အခန်း ၈၈
Vol. 9 Ch. 88
အခန်း ၈၈ - ပစ္စည်းစာရင်းစစ်ဆေးခြင်း။
သူ၏မသေမျိုးဂူသို့ ပြန်လည်ရောက်ရှိလာသောအခါ ဝေ့ဝူသည် သတိကြီးစွာ ထားနေခဲ့သည်။
သူ ကမ္ဘာမြေမှ သယ်ဆောင်လာသော ပစ္စည်းများက ရုတ်တရက် အသွင်ပြောင်းလဲကာ ပေါက်ကွဲထွက်ခြင်း သို့မဟုတ် သူ၏ မသေမျိုးဂူကို အစိမ်းလိုက် ဖျက်ဆီးပစ်မည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။
ယခင်က တရိပ်ရိပ် ကြီးထွားလာပြီး တစ်ခန်းလုံး ပြည့်သွားခဲ့သည့် ရှောင်ချီကဲ့သို့မျိုး ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့သော အဖြစ်ဆိုးမျိုး ဖြစ်မလာခဲ့ချေ။ နာရီနှစ်လုံးမှာပင် ဘာပြဿနာမှ မရှိခဲ့ပေ။
"မျှော်လင့်ထားတဲ့အတိုင်းပဲ... ဈေးကြီးတဲ့အရာက ပိုကောင်းတာပဲ။"
"ဟူး..."
စုပုံနေသည့် ပစ္စည်းများကို ကြည့်ရင်း ဝေ့ဝူသည် စိတ်အနှောင့်အယှက် မဖြစ်ရုံသာမက အလွန်အမင်းပင် စိတ်လှုပ်ရှားနေခဲ့သည်။
သူသည် ပစ္စည်းစာရင်းကို စတင် စစ်ဆေးတော့သည်။
ပေါက်စီ ၇၇ လုံး ၎င်းတို့အနက် ၇၀ လုံးမှာ ပထမအကြိမ်က ယူလာသည့်ဆိုင်မှ ဖြစ်ပြီး ၇ လုံးမှာ အခြားဆိုင်မှ ဖြစ်သည်။
ဆေးလိပ်မျိုးစုံ အလိပ် ၁၀၀၀။
လက်ကိုင်ဖုန်း ၅ လုံး။
စိတ်ကျန်းမာရေး ဆေးဝါး ၆ မျိုး - ကွန်ပေါင်း စီရီဘရိုပရိုတင်း ဟိုက်ဒရိုလိုင်ဆိတ်၂၄ လုံး၊ လိုဘီလင်း ဟိုက်ဒရိုကလိုရိုက် ထိုးဆေး ၁၀ လုံး၊ ကာဗာမာဇပင်း အလုံး ၁၀၀၊ ဆူးပရိုက် အလုံး ၁၀၀၊ စီတီကိုလင်း ဆိုဒီယမ်၁၂ လုံး၊ ဆိုဒီယမ် ဗယ်ပရိုအိတ်အလုံး ၁၀၀။
သွေးတိတ်ဖြန်းဆေး ၁ ပုလင်း။
ကျောက်ကပ်အားဆေး၁၂၀ ပါ ၁ ပုလင်း။
ဘဏ်ကတ် ၅ ပြား။
အရုပ်များနှင့် စာအုပ်များဖြစ်သည်။
ဝေ့ဝူသည် တစ်ချက်မျှ အကြမ်းဖျင်း ကြည့်လိုက်ရုံနှင့်ပင် အလွန် ရှုပ်ထွေးလှသည်ဟု ခံစားလိုက်ရသည်။ ဤအရာအားလုံးကို စမ်းသပ်ရန် အချိန်မည်မျှ ကြာဦးမည်နည်း။
သူသည် ပျင်းကြောဆန့်လိုက်ပြီး အလုပ်စတင်ကာ မတူညီသော ပေါက်စီ အမျိုးအစား နှစ်မျိုးကို စမ်းသပ်စစ်ဆေးပြီးခါနီးတွင်ပင် သူ၏ လက်ကိုင်ဖုန်းထဲသို့ ဝေ့ကျင်းပေါ်ထံမှ သတင်းစကား တစ်စောင် ရောက်ရှိလာပြီး သူ့ထံသို့ လာခဲ့ရန် တောင်းဆိုလာခဲ့သည်။
ဝေ့ဝူသည် ပစ္စည်းအားလုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ အရင်ဆုံး ထည့်သွင်းလိုက်သည်။
"ဟင်... ခြင်ပိုးလောက်လန်းတွေက မိစ္ဆာသားရဲတွေမို့လို့ အိတ်ထဲ ထည့်လို့မရတာ ထားပါတော့ ဒါပေမဲ့ ရှာလမွန်ရဲ့ သော့ချက်စာအုပ်ကပါ ဘာလို့ ထည့်လို့မရတာလဲ။"
