အခန်း (၁၄၅၀-၁၄၅၂)
Vol. 97 Ch. 1450-1452
အခန်း ၁၄၅၀: သူဌေးရဲ့လက်တုံ့ပြန်မှု! ၂
ချင်းလင်အပန်းဖြေစံအိမ်_
ကျိုးချန်ကျွင်းပြန်သွားသောအခါ ချင်လင်ကရုံးခန်းတံခါးပိတ်ပြီး ပဲရည်နှစ်ပုလင်းနှင့်ဂိမ်းထဲဝင်လိုက်သည်။ ပဲရည်နှစ်ပုလင်း၏မှတ်ချက်များကို သူကြည့်ချင်သည်။
သူအတည်ပြုချင်သောကြောင့်ပင်။
(One day ပဲရည်: သာမန်)
(အမည်မသိပဲရည်: အရည်အသွေး ၁)
(ရှေးစားတော်ကဲမိသားစုမှလက်ဆင့်ကမ်းလာသောနည်းဖြစ်သည်။ အထူးအာနိသင်ရှိသည်:
နှုတ်မြိန်ခြင်း +၁၊ အရသာ +၁!)
အမှန်ပင်။ သူထင်ထားသည့်အတိုင်း ကျိုးချန်ကျွင်းလုပ်ထားသောပဲရည်က အရည်အသွေး ၁ ရှိသည်။
တချိန်တည်းမှာ ကျိုးချန်ကျွင်းမိသားစုတွင် အရည်အသွေး ၁ နည်းများစွာရှိကြောင်းလည်းသိလိုက်သည်။ မှတ်ချက်ထဲမှာပြောထားသလို ရှေးစားတော်ကဲမိသားစုဖြစ်မည်။
ရှင်းရှင်းပြောရရင် တော်ဝင်စားဖိုမှူးရဲ့မျိုးဆက်စားဖိုမှူးဖြစ်မည်။
သို့သော် ထိုအမွေအနှစ်က ကျိုးချန်ကျွင်းတို့မျိုးဆက်မှာအဆုံးသတ်ခဲ့လိမ့်မည်။
ဖန်းမိသားစုဆော့စ်ဘယ်လောက်ကောင်းကြောင်း သူသာမသိခဲ့ရင် ကျိုးချန်ကျွင်းက ဆော့စ်လုပ်နည်းကိုလက်ဆင့်ကမ်းယူခဲ့မည်မထင်။ ဘာပဲဖြစ်ဖြစ် ဖန်းမိသားစုမှအဘိုးက ဆော့စ်လုပ်နည်းကိုလက်ဆင့်မကမ်းတော့ဟုဆုံးဖြတ်ခဲ့ဖူးသည်။
သူက စားကြည့်ပြီး ဆော့စ်လုပ်နည်းဝယ်ခဲ့သောကြောင့် ကျိုးချန်ကျွင်းက စီးပွားရေးအကွက်မြင်သွားသည်။
ချင်လင်ကအတွေးနှင့် ဂိမ်းထဲမှပြန်ထွက်လာသည်။ ရုံးခန်းတံခါးဖွင့်လိုက်ချိန်တွင် ဖုန်းမြည်လာသည်။ ဓာတ်ခွဲခန်းမှရှန်လီပင်။
သူကဖုန်းကိုင်ပြီး ချက်ချင်းမေးလိုက်သည်_
"အမှန်ပဲလား... အခုအားလုံးကောင်းသွားပြီလား?''
ရှန်လီက ချက်ချင်းပြန်ဖြေသည်_
"ဟုတ်ပါတယ်... အဲဒီဇောတိကတွေ လုံးဝပြန်ကောင်းသွားပါပြီ... ကျုပ်တို့သတင်းထောက်ခေါ်ပြီး ကြေညာလိုက်ရမလား? အထက်လူတွေလည်း ဒီရလဒ်ကိုမျှော်နေမယ်ထင်တယ်''
"ဥက္ကဌရှန်.. ဒီကိစ္စ ခင်ဗျားလက်ထဲအပ်လိုက်မယ်''
ချင်လင်က မငြင်း။
ဒါလက်ဖက်ကိုအထင်သေးနေတဲ့အနောက်နိုင်ငံတွေကို လက်ဖက်အာနိသင်ပြပြီး နောင်တရအောင်လုပ်နိုင်မယ့်အခွင့်အရေးကောင်းပင်!
