← Chapters

မီးပြင်းဖို

Vol. 018 Ch. 888

မီးပြင်းဖို

Vol. 018 Ch. 888

မီးပြင်းဖိုအတွင်း၌ ဝမ်လင်း၏ မျက်လုံးသည် တလက်လက် ဖြစ်နေသည်။မီးပြင်းဖိုထဲရှိ ဟင်းလင်းပြင်နေရာလွတ်သည် အကန့်အသတ်နှင့် ဖြစ်နေ၏။ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို စတင်အသက်သွင်းကြည့်သည်။လက်တံများသည် မီးပြင်းဖို၏ အပြင်ပိုင်းတွင် ထွေးခြုံပတ်ထား၏။သို့သော် မီးပြင်းဖိုအတွင်းဘက်သို့ ဝင်မလာဝံ့ကြချေ။

ဝမ်လင်းသည် ခုမှ စိတ်သက်သာရာရ၍ သက်ပြင်းချနိုင်၏။သည်နေရာက အခုလက်ရှိတွင် ယာယီ လုံခြုံသည့်နေရာဟု ဆိုရမည် မဟုတ်လား။သူက မီးပြင်းဖိုအပြင်ဘက်ရှိ အရာရာတိုင်းကို လစ်လျူရှုကာ စတင် စဉ်းစားနေသည်။ထို့နောက် သူက ထိုင်ချကာ မျက်လုံးမှိတ်၍ စတင်ကျင့်ကြံတော့သည်။

သူမျက်လုံးမှိတ်လိုက်သည့် အခိုက်တွင် သူ့အရိပ်ထဲကနေ ထာရှန်သည် ဖျပ်ခနဲ လှမ်းထွက်လာသည်။ထာရှန်ကလည်း ဝမ်လင်းအနားတွင် လိုက်ပါ ထိုင်ချလိုက်၏။

ဝမ်လင်းသည် ထိုင်နေရင်း သူ့စိတ်နှလုံးထဲ၌ မောပန်းနေမှုကို ခံစားနေရသည်။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ခဲ့ပြီးကတည်းက အမြဲတမ်း သတိအပြည့်နေခဲ့ရသည့် မဟုတ်လား။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်လာခဲ့ပြီးနောက် ငှက်မွှေးသားရဲ၏ ခန္ဓာကိုယ်ထဲသို့ စေလွှတ်ခြင်း ခံရကာ ထိုနေရာကနေ ထွက်ခွာနိုင်ရန်လည်း တိုက်ပွဲတစ်ခုကို အပြင်းအထန် တိုက်ခိုက်ခဲ့ရသေးသည်။

မူလတုန်းကအတိုင်းဆိုရင် သူက လီယွမ်ကို ရှာကာ သူ့ထံကနေ အတားအဆီးများကို လေ့လာခြင်းနှင့် ရွေးချယ်ခံမသေမျိုးကလန်ဝင်များကို ချန်လင်းဂြိုဟ်ထဲသို့ ပို့ဆောင်ပြီး အနားယူရန် စီစဉ်ထားခဲ့ခြင်းပင်။ သို့သော်လည်း အခြေအနေအကြောင်းများက ဝမ်လင်းကို ရက်စက်စွာ တိုက်ခိုက်ပစ်ဖို့ အတင်းအကြပ် ဖန်လာခဲ့ပေသည်။

ယောင်မိသားစုနှင့်အခြားကျင့်ကြံခြင်းမိသားစုများ၏ အတင်း လိုက်လံ သတ်ဖြတ်ခြင်းက ဝမ်လင်းကို ထွက်ပြေးစေခဲ့ရပေသည်။သူက အန္တရာယ်အလီလီ ကြုံခဲ့၊ဒဏ်ရာလည်း ရခဲ့ရင်း အသည်းအသန် ထွက်ပြေးနိုင်ခဲ့ပေသည်။အခု မီးပြင်းဖိုထဲ ရောက်မှသာ အနည်းငယ် စိတ်သက်သာရာရ အနားယူနိုင်စွမ်း ရှိတော့၏။

