← Chapters

အခန်း (၁၄၄၇-၁၄၄၉)

Vol. 97 Ch. 1447-1449

အခန်း (၁၄၄၇-၁၄၄၉)

Vol. 97 Ch. 1447-1449

အခန်း ၁၄၄၇: မရှုံးဘူးလား?

မာဟုန်စကားနားထောင်ပြီး ဝန်ကြီးလုက မသေချာသလိုမေးသည်_

"ခေါင်းဆောင်မာ.. မင်းပြောတာ အမှန်ပဲလား?''

သူဌေးချင်က နည်းပညာခလုတ်အကြောင်းမေးပြီး စ*စ်ယူနီဖောင်းကိုလေ့လာတော့မည်မှန်း သူသိသည်။

ဒါ သူမြင်ချင်သောအရာပင်။

သူဌေးချင်က သူ့အရည်အချင်းတွေကိုဖြုန်းတီးနေတာထက်စာရင် စ*စ်ယူနီဖောင်းသုတေသနမှာအာရုံစိုက်တာပိုကောင်းသည်။

သို့သော် သူဌေးချင်က ဒီလောက်အချိန်တိုအတွင်း စ*စ်ယူနီဖောင်းကိုတိုးတက်အောင်လုပ်နိုင်မည်ဟု သူမထင်မိ။ သူဖင်ငြိမ်အောင်မထိုင်နိုင်တော့ချေ။

အမှန်ပင်။ ဒီအထူးယူနီဖောင်းကြောင့် တရုတ်သိပ္ပံအကယ်ဒမီက အထူးဓာတ်ခွဲခန်းတစ်ခုတည်ထောင်လိုက်သလို သုတေသီများကလည်း ပြည်တွင်းမှာ လက်ရွေးစင်များဖြစ်သည်။

ဒီလူတွေက သူတို့သုတေသနကို စတင်ပြင်ဆင်ရုံပဲရှိဦးမည်။

အမှန်ပင်။ ပြင်ဆင်ပြီးခါစရှိသေးသည်။ သူဌေးချင်ထက်အရင် စ*စ်ယူနီဖောင်းနှင့်ထိတွေ့ရသော်လည်း အလုပ်စရုံသာရှိသေး၏။

သူတို့အလုပ်စနေစဉ် သူဌေးချင်က တိုးတက်မှုရထားပြီ။

တရုတ်သိပ္ပံအကယ်ဒမီမှာ ပြဿနာတစ်ခုခုရှိနေသလို သူထင်မိသည်။ မျိုးဆက်သစ်သုတေသနဌာနများမှာ မျိုးဆက်ဟောင်းများ၏ကြိုးစားအားထုတ်မှုစိတ်ဓာတ်မျိုးလိုအပ်နေသလိုပင်။

လက်ရှိလူမှုပတ်ဝန်းကျင်အခြေအနေက မျိုးဆက်များအပေါ်သက်ရောက်မှုရှိနေသည်ဟုဆိုရမည်။

အပြောင်းအလဲတချို့လုပ်ရန် အထက်လူများကိုတောင်းဆိုသင့်သည်ဟု သူထင်သည်။

ဒီလက်ရွေးစင်သုတေသီတွေက သူဌေးချင်နောက်မှာပြတ်ကျန်ခဲ့တာ သူမယုံနိုင်။

သူဌေးချင်အရည်အချင်းက အံ့ဖွယ်ဆိုသော်လည်း သူ့ဘဝတဝက်လောက်မှ ရဟန်းထဝတ်သူဖြစ်သည်။

အဖြစ်နိုင်ဆုံးက ဒီသုတေသီတွေအချိန်ဆွဲနေသောကြောင့်ဖြစ်မည်။ ဒီအတောအတွင်း သူတို့ပြင်ဆင်မှုကိုကြည့်ပြီး သူကိုယ်တိုင်လည်းနည်းနည်းနှေးကွေးနေသည်။

အခုသူအကြောက်ဆုံးက ချင်းလင်ဓာတ်ခွဲခန်းမှာ ရလဒ်များဆက်တိုက်ထွက်နေပြီး ပြည်ပဓာတ်ခွဲခန်းများကလည်း အားကျမခံစိန်ခေါ်မှုတစ်ရပ်လိုသဘောထားကာ အလားအလာကောင်းများအရှိန်အဟုန်ပြင်းပြင်းနှင့်ထွက်ပေါ်နေစဉ် တရုတ်သိပ္ပံအကယ်ဒမီက ရလဒ်ထိုင်စားပြီး လျစ်လျူရှုထားမိမှာကိုပင်။

ဘာပဲဖြစ်ဖြစ် လက်တလောအဓိကရလဒ်အားလုံးက ချင်းလင်ဓာတ်ခွဲခန်းနှင့် အနည်းနှင့်အများဆိုသလိုဆက်စပ်နေသည်။

ဒီအခြေအနေက မဟုတ်သေး။

"ဟုတ်ပြီ ငါစောင့်နေမယ်''

ဝန်ကြီးလုကပြန်ဖြေပြီး ဖုန်းချကာစောင့်နေသည်။

မာဟုန်ပြောတဲ့အာနိသင်ကို သူတကယ်ကြည့်ချင်ပြီ။

ခဏအကြာ မာဟုန်က သူ့အီးမေးလ်သို့ဗီဒီယိုတစ်ပုဒ်ပို့လိုက်သည်။ လုံခြုံရေးယူနီဖောင်းဝတ်ထားသောနှစ်ယောက်နှင့်နှိုင်းယှဉ်ပြထားသည်ကိုလည်းတွေ့ရသည်။