ဝေ့ဝူ ဇဝေဇဝါ ဖြစ်သွားရသည်။ အခြားအရာအားလုံးကို သိုလှောင်အိတ်ထဲသို့ လွယ်လွယ်ကူကူ ထည့်သွင်းနိုင်သော်လည်း ဤ ရှာလမွန်၏ သော့ချက်ဟူသော စာအုပ်တစ်အုပ်တည်းကိုသာ ထည့်သွင်း၍ မရဘဲ ဖြစ်နေသည်။
ကျင့်ကြံခြင်းလောကသို့ ရောက်ရှိလာပြီးနောက် ဤစာအုပ်သည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
၎င်းသည် တစ်အုပ်လုံး ပိန်းပိတ်အောင် မည်းမှောင်နေပြီး နတ်ဆိုးချီ သို့မဟုတ် မကောင်းဆိုးဝါး စွမ်းအင်မျိုး မဟုတ်သည့် ထူးဆန်းသော အနက်ရောင် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ စာအုပ်၏ မျက်နှာဖုံးပေါ်တွင်မူ ထူးဆန်းသော သင်္ကေတများဖြင့် ထွင်းထုထားသည့် ကြယ်ငါးပွင့်ပုံစံ တစ်ခု ရှိနေပြီး ၎င်း၏ လိုင်းများအကြားတွင် ခရမ်းရောင်အလင်းတန်းများ အသက်ရှူနေသကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေသည်။
သူသည် စာအုပ်ကို ဖွင့်ရန် ကြိုးစားကြည့်သော်လည်း မည်သို့ပင်လုပ်စေကာမူ ဖွင့်၍မရကြောင်း တွေ့ရှိလိုက်ရသည်။
ဝေ့ဝူ အလွန်အံ့အားသင့်သွားရသည်။ သူသည် ယခုအခါ မန်ရှင်းအဆင့်၂ သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤစာအုပ်ကိုမျှ ဖွင့်၍မရပေ။
သူသည် အနောက်တိုင်း လျှို့ဝှက်ဆန်းကြယ်ပညာရပ်များနှင့် ပတ်သက်၍ များများစားစား မသိရှိသဖြင့် လောလောဆယ်တွင် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိသေးချေ။
လောလောဆယ်တော့မသေမျိုးဂူထဲမှာပဲ ထားခဲ့လိုက်တော့မယ်ဟု သူ တွေးလိုက်သည်။
အနက်ရောင် အငွေ့အသက်များ ထုတ်လွှတ်နေသည်မှအပ ဤစာအုပ်သည် တိတ်တဆိတ်ပင် ငြိမ်သက်နေပုံရသည်။ ဘေးကင်းစေရန်အတွက် သူသည် စာအုပ်ကို ကျောက်စိမ်းသေတ္တာတစ်ခုထဲသို့ ထည့်ကာ ရိုးရှင်းသော တားမြစ်ချက်အစီအရင်တစ်ခုကို ချမှတ်ပြီးနောက်မသေမျိုးဂူထဲမှ ထွက်ခွာခဲ့သည်။
မသေမျိုးဂူ၏ တံခါးပိတ်သွားသည့် နောက်တစ်စက္ကန့်တွင် ကျောက်စိမ်းသေတ္တာထဲရှိ ရှာလမွန်၏ သော့ချက်စာအုပ်သည် အနည်းငယ် တုန်ခါသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝေ့ဝူ၏ ၀ိဉာဉ်ပင်လယ်အတွင်း၌ ရှိနေသောခရမ်းရောင်မိစ္ဆာသည် ရုတ်တရက် မျက်မှောင်ကုတ်လိုက်သည။
"အဲဒါ ဘာအသံလဲ။"
ချန်ချွမ်တောင် ၏ စည်းဝေးခန်းမသို့ ရောက်ရှိလာသောအခါ
မိသားစု၏ အကြီးအကဲမျာသည် အထက်ခုံတန်းများတွင် အစီအရင်အတိုင်း ထိုင်နေကြသည်။ ဝေ့မိသားစု၏ မန်ရှင်းအဆင့်ကျင့်ကြံသူများအနက် ဝေ့ကျွင်းချန်တစ်ဦးတည်းသာလျှင် ပြင်းထန်စွာ ဒဏ်ရာရရှိကာ သတိမေ့မြောနေသဖြင့် ဤအစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ချေ။
