← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း (၂၁၈) မင်း ကျားစာဖြစ်သွားပြီလို့ ငါတို့ ထင်နေကြတာ

အရှေ့မြောက်ကျား တောင်စောင့်နတ်လေးက အမြဲလိုလို ရင့်ကျက်တည်ငြိမ်နေဆဲပင်။

၎င်းက နို့သောက်ပြီးနောက် ရွှီယန်၏ အနားတွင် သက်သောင့်သက်သာ ဘေးတစောင်း လှဲလျောင်းနေ၏။

ရွှီယန်ကလည်း ကျားဘိုးဘိုးကြီးကို နှိပ်နယ်ပေးသင့်လျှင် နှိပ်နယ်ပေးရမည် ဆိုသည်ကို သိရှိထားသည်။

ပထမဆုံး ခေါင်းပိုင်းမှ စတင်လိုက်၏။

"သူ့ကို တရုတ်ရိုးရာ အနှိပ်ပညာနဲ့ နှိပ်ပေးလိုက်ဦးမယ်"

ရွှီယန်က မိတ်ဆက်ပြောဆိုရန်လည်း မမေ့လျော့ခဲ့ချေ။

ရွှီယန်က ကျားကြီး၏ မျက်နှာကြီးကို စတင် ပွတ်သပ် နှိပ်နယ်နေပြီး ဖွဖွလေး ဖိနှိပ်ပေးလိုက်သည်ကို မြင်တွေ့ရသည်။

ကျားကြီးက အစပိုင်းတွင် ရွှီယန် ဘာလုပ်နေသလဲ ဆိုသည်ကို နားမလည်သေးသော်လည်း နောက်ပိုင်းတွင် ပို၍ပို၍ သက်သောင့်သက်သာ ရှိလာသဖြင့် မျက်လုံးများ မှိတ်ကာ ဇိမ်ခံနေတော့၏။

လိုက်ဖ်ထဲတွင် လူအရေအတွက် အလွန် များပြားနေပြီး ရွှီယန်၏ လိုက်ဖ်က ယခုအခါ ထိပ်တန်း အယောက် တစ်ရာ စာရင်းတွင် အဆင့် ၈၉ ဟူသော စာတန်းလေးပင် ပေါ်နေကာ ကျီလင်ပြည်နယ်တွင် ဒုတိယ နေရာ၌ ရှိနေပေသည်။

ထိပ်တန်း လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်လာတော့မည် ဖြစ်၏။

သေချာသည်မှာ ဤသည်က အရှေ့မြောက်ကျား ကြောင့်ပင် ဖြစ်သည်။

အင်တာနက် တစ်ခွင်လုံးကို ကြည့်လိုက်မည် ဆိုပါက တောရိုင်းထဲတွင် အရှေ့မြောက်ကျား နှင့် အတူ ဆော့ကစားနိုင်သူမှာ သူ တစ်ယောက်တည်းသာ ရှိပေသည်။

ယခုအချိန်တွင်တော့ လိုက်ဖ်ထဲရှိ ကြည့်ရှုသူများ အားလုံး ကြောင်အမ်းနေကြပြီ ဖြစ်၏။

သူက အရှေ့မြောက်ကျား ကို နှိပ်နယ်ပေးနေသည်လား... မဟုတ်သေးပါဘူး... ဒီလောက်တောင် အဓိပ္ပာယ် မရှိလွန်းတာလား။

ရွှီယန်က ကျားကြီး၏ ခေါင်းကို အရင်ဆုံး နှိပ်နယ်ပေးပြီးနောက် လည်ပင်းကို ဆက်လက် နှိပ်နယ်ပေးလိုက်သည်။

တောင်စောင့်နတ်လေး က အလွန် ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် မေးစေ့ကို မော့ထားကာ လည်ပင်းကို အရှည်ကြီး ဆန့်ထုတ်ပေးထား၏။

[လောင်ရွှီ ရဲ့ အနှိပ်ပညာက တော်တော်လေး ပရော်ဖက်ရှင်နယ် ဆန်တာပဲ... ကြည့်ရတာ အရင်က မကြာခဏ နှိပ်ပေးဖူးတဲ့ ပုံပဲ]