ကွာခြားချက်ကို သာမန်မျက်စိနှင့်မြင်ရသောကြောင့် ဝန်ကြီးလုမအံ့ဩဘဲမနေနိုင်။

သူဌေးချင်ရဲ့အရည်အချင်းက ကြောက်စရာမကောင်းဘူးလား? ဒါတိုးတက်မှုရှိတယ်လို့ဘယ်ခေါ်မလဲ? လုံးဝတစ်ဆင့်မြင့်သွားတာ။

သူကအမှတ်တမဲ့ဖုန်းကိုင်ပြီး သူဌေးချင်ကိုဆက်ချင်သော်လည်း ပြန်စဉ်းစားကြည့်ပြီးထိန်းထားလိုက်သည်။

စဉ်းစားတွေးတောပြီးနောက် စ*စ်ယူနီဖောင်းအတွက်အထူးတည်ထောင်ထားသောဓာတ်ခွဲခန်းထဲပြန်သွားသည်။

သူဝင်သွားသောအခါ တာဝန်ခံကချက်ချင်းရောက်လာပြီး_

"ဝန်ကြီးလု.. ဘယ်လိုဖြစ်ပြီးပြန်ရောက်လာတာလဲ?''

ဝန်ကြီးလုကခေါင်းညိမ့်ပြီး တာဝန်ခံအား တခြားသုတေသနဌာနများကိုဖုန်းဆက်ခိုင်းလိုက်သည်။ လူစုံသောအခါ သူကလက်ခုပ်တီးပြီး အားလုံးကိုမေးလိုက်သည်_

"အားလုံးပဲ... ဒီစ*စ်ယူနီဖောင်းအရေးကြီးပုံကို အားလုံးသိပြီးပြီထင်ပါတယ်... လက်ရှိစ*စ်ယူနီဖောင်းက ကမ္ဘာမှာရှေ့ပြေးနေပေမဲ့ မလုံလောက်သေးဘူး... အနှေးနဲ့အမြန် သူများတွေလည်း ဒီလိုစ*စ်ယူနီဖောင်းမျိုးရလာနိုင်တယ်ဆိုတော့ ကျုပ်တို့ကဦးဆောင်ထားဖို့လိုတယ်''

"အားလုံးကိုမေးချင်တာက ဒီစ*စ်ယူနီဖောင်းတိုးတက်ဖို့ အစွမ်းပိုထက်လာဖို့ ဘယ်လောက်အချိန်ယူရမလဲ?''

ရုတ်တရက်ကြီး ဒီမေးခွန်းဘာကြောင့်မေးမှန်းမသိသောကြောင့် သုတေသီများကအချင်းချင်းကြည့်လိုက်ကြသည်။

"ဝန်ကြီးလု.. သိပ္ပံသုတေသနမှာ မသေချာတာတွေအများကြီးပါ''

တာဝန်ခံက ချက်ချင်းပြန်ဖြေသည်_

"ဒီလိုရလဒ်မျိုးထွက်မယ်လို့ အာမမခံနိုင်ပါဘူး''

တခြားသုတေသီများကလည်း ဖြတ်ပြောသည်_

"အင်း.. သိပ္ပံသုတေသနမှာ မသေချာတာတွေအများကြီးပဲလေ!''

"ကျုပ်တို့အတတ်နိုင်ဆုံးလေ့လာမှာပါ''

"အမြန်ဆုံးရလဒ်ထွက်အောင်လုပ်ပါမယ်''

အားလုံးက အာမခံချင်ပုံရသည်။

သို့သော် သူတို့စကားကြောင့် ဝန်ကြီးလုသက်ပြင်းကြိတ်ချလိုက်သည်။ တကယ်တော့ 'အကောင်းဆုံးလုပ်မှာပါ'၊ 'အမြန်ဆုံးလုပ်မှာပါ' ဆိုသောကတိမျိုးက ဝတ္တရားအရပြောသောစကားများဖြစ်သည်။ နောက်ဆုံး ဘယ်လောက်ကြာမည်ဟုပြောရန် ယုံကြည်ချက်မရှိကြ။

အချိန်တိုင်းလိုလို တစ်​ယောက်ယောက်က ကတိပေးရင် ဝတ္တရားအရသာဖြစ်တတ်သည်။ တစ်ယောက်ယောက်ကိုတစ်ခုခုခိုင်းလိုက်ရင် သူတို့ကအမြန်ဆုံးလုပ်ပေးပါမည်ဟုပြောပြီး အချိန်ကိုသူတို့ပဲဆုံးဖြတ်သွားသည်။

တစ်ရက်က မြန်သည်၊ တစ်လက မြန်သည်၊ တချို့အတွက် တစ်နှစ်ကမြန်သည်။

တကယ်တော့ အကောင်းဆုံးမကြိုးစားတဲ့သဘော။ သူလုပ်နိုင်ရင် အကောင်းဆုံးဖြစ်သော်လည်း မလုပ်နိုင်ပါက အတူတူပင်။

ဒီတော့ ပြောချင်တဲ့အဓိပ္ပါယ်က 'ခင်ဗျားသိတတ်ပါ' ဟူ၍။

သိပ္ပံသုတေသနအတွက်လည်း အတူတူပင်။ အမြန်ဆုံး၊အကောင်းဆုံးလုပ်ရမည်။ အာမခံကောင်းနှင့်တူသော်လည်း တကယ်တော့ ဒီသုတေသီများက သူတို့ကိုယ်သူတို့သက်သောင့်သက်သာရှိအောင်၊ နေသာထိုင်သာရှိအောင် နေရာပေးနေသလိုပင်။

