← Chapters

အခန်း (၁၄၄၄-၁၄၄၆)

Vol. 97 Ch. 1444-1446

အခန်း (၁၄၄၄-၁၄၄၆)

Vol. 97 Ch. 1444-1446

အခန်း ၁၄၄၄: စူပါဟီးရိုးဝတ်စုံ?

ဒီတိုက်*ပွဲဝတ်စုံက တကယ်အထင်ကြီးစရာကောင်းသည်။

ချင်လင်အတွက် ဒီလိုတိုက်*ပွဲဝတ်စုံမျိုးမလို။ သူက သူ့ဘာသာဖန်တီးလိုခြင်းသာ။

ဘာပဲဖြစ်ဖြစ် အပြင်လူတွေဝတ်ကြမှာမဟုတ်သလို ပြန့်နှံ့သွားမည်လည်းမဟုတ်။ အလွန်ဆုံးမှ မာဟုန်တို့ပဲဝတ်ကြမည်။

ဒါလျှို့ဝှက်ချက်ပေါက်ကြားတယ်လို့ပြောလို့မရဘူးမလား?

ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းကိုညွှန်ကြားလိုက်သောအခါ ချင်းလင်ဓာတ်ခွဲခန်းက အမြန်လှုပ်ရှားသည်။ ဖိုက်ဘာနည်းပညာအဆင်သင့်ရှိသောကြောင့် ဖိုက်ဘာထုတ်ရလွယ်ကူသည်။

တစ်ရက်အကြာ ပါမောက္ခဝမ်က ဖိုက်ဘာများသယ်လာသောဓာတ်ခွဲခန်းလုံခြုံရေးဝန်ထမ်းနှစ်ဦးနှင့်ရောက်ချလာသည်။ ကျည်*ကာပစ္စည်းများပင်။

ချင်လင်ကိုမြင်သောအခါ သူက_

"ဥက္ကဌချင်.. ခင်ဗျားလိုတဲ့ဖိုက်ဘာတွေရပါပြီ... ဒါတွေအားလုံး အထူးဖိုက်ဘာနည်းပညာနဲ့လုပ်ထားတာပါ... တရုတ်သိပ္ပံအကယ်ဒမီကလိုပဲ ဖိသိပ်တဲ့နည်းပညာသုံးထားပါတယ်... ပိုအကြမ်းခံပါတယ်''

"အတွင်းဘက်မှာထားလိုက်ကြပါ!''

ချင်လင်က ဓာတ်ခွဲခန်းဝန်ထမ်းများကို စံအိမ်အတွင်းဘက်လမ်းပြပြီး ဖိုက်ဘာများကိုအလုပ်ခန်းထဲထည့်ခိုင်းသည်။

ထို့နောက် ချင်လင်က ပါမောက္ခဝမ်ကိုတစ်ခုပြောလိုက်သည်။

ဝန်ကြီးလုယူလာသောတိုက်*ပွဲဝတ်စုံက ခလုတ်နှိပ်လိုက်ရင် အရောင်ပြောင်းနိုင်သည်။ အထူးအသံလှိုင်း သို့မဟုတ် ပုံစံတစ်မျိုးမျိုးနှင့် အရောင်ပြောင်းတတ်သော သစ်ပင်၏အချက်အလက်ကိုရှာဖွေရမည်။

ထိုအချက်အလက်က ပုတ်သင်ညို၏ဗီဇအခြေခံသဘောတရားနှင့်ဆင်တူမည်။

ပါမောက္ခဝမ်က ဒီစနစ်ကိုခွဲခြမ်းစိတ်ဖြာပေးမှ သူတိုက်*ပွဲဝင်ဝတ်စုံဖန်တီးနိုင်မည်။

ပါမောက္ခဝမ်က အချိန်ဘယ်လောက်ကြာမည်မသိ။ ဝန်ကြီးလုကိုတိုက်ရိုက်မေးလိုက်ရင်ကောင်းမည်။ နည်းပညာပုံကြမ်းတန်းရရင် သူ့ဘာသာအဖြေရှာနေစရာမလို။

ချင်လင်ဖုန်းဆက်သောအခါ ဝန်ကြီးလုကတန်းမေးသည်_

"သူဌေးချင်.. ဘာဖြစ်လို့လဲ?''

ချင်လင်က သူ့ရည်ရွယ်ချက်ကိုတန်းပြောလိုက်၏_

"ဝန်ကြီးလု.. တိုက်*ပွဲဝင်ဝတ်စုံပေါ်က အထူးခလုတ်တွေရဲ့နည်းပညာကို ကျွန်တော်သုတေသနလုပ်ချင်လို့ပါ''

"ရတာပေါ့.. ငါအခုချက်ချင်းပို့လိုက်မယ်''

ဝန်ကြီးလုက ပြတ်ပြတ်သားသားပြောသည်။

တရုတ်သိပ္ပံအကယ်ဒမီ၏နည်းပညာများကိုတခြားသို့ပေးလေ့မရှိသော်လည်း သူဌေးချင်က ခြွင်းချက်ဖြစ်သည်။

ယခုအခါ သူတို့အထက်လူကြီးများက ဒီသူဌေး ချင်ဆီ သားရဲတိရစ္ဆာန်များစေလွှတ်ပြီး နူးနှပ်၊ယဉ်ပါးအောင်လုပ်ခိုင်းကြသည်။

သူဌေးချင်၏ပါရမီကို သိပ္ပံသုတေသနမှာ အသုံးချသင့်သည်။ သူဌေးချင်က ဒီအပိုင်းတွင် အနှိုင်းမဲ့ပါရမီရှိသူဖြစ်သည်။ အခုသူက ဒီအရာကိုလိုချင်နေသောကြောင့် ပိုအသုံးဝင်မည့်အရာဖန်တီးနိုင်လောက်သည်။

အချိန်ကျလျှင် ထိုအရာက သူတို့အတွက် အသုံးဝင်ပြီး ပြည်သူလူထုအတွက်အသုံးမဝင်ပါက သူဌေးချင်မှာ ပြောရဆိုရလွယ်သူဖြစ်သောကြောင့် နည်းပညာကိုနှမြောတွန့်တိုနေမည်မဟုတ်ပေ။

ပြီးတော့ သူဌေးချင် သူတို့ကိုပေးထားတဲ့နည်းပညာနဲ့ယှဉ်ရင် ဒါကဘာဟုတ်သေးလို့လဲ?

