အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) အရှက်ကွဲပြီး ပျက်စီးသွားခြင်း
အခြားတစ်ဖက်တွင် သခင်လေးယွီသည် ပြည်နယ်မြို့တော်သို့ ချက်ချင်း ပြန်သွားခဲ့လေ၏။
သူနှင့် သူ၏ဖခင်တို့သည် ၎င်းတို့၏ ဝမ်းကွဲဖြစ်သူ ကြယ်သုံးပွင့်အဆင့် စစ်သည် ယွီပါထျန်၏ ကျေးဇူးကြောင့် ပြည်နယ်မြို့တော်တွင် ခြေကုပ်ယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤနှစ်များအတွင်း သူတို့သည် ဤအမှတ်အသားကို အသုံးပြုကာ ကုမ္ပဏီများစွာကို ပွင့်လင်းစွာရော လျှို့ဝှက်စွာပါ သိမ်းပိုက်နိုင်ခဲ့ကြ၏။
နှစ်အနည်းငယ်အတွင်း သူ၏ ပိုင်ဆိုင်မှုများမှာ ဘီလီယံဆယ်ဂဏန်းချီအထိ ရောက်ရှိသွားခဲ့သည်။ ပြည်နယ်မြို့တော်တွင်လည်း သူတို့သည် အဆင့်အတန်းနှင့် ရာထူးတစ်ခုကို ပိုင်ဆိုင်ထားကြလေသည်။
ဤတစ်ကြိမ်တွင် ယွီပါထျန် ပြဿနာတက်သွားခဲ့၏။
သခင်လေးယွီနှင့် သူ၏ဖခင်တို့သည် ၎င်းတို့၏ အင်အားကြီးမားသော ကျောထောက်နောက်ခံကို ဆုံးရှုံးသွားခဲ့ရသော်လည်း နှစ်များစွာတစ်လျှောက် ၎င်းတို့ တည်ဆောက်ထားခဲ့သော စီးပွားရေးလုပ်ငန်းများနှင့် အဆက်အသွယ်များဖြင့် အရာအားလုံးကို သိပ်မထိခိုက်ဘဲ သေချာစွာ စီမံခန့်ခွဲနိုင်စွမ်း ရှိသင့်ပေသည်။
"ကျစ်... ချန်ဖုန်း..."
သခင်လေးယွီက တိုးတိတ်စွာ ကျိန်ဆဲလိုက်သည်။
တစ်ဖက်လူတွင် ဤမျှ ကြီးမားသော အင်အားရှိနေလိမ့်မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။
ထိုအချိန်၌ ကွန်ရက်၏ အခြားတစ်ဖက်မှ ဟက်ကာ ဒါဇင်ပေါင်းများစွာသည် သူ၏ မိုဘိုင်းအီးမေးလ်၊ ဓာတ်ပုံအယ်လ်ဘမ်နှင့် ကုမ္ပဏီဝဘ်ဆိုက်၏ လုံခြုံရေးတံတိုင်းတို့ကို သူ မသိလိုက်ဘဲ ထိုးဖောက်ဝင်ရောက်နေခဲ့ကြပေ၏။
သခင်လေးယွီနှင့် ပတ်သက်သော သတင်းအချက်အလက်အားလုံးကို စုဆောင်းနေကြလေသည်။ ဤအရာအားလုံးမှာ အသံတိတ် ဖြစ်ပေါ်နေခဲ့ခြင်းပင်။
သူတစ်ယောက်တည်း မဟုတ်ချေ။
သူ၏ဖခင် ယွီဝမ်ကျိုးနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုပါ အဆက်မပြတ် စုဆောင်းနေကြလေ၏။
ဖုန်းများထဲတွင် သိမ်းဆည်းထားသော လျှို့ဝှက်စာရွက်စာတမ်းများကိုပင် မည်သည့် ကာကွယ်မှုမျှမရှိဘဲ ဟက်ကာများက စုဆောင်းသွားကြသည်။
ဝေးပေါ် မှတ်ချက်များ၊ QQ ချတ်မှတ်တမ်းများနှင့် အခြားအရာများပင် ပါဝင်ပေ၏။ ဤလူနှစ်ဦးနှင့် ပတ်သက်သော မည်သည့် သတင်းအချက်အလက်ကိုမဆို လျှို့ဝှက်စွာ စုဆောင်းနေကြလေသည်။
ဤဟက်ကာများသည် မြန်ဆန်ပြီး သိုသိပ်လှပေသည်။နာရီဝက်ခန့် ကြာပြီးနောက် အွန်လိုင်းတွင် မက်ဆေ့ခ်ျအချို့ တဖြည်းဖြည်း ပေါ်လာခဲ့၏။
"ပြည်နယ်မြို့တော်က သခင်လေးယွီရဲ့ ဆေးဝါးကုမ္ပဏီက အတုအယောင် ထုတ်ကုန်တွေ ရောင်းတယ်လို့ ကြားတယ်... အထူးသဖြင့် ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့အပြင် ရောဂါကိုတောင် ပိုဆိုးသွားစေနိုင်တဲ့ ဆေးတချို့တောင် ပါတယ်တဲ့..."