ဒါကလည်း မျိုးဆက်သစ်သုတေသီနှင့်စီနီယာကြီးများကြား ကွာခြားမှုဖြစ်သည်။

အရင်က ကမ္ဘာကြီးကို သူတို့ဘယ်လိုအမီလိုက်ခဲ့လဲ? ဒီလိုအခြေအနေမျိုးမှာ အရင်စီနီယာကြီးများက စ*စ်တပ်မှာကတိသစ္စာပြုသလို ဘယ်လောက်ကြာရင် အပြီးသတ်နိုင်မည်ဟု ရဲရဲအာမခံကြသည်။

ထိုပေးထားသောကတိအတွက် ညလုံးပေါက်အိပ်ရေးပျက်ခံကြသည်။

အချိန်တန်လို့မှအပြီးမသတ်နိုင်ရင် အရည်အချင်းရှိသူတွေကို သူတို့ကအရင်လမ်းပေးလိမ့်မည်။

ခေတ်သစ်ရောက်လာ၍လောမသိ၊ သူတို့မှာ စီနီယာကြီးတွေလိုစိတ်ဓာတ်မျိုးမရှိကြ။

ဝန်ကြီးလုက စဉ်းစားကြည့်ပြီး_

"သူဌေးချင်လည်း ဒီစ*စ်ယူနီဖောင်းကိုလေ့လာနေတာ... သူကျုပ်တို့နည်းပညာတစ်ခုကိုယူထားတာ ခင်ဗျားတို့အသိပဲ... သူဌေးချင်ကိုအပြတ်အသတ်မရှုံးဖို့ ကျုပ်မျှော်လင့်ပါတယ်''

သူ့စကားက သုတေသီများကိုဆွပေးလိုက်သလိုဖြစ်ပြီး သူ့ကိုပြောလာကြသည်။

အခန်း ၁၄၄၈: မရှုံးဘူးလား? ၂

ငယ်ရွယ်ပုံပေါက်သောသုတေသီတစ်ဦးက ချက်ချင်းပင်_

"ဝန်ကြီးလု.. တော်ဝင်ပညာရှင်ချင်ကို ကျွန်တော်တို့သိပါတယ်... ဒါပေမဲ့ သူကအပင်မျိုးစိတ်လေ့လာနေတာမလား? သူဘယ်လောက်အရည်အချင်းရှိရှိ ဒီအပိုင်းမှာဝါသနာရှင်အဆင့်ပဲရှိသေးတာ... ကျွန်တော်တို့ကအများကြီး.. လက်ရွေးစင်ထဲက လက်ရွေးစင်တွေ... သူ့တစ်ယောက်တည်းကိုမရှုံးနိုင်ဘူးမလား?''

ငယ်သလောက် ဂုဏ်လည်းမောက်သူပင်။ မောက်လည်းမောက်ချင်စရာ။ သူနှင့်သက်တူရွယ်တူများကြားတွင် ကောင်းကင်ဘုံမှကောင်းချီးပေးခံထားရသူဖြစ်သည်။

သူ့စကားကို တခြားသူများက ချက်ချင်းထောက်ခံကြသည်။

"ဟုတ်တယ် ဝန်ကြီးလု... ကျုပ်တို့က အများကြီးပဲ... မရှုံးပါဘူး''

"ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့က ပညာရှင်တွေပဲ''

သူတို့ယုံကြည်ချက်ရှိနေပုံကိုကြည့်ပြီး ဝန်ကြီးလုက ဘာမှမပြောတော့။ သူ့ဖုန်းနှင့် ဓာတ်ခွဲခန်းကွန်ပျူတာကိုတိုက်ရိုက်ချိတ်ဆက်ကာ မာဟုန်ပို့သောဗီဒီယိုဖွင့်ပြလိုက်သည်။

သုတေသီများက ဗီဒီယိုကြည့်ပြီး မျက်နှာပျက်သွား၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''

တာဝန်ခံက ဗီဒီယိုကြည့်ပြီး ရေရွတ်လိုက်သည်။

"စ*စ်ယူနီဖောင်းကို ခင်ဗျားတို့ကအရင်ထိတွေ့ခွင့်ရတာ''

ဝန်ကြီးလုက အသံငြိမ်ငြိမ်နှင့်ပြောသည်_

"ဒါပေမဲ့ ခင်ဗျားတို့အများကြီးကပြင်ဆင်နေတုန်း သူဌေးချင်က ဒီလိုတိုးတက်မှုရသွားပြီ!''

"တကယ်တော့ သူဌေးချင်လိုတိုးတက်မှုမျိုး ခင်ဗျားတို့ဘယ်တော့ရမလဲ ကျုပ်ကြည့်ချင်တာ... တစ်လလား? နှစ်လလား? နှစ်ဝက်လား?''

ဝန်ကြီးလုစကားကြောင့် တာဝန်ခံနှင့်သုတေသီများ စိတ်ညစ်သွားပုံရသည်။

အထူးသဖြင့် လူငယ်သုတေသီပင်။ စောစောကယုံကြည်ချက်ရှိသလောက် အခုအံ့ဩနေရပြီ။

အံ့ဩသည်ထက် အားလုံးမျက်နှာနည်းနည်းနီနေကြသည်။

ဝန်ကြီးလုက ဘာမှမပြောတော့ဘဲ တာဝန်ခံအား_

"ရလဒ်ထွက်အောင် အကောင်းဆုံးလုပ်ပါ... လူတွေအများကြီးက တစ်ယောက်တည်းကိုမနိုင်ဘူး... အရမ်းမျက်နှာပျက်ရအောင်မလုပ်ပါနဲ့''