"ငါ အခုလေးတင် သတင်းရတယ်ချင်းလုံဂိုဏ်းက လွန်ခဲ့တဲ့အချိန်ကတည်းက ပိုင်မိသားစု သွေးမြစ်ဂိုဏ်းနဲ့ ကျိုးမိသားစုတို့ကို ဆွေးနွေးဖို့ ဆင့်ခေါ်ခဲ့ပြီး သွေးမြစ်ဂိုဏ်းနဲ့ ကျိုးမိသားစုကို ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်တဲ့ ပြီးတော့ အပြစ်ပေးတဲ့အနေနဲ့ ဒီမိသားစုနှစ်စုကမန်ရှင်းအဆင့်မြင့်ကျင့်ကြံသူ အချို့ကို စစ်ပွဲမှာ ပါဝင်ဖို့ အဓမ္မ စုဆောင်းသွားတယ်လို့ သိရတယ်။"
"ဒါကြောင့်မို့လို့ပဲ မကြာသေးခင်က တော်တော်လေး ငြိမ်သက်နေတာကိုး။"
တတိယအကြီးအကဲဝေ့ရှင်းယန်က ဆိုသည်။
"ဒါပေမဲ့..."
ဝေ့ကျင်းပေါ်က ဆက်လက်၍ပြောကြားသည်။
"သွေးမြစ်ဂိုဏ်းနဲ့ ကျိုးမိသားစုရဲ့ ရည်မှန်းချက်တွေကတော့ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ ချင်းလုံဂိုဏ်းရဲ့ ရှေ့တန်းစစ်အခြေအနေတွေ ပိုမိုခက်ခဲလာတာနဲ့အမျှ သွေးမြစ်ဂိုဏ်းနဲ့ ကျိုးမိသားစုဟာ ချင်းလုံဂိုဏ်းရဲ့ သတိပေးချက်တွေကို တဖြည်းဖြည်း လျစ်လျူရှုလာကြလိမ့်မယ်။ ဒါကြောင့် ငါတို့တွေ ပေါ့ဆလို့မရဘူး။ အချိန်ပြည့် သတိရှိနေရမှာဖြစ်သလို အဖက်ဖက်က လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်နေရမယ်"
အမှန်တကယ်တွင် ချင်းလုံဂိုဏ်း၏ အခြေအနေမှာ မကောင်းကြောင်း ဤအချက်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထိုသို့မဟုတ်ပါက သတိပေးရုံမျှဖြင့် ပြီးမည်မဟုတ်ဘဲ အာဏာတည်ဆောက်ရန်အတွက် တိုက်ရိုက် ကွပ်မျက်လိုက်မည် ဖြစ်သည်။
"နောက်ထပ် ကိစ္စတစ်ခုကတော့ အဆင့် ၃ ဝိညာဉ်ပိတ်ဆို့ခြင်းအစီအရင် နဲ့ ပတ်သက်ပြီး အရှေ့ဘက်က လင်းထိုင်အဆင့်အင်အားစုတစ်ခု မျိုးတုံးဖျက်ဆီးခံလိုက်ရတယ်လို့ သတင်းရတယ်။ သူတို့ရဲ့ ဝိညာဉ်ပိတ်ဆို့ခြင်းအစီအရင်တစ်ခု ပေါ်ထွက်လာခဲ့တာ။ အဲဒါကို ယန်ကျင်းကုန်သွယ်ရေးအဖွဲ့က ရရှိသွားတယ်လို့ ကြားတယ်။"
"ယန်ကျင်းကုန်သွယ်ရေးအဖွဲ့ဆီမှာ ရှိနေမှတော့ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိသရွေ့ ဝယ်လို့ရတာပဲ။"
"အဲဒါတော့ ဟုတ်တယ်။ ဒါပေမဲ့ ငါ စုံစမ်းကြည့်ရသလောက်တော့ အဆင့် ၃ ဝိညာဉ်ပိတ်ဆို့ခြင်းအစီအရင်တစ်ခုကို ဝိညာဉ်ကျောက်တုံး တစ်သိန်းသုံးသောင်းကျော် ပေးရမယ်တဲ့။"
အားလုံး တိတ်ဆိတ်သွားကြသည်။ ဝိညာဉ်ကျောက်တုံး တစ်သိန်းသုံးသောင်း ဆိုသည်မှာ အတော်လေး ထိတ်လန့်စရာကောင်းသော ကိန်းဂဏန်း ဖြစ်သည်။