"ဟုတ်တယ်... ငါလည်း ကြားတယ်... ပြီးခဲ့တဲ့လက တစ်ယောက်ယောက် ပြဿနာတက်သွားသေးတယ်... အဲဒီလူက သခင်လေးယွီဆီကနေ လျော်ကြေးတောင်းချင်ခဲ့တာကို သူ့ခြေထောက်တောင် ကျိုးလုနီးပါး ဖြစ်သွားတယ်တဲ့..."
"မဖြစ်နိုင်တာ..."
"သေချာပေါက် ဖြစ်နိုင်တာပေါ့... ငါ့ဆီမှာ ဗီဒီယိုတောင် ရှိသေးတယ်..."
"လွန်ခဲ့တဲ့ သုံးလက သခင်လေးယွီက ကုမ္ပဏီတစ်ခုကို ယွမ် နှစ်သန်းတည်းနဲ့ သိမ်းပိုက်လိုက်တယ်လို့လည်း ကြားတယ်... တကယ်တော့ အဲဒီကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက အနည်းဆုံး ယွမ် သန်းဆယ်ဂဏန်းလောက် ရှိတာနော်..."
"တကယ်လား... ဒါက ဗြောင်ကျကျ ဓားပြတိုက်နေတာ မဟုတ်ဘူးလား..."
"ဒီလို ဗြောင်ကျကျ ဓားပြတိုက်တဲ့ အမှုတွေ မရေမတွက်နိုင်အောင် ရှိတယ်လေ... စာချုပ်ပေါက်ကြားသွားပြီး သက်သေပြဖို့ ဓာတ်ပုံတွေတောင် ရှိတယ်..."
"ဟီးဟီး... ငါတို့ရဲ့ သခင်လေးယွီက ဒါထက်မက လုပ်ထားသေးတာ... သူ့ရဲ့ ကိုယ်ပိုင်ဘဝက အရမ်း ရှုပ်ထွေးပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေတာလို့ ကြားတယ်..."
သူ အကြိုက်ဆုံး မိန်းမအမျိုးအစားမှာ ရင်သားကြီးမားသော အမျိုးသမီးများဖြစ်ပြီး ချန်ရှောင်ရှောင် ဆိုသော နာမည်ကြီး မင်းသမီးတစ်ဦးနှင့်လည်း မကြာခဏ ပတ်သက်လေ့ရှိတာစသဖြင့်
အရှုပ်တော်ပုံများ တစ်ခုပြီးတစ်ခု ဖော်ထုတ်ခံလိုက်ရလေသည်။ အစပိုင်းတွင် သခင်လေးယွီသည် မည်သည့်အရာကိုမျှ သတိမထားမိခဲ့သော်လည်း မကြာမီမှာပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ သဘောပေါက်သွားခဲ့၏။
အရှုပ်တော်ပုံများစွာ ဖော်ထုတ်ခံရခြင်းနှင့်အတူ ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးများ ကျဆင်းသွားခဲ့ပေသည်။မိတ်ဖက်အချို့နှင့် ပရောဂျက် ပူးပေါင်းဆောင်ရွက်သူများသည် ၎င်းတို့၏ စာချုပ်များကို ချိုးဖောက်ကာ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ကြလေ၏။
၎င်း၏ လက်အောက်ခံ ကုမ္ပဏီခွဲ အများအပြားကိုပင် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေး၊ မီးသတ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အခွန်ကဲ့သို့သော ဌာနများမှ စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခဲ့ပြီး ကုမ္ပဏီများကို သေချာစွာ စတင်စစ်ဆေးနေကြပေပြီ။
"သခင်လေးယွီ... ပြဿနာကြီး တက်နေပါပြီ... ဂိုဒေါင်ထဲက ဆေးဝါးတွေ သိမ်းဆည်းခံလိုက်ရတယ်... အဲဒါတွေက အတုအယောင်နဲ့ စံချိန်မမီတဲ့ ထုတ်ကုန်တွေလို့ ပြောပြီး ကျွန်တော်တို့ကို တာဝန်ယူခိုင်းနေကြတယ်..."