ရှန်လီပြောသည့်ဇောတိကများမှာ ကင်ဆာကုသရန်လှူဒါန်းသောသူဌေးကြီးများကိုဆိုလိုခြင်းဖြစ်သည်။
သူတို့အားလုံး အင်မတန်ချမ်းသာကြသည်။ Carlton တစ်ယောက်တည်းတင် US ဒေါ်လာ ၆.၃ ဘီလီယံလှူဒါန်းထားပြီး သူလက်ခံရရှိသောကုသမှုက နေ့စဉ်လက်ဖက်ရည်ကြမ်းတစ်ခွက်သာ။
တဖက်တွင် ဆေးကုသမှုခံယူသူတရုတ်နိုင်ငံသားများမှာ နိုင်ငံတော်အတွက်အကျိုးပြုဆောင်ရွက်ခဲ့သူများ၏မိသားစုဝင်များဖြစ်ပြီး ကုသစရိတ်က အခမဲ့ဖြစ်သည်။
ထို့ကြောင့် Carlton တို့လက်ဖွာကြောင်း ပိုသိသာသွားသည်။
အခု ကင်ဆာနောက်ဆုံးအဆင့်လူနာများမှာ လုံးဝကောင်းသွားပြီဖြစ်၍ လက်ဖက်အာနိသင်ကို အနောက်နိုင်ငံများမေးခွန်းထုတ်စရာမလိုတော့။
အထူးသဖြင့် လက်ဖက်ကိုအပြစ်ပြောခဲ့သူများ နောက်တရနေလောက်ပြီ။
ရှန်လီက ချင်လင်ကိုဖုန်းဆက်ပြီးသည်နှင့် တစ်နိုင်ငံလုံးအနှံ့သတင်းထောက်များကိုလိုက်ဆက်သွယ်သည်။
နောက်တစ်နေ့_
ရုံချန်းဆေးရုံကန့်သတ်နေရာတွင် ပျားပန်းခတ်အလုပ်ရှုပ်နေကြသည်။
ထိုကန့်သတ်နေရာက ရုံချန်းဆေးရုံတွင်အလွန်နာမည်ကြီးသောကြောင့် လူတိုင်းစပ်စုနေကြ၏။
သို့သော် တာဝန်ကျဆရာဝန်များ၊သူနာပြုများက လျှို့ဝှက်သဘောတူညီချက်လက်မှတ်ရေးထိုးထားပြီး အလွန်နှုတ်လုံကြသည်။
သို့သော်လည်း ဖြစ်ပျက်နေသမျှကိုခန့်မှန်းတတ်သူများက ရှိစမြဲ။
ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းက ကင်ဆာကုနိုင်သောလက်ဖက်တီထွင်ထားပြီး ကုသမှုခံယူမည့်နိုင်ငံခြားသူဌေးက လှူဒါန်းထား၍ ကင်ဆာနောက်ဆုံးအဆင့်အတွက်လက်တွေ့စမ်းသပ်ချက်ဖြစ်ဖို့များနေသည်။
ဒီအချိန် အဲဒီနေရာမှာ ဆူဆူညံညံစိတ်လှုပ်ရှားသံများပြည့်နေမည်၊ ဒါမှမဟုတ် ပျော်စရာအငွေ့အသက်များပြည့်နေသည်ဟုဆိုရမည်။
Carlton တို့လိုလူချမ်းသာများအပါအဝင် ထိုကင်ဆာနောက်ဆုံးအဆင့်လူနာများတွင် အသက်အန္တရာယ်ရှိနေသူများ၊ သေမင်းခံတွင်းဝရောက်နေသူများတောင်ပါသည်။
အခုသူတို့က လက်ဖက်ရည်သောက်ပြီးပျောက်သွားတာ မပျော်ဘဲနေမလား?
