← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) ကံကြမ္မာသားတော်။

“သူမက ဘိုးဘေးနဂါးပန်းချီဝိညာဉ် ဖြစ်နေရင်တောင် ကျွန်မတို့ အားလုံး စုပေါင်း တိုက်ခိုက်မယ်ဆိုရင် သူမလို နတ်ဘုရားအနွယ်ဝင်လူသား တစ်ယောက်တည်းက ကျွန်မ တို့ရဲ့ နဂါးတပ်ဖွဲ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး" အကြီးအကဲဖန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နန်လင်းရှာကို တစ်ယောက်တည်း ရင်မဆိုင်တော့ဘဲ စုပေါင်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် အကြီးအကဲနန်က အကြီးအကဲဖန်၏ နားအနားသို့ ကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်ရာ သူမ၏မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကမ္ဘာပေါ်မှာ စွမ်းအားနှစ်မျိုးကို ပိုင်ဆိုင်နိုင်တဲ့လူ ဘယ်သူမှ မရှိဘူးလေ" အကြီးအကဲဖန်က အကြီးအကဲနန် ပြောသည်ကို မယုံကြည်နိုင်စွာဖြင့် အလျင် အမြန် ငြင်းဆိုလိုက်သည်။

အကြီးအကဲနန်လည်း မယုံချင်ပါ။ သို့သော် အမှန်တကယ်တွင် သူသည် နန်လင်းရှာက ဘိုးဘေးနဂါးမြို့တော်၏ တံတိုင်းအတွင်း၌ ဘိုးဘေးနဂါးအရိုးကို နိုးထစေခဲ့သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ၎င်းမှာ အရိုးနဂါးပင် ဖြစ်သည်။

"မိစ္ဆာတွေ၊ ဒီညီအစ်မနှစ်ယောက်လုံးက မိစ္ဆာတွေပဲ။ သူတို့က ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတွေနဲ့ စုန်းမတွေကနေ ပြန်လည်ဝင်စားလာသူတွေပဲ၊ ဒီမြေပြင်ပေါ်မှာ နေထိုင်ဖို့ တောင် မထိုက်တန်ဘူး" အကြီးအကဲဖန်က အကြီးအကဲနန်၏ ကြောက်မက်ဖွယ် စကား များကို နားမထောင်တော့ဘဲ အော်ဟစ်လိုက်သည်။

အကြီးအကဲနန်သည် နန်လင်းရှာကို ကောင်းကောင်း သိကျွမ်းသဖြင့် သူမကို အလွန် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

အကြီးအကဲဖန်ကမူ လီယွင်ဇီအပေါ်တွင် ရန်ငြိုးထားသူဖြစ်ပြီး ယခုတွင် နန်လင်းရှာ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရပြီ ဖြစ်သောကြောင့် အလွန်ပင် ဒေါသထွက်နေ သည်။

တန်ခိုးကြီးမားသည့် ဗိမာန်ဂိုဏ်းက ဒီစုန်းမညီအစ်မကို တကယ်ပဲ ကြောက်နေရမှာ လား……..။

ယနေ့ သူမ ဒီနေရာမှာ သေဆုံးသွားခဲ့ရင်တောင် ဗိမာန်ဂိုဏ်းက သူမတို့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ပေ။

"လင်းရှာ၊ ငါတို့လို လူအိုကြီးမျိုးဆက်တွေက ခေတ်နောက်ကျနေပါပြီ၊ ဘိုးဘေးနဂါး မြို့တော်ရဲ့ ကြီးမားတဲ့ ကိစ္စရပ်တွေကို အဟန့်အတား ဖြစ်စေခဲ့မိတာ အမှန်ပါ။ အခုတော့ ငါတို့က နင်နဲ့ယှဉ်ပြိုင်ဖို့တောင် ရှက်စရာကောင်းနေပြီ။ နင့်ရဲ့အဘိုးဖြစ်တဲ့ ငါက ဘိုးဘေး တွေကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ နောက်ဆိုရင် မိသားစုကိစ္စတွေကို ဘာမှ ဝင်မစွက် ဖက်တော့ပါဘူး။ လက်ကျန်ဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တော့တယ်" အကြီးအကဲနန်က သူအသက်ရှင်သန်နိုင်မည့် နည်းလမ်းကို ရှာဖွေရင်း မိသားစုသွေးနှီးမှုကို အသုံးပြုကာ အားနည်းစွာ ပြောဆိုလိုက်သည်။