ဝေ့ဝူသည် အောက်တွင် ထိုင်နေရင်း အကယ်၍ ကန်စွန်းဥတွေ ရင့်မှည့်လို့ ရောင်းချလိုက်ရရင် ဝိညာဉ်ကျောက်တုံး ငါးသိန်းကနေ ခြောက်သိန်းလောက်အထိ ရိတ်သိမ်းနိုင်မှာပဲ။ ရှုယွီရဲ့ ကန်စွန်းဥမျိုးပွားခြင်း နည်းလမ်းကော အောင်မြင်အောင် သုတေသနလုပ်လို့ ပြီးပြီလား မသိဘူး။
စိတ်ထဲက တွေးနေမိသည်။
သို့သော်လည်း အကယ်၍ သူသည် ကန်စွန်းဥများကို အကြီးအကျယ် ရောင်းချလိုက်ပါက အန္တရာယ်ဆိုးများ သယ်ဆောင်လာမည်ကို စိုးရိမ်မိသည်။
"ဒါကတော့ အဆင့် ၃ ဝိညာဉ်ပိတ်ဆို့ခြင်းအစီအရင်နဲ့ ပတ်သက်ပြီး လောလောဆယ် ငါ စုံစမ်းရသမျှ သတင်းပဲ။ ဒီကိစ္စကို နောက်မှပဲ ဆက်ဆွေးနွေးကြတာပေါ့။ ဝိညာဉ်ကျောက်တုံး တစ်သိန်းသုံးသောင်း ဆိုတာက ငါတို့ ဝေ့မိသားစုရဲ့ အဆင့်အတန်းထက် တော်တော်လေး ကျော်လွန်နေတယ်။"
"လက်ထဲမှာဝိညာဉ်သွေးကြောရှိနေပါလျက်နဲ့ အသုံးမချနိုင်ဘူးဆိုတဲ့ ခံစားချက်က တကယ်ကို... တကယ်ကို... အင်မတန်မှကို စိတ်မသက်မသာ ဖြစ်ရတယ်။"
သူတို့သည် အခြားသော ကိစ္စအသေးအဖွဲအချို့ကို ဆွေးနွေးပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြသည်။
ယခုအခါ ဝေ့ဝူသည်ချောင်ချောင်ဖြစ်ကြောင်း မိသားစုအတွင်းရှိ **မန်ရှင်းအဆင့်** အကြီးအကဲများ အားလုံး သိရှိသွားကြပြီ ဖြစ်သည်။ ဘိုးဘေး ဝေ့ချွမ်ဟဲနှင့်ဝေ့ကျင်းပေါ်တို့ နှစ်ဦးစလုံးက ဤကိစ္စသည် အလွန်အရေးကြီးကြောင်း၊ အကယ်၍ ပေါက်ကြားသွားပါက ဝေ့မိသားစုအတွက် ကပ်ဘေးဆိုးကြီး ဖြစ်လာနိုင်ကြောင်း အလေးအနက် ထုတ်ပြန်ထားခဲ့သည်။
အခြားသူများလည်း အကျိုးအပြစ်ကို နားလည်ကြသဖြင့် စိတ်ထဲတွင် သေသေချာချာ မှတ်သားထားကြသည်။
သို့သော်လည်း မိမိ လုံးဝယုံကြည်ရသူများ ဖြစ်သည့်တိုင် ဝေ့ဝူသည် စိုးရိမ်ပူပန်နေမိဆဲ ဖြစ်သည်။ သူတို့က သဘောအလျောက် လျှို့ဝှက်ချက်ကို ပေါက်ကြားစေမည် မဟုတ်သော်လည်း အကယ်၍ သူတို့သည် ဝိညာဉ်ရှာဖွေခြင်းအတတ် နှင့် ကြုံတွေ့ရလျှင်ကော။ ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သော မန္တန်မျိုး ရှိကြောင်း လူတိုင်းသိသည်။
သို့သော် ၎င်းသည် လင်းထိုင်အဆင့် မန္တန်တစ်ခု ဖြစ်ရာ လင်းထိုင်အဆင့် ကျွမ်းကျင်သူတစ်ဦးက ဝေ့မိသားစုဝင်များကို ဝိညာဉ်ရှာဖွေရန်အတွက် သူတို့၏ စိတ်အာရုံကို လာရောက်အဖြုန်းခံမည် မဟုတ်ချေ။ ထို့ကြောင့် ဝေ့ဝူ၏ အခြေအနေမှာ ဘေးကင်းပါသေးသည်။ သို့သော် မိမိ၏ လျှို့ဝှက်ချက်ကို အခြားသူများ သိရှိနေခြင်းက သူ့ကို မလုံခြုံသလို ခံစားရစေခြင်း ဖြစ်သည်။
...