ဝန်ကြီးလုစကားကြောင့် တာဝန်ခံပိုရှက်သွားသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က ရုံးခန်းထဲမှထွက်ပြီး စားဖိုဆောင်သွားကာ သူ့အတွက်သူချက်ရန်စီစဉ်သည်။ တစ်ခါတလေ တစ်ခုခုစားချင်ရင် ချက်ပြုတ်တတ်သူက ကိုယ့်ဘာသာနည်းနည်းပါးပါးချက်စားချင်သည်။

ဒါက သူအချိန်ရမရအပေါ်မူတည်သည်။

မရရင် ပင်ပန်းသည်။ သူစားဖိုမှူးဆိုရင်တောင် ချက်ဖို့စဉ်းစားမှာမဟုတ်။

သို့သော် စားဖိုဆောင်ထဲဝင်လိုက်သောခဏတွင် ဆရာလင်းတို့စားဖိုမှူးများက ပဲရည်များသွန်နေသည်ကိုတွေ့ရသည်။

"ဆရာလင်း.. အဲဒါဘာဖြစ်လို့လဲ?''

ချင်လင်က ဇဝေဇဝါနှင့်မေးသည်။

"ဥက္ကဌချင်''

ဆရာလင်းက ရှင်းပြ၏_

"ကျုပ်တို့အစားအစာဖြုန်းတီးနေတာမဟုတ်ပါဘူး... ပဲရည်အရသာက ဆိုးလွန်းလို့''

"ပဲရည်က ဘာဖြစ်လို့လဲ?''

ချင်လင်ပိုပြီးဇဝေဇဝါဖြစ်သွားသည်။

One day ပဲရည်မှာ ပြည်တွင်းထုတ်ကုန်ကြီးတစ်ခုဖြစ်ပြီး လူတိုင်းသုံးကြသည်။

ဆရာလင်းက ဘာလို့ ဒီပဲရည်ကိုမုန်းနေသလိုဖြစ်နေတာလဲ?

ဆရာလင်းက ရှင်းပြသည်_

"One day ပဲရည်ကုမ္ပဏီနဲ့ကိုလာကုမ္ပဏီက မိတ်ဖက်တွေလိုပဲ... ဖောက်သည်ကိုခွဲခြားဆက်ဆံတယ်... လူမှဟုတ်ရဲ့လား?''

ချင်လင်က စိတ်ရှုပ်သွားပြီး_

"ကိုလာကုမ္ပဏီလို ဟုတ်လား? သူတို့ပြည်တွင်းမှာရောင်းတဲ့ပဲရည်ကကောင်းတယ်ဆိုတော့ ပြည်ပမှာ မကောင်းတာရောင်းလို့လား? ဒါလည်းကောင်းတာပဲ... သူတို့ဖော်တဲ့ဆေး သူတို့ကိုပြန်ကျွေးတာပေါ့!''

ကိုလာကုမ္ပဏီက အမေရိကမှာ Carcinogen လုံးဝမပါသော Coke ရောင်းသော်လည်း သူတို့နိုင်ငံကိုရောင်းသော Coke တွင် Carcinogen များပါသည်။

ထိုအချက်ကို အံကြိတ်နာကျည်းရသည်။

One day ပဲရည်က ဒီလိုလုပ်ရင် မကောင်းဘူးလား?

ဆရာလင်းက နှာခေါင်းရှုံ့ပြီး_

"ဖွီး.. အဲလိုဆို ကျုပ်တို့သွန်မှာမဟုတ်ဘူး... ပြည်ပကိုရောင်းတဲ့ပဲရည်မှာ ဓာတုပစ္စည်းတွေမပါဘဲနဲ့ တရုတ်ပြည်တွင်းမှာရောင်းတဲ့ပဲရည်ထဲမှာ ဓာတုပစ္စည်းတွေပါနေတာ... ဒါခွဲခြားဆက်ဆံတာမဟုတ်ရင် ဘာလဲ? သူတို့ပဲရည်ကို ကျုပ်မသုံးဘူး''

"ပြည်တွင်းဘရန်းက ဒီလိုလုပ်သလား?''

ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။ ဒါမျိုးဖြစ်မည်ဟု သူမထင်မိ။

ဘာပဲဖြစ်ဖြစ် သူနားလည်ထားတာက လူတစ်ယောက်ဘယ်လောက်ဆိုးဆိုး၊ ကိုယ့်လူမျိုးကိုယ်ပြန်ပြီး ဒုက္ခမပေးဘူး ဟူ၍။

ကိုယ့်လူမျိုး ကိုယ်ပြန်မကောင်းကြံရင် လူမဖြစ်နိုင်။

"ပြည်တွင်းဘရန်းကလုပ်လို့စိတ်တိုတာ!''

ဆရာလင်းက ဒေါသတကြီးပြောသည်။

ထိုသတင်းကြောင့် ချင်လင်ဟင်းချက်ချင်စိတ်မရှိတော့။ သူကစားဖိုဆောင်မှပြန်ထွက်လာပြီး ဖုန်းနှင့်လိုင်းပေါ်တက်ကြည့်သည်။

မကြာခင် လိုင်းပေါ်တွင် ထိုအကြောင်းကိုချင်လင်တွေ့ရသည်။

ဒီအချက်ကြောင့် တစ်ရက်တည်းမှာတင် ပဲရည်ဈေးကွက်တန်ဖိုးဘီလီယံ ၁၀၀ ကျော်အငွေ့ပျံသွားသည်။

ဘလော့ဂါတစ်ဦးဆိုလျှင် ထိုပဲရည်အကြောင်းအစအဆုံး ခရေစေ့တွင်းကျရှင်းပြထားသည်။

ပြည်ပတွင်ပဲရည်ရောင်းလျှင် ပြိုင်ဘက်များသောကြောင့် ဓာတုပစ္စည်းများထည့်ထားခြင်းမရှိ။

