← Chapters

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း (၉၉၅) မဟာနတ်ဘုရားတောင်တန်း၏ သွေးသစ္စာနှင့် ကျန်းမိသားစု၏ ဧည့်သည်တော် အကြီးအကဲ။ (၁)

"ဟမ်"

ထိုစကားကြောင့် စူးချန်ခုန်းမှာ အံ့အားသင့်သွားပြီး သူ့မျက်ခုံးများမှာ မသိစိတ်ဖြင့် တွန့်ချိုးသွားသည်။

"သူက ငါမူလဝိညာဉ်ကို ကျင့်ကြံထားမှန်း ဘယ်လိုလုပ် သိသွားတာလဲ"

စူးချန်ခုန်းမှာ နားမလည်နိုင် ဖြစ်နေသည်။ ယခင်က သူနှင့် တိုက်ခိုက်စဉ်တွင် သူ၏ မူလဝိညာဉ်ကို အသုံးမပြုခဲ့သော်လည်း ကျန်းယောင်က ဤလျှို့ဝှက်ချက်ကို မည်သို့ သိသွားသည်ကို သူ နားမလည်နိုင်ပေ။ ယခုမူ ကျန်းယောင်က သူ့ကို ထုတ်ပြောလိုက်ပြီ ဖြစ်သည်။

"အင်း"

ကျန်းယောင်းက သူ့တွင် မူလဝိညာဉ် ရှိသည်ကို ရိပ်မိသွားပုံရပြီး သူတို့နှစ်ဦးကြားတွင် ရန်ငြိုးရန်စလည်း မရှိပေ။ ကျန်းယောင်က သိသွားပြီ ဖြစ်သဖြင့် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တာက ပို၍ ကောင်းပေသည်။ စူးချန်ခုန်း ခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ်၍ ဝန်ခံလိုက်သည်။

"မူလဝိညာဉ်…မင်းက တကယ်ပဲ မူလဝိညာဉ်ကို ကျင့်ကြံထားတာလား"

စူးချန်ခုန်းက သူကိုယ်တိုင် ဝန်ခံလိုက်သည်ကို မြင်သောအခါ ကျန်းယောင် အံ့အားသင့်မိသည်။ မူလဝိညာဉ်မှာ ကျန်းယောင် သို့မဟုတ် မည်သည့် သိုင်းဝိဇ္ဇာသူတော်စင်မဆို ရောက်ရှိလိုသည့် အဆင့် ဖြစ်သည်။ မဟာနတ်ဘုရားစွမ်းရည် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာသော်လည်း သက်တမ်းကုန်ဆုံးမည့်နေ့ ရှိစမြဲပင်။

မူလဝိညာဉ်ကို ကျင့်ကြံထားတာကတော့ တစ်ဖန်ပြန်လည် မွေးဖွားခြင်းဖြင့် ဒုတိယဘဝကို ရရှိရန် အခွင့်အလမ်း ရှိသည်ကို ဆိုလိုသည်။ သို့သော် မူလဝိညာဉ်ကို ကျင့်ကြံရန်မှာ အလွန်ပင် ခက်ခဲလှသည်။ မြင့်မြတ်သော ရှေးဟောင်း နိုင်ငံတစ်ခုလုံးတွင် အချို့သော ရှေးဟောင်း တန်ခိုးရှင်ကြီးများမှလွဲ၍ တွေ့ရခဲလှသည်။ သို့သော် ဝေးလံခေါင်ဖျားသော ဒေသမှ လာသည်ဟု ဆိုသူ ဤလူငယ်မှာ များစွာသော သိုင်းဝိဇ္ဇာသူတော်စင်များ တောင့်တသည့် မူလဝိညာဉ်ကို ကျင့်ကြံထားနိုင်ခဲ့သည်။

စူးချန်ခုန်းက ကျန်းယောင်ကို ကြည့်၍ "တောင်သခင်ကျန်း၊ ဘယ်လိုလုပ် သိသွားတာလဲဗျ" ဟု မေးလိုက်သည်။

