ်းခရီးတစ်လျှောက်တွင် သူ့ကို လိုက်လံဖမ်းဆီးခဲ့သည့် ရန်သူမှန်သမျှကို မြင်လျှင် မြင်ချင်း သတ်ဖြတ်ခဲ့သည်။ အထူးသဖြင့် သွေးမြစ်ဂိုဏ်းနှင့် ကျိုးမိသားစု၏ ဩဇာခံများကိုမူ သူ လုံးဝ သနားညှာတာခြင်း မရှိခဲ့ပေ။

"ရှောင်ယီရဲ့ စီနီယာအစ်ကိုနဲ့ ဆရာဦးလေးလား။"

ဝေ့ဝူသည် သွေးမြစ်ဂိုဏ်းမှ ထိုလူနှစ်ယောက်ကို မြင်သောအခါ ပြုံးလိုက်ပြီး ၎င်းတို့ထံသို့ မီးစက်ကို ချိန်ရွယ်လိုက်သည်။

ထို့ကြောင့် တျန်းရှင်းတောင်အတွင်း၌ ကျိုးမိသားစုမှ သုံးဦးနှင့် သွေးမြစ်ဂိုဏ်းမှ သုံးဦးစလုံးကို အောင်မြင်စွာ ကွပ်မျက်နိုင်ခဲ့ပြီ ဖြစ်သည်။

မကြာမီ ဝေ့ဝူ*၏ လုပ်ရပ်များသည် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သူ့ကို လိုက်လံဖမ်းဆီးခဲ့သူများသည် မိစ္ဆာဝိဉာဉ်များကို အသည်းအသန် ခုခံရင်း အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်လာကြသည်။

"အစ်ကိုကြီး ချောင်ချောင်... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။"

"ဆရာကြီး ချောင်ချောင်... ကျွန်တော် တကယ် လိုက်ဖမ်းချင်လို့ မဟုတ်ပါဘူး လူအုပ်နောက် လိုက်လာမိရုံတင်ပါ။"

"အစ်ကိုကြီး ချောင်ချောင်...ကျိုးကျုံး နဲ့ ရှောင်ယီ တို့က သေသင့်လို့ သေတာပါ။ အကယ်၍ ယွီချန့်ရန်သာ အစ်ကိုကြီးကို လုပ်ကျွေးပြုစုခွင့်ရမယ်ဆိုရင် ဒါဟာ သူမရဲ့ ဘုန်းကံပဲ ဖြစ်မှာပါ။"

...

ဤအချိန်တွင် ဝေ့ဝူ၏ ခန္ဓာကိုယ်၌ ခေါက်ဆွဲအစပ်၏ အာနိသင်က လုံးဝကုန်ဆုံးခြင်း မရှိသေးဘဲ သူ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေဆဲ ဖြစ်ရာ မည်သူ့စကားကိုမျှ နားမဝင်ဘဲ တစ်ယောက်ပြီးတစ်ယောက် ကွပ်မျက်ပစ်ခဲ့သည်။

သို့သော်လည်း သူသည် ထုံယွမ်ဂိုဏ်းမှ လူလတ်ပိုင်းအမျိုးသားနှစ်ဦးနှင့်ဟော်ရုံတို့ကိုမူ အသက်ချမ်းသာပေးခဲ့သည်။

သတိမထားမိခင်မှာပင် သူသည် အလယ်ဗဟိုနေရာသို့ ရောက်ရှိလာခဲ့သည်။ သူ လျှောက်လှမ်းခဲ့သည့် လမ်းကို ပြန်လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေပြီး လူပေါင်း သုံးဆယ်နီးပါးမှာ သူ၏ မီးစက်လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

ဤလူများသည် ဒေသအသီးသီးရှိ အင်အားကြီးအဖွဲ့အစည်းများမှ သခင်လေးများ သမီးပျိုများနှင့် ပါရမီရှင်များ ဖြစ်ကြသည်ကို သတိပြုရမည်။