သူဌေးချင်က သူ့အရည်အချင်းကို နည်းမှန်လမ်းမှန်အသုံးချနေသရွေ့ အားလုံးအဆင်ပြေသည်။

ဝန်ကြီးလုက တုံ့ဆိုင်းမနေဘဲတန်းပေးသည်။ မိနစ်ပိုင်းအတွင်း နည်းပညာပုံကြမ်းကို အထူးအီးမေးလ်နှင့်ပို့လိုက်သည်။

ချင်လင်က ပါမောက္ခဝမ်ကိုနည်းပညာပုံကြမ်းပေးလိုက်သောအခါ သူ့လူများနှင့်ပြန်သွားသည်။ ထို့နောက် ချင်လင်ကအလုပ်ခန်းထဲဝင်ပြီး တံခါးလော့ချကာ ဖိုက်ဘာကိုဂိမ်းထဲယူသွားသည်။ အထူးဖိုက်ဘာ၏မှတ်ချက်ကိုလည်းတွေ့ရသည်:

(သေချာဖိသိပ်ထားသောအထူးဖိုက်ဘာဖြစ်သည်။ အကြမ်းခံမှု၊ ကာကွယ်နိုင်မှုနှင့် တခြားအရည်အသွေးများ ပိုအစွမ်းထက်သည်!)

မှတ်ချက်ကြောင့် ချင်လင်အံ့ဩသွားသည်။

ဒီအထူးဖိုက်ဘာနှင့်လုပ်ထားသောတိုက်*ပွဲဝင်ဝတ်စုံက အစွမ်းထက်လွန်းသောကြောင့်ပင်။ သာမန်ပစ္စည်းနှင့်လုံးဝမတူ။

သို့သော် မှတ်ချက်က 'သာမန်'ဟုသာပြနေသည်။

သူကနည်းနည်းပါးပါးတွေးကြည့်ပြီး အကြမ်းဖျင်းသဘောပေါက်သွားသည်။

အရည်အသွေးချင်းတူသော်လည်း တချို့ကအမှိုက်ဖြစ်ပြီး တချို့က အင်မတန်အသုံးဝင်သည်။

အရည်အသွေး ၁ သခွားသီးက အရည်အသွေး ၁ ဂျင်ဆင်းထက်ပိုကောင်းနိုင်မလား?

လုံးဝမဖြစ်နိုင်။

အထူးဖိုက်ဘာမှာ သာမန်အဆင့်သာရှိသော်လည်း 'အထူး' ဟူသောစကားကြောင့် တခြားဖိုက်ဘာများမယှဉ်နိုင်ပေ။

'သာမန်' ဟုဆိုခြင်းမှာ အထူးဖိုက်ဘာအဆင့်အပေါ်သာမူတည်သည်။

အရည်အသွေး ၂ ဖိုက်ဘာတောင် ဒီအထူးဖိုက်ဘာကိုယှဉ်နိုင်မည်မဟုတ်။

ထို့နောက် ချင်လင်က ဝန်ကြီးလုဆီမှယူထားသောအရောင်ပြောင်းပင်မျိုးစေ့ရှာပြီး အာကာသမြေကွက်ထဲစိုက်ထားလိုက်သည်။

အရောင်ပြောင်းပင်မှာ အကြီးမြန်ခြင်းအရည်အသွေးရှိသောကြောင့် မျိုးစေ့စိုက်ပြီးမကြာမီပေါက်လာ၏။

အရောင်ပြောင်းပင်မျိုးစေ့အကြောင်း အပြင်ကိုလျှို့ဝှက်ထားသည်။ ချင်လင်မှလွဲပြီး ဘယ်သူမှမရနိုင်။

ချင်လင်က ခရီးသည်များကိုအာရုံစိုက်ထားသည်။ အရောင်ပြောင်းပင်ကြီးလာချိန်တွင် သူကအတွေးနှင့်ဂိမ်းထဲဝင်ပြီး အရောင်ပြောင်းပင်နှစ်ပင်ကိုဂိမ်းအပြင်ရွှေ့စိုက်သည်။

ဒီနှစ်ပင်မှ သူမျိုးစေ့ယူချင်သည်။

သူမျိုးစေ့ယူနည်းအရ သူလိုချင်ရင်လိုချင်သလောက် တရုတ်သိပ္ပံအကယ်ဒမီထက်ပိုပြီးမျိုးစေ့ရနိုင်သည်။

မကြာမီ ဂိမ်းထဲမှအရောင်ပြောင်းပင်ကြီးလာပြီး လူပုလေးများက အရောင်ပြောင်းပင်ကိုသိမ်းကာ သိုလှောင်ခန်းထဲထည့်လိုက်သည်။

ချင်လင်လည်း ဂိမ်းထဲဝင်ပြီး အရောင်ပြောင်းပင်အရွက်များကိုစယူသည်။ အရွက်များကိုခြင်းလိုက်ခူးပြီး ဂိမ်းအပြင်ထုတ်သည်။

သူ့အလုပ်ခန်းထဲတွင် အရောင်ပြောင်းပင်မှဓာတ်များကိုထုတ်ယူနိုင်သော အထူးစစ်ထုတ်ကိရိယာရှိသည်။

စစ်ထုတ်ခြင်းက အချိန်ယူရသည်။

အရွက်အားလုံးကိုစစ်ထုတ်သောအခါ အချိန်အတော်ကြာသွားပြီး အသုံးချနိုင်သောအရောင်ကို ချင်လင်ယူလိုက်သည်။

ပါမောက္ခဝမ်မှာ နည်းပညာနှင့်ဒီဇိုင်းရှိသောကြောင့် သက်ဆိုင်ရာအချက်အလက်များကို သူကအမြန်ပို့ပေးသည်။

ပစ္စည်းအားလုံးစုံသောအခါ အရောင်ပြောင်းသစ်ရွက်များကိုဂိမ်းထဲယူသွားလိုက်သည်။ ဂိမ်းထဲမှပြန်ထွက်ပြီးနောက် သူ့ဂိမ်းဇာတ်ကောင်အား အထူးဖိုက်ဘာနှင့်အရောင်ပြောင်းဓာတ်ပစ္စည်းများယူပြီး သတ္တုမြို့တော်စက်ပစ္စည်းခန်းမသို့သွားစေသည်။

အခန်း ၁၄၄၅: စူပါဟီးရိုးဝတ်စုံ? ၂

ချည်မျှင်ထုတ်စက်မှာ အထူးစက်တစ်လုံးဖြစ်သော်လည်း အရင်ကသူလုံးဝအသုံးမပြုခဲ့။ ဒီနေ့ အသုံးချရတော့မည်။

(ဒီဖိုက်ဘာတွေထုတ်ဖို့ ချည်မျှင်ထုတ်စက်ကိုအသုံးပြုချင်ပါသလား?)

(သုံးမည်!) (မသုံးပါ!)