ကျန်းယောင်က ပြုံး၍ "မင်း သုံးခဲ့တဲ့ ပိုးချည်မျှင်တွေက နတ်ဘုရားစွမ်းရည်တွေထဲမှာ မပါသလို နတ်ဘုရားလက်နက်လည်း မဟုတ်ဘူး။ ငါ့ရဲ့ ဧကရာဇ်မင်းမြတ် သံချပ်ကာကို ထိခိုက်စေနိုင်တာကို ကြည့်ခြင်းအားဖြင့် ဒီနည်းလမ်းက သာမန်မဟုတ်မှန်း သိသာတယ်" ဟု ပြန်ဖြေသည်။

"နောက်ပြီး သိပ်မကြာခင်က ကောင်းကင်မီးလျှံမြို့တော်ရဲ့ အဝေးတစ်နေရာမှာ မိစ္ဆာနတ်ဆိုးတစ်ကောင်ရဲ့ အရိပ်အယောင်တွေ ရှိခဲ့ဖူးတယ်။ အဲ့ဒီမိစ္ဆာနတ်ဆိုးကို မူလဝိညာဉ် ကျင့်ကြံထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်တစ်ယောက်က သတ်သွားတယ်လို့ ကြားရတယ်။ အဲ့ဒီအဖြစ်အပျက်နှစ်ခုကို ပေါင်းစပ်ကြည့်တဲ့အခါ မင်းပဲ ဖြစ်မယ်လို့ တွေးမိတာပေါ့"

“အဲ့သလိုကိုး”

စူးချန်ခုန်းလည်း နားလည်သွားသည်။ သူ၏ ကန်းသတ္တု ပိုးချည်မျှင်မှာ မူလဝိညာဉ်နှင့် ပေါင်းစပ်ထားသဖြင့် ပြိုင်ဘက်ကင်းသည်။ ကျန်းယောင်က သူ၏ ထောက်လှမ်းချက်များကို ဆက်စပ်ပြီး သိရှိသွားခြင်း ဖြစ်သည်။

ကျန်းယောင်က မျှော်လင့်ချက်ဖြင့် "ညီလေးစူး၊ မင်းရဲ့ မူလဝိညာဉ်ကို ကြည့်လို့ရမလား။ ကျန်းမိသားစုထဲမှာ မူလဝိညာဉ် လေ့ကျင့်ထားတဲ့ အကြီးအကဲတချို့ ရှိပေမယ့် သူတို့ကို အတော်လေး လေးစားရတယ်။" ဟု ပြောသည်။

ရှေးဟောင်းသူတော်စင်များ၏ ရှေးအကျဆုံးမိသားစုဖြစ်တာကြောင့် သူတို့မှာ မဟာနတ်ဘုရားစွမ်းရည် သိုင်းဝိဇ္ဇာသူတော်စင်များနှင့် မူလဝိညာဉ်ကျင့်ကြံထားသူများ ရှိလေသည်။

"ကောင်းပြီ" ဟု စူးချန်ခုန်းက သဘောတူလိုက်သည်။ ကျန်းယောင်မှာ ရန်လိုစိတ် မရှိသည့်အပြင် ဤနေရာမှာ သူ၏ နယ်မြေဖြစ်သောကြောင့် စိုးရိမ်စရာ မရှိပေ။

စူးချန်ခုန်းက စိတ်ကို စုစည်းလိုက်ရာ ရွှေရောင် မူလဝိညာဉ်လေးမှာ သူ၏ သိစိတ်ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး လနက်ဂူဗိမာန်အတွင်းသို့ ရောက်ရှိလာသည်။ ချက်ချင်းပင် ကျယ်ပြန့်သော စွမ်းအားများက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ မူလဝိညာဉ်မှာ လက်ဖဝါးအရွယ်အစားသာ ရှိသော်လည်း နတ်ဘုရားဆန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