အချို့မှာမူ ဝေ့မိသားစု ကဲ့သို့သော မိသားစုပေါင်း ဆယ်စု ရာစုမက ယှဉ်နိုင်သည့် မန်ရှင်းအဆင့်အထက်တန်းစား ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော်လည်း ယခုအချိန်တွင်မူ ထိုသူအားလုံးသည် ဝေ့ဝူ၏ ခြေဖဝါးအောက်၌ လဲလျောင်းနေကြရပြီ ဖြစ်သည်။

အလယ်ဗဟိုတွင် ချူလန်ဖုန်းသည် မန်ရှင်းအဆင့်ရှိ မိစ္ဆာဝိဉာဉ်လေးကောင်နှင့် တစ်ပြိုင်နက် တိုက်ခိုက်နေရသည်။ သူက ဝေ့ဝူ လျှောက်လှမ်းလာသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဒီလူက... တကယ်ပဲး မန်ရှင်းအဆင့်၁ပဲလား။ ငါမန်ရှင်းအဆင့်၁တုန်းက ဒီလို ခွန်အားမျိုး ရှိခဲ့ရဲ့လား။"

သူ၏ ထူးခြားလှသော အရည်အချင်းများနှင့် မာနတရားကြောင့် ချူလန်ဖုန်းသည် မိမိကိုယ်ကို တခြားသူများထက် သာလွန်သည်ဟု အမြဲခံယူထားသည်။ချင်းလုံဂိုဏ်းနယ်မြေအတွင်း သူ၏ အသက်ရွယ်တူ ကျင့်ကြံသူအားလုံးကို သူ အထင်သေးလေ့ရှိပြီးသူ၏ အစ်မတစ်ယောက်မှတစ်ပါး တခြားသူကို အရေးမစိုက်ပေ။

ယခုအခါ ဝေ့ဝူ*၏ စွမ်းဆောင်ရည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် အေးစက်သွားခဲ့သည်။

အကြောင်းမှာ သူ့ထက် ပါရမီပိုမို ထက်မြက်သည့် အသက်ရွယ်တူ အမျိုးသားတစ်ဦးမျှ တစ်ခါမှ ပေါ်မလာဖူးခဲ့သောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော ကျင့်ကြံသူမျိုး ချင်းလုံဂိုဏ်းနယ်မြေတွင် တည်ရှိနေသည်ကို သူ လုံးဝ လက်မခံနိုင်ပေ။

"ရှုး..."

ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။

ချူလန်ဖုန်းသည် မိစ္ဆာဝိဉာဉ်လေးကောင်နှင့် တိုက်ခိုက်နေရသည့်ကြားမှဝေ့ဝူထံသို့ တိုက်ခိုက်မှုတစ်ခု ပစ်လွှတ်နိုင်ခဲ့ရာ ၎င်းက ဤလူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသနေခြင်း ဖြစ်သည်။

ဝေ့ဝူသည် အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။

ဝိဉာဉ်သွေးကြောအနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ ဝေ့ဝူသည် ကြီးမားလှသော စွမ်းအင်များကို ခံစားလိုက်ရပြီး ၎င်းတို့ကို အသုံးချကာ မိမိ၏ ခွန်အားအချို့ကို ပြန်လည်ဖြည့်တင်းလိုက်သည်။

သူ၏ အကြည့်က အေးစက်ခက်ထန်စွာဖြင့် ချူလန်ဖုန်းထံသို့ ရောက်ရှိသွားသည်။

"ငါက မင်းနဲ့ ဘာရန်ငြိုးမှမရှိဘဲ ဘာလို့ ငါ့ကို လာတိုက်ခိုက်တာလဲ။"

ဝေ့ဝူ၏ အကြည့်ကို မြင်သောအခါ ချူလန်ဖုန်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားပြီး ဘာမှမဖြစ်သကဲ့သို့ ဂရုမစိုက်ဟန် ပြုမူလိုက်သည်။

