အရှင်မီးတောက် ထွက်ပေါ်လာမှု
Vol. 018 Ch. 885
လမြွေနဂါး၏ ရှေ့ရှိ ကျင့်ကြံသူများသည် လေပြင်းတစ်ခု ရိုက်ခတ်လာသည်ဟုသာ ခံစားလိုက်ရသည်။ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်များသည် တုန်ယင်ကာ အသိစိတ်လွတ်သွားရသည်။
လမြွေနဂါးကြီး၏ ကြီမားလွန်းလှသည့် ခန္ဓာကိုယ်ဟာ ရှေ့သို့ တန်းမတ်စွာ သွားလာချိန်၌ လေဟာနယ်ပင် စတင် ပျက်စီးလာရသည်။
ဝမ်လင်းနောက်သို့ လိုက်နေသော ကျင့်ကြံသူအုပ်စုကြီး၏ အများစုသည် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့် သို့မဟုတ် ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနေကြသူများပင်။ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူများပင် များစွာ မရှိပေ။နိဗ္ဗနကြိုခြင်းခြင်းအဆင့်သို့ ရောက်နေသောသူများက ပို၍ပင် အရေအတွက်နည်းသေး၏။
ထိုကျင့်ကြံသူများကြား ကံမကောင်းသူများအဖို့ လမြွေနဂါးနှင့် တိုက်ရိုက် ထိကုန်ကြကာ ၎င်းတို့၏ ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့သည် ပျက်စီးသွားရတော့သည်။
ချက်ခြင်းပင် ကြောက်လန့်တကြားအော်သံများက သည်နေရာတွင် ပြည့်နှက်ကုန်တော့၏။ကျင့်ကြံသူများသည် လွတ်မြောက်နိုင်ရန်အတွက် ပို၍ မြန်မြန် ထွက်ခွာနေကြ၏။
“ဒါက ငါတို့ခုခံနိုင်တဲ့အရာ မဟုတ်ဘူး။ ယောင်မိသားစုရဲ့ ဆုလဒ်အတွက်နဲ့ ငါတို့ရဲ့ အသက်တွေကို ဆုံးရှုံးဖို့ မထိုက်တန်ဘူး…”
“ထားလိုက်တော့…ဒီရှုမူက ဒီလိုသားရဲကြီးရဲ့ စွမ်းအားကို ငှားနိုင်မှတော့ ဒီလိုလူကို သွားပြီး ရန်မစတာ ပိုကောင်းတယ်။ သူက ငါ့ကို သတိမပြုမိခင် မြန်မြန် ထွက်သွားမှ…”
ကျင့်ကြံသူများသည် နောက်သို့ ဆုတ်နေရင်း သူတို့၏ စိတ်ထဲ၌ အတွေးမျိုးစုံ ဖြစ်ပေါ်နေကြခြင်းပင်။
လမြွေနဂါး၏ ဧရာမခန္ဓာကိုယ်ကြီးသည် အနည်းငယ်တုံ့ဆိုင်းသွား၏။၎င်းက ပါးစပ်ဟလာသည်။ထိုအခါ စူးရှရှဟိန်းသံ တစ်ခု ၎င်း၏ ပါးစပ်ထဲကနေ ထွက်ပေါ်လာတော့သည်။
ထိုအသံသည် အတော်လေး အားကောင်းလွန်းလှ၏။ သိပ်ဝေးဝေးသို့ မရောက်သေးသည့် ကျင့်ကြံသူများသည် ပေါက်ကွဲထွက်ကုန်ကြသည်။သူတို့၏ ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့မှာ တစစီ ဖြစ်ကုန်ကြ၏။
လမြွေနဂါးသည် ကြမ်းကြုတ်စွာ ဟိန်း၍ စတင် လှုပ်ရှားလာပြန်၏။၎င်း၏ ခန္ဓာကိုယ်ကနေ မရေမတွက်နိုင်သော လက်တံများသည် ပတ်ပတ်လည်သို့ စတင် ရွှေ့လျားကုန်၏။ ကျင့်ကြံသူတစ်ယောက်က ၎င်းလက်တံများနှင့် ထိမိသည်နှင့် သူတို့သည် ချက်ခြင်း ဖြူရောကုန်ကြသည်။သူတို့က အကြိမ်များစွာ ထိမိပါက သူတို့သည် သေဆုံးသွားနိုင်၏။အကြောင်းမူကား သူတို့၏ မူလစိတ်ဝိညာဉ်သည် လွင့်ပါးပျောက်ကွယ်သွားနိုင်ခြင်းကြောင့် ဖြစ်နေသည်။