ချင်လင်က 'သုံးမည်'ကိုတန်းရွေးလိုက်သည်။

နောက်တစ်ခဏ၌ ရွေးချယ်မှုမျက်နှာပြင်ပေါ်တွင် နောက်ထပ်ဖန်သားပြင်တစ်ခုထပ်ပေါ်လာသည်။ အဝတ်အစားပုံစံနှင့် icon တစ်ခုပင်။ ဖက်ရှင်ကျကျအဝတ်အစားများ၊ ရှေးအဝတ်အစားများ၊ အတိုအပြတ်နှင့်ယောဂဝတ်စုံများတောင်ပါသည်။

ဖိုက်ဘာနှင့်ထုတ်နိုင်သောစတိုင်များဖြစ်ပြီး အရောင်အမျိုးမျိုးရွေးချယ်နိုင်သည်။ စိတ်ကြိုက်ထုတ်နိုင်သည်ဟုဆိုရမည်။

တနည်းပြောရရင် သူရွေးချယ်လိုက်သည့်ပုံအတိုင်းထွက်လာမည်။

သစ်ထုတ်စက်ကဲ့သို့ပင်၊ အောက်ခြေတွင် စိတ်ကြိုက်ဒီဇိုင်းထည့်ပြီးလည်းထုတ်နိုင်သည်။

သူသေချာစဉ်းစားရမည်။

ဂိမ်းထဲကပုံစံကို သူ မရွေး။ အထူးယောဂဝတ်စုံထုတ်ပြီး ဘာလုပ်ရမလဲ?

သူကတွေးတောပြီး ဂိမ်းထဲမှထွက်ကာ ဒီဇိုင်းဝဘ်ဆိုက်ထဲဝင်လိုက်သည်။ ထိုထဲမှ နာမည်ကြီးဖက်ရှင်ဒီဇိုင်းနာကိုရှာပြီးဆက်သွယ်လိုက်၏။

ဒီဇိုင်နာ: "ဟယ်လို.. ဘာအကူအညီလိုလဲ?''

ချင်လင်: ''လုံခြုံရေးယူနီဖောင်းပုံစံထုတ်ပေးပါ!''

ဒီဇိုင်နာ: ''အိုကေ.. လက်ရှိလုံခြုံရေးယူနီဖောင်းပုံစံနဲ့ လိုချင်တဲ့ပုံစံကိုပြောပေးပါ''

ချင်လင်က အချိန်ဆွဲမနေ။ ချင်းလင်အပန်းဖြေစံအိမ်၊လုံခြုံရေးယူနီဖောင်းပုံစံကိုတန်းပို့ပြီး ခေါင်းစွပ်အပါအဝင် ဝတ်စုံပြည့်ဒီဇိုင်းတစ်ခုကိုဆွဲခိုင်းလိုက်သည်။

ယူနီဖောင်းမှာ ခေါင်းစွပ်ထည့်ရင် နည်းနည်းညစ်နွမ်းသလို၊ မသမာပုံပေါက်ပေမဲ့ အရောင်ပြောင်းအာနိသင်က ဖော်လို့မဖြစ်ဘူးမလား?

တစ်ကိုယ်လုံးဖုံးရမည်။

သို့သော် လုံခြုံရေးဝတ်စုံပို့ပြီးတောင်းဆိုလိုက်သောအခါ ဒီဇိုင်နာကပြန်မဖြေတော့။ အအေးမိသွားပုံရသည်။

ချင်လင်က အကြာကြီးစောင့်ပြီး စိတ်မရှည်မှ:

"လိုင်းပေါ်ရှိသေးလား?''

တဖက်က ပြန်မဖြေသေး။

ချင်လင် နည်းနည်းဆွံ့အသွားသည်။ 'ဒီဒီဇိုင်နာက ဖောက်သည်ကိုဘယ်လိုဆက်ဆံတာလဲ? ဒီလိုဒီဇိုင်းမျိုးမဆွဲတတ်ဘူးလား? ဘယ်လိုလုပ်နာမည်ကြီးဒီဇိုင်နာဖြစ်လာတာလဲ?' ဟု သူက စိတ်ထဲမှကြိတ်ပြောလိုက်၏။

သူတွေးတောနေစဉ် ရုတ်တရက် လင်းလန်ဇီဖုန်းဝင်လာသည်။

ချင်လင်ကမျက်မှောင်ကြုတ်ပြီး ဖုန်းကိုင်လိုက်သည်။ လင်းလန်ဇီက ပြောချလာသည်မှာ_

"ဥက္ကဌချင်.. ကျွန်မတို့အာရုံစိုက်ရမယ့်ကိစ္စရှိတယ်... လိုင်းပေါ်မှာလေ ကျွန်မတို့ချင်းလင်အပန်းဖြေစံအိမ်ရဲ့လုံခြုံရေးယူနီဖောင်းအတိုင်း ဒီဇိုင်နာကိုဆွဲခိုင်းတာတဲ့... ခေါင်းစွပ်တောင်ပါတယ်''

"ဒီဇိုင်နာက ကျွန်မတို့လုံခြုံရေးဝတ်စုံကိုမပြောင်းရဲလို့ မီဒီယာဌာနကိုဆက်သွယ်လာတာ... စကားပြောတောင်ပို့ထားသေးတယ်... အဲဒီလူယုတ်မာက ခေါင်းစွပ်ပါထည့်ချင်တာ... လူကောင်းမဖြစ်နိုင်ဘူး''

"စနောက်ရုံသက်သက်ဆို ကိစ္စမရှိဘူး... ဒါပေမဲ့ တခြားလှုပ်ရှားမှုရှိရင် လုံးဝသတိထားရမယ်''

"ကျွတ် ကျွတ်''

ထိုစကားကြောင့် ချင်လင်ကြောင်သွားသည်။

ဒီစကားက သူ့ကိုပြောနေတာမလား?

ဒီဇိုင်နာက သူ့ကိုမသမာလှုပ်ရှားသူထင်လို့ ရုတ်တရက်ပျောက်သွားပြီး ချင်းလင်စံအိမ်ကိုသွားတိုင်တာပေါ့?

သူရယ်ရမလား၊ ငိုရမလား မသိ။

သူက လူဆိုးနဲ့တူနေလို့လား?

ဒါပေမဲ့ ဒါကလည်း လူတွေရဲ့စိတ်ထဲမှာ ချင်းလင်စံအိမ်ကအမြစ်တွယ်နေပုံကို သက်သေပြနေသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုအသေးအဖွဲလေးတောင် ဒီဇိုင်နာက ချင်းလင်စံအိမ်ကိုအသိပေးနေသည်။

"အဲဒါဆို ဒီဇိုင်နာကိုခိုင်းတာ မန်နေဂျာချန်ပေါ့... သိပြီ.. ကျွန်မစာပြန်ခိုင်းလိုက်မယ်!''