“လမြွေနဂါးကြီးရဲ့ တိုက်ခိုက်မှုကြောင့် အပြင်ဘက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေအတွက်တော့ ကပ်ဘေးကြီးတစ်ခု ကျရောက်သလို ဖြစ်စေမှာပဲ။ ဒီအတွက်ကြောင့် အချိန်တိုအတွင်း ဒီလူတွေ ငါ့နောက် ဆက်လိုက်လာမှာ မဟုတ်တာ ငါ ယုံတယ်။ သူတို့လာခဲ့မယ်ဆိုရင်တောင့် လမြွေနဂါးရဲ့ ခန္ဓာကိုယ်ထဲထိ ဝင်ပြီး ငါ့ကို ရှာနိုင်မှာ မဟုတ်ဘူး။ ဒီနေရာက အန္တရာယ်များတယ် ဆိုပေမဲ့လည်း ငါ့အတွက်တော့ အတော့်ကို လုံခြုံဘေးကင်းတဲ့နေရာတစ်ခု ဖြစ်နေခဲ့တယ်…”

ဝမ်လင်းက သူ့မူလစွမ်းအင်ကို ဖြည်းဖြည်းချင်း လှည့်ပတ်ရင်း မူလစိတ်ဝိညာဉ်အား ကုစားနေ၏။ သူ့မူလစွမ်းအင်က ခန္ဓာကိုယ်အတွင်း၌ လှည့်လည်နေရင်း သူ့မူလစိတ်ဝိညာဉ်ထံကနေ နာကျင်မှုတို့ ဖြစ်ပေါ်နေ၏။သူက အချိန်တိုအတွင်း သေရေးရှင်ရေး ကိစ္စများစွာကို ရင်ဆိုင်ခဲ့ရပေသည်။ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကြောင့်သာ မဟုတ်ပါက သူသည် အကြိမ်များစွာ သေဆုံးခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ရက်စက်သည့် ကျင့်ကြံခြင်းလောက၌ အချိန်မရွေးအသက်ပျောက်သွားနိုင်သည်သာ ဖြစ်သည့်အတွက် ထိုအဖြစ်က ဝမ်လင်း၏ တာအိုနှလုံးသားကို မယိုင်နဲ့စေခဲ့ပေ။သူက မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ရှိခဲ့စဉ်ကတည်းက အခုလို အတွေ့အကြုံများနှင့် အသားကျနေခဲ့ပြီ မဟုတ်လား။ “ယောင်ပင်ယွမ်ရဲ့ မန္တာန်က မူလစိတ်ဝိညာည်ကို အများကြီး ထိခိုက်ပျက်စီးစေတာပဲ။ အင်း…ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကြောင့်သာ မဟုတ်ရင်တော့…”

ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်လာ၏။ သူ့မျက်လုံးအတွင်း၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

ယောင်ပင်ယွမ်ကြောင့် သူ့ခန္ဓာကိုယ်သည် များစွာ ဒဏ်ရာရခဲ့ခြင်း မရှိပေ။သူ့မူလစိတ်ဝိညာည်သာ ဒဏ်ရာများစွာ ရရှိခဲ့ပေ၏။ သားရေချပ်ဝတ်ကြောင့်သာ သူ့မူလစိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ခြင်းပင်။ ခုချိန်၌ ဝမ်လင်းသည် တည်ငြိမ်စွာဖြင့် ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသည်။

မရေမတွက်နိုင်သော လက်တံများကလည်း မီးပြင်းဖို၏အပြင်ဘက်တွင် တရမ်းရမ်း၊တဝှေ့ဝှေ့နှင့် ရှိနေကြသည်။ဝဲကတော့ အနီးအနားရှိ ယောင်ပင်ယွမ်က ထိတ်လန့်ကြောက်ရွှံ့နေခြင်းမရှိဘဲ ထိုအစား တည်ငြိမ်လို့သာ နေသည်။