[မင်္ဂလာပါ လူကြီးမင်း... နံပါတ် ၁၈ အနှိပ်သည်လေးက ဝန်ဆောင်မှု ပေးနေပါတယ်ဗျာ]

[အကွက်လေးတွေနဲ့ဟ... ဘယ်ကနေ သင်လာတာလဲ]

[ဟားဟားဟား... လောင်ရွှီ က တကယ် ရယ်ရတာပဲ... ကျားကြီးကိုတောင် နှိပ်နယ်ပေးနေသေးတယ်]

[ဆီမွှေးနဲ့ ကျော နှိပ်ပေးတာမျိုးရော မလုပ်ပေးတော့ဘူးလား]

လိုက်ဖ်ထဲ၏ လေထုက ယခင်အတိုင်းပင် ဖြစ်ပြီး ကွန်မန့်များကလည်း အဆက်မပြတ် တက်လာနေ၏။

နာမည်ကြီး လိုက်ဖ်လွှင့်သူ များက ထိုမျှလောက်သာ ရှိရာ လူအတော်များများက ယနေ့ မည်သူက အစီအစဉ် တင်ဆက်မှု ရလဒ် ပိုကောင်းသလဲ ဆိုသည်ကို ကြည့်ရှုလေ့ ရှိကြသည်။

ယနေ့ ရွှီယန်က တောင်ထဲတွင် ကျားကြီးကို ပွတ်သပ် နှိပ်နယ်နေခြင်းက အားလုံး၏ အကြိုက်နှင့် အလွန် ကိုက်ညီနေကြောင်း သိသာလှပေသည်။

ကျားကြီးက မျက်လုံးများ မှိတ်ကာ အလွန် ဇိမ်ခံနေ၏။

ရွှီယန်က ၎င်း၏ လည်ပင်းကို နှိပ်နယ်ပေးပြီးနောက် ခန္ဓာကိုယ်... ခြေသလုံး နှင့် ကျားလက်ဝါး များကိုပါ ဆက်လက် နှိပ်နယ်ပေးနေသည်။

ဤကျားကြီးက ကြည့်ရသည်မှာ အနည်းငယ်ပင် ယဉ်ကျေး နူးညံ့နေသယောင် ရှိပေသည်။

ယခုက နွေဦးရာသီ ဖြစ်ရာ တောင်ထဲတွင် ပန်းပွင့်ငယ်လေးများ စောစီးစွာ ပွင့်လန်းနေကြပြီ ဖြစ်၏။

ဆောင်းတွင်း တစ်တွင်းလုံး အချိန်အကြာကြီး အောင့်အည်းထားခဲ့ရသည့် အလား ဤနွေဦးပေါက် ပန်းပွင့်လေးများက အလွန် တောက်ပ လှပစွာ ပွင့်လန်းနေကြသည်။

ပတ်ဝန်းကျင် ရှုခင်းက အလွန် လှပလှပြီး ရွှီယန်က ကျားကြီးနှင့် အတူ ဤသို့ပင် အဖော်ပြုပေးနေ၏။

"ဒီကောင်ကြီးက တကယ်ကို တောင့်တင်းတာပဲ... တစ်ကိုယ်လုံးမှာ ကြွက်သားတွေချည်းပဲ"

"ဒီ လက်မောင်းတုတ်တုတ်ကြီးကို ကြည့်စမ်းပါဦး"

"ဒီ လက်ဝါးကြီးကိုလည်း ကြည့်ဦး"

ရွှီယန်က ကျားကြီး၏ လက်မောင်းကို မြှောက်ကာ ပြသလိုက်ရာ ကြည့်ရသည်မှာ အတော်လေး ရယ်စရာ ကောင်းနေပေသည်။

ရွှီယန်က ကျားကြီးကို အချိန်အတော်ကြာ နှိပ်နယ်ပေးပြီးနောက် အနည်းငယ် ညောင်းညာလာသဖြင့် ကျားကြီး၏ ဘေးတွင် ထိုင်ချလိုက်၏။

သူက အဝေးဆီသို့ လှမ်းကြည့်နေလိုက်ပြီး အရာအားလုံးက အိပ်မက်မက်နေရသကဲ့သို့ပင်။

ယခုအခါ သူ့တွင် လယ်ယာခြံဝင်း တစ်ခု ရှိနေပြီး အရှေ့မြောက်ကျား တစ်ကောင်၏ ဘေးတွင် ထိုင်ကာ အနားယူနိုင်နေပြီ ဖြစ်၏။