လင်းလန်ဇီလည်းပြုံးပြီး ဖုန်းချလိုက်သည်။ လုံခြုံရေးဌာနကိစ္စကို သူမသိပ်ဂရုမစိုက်။

ဘာပဲဖြစ်ဖြစ် လုံခြုံရေးဌာနဝန်ထမ်းအများစုက စစ်မှုထမ်းဟောင်းများ၊ မာဟုန်တို့လိုအထူးပုဂ္ဂိုလ်များမှန်း သူမသိသည်။ မလိုအပ်ရင် သူမဝင်မပါချင်။

ဒါပေမဲ့ ချန်တပေဘာလုပ်ချင်မှန်း သူမနားမလည်။ ယူနီဖောင်းပြောင်းဖို့ ဘာလို့ဒီဇိုင်နာရှာရတာလဲ? ခေါင်းစွပ်ဘာလို့ထည့်ရတာလဲ? တစ်ကိုယ်လုံးကိုပတ်ချင်တာလား?

လုံခြုံရေးမန်နေဂျာက ဒီလိုမဖွယ်မရာတွေလုပ်တတ်မှန်း သူမလုံးဝမသိခဲ့။

သို့သော် ဒီလိုကိစ္စမျိုးကို သူမထုတ်မမေး။ အတွင်းရေးမှူးကိုဖုန်းပြန်ဆက်ပြီး ဒီဇိုင်နာအားကျေးဇူးတင်ကြောင်းပြောခိုင်းလိုက်သည်။

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

"အင်း.. အနှောင့်အယှက်ပေးရတာ အားနာပါတယ်''

ချင်လင်ကခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။

ဒီဇိုင်နာက နာမည်ကြီးလည်းကြီးလောက်စရာ။ နေ့ဝက်မပြည့်ခင် ပုံကြမ်းပို့လာသည်။

ဒီဇိုင်နာ: ''မန်နေဂျာချန်.. ဒီဒီဇိုင်းကိုသဘောကျရဲ့လား?''

လုံခြုံရေးယူနီဖောင်းဒီဇိုင်းမှာ လိုအပ်ချက်ရှိသည်ဟု ချင်လင်မထင်။ ဘာပဲဖြစ်​ဖြစ် သူဝတ်မှာမဟုတ်။ ချင်းလင်ရှုမျှော်ခင်းတံဆိပ်ပါရင် အဆင်ပြေသည်။

ဒီတော့ သူသဘောကျတာသေချာပြီ။ သူက လုံခြုံရေးယူနီဖောင်းကိုလက်ခံပြီး ငွေပေးချေလိုက်၏။

ပုံကြမ်းကို download ဆွဲပြီးနောက် ချက်ချင်းမိတ္တူထုတ်ကာ ဂိမ်းထဲပြန်ယူသွားသည်။ ထို့နောက် ဂိမ်းအပြင်ပြန်ထွက်ပြီး သူ့ဂိမ်းဇာတ်ကောင်အား ချည်မျှင်ထုတ်စက်သုံးစေသည်။

ဒီတစ်ကြိမ်တွင် လုံခြုံရေးယူနီဖောင်းဒီဇိုင်းကို ဒီဇိုင်းရွေးချယ်သည့်အကွက်ထဲထည့်ပြီး အမည်းရောင်ရွေးလိုက်သည်။

တကယ်တော့ ချင်းလင်ရှုမျှော်ခင်းလုံခြုံရေးဝတ်စုံက အပြာရောင်ဖြစ်သည်။

သို့သော် အမည်းကပိုမိုက်သည်ဟုသူထင်သည်။ သူလုပ်မည့်လုံခြုံရေးဝတ်စုံက ရှုမျှော်ခင်းနှင့်ဘာမှမဆိုင်သောကြောင့် စတိုင်ချင်းတူစရာမလို။

ရွေးချယ်ပြီးနောက် 'အတည်ပြုမည်'ကိုနှိပ်လိုက်ရာ နောက်ထပ်စာတစ်ကြောင်းတန်းထွက်လာသည်။

(ချည်မျှင်ထုတ်စက်လည်ပတ်နေပါသည်။ ခဏစောင့်ပါ။)

ထို့ကြောင့် ချင်လင်လည်းစောင့်နေသည်။ မကြာမီ စနစ်အသိပေးစာတက်လာပြန်၏:

(ဂုဏ်ယူပါတယ်... လုံခြုံရေးယူနီဖောင်းပြီးပါပြီ!)

ချင်လင်က အထူးဖိုက်ဘာနှင့်အရောင်ပြောင်းဓာတ်ကိုတန်းကြည့်လိုက်သည်။ လုံခြုံရေးဝတ်စုံဆယ်စုံမကလုပ်နိုင်လိမ့်မည်။

သူကတုံ့ဆိုင်းမနေဘဲ သူ့ဂိမ်းဇာတ်ကောင်အား ကျန်ပစ္စည်းများနှင့် လုံခြုံရေးဝတ်စုံလုပ်ခိုင်းလိုက်သည်။

လုံခြုံရေးယူနီဖောင်းများလုပ်ပြီးနောက် သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံထဲတန်းပြန်စေသည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

ဝန်ကြီးလုယူလာသောစ*စ်ယူနီဖောင်းနှစ်စုံကိုတွေးမိပြီး လုံခြုံရေးဝတ်စုံကိုလည်း သူမျှော်လင့်မိသည်။

ဂိမ်းထဲဝင်ပြီးနောက် လုံခြုံရေးယူနီဖောင်းမှတ်ချက်များကို ချင်လင်ဖတ်လိုက်သည်:

(အထူးလုံခြုံရေးယူနီဖောင်း: သာမန်)

(အထူးပစ္စည်းနှင့်လုပ်ထားသောလုံခြုံရေးယူနီဖောင်းဖြစ်သည်။ ထိုပစ္စည်းမှာ အထူးဖိသိပ်ထားသောဖိုက်ဘာဖြစ်သည်။ ထူးထူးခြားခြားအရောင်ပြောင်းနိုင်ပြီး ကာကွယ်ပေးနိုင်သောအစွမ်းရှိသည်။ ဖိုက်ဘာ၏အကြမ်းခံနိုင်မှု၊ ကာကွယ်နိုင်မှုက သာမန်ချည်သားထက်အများကြီးသာသည်။)

သာမန်အရည်အသွေးသာဖြစ်သော်လည်း မှတ်ချက်အရ လုံခြုံရေးယူနီဖောင်းမှာ ဝန်ကြီးလုယူလာသောစ*စ်ယူနီဖောင်းလိုကာကွယ်ရေးအာနိသင်မျိုးရှိသည်။

သူကဓားထုတ်ပြီး လုံခြုံရေးယူနီဖောင်းကိုဖြဲကြည့်သည်။

ဓားကအလွန်ထက်သော်လည်း ပိတ်စမှာအရာမထင်။ အတော်အကြမ်းခံနိုင်သည်။

ထို့နောက် လုံခြုံရေးယူနီဖောင်း၏အရောင်ပြောင်းနိုင်စွမ်းကိုစမ်းကြည့်သည်။ ခလုတ်ကိုနှိပ်ကြည့်ရာ ဝန်ကြီးလုယူလာသောနှစ်ထည်နှင့်မခြားကြောင်းတွေ့ရသည်။

ထို့နောက် တခြားအထည်များကို ချင်လင်ကြည့်လိုက်သည်။

(အထူးလုံခြုံရေးယူနီဖောင်း: သာမန်)

(အထူးလုံခြုံရေးယူနီဖောင်း: သာမန်)

(အထူးလုံခြုံရေးယူနီဖောင်း: သာမန်)

(အထူးဖိုက်ဘာနှင့်လုပ်ထားသောလုံခြုံရေးယူနီဖောင်းဖြစ်သည်။ မျိုးပြောင်းပစ္စည်းကြောင့် အထူးအာနိသင်ရှိသည်:

အကာအကွယ် +၁၊ အရောင်ပြောင်းပြီးကွယ်ဝှက်နိုင်စွမ်း +၁!)