ဒီနေ့က အတူတူအစစ်ဆေးခံရမည့်နောက်ဆုံးနေ့ပင်။
ဒီနေ့ အချက်အလက်အားလုံးပုံမှန်ဖြစ်ရင် သူတို့ဆေးရုံဆင်းနိုင်ပြီ။ အဲဒီကျရင် ကင်ဆာက သူတို့ကိုခြိမ်းခြောက်မည့်အရာမဟုတ်တော့။
Carlton က တခြားသူဌေးများနည်းတူ လူနာဆောင်အပြင်ထွက်ပြီး အထူးစမ်းသပ်စစ်ဆေးမည့်နေရာသို့ ဆရာဝန်နှင့်လိုက်လာသည်။
တဖက်မှလမ်းလျှောက်ထွက်လာသောလူနာများလည်းရှိသည်။
ထိုလူနာများကိုကြည့်ပြီး Carlton တို့သူဌေးများ မျက်နှာသွေးဆုတ်သွား၏။
ဒီအရှေ့တိုင်းသားတွေရဲ့ကုသစရိတ်က အခမဲ့ဖြစ်ကြောင်း အမှတ်တမဲ့သိလိုက်ရသောကြောင့်ပင်။ ဒီလူတွေက ပိုက်ဆံတစ်ပြားမှသုံးစရာမလို။
ဒါပေမဲ့ သူတို့မှာတော့ ကုသမှုခံယူဖို့ ပိုင်ဆိုင်မှု ၁၀% လှူထားရသည်။
မမျှတသလိုပင်။
အထူးသဖြင့် အများဆုံးလှူဒါန်းထားသော Carlton ဖြစ်သည်။
ထို့ကြောင့် သူတို့မျက်နှာပေါ်မှအပျော်များ တခဏချင်းပျက်ပြယ်ပြီး မှုန်မှိုင်းသွားတော့သည်။
ဒီနိုင်ငံကလူတွေက တကယ့်သွေးစုတ်ဖုတ်ကောင်တွေ။
သူတို့ကို ဒီလိုဖိနှိပ်ရဲတာ၊ လုံးဝလူမဆန်တဲ့ကောင်တွေ။
တကယ်တော့ ထိုအတွေးမှာ အရှေ့တိုင်းသားတွေအခမဲ့ကုသခွင့်ရသည်ဆိုသောအသိကြောင့်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိအရေးအကြီးဆုံးက ဆေးစစ်ပြီး အပြည့်အဝပြန်ကောင်းမကောင်းအတည်ပြုရမည်။
မကြာမီ လက်တွေ့စမ်းသပ်ချက်တွင်ပါဝင်သောဆရာဝန်များက Carlton တို့ကိုသွေးဖောက်ပြီး အမျိုးမျိုးစမ်းသပ်ကြသည်။
အဲဒီနောက် ဝန်ထမ်းအားလုံး အလုပ်ရှုပ်သွားသည်။
မြန်မြန်ဆန်ဆန် နှစ်ရက်ကုန်ဆုံးသွား၏။
ထိုနှစ်ရက်အတွင်း Carlton မှာ စိတ်ဖိစီးနေသည်။ ဒီသော*က်ဆေးရုံကနေ အမြန်ဆုံးဆင်းနိုင်ပါစေ၊ သူ့အစီအစဉ်အတိုင်း အမြန်ဆုံးလုပ်နိုင်ပါစေဟူ၍။
ဒီမတိုင်ခင် သူလုံးဝပြန်ကောင်းသလား သေချာအောင်လုပ်ရမည်။ ဒီတော့မှ အကြောက်တရားမရှိဘဲလုပ်ဆောင်နိုင်မည်။ သူကျရှုံးရင်တောင် အနည်းဆုံးတော့ ကုသနိုင်သေးသည်။
Carlton စောင့်ဆိုင်းနေစဉ် ဆရာဝန်တစ်ဦးဝင်လာပြီး သူ့ကိုဆေးစစ်ချက်ပေးသည်_
"မစ္စတာ Carlton.. ဒါခင်ဗျားရဲ့ဆေးစစ်ချက်ပါ!'’