သူမက လမြွေနဂါးကြီး၏ တိုက်ခိုက်မှုကနေ လွတ်မြောက်လာနိုင်ပြီးနောက် လမြွေနဂါးငယ်တစ်ကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရခြင်းပင်။ထိုအခါ ဆန်းကြယ်သောအားတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့ကာ သူမကို သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်သွားစေခဲ့ပေသည်။

သိပ်မကြာခင်တွင် သူမသည် အသိစိတ်ပြန်ရလာခဲ့၏။

သူမ သတိရလာသည့်အခါ သူမသည် ယခုနေရာတွင် ရောက်နေကြောင်း သိသွားသည်။ သည်နေရာတွင် လက်တံများက သူမပတ်လည်၌ တင်းကြပ်စွာ ပိတ်ဆို့နေသည်။လက်တံများထံမှ အေးစက်စက်အာရုံခံစားမှုတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်ကာ သူမ၏ မူလစွမ်းအင်တို့အား ဖြည်းဖြည်းချင်း ခမ်းခြောက်စေနေသည်။

ထိုဖြစ်စဉ်က မြန်ဆန်လှခြင်းမရှိပေ။သို့သော် ရပ်တန့်နေခြင်းလည်း မရှိပေ။

ယောင်ပင်ယွမ်၏မျက်လုံးတို့သည် တည်ငြိမ်နေသည်။သူမက တာအိုနောက်သို့သာ အမြဲ လိုက်လံခဲ့သည့်အတွက် တည်ငြိမ်သည့်စိတ်နေစိတ်ထားရှိသူ ဖြစ်သည်။သူမက သူမ၏ မူလစွမ်းအင် ဆုံးရှုံးနေရသည်ကို သိနေသည်ပင် အထိတ်တလန့် ကြောက်လန့်နေခြင်းက ဘာအကူအညီမှ မဖြစ်မှန်း သိထားသူပင်။ တည်ငြိမ်နေမှသာ သူမသည် လွတ်မြောက်ဖို့ လမ်းစတစ်ခု ရှာတွေ့နိုင်မည် မဟုတ်လား။

သို့သော်လည်း သူမက သူ့ပတ်ဝန်းကျင်ကို တွေ့မြင်သွားသည့်အခါ သူမ၏ မျက်နှာသည် ချက်ခြင်း ဖြူရောသွားတော့သည်။ မရေမတွက်နိုင်သော လက်တံများအတွင်း၌ အသက်ဓာတ်သွေ့ခြောက်နေသော လူများက ယောင်ပင်ယွမ်၏တည်ငြိမ်မှုကိုပင် ပျက်စီးလုနီးပါး ဖြစ်သွားစေ၏။

အချိန်အတန်ကြာပြီးမှ သူမသည် သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်လုပ်နိုင်၏။သူမသည် သူမပတ်လည်၌ ထွေးခြုံထားသော လက်တံများကို ကြည့်နေ၏။၎င်းလက်တံများက သူမ၏ မူလစွမ်းအင်ကို စုပ်ယူရုံသာမက သူမ၏ အသက်ဓာတ်ကိုပါ စုပ်ယူနေပေသည်။

“ မျက်လုံးမှိတ်ထားလိုက်…”

ယောင်ပင်ယွမ်က တိတ်တဆိတ် စဉ်းစားနေ၏။သူမ မျက်လုံးမှိတ်ထားလိုက်ချိန်၌ သူမ၏ စိတ်နှလုံးသည် ပြန်တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။

“နားပိတ်ထားလိုက်…”ထိုအခါသည် သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသည်။အပြင်ဘက်ရှိ အရာအားလုံးသည်လည်း သူမနှင့် တစ်သီးတစ်သန့်ဖြစ်သွား၏။

“အသက်ရှုခြင်း ပျောက်ကွယ်စေ…” ထိုအခိုက်အတန့်၌ ယောင်ပင်ယွမ်သည် သက်သာရာ ရလာသည်။သူမ၏ အသက်ရှုခြင်းသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