"သခင်လေးယွီ... ပြဿနာကြီး တက်နေပါပြီ... ကုမ္ပဏီရဲ့ ရန်ပုံငွေတွေ ထိန်းချုပ်ခံလိုက်ရပြီ..."
"သခင်လေးယွီ... သခင်လေးယွီ... ဝန်ထမ်းတွေ ဆန္ဒပြနေကြပြီ... လုံးပါးပါးနေတဲ့ ခြောက်လစာ လစာတွေကို ရှင်းပေးဖို့ တောင်းဆိုနေကြတယ်..."
အဆက်မပြတ် ဝင်လာသော ဖုန်းခေါ်ဆိုမှုများက သခင်လေးယွီအား ပြိုလဲလုနီးပါး ဖြစ်သွားစေခဲ့၏။
'ကျစ်... သောက်ကျိုးနည်း...'
သူသည် သူ၏ရှေ့ရှိ ကုလားထိုင်ကို ခြေကန်လိုက်ရာ အဝေးသို့ လွင့်စင်သွားလေသည်။ဖုန်းကို ပိတ်လိုက်ရန် ပြင်လိုက်ချိန်မှာပင် ထပ်မံမြည်လာခဲ့ပြန်၏။
သူအနေနဲ့ဘယ်သူခေါ်လည်းတောင် မကြည့်တော့ဘဲ တန်းကိုင်ပြီး
"ပါးစပ်ပိတ်ထားစမ်း..."
ဟု အော်ဟစ်လိုက်သည်။
ဖုန်း၏ အခြားတစ်ဖက်တွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖခင်ဖြစ်သူ ယွီဝမ်ကျိုးက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"ဘာကွ…သခင်လေးယွီဆိုတဲ့ကောင် ငါမင်းအဖေကွ... မင်းကိုယ်မင်း အရမ်း စွမ်းနိုင်တယ်လို့ ထင်နေတာလား... မင်း ဘယ်သူ့ကို သွားစော်ကားခဲ့တာလဲ... မင်း ငါ့ကို သေအောင် လုပ်လိုက်ပြီဆိုတာ မင်းသိလား..."
“ငါတို့တော့ ပြီးပြီ... ကုမ္ပဏီလည်း ပြီးသွားပြီ…”
"ကျွန်တော်..."
သခင်လေးယွီသည် ငိုလုနီးပါး ဖြစ်သွားခဲ့၏။
သူ ဘယ်သူ့ကို စော်ကားခဲ့သနည်း။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ စော်ကားခဲ့သည့် တစ်ဦးတည်းသောသူမှာ ချန်ဖုန်းပင် ဖြစ်ပေသည်။
ချန်ဖုန်း၏ လက်စားချေမှုသည် သေးငယ်သော ငွေကြေးဆုံးရှုံးမှုတစ်ခုသာ ဖြစ်စေလိမ့်မည်ဟု အစက သူ ထင်မှတ်ခဲ့သော်လည်း ယခုအခါ ၎င်းမှာ သေးငယ်သော ငွေကြေးဆုံးရှုံးမှုတစ်ခုသာ မဟုတ်တော့ဘဲ သူ့ကို လူမွဲစာရင်း ခံရလုနီးပါး ဖြစ်သွားစေခဲ့လေပြီ။
လက်စားချေမှုက အရမ်းမြန်ဆန်လွန်းလှသဖြင့် သူ လုံးဝ ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။
ထိုအချိန်၌ ရဲအရာရှိ အနည်းငယ် လျှောက်လာကြ၏။
"မင်္ဂလာပါ... သခင်လေးယွီ ဟုတ်ပါသလား... ခင်ဗျားဆီမှာ လူသတ်မှု အနည်းငယ်နဲ့ ပက်သက်လို့ ကျွန်တော်တို့ သံသယရှိပါတယ်... စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ..."