အခန်း ၁၄၅၁: သူဌေးရဲ့လက်တုံ့ပြန်မှု! ၃
အထူးစမ်းသပ်ချက်ဖြစ်၍ ကိုယ်ပိုင်ဆရာဝန်ဝင်ခွင့်မပြုဘဲ ဆရာဝန်များနှင့်သူဌေးများအကြား ဘာသာပြန်ပေးရန် ကူလီတစ်ဦးလိုသာဖြစ်နေသည်။
"မစ္စတာ Carlton.. ခင်ဗျားရဲ့စမ်းသပ်ချက်ရပြီလား?''
ကိုယ်ပိုင်ဆရာဝန်က ဝင်လာလာချင်းမေးသည်။
Carlton က ခေါင်းညိမ့်ပြီး စမ်းသပ်ချက်ပေးကာ_
"ကြည့်ပေးပါဦး''
ကိုယ်ပိုင်ဆရာဝန်က စမ်းသပ်ချက်ယူကြည့်လိုက်သည်။ ခဏအကြာ သူက_
"မစ္စတာ Carlton.. ကောင်းလိုက်တာ! ခင်ဗျားရဲ့ကင်ဆာနောက်ဆုံးအဆင့်က လုံးဝပြန်ကောင်းသွားပြီ... အခုခင်ဗျားက ကမ္ဘာမှာအကျန်းမာဆုံးပုဂ္ဂိုလ်ပဲ... တခြားသူဌေးတွေလည်း ပြန်ကောင်းသွားပြီတဲ့... သူတို့လက်ဖက်က တကယ်အံ့ဩစရာကောင်းတာ''
Carlton က ခေါင်းညိမ့်ပြီး_
"ဟုတ်ပါ့.. လက်ဖက်က ဘယ်လိုလုပ်ကင်ဆာနောက်ဆုံးအဆင့်ကိုကုနိုင်တာလဲ?''
ဒီတော့ ဒီလက်ဖက်ကိုအရယူပြီး သူ့ဘာသာပျိုးထောင်နိုင်ရင် သူလှူဒါန်းထားတဲ့စည်းစိမ်တွေအသာလေးပြန်ယူနိုင်မည်။ ကမ္ဘာမှာအချမ်းသာဆုံးလူတောင် ချက်ချင်းဖြစ်လာနိုင်သည်။
သူသာပျိုးထောင်နိုင်ရင် ဒီအရှေ့တိုင်းလက်ဖက်ကို တခြားနိုင်ငံမှာပြိုင်ဘက်မရှိအောင်လုပ်ပစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အနောက်တိုင်းက အရင်းရှင်လောကဖြစ်သည်။
အခုသူစဉ်းစားရမှာက ဒီလက်ဖက်ကိုဘယ်လိုရအောင်ယူမလဲဆိုတာပင်။
ဝမ်းသာနေသည်မှာ Carlton တို့သူဌေးများတင်မဟုတ်။ တဖက်တွင် ဆေးကုသမှုခံယူနေသော နိုင်ငံ့အကျိုးဆောင်များ၏မိသားစုဝင်များလည်း စမ်းသပ်ချက်ထွက်လာသည်နှင့် ဝမ်းသာလုံးဆို့နေကြသည်။
ဒီတစ်ခါတော့ ဝမ်းသာမျက်ရည်ပင်။
ကင်ဆာက တစ်မိသားစုလုံးကိုအမှန်တကယ်ဆွဲချနိုင်သည်။ အချိန်တိုင်းလိုလို သေရင်တောင် မိသားစုဒုက္ခမရောက်ပါစေနှင့်ဟုတွေးကြသည်။
ကံကောင်းချင်တော့ လက်တွေ့စမ်းသပ်ချက်ကြောင့် အသက်ရှင်နိုင်ခဲ့ပြီ။
သူတို့ကလည်း အထူးအခွင့်အရေးရသူများပင်။ ရလဒ်များထွက်လာသောအခါ သူတို့ဖုန်းများပြန်ရပြီး ထိုသတင်းကောင်းကို မိသားစုဝင်များနှင့်မျှဝေနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူတို့မိသားစုဝင်များက နိုင်ငံ့အကျိုးဆောင်ဝန်ထမ်းများဖြစ်သည်။
ဟူမြို့_
