← Chapters

အခန်း ၂၈၈

Vol. 25 Ch. 288

အခန်း ၂၈၈

Vol. 25 Ch. 288

အခန်း (၂၈၈) ညစာစားခြင်း

အချိန်တစ်နာရီကြာပြီးနောက် အဘိုးစုသည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ပြောလိုက်၏။

"အင်း... ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြမလား..."

"ငါ့မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့ အခု ပြန်လိုက်ပါဦးမယ်..."

စုဖူချန်နှင့် အခြားသူများသည် အလျင်အမြန် မတ်တတ်ရပ်လိုက်ကြသည်။ ရိုးရိုးသားသားပြောရလျှင် သူ၏ စကားများနှင့် လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် အဘိုးစုသည် လုံးလုံးလျားလျား သာမန်လူတစ်ယောက် မဟုတ်ကြောင်း သေချာလှပေ၏။

"ဟုတ်ကဲ့ပါ အဘိုးစု... ကျွန်တော် အချိန်ရတဲ့အခါ လာလည်ပါ့မယ်..."

စုဖူချန်က ပြောလိုက်သည်။

"ကောင်းပြီ..."

အဘိုးစုက စုဖူချန်၏ လက်ကို ဆုပ်ကိုင်ထားရင်း လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် သူတို့သုံးဦးသည် စားသောက်ဆိုင်ထဲမှ ထွက်ခွာသွားကြ၏။

ကားထဲရှိ အဘိုးစုမှာမူ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များတွင် နစ်မြုပ်နေဆဲဖြစ်ပုံ ရပေသည်။

"ရှောင်ကျောက်... မင်း..."

"ထားလိုက်တော့... ငါ ဖုန်းတစ်ကောလ်လောက် ခေါ်လိုက်ဦးမယ်..."

သူ၏ အငယ်ဆုံးသားဖြစ်သူ အဆင်ပြေနေသည်ကို မြင်တွေ့ရခြင်းက အဘိုးစုအား အလွန် ပျော်ရွှင်စေခဲ့ပြီး သူ၏ အပြစ်ရှိသလို ခံစားရမှုမှာလည်း အနည်းငယ် လျော့ပါးသွားခဲ့ချေပြီ။

ယခုလေးတင် သူ့ကို အမှန်တကယ် အနှောင့်အယှက် ဖြစ်စေခဲ့သော သတင်းတစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ သူ၏မြေးဖြစ်သူ စုယွမ်ပင်။

သူသည် ဆောက်လက်စအဆောက်အအုံများကို ဝယ်ယူရန် ကျင်းတူးသို့ အထူးတလည် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေ၏။

အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။

အဘိုးစုသည် ဖုန်းနံပါတ်တစ်ခုကို တိုက်ရိုက် ခေါ်ဆိုလိုက်လေသည်။

"ဟယ်လို..."

"အို... အဘိုးစု... နေလို့ထိုင်လို့ကောင်းရဲ့လား... ဒီရက်ပိုင်း အလုပ်တွေ အရမ်းရှုပ်နေလို့ အဘိုးဆီ လာမလည်ဖြစ်တာ..."

ဖုန်း၏ တစ်ဖက်စွန်းမှ လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

"ရှောင်လင်း... မင်းက အရမ်း အလုပ်များတဲ့ မြို့တော်ဝန်လေ... ဘယ်လိုလုပ်ပြီး ငါ့ဆီ လာတွေ့နိုင်မှာလဲ..."

"ငါ မင်းကို မေးစရာလေးတစ်ခု ရှိလို့..."

အဘိုးစုက တည်ငြိမ်စွာ ပြောလိုက်သည်။

"အို... အရေးကြီးကိစ္စ ရှိလို့လား..."

မြို့တော်ဝန်လင်းက မေးလိုက်၏။

"ဘာမှမဟုတ်ပါဘူး... ကျင်းတူးရဲ့ အနောက်ဘက်မှာ ဆောက်လက်စအဆောက်အအုံတွေ ရှိတယ် မဟုတ်လား... အဲဒီနေရာနဲ့ ပတ်သက်ပြီး ဘာများ တိုးတက်မှု ရှိလဲ..."