လေပြေညင်းလေး တစ်ချက် တိုက်ခတ်လာရာ ပြောမပြတတ်အောင်ပင် သက်သောင့်သက်သာ ရှိလှပေသည်။

ကျားကြီးက ရွှီယန်၏ အနားသို့ပင် အနည်းငယ် တိုးကပ်လာခဲ့သေးသည်။

ကျားများက အမြဲတမ်း တစ်ကောင်တည်း သီးသန့် နေထိုင်တတ်ကြသော်လည်း တစ်ခါတစ်ရံတွင်တော့ အဖော်များနှင့် ထိတွေ့ ဆက်ဆံချင်ကြ၏။

အရှေ့မြောက်ကျား အတွက်တော့ ရွှီယန်က ဤကဲ့သို့သော အဖော်တစ်ယောက်ပင် ဖြစ်သည်။

"တောင်စောင့်နတ်လေး... ဟိုဘက်က သဘာဝဥယျာဉ် ထဲမှာ မင်းရဲ့ ညီအစ်ကို နှစ်ကောင်ကို ငါ မြင်ဖူးတယ်"

"သူတို့က အခု အတူတူ နေနေကြတာ"

"ငါက စောင့်ကြည့်လေ့လာရေး စခန်းက လူတွေ ပြောတာကို ကြားခဲ့ရတာ"

"ဒါပေမယ့် မင်းလည်း ဒါတွေကို နားလည်မှာ မဟုတ်ပါဘူးလေ"

ရွှီယန်က ကျားကြီး၏ ဘေးတွင် ထိုင်ကာ ဇာတ်လမ်း အချို့ကို ပြောပြနေလိုက်၏။

ကျားကြီးကတော့ အရင်အတိုင်းပင် အေးအေးလူလူ ဝပ်နေဆဲ ဖြစ်သည်။

အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို ကြည့်ရှုရင်း ရွှီယန်ကို အလွန်အမင်း လေးစားသွားကြတော့၏။

[လောင်ရွှီ က တကယ်ကို အစွမ်းအစ ပြည့်ဝတာပဲ]

[ဒီမြင်ကွင်းကို ကြည့်ရတာ အရမ်း ကောင်းတာပဲ]

[အင်တာနက် တစ်ခွင်လုံးမှာ သူတစ်ယောက်တည်းပဲ ဒီလို လိုက်ဖ်လွှင့်သူ မျိုး ရှိတာ... တကယ်ကို ကြုံတောင့်ကြုံခဲပဲ]

[တခြားလူတွေလည်း အတုခိုးလို့ ရမှာ မဟုတ်ဘူးလေ]

ရွှီယန်က ကျားကြီးကို အချိန်အတော်ကြာ အဖော်ပြုပေးလိုက်၏။

ထို့နောက် အချိန်တော်ပြီဟု ယူဆကာ တောင်ထဲသို့ ဆက်လက် လှည့်လည်ရန် ရည်ရွယ်လိုက်သည်။

လမ်းကြုံတုန်း ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်ရေ နှစ်ကြိမ်ကိုပါ အသုံးပြုကာ ဘာတွေ ရှာတွေ့မလဲ ဆိုသည်ကို စမ်းသပ်ကြည့်မည် ဖြစ်၏။

သူက ရှေ့သို့ လျှောက်သွားရာ ကျားကြီးကလည်း ထရပ်ပြီး နောက်မှ လိုက်ပါလာခဲ့သည်။

ကျားကြီးက အပြင်ထွက် လမ်းလျှောက်ကာ ရှုခင်းများကို ကြည့်ရှုချင်နေခြင်း ဖြစ်၏။

ဤမြင်ကွင်းက ကြည့်ရသည်မှာလည်း အလွန် သာယာလှပပေသည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ကိစ္စများကတော့ လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများကို အသက်ရှူမှားသွားစေခဲ့၏။