ထိုအမူအရာကို မြင်သောအခါ ဝေ့ဝူချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

ထိုစဉ် သူသည် မိစ္ဆာဝိဉာဉ်တစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ သူ၏ ဦးနှောက်ထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာပြီး မီးစက်ကို သုံး၍ ထိုမိစ္ဆာဝိဉာဉ်ကို ချူလန်ဖုန်းရှိရာနေရာဆီသို့ မောင်းနှင်လိုက်သည်။

"မင်း တော်တော် သတ္တိရှိတာပဲ။ ဘယ်လိုတောင် လုပ်ရဲရတာလဲ။"

ချူလန်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဝေ့ဝူက ဘာမှမကြားသကဲ့သို့ ဟန်ဆောင်ကာ တခြား မိစ္ဆာဝိဉာဉ်များကို ဆက်လက်ရှာဖွေနေခဲ့သည်။

မလှမ်းမကမ်းတွင် ပိုင်ကျန့်ဟန်သည် ကြီးမားလှသော မိစ္ဆာဝိဉာဉ်တစ်ကောင်နှင့် အသည်းအသန် တိုက်ခိုက်နေရပြီး အကြိမ်အနည်းငယ်မျှ သေလုနီးပါး ဖြစ်ခဲ့ရသည်။

"ကဲ... မင်းကိုတော့ ငါ ကူညီပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ အစ်မကြီး စိတ်ကူးယဉ်နေတဲ့ ချစ်သူပဲဥစ္စာ။"

သူသည် မိစ္ဆာဝိဉာဉ်ထံသို့ လျှပ်စစ်ဓာတ်အားများ ပစ်လွှတ်ကာ ၎င်းကို ချူလန်ဖုန်းရှိရာနေရာဆီသို့ မောင်းထုတ်လိုက်သည်။

"ချောင်ချောင်... မင်း တော်တော် လွန်လာပြီ။"

ချူလန်ဖုန်းမှာ တကယ်ကို ဒေါသပေါက်ကွဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ချင်းလုံဂိုဏ်း၏ အနာဂတ်မျိုးဆက်သစ်တွင် အလေးအနက်ထားခြင်း ခံရဆုံး အမျိုးသားတစ်ဦးအနေဖြင့် ဤနယ်မြေတွင် သူ့နာမည်ကို မသိသူမရှိသလိုချင်းလုံဂိုဏ်း၏ မျက်နှာကို မထောက်ထားရဲသူလည်း မရှိပေ။ မကောင်းဆိုးဝါးဂိုဏ်းဖြစ်စေ တရားဓမ္မဂိုဏ်းဖြစ်စေ မည်သူမျှ ချွင်းချက်မရှိကြပေ။

ယခုမူ ဤလူက သူ့ကို ဤကဲ့သို့ ဆက်ဆံရဲသဖြင့် ချူလန်ဖုန်း အလွန်တရာ ဒေါသထွက်နေရခြင်း ဖြစ်သည်။

သို့သော်လည်း သူသည် လက်ရှိတွင် အထက်တန်းစား မိစ္ဆာဝိဉာဉ်နှစ်ကောင် အလတ်တန်းစား မိစ္ဆာဝိဉာဉ်လေးကောင်တို့နှင့် တစ်ပြိုင်နက် တိုက်ခိုက်နေရသဖြင့် အာရုံစိုက်မှုကို အပြည့်အဝ ထားရှိနေရကာ အမှားအယွင်းတစ်ခု ဖြစ်သွားပါက အသက်ပျောက်သွားနိုင်ခြေ ရှိသည်။