လီချန်ကုန်းမှာ မသန်စွမ်းအဆင့် ၂ ရှိသောစ*စ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်။ သူ့ခြေထောက်မှာ နယ်စပ်ရာဇဝတ်ကောင်များကိုလိုက်လံဖမ်းဆီးရင်း ပြင်းအားမြင့်ပေါက်ကွဲစေတတ်သောလက်နက်တစ်ခုကြောင့် ပျက်စီးခဲ့ရသည်။ ကြေမွသွားသောကြောင့် ဖြတ်ထုတ်လိုက်ရ၏။
သူစ*စ်တပ်မှအနားယူပြီးနောက် အထက်လူကြီးများက အထူးထောက်ပံ့ကြေးနှင့်ခံစားခွင့်များပေးသောကြောင့် အဆင်ပြေပြေရပ်တည်နိုင်ခဲ့သည်။ သို့သော် အမျိုးသမီးဖြစ်သူက ကင်ဆာနောက်ဆုံးအဆင့်ဖြစ်၍ တဖြည်းဖြည်း သူ့ဘဝကလုံးပါးပါးလာသည်။
သူ့သမီးသာမရှိရင် မိန်းမနှင့်ဆေးရုံလိုက်နေပေးရလိမ့်မည်။
ကံကောင်းစွာပင် တရုတ်သိပ္ပံအကယ်ဒမီနှင့်ချင်းလင်ဓာတ်ခွဲခန်းမှလက်တွေ့စမ်းသပ်ချက်နှင့်ကြုံရသည်!
သို့သော် လျှို့ဝှက်ထားရမည့်ကိစ္စဖြစ်၍ မိန်းမနှင့်အချိန်တစ်ခုအထိမတွေ့ရဘဲ ရံဖန်ရံခါ ဖုန်းအဆက်အသွယ်သာရသည်။
ထိုအချိန်တွင် သူ့ဖုန်းမြည်လာသည်။ မိန်းမဆီမှဖြစ်သောကြောင့် ချက်ချင်းဖုန်းကိုင်လိုက်၏။ ခဏအကြာ သူကစိတ်လှုပ်ရှားသံနှင့်_
"တကယ်? တကယ်လား? အားလုံးကောင်းသွားပြီ.. ဘုရားရေ''
ဖုန်းချပြီးနောက် လီချန်ကုန်းက ဝမ်းသာလုံးဆို့ကာ တုံးလုံးလဲငိုတော့သည်!
သူအရင်အားစိုက်ထုတ်ခဲ့သမျှတန်သည်ဟု ပထမဆုံးအကြိမ်ခံစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် သူထမ်းဆောင်ခဲ့သောတာဝန်ကြောင့် သူရဲကောင်းအဖြစ်သတ်မှတ်ခံရပြီး သူ့မိန်းမက လက်တွေ့စမ်းသပ်ချက်မှာပါဝင်ခွင့်ရခြင်းဖြစ်သည်။
ဒီလိုအဖြစ်အပျက်မျိုး တစ်နိုင်ငံလုံးအနှံ့ဖြစ်သွား၏။ နိုင်ငံ့အကျိုးဆောင်သူရဲကောင်းများမှာ သူတို့မိသားစုဝင်များပြန်ကောင်းသောသတင်းကြောင့် စိတ်လှုပ်ရှားပြီးငိုကြသည်။
မကြာမီ စမ်းသပ်ချက်ပြီးသွားသည်။ ကုသခွင့်ရသောလူနာများမှာ စမ်းသပ်ချက်အပြီးတွင် လုံးဝပြန်ကောင်းသွားသောကြောင့် ဆေးရုံဆင်းခွင့်ရသည်။
Carlton က ဆေးရုံမှအမြန်ဆုံးထွက်လာ၏။ သူ့ကိုရုံချန်းမှပြန်ခေါ်ရန် အသင့်စောင့်နေသူများရှိသည်။
သူ့တပည့်များကိုတွေ့သောအခါ ချက်ချင်းညွှန်ကြားလိုက်သည်_
"Mike လိုကမ္ဘာ့နံပါတ်တစ်သူခိုးကိုရှာစမ်း... ဘယ်လောက်တောင်းတောင်း ငါဂရုမစိုက်ဘူး!''