ထိုမြင်ကွင်းက အဆုံးစွန် တုန်လှုပ်ဖွယ်ပင်။လမြွေနဂါး၏ဘဲဥပုံခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော လက်တံများနှင့် ပြည့်နေသော ဂြိုဟ်တစ်ခုကဲ့သို့ အလားတူနေတော့၏။ ထို့ကြောင့်လည်း ကျင့်ကြံသူများသည် နောက်သို့ ဆက်တိုက်သာ ဆုတ်၍ တည်နေရာရွှေ့ပြောင်းခြင်း မပြုလုပ်နိုင် ဖြစ်ရ၏။
ဤအရာက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း မည်၏။ လမြွေနဂါးက ထိုကျင့်ကြံသူများကို သတ်ဖြတ်ကာ ၎င်း၏ ဒေါသကို ဖြေနေခြင်းလော။
မြောက်ပိုင်းနယ်မြေ၏ ပင်မဂြိုဟ်ငါးခုမှ ကျင့်ကြံသူများသည်လည်း သူတို့၏ ဂြိုဟ်များကနေ ပျံသန်းထွက်ကြည့်လာကြသည်။သူတို့က မည်သို့ ဖြစ်ပျက်နေသည်ကို တွေ့မြင်လိုက်သည့်အခါ သူတို့၏ ဂြိုဟ်အကာအကွယ်အစီအရင်များကို ချက်ခြင်း ဖွင့်လှစ်လိုက်ကြတော့၏။မည်သူကမျှ မကူညီဝံ့ပေ။
ထိုဟိန်းသံကို ထုတ်ဖော်ပြီးသည့်နောက် လမြွေနဂါးကြီးသည် ရုတ်တရက် ရပ်တန့်သွား၏။၎င်း၏ ခန္ဓာကိုယ်ထဲကနေ အတန်ငယ်တိုးသော ဟိန်းသံများ ထွက်လာ၏။ထိုအသံများနှင့်အတူ အရွယ်အစားမျိုးစုံ ရှိသည့် လမြွေနဂါးငယ်များသည် ၎င်း၏ ပါးစပ်ထဲကနေ တရကြမ်း ထိုးထွက်လာကြတော့သည်။
ထိုလမြွေနဂါးငယ်များ၏ အရွယ်အစားသည် မူလလမြွေနဂါးကြီးထက် နှိုင်းယှဉ်မရအောင် သေးငယ်ပေသည်။သို့သော်လည်း ကျင့်ကြံသူများအဖို့တော့ ၎င်းတို့သည်ပင် ကြီးမားနေဆဲသာ ဖြစ်နေ၏။
အနှီလမြွေနဂါးငယ်များစွာ ပေါ်လသည့်အခါတွင် သတ်ဖြတ်မှုကြီးသည် အထွတ်အထိပ်သို့ ရောက်ရှိလာတော့၏။
မရေမတွက်နိုင်သော လမြွေနဂါးငယ်များသည် နေရာအနှံ့သို့ ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား ဝါးမြိုတော့သည်။
ယောင်မိသားစုဝင်များအဖို့တော့ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများသာ လွတ်မြောက်နိုင်စွမ်း ရှိ၍ ကျန်သူအားလုံး သေဆုံးသွားခဲ့ရလေပြီ။ ကျင့်ကြံခြင်းမိသားစုများ၏ ကျင့်ကြံသူ အတော်များများသည်လည်း လမြွေနဂါး၏ ဒေါသကြောင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ဟင်းလင်းပြင် တစ်ခုလုံးသည် ထူထဲသော သွေးညှီနံ့တို့နှင့် ပြည့်နေတော့၏။