"ကျွန်မ အဘိုးအတွက် ခေါင်းတလားတစ်ခုကို ပန်းချီဆွဲပေးလိုက်မယ်၊ အဲဒါဆိုရင် အဘိုးရဲ့ ကျန်တဲ့ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်မှာပါလေ" နန်လင်းရှာ၏ မျက်ဝန်းတို့မှာ အေးစက်ပြီး ပြတ်သားလွန်းနေသည်။

အကြီးအကဲနန်၏ အိုမင်းနေသော မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတို့ ပျံ့နှံ့သွားသည်။ ယခုလေးတင် မာန်လျှော့ပေးဟန်ရှိခဲ့သော်လည်း ယခုမူ သွားများကို ဖြဲပြနေသည့် သရဲ တစ္ဆေကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းနေသည်။

ရွေးချယ်မှုက အစကတည်းက ရှိပြီးသားပင်။

နှင်ထုတ်ဖယ်ရှားခြင်း သို့မဟုတ် လုပ်ကြံသတ်ဖြတ်ခြင်း။

အကြီးအကဲနန်သည်သာ မိသားစု၏ သွေးနှီးမှုကို တကယ်တန်ဖိုးထားခဲ့ပါက နှင်ထုတ် ဖယ်ရှားခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းကြားတွင် အဘယ်ကြောင့် လုပ်ကြံသတ်ဖြတ်ခြ င်းကို ရွေးချယ်ခဲ့ရသနည်း။

သူသည် နဂါးထိန်းသူတော်စင် တစ်ယောက်အနေဖြင့် သူ၏ဝိညာဉ် အစွမ်းထက်မှုကြောင့် သာ အသက်ရှင်နေခဲ့ခြင်း ဖြစ်ပြီး လီယွင်ဇီက သူ့ကို အသက်ရှင်ခွင့် ပေးခဲ့ခြင်းကြောင့် မဟုတ်ပေ။

ကရုဏာသက်ရမှာလား…….။

မည်သို့ ကရုဏာထားနိုင်ပါမည်နည်း…….။

လင်ရှောင်မြို့တော်နှင့် ပူးပေါင်းခြင်း၊ ဗိမာန်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခြင်း။

လီမိသားစု၊ နန်မိသားစု... အားလုံးက အခြားသူများထက် ပိုမိုတောက်ပနေသည့် ထိုအမျိုးသမီးကို ဖျက်ဆီးပစ်ရန် ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့သာ ထိုသို့ မလုပ်ဆောင်ခဲ့ပါက...

နန်လင်းရှာသည် နန်လင်းရှာအဖြစ်သာ အမြဲတမ်း ရှိနေလိမ့်မည်။

ကမ္ဘာလောကကြီးက ဒေါသထွက်စရာကောင်းလောက်အောင် ယုတ်မာလွန်းလှသည်။

ညီအစ်မနှစ်ယောက်ကို ငယ်စဉ်ကတည်းက ခွဲခွာစေပြီး၊ စိမ်းကားအောင် လုပ်ဆောင်ခဲ့ သည်။ နောက်ဆုံးတွင်မူ သူမတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်စွာ စောင့်ရှောက်ရင်း ကြီးပြင်းလာခဲ့ကြရသည်။

အစ်မဖြစ်သူမှာ အလင်းရောင်အောက်တွင် ရှိနေသည်။

သူမကမူ မှောင်မိုက်ရာ အရိပ်ထဲတွင် နေခဲ့ရသည်။

သို့သော် အစ်မဖြစ်သူ ဖြစ်ပျက်သမျှ နန်လင်းရှာလည်း ထိုနည်းအတိုင်းပင် ကြုံတွေ့ရမည် ဖြစ်ရာ အချိန်သာ လိုပေသည်။

သူမက အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။

ဖယ်ရှားနှင်ထုတ်ခြင်းကသာ အသက်ရှင်ခွင့် ရနိုင်မည်။

လုပ်ကြံသတ်ဖြတ်ခြင်းကမူ သေခြင်းပင် ဖြစ်သည်။

သနားကရုဏာစိတ်ဟူ၍ တစ်စက်ကလေးမျှ ရှိမနေ။ ဘိုးဘေးနဂါး မြို့တော်ကို ကြာမြင့်စွာ ကတည်းက သန့်ရှင်းရေးလုပ်ခဲ့သင့်သည်။ လွန်ခဲ့သည့် တစ်နှစ်ကတည်းကသာ ထိုသို့ ပြုလုပ်ခဲ့ပါက ထာဝရမြို့တော်ကဖြစ်ရပ်မျိုး ဖြစ်လာစရာ အကြောင်းရှိပါဦးမည်လော…..။

"ဒီမှာ ငါတို့နဲ့ ယှဉ်ပြိုင်နေရုံနဲ့ လီယွင်ဇီ အသက်ရှင်နိုင်မယ်လို့ မင်း ထင်နေတာလား……."