“စိတ်ဝိညာဉ်ပါ ချိပ်ပိတ်ပစ်…” သူမ၏ မူလစိတ်ဝိညာဉ်သည်လည်း လှုပ်ရှားမှု လုံးဝ ရပ်တန့်သွားတော့သည်။ ထိုအဖြစ်က သူမ၏ မူလစွမ်းအင်က လုပ်ဆောင်ရခြင်းဖြစ်နေသော်လည်း သူမ၏ မူလစိတ်ဝိညာဉ်သည် ၎င်းဘာသာ ထူးဆန်းသောနယ်ပယ်တစ်ခုထဲသို့ ချိပ်ပိတ်သွားခြင်း ဖြစ်သည်။

“ချိပ်ပိတ်ခြင်း တည်ရှိမှု…” သူမ၏ရှင်သန်ခြင်းအားလုံးသည် တည်ရှိမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။ယောင်ပင်ယွမ်၏ သူမ၏ တည်ရှိမှုကို ပြတ်သားစွာ ချိပ်ပိတ်ပစ်ခဲ့ခြင်းပင်။ အသက်ဓာတ်အားလုံးသည် သူမ၏ ခန္ဓာကိုယ်ကနေ ပျောက်ကွယ်သွားကြ၏။သူမသည် ထိုနေရာ၌ အလောင်းတစ်ခုကဲ့သို့ လွင့်မြောနေတော့သည်။

ယောင်ပင်ယွမ်က စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းမန္တာန်၌ ချိပ်ပိတ်ခြင်းတည်ရှိမှုအဆင့်သို့ အစောကတည်းက ရောက်နှင့်နေခဲ့ပြီး ဖြစ်သည်။အနှီမန္တာန်ကို ကျင့်ကြံရာ၌ ပါရမီသည် များစွာ အခရာ မကျပေ။ တာအိုနှလုံးသားအပေါ်၌သာ မှီနေ၏။ထိုမှသာ တစ်စုံတစ်ယောက်သည် ထိုမန္တာန်အတွင်း၌ ဆုံးရှုံးမသွားမှာ ဖြစ်သည်။

သူမကိုယ်သူမ လုံးဝ ချိပ်ပိတ်ပြီးသည့်နောက် သူမ၏ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာတော့၏။ သူမ၏ခန္ဓာကိုယ်အတွင်းကနေ ပါးလွှာသော ရေခဲအလွှာများ ထွက်ပေါ်လာရင်း မြန်ဆန်စွာ ပျံ့နှံ့ကြသည်။

ထိုရေခဲသလင်းများက သူမအား ဝန်းရံထွေးခြုံထားသည့် လက်တံများကိုပါ ချိပ်ပိတ်ပစ်သည်။သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အအေးစွမ်းအင်သည် ပို၍ ပို၍ အားကောင်းလာခဲ့တော့၏။အဆုံးသပ်၌ သူမ၏ ပတ်လည်တွင် သုံးပေကျော်ရေခဲလွှာထု တစ်ခု ဖြစ်တည်လာခဲ့သည်။

သူမကိုယ်တိုင်လည်း ထိုရေခဲအတွင်း၌ ချိပ်ပိတ်မိနေသည်။သူမ၏အသွင်က အလွန်အမင်း တည်ငြိမ်လျက် ရှိနေ၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။လမြွေနဂါး၏ ခန္ဓာကိုယ်အတွင်းဘက်၌ နေ့နေ့ညည ဟူ၍ မရှိပေ။လမြွေနဂါးကြီး၏ ခန္ဓာကိုယ်ကြီးသည် မြောက်ပိုင်းနယ်မြေတစ်ခွင် ဖြည်းဖြည်းချင်း လှည့်လည်သွားနေသည်။