သို့သော်လည်း လမြွေနဂါးကြီး၏ ဒေါသသည် အခုထိ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက လှုပ်ရှားလာရင်း ၎င်း၏ ပါးစပ်ထဲကနေလည်း လူသားအသံနှင့် ဆင်တူသည့် ရှုပ်ထွေးသော စကားသံတစ်ခုပင် ထွက်လာခဲ့၏။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အသိစိတ်ကို လွတ်သွားစေသည်။သူတို့သည် ၎င်းသားရဲကြီးတွင် မန္တာန်များ ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိကြပေ။
လမြွေနဂါးကြီး နိုးထလာသည်နှင့် ၎င်းသည် ကပ်ဘေးဆိုးတစ်ခု ဖြစ်လာပေ၏။
ဤအခိုက်အတန့်၌ လမြွေနဂါးကြီး၏ ကီလိုမီတာ ငါးထောင်အကွာရှိ ဟင်းလင်းပြင်ထက်တွင် ပုံရိပ်သုံးခုသည် မတ်တပ်ရပ်လျက် ရှိနေကြသည်။ထိုပုံရိပ်များက ခပ်ဝါးဝါးသာ ရှိသည်။သို့သော် ၎င်းတို့ထံမှ အလွန့်အလွန်ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသည်။
ထိုသုံးယောက်ထဲ၌ အရှင်မီးတောက်သည် တစ်ယောက်အပါအဝင် ဖြစ်၏။
အရှင်မီးတောက်က ပြုံး၍ ခပ်ဖြည်းဖြည်း ဆိုလာသည်။ “ဒီကောင်လေးက သူတို့ကို ဒီလမြွေနဂါးရှိ ခေါ်ဆောင်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါပေမဲ့လည်း သူကသာ ဒီလို အရာမျိုးကို မလုပ်နိုင်ခဲ့ဖူးဆိုရင် ငါ့အာရုံစိုက်မှုကို ဘယ်ရပါ့မလဲ…”
“ရောင်းရင်းကျင့်ကြံသူတို့….ငါက နှစ်ပေါင်းများစွာ ဒီအတွက် အစီအစဉ် ချမှတ်ခဲ့ပြီးပြီး…။ဒီလမြွေနဂါးသားရဲက ငါ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ငါ သင်တို့နှစ်ယောက်ကို ဒီနေရာ ခေါ်လာရတာဟာ ဒီသားရဲရဲ့ခွန်အားကို မြင်တွေ့စေချင်လို့ပဲ…”
“ခု သင်တို့နှစ်ယောက် ဒီသားရဲကို တွေ့မြင်ပြီးပြီးဆိုတော့ ငါ့အစီအစဉ်ကို ဘယ်လို ထင်မြင်ကြတုန်း…”
အရှင်မီးတောက်၏ ဘေး၌ ရင်ဘက်နေရာ၌ ယင်ယန်အမှတ်အသားဖြင့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီး တစ်ယောက် ရှိနေ၏။သူ မျက်မှောင်ကြုတ်ကာ တည်တည်ငြိမ်ငြိမ် ပြောလာသည်။ “အရှင်မီးတောက်…သင့်အစီအစဉ်က တကယ့်ကို ရူးသွပ်ဖွယ်ပဲ…”
“တခြားရှုထောင့်ကနေ ကြည့်ရင်တော့ ဒါက ရူးသွပ်တယ် ဆိုပေမဲ့လည်း အောင်မြင်လိုက်တာနဲ့ ငါတို့ရဲ့ အောင်မြင်မှုနှုန်းက ဆယ်ရာခိုင်နှုန်းလောက်ထိ တိုးတက်သွားစေလိမ့်မယ်…”
နောက်ဆုံးတစ်ယောက် ဖြစ်သည့် အနီရောင်ဝတ်စုံနှင့် အဘိုးအိုကမူ ဘာတစ်ခွန်းမှ ဝင်မပြောပေ။ သူ့ပုံပန်းအသွင်က နူးညံ့ဟန် ရသော်လည်း သူ့မျက်လုံးထဲ၌မူ အေးစက်မှုတို့ လျှံထွက်နေသည်။ထို့ကြောင့် သည်အဘိုးအိုက ကြင်နာတက်သည့်လူတစ်ယောက် မဟုတ်မှန်း သိသာနေသည်။