တောအုပ်၏ အရှေ့ဘက်မှ တောဝက် တစ်ကောင် ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရပြီး ကျားကြီးက မြင်သည်နှင့် တစ်ပြိုင်နက် ရွှီယန်၏ ဘေးမှနေ၍ ရုတ်တရက် ခုန်ထွက်သွားတော့သည်။

တောဝက်က ထွက်ပြေးရန် ကြိုးစားသေးသော်လည်း ကျားကြီးက ဘေးဘက်မှနေ၍ နောက်ကျောကို တိုက်ရိုက် ကိုက်ခဲလိုက်၏။

ကျားကြီး၏ လှုပ်ရှားမှုက အလွန် လျင်မြန်လှပြီး အမြန်နှုန်း နှင့် ခွန်အားတို့က အပြစ်ပြောစရာ မရှိအောင်ပင် ကောင်းမွန်လှပေသည်။

ဤအချိန်ရောက်မှသာ ကျား ဆိုသည်မှာ မူလကတည်းက တောတောင်၏ ဘုရင် တစ်ပါးဖြစ်ပြီး တကယ့်ကို သားရဲတိရစ္ဆာန် တစ်ကောင် ဖြစ်ကြောင်း အင်တာနက်သုံးစွဲသူများ သတိထားမိသွားကြတော့၏။

ဤကောင်ကြီးက သွေးဆာနေသည့် အကောင်ကြီးပင်။

[ဘုရားရေ]

အင်တာနက်သုံးစွဲသူများ၏ မျက်ဝန်းများပင် ကျဉ်းမြောင်းသွားကြတော့၏။

ကျားကြီး၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုက အလွန် မြင့်မားလှပြီး ရိုးရှင်းစွာဖြင့် လည်ပင်းကို ကိုက်ဖြတ်ခြင်းပင် ဖြစ်သည်။

ဤတောဝက်ကလည်း ထိုမျှလောက် ကြမ်းကြုတ်သော တောဝက်မျိုး မဟုတ်သဖြင့် အလွယ်တကူပင် ဖမ်းဆီးခံလိုက်ရ၏။

ဤသို့ ဖြစ်လေလေ ရွှီယန်၏ အစွမ်းထက်မှုကို အားလုံးက ပို၍ သတိထားမိလာလေလေပင် ဖြစ်သည်။

ထိုအချိန်မှာပင် လိုက်ဖ် မျက်နှာပြင်က ရုတ်တရက် မည်းမှောင်သွားပြီး လိုက်ဖ်လွှင့်သူ ၏ ဗီဒီယို မြင်ကွင်းက စည်းကမ်း ချိုးဖောက်မှု ရှိနေသဖြင့် ပြုပြင်နေကြောင်း စနစ်မှ သတိပေးချက် ထွက်ပေါ်လာခဲ့၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သွေးထွက်သံယို မြင်ကွင်းများကို လိုက်ဖ်လွှင့်ခွင့် မပေးခြင်းပင် ဖြစ်သည်။

ဤမြင်ကွင်းများက တိရစ္ဆာန် ကမ္ဘာ မှတ်တမ်းရုပ်ရှင် များတွင် ပါဝင်နိုင်သော်လည်း လိုက်ဖ်လွှင့်ခြင်း တွင်တော့ မရနိုင်ချေ။

ရွှီယန်ကလည်း ဤအရာများကို ဂရုမစိုက်ဘဲ ခဏနေ၍ ထွက်ခွာသွားပါက လိုက်ဖ် မြင်ကွင်းက ပုံမှန် ပြန်ဖြစ်သွားမည်သာ ဖြစ်၏။

ကျားကြီးက တောဝက်ကို ဖမ်းဆီးကာ အဆုံးစီရင်ပစ်လိုက်သည်။

တောဝက်က အသံဆိုးကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက် လုံးဝ အသံတိတ်သွားတော့၏။

ဤမျှ အနီးကပ် အနေအထားမှ ကျားတစ်ကောင် အမဲလိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် ရွှီယန်၏ ရင်ထဲတွင်လည်း ဖိအား အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

သူက သက်ပြင်းချလိုက်၏။

လူကောင်းကတ် ရှိနေခြင်းကြောင့် သူက အမြဲတမ်း ပေါ့ပေါ့ပါးပါး အခြေအနေမျိုးတွင် ရှိနေခဲ့သော်လည်း ယခု ပြန်စဉ်းစားကြည့်ပါက သူ၏ သတ္တိက တကယ်ကို ကြီးမားလွန်းနေပေသည်။