"အခုဆိုရင် သူမက အလောင်းကောင် ဖြစ်နေလောက်ပြီ……."

"ငါတို့ ဗိမာန်ဂိုဏ်းရဲ့ သခင်ဒူချန်းက ကံကြမ္မာရဲ့ အမှန်တကယ် ရွေးချယ်ခံရသူ တစ်ယောက်ပဲ….."

"နင်တို့လို နိမ့်ကျတဲ့ မိန်းမသားတွေက အညံ့ခံဖို့ပဲ ရှိတော့တယ်….." အကြီးအကဲဖန်က လက်သည်းငါးချောင်းကောင်းကင်နဂါးကို ဆင့်ခေါ်ရင်း မထီမဲ့မြင် ပြုံးလိုက်သည်။

နန်လင်းရှာသည် အသက်ရှင်ကျန်ရစ်သူများက သူတို့၏ နဂါးသားရဲများကို ဆင့်ခေါ်နေ သည်ကို မြင်ရသော်လည်း နောက်မဆုတ်ဘဲ နဂါးအုပ်စုဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။ သံမဏိခန်းမက မည်သည့်အချိန်ကတည်းက စတင် တုန်ခါနေသည်ကို သူမ သိရှိပုံမရပေ...

တကယ်တော့ နန်အိမ်တော်တစ်ခုလုံးမှာ ကြီးမားသည့် မြို့တော်တံတိုင်းကြီးကို အမှီပြု ထားခြင်း ဖြစ်သည်။ ထိုတံတိုင်းကြီး တုန်ခါလာသည်နှင့်အမျှ ကျောက်နံရံကြီးမှာ အသက် ဝင်လာပြီး ရှေးဦးနတ်ဘုရားသားရဲအဖြစ် ပြောင်းလဲကာ နန်အိမ်တော်ကို ဝန်းရံလိုက် သည်။

"မလန့်ကြနဲ့၊ ဒါက ပန်းချီအရိပ်သက်သက်ပါ" အကြီးအကဲနန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထိုသို့ ပြောဆိုနေသော်လည်း ထိုပုံရိပ်မှာ လွန်စွာပင် လက်တွေ့ ဆန်လွန်းနေသည်။ မြို့တော်တံတိုင်းကြီးမှာ နဂါးတစ်ကောင် တွားသွားနေသလို ခံစားရ ပြီး၊ ၎င်း၏ နိုးထလာမှုကြောင့် မြို့တော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။

နန်လင်းရှာ ပိုင်ဆိုင်ထားသည့် နတ်ဘုရားအနွယ်ဝင်လူသား၏ စွမ်းအားမှာ ဗိမာန်ဂိုဏ်းမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများပင် တစ်ခါမျှ မကြားဖူးသည့်အရာဖြစ်ရာ၊ မည်သို့လျှင် ရင်ဆိုင် နိုင်ပါ့မည်နည်း…..။

သူတို့မှာ အစကတည်းက သေဒဏ်ပေးခံထားရသကဲ့သို့ပင် ဖြစ်နေတော့သည်။

လီနန်းတော်အတွင်း…….။

ဆိတ်သုဉ်းပြီး လူသူကင်းမဲ့လျက် ရှိ၏။

ဂိုဏ်းဗိမာန်မှ သူရဲကောင်းလေးဦးနှင့်အတူ ဒူချန်းသည် လီယွင်ဇီ၏ ခြံဝင်းဆီသို့ လျှောက် လှမ်းလာကြသည်။ လီခုန်ရှီက ဦးဆောင် လမ်းပြနေပြီး၊ ဒူချန်း၏ ခရီးစဉ်မှာ ဗိမာန်ဂိုဏ်း၏ ကိုယ်စား ရိုးရိုးသားသား လာရောက်လည်ပတ်ခြင်းဟုသာ မှားယွင်းစွာ ထင်မှတ်နေသည်။