“ဒါက ရူးသွယ်ဖွယ်ပါပဲ။ ဒါပေမဲ့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက ကျင့်ကြံသူတွေဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ စစ်ပွဲထဲ ဝင်ရောက်မယ်ဆိုရင် သူတို့ လုံလောက်အောင် သန်မာနေဖို့ လိုအပ်တယ်။ မဟုတ်ရင် သူတို့အတွက် ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး…”
“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ အတော်လေးနည်းပါးတဲ့ ကျင့်ကြံသူတွေကသာ သေခြင်းရှင်ခြင်း အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ကြဖူးတယ်။ ဒါဟာ ကျင့်ကြံမှုအခြေခံကို နောက်ပြန်ဆုတ်စေတယ်။ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာကျတော့ ကျင့်ကြံသူတစ်ယောက်ဟာ အခြားလူတွေကို အမြဲ သတိထားနေရတာ၊ ကလန်တစ်ခုတည်း ဖြစ်နေရင်တောင်မှာပေါ့။ ကျင့်ကြံသူတစ်ယောက်က အနည်းငယ် ဂရုမစိုက်မိတာနဲ့ သေဆုံးသွားနိုင်တယ်လေ။ ဒီလို ပတ်ဝန်းကျင်မျိုးက သူတို့တွေကို ကြမ်းကြုတ်စေ၊ညာဏ်နီညာဏ်နက် များစေတဲ့လူတွေ ဖြစ်စေတယ်…”
“ရှုမူကိုပဲ ကြည့်လိုက်…ဒါဆို သင်တို့ ငါ ရှင်းပြတာထက် ပိုပြီး ဒီအချက်ကို နားလည်သွားလိမ့်မယ်…”
ခရမ်းရောင်ဝတ်စုံနှင့် သတ်လတ်ပိုင်းလူက စဉ်းစားနေဟန်ရသည်။ အနီရောင်ဝတ်စုံနှင့်အဘိုးအိုက ပြုံး၍ ဆိုလာ၏။ “ဒီရှုမူက အတော်လေး တော်တယ်။ သူက ငါ့တန်လင်းဂြိုဟ်က တစ်စုံတစ်ဦးဖြစ်ဖို့အတွက် တကယ် သင့်တော်ပေတယ်…”
အရှင်မီးတော်၏မျက်လုံးသည် တောက်ပလာ၏။ သူက ရယ်မောကာ ဆိုလာသည်။ “ငါတို့ ရှာဖွေနေတဲ့ ကောင်းကင်ဦးစီးရာထူး (၁၀၈) ခုဟာ သူ့လို လူတွေအတွက်ပဲ။ ငါတို့က သူတို့ကို ခေါ်ဆောင်သွားမယ်ဆိုရင် အလုံးစုံကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူတွေအတွက် သွေးချောင်းစီးစေလိမ့်မယ်…”
“ဒီရှုထောင့်ကနေ ကြည့်ရင် အဘိုးကြီးသွေးနတ်ဘုရားက ပိုပြီးတော့တောင် ပြတ်သားနေသေးတယ်။ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ တိုက်ပွဲအတွက် သူ့မိသားစုရဲ့ ကျင့်ကြံသူတွေကိုပါ စတေးပုံအရ သူဟာ သူ့မိသားစုကို ချီးမြှင့်ထားတဲ့ ရတနာကိုပါ အဆုံးရှုံးခံနိုင်တဲ့ပုံပဲ…”
ရှောင်လို့ အမည်ရသည့် အနီရောင်ဝတ်စုံနှင် အဘိုးအိုသည် ပြုံးလိုက်၏။
“သွေးနတ်ဘုရားက မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ တိုက်ပွဲမှာ ပိုမိုများပြားတဲ့ အကျိုးအမြတ် ရချင်နေတာပဲ။ ဒါပေမဲ့ ငါက သူ အခုလောက်ထိ ပြတ်သားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး…။ဒီ၇တနာဟာ တစ်ကြိမ်ပဲ အသုံးပြုလို့ ရတော့မှာ သူက ဒါကို သူ့အတွက်သူတောင် ချန်မထားတော့ဘူးပဲ…”