အခန်း ၁၄၅၂: အားလုံးရဲ့မျှော်လင့်ချက်!
ညွှန်ကြားချက်ရသည်နှင့် Carlton ၏လူများက ချက်ချင်းဖုန်းထုတ်ပြီးဆက်ကြသည်။
Carlton လိုသူဌေးမျိုး၏တပည့်ဖြစ်သောကြောင့် ခိုင်းသမျှအကုန်လုပ်ပေးသောအမှောင်ဂိုဏ်းသားများနှင့် မဖြစ်မနေပတ်သက်ရသည်။
Carlton လိုသူဌေးမျိုးအတွက်အလုပ်လုပ်နေသောကြောင့်လည်း အမှောင်ဂိုဏ်းသားအတော်များများက သူ့အတွက်လုပ်ပေးကြသည်။
ဥပမာ အမေရိကန်လမ်းမပေါ်မှလူဆိုးဂိုဏ်းပင်။ သူက Carlton အတွက်အလုပ်လုပ်ရင်း သူ့စကားတစ်ခွန်းနှင့် ထိုလူများဒူးထောက်အညံ့ခံလာအောင်လုပ်နိုင်သည်။ မဟုတ်ရင် Carlton က ပိုက်ဆံပုံပေးပြီး သူတို့ကိုအသာလေးအစဖျောက်ပစ်နိုင်သည်။
ကမ္ဘာ့နံပါတ်တစ်သူခိုး Mike လို အဆင့်မြင့်မြင့်လူတချို့နှင့်လည်း အဆက်အသွယ်ရှိထားရသည်။
ဒီလူက နိုင်ငံတကာမှာကျော်ကြားသည်။ သူမခိုးနိုင်တာ ဘာမှမရှိ။
ထို့ကြောင့် သူ့ကြေးကလည်း အလွန်မြင့်သည်။
သို့သော် ဒီလူကို တစ်ကမ္ဘာလုံးကအလိုရှိနေသောကြောင့် သူကလျှို့လျှို့ဝှက်ဝှက်သာနေသည်။ သက်လတ်ပိုင်းလူတစ်ယောက်နှင့်ကြားခံဆက်သွယ်ရပြီး တိုက်ရိုက်အဆက်အသွယ်ရရန်ခက်သည်။
Carlton ၏တပည့်က ဖုန်းကိုင်ပြီး အကြောင်းရင်းကိုရှင်းပြနေသည်။ နောက်ဆုံး သူက_
"Mike ကိုရှာပြီး ကိစ္စအဆင်ပြေရင် စျေးကပြဿနာမရှိဘူး''
တဖက်မှသက်ပြင်းချသံထွက်လာပြီး_
"တကယ်အားနာပါတယ်... အခု Mike ကို အဆက်အသွယ်မရသေးပါဘူး... သူကိစ္စကြီးတစ်ခုလက်ခံထားပုံရတယ်... အခုခရီးထွက်နေတာလည်းဖြစ်ရင်ဖြစ်မယ်''
"ခင်ဗျားသိတဲ့အတိုင်းပဲ... သွားပြီဆို အဆက်အသွယ်မရတော့ဘူး... FBI တောင် မလိုက်နိုင်ဘူး''
Carlton တပည့်က မတတ်သာဘဲဖုန်းချပြီး Carlton ကိုကြည့်လိုက်သည်။
ဖုန်းစပီကာဖွင့်ထားသောကြောင့် Carlton လည်းကြားနေရသည်။
"Mike ကိုမရှာနိုင်တော့လည်း တခြားလူပေါ့''
သူက သူ့တပည့်ကိုမေးလိုက်သည်_
"Mike ထက်တော်တာ ဘယ်သူရှိလဲ?''