သို့မဟုတ် အနည်းငယ် အဆင်ခြင်မဲ့နေသည် ဟုလည်း ဆိုနိုင်၏။

ဤအရှေ့မြောက်ကျား က တောတောင် တစ်ခုလုံး၏ ဘုရင် တစ်ပါးဖြစ်ပြီး ဤနေရာ အားလုံးက ၎င်း၏ နယ်မြေများ ဖြစ်ရာ သာမန် တိရစ္ဆာန်များက ၎င်းနှင့် တွေ့ဆုံပါက အခြေခံအားဖြင့် အသက်ရှင်ရန် မလွယ်ကူလှချေ။

"အရမ်း ကြမ်းတာပဲ"

ရွှီယန်က မနေနိုင်ဘဲ အံ့ဩ ချီးကျူးလိုက်၏။

ကျားကြီးက တောဝက်ကို အသက်ပြတ်သည်အထိ အရှင်လတ်လတ် ကိုက်သတ်ပစ်လိုက်သည်။

ထို့နောက် ၎င်းက ပါးစပ် တစ်ခုလုံး သွေးများ ပေကျံနေလျက် ရွှီယန်ကို လှမ်းကြည့်လိုက်ရာ မျက်နှာသွင်ပြင်က ကြမ်းကြုတ်နေပုံ ရသော်လည်း မျက်လုံးများကတော့ အေးချမ်းနေ၏။

ရွှီယန်ကို အတူတကွ စားသောက်ရန်ပင် ဖိတ်ခေါ်ချင်နေပုံရသည်။

"ငါ မလိုပါဘူး... မင်းဘာသာမင်း စားလိုက်ပါ"

ရွှီယန်က ၎င်းကို လှမ်းအော်ပြောလိုက်၏။

ကျားကြီးက နားလည်သွားပုံရပြီး တောဝက် ဘေးတွင် ဆက်လက် စားသောက်နေတော့သည်။

"တောင်စောင့်နတ်လေး... ငါ သွားတော့မယ်... နောက်မှ မင်းဆီ လာလည်ဦးမယ်"

ရွှီယန်က ကျားကြီးကို နောက်တစ်ကြိမ် လှမ်းအော်လိုက်ပြန်၏။

ထို့နောက် သူက အနောက်သို့ လှည့်ကာ ထွက်ခွာလာခဲ့သည်။

ကျားကြီးက ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးပင် အရသာရှိသော အစာကို ဆက်လက် စားသုံးနေ၏။

၎င်း အတွက်တော့ ဘဝဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။

ဗိုက်ဆာလျှင် စားမည်... အိပ်ချင်လျှင် အိပ်မည်... ဆော့ကစားချင်လျှင် ဆော့ကစားမည်။

ဤသို့ကြောင့်ပင် ၎င်းကို ဘုရင် ဟု ခေါ်ဆိုကြခြင်း မဟုတ်ပါလား။

ရွှီယန်က အရှေ့သို့ အကွာအဝေး တစ်ခုအထိ လျှောက်လာပြီးနောက် လိုက်ဖ် မျက်နှာပြင်က ပုံမှန် ပြန်ဖြစ်သွားခဲ့၏။

မျက်နှာပြင် ပုံမှန် ပြန်ဖြစ်သွားသည်နှင့် ကွန်မန့်များက လှိုင်းလုံးကြီးများအလား ဝင်ရောက်လာတော့သည်။

[လောင်ရွှီ... မင်း အသက်ရှင်နေသေးတာပဲ]

[မင်း ကျားစာဖြစ်သွားပြီလို့ ငါတို့ ထင်နေကြတာ]

[ခုနက မင်း တစ်ခုခု ဖြစ်သွားပြီ ထင်လို့ လန့်သွားတာပဲ]

[အသက်ရှင်နေသေးတာ တော်သေးတာပေါ့]

[မင်း သေပြီလို့တောင် ထင်နေတာ]

ရွှီယန်က မူလက ကွန်မန့်များကို မကြည့်ခဲ့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် ယခုအချိန်တွင် ဖုန်းကို ထုတ်ယူကာ တစ်ချက် ကြည့်လိုက်၏။