"ကျွန်တော်..."
သခင်လေးယွီ၏ နှုတ်ခမ်းများ တဆက်ဆက် တုန်ယင်သွားတော့သည်။
'သွားပြီ ငါတော့ ပြီးဆုံးသွားပြီ...'
တစ်နာရီမပြည့်မီအချိန်အတွင်း သခင်လေးယွီနှင့် သူ၏ဖခင်တို့သည် ကြီးမားသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရလေ၏။
၎င်းတို့၏ ကုမ္ပဏီများ ပိတ်သိမ်းခံရပြီး ကုန်ပစ္စည်းများ သိမ်းဆည်းခံရကာ သခင်လေးယွီ ကိုယ်တိုင်လည်း အဖမ်းခံလိုက်ရသည်။ ယွီဝမ်ကျိုး အဖမ်းမခံရသေးသော်လည်း သူသည် စုံစမ်းစစ်ဆေးခံနေရဆဲ ဖြစ်ပေသည်။
လွန်ခဲ့သော တစ်နာရီခန့်က သားအဖနှစ်ဦးတွင် ဘီလီယံဆယ်ဂဏန်းချီ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများ ရှိနေခဲ့၏။
တစ်နာရီအကြာတွင် စတော့ရှယ်ယာဈေးများ ထိုးကျသွားပြီး ပိုင်ဆိုင်မှုများ ထိန်းချုပ်ခံလိုက်ရကာ သူတို့၏ ဂုဏ်သတင်းမှာလည်း လုံးဝ ပျက်စီးသွားခဲ့လေပြီ။
အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ပြည်နယ်မြို့တော်ရှိ စီးပွားရေးသူဌေးကြီးအချို့သည် ပုံမှန်မဟုတ်သော အရာတစ်ခုခုကို အာရုံခံမိသွားပုံရပေ၏။ တကယ်တော့ သခင်လေးယွီသည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ ရှယ်ယာများကို ရယူရန် ပေ့ဟူမြို့သို့ သွားရောက်ခဲ့ကြောင်း လူအချို့ သိရှိထားကြပြီး ဤကိစ္စကို အနီးကပ် စောင့်ကြည့်နေသူများပင် ရှိကြလေသည်။
အကယ်၍ သခင်လေးယွီသာ ရှယ်ယာများကို ရယူနိုင်မည်ဆိုပါက ၎င်းတို့လည်း လိုက်ပါလုပ်ဆောင်ကြမည် ဖြစ်သည်။ဘာပဲဖြစ်ဖြစ် အကန့်အသတ်မရှိ အလားအလာရှိသော နည်းပညာကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို မည်သူက မမက်မောဘဲ နေမည်နည်း။
သို့သော် ယခုအခါတွင်မူ တစ်ဖက်လူ ပေ့ဟူမြို့သို့ သွားရောက်ပြီး ပြန်လာပြီးနောက် အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားခဲ့လေပြီ။ အရူးတစ်ယောက်ပင် ဤသည်က ထိုကိစ္စနှင့် ဆက်စပ်နေကြောင်း မြင်နိုင်ပေ၏။
၎င်းတို့ကို ဤအကြောင်းများက ပြောပြနေပေသည်။ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ ရှယ်ယာများကို လုံးဝ ထိပါး၍မရချေ။ ဤကုမ္ပဏီ၏ ရှယ်ယာရှင်များနောက်ကွယ်တွင် ကြီးမားလှသော အင်အားတစ်ခု ရှိနေလေ၏။
ထိုအခိုက်အတန့်တွင် သတင်းများသည် လုပ်ငန်းနယ်ပယ်အတွင်း တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြီး မည်သူကမျှ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ ရှယ်ယာများကို မထိရဲကြတော့ချေ။
ပေ့ဟူမြို့။
ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ ဓာတ်ခွဲခန်းအတွင်း၌။
သုံးလေးနာရီကြာ စမ်းသပ်ပြီးနောက် ချန်ဖုန်းသည် နောက်ဆုံးတွင် အမှောင်သတ္တုကို အောင်မြင်စွာ ပေါင်းစပ်ထုတ်လုပ်နိုင်ခဲ့လေ၏။
ဘာပဲဖြစ်ဖြစ် သူက ဤနည်းပညာကို စနစ်ထံမှ ရရှိခဲ့ခြင်းဖြစ်ရာ အခြားသူများထက် ပိုမိုကောင်းမွန်စွာ ကျွမ်းကျင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့အပြင် သူတို့သည် ယခု ပထမဆုံးမျိုးဆက် ထုတ်ကုန်ကိုသာ လုပ်ဆောင်နေခြင်းဖြစ်ရာ အခက်အခဲမှာ များစွာ နည်းပါးလှပေသည်။
ချန်ဖုန်းသည် စမ်းသပ်စားပွဲပေါ်ရှိ စာအုပ်အရွယ်အစားခန့်ရှိသော မှောင်မည်းနေသည့် အရာဝတ္ထုကို ကြည့်ကာ ပြုံးလိုက်၏။
"အမှောင်သတ္တုမှာ ရှားပါးဒြပ်စင်တချို့ ပါဝင်နေလို့ သူ့ရဲ့ ထုတ်လုပ်မှုက အကန့်အသတ် ရှိပါတယ်..."