"ဒီအမျိုးသမီးတွေရဲ့ အဆောင်တွေကျော်သွားရင် လီယွင်ဇီနေတဲ့ နေရာကို ရောက်ပါပြီ။ သူမက အမြဲတမ်း တစ်ယောက်တည်း နေတတ်ပြီး ခပ်အေးအေးပဲ။ အရေးတကြီး ကိစ္စမရှိ ရင် ကျွန်မတို့ ညီအစ်မတွေ ဘယ်သူမှ အဲဒီကို မသွားကြဘူး။ ဒါပေမဲ့ မကြာသေးခင်ကမှ လီယွင်ဇီရဲ့ ခြံဝင်းထဲမှာ ယောက်ျားတစ်ယောက် လာနေတယ်လို့ ကြားတယ်။ အစောင့် တစ်ယောက်လို့ ပြောကြပေမဲ့ သူ့ပုံစံကို ကြည့်ရတာ လီယွင်ဇီနဲ့ လျှို့ဝှက်ဆက်ဆံရေး ရှိနေတဲ့ ကျူးမင်လန်နဲ့တူတယ်" လီခုန်ရှီက ပြုံးလျက် ပြောလိုက်သည်။

"ကျူးမင်လန်……၊ သူက ဝူထူကနေ ကံကောင်းပြီး ရောက်လာတဲ့ နိမ့်ကျတဲ့ ဒုက္ခသည် တစ်ယောက် မဟုတ်ဘူးလား" ဒူချန်းလည်း ရယ်မောလိုက်သည်။ သို့သော် သူ၏ မျက်ဝန်း တို့မှာ လှောင်ပြောင်နေခြင်း မဟုတ်ဘဲ ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေသည်။

"သခင်၊ သူက အဲဒီကောင်ပါပဲ။ အချိန်တန်ရင် သူ့ကို ကျွန်တော် ကိုင်တွယ်ခွင့် ပေးပါဦး" ထိုအချိန်တွင် ဒူချန်း၏ ဘေးတွင်ရှိသော မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက ပြောသည်။

"သေချာတာပေါ့၊ ဒါပေမဲ့ ဦးလေးတို့အနေနဲ့ နောက်ပိုင်း လီယွင်ဇီကို ဝိုင်းတိုက်တဲ့အခါ သူမ ကို အသက်ရှင်လျက် ထားပေးပါ။ သူမက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သမီး လေးတစ်ပါးလို လှပတဲ့ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတယ်လို့ ကြားထားရလို့ ကျွန်တော် လည်း တစ်ခါလောက် မြည်းစမ်းကြည့်ချင်သေးတယ်" ဒူချန်းက ဆိုသည်။

"သခင် ဒူချန်း….၊ ကျွန်မတို့ စေ့စပ်ထားပြီးပြီလေ၊ ဘယ်လိုလုပ် ဒီလို စကားမျိုး ပြောရက် တာလဲ" လီခုန်ရှီက မျက်နှာနီရဲကာ ကန့်ကွက်လိုက်သည်။

"ဒါက ပြည့်တန်ဆာအိမ် သွားလည်တဲ့အခါ ယောက်ျားတွေ ပြောနေကျ စကားမျိုးပါပဲ၊ ဘာလို့ ဒီလောက်တောင် နူးညံ့သိမ်မွေ့နေရတာလဲ" ဒူချန်းက ပြောလိုက်သည်။

လီခုန်ရှီမှာ ဒေါသထွက်လွန်း၍ သွားများကို ကြိတ်ထားလိုက်ရသည်။

ဤဒူချန်းမှာ လွန်စွာ စည်းကမ်းမဲ့လှ၏။ အနာဂတ်ဇနီးလောင်း၏ ရှေ့မှာပင် မရှက် မကြောက်ပြုမူပြီး၊ မျက်နှာဖုံးစွပ်ထားသည့် နန်လင်းရှာကို တပ်မက်စွာ ကြည့်နေရုံမက၊ ယခုအခါတွင်လည်း ဤမျှ ယုတ်ညံ့သည့် လုပ်ရပ်များကို လုပ်ဆောင်ရန် ကြံစည်နေပေ သည်။

"ဒီမှာ နတ်ဘုရားအနွယ်ဝင်လူသား တစ်ယောက်ရဲ့ အငွေ့အသက်တွေ ရှိနေတယ်" ဗိမာန် ဂိုဏ်း သူရဲကောင်းလေးဦးထဲမှ နဖူးပြင်ကျယ်ကျယ် အရပ်ရှည်ရှည် လူတစ်ယောက်က ရုတ်တရက် ပြောလိုက်၏။ သူသည် အလွန်အရပ်ရှည်ပြီး နဖူးမှာလည်း မောက်ကြွနေ၏။ သာမန်အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ဤမှိုင်းညို့နေသော ရာသီဥတု အောက် တွင် သူသည် အရိုးစုတစ်ကောင်ကဲ့သို့ပင် ထင်မှတ်ရသည်။