အားလုံး၏ စကားများကို မြင်သောအခါ သူ အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။

'ဘာဖြစ်လို့လဲ... ဘာလို့ အားလုံးက ငါသေပြီလို့ ပြောနေကြတာလဲ... ငါ အကောင်းကြီး ရှိနေတာကို'

"တောင်စောင့်နတ်လေး အမဲလိုက်တာ ပုံမှန်ပါပဲ... ကျားတွေရဲ့ သဘာဝက ဒီလိုပဲလေ"

"ကြည့်ရတာ ခုနက ငါ သူ့ဘေးမှာ ရှိနေတုန်းက သူ ဗိုက်မဝသေးဘဲ တော်တော် ဗိုက်ဆာနေတဲ့ ပုံပဲ"

"နို့ နည်းနည်း သောက်လိုက်ရတော့ ပိုဆာသွားတာ နေမှာပေါ့"

ရွှီယန်က ရှင်းပြလိုက်၏။

သူ ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ အားလုံးက ပို၍ပင် ထိတ်လန့်သွားကြတော့သည်။

ဒီလိုက်ဖ်လွှင့်သူ က တကယ်ကို အသေခံရဲတာပဲ။

လိုက်ဖ်ထဲတွင် လူအရေအတွက် အလွန် များပြားနေပြီး အသိန်းကျော် အထိပင် ရောက်ရှိနေပြီ ဖြစ်၏။

အားလုံးက ခုနက ကိစ္စကို လိုက်ဖ်ထဲတွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသဖြင့် ဆွေးနွေး ပြောဆိုသံများက ပို၍ ကျယ်လောင်လာခဲ့သည်။

ရွှီယန်ကလည်း ဤအရာများကို ဂရုမစိုက်ချေ။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ကိစ္စမျိုးကို ခဏခဏ လုပ်နေပါက အားလုံးလည်း တဖြည်းဖြည်းနှင့် ကျင့်သားရသွားမည်သာ ဖြစ်၏။

ရွှီယန်က ယခင်အတိုင်းပင် အပြင်ဘက်သို့ တောက်လျှောက် ထွက်ခွာလာခဲ့သည်။

သူ၏ လှုပ်ရှားမှုများက အလွန် ပေါ့ပါးသွက်လက်နေ၏။

လမ်းတွင် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုကာ တောင်ထဲတွင် မည်သည့် ရတနာများ ရှိသလဲ ဆိုသည်ကို ရှာဖွေလိုက်သည်။

သူ ရတနာရှိရာ နေရာသို့ ရောက်ရှိသွားသောအခါ ရှာတွေ့ခဲ့သော ရတနာများကလည်း အတော်လေး ကောင်းမွန်ပေသည်။

မျက်စိရှေ့တွင် သွယ်လျသော အပင်ရှည်များ ပေါ်လာခဲ့ပြီး အပင်များ၏ အပေါ်ဆုံး အဖျားတွင်တော့ အဖူးနုလေးများ ထွက်ပေါ်နေ၏။

"ဒီမှာ ကြည့်လိုက်... ဒီနေ့လည်း မမျှော်လင့်ထားတဲ့ ရလဒ်လေးတွေ ရပြန်ပြီ"

"ဒါကို ကျွန်တော်တို့ ဘက်မှာတော့ ချီလောင်ယာ ဒါမှမဟုတ် ချီနန်ယာ လို့ ခေါ်တယ်... နွေဦးပေါက် ရာသီမှာ စားလို့ အရမ်းကောင်းတဲ့ တောဟင်းရွက် တစ်မျိုးပဲ"

"အချဉ်ရည်နဲ့ တို့စားစား ကြက်ဥနဲ့ ကြော်စားစား အရမ်း ကောင်းတယ်"

ရွှီယန်က သွယ်လျသော အပင်ရှည်လေး ဘေးသို့ လျှောက်သွားကာ လက်မြှောက်၍ အဖူးလေး၏ အဖျားကို ကိုင်ကာ ဖွဖွလေး ဖိချိုးလိုက်ရာ အဖူးလေး တစ်ခု ပြုတ်ပါလာခဲ့၏။

