အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅) စစ်သေနာပတိ ရှန်ကွမ်ယွဲ့
အမှန်တကယ်ပင်။
ကျန်းထျန်ရှန်း ၏ မျက်နှာသည် ချက်ချင်းပင် အလွန်အမင်း မည်းမှောင်သွားခဲ့၏။ "ငါပေးထားတဲ့ စာရွက်စာတမ်းကို ဘယ်သူဆုတ်ဖြဲလိုက်တာလဲ... စစ်ဘက်ဆိုင်ရာဌာန ကိုတောင် ဂရုမစိုက်ရဲလောက်အောင် ဘယ်သူက ဒီလောက် ရဲတင်းနေတာလဲ..."
ချန်ဖုန်းက မြေပြင်ပေါ်ရှိ အပိုင်းပိုင်း ဆုတ်ဖြဲခံထားရသော စာရွက်စာတမ်းကို လက်ညှိုးထိုးပြလိုက်သည်။ "ခုနကပဲ... ဒီ စစ်သူကြီး ယွီပါထျန် က... မိမိကိုယ်ကိုယ် ကြယ်သုံးပွင့်အဆင့် စစ်သူကြီး လို့ ခေါ်တဲ့ ကောင်ပေါ့ သာမန်တံဆိပ်လေးတစ်ခုကို ဂရုမစိုက်ဘူးလေ...
သူက စကားတစ်ခွန်းမှ မပြောဘဲ ဆုတ်ဖြဲပစ်လိုက်တာ... ကျွန်တော် ဘာလုပ်လုပ် သူ့ကို တားလို့ မရခဲ့ဘူး…”
"ဝန်ကြီးကျန်း... မဟုတ်ပါဘူး... အဲဒီလို မဟုတ်ပါဘူး..."
စစ်သူကြီး ယွီပါထျန် မှာ အလွန် ကြောက်ရွံ့သွားသဖြင့် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ကျသွားလေ၏။
စာရွက်စာတမ်းက အစစ်အမှန်ဖြစ်မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။ ထိုသို့မဟုတ်ပါက သူ့တွင် အသက်တစ်သန်း ရှိနေလျှင်ပင် ဆုတ်ဖြဲရဲမည် မဟုတ်ပေ။
"မင်း... ခွေးကောင်..."
ကျန်းထျန်ရှန်း ဒေါသပေါက်ကွဲသွားပြီး သူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။ "စစ်သူကြီး ယွီပါထျန်... စစ်သူကြီး ယွီပါထျန်... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..."
“သာမန် ကြယ်သုံးပွင့်အဆင့် စစ်သူကြီး တစ်ယောက်က အဲဒီလောက် ကြီးကျယ်တယ်လို့ မင်း ထင်နေတာလား…
အဲဒါက အဖွဲ့အစည်းရဲ့ တည်ရှိမှုကို လျစ်လျူရှုလို့ ရတယ်ဆိုတဲ့ သဘောလား…”
“ဒီစာရွက်စာတမ်းက စစ်ဘက်ဆိုင်ရာဌာန ကို ကိုယ်စားပြုရုံသာမက တရုတ်နိုင်ငံ ရဲ့ သဘောထားကိုပါ ကိုယ်စားပြုတယ်ကွ…”
“ချန်ဖုန်း က တရုတ်နိုင်ငံ အတွက် ဘယ်လောက်တောင် စွမ်းဆောင်ပေးခဲ့တယ်ဆိုတာကို မင်း သိလား…ဒါက သူ့ကို ငါပေးခဲ့တဲ့ ဒုတိယတန်းစား ဂုဏ်ထူးဆောင်ဆုပဲ... မင်းက အဲဒါကို ဒီတိုင်း ဆုတ်ဖြဲပစ်လိုက်တယ်ပေါ့... မင်းမှာ အဲဒီလောက်တောင် ရဲတင်းမှု ရှိနေတာလား…”
ကျန်းထျန်ရှန်း တကယ်ကို ဒေါသထွက်နေခဲ့၏။
တစ်ဖက်လူက အဖွဲ့အစည်း၏ တည်ရှိမှုကို လျစ်လျူရှုရုံသာမက စစ်ဘက်ဆိုင်ရာဌာန တစ်ခုလုံးနှင့် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးကိုပါ လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။
ဒီလိုလူမျိုးက...စစ်ဘက်ဆိုင်ရာဌာန မှာ ဆက်နေဖို့ ဘာအကြောင်းပြချက်များ ရှိဦးမှာလဲ။
"ဝန်ကြီးကျန်း... ကျွန်တော်... ကျွန်တော် တစ်ခဏတာ စိတ်ရှုပ်ထွေးသွားလို့ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ခါလောက် ထပ်ပေးပါ... ကျွန်တော် တကယ် မရည်ရွယ်ပါဘူး..."