တပည့်က ခဏစဉ်းစားပြီး_
"Dominica ဆိုတဲ့လူရှိတယ်... ထွားထွားကြိုင်းကြိုင်းနဲ့ကတုံးပြောင်ဆိုပဲ... ကားမောင်းလည်းကြမ်းတယ်... ဆယ်ထပ်တိုက်ပေါ်ကနေ တခြားတိုက်ပေါ်ကိုတောင် ကားနဲ့ကူးတာတဲ့''
"တစ်ယောက်ချင်းယှဉ်ရင် Mike လောက်မဟုတ်ပေမဲ့ သူ့မှာအဖွဲ့ရှိတယ်... တစ်ယောက်စီက သူ့အရည်အချင်းနဲ့သူ အခုန်အပျံကျွမ်းတယ်... သူတို့ပေါင်းရင် Mike မယှဉ်နိုင်လောက်ဘူး''
"ရာဇဝတ်မှုတွေထဲပါလို့ FBI က အလိုရှိနေတာ...
အခုကြေးစားမစ်ရှင်တွေလုပ်နေပြီး အကောင်းဆုံးအမဲလိုက်မုဆိုးတွေဖြစ်နေကြပြီ''
ထိုစကားကြောင့် Carlton က ချက်ချင်းလက်ငင်းပင်_
"သူတို့ကို ကင်ဆာကုနိုင်တဲ့လက်ဖက်ပင်ခိုးခိုင်းလိုက်... ဆုကြေးအနေနဲ့ တစ်ဘီလီယံကနေ နှစ်ဘီလီယံပေးမယ်လို့''
သူဖိအားပေးခံရပြီး လှူလိုက်ရတဲ့ ၆ ဘီလီယံနဲ့စာရင် ဒီပိုက်ဆံက ဘာမှမဟုတ်။
နောက်ပြီး ကင်ဆာကုနိုင်တဲ့လက်ဖက်ကိုအရယူပြီး သူ့ဘာသာပျိုးထောင်နိုင်သရွေ့ သူပြန်ရမည့်ပိုက်ဆံက သစ်ပင်ကြီးပေါ်မှသစ်ရွက်တစ်ရွက်လောက်သာရှိမည်။
ကုသမှုခံယူသည့်အတောအတွင်း သူကအလကားမနေ။ သတင်းများစုံစမ်းထားသည်။ အတိအကျမဟုတ်သော်လည်း လက်ဖက်ပင်ပျိုးထောင်သည့်စမ်းသပ်စိုက်ခင်းက ချင်းလင်ဓာတ်ခွဲခန်းမှာရှိမှန်းသူသိသည်။
ခဏအကြာ တပည့်က Carlton အား_
"မစ္စတာ Carlton.. တဖက်က US ဒေါ်လာတစ်ဘီလီယံနဲ့သဘောတူတယ်... Dominica ရဲ့အဖွဲ့ကအနားယူတော့မှာဆိုတော့ ခင်ဗျားရဲ့မစ်ရှင်ကို နောက်ဆုံးလို့သဘောထားမယ်တဲ့''
Carlton ခေါင်းညိမ့်လိုက်သည်။
ထိုအချိန်တွင် နောက်တစ်ယောက်ပြေးလာပြီး အစီရင်ခံသည်_
"မစ္စတာ Carlton.. ခင်ဗျားရဲ့အခြေအနေကိုအင်တာဗျူးချင်တဲ့သတင်းထောက်တွေအများကြီးရောက်နေပါတယ်... အင်တာဗျူးကိုလက်ခံလိုက်ရမလား?''