"တကယ်ကို မူလဝိညာဉ်ပဲ။ အရှိန်အဝါကို ကြည့်ရတာ ဓားသွားဝိညာဉ်ကနေ ပြောင်းလဲလာတာ ဖြစ်ရမယ်" ကျန်းယောင်းက သူ့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်နေသည်။ စူးချန်ခုန်း၏ မူလဝိညာဉ်မှာ အရာရာကို ခုတ်ပိုင်းနိုင်သည့် ထက်မြက်မှုမျိုး ရှိသည်။

စူးချန်ခုန်းသည် ဓားသိုင်းပညာ၌ အလွန်ကျွမ်းကျင်သူဖြစ်ပြီး ဤအချက်ကို သူ ယခင်က ဖော်ထုတ်ပြသခဲ့ခြင်း မရှိပေ။

မူလဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်ခဲ့ကြောင်း အတည်ပြုပြီးနောက် စူးချန်ခုန်းသည် ၎င်းကို သူ၏ သိစိတ်ပင်လယ်ဆီသို့ ပြန်လည်ဝင်ရောက်စေလိုက်သည်။

စူးချန်ခုန်းအပေါ် ကျန်းယောင်၏ အကြည့်တို့ ပြောင်းလဲသွားသည်။

ယခင်က ကျန်းယောင်သည် စူးချန်ခုန်းကို ယဉ်ကျေးစွာ ဆက်ဆံခဲ့သော်လည်း အမှန်စင်စစ်မှာမူ အရည်အချင်းရှိသော လူငယ်တစ်ဦးအား လေးစားမှု သက်သက်မျှသာ ဖြစ်သည်။

ယခုမူ သူသည် ကျန်းမိသားစုဝင်ဖြစ်ပြီး အနာဂတ်တွင် အကန့်အသတ်မရှိ တိုးတက်နိုင်သူ ဖြစ်သော်လည်း သူက စူးချန်ခုန်းကို တန်းတူရည်တူ ဆက်ဆံလာသည်။

သို့သော် ဤနေရာရှိ စူးချန်ခုန်းမှာမူ ငယ်ရွယ်သော်လည်း မူလဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် သူ၏ အလားအလာမှာ မခန့်မှန်းနိုင်ဖွယ်ရှိပြီး သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။ သူသည် ကျန်းယောင်ပင်လျှင် အလေးအနက်ထား၍ မိတ်ဖွဲ့ပြီး စိတ်နှလုံးအကြွင်းမဲ့ စည်းရုံးရမည့် အစစ်အမှန် ဉာဏ်ရည်ရှင်တစ်ဦး ဖြစ်သည်။

သဘောကျနှစ်သက်မှုများ အပြည့်နှင့် ကျန်းယောင်က "ညီလေးစူး၊ ငါ ကျန်းယောင် အထင်ကြီးမိတယ်ကွာ။ အသက်ငယ်ငယ်နဲ့ မူလဝိညာဉ် လေ့ကျင့်နိုင်တဲ့သူက ရှားတယ်။ လုံးဝမရှိဘူးလို့ ဆိုလိုတာမဟုတ်ပေမယ့် ပြန်လည်မွေးဖွားလာသူကတော့ ထည့်မတွက်ဘူးပေါ့" ဟု ချီးမွမ်းသည်။

စူးချန်ခုန်းက "ကျွန်တော်က ပြန်လည်မွေးဖွားသူ မဟုတ်မှန်း ဘယ်လိုသိတာလဲ" ဟု မေးလိုက်သည်။

ကျန်းယောင်က "အစ်ကို့အကြီးအကဲတွေ ပြောတာတော့ ပြန်လည်မွေးဖွားလာသူတွေရဲ့ထိပ်မှာ မူလဝိညာဉ်မှာ ပြန်လည်မွေးဖွားခြင်း အမှတ်အသား ရှိတယ်တဲ့။ မင်းရဲ့ မူလဝိညာဉ်မှာ အဲ့ဒီအမှတ်အသား မရှိတာကြောင့် မင်းက ပြန်လည်မွေးဖွားသူ မဟုတ်မှန်း သိနိုင်တာပေါ့" ဟု ပြန်ဖြေသည်။

All Chapters