ပိုင်ကျန့်ဟန်မှာမူ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပြီး သူ့ကို ကယ်တင်ခဲ့သူမှာ ချောင်ချောင်ဖြစ်နေသည်ကို မြင်သောအခါ ကျေးဇူးတင်စကား ပြောရန် အဆင်မပြေသဖြင့် အကြည့်တစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် ဝေ့ဝူသည် စိတ်ဓာတ်မတည်ငြိမ်ဘဲ လူသတ်ရတာကို ဝါသနာပါသည့် နတ်ဆိုးခေါင်းဆောင်တစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။

ဝေ့ဝူသည် မိစ္ဆာဝိဉာဉ်အချို့ကို ထပ်မံမောင်းထုတ်ရန် တုံ့ဆိုင်းနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူသည် လက်ရှိတွင် ချောင်ချောင် ၏ အမည်ကို အသုံးပြုထားသဖြင့် မည်မျှပင် ပြဿနာအကြီးကြီး ရှာထားပါစေ ၎င်းတို့အနေဖြင့် သူ့ကို ရှာဖွေနိုင်မည်မဟုတ်ပေ။

ထိုအချိန်၌ပင် အက်ကြောင်းထဲရှိ ဝိဉာဉ်သွေးကြောမှာ ရုတ်တရက် လှုပ်ရှားလာပြီး ရူးသွပ်စွာ ကူးခတ်နေသော နဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

ချန်ကျောက်မိသားစု မှ လူတစ်ဦးသည် သူ၏ အမျိုးအနွယ် သုံးဦးကို မိစ္ဆာဝိဉာဉ်များကို ခုခံခိုင်းထားပြီး သူကိုယ်တိုင်မှာမူ ဝိဉာဉ်သွေးကြော၏ အနားသို့ ရောက်ရှိလာကာ စိတ်လှုပ်ရှားစွာဖြင့် ၎င်းကို သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။

"မိုက်မဲလိုက်တာ။"

ဝေ့ဝူက လှောင်ပြုံးပြုံးလိုက်ပြီး ထိုလူ၏ အနားရှိ မိစ္ဆာဝိဉာဉ်တစ်ကောင်ကို ချိန်ရွယ်ကာ ထိုလူ့ထံသို့ မောင်းထုတ်လိုက်သည်။

"ချောင်ချောင်... ငါက မင်းကို လိုက်လည်းမဖမ်းခဲ့ဘူးတိုက်လည်းမတိုက်ခိုက်ခဲ့ဘူး။ ဘာလို့ ငါ့ကို လာရန်ပြုတာလဲ။"

ထိုလူက မိစ္ဆာဝိဉာဉ်ကို ခုခံရင်း ဒေါသတကြီး ဆဲဆိုလိုက်သည်။

ဝေ့ဝူက ဘာမှပြန်မပြောဘဲ သူ့ကို အရေးစိုက်မနေတော့ပေ။ အကြောင်းမှာ သူ၏ ရည်မှန်းချက်က **ဝိဉာဉ်သွေးကြော** သာ ဖြစ်သောကြောင့် ဖြစ်သည်။

သူ လှည့်ပတ်ကြည့်လိုက်ရာ တခြားလူအချို့ကလည်း ဝိဉာဉ်သွေးကြောကို မျက်စိကျနေကြသည်ကို မြင်လိုက်ရသည်။

ဝေ့ဝူသည် ထိုနည်းတူစွာပင် ၎င်းတို့ကို မိစ္ဆာဝိဉာဉ်များ သုံး၍ မောင်းထုတ်လိုက်သည်။

လူငါးယောက်ကို ဆက်တိုက် မောင်းထုတ်ပြီးနောက် နောက်ဆုံးတွင် မည်သူမျှ ဝိဉာဉ်သွေးကြောအနားသို့ မချဉ်းကပ်ရဲကြတော့ပေ။

ပိုင်ကျန့်ဟန်သည် ထိုအခြေအနေကို မြင်သောအခါ စမ်းသပ်ကြည့်ချင်သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။

ဝေ့ဝူ*သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မီးစက်ကို မနားတမ်းလှည့်ရင်း ဝိဉာဉ်သွေးကြော*၏ အနားသို့ ရောက်ရှိလာခဲ့သည်။