သည်နေ့တွင် လမြွေနဂါးကြီးက ရပ်တန့်သွား၏။သည်နေရာက မြောက်ပိုင်းနယ်မြေ၏ အတွင်းနက်ပိုင်းပင်။ ဤနေရာ၌ ကြယ်များစွာ မရှိသလို အနီးအနားတွင် ကျင့်ကြံခြင်းဂြိုဟ်များလည်း ရှိမနေကြပေ။

လမြွေနဂါးကြီး၏ ခန္ဓာကိုယ် ရပ်တန့်သွားပြီးနောက် ၎င်း၏ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း လုံးထွေးကာ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအသွင်သို့ ထပ်မံ ဖြစ်ပေါ်လာတော့သည်။

လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ဆန်းကြယ်ကာ ကျဉ်းမြောင်းသော နေရာလွတ်ဟင်းလင်းပြင်တစ်ခု၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ မူလစိတ်ဝိညာဉ်ဒဏ်ရာရမှုသည် လွယ်လင့်တကူ ကုသ၍ မရနိုင်ချေ။တချိန်လုံး ကျင့်ကြံနေတာတောင် သူ့ဒဏ်ရာသည် ရှစ်ဆယ်ရာခိုင်းနှုန်းခန့်သာ ပြန်ကောင်းမွန်လာခဲ့ပေသည်။

ဝမ်လင်းက သူ့ပတ်လည်ရှိ မီးပြင်းဖိုကို စူးစိုက်ကြည့်နေသည်။ထိုမီးပြင်းဖိုထံ၌ အားကောင်းလွန်းသော ရှေးကျသည့်အော်ရာတစ်ခု ပါဝင်နေသည်။၎င်းက လမြွေနဂါး၏ စုပ်ယူခြင်းကို ခံနေရသော်လည်း အတော်လေး အားကောင်းလွန်းနေဆဲသာ ဖြစ်၏။

“လမြွေနဂါးတွေက ငါ့ကို မသတ်ဘဲ ဒီနေရာကို ပစ်လွှတ်လိုက်တယ်။ အသက်ဓာတ်စုပ်ယူနိုင်တဲ့ စွမ်းရည်အပြင် ဒီလမြွေနဂါးက ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာကိုပါ စုပ်ယူနေနိုင်တယ်…”

ဝမ်လင်းက ချင့်ချိန်စဉ်းစားနေသည်။

သည်လမြွေနဂါးကြီးက လူအချို့ သို့မဟုတ် ရှေးဟောင်းနတ်ဘုရားအော်ရာနှင့် အရာဝတ္ထုတို့ကို တွေ့ရှိသည်နှင့် သည်နေရာသို့ ပို့လွှတ်ပစ်မည်မှာ သိသာနေသည်။ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်လာသည်။သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒီတော့ ဒီနေရာမှာ ရှိနေတဲ့ တခြားအရာတွေဟာလည်း ရှေးဟောင်းနတ်ဘုရားနဲ့ ဆက်နွှယ်နေလိမ့်မယ်လို့ ဆိုလိုတာပေါ့…”

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ မီးပြင်းဖိုနံရံပေါ်သို့ ဖိချလိုက်၏။ သူ့နတ်ဘုရားအာရုံသည် မီးပြင်းဖိုထဲသို့ အလျင်အမြန် တိုးဝင်သွားသည်။

“လောဘကြီးက ဒီမီးပြင်းဖိုကို သူ့ကိုယ်ပိုင်အဖြစ် ပြုလုပ်နိုင်ခဲ့မှတော့ ငါလည်း လုပ်နိုင်မှာပဲ…” ဝမ်လင်း၏ နတ်ဘုရားအာရုံက မီးပြင်းဖိုထဲသို့ ရောက်နေ၏။ချက်ခြင်းပင် သူက သူ့မူလစိတ်ဝိညာဉ် ဆွဲငင်နေသော ပြင်းထန်သည့် စုပ်အားတစ်ခုအား ခံစားမိလိုက်သည်။