မှတ်ချက်ဖတ်ပြီး ချင်လင်မျက်စိကျယ်သွားသည်။ ထင်ထားသည့်အတိုင်း ပိုကောင်းသောအရည်အသွေးတစ်ခု မတော်တဆထွက်လာ၏။

သူကလုံခြုံရေးဝတ်စုံကိုချက်ချင်းစမ်းဝတ်ကြည့်ရာ ခလုတ်နှိပ်လိုက်သည်နှင့်တပြိုင်တည်းလိုလို လုံခြုံရေးဝတ်စုံအရောင်ပြောင်းသွားသောကြောင့် သူအံ့ဩသွားသည်။

အထူးသဖြင့် လုံခြုံရေးယူနီဖောင်း၏အရောင်ပြောင်းနိုင်စွမ်းနှင့်ကွယ်ဝှက်နိုင်စွမ်းက ပိုကောင်းသည်။ ဝန်ကြီးလုယူလာသောဝတ်စုံထက်အများကြီးသာသည်။ သူသာလက်ထဲမှာလုံခြုံရေးယူနီဖောင်းကိုင်မထားရင် သူ့ကိုဘယ်သူမှသတိထားမိမှာမဟုတ်။

သူကလှုပ်ရှားကြည့်ရာ လှုပ်ရှားလိုက်ရင် အရောင်ပြောင်းနိုင်စွမ်းက ပိုမြန်လာသည်။

အကာအကွယ် +၁ အရည်အသွေးက ဝန်ကြီးလုယူလာသောနှစ်စုံထက်ပိုကောင်းသည်။

ဒီအစွမ်းက စူပါဟီးရိုးဝတ်စုံတွေမှာတောင်သုံးလို့ရတယ်ဟုတ်?

အခန်း ၁၄၄၆: လုံခြုံရေးယူနီဖောင်း!

ဝန်ကြီးလုစ*စ်ယူနီဖောင်း၏ကာကွယ်နိုင်စွမ်း၊ မာကြောမှုနှင့် အရောင်ပြောင်းအာနိသင်တင် ကောင်းလှပြီ။

အခု အဆင့် ၁ လုံခြုံရေးယူနီဖောင်းက ဒီအပိုင်းမှာပိုကောင်းနေသည်။ ရုပ်ရှင်ထဲကစူပါဟီးရိုးဝတ်စုံတောင်ဖြစ်နိုင်တယ်မလား?

ပွင့်ပွင့်လင်းလင်းပြောရရင် အရင်ကစပိုက်ဒါမန်းဝတ်စုံက ဒီလောက်မစွမ်းနိုင်ဘူးဟုတ်?

ချင်လင်ကတွေးတောရင်း တခြားလုံခြုံရေးယူနီဖောင်းများ၏မှတ်ချက်ကိုကြည့်လိုက်သည်။

(အထူးလုံခြုံရေးယူနီဖောင်း: သာမန်!)

(အထူးလုံခြုံရေးယူနီဖောင်း: သာမန်!)

(အထူးလုံခြုံရေးယူနီဖောင်း: အရည်အသွေး ၁!)

လုံခြုံရေးယူနီဖောင်းမှတ်ချက်များကို ချင်လင်ဖတ်ပြီးသွားသည်။ အရည်အသွေး ၁ နောက်တစ်ထည်ပါသည်။ ဆယ်စုံကျော်တွင် အရည်အသွေး ၁ နှစ်ထည်ပါသောကြောင့် ဖြစ်နိုင်ခြေအလွန်များသည်။

သူက အရည်အသွေး ၁ လုံခြုံရေးယူနီဖောင်းကိုကောက်ပြီး ဝတ်ကြည့်ချင်သော်လည်း အဓိကပြဿနာတစ်ခုရှိနေသည်။ အဝတ်အစားမှာတိတိကျကျဆိုဒ်မရှိသောကြောင့် မတော်နိုင်။

သို့ရာတွင် အရည်အသွေး ၁ ယူနီဖောင်းကိုစမ်းဝတ်ကြည့်သောအခါ ကွက်တိဖြစ်နေသည်။ ဆိုဒ်က အနေတော်ပင်။

တနည်းပြောရရင် သူ့လိုအရပ်အမောင်းနှင့်ကြွက်သားရှိသူများအတွင်သင့်တော်မည်။

ဒါဆို မာဟုန်တို့လည်းတော်မည်။

ချင်လင်က လုံခြုံရေးယူနီဖောင်းဝတ်ပြီး မွေးမြူရေးခြံအိမ်ထဲလျှောက်သွားသည်။ မှန်ရှေ့ရောက်သောအခါရပ်ပြီး အထဲမှပုံရိပ်ကိုကြည့်လိုက်၏။

လုံခြုံရေးယူနီဖောင်းနှင့်သူ့ကိုယ်သူကြည့်ရင်း မလိုက်သလိုခံစားရသောကြောင့် ယူနီဖောင်းပေါ်မှခလုတ်ကိုနှိပ်လိုက်သည်။

ထို့နောက် ယူနီဖောင်းကအရောင်ပြောင်းပြီး သူပျောက်သွားသည်။

မှန်ရှေ့မှာတောင် အလင်းမပြန်နိုင်။ ခေါင်းမှာ ဖော်ထားသောကြောင့်သာမြင်ရသည်။

ခေါင်းစွပ်က မသမာပုံပေါက်သောကြောင့် သူမဝတ်ချင်။

သို့သော်လည်း ကိုယ်ဖျောက်နိုင်စွမ်းက တကယ်အံ့ဩစရာကောင်းသည်။

ပြီးလျှင် ချင်လင်က လုံခြုံရေးယူနီဖောင်းချွတ်ပြီး သူ့အဝတ်အစားပြန်ဝတ်လိုက်သည်။ ထို့နောက် လုံခြုံရေးယူနီဖောင်းအားလုံး ဂိမ်းထဲမှထုတ်လိုက်၏။