အဘိုးစုက တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"ဟုတ်ကဲ့ ရှိပါတယ်... အဲဒီနေရာမှာ မကြာခင် အဓိက အလယ်တန်းကျောင်းတစ်ခု ဆောက်ဖို့ စီစဉ်ထားပါတယ်..."

"အလယ်တန်းရော အထက်တန်း ကျောင်းသားတွေအတွက်ပါ အချက်အလက်တွေက ပြည့်စုံနေပါပြီ... ဒါကို ကျွန်တော်တို့ နှစ်ယောက်ပဲ သိသေးတာပါ... စာရွက်စာတမ်းတွေက မနက်ဖြန်မှ ထွက်မှာကို အဘိုးက ဘယ်လိုလုပ် သိနေတာလဲ..."

မြို့တော်ဝန်လင်းက တွေဝေစွာ မေးလိုက်၏။

"ငါက ဘယ်လိုလုပ် သိမှာလဲ... ငါ တကယ် လုံးလုံးလျားလျား မသိခဲ့ဘူး..."

ယခုအချိန်တွင် အဘိုးစုသည်လည်း အလွန်အမင်း အံ့အားသင့်နေခဲ့ပေသည်။

ထိုနေရာတွင် နာမည်ကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်ရန် စီစဉ်ထားကြောင်းကို သူ၏မြေးဖြစ်သူက မည်သို့ သိရှိခဲ့သနည်း။

ဤသည်မှာ လူငယ်တစ်ယောက် ရှိသင့်သော အမြင်မျိုး ဟုတ်ပါရဲ့လား။ ဤကဲ့သို့သော အမြင်မျိုးသည် တကယ်ကိုပင် ကြောက်မက်ဖွယ် ကောင်းလှချေသည်။

အကယ်၍ ဟန်ထိုက်နှင့် အခြားသော ကော်ပိုရေးရှင်းကြီးများသာ ဤကိစ္စကို သိရှိသွားပါက ထိုနေရာကို ဝယ်ယူရန် လုယက်နေကြလောက်ပြီ ဖြစ်ပေ၏။

"ရှောင်လင်း... ရပြီ... ဘာမှမဟုတ်တော့ဘူး..."

ထိုသို့ပြောပြီးနောက် အဘိုးစုသည် ဖုန်းချလိုက်ကာ နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြုပ်သွားတော့သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညနေစောင်းသို့ပင် ရောက်ရှိနေချေပြီ။ မှောင်စပြုလာချိန်တွင် တစ်နေ့တာလုံး လည်ပတ်ထားသောကြောင့် စုဖူချန်နှင့် ချန်ချွေ့ဖန်တို့သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသဖြင့် နားနေရန် ဟိုတယ်သို့ ပြန်သွားကြလေ၏။

"အပြင်ထွက်ပြီး အသားကင် စားကြမလား..."

ပိုင်ချန်က ဖုန်းထဲမှတစ်ဆင့် စုယွမ်ကို ပြောလိုက်သည်။

"ကောင်းပြီ... ဒီနေ့ ငါ သိပ်အများကြီး မစားရသေးဘူး... နေရာလေး ပို့ပေးထား... ငါ အခုချက်ချင်း လာခဲ့မယ်..."

စုယွမ်က ပြောလိုက်၏။

"အိုကေ... ငါ စောင့်နေမယ်..."

ပိုင်ချန် စကားပြောပြီးနောက် သူတို့နှစ်ဦး ဖုန်းချသွားကြလေသည်။

ပိုင်ချန်သည် သူမ၏ တည်နေရာကို အရင်ပို့ပေးလိုက်ပြီးနောက် လွတ်နေသော စားပွဲတစ်လုံးကို ရှာဖွေကာ စားပွဲပေါ်ရှိ ဟင်းလျာစာရင်းကို ကောက်ကိုင်ပြီး စတင်မှာယူလိုက်၏။

"အမဲသားကင် အချောင်းနှစ်ဆယ်လောက် ပေးပါ..."

"သိုးသားကင်လည်း အချောင်းနှစ်ဆယ်လောက် ပေးပါ..."