သို့သော် ၎င်းကို ကျည်ကာအဖြစ် ပြုလုပ်မည်ဆိုပါက ပမာဏ၏ ၂၀ ရာခိုင်နှုန်းသာ ထည့်သွင်းရန် လိုအပ်ပေသည်။
"ကောင်းတယ်..."
ပရော်ဖက်ဆာချင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
သူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။ ချန်ဖုန်း၏ စမ်းသပ်မှုက သူ့ကို တကယ်ပင် အလင်းပြပေးခဲ့လေသည်။ အချိန်အတော်ကြာ သူ့ကို ဒုက္ခပေးနေခဲ့သော ပြဿနာမှာ နောက်ဆုံးတွင် ပြေလည်သွားခဲ့ပေပြီ။
"ပရော်ဖက်ဆာချန်... ဒီလောက်မြန်မြန် အောင်မြင်လိမ့်မယ်လို့ ငါတို့ တကယ် မထင်ထားခဲ့ဘူး... အကုန်လုံး မင်းရဲ့ ကျေးဇူးတွေပါပဲ... နောက်ကျရင် ငါတို့ဘာသာ မျိုးဆက်သစ် ထုတ်ကုန်တွေကို အောင်မြင်စွာ တီထွင်နိုင်တော့မှာပါ..."
"မြန်မြန်... ဝန်ကြီးကျန်းကို ဒီသတင်းကောင်း သွားပြောကြစို့..."
မကြာမီမှာပင် ဝန်ကြီးကျန်းသည် ဓာတ်ခွဲခန်းထဲသို့ ရောက်ရှိလာခဲ့၏။
ရလဒ်ထွက်ပေါ်ရန် နှစ်ရက် သို့မဟုတ် သုံးရက်ခန့် ကြာမည်ဟု အစက သူ ထင်မှတ်ခဲ့သော်လည်း သုံးလေးနာရီအတွင်း သတင်းရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သူ အတော်လေး အံ့အားသင့်သွားခဲ့သည်။
အမှန်တကယ်ပင် ချန်ဖုန်း ဝင်ပါရန် လိုအပ်နေဆဲ ဖြစ်လေ၏။
ဤအချိန်၌ ချန်ဖုန်းသည် မှောင်မည်းနေသော ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ ကမ်းပေးလျက် ပြောဆိုလိုက်သည်။
"ဝန်ကြီးကျန်း... ဒီဓားမြှောင်က အမှောင်သတ္တုနဲ့ ပြုလုပ်ထားတာမို့ သံကို ရွှံ့လို ဖြတ်တောက်နိုင်ပါတယ်..."
အပြင်ဘက်ရှိ ဂျစ်ကားထဲတွင် အလွန် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ထိုင်နေမည်မှာ သေချာပေသည်။ ဤသည်မှာ သူ၏ ကာကွယ်ရေးအတွက်ပင်။
“ကျေးဇူးပါပဲ…”
ကျန်းထျန်ရှန်းက သူ့ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်၏။
ဤကောင်လေးက တကယ်ကို အကဲခတ်ကောင်းလှသည်။ စစ်သေနာပတိ အပြင်ဘက်တွင် ရှိနေကြောင်းကို သူက တကယ်ကြီး ခန့်မှန်းမိသွားခဲ့လေ၏။