စစ်သူကြီး ယွီပါထျန် လုံးလုံးလျားလျား မှင်တက်သွားခဲ့ပေ၏။
ဒုတိယတန်းစား ဂုဏ်ထူးဆောင်ဆု။
အဲဒီ လက်မှတ်က ချန်ဖုန်း ကို ချီးမြှင့်ထားတဲ့ ဒုတိယတန်းစား ဂုဏ်ထူးဆောင်ဆု လက်မှတ် ဖြစ်နေတာလား...သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဘယ်သူမှ ဒီဂုဏ်ထူးကို မချီးမြှင့်ခံခဲ့ရဖူးဘူး။
ငါ တကယ်ကို မိုက်မဲလွန်းတာပဲ…ခုနက ဝန်ကြီးကျန်း ဆီက ထွက်ပေါ်လာတဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်ကိုတောင် သူ ခံစားလိုက်ရတယ်။
"တော်တော့..."
ကျန်းထျန်ရှန်း သည် သူ၏ ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားပြီး ပတ်ဝန်းကျင်ရှိ လူများကို ထပ်မံကြည့်ရှုလိုက်၏။ "အခု ဘာတွေ ဖြစ်နေတာလဲ... သူတို့က ဘာတွေကို စုံစမ်းစစ်ဆေးနေတာလဲ..."
"သူတို့... သူတို့က..."
စစ်သူကြီး ယွီပါထျန် တုံ့ဆိုင်းနေခဲ့ပြီး အမှန်တရားကို မပြောရဲတော့ချေ။
သို့သော် ကျန်းထျန်ရှန်း ၏ သတ်ဖြတ်လိုသော အကြည့်ကို မြင်တွေ့ရချိန်တွင် မည်သည့်အရာကိုမျှ ဆက်၍ မဖုံးကွယ်ရဲတော့ပေ။
ဘေးတွင်ရပ်နေသော ချန်ဖုန်းက ထပ်မံပြောဆိုလိုက်၏။ "ယွီပါထျန် နဲ့ဒီ သခင်လေးယွီ ဆိုတဲ့ နှစ်ယောက်က ကျွန်တော့် ကုမ္ပဏီရဲ့ ရှယ်ယာတွေကို မျက်စိကျနေပြီး လုယူချင်နေကြတာ... ကျွန်တော်က ငြင်းလိုက်တော့ ကုမ္ပဏီကို ပိတ်သိမ်းဖို့ လူတွေ လွှတ်လိုက်တာလေ..."
"စစ်သူကြီး ယွီပါထျန်... မင်းက ဥပဒေကို တကယ်ပဲ ဂရုမစိုက်တာပဲ..."
ကျန်းထျန်ရှန်း သည် သူ့ကို မတုံ့ဆိုင်းဘဲ ကန်လိုက်လေ၏။
ထို့နောက် သူက ထပ်၍ ကန်ထုတ်လိုက်ပြန်သည်။သူသည် စစ်ဘက်ဆိုင်ရာဌာန ကို တာဝန်ယူထားပြီး အထူးတလည် စွမ်းရည်ရှိသူ မဟုတ်သော်လည်း စစ်တပ်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သူဖြစ်ရာ သာမန်လူတစ်ယောက်ထက်တော့ ပို၍ သန်မာနေဆဲ ဖြစ်ပေသည်။
"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ စစ်ဘက်ဆိုင်ရာဌာန က လူ မဟုတ်တော့ဘူး... ဒီကနေ ထွက်သွားပြီး မင်းရဲ့ ပြစ်ဒဏ်ကို ခံယူဖို့ ပြန်သွားတော့..."