"ကြက်သွန်မြိတ်ကင် ကမာကင်နဲ့ ကျောက်ကပ်ကင်တွေကို တစ်မျိုးကို ဆယ်ချောင်းစီလောက် ပေးပါ..."

"ဝါးလို့ကောင်းတဲ့ အမဲသားကင်လည်း ဆယ်ချောင်းလောက် ပေးပါဦး..."

ပိုင်ချန်သည် အတော်များများ မှာယူလိုက်သည်။

အကြောင်းမှာ သူတို့နှစ်ယောက်တည်းသာ မဟုတ်ဘဲ သက်တော်စောင့် သုံးဦးလည်း အတူလိုက်ပါလာသောကြောင့် ဖြစ်၏။ သဘာဝကျစွာပင်အရေအတွက်မှာလည်း ပုံမှန်ထက် ပိုများနေခဲ့သည်။

ဤနေရာမှာ သာမန် လမ်းဘေးစားသောက်ဆိုင်လေးတစ်ဆိုင်သာ ဖြစ်သော်လည်း၊ ယခုလို ရာသီဥတုမျိုးတွင် အပြင်ဘက်၌ ထိုင်စားရန် အလွန်သင့်တော်လှသည်။

ဆိုင်နေရာမှာလည်း ကျယ်ဝန်းသန့်ရှင်းပြီး ဆိုင်ရှင်များအားလုံးမှာ ရှင်းကျန်းဒေသမှ လာရောက်ဖွင့်လှစ်ထားသူများ ဖြစ်ကြ၏။

အွန်လိုင်းပေါ်ရှိ သုံးသပ်ချက်များလည်း အလွန်ကောင်းမွန်ပြီး အရသာ၊ ဝန်ဆောင်မှုနှင့် အသုံးပြုထားသော ပါဝင်ပစ္စည်းများအားလုံးမှာ ချီးကျူးခံထားရလေသည်။

"ဟုတ်ကဲ့ပါ... အစားအသောက်တွေကို ချက်ချင်း ချပေးနိုင်ဖို့ စီစဉ်ပေးပါ့မယ်..."

စားပွဲထိုးက ပြောလိုက်သည်။

ပိုင်ချန်က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ဖုန်းကို စတင်ကစားနေလိုက်၏။

"ရွှမ်ဇီ... မင်းက ဒီမှာ ညစာကျွေးမယ်လို့ ပြောခဲ့တာလေ..."

"ဒါက အရမ်းကို အဆင့်နိမ့်တာပဲ..."

ခေတ်ဆန်သော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် သူ၏ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး နေရာနှင့်မလိုက်ဖက်ဟု ခံစားရကာ အနည်းငယ် စိတ်မရှည်ဖြစ်နေပေ၏။

"အစ်ကိုရွှီ... အစ်ကို မသိလို့ပါ..."

"ဒီနေရာက အခြေအနေတွေ နည်းနည်း ရိုးရှင်းပေမဲ့ ညဘက်ဆိုရင် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်..."

ရွှမ်ဇီအမည်ရသော အမျိုးသားက ချီးကျူးလိုက်ပြီးနောက် အစ်ကိုကြီးဖြစ်သူအတွက် စီးကရက်တစ်လိပ်ကို ရိုသေစွာ မီးညှိပေးလိုက်လေသည်။

"စိတ်ဝင်စားစရာ ဟုတ်လား... ဘာက စိတ်ဝင်စားစရာ ကောင်းတာလဲ..."

အစ်ကိုရွှီဆိုသူမှာ မကျေနပ်သော အမူအရာ ဖြစ်နေ၏။

မိမိကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးအတွက် ဤနေရာတွင် စားသောက်ရခြင်းက သိက္ခာကျစရာပင်။

"အစ်ကိုရွှီ... စိတ်မပူပါနဲ့... ကျွန်တော်က အစ်ကို့အကြောင်း ကောင်းကောင်း သိတယ် မဟုတ်လား..."

"ဒီမှာ အစ်ကို သဘောကျမယ့် အရာတစ်ခု ရှိတယ်..."

"အထူးသဖြင့် ညဘက်ဆိုရင် ပိုတောင် များသေးတယ်... ကျွန်တော် အစ်ကို့ကို နှစ်ယောက်လောက် မိတ်ဆက်ပေးပါ့မယ်..."