ရုတ်တရက် သူ ပြဿနာတစ်ခုကို သတိပြုမိသွားသည်။ သူသည် ဝိဉာဉ်သွေးကြောကို မည်သို့ သိမ်းဆည်းရမည်ကို မသိပေ။ ၎င်းကို ဒီအတိုင်း ကောက်ယူပြီး ထွက်ပြေးသွား၍မရနိုင်သည် မဟုတ်ပါလား။

"စောစောက ဝိဉာဉ်သွေးကြောကို သိမ်းဆည်းချင်တဲ့သူတွေရဲ့ လက်ထဲမှာ မန္တန်သေတ္တာလိုမျိုး အရာတစ်ခုကို ကိုင်ထားတာ ငါမြင်လိုက်တယ်။ သူတို့တွေက အဲဒါကို သုံးပြီး သိမ်းဆည်းကြတာ ဖြစ်ရမယ်။"

"ဒါပေမဲ့ ငါ့မှာ မန္တန်သေတ္တာ မရှိဘူး။"

"နေဦး... ငါ့မှာ ရှိတာပဲ။"

"အတိအကျပြောရရင် ရှောင်ယီနဲ့ ကျိုးကျုံးတို့ရဲ့ သိုလှောင်အိတ်ထဲမှာ ရှိနေမှာ သေချာတယ်။"

သူ့ ဦးနှောက်ထဲတွင် အတွေးတစ်ချက် ပေါ်လာပြီးကျိုးကျုံး ၏ သိုလှောင်အိတ်ကို အလျင်အမြန် ရှာဖွေလိုက်သည်။

"တကယ်ပဲ ရှိနေတာပဲ။"

ဝေ့ဝူသည် အလွန်တရာ ဝမ်းမြောက်သွားပြီး မန္တန်သေတ္တာကို ထုတ်ယူချင်သော်လည်း လက်ရှိတွင် သူ့လက်များက အလုပ်ရှုပ်နေသည်။

ထို့ကြောင့် သူသည် မီးစက်ကို မြေပြင်ပေါ်သို့ အရင်ချလိုက်ပြီး လက်တစ်ဖက်ဖြင့် မီးစက်ကို ဆက်လှည့်ရင်း တခြားလက်တစ်ဖက်ဖြင့် မန္တန်သေတ္တာကို ကိုင်မြှောက်လိုက်သည်။

ထို့နောက် သူသည် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။

မန္တန်သေတ္တာမှာ အရှိန်အဟုန်ဖြင့် ကြီးမားလာပြီး မကြာမီ ပေ ဒါဇင်ဝက်ခန့်အထိ ကြီးမားသွားကာ ပြင်းထန်သော စုပ်ယူမှုအားကို ဖြစ်ပေါ်စေခဲ့သည်။

ဝိဉာဉ်သွေးကြောမှာ ဆွဲဆောင်ခြင်း ခံလိုက်ရသည့်အလား မြွေဖြူတစ်ကောင်ကဲ့သို့ ခေါင်းပြူထွက်လာပြီး ခဏတာ တုံ့ဆိုင်းကာ ကြောက်ရွံ့နေဟန် ရှိသည်။

သို့သော် နောက်ဆုံးတွင် ၎င်းသည် မန္တန်သေတ္တာအတွင်းသို့ တိုးဝင်သွားခဲ့သည်။

ဤ ဝိဉာဉ်သွေးကြော မှာ မိုင်ပေါင်းများစွာ ရှည်လျားလှရာ ဝေ့ဝူ သည် အဖြူရောင်ပိုးကြိုးမျှင်တစ်ခု မန္တန်သေတ္တာအတွင်းသို့ အဆုံးမရှိ ဆက်တိုက် စုပ်ယူခြင်း ခံနေရသည်ကို မြင်တွေ့နေရသည်။

၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ထိုအတောအတွင်း ဝေ့ဝသည် မိစ္ဆာဝိဉာဉ်အချို့ကို သုတ်သင်ခဲ့ကာ တခြားလူများကိုလည်း မိစ္ဆာဝိဉာဉ်များ သုံး၍ သတိပေးခဲ့ရပြီးနောက် နောက်ဆုံးတွင် ဝိဉာဉ်သွေးကြော တစ်ခုလုံးကို အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့သည်။

မန္တန်သေတ္တာမှာ ပြန်လည်သေးငယ်သွားပြီး သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

"ရပြီ။"

ဝေ့ဝူသည် အလွန်တရာ ဝမ်းမြောက်သွားခဲ့သည်။

အမှန်အတိုင်းပြောရလျှင် သူသည် ကျိုးကျုံးနှင့် ရှောင်ယီတို့ကို သတ်ရန် ကြံစည်စဉ်က*ဝိဉာဉ်သွေးကြောကို ရရှိရန် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။

သူ၏ မိသားစုအတွက် ကလဲ့စားချေရန်ကသာ ပိုမိုအရေးကြီးခဲ့သည်။

သို့သော် ဤဂူထဲတွင် ဝိဉာဉ်သွေးကြောရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

"နောက်ဆုံးတော့ ဝိဉာဉ်သွေးကြောကို ရသွားတာ ချောင်ချောင် ဖြစ်နေတာပဲ။ ကောင်းကင်ဘုံက တကယ်ကို မတရားဘူး။"

လူတစ်ယောက်က ကောင်းကင်ကို မော့ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သွေးအန်မတတ် ခံစားလိုက်ရသည်။

ဝေ့ဝူကမူ ပြုံးရုံသာ ပြုံးလိုက်သည်။

ထိုခဏ၌ပင် ဝေ့ဝူသည် ပတ်ဝန်းကျင်ရှိ လေထုက ရုတ်တရက် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ အရေပြားပေါ်တွင် ဖိအားတစ်ခု သက်ရောက်လာကာ လှုပ်ရှား၍မရတော့ပေ။

မီးစက်ပင်လျှင် ဆက်လက်လှည့်၍ မရတော့ပေ။

သူ တခြားသူများကို လှည့်ကြည့်လိုက်ရာ ၎င်းတို့လည်း ထိုနည်းတူစွာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဝေ့ဝူတစ်ခုခုကို သတိရသွားခဲ့သည်။

"အချိန်ပြည့်သွားလို့ ငါတို့တွေ ထျန်းရှင်းတောင်ရဲ့ ကန်ထုတ်ခြင်းကို ခံနေရတာ ဖြစ်ရမယ်။"

သူသည် မီးစက်နှင့် မန္တန်သေတ္တာကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုး...ဟူသော အသံနှင့်အတူ ဝေ့ဝူ ၏ မျက်စိရှေ့မှ မြင်ကွင်းအားလုံး မှောင်အတိ ကျသွားခဲ့သည်။

ဤခံစားချက်မှာ အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်း ကို အသုံးပြုရသည်ထက်ပင် ပိုမိုကြာမြင့်ပြီး နေရခက်လှသည်။

သူ အလင်းရောင်ကို ပြန်လည်မြင်တွေ့လိုက်ရချိန်တွင်မူ စိမ်းစိုလှသော မြက်ခင်းပြင် တသွင်သွင်စီးဆင်းနေသော တောင်ကျစမ်းရေတွင်း၊ ကြီးမားလှသော သစ်ပင်ကြီးများနှင့် ဖြာကျနေသော နေရောင်ခြည်တို့ကို မြင်တွေ့လိုက်ရသည်။

"ငါ အပြင်ကို ရောက်လာပြီ။"

ဝေ့ဝူသည် လတ်ဆတ်သော လေထုကို အဝဝ ရှူရှိုက်လိုက်မိတော့သည်။

All Chapters