"ဝန်ကြီးကျန်း..."
"ထွက်သွားစမ်း..."
ကျန်းထျန်ရှန်း ၏ မျက်လုံးများမှာ ဓားတစ်လက်အလား ထက်မြက်နေပြီး ရုတ်တရက် ပစ်လွှတ်လိုက်လေ၏။
စစ်သူကြီး ယွီပါထျန် ထိတ်လန့်သွားခဲ့သည်။သူက ကမန်းကတန်း ထရပ်လိုက်ပြီး
နောက်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားတော့၏။ဘေးတွင်ရပ်နေသော သခင်လေးယွီ သည် မြင်ကွင်းကြောင့် ကြောက်လန့်နေပြီ ဖြစ်သည်။
ကျန်းထျန်ရှန်း သည် စစ်ဘက်ဆိုင်ရာဌာန ၏ ဝန်ကြီး ဖြစ်ပေ၏။သူ၏ အငွေ့အသက်မှာလည်း အလွန် အစွမ်းထက်လှပြီး သူ ဒေါသထွက်ချိန်တွင် လူအများစုမှာ သူ့ကို မျက်လုံးချင်းဆုံရန်ပင် ရဲဝံ့ကြမည် မဟုတ်ချေ။
ထိုအချိန်၌။
ကျန်းထျန်ရှန်း သည် သူ၏အကြည့်ကို သခင်လေးယွီ ထံသို့ ထပ်မံလွှဲလိုက်၏။ "ပြီးတော့ မင်း... မင်းက စစ်ဘက်ဆိုင်ရာဌာန က မဟုတ်ဘူးဆိုတော့ မင်းကို ငါ ထိန်းချုပ်လို့ မရဘူး... ဒါပေမဲ့ စစ်ဘက်ဆိုင်ရာဌာန ရဲ့ နာမည်ကို သုံးပြီး နောက်ထပ် အမှားတစ်ခုခု ထပ်လုပ်ရဲရင်တော့...အကျိုးဆက်တွေကို မင်းဘာသာမင်း စဉ်းစားထား... နားလည်လား…”
"နား... နားလည်ပါပြီ..."
သခင်လေးယွီ သည်လည်း နောက်ဘက်သို့ ကမန်းကတန်း ဆုတ်ခွာသွားခဲ့၏။
သူက စစ်ဘက်ဆိုင်ရာဌာန ရဲ့ ဝန်ကြီးလေ... သူ့အသက်ကို အချိန်မရွေး ယူနိုင်တဲ့သူဆိုတော့ ဘယ်လိုလုပ် စော်ကားရဲမှာလဲ သူတစ်ယောက်တည်း မဟုတ်ချေ။ဌာနမှူးချန် နှင့် ပတ်ဝန်းကျင်ရှိ အခြားသူများမှာလည်း စိတ်လှုပ်ရှားစွာ ရင်ခုန်နေကြပေသည်။
လုံးဝကို အံ့မခန်းပါပဲ။ချန်ဖုန်း မှာ ဒီလောက် အစွမ်းထက်တဲ့ ကျောထောက်နောက်ခံ ရှိနေလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။
ဒါက ဘုရင်တစ်ပါးထက် ပိုတယ်။
သူက ရိုးရိုးရှင်းရှင်းကို ဘုရင်တွေရဲ့ ဘုရင်ပဲ။
"ပြီးတော့ မင်းတို့တွေ... မင်းတို့ အကုန်လုံး ဒီမှာ ဘာရပ်လုပ်နေကြတာလဲ... နေ့လယ်စာ ကျွေးမှာကို စောင့်နေတာလား... အခုချက်ချင်း ဒီကနေ ထွက်သွားပြီး ကိုယ့်အမှားကိုယ် ဝန်ခံတဲ့စာ သေချာရေးခဲ့ကြစမ်း..."
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ..."
လူတိုင်း နောက်သို့ ပြေးထွက်သွားကြလေ၏။
......