ရွှမ်ဇီက ဆိုးယုတ်စွာ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

"အို..."

အစ်ကိုရွှီသည် ဤသည်ကို ကြားလိုက်ရချိန်တွင် အလွန် ဝမ်းသာသွားလေ၏။ သူတို့က ဤနေရာတွင် သူ့ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ မိမိ၏ ဝါသနာများကို ရွေးချယ်ရမည်ဆိုလျှင် တစ်ခုက ကားများဖြစ်ပြီး အခြားတစ်ခုကမူ အမျိုးသမီးများပင် ဖြစ်ချေသည်။

"ဒီက မိန်းကလေးတွေအားလုံးက လေးစားစရာကောင်းတဲ့ မိသားစုတွေကချည်းပဲ..."

"အဲဒီအချိန်ကျရင်လေ..."

"ဟားဟားဟား..."

ရွှမ်ဇီသည် ဆိုးယုတ်စွာ ပြုံးဖြီးဖြီး လုပ်လိုက်ပြန်၏။

"ဟားဟားဟားဟား..."

"ရွှမ်ဇီ... မင်းက ကျေးဇူးသိတတ်တဲ့သူပဲ... မင်းရဲ့ အစ်ကိုကြီး ဘာကို သဘောကျလဲဆိုတာ မင်း သိတာပေါ့..."

"မှတ်ထားနော်... သူတို့သဘောဆန္ဒအရပဲ ဖြစ်ရမယ်... ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ရဘူး... နားလည်လား..."

အစ်ကိုရွှီက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ပြဿနာ မရှိပါဘူး..."

ရွှမ်ဇီက ပြုံးလိုက်၏။ အစ်ကိုရွှီသည် လူချမ်းသာတစ်ဦး ဖြစ်ပေသည်။ ငွေကြေးများကိုသာ ချပြလိုက်ပါက မည်သူကများ သွေးမဆောင်ခံရဘဲ နေမည်နည်း။

"ကောင်းပြီ... ကျောက်ကပ်နဲ့ ကမာကင် နည်းနည်း ထပ်မှာလိုက်ဦး... ငါ အသင့်ပြင်ထားမယ်..."

အစ်ကိုရွှီသည် ပေါ့ပေါ့ပါးပါးပင် ထိုင်စရာနေရာတစ်ခုကို ရှာတွေ့ကာ ဝင်ထိုင်လိုက်လေသည်။

"ပြဿနာ မရှိပါဘူး..."

ရွှမ်ဇီက အခြားတပည့်များကို အစားအသောက်မှာရန် ညွှန်ကြားလိုက်ပြီး သူကိုယ်တိုင်မှာမူ အစောင့်ခွေးတစ်ကောင်ကဲ့သို့ အစ်ကိုရွှီ၏ဘေးတွင် အလျင်အမြန် မတ်တတ်ရပ်နေလိုက်၏။

"ဟင်..."

ရုတ်တရက် အစ်ကိုရွှီသည် အရှေ့သို့ တည့်တည့်ကြည့်လိုက်ရာ သူ၏ရှေ့တွင် ဖုန်းကစားနေသော အမျိုးသမီးချောလေးတစ်ဦးကို တွေ့လိုက်ရပေသည်။

သူသည် မျက်မှောင်အသာကြုတ်ကာ ထိုအမျိုးသမီး၏ အသွင်အပြင်ကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်၏။

သူမ၏ အလှတရားမှာ လူ့လောကနှင့်ပင် မသက်ဆိုင်သကဲ့သို့ ထင်ရလောက်အောင် ထူးခြားလွန်းလှသည်။

သူ မြင်ဖူးသမျှ အမျိုးသမီးများထဲတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိရှေ့ရှိ အမျိုးသမီးကဲ့သို့ ထူးခြားသော ဆွဲဆောင်မှုမျိုး မပိုင်ဆိုင်ခဲ့ကြချေ။

ခဏတာမျှ အစ်ကိုရွှီသည် မျက်လုံးပြူးကာ စိုက်ကြည့်နေခဲ့ပြီး စီးကရက်ပြာတုံးကြီးတစ်ခုမှာ အောက်သို့ တည့်မတ်စွာ ကျဆင်းသွားတော့၏။

ရွှမ်ဇီသည် အစ်ကိုရွှီ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပြီး တာဝန်ယူလိုက်လေသည်။

"အစ်ကိုရွှီ... အစ်ကို..."