"ဒီအဖူးတွေ ခူးတဲ့ နေရာမှာလည်း နည်းစနစ် လိုတယ်... ကျွန်တော် ခူးသလိုမျိုး ခူးရင် နောက်နှစ်မှာလည်း ထပ်ပေါက်နိုင်ပြီး ဘာမှ မပျက်စီးသွားဘူးလေ"

"တချို့လူတွေက တော်တော်လေး ကြမ်းတယ်... အပေါ်ပိုင်း တစ်ခုလုံးကို တိုက်ရိုက် ခုတ်ချပစ်လိုက်တော့ နောက်နှစ်ကျရင် မပေါက်တော့ဘူးပေါ့"

"တောတောင်ရှာဖွေတဲ့ နေရာမှာတော့ ရေရှည် အကျိုးကို မကြည့်ဘဲ မျက်ကန်းတစ္ဆေ မကြောက် လုပ်တာမျိုး မလုပ်သင့်ဘူးလေ... ကိုယ်တွေက တောင်ကို အားကိုးပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတာဆိုတော့ သူတို့ ဆက်ပြီး ကြီးထွားနိုင်ဖို့အတွက် မျိုးစေ့လေးတွေ ချန်ထားပေးခဲ့ရမယ်"

ရွှီယန်က ယခင်က သူ မြင်တွေ့ခဲ့ဖူးသော မြင်ကွင်းများကို ပြန်တွေးမိကာ ထပ်ပြောလိုက်၏။

ဤသည်က သူ၏ အမှန်တကယ် စိတ်ကူးပင် ဖြစ်သော်လည်း ဤကဲ့သို့သော ကိစ္စများကို လူတိုင်းက ဂရုစိုက်ကြသည်တော့ မဟုတ်ချေ။

အဖူးလေးများကို ရွှီယန်က တစ်ခုချင်းစီ ခူးယူကာ အိတ်တစ်လုံးထဲသို့ ထည့်လိုက်သည်။

ဤအကြောင်းကို သိရှိသော ဒေသခံ အချို့က မှတ်ချက်ပေးလာကြ၏။

[ဒီအရာက စားလို့ အရမ်းကောင်းတယ်... ပုံမှန်ဆို ကိုယ့်ဘာသာကိုယ်တောင် မစားရက်ဘူး... ဧည့်သည် လာမှသာ ထုတ်ကျွေးတာ]

[တောင်ထဲက ဒီလို တောဟင်းရွက် တွေက အရသာ အရှိဆုံးပဲ]

[ဒီအဖူးလေး တွေ စားချင်လာပြီ... ရောင်းတဲ့သူများ ရှိမလား ရှာကြည့်ရမယ်]

[ဒီနေ့ တောင်ထွက်ပစ္စည်း ဈေးတန်းကို သွားဦးမလား... ဒီအဖူးလေး တွေကို ကျွန်တော် ဝယ်ချင်လို့]

ရွှီယန်က ကွန်မန့်များကို တစ်ချက် ကြည့်လိုက်ရာ တောင်ထွက်ပစ္စည်း ဈေးတန်းတွင် ဝယ်ချင်သူများ ရှိနေသည်ကို မြင်သောအခါ ရယ်မောလိုက်၏။

"လောလောဆယ် တောင်ထွက်ပစ္စည်း ဈေးတန်းကို မသွားဖြစ်သေးဘူး"

"လယ်ယာခြံဝင်း က အရမ်း အလုပ်များနေတော့ တောင်ထဲဝင်ပြီး တောင်ထွက်ပစ္စည်း ရှာဖို့ အချိန် သိပ်မရဘူးလေ... အခု တောတောင်ရှာဖွေသူ တွေ အများကြီး ရှိနေတော့ ခင်ဗျားတို့ ဝယ်ချင်တာ အကုန်လုံး ဈေးတန်းမှာ ရှိပါတယ်"

"ဒီအဖူးလေးတွေ ရောင်းတဲ့သူလည်း သေချာပေါက် ရှိမှာပါ"

"ကျွန်တော် ခူးထားတာတွေ ကတော့ ကိုယ့်ဘာသာကိုယ် စားဖို့ ချန်ထားမလို့... ကျွန်တော်လည်း မစားရတာ တော်တော် ကြာပြီလေ"