မာဟုန်တို့ကို လုံခြုံရေးယူနီဖောင်းပေးဖို့သူမလော။ အချိန်ခဏစောင့်ရဦးမည်။ ဘာပဲဖြစ်​ဖြစ် သူ့မှာပစ္စည်းရှိပြီး အဝတ်အထည်ဖန်တီးရင် အချိန်ယူရလိမ့်မည်။

ထို့ကြောင့် လေးငါးရက်ကြာပြီးမှ ချင်လင်က လုံခြုံရေးယူနီဖောင်းကို မာဟုန်တို့အားပေးလိုက်သည်။

မာဟုန်တို့မှာ တာဝန်မရှိလျှင် အပန်းဖြေစံအိမ်လေ့ကျင့်ခန်းထဲရှိနေတတ်သည်။

အားဖြည့်ဆေးရည်သုံးထားသောကျွမ်းလုံနှင့်လီရှန်လည်းရှိသည်။

မာဟုန်တို့က သူတို့နှစ်ယောက်ကိုအားကျနေသည်။

မာဟုန်ပေကျင်းပြန်စဉ်က အားဖြည့်ဆေးရည်သုံးရန်လျှောက်လွှာတင်ခဲ့သည်။ သူ့လျှောက်လွှာအောင်မြင်သော်လည်း အားဖြည့်ဆေးရည်သုံးချင်သောအထူးဌာနနှင့်ဒေသဆိုင်ရာဌာနများစွာရှိသောကြောင့် အလှည့်ကျစောင့်ရသည်။

လျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းထား၍ အထက်လူများက အားဖြည့်ဆေးရည်ကိုကျယ်ကျယ်ပြန့်ပြန့်သုံးခွင့်မပေး။ အတိုင်းအတာတစ်ခုအတွင်းသာသုံးရသည်။

သို့သော် မကြာမီ သူ့အလှည့်ရောက်တော့မည်။

အခုတော့ ကျွမ်းလုံတို့ဝတ်ထားသောစ*စ်ယူနီဖောင်းကိုအားကျနေရသည်။ ဒီလိုကာကွယ်မှုအစွမ်းနှင့်ကိုယ်ပျောက်သောဝတ်စုံမျိုးကို ပထမဆုံးမြင်ဖူးခြင်းပင်။

ဖြစ်ချင်တော့ ဒီနှစ်စုံက ကျွမ်းလုံနှင့်လီရှမ်အတွက်သာဖြစ်သောကြောင့် သူတို့အသုံးပြုခွင့်မရှိ။

ထိုအချိန်တွင် ချင်လင်က အဝတ်အစားအိတ်နှင့်လျှောက်လာသည်ကို မာဟုန်တို့တွေ့ရသည်။

"ဥက္ကဌချင်!''

မာဟုန်တို့က ချက်ချင်းတရိုတသေနှုတ်ဆက်သည်။

ချင်လင်ကို ဂုဏ်ကြောင့်၊ငွေကြောင့် လေးစားခြင်းမဟုတ်။ ချင်လင်၏အရည်အချင်းနှင့်ကိုယ်ကျင့်တရားကြောင့်လေးစားခြင်းသာဖြစ်သည်။

အထူးဌာနအဖွဲ့ဝင်တစ်ဦးဖြစ်သောသူ့ကို ချင်းလင်အပန်းဖြေစံအိမ်ကာကွယ်ရန်လွှတ်ထားသောကြောင့် ဒီဥက္ကဌချင်မှာ လေးစားစရာတွေအများကြီးရှိကြောင်း သူသိသည်။

သူတို့မျှော်လင့်တောင့်တနေသောအားဖြည့်ဆေးရည်ကိုတောင် ဒီဥက္ကဌချင်ဖော်ထုတ်ထားခြင်းဖြစ်သည်။

ဒီလိုကောင်းသောပစ္စည်းမျိုး တခြားတစ်ယောက်မှာသာရှိရင် သူတို့ဘာသာသုံးဖို့ ဒါမှမဟုတ် သူတို့မိသားစုဝင်နှင့်ပတ်သက်ရာပတ်သက်ကြောင်းလူများသုံးဖို့ဝှက်ထားမှာသေချာသည်။ ဆုရရမရရ လှူဒါန်းမည်မဟုတ်။

ဒါ အခြေခံအကျဆုံးလူ့သဘာဝပင်။

ဒီလိုလူသားဆန်မှုကိုဖယ်ရှားနိုင်ရင် သူတော်စင်နီးပါးဖြစ်သွားမည်။

ဒါက မာဟုန်တို့အတွေးသက်သက်သာ။ ချင်လင်ကမူ အကွက်ရွှေ့ထား၍ သူစိတ်ရှိသလောက်သုံးနိုင်လေသည်။

ချင်လင်ကလျှောက်လာပြီး လုံခြုံရေးယူနီဖောင်းအိတ်ကိုကြမ်းပေါ်ချလိုက်သည်။ ထို့နောက် မာဟုန်တို့ဘက်လှည့်ပြီး_

"ခေါင်းဆောင်မာ.. ခင်ဗျားတို့ ဒီအဝတ်တွေဝတ်ကြည့်ပါဦး''

လုံခြုံရေးယူနီဖောင်းကိုကြည့်ပြီး မာဟုန်အံ့ဩသွားသည်။

ဘာထူးခြားလို့လဲ? သူတို့ကလုံခြုံရေးယူနီဖောင်းဝတ်ထားတာပဲ။ ဒါပေမဲ့ ပုံမှန်အရောင်။ ဥက္ကဌချင်ယူလာတာက အမည်းရောင်တွေ။

ထို့ကြောင့် ဖြစ်နိုင်ခြေရှိသည်ကိုစဉ်းစားမိသည်။

ဘာပဲဖြစ်ဖြစ် ဥက္ကဌချင်က အကြောင်းအရင်းမရှိဘဲ၊ လုံခြုံရေးယူနီဖောင်းကမထူးခြားဘဲ ဝတ်ခိုင်းမှာမဟုတ်။

တခြားလူသာဆိုရင် ဒီလိုဝတ်စုံမျိုးကို သူတို့ဘာသာဖန်တီးနိုင်မည်မဟုတ်သော်လည်း ဥက္ကဌချင်နှင့်ချင်းလင်ဓာတ်ခွဲခန်းက မတူ။

ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာနည်းပညာများ၊ပစ္စည်းများက ချင်းလင်ဓာတ်ခွဲခန်းမှအခြေခံလာခြင်းပင်။

မာဟုန်က လုံခြုံရေးယူနီဖောင်းအမြန်ဝတ်ပြီး ခါးပေါ်မှခလုတ်ကိုနှိပ်လိုက်သည်။ ယူနီဖောင်းကအရောင်ပြောင်းပြီး ပျောက်သွား၏။

ဗုဒ္ဓေါ! မာဟုန်ပျောက်သွားပြီ။

စ*စ်ယူနီဖောင်းဝတ်ထားသောကျွမ်းလုံနှင့်လီရှန်က ထိုမြင်ကွင်းကိုစိတ်ဝင်စားသွားသလို လုံခြုံရေးဝန်ထမ်းများလည်းစိတ်ဝင်စားသွားသည်။

စောစောကပဲ ကျွမ်းလုံနဲ့လီရှန်ရဲ့စ*စ်ယူနီဖောင်းကိုအားကျနေသေးတာ။ မျက်စိတစ်မှိတ်အတွင်း ဒီလောက်ဝတ်စုံအများကြီးကို ဥက္ကဌချင်ယူလာမယ်လို့ဘယ်ထင်မလဲ?