ပြည်တွင်းတွင်စံသတ်မှတ်ချက်အရ ဓာတုပစ္စည်းပါသောပဲရည်လည်းရောင်းနိုင်သည်က ပြဿနာဖြစ်သည်။

ရောင်းနိုင်မှတော့ ကုန်သည်များက ကုန်ကျစရိတ်သက်သာအောင် အကျိုးအမြတ်ရှာကြသည်။

ဒီနည်းကြောင့် ပြည်သူများစိတ်ပျက်နေခြင်းဖြစ်ပြီး ချင်လင်ဘာမှမသိခဲ့။

သတင်းမြင်မြင်ချင်း စိတ်ပျက်စရာကောင်းသည်ဟု သူထင်မိသည်။ အခြေအနေအတိအကျကိုသူမသိသောကြောင့် one day ကိုမရွေးချယ်ရန်ဆုံးဖြတ်လိုက်သည်။

အမှန်တရားအတွက်တောင်းဆိုခြင်းမရှိသလို one day မှန်လား၊မှားလား မေးမြန်းခြင်းမရှိသော်လည်း ဒီပဲရည်ကိုမသုံးခွင့်၊ မရွေးချယ်ခွင့် သူ့မှာရှိသည်။

One day ပရိသတ်တစ်ယောက်အနေနှင့် နာကျည်းခွင့်လည်းရှိသည်။

သူတွေးတောနေစဉ် ထင်မထားသောဖုန်းတစ်လုံးဝင်လာသည်။

ကျိုးချန်ကျွင်းပင်။

ဒီလူက ရုံချန်းဆော့စ်ကုမ္ပဏီကိုအကောင်းဆုံးဖွံ့ဖြိုးအောင်လုပ်နေပြီး သူ့ကိုဆက်သွယ်ခဲသည်။ နှစ်ကုန်အစည်းအဝေးလိုထူးထူးခြားခြားပွဲမျိုးတက်သည်မှလွဲ၍ ပုံမှန်အားဖြင့် ရုံချန်းဆော့စ်ကုမ္ပဏီ၏လုပ်ငန်းလည်ပတ်မှုအခြေအနေကို သတ်မှတ်ထားသည့်အချိန်အတိုင်းသာ သူ့ဆီပို့ပေးလေ့ရှိသည်။

အမှန်အတိုင်းပြောရရင် ဖုန်းဆက်မလာခင်အထိ သူ့ကိုမေ့နေပြီဖြစ်သည်။

သို့သော် သူကအရည်အချင်းရှိသူဖြစ်ကြောင်းဝန်ခံရမည်။ အနည်းဆုံးတော့ ရုံချန်းဆော့စ်ကုမ္ပဏီမှာ ရုံချန်းခရီးသွားလုပ်ငန်းပုံစံအကူအညီနှင့်ကောင်းကောင်းဖွံ့ဖြိုးနေပြီး နာမည်ကျော်ကြားသောဘရန်းတစ်ခုဖြစ်သည်။

ဖန်းမိသားစု၏အရည်အသွေး ၁ ဆော့စ်ကိုစားပြီးကတည်းက ဒီဆော့စ်ကစျေးကွက်ရှိပြီးကောင်းကောင်းဖွံ့ဖြိုးလာမည်မှန်း သူသိသည်။

ထို့ကြောင့် စီးပွားရေးအစီအစဉ်တစ်ခုနှင့်သူ့ဆီမှာရင်းနှီးမြှုပ်နှံရန်ရောက်လာစဉ်က သူက ၅ သန်းရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ ၇၀% ယူရန်ဆုံးဖြတ်ခဲ့သည်။

လုပ်ငန်းဖြစ်သောအခါ သူ့အတွက်မပြောပလောက်သော်လည်း ထိုရင်းနှီးမြှုပ်နှံမှုမှအမြတ်ကြီးကြီးမားမားရခဲ့သည်။

တဖက်လူလည်း သူ့ကိုယ်သူသက်သေပြရာရောက်သည်။

သူဖုန်းကိုင်လိုက်သောအခါ ကျိုးချန်ကျွင်းအသံထွက်လာသည်_

"ဥက္ကဌချင်.. စကားနည်းနည်းပြောလို့ရမလား? ကျွန်တော်တင်ပြစရာရှိလို့''

သူကဖုန်းဆက်ခဲသောကြောင့် ချင်လင်ကခေါင်းညိမ့်သဘောတူလိုက်၏_

"ချင်းလင်အပန်းဖြေစံအိမ်ကိုလာခဲ့ပါ!''

ဘာပဲဖြစ်ဖြစ် သူ့အတွက်ငွေရှာပေးနေသူလည်းဖြစ်သည်။

မကြာမီ အပန်းဖြေစံအိမ်ကားပါကင်တွင် Panamera တစ်စီးလာရပ်သည်။

ကောင်းယောင်ယောင်က ကျိုးချန်ကျွင်းကိုအသင့်စောင့်နေသည်။ ကျိုးချန်ကျွင်းရောက်လာသည်နှင့် သူမကချက်ချင်းသွားမေးသည်_

"ဒါရိုက်တာကျိုးလားရှင့်?''

"ကောင်းယောင်ယောင်လား?''

ကျိုးချန်ကျွင်းက ကောင်း​ယောင်ယောင်နာမည်ကိုခေါ်လိုက်သည်။

"ဒါရိုက်တာကျိုးက ကျွန်မကိုသိလား?''