စစ်သူကြီး ယွီပါထျန် နောက်ရှိ ဂျစ်ကားဆီသို့ လျှောက်သွားချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ဒီတစ်ခေါက် ယာဉ်ငါးစီး၊ ခြောက်စီး ရောက်လာပြီး စစ်ဘက်ဆိုင်ရာဌာန မှ အဖွဲ့ဝင် အနည်းဆုံး ဆယ့်ငါးယောက်ခန့် ပါလာခဲ့သည်။ယုတ္တိကျကျ တွေးကြည့်လျှင် မြင်ကွင်းတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်မှာ ဝန်ကြီးကျန်း ဖြစ်သင့်ပေ၏။
ဤစစ်ဘက်ဆိုင်ရာဌာန အဖွဲ့ဝင်များသည် ဝန်ကြီးကျန်း ၏ နောက်သို့ လိုက်ပါကာ သူ၏ လုံခြုံရေးကို အချိန်တိုင်း ကာကွယ်ပေးနေသင့်သည်။
သို့သော် ယခုအခါတွင်မူ
ကြယ်လေးပွင့်အဆင့် ကိုယ်ခံပညာရှင် ဟွမ်ဇီ မှလွဲ၍ ကျန်အဖွဲ့ဝင်များသည် ဂျစ်ကားကို ဝိုင်းရံထားကြပြီး ဝန်ကြီးကျန်း ၏ အနီးတွင် မရှိကြချေ။သူ၏ အကဲဖြတ်မှုအရ ကားထဲတွင် အလွန် အရေးကြီးသော သူတစ်ဦး ရှိနေရမည် ဖြစ်သည်။
ထိုသူ၏ အဆင့်အတန်းမှာ ဝန်ကြီး ကျန်းထျန်ရှန်း ထက်ပင် ပို၍ အရေးကြီးနေသေးသည်။
ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူးလေ...လက်ရှိတွင် စစ်ဘက်ဆိုင်ရာဌာန တစ်ခုလုံး၌ ဝန်ကြီးကျန်း ၏ ရာထူးမှာ အတော်လေး အရေးကြီးနေပြီ ဖြစ်၏။
သူ ဂျစ်ကားတစ်စီး၏ အလယ်သို့ လျှောက်သွားချိန်မှာပင် အစွမ်းထက်သော အငွေ့အသက်တစ်ခု ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
ကားထဲမှ အေးစက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ဟွန့်... ကြယ်သုံးပွင့်အဆင့် စစ်သူကြီး တဲ့လား...စစ်သူကြီး ယွီပါထျန် တဲ့…
"ဘယ်သူလဲ..."
စစ်သူကြီး ယွီပါထျန် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
အဲဒီ အေးစက်တဲ့ အသံကို သူ တစ်နေရာရာမှာ ကြားဖူးသလို ခံစားရပေမဲ့ သေချာ မမှတ်မိနိုင်ဘူး ဖြစ်နေတယ်။
ကားပြတင်းပေါက်မှတစ်ဆင့် အတွင်း၌ ထိုင်နေသော လူတစ်ဦးကို သူ ဝေဝါးစွာ မြင်တွေ့နိုင်ပေသည်။
ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ် အပြင်းအထန် တုန်ရီသွားခဲ့၏။
သူ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ချက်ချင်း ရှုံ့မဲ့သွားပြီး နှုတ်ခမ်းများ ပြင်းထန်စွာ တွန့်ကွေးသွားခဲ့သည်။
"စစ်... စစ်သေနာပတိ..."
ဘုရားရေ…ဒါ စစ်ဘက်ဆိုင်ရာဌာန ရဲ့ အကြီးအကဲလေ...
စစ်သူကြီး ယွီပါထျန် ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အကြောက်တရားကြောင့် တုန်ရီနေခဲ့ပေ၏။
စစ်သေနာပတိက နယ်စပ်မှာ မဟုတ်ဘူးလား။ဒီကို ဘယ်လိုရောက်လာတာလဲ... ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာရတာလဲ…
စစ်သူကြီး ယွီပါထျန် သည် မူလက သေချာစွာ တောင်းပန်ဖို့ ပြန်သွားရန် စီစဉ်ထားခဲ့ပြီး ဖြစ်နိုင်ပါက ဝန်ကြီးကျန်း ကို ဖျောင်းဖျပေးမည့်သူ တစ်ဦးဦးကို ရှာဖွေကာ စစ်ဘက်ဆိုင်ရာဌာန တွင် ဆက်နေနိုင်ရန် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ စစ်သေနာပတိက သူ၏ ကိစ္စများကို သိရှိသွားခဲ့လေပြီ။
အခြေအနေကို ကယ်ဆယ်ရန် လုံးဝ မဖြစ်နိုင်တော့သလို ပြစ်ဒဏ်မှာလည်း နှစ်ဆ ဖြစ်သွားနိုင်ပေ၏။
အထူးသဖြင့် ခုနကစစ်သေနာပတိရဲ့ အသံထဲမှာ ဒေါသတွေကို သူ ခံစားလိုက်ရတယ်။
"သခင်မလေး... ကျွန်တော်..."