လုံခြုံရေးဝန်ထမ်းများနှင့်တူနေသည်သာကွာသည်။

သို့သော် လက်ရှိရှုမျှော်ခင်းနေရာတွင်လုံခြုံရေးဝန်ထမ်းများအဖြစ်နေရသောကြောင့် သူတို့အခြေအနေနှင့်လိုက်ဖက်သည်။

တဖက်တွင် ဥက္ကဌချင်ကို တကယ်လေးစားမိသည်။ ဒီလောက်အချိန်တိုအတွင်း ဒီလုံခြုံရေးယူနီဖောင်းကိုဖန်တီးနိုင်သည်။

မာဟုန်က တခြားလူများကိုချက်ချင်းအဝတ်အစားယူပြီး အဝတ်လဲခန်းထဲဝင်လဲခိုင်းသည်။

မကြာမီ သူတို့က အမည်းရောင်လုံခြုံရေးယူနီဖောင်းဝတ်ပြီး ခါးပေါ်မှခလုတ်ကိုနှိပ်လိုက်သည်။ ခဏအကြာ တစ်ယောက်စီ၏လုံခြုံရေးယူနီဖောင်းက အရောင်ပြောင်းပြီး ပျောက်သွားသည်။

မာဟုန်တို့က သူတို့လုံခြုံရေးဝတ်စုံကိုသတိမထားမိသော်လည်း ကျွမ်းလုံနှင့်လီရှန်က သေချာမြင်ရသည်။ သူတို့ထဲမှလုံခြုံရေးဝတ်စုံတချို့ကတခဏချင်းအရောင်ပြောင်းပြီး မမြင်ရတော့။

ထိုအရှိန်က သူတို့စ*စ်ယူနီဖောင်းထက်ပိုမြန်ပြီး သူတို့ဘေးမှလုံခြုံရေးဝန်ထမ်းနှစ်ယောက်က တပြိုင်တည်းဖြစ်သည်။

ကျွမ်းလုံနှင့်လီရှန်က ထိုနှစ်ယောက်ကိုချက်ချင်းပြောလိုက်သည်_

"မင်းတို့ဝတ်ထားတဲ့လုံခြုံရေးယူနီဖောင်းက မတူဘူး!''

"ဟုတ်တယ်.. သူဝတ်ထားတဲ့လုံခြုံရေးယူနီဖောင်းက ချက်ချင်းအရောင်ပြောင်းပြီးပျောက်သွားတာ''

ထို့ကြောင့် မာဟုန်တို့က ထိုနှစ်ယောက်ကိုကြည့်လိုက်သည်။

သူတို့နှစ်ယောက်က သူတို့ခန္ဓာကိုယ်မှာဘာထူးခြားနေမှန်းမသိကြ။

"မတူဘူးလား?''

"ဥက္ကဌချင်.. ဒီလုံခြုံရေးယူနီဖောင်းက ထူးခြားလို့လား?''

ချင်လင်ကချက်ချင်းခေါင်းညိမ့်ပြီး_

"အင်း.. အဲဒီနှစ်စုံက ကျွန်တော်အထူးချုပ်ထားတာ... ပိုအကြမ်းခံပြီး အရောင်ပြောင်းနိုင်စွမ်းပိုမြင့်တယ်''

ချင်လင်ကအတည်ပြုလိုက်သောကြောင့် မာဟုန်တို့က ချက်ချင်းစမ်းသပ်ကြည့်သည်။ ပထမအနေနှင့် အရောင်ပြောင်းနိုင်စွမ်းကိုစမ်းသပ်သည်။ ကျွမ်းလုံတို့တခြားလုံခြုံရေးဝန်ထမ်းများနှင့်နှိုင်းယှဉ်ကြည့်သည်။

ကွာခြားချက်က ခလုတ်နှိပ်လိုက်သည်နှင့်တပြိုင်တည်းလိုလိုပင်။

ကျွမ်းလုံ၏စ*စ်ယူနီဖောင်းနှင့်လုံခြုံရေးဝန်ထမ်း၏လုံခြုံရေးယူနီဖောင်းပြောင်းလဲနှုန်းအရှိန်က တထပ်တည်းနီးနီးတူသည်။

သို့သော် အရည်အသွေး ၁ လုံခြုံရေးယူနီဖောင်းကမူ တခဏချင်းပြောင်းလဲသွားသည်။

ကွာခြားမှုက သာမန်မျက်စိနှင့်မြင်ရလောက်အောင်သိသာသည်။

ထို့ကြောင့် မာဟုန်တို့က အကြိမ်ကြိမ်စမ်းသပ်ပြီးအတည်ပြုလိုက်သည်။

ကျွမ်းလုံ၏စ*စ်ယူနီဖောင်းနှင့်လုံခြုံရေးဝန်ထမ်း၏လုံခြုံရေးယူနီဖောင်းပြောင်းလဲနှုန်းအရှိန်က ထိုနှစ်ယောက်ထက်ပိုနှေးနေသောကြောင့် အံ့ဩစရာကောင်းနေသည်။

ထိုနှစ်ယောက်၏လုံခြုံရေးယူနီဖောင်းက အဆင့်ပိုမြင့်သည်။

ကျွမ်းလုံနှင့်လီရှန်က အမှတ်တမဲ့ရှေ့တိုးပြီး ထိုနှစ်ယောက်ယူနီဖောင်း၏အကြမ်းခံနိုင်စွမ်းနှင့် သူတို့စ*စ်ယူနီဖောင်းအကြမ်းခံနိုင်စွမ်းကိုနှိုင်းယှဉ်ကြည့်သည်။

သူတို့နှိုင်းယှဉ်ကြည့်ပုံက ရှင်းသည်။ ရိုးရိုးနည်းနှင့်အကြမ်းနည်းရှိသည်။

ဓားထုတ်လိုက်ရုံသာ။

ခဏအကြာ ကျွမ်းလုံနှင့်လီရှန်က ထိုနှစ်ယောက်၏လုံခြုံရေးယူနီဖောင်းမှာ သူတို့စ*စ်ယူနီဖောင်းထက်အများကြီးပိုအကြမ်းခံကြောင်းသိလိုက်ရသည်။

ဒါ...