အကြီးအကဲများ ထွက်ခွာသွားပြီးနောက် ဝေ့ဝူသည် ဝေ့ကျင်းပေါ်ကို သွားရောက်ရှာဖွေခဲ့သည်။
ထို့နောက် ဖခင်ဖြစ်သူ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူသည် ပေါက်စီအပုံလိုက်ကြီးကို ထုတ်ပြလိုက်သည်။
"ဒါတွေအကုန်လုံးက ပေါက်စီတွေချည်းပဲလား။"
သူ့ဖခင်မှာ နောက်တစ်ကြိမ် ထပ်မံ ထိတ်လန့်သွားရပြန်သည်။
"အဖေ... ဒီမှာ စုစုပေါင်း ပေါက်စီ ၇၄ လုံး ရှိတယ်။ ဒါတွေကို အဖေ့ဆီမှာပဲ အပ်ခဲ့မယ်။ ဘယ်သူ့ကို ခွဲတမ်းပေးရမလဲဆိုတာ ကျွန်တော် စိတ်မပူတော့ဘူးနော်။"
ဝေ့ကျင်းပေါ်၏ နှုတ်ခမ်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားခဲ့သည်။
"ဒီအရာတွေကို မိသားစုဝင်တွေကို အကုန်ကျွေးလိုက်လို့ တခြားလူတွေ သိသွားရင် အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်။ ငါတို့ သေသေချာချာ စီစဉ်ရမယ် သေသေချာချာ စီစဉ်ရမယ်..."
ပေါက်စီများခွဲတမ်းပေးရန် ဖခင်ဖြစ်သူအား ခေါင်းခဲစရာအဖြစ် ထားရစ်ခဲ့ပြီးနောက် ဝေ့ဝူသည် နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။
မတူညီသော ဆိုင်များမှ ဝယ်ယူလာသည့် ပေါက်စီများနှင့် ပတ်သက်၍ ဝေ့ဝူ စမ်းသပ်ကြည့်ပြီးသား ဖြစ်သည်။ ၎င်းတို့၏ ဝိညာဉ်စွမ်းအင် အငွေ့အသက်မှာ အတူတူပင်ဖြစ်ရာ အာနိသင်လည်း တူညီလိမ့်မည် ဖြစ်သည်။
ယခုအကြိမ်တွင် သူသည် စုစုပေါင်း ပေါက်စီ ၇၇ လုံး သယ်ဆောင်လာခဲ့ပြီး ၇၄ လုံးကို ဝေ့ကျင်းပေါ်ထံ ပေးအပ်ခဲ့ကာ မိမိအတွက်မူ ၃ လုံး ချန်ထားခဲ့သည်။ ၎င်းမှာ လျူရှုယွီအားချီသန့်စင်ခြင်းအဆင့်၉ သို့ အဆင့်တက်လှမ်းနိုင်ရန်အတွက် ဖြစ်သည်။
ဤနည်းဖြင့် လျူရှုယွီသည် ဆေးဖော်စပ်သည့်အခါ ပိုမိုသက်တောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ပင်ပန်းနွမ်းနယ်ကာ လဲပြိုရသည့်အထိ ဖြစ်လာတော့မည် မဟုတ်ချေ။
ဝေ့ဝူသည် လျူမိသားစုထံသို့ သွားရောက်ရန် ဝေ့မိသားစုမှ ထွက်ခွာခါနီးတွင်ပင်ဝေ့ကျင်းပေါ်ထံသို့ အရေးပေါ် သတင်းစကားတစ်စောင် ရောက်ရှိလာခဲ့သည်။