"ပြီးတော့ နဂါးထိန်းတစ်ယောက်ရဲ့ အငွေ့အသက်မျိုးလည်း ရှိနေသေးတယ်" သူက အခြားလူများထက် ပို၍ထက်မြက်သော ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်း ရှိဟန်ဖြင့် ဆက် ပြောသည်။

"အခြားအစောင့်တွေတော့ တကယ်ပဲ မရှိတော့ဘူး။ လီယွင်ဇီတစ်ယောက် လီမိသားစု တစ်ခုလုံးက သူမကို စွန့်ပစ်လိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားမိလောက်ဘူး" ဒူချန်းက အံ့ဩဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော် မှတ်မိသလောက်ဆို သူမ ထာဝရမြို့တော်ကနေ ထွက်လာတုန်းက အကြောင်းရင်းတစ်ခုခုကြောင့် သူမရဲ့ စွမ်းအင်အငွေ့အသက်က အတော်လေးကို အားနည်းနေခဲ့တာ" မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက မှတ်ချက်ပြုသည်။

"နတ်ဘုရားအနွယ်ဝင်လူသား တစ်ယောက်အတွက်ကတော့ အခက်အခဲတွေနဲ့ ကပ်ဘေး တွေ ကြုံတွေ့ရတာ သဘာဝပါပဲ။ ဒါပေမဲ့ သခင်၊ သူမကို လျှော့မတွက်ပါနဲ့။ သူမရဲ့ ဒဏ်ရာတွေက အခုဆိုရင် ပျောက်ကင်းသွားလောက်ပြီ၊ သူမရဲ့စွမ်းအားက နဂါးသခင် အဆင့်အောက် မလျော့နည်းနိုင်ဘူး" ပိန်ပိန်ပါးပါး သူရဲကောင်းက ဆိုသည်။

"ဒါဆိုရင် ကျူးမင်လန်ရဲ့ အစွမ်းကရော ဘယ်လိုရှိလဲ" ဗိမာန်ဂိုဏ်း၏ အခြားသူရဲကောင်း တစ်ဦးက ထိုအချိန်တွင် မေးမြန်းလိုက်သည်။

"ဟွန်း... သူက နဂါးစစ်သူကြီး အဆင့်အောက်ပဲ ရှိမှာပါ။ ကျွန်တော် သူ့ကို တစ်ခါက မိုင်ပေါင်းရာချီတိုင်အောင် လိုက်လံတိုက်ခိုက်ခဲ့ဖူးတယ်။ အဲဒီတုန်းက သူက နဂါးထိန်း အကယ်ဒမီထဲကို ထိတ်လန့်တကြားနဲ့ ပြေးဝင်သွားခဲ့တာ" မျက်နှာဖုံး နောက်ကွယ်မှ အမျိုးသားက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ကျူးမင်လန်သည် လီယွင်ဇီ၏ ကိုယ်ပိုင်ခြံဝင်းအတွင်း၌ အမှန်တကယ် နေထိုင်နေသည်ဟု တွေးလိုက်မိသောအခါ မျက်နှာဖုံးစွပ်ထားသူ၏ မျက်နှာမှာ ဒေါသကြောင့် ပေါက်ကွဲလုနီး ပါး ဖြစ်သွားခဲ့သည်။

"အခုဆိုရင်တော့ သူလည်း တိုးတက်မှု အနည်းငယ် ရှိနေလောက်ပါပြီ။ ဒါက နဂါးထိန်း အကယ်ဒမီက လူတချို့ဆီကနေ ကြားသိရတာပါ" လီခုန်ရှီက ဆက်လက် ပြောပြသည်။

"တိုးတက်လာရင်တောင် သူက ကျွန်တော်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ရှေးဟောင်း တောင်တန်းမှာ အသက်နဲ့ရင်းပြီး ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ကျွန်တော် လဲ အရင်လို လူစားမျိုး မဟုတ်တော့ဘူး" မျက်နှာဖုံးစွပ်ထားသူက ဆက်လက်ပြောသည်။

"ဟား ဟား ဟား... မင်းက ကျူးမင်လန်လို့ခေါ်တဲ့ အဲဒီလူငယ်လေးအပေါ်မှာ တကယ်ပဲ ရန်ငြိုးကြီးလှပါလား။ ကောင်းပြီလေ၊ မင်း သူ့ကို နောက်ပိုင်းကျရင် ကိုင်တွယ်လိုက်ပါ" ဒူချန်းက ပြောလိုက်သည်။

All Chapters