အရှင်မီးတောက်က ခေါင်းယမ်းလိုက်၏။သူ့မျက်လုံးထဲ၌လည်း သနားဟန်ရသည့် အရိပ်အယောင် ဖြစ်ပေါ်သွားသည်။သို့သော် ၎င်းအရိပ်အယောင်ထဲ၌ လေးစားမှု အငွေ့အသက်တို့လည်း ပါဝင်နေ၏။
သက်လတ်ပိုင်းလူကြီးက ရုတ်တရက် အေးစက်စက် ပြောလာ၏။ “ငါတို့ရဲ့ စုံစမ်းထားချက်အရ ဒီရှုမူဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ လာတာ ဖြစ်တယ်။အရှင်မီးတောက် သင်က သူ့ကို အများကြီး ချီးကျူးနေတယ်။ သင်က သူ ငါတို့ကို မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ ပြန်ရောက်သွားတာနဲ့ သစ္စာဖောက်သွားမှာ မစိုးရိမ် ဘူးလား…”
အရှင်မီးတောက်၏မျက်လုံးက အေးစက်လာ၏။ထို့နောက် သူက သတ်လတ်ပိုင်းလူကို စူးစိုက်ကြည့်ရင်း ပြုံး၍ ဆိုလာသည်။ “ရောင်းရင်းကုန်းစွန်…ငါလည်း မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ လာခဲ့တာ မလား။ ငါက ဒီကိစ္စအတွက် စုစည်းဆောင်ရွက်ခဲ့ပေမဲ့လည်း ငါ မဟာမိတ်ကြယ်အဖွဲ့အစည်းရောက်သွားရင် သင်တို့ကို သစ္စာဖောက်မှာကော မစိုးရိမ်ဘူးလား…”
သက်လတ်ပိုင်းလူက အရှင်မီးတောက်ကို အေးစက်စက် ပြန်ကြည့်သည်။သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သည်ကိစ္စကို ဆက်၍ စကား မဆိုတော့ပေ။
အရှင်မီးတောက်က အေးစက်စက်နှာခေါင်းရှုံ့ကာ စိတ်ထဲကနေ တွေးလိုက်၏။ “ငါ ရှုမူရဲ့ အကြောင်းကို သိသလောက် သူဟာ အမဲလိုက်ခံရပြီး ဒီနေရာကို အတင်းထွက်ပြေးလာခဲ့ရတာ…။သူ့အခြေအနေက ငါ့လိုပဲ။ ဒီတော့ သူဟာ သစ္စာဖောက်ဖို့ အခွင့်အရေး နည်းလွန်းတယ်။ တကယ်လို့ သူသစ္စာဖောက်ခဲ့ရင်လည်း ငါက သူ့ကို သတ်လိုက်ရုံပေါ့…”
“ထားလိုက်တော့…အရှင်မီးတောက်က ယုံကြည်မှု ရှိနေမှတော့ ငါတို့ ဒီကိစ္စကို ထပ်မပြောကြရအောင်။ခုတော့ ငါတို့ ဒီသားရဲကို တိုက်ခိုက်ရမယ့် အချိန်ပဲ။ မဟုတ်လို့ လူအများကြီး ထပ်သေရမယ်ဆိုရင် ဒါဟာ ငါ့မဟာမိတ်ကြယ်အဖွဲ့အစည်းအတွက် ဆုံးရှုံးမှု ဖြစ်လိမ့်မယ်….။ အခု ငါတို့ ဒီသားရဲကြီးကို ဘယ်လို မောင်းနှင်ကြမလဲ စဉ်းစားကြ…”
အနီရောင်ဝတ်စုံနှင့် ရှောင်အဘိုးအိုက ရှေ့တည့်တည့်သို့ ကြည့်နေ၏။သူ့အကြည့်က ကီလိုမီတာ ထောင်ပေါင်းများစွာကို ထွင်းဖောက်သွားသည့်အလားပင်။
“ဒါက မခက်ပါဘူး။ ငါတို့သုံးယောက်ရယ်…ကျန်တဲ့ မွန်းစတားအိုကြီးတွေရဲ့ အကူအညီနဲ့ဆိုရင် လမ်းကြောင်းပွင့်ဟတာနဲ့ ငါတို့ ဒီသားရဲကြီးကို မဟာမိတ်ကြယ်အဖွဲ့အစည်းထဲရောက်အောင် မောင်းထုတ်ကြတာပေါ့…”