ဝမ်လင်းက ထိုစုပ်အားအတွက် ကြိုပြင်ဆင်ထားခဲ့ပေသည်။၎င်းအားက မီးပြင်းဖိုကို ထွေးခြုံထားသည့် လက်တံများထံမှ ထွက်ပေါ်လာသည်မှာ သိသာသည်။သူ့မူလစိတ်ဝိညာဉ်သည် လှိုင်းတံပိုးများကြား မတုန်မလှုပ်ရှိနေသည့် လှေတစ်စင်းကဲ့သို့ ရှိနေသည်။သူက မီးပြင်းဖို၏ အတွင်းဘက်သို့ ပိုပို၍ ဝင်နိုင်ရန် ကြိုးပမ်းနေ၏။

ဝမ်လင်း၏ နတ်ဘုရားအာရုံသည် စုပ်အားကို တောင့်ခံရင်း မီးပြင်းဖိုအနှံ့သို့ ဖြည်းဖြည်းချင်း ပျံ့နှံ့ကာ သူ့အမှတ်အသားကို ခပ်နှိပ်နေ၏။သို့သော်လည်း သူက ခုချိန်ထိ ၎င်းမီးပြင်းဖိုကို ထိန်းချုပ်နိုင်သည့် ခံစားမှုမျိုး မရသေးပေ။

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။သူက လက်မလျော့သေးချေ။သူ့နတ်ဘုရားအာရုံကို မီးပြင်းဖိုထဲသို့ ထပ်မံ၍ ပျံ့နှံ့စေသည်။သူ့အမှတ်အသားများကိုလည်း တစ်လက်မချင်း ခပ်နှိပ်ချန်ရစ်နေသည်။

ထိုဖြစ်စဉ်က အတော်လေးကို နှေးလှသည်။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ဝမ်လင်းက ရပ်တန့်ခြင်း မပြုသေးပေ။သူက ဆက်လက်၍ မီးပြင်းဖိုကို အမှတ်အသားခပ်နှိပ်နေရင်း အချို့သဲလွန်စများ ရှာတွေ့လာသည့်ပုံ ရ၏။

မီးပြင်းဖို၏ အပြင်ဘက်ထောင့်၌ စာလုံးတစ်ခု ရေးထွင်းထားသည်။ထိုစာလုံးက အင်မတန် ရှုပ်ထွေးသည်။၎င်းက မီးပြင်းဖိုအပေါ်၌ ထွင်းထားသော်လည်း နက်ရှိုင်းစွာ ရှိနေခြင်းတော့ မဟုတ်ပေ။

နတ်ဘုရားအာရုံဖြင့်ပင် ဝမ်လင်းကဲ့သို့ တစ်ဆင့်ချင်း ရှာဖွေနေခြင်း မပြုပါက ၎င်းစာလုံးအား ထောက်လှမ်း သတိပြုမိရန် မဖြစ်နိုင်သလောက်ပင်။

အနှီစာလုံးအပေါ်၌ နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခု ရှိနေသည်။ဝမ်လင်းက ၎င်းကို စမ်းစစ်ကြည့်ပြီးနောက် သူ့မျက်လုံးသည် ချက်ခြင်း အေးစက်လာ၏။

သူက ၎င်းစာလုံးအမှတ်အသားအပေါ်၌ လောဘကြီး၏အော်ရာ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည် မဟုတ်လား။

“လောဘကြီးက မသေသေးဘူးလား…” ဝမ်လင်း၏မျက်လုံးက အေးစက်လာသည်။အချိန်ယူပြီးမှ သူက တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။

“လောဘကြီးက မသေသေးဘူးပဲ။ သူ့အမှတ်အသားက ဒီနေရာမှာ ရှိနေဆဲ ဖြစ်တယ်။ဒါ့ကြောင့် ငါက ဒီမီးပြင်းဖိုကို မထိန်းချုပ်နိုင်တာ…။ဒါပေမဲ့ သူ့အမှတ်အသား ရှိနေတာတောင် ဘာကြောင့် ငါလည်း ဒီမီးပြင်းဖိုပေါ်မှာ အမှတ်အသား ခပ်နှိပ်နိုင်သေးတာလဲ…”