"ကောင်းပြီ... သွားပြောလိုက်... ငါတို့ စားပွဲအတူတူ ထိုင်မယ်လို့..."

အစ်ကိုရွှီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော် အခုချက်ချင်း သွားလိုက်မယ်..."

ထိုသို့ပြောပြီးနောက် ရွှမ်ဇီသည် ပိုင်ချန်ရှိရာဆီသို့ တည့်မတ်စွာ လျှောက်သွားလေ၏။

အစွမ်းထက်သော ယုံကြည်မှုအပြည့်ဖြင့် သူသည် ပိုင်ချန်၏ အနားသို့ တိုက်ရိုက်လျှောက်သွားကာ ပြောလိုက်သည်။

"ချောလေး... ငါတို့ စားပွဲအတူတူ ထိုင်လို့ ရမလား..."

ပိုင်ချန်သည် တွေဝေစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လွတ်နေသော စားပွဲများ တော်တော်များများ ရှိနေသေးသည်ကို သတိပြုမိသွား၏။

"နေရာတွေ အများကြီး ရှိနေတယ် မဟုတ်လား..."

"ကိစ္စမရှိပါဘူး... ဒီနေရာတွေက အရမ်း ညစ်ပတ်နေလို့ပါ... ငါရဲ့ အစ်ကိုကြီးက ခင်ဗျားနဲ့အတူထိုင်ပြီး ကြည်နူးစရာလေးတွေတွေ ပြောချင်လို့ပါ..."

ရွှမ်ဇီက ပြောလိုက်သည်။

"မလိုပါဘူး..."

ပိုင်ချန်က ပွင့်လင်းစွာပင် ငြင်းဆန်လိုက်လေ၏။

"ဟင်..."

ရွှမ်ဇီက ခေါင်းယမ်းလိုက်ပြီးနောက် သူ၏ ဖုန်းကိုဖွင့်ကာ ဂဏန်းတွက်စက်ကို ဖွင့်ပြီး ဂဏန်းတွဲတစ်ခုကို ရိုက်ထည့်လိုက်သည်။

၁၀၀၀၀။

"ဈေးနှုန်းက ဘယ်လိုလဲ..."

ရွှမ်ဇီက မေးလိုက်၏။

ယခုအချိန်တွင် ပိုင်ချန်သည် အလွန်အမင်း ဒေါသထွက်နေသော်လည်း အကယ်၍ မိန်းမသားတစ်ဦးဖြစ်သော သူမကသာ ချက်ချင်း ပြတ်ပြတ်သားသား တုံ့ပြန်လိုက်ပါက ဤလူများ မည်သို့ လုပ်လာမည်ကို မည်သူက သိနိုင်မည်နည်း။

"ကျေးဇူးပြုပြီး ထွက်သွားပေးပါ..."

ပိုင်ချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။

"မင်း..."

ရွှမ်ဇီသည် သိသာထင်ရှားစွာ ဒေါသထွက်သွားသော်လည်း တစ်စုံတစ်ဦးက သူ၏ ပခုံးကို ပုတ်လိုက်ချိန်တွင် သူ အလျင်အမြန် နောက်ဆုတ်သွားလေ၏။

အစ်ကိုရွှီအမည်ရသော အမျိုးသားသည် ပိုင်ချန်၏ လုပ်ရပ်များနှင့် စကားပြောဆိုဟန်ကို ကြည့်ရှုရင်း စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပေသည်။

သူသည် ပိုင်ချန်၏ မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် ဝင်ထိုင်လိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။ ရိုးရိုးသားသားပြောရလျှင် သူ ဤကဲ့သို့ မခံစားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်ချေသည်။

ဒီနေ့တော့ ဒီအမျိုးသမီးကို ရအောင် ယူရမည်ပင်။

All Chapters