ကောင်းယောင်ယောင်က တအံ့တဩမေးသည်။

ကျိုးချန်ကျွင်းက ပြုံးပြီးရှင်းပြ၏_

"ချင်းလင်ရှုမျှော်ခင်းမှာအလှဆုံးတစ်ယောက်လေ... ရုံချန်းမှာမသိတဲ့သူရှိလို့လား? မသိရင် ကန်းနေလို့ပေါ့''

ထိုစကားကြောင့် ကျိုးချန်ကျွင်းကို ကောင်းယောင်ယောင်အထင်ကြီးသွားသည်_

"ဥက္ကဌကျိုးက မြှောက်နေပြန်ပါပြီ... ရုံးခန်းထဲမှာ ဥက္ကဌချင်စောင့်နေပါတယ်... ကျွန်မနဲ့လိုက်ခဲ့ပါ!''

ကျိုးချန်ကျွင်းက ခေါင်းညိမ့်ပြီး ကောင်းယောင်ယောင်နှင့် ချင်လင်ရုံးခန်းထဲလိုက်လာသည်။

ချင်လင်ကိုမြင်သောအခါ ချက်ချင်းတရိုတသေသွားနှုတ်ဆက်သည်_

"ဥက္ကဌချင်!''

"ထိုင်ပါ.. ခင်ဗျားအစီအစဉ် ပြောပြပါဦး''

ချင်လင်က ကျိုးချန်ကျွင်းကိုထိုင်ရန်ဖိတ်လိုက်သည်။

ကျိုးချန်ကျွင်းက ထိုင်ချပြီးနောက် ချင်လင်ကိုစာဖိုင်ပေးကာ_

"ဥက္ကဌချင်.. one day ပဲရည်အကြောင်းသိပြီးပြီမလား? ကျွန်တော်တို့ကုမ္ပဏီက ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး တခြားဘာမှမလုပ်ခဲ့ဘူး... ကျွန်တော်တို့မိသားစုကလက်ဆင့်ကမ်းလာတဲ့ပဲရည်တစ်မျိုးကိုပဲ သုတေသနလုပ်နေတာ... အဘိုးက လုပ်ပုံလုပ်နည်းအသေးစိတ်မေ့သွားလို့''

"အခုကျွန်တော်တို့လုပ်နိုင်တဲ့အချိန်မှာ one day ကပြဿနာတက်လာတော့ ဒါကျွန်တော်တို့အတွက်အခွင့်အရေးပဲ... အချိန်တိုအတွင်း one day ပဲရည်နဲ့စျေးကွက်ချင်းတောင်ယှဉ်လို့ရတယ်''

"အခုကျွန်တော်တို့ကုမ္ပဏီမှာ ရံပုံငွေအလုံအလောက်မရှိသေးလို့ ချင်းလင်ကုမ္ပဏီကနေ သန်း ၅၀၀ ချေးချင်ပါတယ်... ပဲရည်စျေးကွက်ကိုဆုပ်ကိုင်ချင်လို့ပါ''

ချင်လင်က သူ့လက်ထဲမှအစီအစဉ်ကိုကြည့်ရင်း ကျိုးချန်ကျွင်း၏ရည်ရွယ်ချက်ကိုအကြမ်းဖျင်းသဘောပေါက်လိုက်သည်။

သန်း ၅၀၀ တစ်ခါတည်းယူခြင်းမှာ တဖက်လူက ရည်မှန်းချက်ကြီးကြောင်း၊ one day ကိုဖဲ့ယူချင်ကြောင်း သက်သေပြနေသည်။ သူအောင်မြင်ရင် အကျိုးအမြတ်က သန်း ၅၀၀ မက၊ ဆယ်ဆ၊ အဆတစ်ရာတောင်ဖြစ်နိုင်သည်။

အစီအစဉ်ကိုဖတ်ပြီး ချင်လင်က ချက်ချင်းသဘောမတူသေး။

ဒါတွေက အရေးမကြီး။ အရေးအကြီးဆုံးက ထုတ်ကုန်ဖြစ်သည်။

"ပဲရည်ကိုကြည့်ရအောင်''

ချင်လင်ကပြောလိုက်သည်။

ထုတ်ကုန်နှင့် သူ့ကိုဆွဲဆောင်တာပိုကောင်းသည်။ ထုတ်ကုန်မကောင်းရင် အခွင့်အရေးဘယ်လောက်ကောင်းကောင်း သူစိတ်ဝင်စားမှာမဟုတ်။

ကျိုးချန်ကျွင်းကနားထောင်ရင်း ချက်ချင်းစိတ်လှုပ်ရှားသွားသည်။ ဥက္ကဌချင်လိုလူမျိုးက အခွင့်အရေးပေးချင်စိတ်ရှိရင် အကောင်းဆုံးပင်။

အခုဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ရန်သာလိုသည်။

အခန်း ၁၄၄၉: သူဌေးရဲ့လက်တုံ့ပြန်မှု!

ကျိုးချန်ကျွင်းကတုံ့ဆိုင်းမနေဘဲ သူ့အိတ်ထဲမှပဲရည်နှစ်ပုလင်းထုတ်လိုက်သည်။ တစ်ပုလင်းက one day ပဲရည်ဖြစ်ပြီး နောက်တစ်ပုလင်းမှာ တံဆိပ်တပ်မထား။ ကျိုးချန်ကျွင်းပြောသောထုတ်ကုန်ဖြစ်မည်။

ကျိုးချန်ကျွင်းက ထုတ်ကုန်နှစ်ခုကိုနှိုင်းယှဉ်ပြတော့မည်။

ကျိုးချန်ကျွင်းက ကောင်းယောင်ယောင်ဘက်လှည့်ပြီး_

"မစ္စကောင်းယောင်ယောင်.. ပေါက်စီနည်းနည်းမှာပေးလို့ရမလား?''

ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီး ရုံးခန်းထဲမှထွက်ကာ စားဖိုဆောင်သွားသည်။

စားဖိုဆောင်ထဲတွင် ပေါက်စီရှိသေးသည်။ ပေါက်စီမရှိရင်တောင် ပါဝင်ပစ္စည်းများရှိသည်။ အပန်းဖြေစံအိမ်တွင်ညဆိုင်းဝန်ထမ်းရှိသောကြောင့်ပင်။

ညဆိုင်းအတွက်အဆာပြေစာရှိတတ်ပြီး များသောအားဖြင့် ပေါက်စီဖြစ်သည်။

ကောင်းယောင်ယောင်က ဆရာလင်းကိုအသိပေးလိုက်သောအခါ ဆရာလင်းက ပေါက်စီတစ်ပန်းကန်ချက်ချင်းပြင်ဆင်ပြီး သူမကိုပေးသည်။

ကောင်းယောင်ယောင်က ချင်လင်ရုံးခန်းထဲပေါက်စီယူလာသောအခါ ကျိုးချန်ကျွင်းက သူယူလာသောပဲရည်ပုလင်းကိုချက်ချင်းဖွင့်ပြီး ချင်လင်ရှေ့ချပေးသည်။

ချင်လင်ကတူကိုင်ပြီး ပဲရည်ထဲပေါက်စီနှစ်၍မြည်းကြည့်သည်။

ပဲရည်က လက်ရှိသူ့နာမည်နှင့်လိုက်သည်ဟုပြောရမည်။ ပဲရည်အရည်အသွေးတကယ်ကောင်းသည်။ အနည်းဆုံးတော့ စျေးထဲမှကျပန်းဘရန်းများထက်ပိုကောင်းသည်။

ဖြစ်ချင်တော့ ဒီတစ်ခါ one day ပဲရည်က အကွက်ရွှေ့မှားသွားခဲ့ပြီ။

တစ်ခါတလေ ပြည်သူမကြည်ဖြူရင် ပြောင်းလဲရခက်သည်။ ဆုံးရှုံးမှုက ခန့်မှန်းမရအောင်ပင်။

အခု one day ပဲရည်က စျေးကွက်တန်ဖိုးဘီလီယံ ၃၀၀ ဆုံးရှုံးနေပြီး ပြန်လည်ရရှိရန်ပေးဆပ်ရမည့်တန်ကြေးကအလွန်ကြီးသည်။

ချင်လင်က လက်ဖက်ရည်တစ်အိုးနှပ်ပြီး သူ့ပါးစပ်ထဲမှပဲရည်အရသာကိုပလုတ်ကျင်းလိုက်သည်။ ထို့နောက် ပေါက်စီယူပြီး ကျိုးချန်ကျွင်းလုပ်ထားသောပဲရည်ထဲနှစ်လိုက်သည်။

ပါးစပ်ထဲပေါက်စီထည့်ထည့်ချင်း ချင်လင်မျက်လုံးကျယ်သွားသည်။

ကျိုးချန်ကျွင်း၏ပဲရည်အရသာက ထူးထူးခြားခြားကောင်းသည်။ one day ပဲရည်အရသာထက်အများကြီးပိုကောင်းသည်။

ဒီအရသာက ကျိုးချန်ကျွင်းအိမ်မှာစားခဲ့သောဆော့စ်နှင့်ဆင်သည်။ ကွာခြားချက်ကို သူချက်ချင်းပြောနိုင်သည်။ အထူးသဖြင့် စိတ်ခံစားချက်ပင်။

ဒီပဲရည်က အရည်အသွေး ၁ ရှိမည်။

ချင်လင် အံ့ဩသွားသည်။

အရင်က ကျိုးချန်ကျွင်းရဲ့မိသားစုဘာများလုပ်ခဲ့လဲ? လက်ဆင့်ကမ်းခဲ့တာတွေ ဒီလောက်များလား? အရည်အသွေး ၁ ဆော့စ်ပြီးတော့ အရည်အသွေး ၁ ပဲရည်လား?

ဒီလိုပစ္စည်းကောင်းတွေ တော်ရုံမိသားစုမှာမရှိနိုင်ဘူးဟုတ်?

"ဘယ်လိုလဲ ဥက္ကဌချင်?''

ကျိုးချန်ကျွင်းက မျှော်လင့်ချက်နှင့်မေးသည်။

ချင်လင်ကခေါင်းညိမ့်ပြီး_

"မှန်တယ်.. ဒီပဲရည်က စျေးကွက်ကိုဆုပ်ကိုင်နိုင်လိမ့်မယ်... ကျွန်တော် ချင်းလင်အစားအသောက်ကုမ္ပဏီကဥက္ကဌတန့်ကိုပြောထားမယ်... ခင်ဗျား သွားတွေ့လိုက်ရုံပါပဲ''

ပဲရည်က တကယ်ကောင်းပြီး ရုံချန်းဆော့စ်ကုမ္ပဏီရှယ်ယာ ၇၀% က သူ့ဟာဆိုမှတော့ ချင်းလင်အစားအသောက်ကုမ္ပဏီက ရုံချန်းဆော့စ်ကို သန်း ၅၀၀ ချေးတာပြဿနာမဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် ဥက္ကဌချင်''

ချင်လင်စကားကြောင့် ကျိုးချန်ကျွင်းမျက်နှာဝင်းလက်သွားသည်။

ချင်လင်က ကျိုးချန်ကျွင်းရှေ့တင် တန့်ကွမ်းကိုဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြသည်။

တန့်ကွမ်းက ကျိုးချန်ကျွင်းနှင့်စကားပြောရန်သဘောတူလိုက်သည်။

ချင်လင်ဖုန်းဆက်တာ ပဲရည်အခြေအနေအကြောင်း သူသိပြီးတဲ့သဘော။ တန့်ကွမ်းက ငြင်းရလောက်အောင် မအချေ။