"စစ်သူကြီး ယွီပါထျန်... ဖယ်စမ်း... တကယ်လို့ မင်းက သတင်းအချက်အလက် တစ်ခုခု ထပ်ပေါက်ကြားအောင် လုပ်ရင် မင်း သေပြီသာမှတ်..."
ကြယ်ငါးပွင့်အဆင့် စစ်သည် တစ်ဦးက သူ၏ရှေ့တွင် ချက်ချင်း ဝင်ရပ်လိုက်ပြီး ပြောဆိုလိုက်၏။ "စစ်သေနာပတိက ဒီလောက် မြင့်မားတဲ့ အဆင့်အတန်းရှိတဲ့သူလေ... မင်းလိုလူမျိုးက သူ့ကို ဘယ်လိုလုပ် ဒီလောက် ပေါ့ပေါ့ဆဆ ချဉ်းကပ်လို့ရမှာလဲ..."
"ကျွန်တော်..."
ဤအချိန်၌ စစ်သူကြီး ယွီပါထျန် သည် မူးဝေလာပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။
သခင်လေးယွီ မှာလည်း သူ၏ ဝမ်းကွဲကို ဂရုမစိုက်နိုင်တော့ချေ။ သူတို့မှာ ဂျစ်ကားအနီးသို့ပင် ကပ်၍မရနိုင်ပေ။
ယခု သူ လိုချင်သည်မှာ ပြည်နယ်မြို့တော်သို့ အမြန်ဆုံး ပြန်သွားရန်သာ ဖြစ်သည်။ စစ်သူကြီး ယွီပါထျန် ဒုက္ခရောက်နေသဖြင့် သူ၏ ကျောထောက်နောက်ခံကို ဆုံးရှုံးသွားခဲ့လေပြီ။ပြည်နယ်မြို့တော်မှာ ကြီးမားတဲ့ တစ်ခုခု ဖြစ်တော့မယ့်ပုံပဲ။
ယခုအခါ သူ နောင်တများဖြင့် ပြည့်နှက်နေခဲ့၏။မပတ်သက်သင့်တဲ့သူနဲ့ ပတ်သက်မိတာ ငါ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ။
ဂျစ်ကားထဲတွင်…
ရှန်ကွမ်ယွဲ့ ၏ အေးစက်သော မျက်လုံးများက မြေပြင်ပေါ်တွင် သတိလစ်နေသော စစ်သူကြီး ယွီပါထျန် အား ဝေ့ကြည့်လိုက်သည်။ ဤလူအပေါ် သူမတွင် ကောင်းမွန်သော ခံစားချက် မရှိခဲ့ချေ။အနည်းငယ် ရွံရှာမိသလိုတောင် ခံစားရတယ်။
ထို့နောက်…
ရှေ့မလှမ်းမကမ်းရှိ ချန်ဖုန်းကို သူမ ထပ်မံကြည့်ရှုလိုက်၏။
သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "သူက ဝန်ကြီးကျန်း ရွေးချယ်ထားတဲ့သူလား... သူက ငယ်လွန်းတယ်... စစ်သေနာပတိ တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလား မသိဘူး..."
"ဒါပေမဲ့ ငါလည်း အကြာကြီး မစောင့်နိုင်တော့ဘူး... သေချာ လေ့ကျင့်ပေးမယ်ဆိုရင်တော့ ပြဿနာကြီးကြီးမားမား မရှိလောက်ပါဘူး…”
"ချန်ဖုန်း... ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်..."