အရင်က ဒီစ*စ်ယူနီဖောင်းကို သူတို့အရမ်းဂုဏ်ယူခဲ့သည်။ ဘာပဲဖြစ်ဖြစ် ပထမဆုံးအသုတ်မှာ ဒီစ*စ်ယူနီဖောင်းနှစ်စုံသာရှိပြီး တစ်ကမ္ဘာလုံးပြေးကြည့်ရင်တောင် ဒီလိုယူနီဖောင်းမျိုးမရှိ။

တခြားသူတွေ ဒီလိုယူနီဖောင်းမျိုးဝတ်ချင်ရင်တောင်မဝတ်နိုင်။ မာဟုန်တို့အားကျနေတာသာကြည့်!

အခုတော့ သူတို့စ*စ်ယူနီဖောင်းက လုံခြုံရေးဝန်ထမ်းတချို့၏ယူနီဖောင်းနှင့်သာယှဉ်နိုင်တော့သည်။ အဓိကက ထိုနှစ်ယောက်လိုမကောင်းခြင်းပင်။

ရုတ်တရက် သူတို့စ*စ်ယူနီဖောင်းက အနံ့အသက်မကောင်းတော့သလိုခံစားရသည်။

လုံခြုံရေးဝန်ထမ်းနှစ်ယောက်လိုယူနီဖောင်းမျိုး သူတို့ဝတ်ချင်သည်။

အားဖြည့်ဆေးရည်အစွမ်းရှိတဲ့သူတို့ခန္ဓာကိုယ်က ဒီလုံခြုံရေးနှစ်ယောက်ထက်ပိုပြီး စူပါဟီးရိုးဆန်တယ်မလား?

စပိုက်ဒါမန်းနေရာဝင်လို့မရပေမဲ့ ညတစ္ဆေလောက်တော့ရမယ်ဟုတ်?

ဘာပဲဖြစ်ဖြစ် ညတစ္ဆေက သူတို့လိုမသန်စွမ်းနိုင်၊ အတိုက်အခိုက်က သူတို့လောက်မကောင်းနိုင်။

ချင်လင်ယူလာသောလုံခြုံရေးယူနီဖောင်းကြောင့် မာဟုန်တို့လုံးဝအံ့ဩရသည်။

ဘာပဲဖြစ်ဖြစ် ကျွမ်းလုံနှင့်လီရှန်၏စ*စ်ယူနီဖောင်းကြောင့်အံ့ဩနေစဉ် ဥက္ကဌချင်က လုံခြုံရေးယူနီဖောင်းများ ရုတ်တရက်လာချသည်မဟုတ်ပါလော?

မာဟုန်တို့စမ်းကြည့်ပြီးမှ ချင်လင်က_

"ခေါင်းဆောင်မာ.. ဒီလုံခြုံရေးဝတ်စုံတွေကို ကျွန်တော်ကြည့်လုပ်ထားပေမဲ့ ဖြန့်ချိလို့ရမယ်မထင်ဘူး... အဲဒါကြောင့် ခင်ဗျားတို့ကိုပေးလိုက်မယ်''

"ကောင်းပါပြီ ဥက္ကဌချင်''

မာဟုန်ကနည်းနည်းအံ့ဩနေသော်လည်း ချက်ချင်းပြန်ဖြေလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဥက္ကဌချင်က သာမန်ကာလျှံကာပြောသော်လည်း အဲဒီထက်ပိုကောင်းနေသည်။

ဥက္ကဌချင်ဆိုတဲ့အတိုင်းပဲ။

ချင်လင်ထွက်သွားသောအခါ မာဟုန်က လုံခြုံရေးဝန်ထမ်းများဘက်လှည့်ပြီး_

"ဒီလုံခြုံရေးယူနီဖောင်းတွေကိုအလှည့်ကျဝတ်ရအောင်... ချင်းလင်ဓာတ်ခွဲခန်းက ညီအစ်ကိုတွေနဲ့လည်း မျှသုံးရမယ်''

ဝန်ကြီးလု သူတို့ကိုပို့လိုက်တာ ချင်းလင်အပန်းဖြေစံအိမ်ကိုကာကွယ်ဖို့တင်မဟုတ်၊ ချင်းလင်ဓာတ်ခွဲခန်းကိုလည်း အာရုံစိုက်ရသည်။

သို့သော် ချင်းလင်ဓာတ်ခွဲခန်းအတွင်းပိုင်းကို သူတို့မဝင်။ မယဉ်ကျေးရာကျပြီး အထင်လွဲခံရမှာစိုးသည်။

ထို့ကြောင့် သူတို့က ချင်းလင်ဓာတ်ခွဲခန်းကိုအပြင်ပိုင်းကိုသာအာရုံစိုက်ထားသည်။

သံသယရှိသူဘယ်မဆို ချင်းလင်ဓာတ်ခွဲခန်းထဲဝင်ခွင့်မပေးရင် ကာကွယ်ရာရောက်သည်။

ထို့နောက် မာဟုန်ကတစ်ခုတွေးမိပြီး ဖုန်းထုတ်ကာ ကျွမ်းလုံတို့ကိုဆက်လိုက်သည်။

ဥက္ကဌချင်လုပ်ထားသောလုံခြုံရေးယူနီဖောင်းအကြောင်း ဝန်ကြီးလုကိုပြောပြရန် ဗီဒီယိုရိုက်ထားရမည်။

ဘာပဲဖြစ်ဖြစ် ဥက္ကဌချင်နှင့်ချင်းလင်ကုမ္ပဏီကိုကာကွယ်နေသည့်ကာလအတွင်း ဒီတာဝန်လည်းရှိသည်။

ဒီစ*စ်ယူနီဖောင်းကို ဥက္ကဌချင်အဆင့်မြှင့်လိုက်တာ ပေါ့သေးသေးကိစ္စမဟုတ်။

ပေကျင်း_

ဝန်ကြီးလုလည်း စ*စ်ယူနီဖောင်းကိုအာရုံစိုက်နေသည်။ ဘာပဲဖြစ်ဖြစ် စ*စ်ယူနီဖောင်းအသင့်ဖြစ်ရင် ရှေ့လျှောက်အ​မြောက်အများထုတ်ရတော့မည်။ အနည်းဆုံးတော့ အထူးတ*ပ်ဖွဲ့ဝင်များကိုဆင်ပေးရမည်။

သူဓာတ်ခွဲခန်းမှထွက်ခါစတွင် မာဟုန်ဖုန်းဆက်လာသည်။

သူကချက်ချင်းဖုန်းကိုင်လိုက်၏။ သူဌေးချင်ဘက်မှာတစ်ခုခုထူးရင် သူ့ကိုအစီရင်ခံဖို့ မာဟုန်ကိုသူမှာထားသည်!

ဖုန်းထဲမှမာဟုန်အသံထွက်လာ၏။ မာဟုန်စကားကိုကြားလိုက်ရသောအခါ သူအံ့ဩသွားလေသည်။

All Chapters