ထို့နောက် ရုံချန်းဆော့စ်ကုမ္ပဏီတိုးတက်မှုကို ချင်လင်ထံအစီရင်ခံပြီး ချင်းလင်အပန်းဖြေစံအိမ်မှပြန်လာသည်။

သူလည်း ချင်းလင်အစားအသောက်ကုမ္ပဏီဌာနချုပ်တန်းသွားကာ တန့်ကွမ်းနှင့်တွေ့ဆုံပြီး သန်း ၅၀၀ ချေးငွေကိစ္စကိုဆွေးနွေးသည်။

ဆွေးနွေးပြီးနောက် ထိုသတင်းကောင်းကို သူ့မိတ်ဆွေများဆီမျှဝေလိုက်သည်။ သို့သော် ယွမ်သန်း ၅၀၀ ချေးငွေအကြောင်းမပြော။ မကြာမီ ထုတ်ကုန်အသစ်ထွက်မည်ဟုသာပြောသည်။

သူ့အခိုက်အတန့်များတွင် ထိုအကြောင်းတင်တင်ချင်း like တစ်ခုကိုတွေ့ရသည်။ like ပေးသူကြောင့် သူမျက်မှောင်ကြုတ်လိုက်၏။

သူအလွန်မုန်းသောလူပင်။

သူတွေးတောနေစဉ် ဖုန်းမြည်လာသည်။ နံပါတ်ကိုကြည့်ပြီး အမှတ်တမဲ့ရွံမိသော်လည်း နောက်ဆုံး ဖုန်းကိုင်လိုက်၏။

ဖုန်းဝင်ဝင်ချင်း တဖက်မှအမျိုးသမီးတစ်ဦးအသံထွက်လာသည်_

"ချန်ကျွင်း.. ရှင့်ကိုလွမ်းလိုက်တာ''

ထိုအသံကြောင့် ကျိုးချန်ကျွင်းမျက်နှာအေးစက်သွားပြီး_

"မစ္စလု.. ခင်ဗျားဒီလိုပြောသင့်တယ်မထင်ဘူး... ကိုယ့်ယောက်ျားအကြောင်းပဲကိုယ်တွေးသင့်တယ်''

တဖက်မှအမျိုးသမီးက ရှိုက်သံနှင့်_

"ချန်ကျွင်း.. ရှင်ဒီလိုမပြောပါနဲ့... ကျွန်မမှားမှန်းသိပါတယ်... အရင်က ကျွန်မမပြတ်သားခဲ့လို့ပါ... အခုတကယ်နောင်တရနေပါပြီ... တကယ်တော့ ရှင့်ဘေးကိုပြန်လာလို့ရရင် သူ့ကိုအခုချက်ချင်းကွာရှင်းခဲ့မှာ''

ထိုစကားကြောင့် ကျိုးချန်ကျွင်းမျက်နှာပေါ်မှသရော်ပြုံးကပိုထင်ရှားလာပြီး_

"မင်းဆိုရင် သူများသုံးပြီးသားအမှိုက်ကိုပြန်သုံးမှာလား?''

သူကပြောပြီးပြီးချင်း ရယ်စရာကောင်းသလိုဖုန်းချလိုက်သည်။

သဲမြို့တော်မှာ သူအိမ်မဝယ်နိုင်ခင်က ဒီအမျိုးသမီးက တက္ကသိုလ်မှာတွဲခဲ့သောလေးနှစ်တာသူတို့ဆက်ဆံရေးကိုအဆုံးသတ်ခဲ့သည်။ နောက်ဆုံးနှစ်တွေ့ဆုံပွဲတွင် သူမယောက်ျားက သဲမြို့တော်မှာအိမ်ရှိသည်ဟုတောင်ပြောခဲ့သည်။

သဲမြို့သူတစ်ဦး​ဖြစ်ရတာ တကယ်ဂုဏ်ယူပြီး အရင်ကရွေးချယ်မှုမှန်ကန်သည်ဟုလည်းထင်ခဲ့သည်။

သို့ရာတွင် သူရုံချန်းဆော့စ်ကုမ္ပဏီတာဝန်ခံမှန်းသိသောအခါ ဒီအမျိုးသမီးစိတ်ကူးပြောင်းသွားပုံရသည်။

ပိုရယ်စရာကောင်းတာက သူ့ဘေးကိုပြန်လာမည်ဟုတတွတ်တွတ်ပြောနေသည်။

ဒီလိုမပြောခင် သူ့ယောက်ျားနှင့်အရင်ကွာရှင်းခဲ့ရင်တောင် သူနည်းနည်းစဉ်းစားဦးမည်။

တဖက်က သူ့ယောက်ျားနှင့်လက်တွဲမပြတ်ဘဲ တဖက်မှာ သူ့ဘေးပြန်လာချင်သည်ဆိုတော့ကာ ဒီအမျိုးသမီးကရယ်စရာကောင်းနေတာလား၊ သူကပဲရယ်စရာကောင်းနေတာလား ဒါမှမဟုတ် လူ့အဖွဲ့အစည်းက ရယ်စရာကောင်းလာတာလား သူမသိတော့?

သူကရယ်ပစ်လိုက်ပြီး သူ့ကုမ္ပဏီပြန်မောင်းလာခဲ့သည်။

ချင်းလင်အစားအသောက်ကုမ္ပဏီက ယွမ်သန်း ၅၀၀ ချေးလာမှတော့ အလုပ်သေချာလုပ်ရမည်။ ဥက္ကဌချင်စိတ်ပျက်အောင်လုပ်လို့မဖြစ်။

All Chapters