သည့်နောက် သူတို့သုံးယောက်သည် ဖျပ်ခနဲ ပျောက်ကွယ်သွားကြတော့သည်။
လမြွေနဂါးကြီး၏ ဒေါသပုန်ထနေမှုနှင့်အတူ မရေမတွက်နိုင်သော လက်တံများသည် သည်ဟင်းလင်းပြင်အနှံ့သို့ သိမ်းကြုံးရိုက်ခတ်ကာ ကျင့်ကြံသူများ၏ အသက်ကို နှုတ်ယူနေသည်။လမြွေနဂါးကြီးကြောင့် ပတ်ဝန်းကျင်ဟင်းလင်းပြင်သည်လည်း စတင်၍ တွန့်ကြေလိမ်နေ၏။ထို့ကြောင့် ကျင့်ကြံသူတို့သည် စိတ်နှလုံး တုန်ယင်နေကြရသည်။ တစ်ချိန်တည်းမှာလည်း သူတို့ တည်နေရာရွှေ့ပြောင်းခြင်း မပြုလုပ်နိုင်အောင်လည်း တားဆီးထားနေသည်။
ထိုကျင့်ကြံသူများက မည်မျှမြန်ဆန်ပါစေ လမြွေနဂါးကြီးနှင့် နှိုင်းယှဉ်ပါက ၎င်းက သူတို့အား မှီနေတုန်းသာ ဖြစ်၏။
အထူးသဖြင့် လမြွေနဂါးငယ်များ၏ ကျင့်ကြံသူတို့အား ဝါးမြိုနေမှုသည် သူတို့ကို မျှော်လင့်ချက်ပါ ပျက်သုဉ်းစေသည်။
လမြွေနဂါး၏ဧရာမခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်းသာ ရွှေ့လျားနေ၏။ ဤအခိုက်အတန့်မှာပင် သွေးနီရောင်ရှစ်မြှောင့်ပုံစံကွက်သည် လမြွေနဂါး၏ အထက်၌ ပေါ်လာလေသည်။
၎င်းပုံစံကွက်က စွမ်းအားကောင်းလှသော အော်ရာတစ်ခုကို ပေးစွမ်းနေ၏။၎င်းအော်ရာ ပျံ့နှံ့လာသည်နှင့် လှိုင်းများ ချက်ခြင်း ပေါ်လာသည်။တစ်စုံတစ်ယောက်က ၎င်းလှိုင်းများနှင့် ထိတွေ့မိပါက သူတို့သည် မည်သို့မျှ ခုခံနိုင်စွမ်းမရှိဟု ခံစားမိသွားနိုင်၏။
ထိုရှစ်မြှောင့်ပုံစံကွက်ပေါ်၌ လူတစ်ယောက် မတ်တပ်ရပ်လျက် ရှိနေ၏။ထိုလူကတော့ အနီရောင်ဝတ်စုံနှင့် အဘိုးအိုပင်။ခုချိန်၌ သူ့အသွင်ကအလေးအနက် ဖြစ်နေ၏။သူက ပုံစံကွက်အစီအရင်နှင့်အတူ အောက်သို့ ဖိနှိပ်ချစေသည်။လှိုင်းများက မြန်ဆန်စွာ ပျံ့နှံ့ကာ လမြွေနဂါးအား ဝန်းရံ၍ ၎င်းကို ရှစ်မြှောင့်ပုံစံကွက်ထဲ၌ ပိတ်လှောင်စေတော့သည်။
အနီရောင်ဝတ်စုံနှင့်အဘိုးအိုက အော်ပြောလာသည်။ “သင်တို့နှစ်ယောက် မြန်မြန်လုပ်ကြ…။ငါ ဒီသားရဲကို အချိန်အကြာကြီး ရပ်တန့်နေအောင် လုပ်ထားနိုင်မှာ မဟုတ်ဘူး…”
ရှစ်မြှောင့်ပုံစံကွက်၏ အောက်ဘက်ရှိ လမြွေနဂါးကြီ၏ဒေါသသည် အထွတ်အထိပ်သို့ ရောက်လာ၏။၎င်းက ဟိန်းဟောက်သံပြုကာ အထက်သို့ အရူးအမူး ထိုးထွက်သည်။
တစ်ချိန်တည်းမှာပင် အရှင်မီးတောက်သည် လမြွေနဂါးကြီးရှေ့ရှိ လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည်။သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံသူမြောက်များစွာသည် ဆွဲငင်ခေါ်ခြင်းခံလိုက်ရကာ ပျောက်ကွယ်သွားကြတော့သည်။
***