Carlton က ခဏစဉ်းစားပြီး_
"ဖြေတာပေါ့! လက်ခံလိုက်... လက်ဖက်ကအာနိသင်ရှိမှတော့ အားလုံးကိုအသိပေးသင့်တယ်''
သူကလည်း သူ့ရည်ရွယ်ချက်နှင့်။ လက်ဖက်အာနိသင်ကို သူသက်သေပြချင်သည်။ လက်ဖက်ပင်ခိုးပြီး သူ့ဘာသာပျိုးထောင်နိုင်ရင် သူ့အတွက်ကြော်ငြာပြီးသားဖြစ်သွားမည်။
သူ့စိတ်ထဲတွင် အမဲလိုက်သူခိုးအဖွဲ့က ကမ္ဘာ့နံပါတ်တစ်သူခိုး Mike ထက်ပိုစွမ်းပြီး အရှေ့တိုင်းစီရင်စုငယ်လေးမှာ အောင်အောင်မြင်မြင်ခိုးနိုင်မည်ဟုတွက်ထားသည်။
သူ့တို့ကိုကာကွယ်ဖို့အထူးလူတွေလွှတ်ထားရင်တောင် FBI ထက်တော့ ပိုမစွမ်းနိုင်ဘူးမလား?
Dominica တို့က FBI ကိုအရူးလိုလှည့်စားနိုင်ရင် သူတို့ကိုခုခံနိုင်ဖို့က စူပါဟီးရိုးလွှတ်ထားမှဖြစ်နိုင်မည်။
ထိုအတွေးနှင့် Carlton က အင်္ကျီကော်လာညှိလိုက်ပြီး အပြင်ထွက်လာသည်။
အပြင်မှာ သတင်းထောက်များအမှန်ပင်ရှိနေသည်။ အများစုက အရှေ့တိုင်းမှဖြစ်ပြီး နိုင်ငံခြားသားတချို့လည်းပါသည်။
သတင်းထောက်များက Carlton ကိုမြင်သောအခါ ချက်ချင်းဝိုင်းမေးကြသည်_
"မစ္စတာ Carlton.. ဆေးကုသမှုခံယူဖို့ ဒေါ်လာ ၆ ဘီလီယံကျော်လှူဒါန်းထားတယ်ဆို... ခင်ဗျားကင်ဆာက လုံးဝကောင်းသွားပြီလား?''
"မစ္စတာ Carlton...''
"မစ္စတာ Carlton...''
"မစ္စတာ Carlton...''
Carlton က သတင်းထောက်များစကားနားထောင်ပြီး လက်ယမ်းပြကာငြိမ်ခိုင်းလိုက်သည်။ ထို့နောက် တညီတည်းဖြေလိုက်၏_
"အားလုံးမေးကြတာ မှန်ပါတယ်... ဒီမှာကုသမှုမခံယူခင်က ကင်ဆာနောက်ဆုံးအဆင့်ပါ... ဒါပေမဲ့ ကုသမှုခံယူပြီးတော့ လုံးဝကောင်းသွားပါပြီ... အခုကျုပ်က အကျန်းမာဆုံးလူတစ်ယောက်ဖြစ်နေပြီဆိုတော့ ၆ ဘီလီယံကျော်သုံးရတာတန်တယ်လို့ထင်ပါတယ်''
အင်တာဗျူးဖြေပြီး Carlton လည်း ချက်ချင်းပြန်ထွက်လာသည်။ ပြဿနာရှာရဦးမည်ဖြစ်၍ မလိုလားအပ်သောအခြေအနေများကိုရှောင်ရှားရန် အရင်ထွက်လာလိုက်သည်။
Carlton တင်မဟုတ်။ တခြားသူဌေးများကိုလည်း သတင်းထောက်များက အင်တာဗျူးကြသည်။
ရှန်လီအထူးတလည်စီစဉ်ထားသောကြောင့် သတင်းထောက်အတော်များများ ရုံချန်းရောက်နေကြလေသည်။