"လင်ရှီးဂိုဏ်းရဲ့ နယ်မြေထဲမှာ မနေ့က ရုတ်တရက် အနက်ရောင်မြွေပေါင်း ထောင်နဲ့ချီပြီး ပေါ်ထွက်လာခဲ့တယ်တဲ့။ အဲဒီမြွေတွေဟာ နေရာအနှံ့ လျှောက်သွားပြီး ဝိညာဉ်ဆေးဝါးတွေ၊ ဝိညာဉ်သတ္တုတွင်းတွေ၊ ဝိညာဉ်တိရစ္ဆာန်တွေနဲ့ အခြားအရာအားလုံးကို ဝါးမြိုသွားကြတယ်။ တစ်ညတည်းနဲ့တင် လင်ရှီးဂိုဏ်းနယ်မြေအတွင်းက အရင်းအမြစ်တွေ အားလုံးကို အကုန်အစင် ဝါးမြိုခြင်း ခံလိုက်ရတာ။ သတင်းတွေအရ မနေ့ညက အကြီးအကဲ အချို့လည်း သေဆုံးသွားခဲ့တယ်လို့ သိရတယ်။"
ဝေ့ကျင်းပေါ်မျက်မှောင်ကုတ်လိုက်သည်။ လင်ရှီးဂိုဏ်းသည်ကူယွန်းတောင်တန်း၏ အရှေ့ဘက်တွင် ရှိသော မန်ရှင်းအဆင့်အင်အားစုတစ်ခု ဖြစ်ပြီး အလယ်အဆင့်ကျွမ်းကျင်သူများ စောင့်ကြပ်နေသော်လည်း ယခုကဲ့သို့ ကပ်ဘေးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။
အဓိကအချက်မှာ လွန်ခဲ့သည့် ငါးရက်ကလည်း သူသည် အနက်ရောင်မြွေများနှင့် ပတ်သက်သည့် သတင်းကို ရရှိခဲ့သေးသည်။ ထိုအကြိမ်ကမူ ပိုမိုအရှေ့ဘက်ကျသော ဝမ်ချွမ်ဂိုဏ်း ဖြစ်ပြီး သူတို့၏ နယ်မြေအရင်းအမြစ်များလည်း အနက်ရောင်မြွေများ၏ ဝါးမြိုခြင်းကို ခံခဲ့ရကာ အကြီးအကဲအချို့ သေဆုံးခဲ့သည်။
ထိုအကြောင်းကို ကြားရပြီးနောက် အရင်းအမြစ်များ ဘာမှမကျန်တော့သဖြင့် ဂိုဏ်းအတွင်းရှိ တပည့်များအားလုံး ဖရိုဖရဲ ထွက်ပြေးကြပြီး အနီးနားရှိ အခြားသူများနှင့် အရင်းအမြစ်များအတွက် လုယက်တိုက်ခိုက်ကာ အရှေ့ဘက်မှ ဒုက္ခသည်များကဲ့သို့ ဖြစ်သွားခဲ့ကြရသည်။
ဝေ့ကျင်းပေါ်သည် လက်နှစ်ဖက်ကို အနောက်တွင် ပစ်ကာ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်ရင်း
"ဒါဟာ သက်သက် မိစ္ဆာသားရဲတွေရဲ့ ဖျက်ဆီးမှုလား။ ဒါမှမဟုတ် အနောက်ကွယ်ကနေ တစ်စုံတစ်ယောက်က မန္တန်တွေ ပြုလုပ်နေတာလား။ လင်ရှီးဂိုဏ်းနဲ့ ဝမ်ချွမ်ဂိုဏ်းတို့ကို အလွယ်တကူ နှိမ်နင်းနိုင်တယ်ဆိုရင် ဒီလူဟာ မန်ရှင်းအဆင့်အထက်ပိုင်း အဆင့် ၃ ဆင့် ရောက်နေတဲ့သူ ဖြစ်ရမယ်။'
"အဆိုးဆုံးကတော့... ဒီလမ်းကြောင်းအတိုင်းဆိုရင် နောက်ထပ် ပစ်မှတ်က ငါတို့ ဝေ့မိသားစု ဖြစ်လာနိုင်တာပဲ။”