ဝမ်လင်းက ရုတ်တရက် လောဘကြီး၏ အမှတ်အသားခပ်နှိပ်မှုအကြောင်း တွေးမိသွားသည်။

“ဒီမီးပြင်းဖိုကြီးက သန့်စင်ပြီးတဲ့နောက် ရှေးဟောင်းနတ်ဘုရားတစ်ပါးက လွှင့်ပစ်ခဲ့တာပဲ။ ရှေးဟောင်းနတ်ဘုရားရဲ့ မှတ်ဉာဏ်ထဲမှာ ဒီမီးပြင်းဖိုရဲ့ ပုံပန်းသွင်ပြင်ပဲ ပါပြီး ဒါကို အသုံးပြုရမဲ့ နည်းလမ်း မပါဘူး။ တကယ်တော့ ငါ ရှေးဟောင်းနတ်ဘုရားထူစီထံက အမွေအနှစ်ရခဲ့တဲ့ မှတ်ဉာဏ်က မပြည့်စုံသေးဘူးပဲ…”

ဝမ်လင်းက လောဘကြီး၏ အမှတ်အသားစာလုံးကို လေ့လာနေသည်။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးက တလက်လက် ဖြစ်လာသည်။သူက လောဘကြီးနှင့် ရန်ငြှိုးရှိသော်လည်း ခုချိန်၌ သူ့အပေါ် မလေးစားမိဘဲ မနေနိုင် ဖြစ်ရတော့၏။

“ဒီလောဘကြီးက တကယ် ပါရမီ ရှိတာပဲ။သူက ဒီမီးပြင်းဖိုကို စရရှိခဲ့တုန်းက ဘယ်လို အသုံးပြု၊ထိန်းချုပ်ရမှန်း မသိတာ ထင်ရှားနေတယ်။ ဒါ့ကြောင့် သူက ဒီအမည်မသိ စာလုံးကို ရရှိတာနဲ့ မီးပြင်းဖိုအပေါ်မှာ ထိန်းချုပ်ပြီး အထဲက အချို့စွမ်းရည်တွေနဲ့ ချိတ်ဆက်ခဲ့တာပဲ…”

“သူက ဒီစာလုံးအပေါ်မှာ တကယ် ကျွမ်းကျင်ပြီး ဒီစာလုံးကို ထိန်းချုပ်ပြီးတော့ မီးပြင်းဖိုရဲ့ စွမ်းရည်အချို့ကို ထုတ်ဖော် အသုံးချနိုင်စွမ်း ရှိလာတာ ဖြစ်ရမယ်…”

ဝမ်လင်းက အသက်ဝဝရှူသွင်းမိ၏။ ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံကို ထိုစာလုံးအပေါ်၌ စုစည်းလိုက်၏။

“လောဘကြီးရဲ့ နတ်ဘုရားအာရုံ အမှတ်အသားကို ဖယ်ရှားပြီးရင် ဒီမီးပြင်းဖိုက ၎င်းရဲ့ မူလပိုင်ရှိဆီ ပြန်ရောက်သွားလိမ့်မယ်…”

ဝမ်လင်း၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်လာ၏။

သူ့နတ်ဘုရားအာရုံက လောဘကြီး၏ နတ်ဘုရားအာရုံကို ဖယ်ရှားရန် ပြင်လိုက်စဉ် ဝမ်လင်း၏အသွင်က ရုတ်တရက် ပြောင်းလဲသွား၏။သူ့နတ်ဘုရားအာရုံသည်လည်း ရပ်တန့်သွားသည်။သူက မီးပြင်းဖိုထံကနေ သူ့နတ်ဘုရားအာရုံကို အမြန် ရုတ်သိမ်းကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်စေလိုက်တော့သည်။

***

All Chapters