သူ ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ ထိုအဖူးလေးများကို ဝယ်ချင်နေသော ဒေသခံ အချို့က အနည်းငယ် စိတ်ပျက်သွားကြတော့၏။

တောင်ထွက်ပစ္စည်း ဈေးတန်းရှိ ကုန်ပစ္စည်းများက အလွန် များပြားသော်လည်း တစ်ခါတစ်ရံတွင်တော့ ကံတရား အပေါ်တွင်သာ မူတည်ပေသည်။

အချိန်တိုင်း ပစ္စည်းကောင်းများ ရှိနေတတ်သည် မဟုတ်ချေ။

ရွှီယန်က အဖူးလေးများကို ခူးယူပြီးစီးသွားသောအခါ စိတ်အခြေအနေ အလွန် ကောင်းမွန်သွားပြီး တောင်ထဲတွင် ဆက်လက် လှည့်လည်သွားလာနေ၏။

ယနေ့ တောင်ထဲသို့ ဈေးလာဝယ်ရသည်နှင့်ပင် တူနေတော့သည်။

ဤတောင်တန်းများဆီသို့ ရောက်ရှိလာချိန်တွင် ရွှီယန်က စွန်နက်လေး ရှိရာသို့ သွားရောက်ရန်လည်း မမေ့လျော့ခဲ့ချေ။

ထိုစွန်နက်လေးက လယ်ယာခြံဝင်းသို့ တစ်ခေါက် ရောက်လာပြီးကတည်းက နောက်ထပ် တစ်ခါမှ ထပ်မလာတော့ပေ။

စနစ်က စွန်နက်လေး ကြီးလာပါက သူ့ကို သခင်အဖြစ် သတ်မှတ်လိမ့်မည်ဟု ပြောခဲ့သော်လည်း ၎င်း ရောက်လာသည်ကိုတော့ မမြင်တွေ့ရသေးချေ။

ရွှီယန်က ဘာပြဿနာမှ မရှိစေရန် လာရောက် ကြည့်ရှုချင်ခဲ့ခြင်း ဖြစ်၏။

သိပ်မကြာခင်မှာပင် ရွှီယန်က စွန်နက်၏ အသိုက်အောက်သို့ ရောက်ရှိလာခဲ့သည်။

"အားလုံးပဲ ဒီနေရာကို မှတ်မိကြသေးလား... အဲဒီတုန်းက ကျွန်တော် ဒီနေရာမှာ စွန်နက်ရဲ့ ငှက်ဥ တစ်လုံးကို ကယ်တင်ခဲ့တာလေ"

"အဲဒီတုန်းက မြင်ကွင်းက တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာ"

ရွှီယန်က ဧရာမ သစ်ပင်ကြီး၏ ထိပ်ဖျားကို မော့ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်၏။

ပရိသတ်ဟောင်း အတော်များများက ထိုစဉ်က မြင်ကွင်းကို ပြန်လည် အမှတ်ရသွားကြသည်။ ရွှီယန်က သစ်ပင်ပေါ်သို့ တက်ကာ စွန်နက်၏ ငှက်ဥကို ဖမ်းယူခဲ့သည့် မြင်ကွင်းက ယခု ပြန်လည် တွေးကြည့်ပါကလည်း အလွန် အံ့ဩစရာ ကောင်းလှပေသည်။

[လောင်ရွှီ က အဲဒီတုန်းက တကယ်ကို ကြမ်းခဲ့တာ]

[မင်းသာ အဲဒီငှက်ဥကို မကယ်ခဲ့ရင် စွန်နက် မိသားစုက အရမ်း သနားစရာ ကောင်းသွားမှာပဲ]

ရွှီယန်က ဟာလာဟင်းလင်း ဖြစ်နေသော ငှက်သိုက်ကို ကြည့်လိုက်ရာ စွန်နက် မိသားစုက ဤနေရာတွင် မရှိတော့ပုံ ရသည်။

ပိုမို မြင့်မားသော နေရာသို့ သွားရောက်ကာ အသိုက်ဖွဲ့လိုက်သည်လည်း ဖြစ်နိုင်ပေသည်။

ရွှီယန် အနည်းငယ် စိတ်ပျက်သွားခဲ့၏။

'မရှိပါလား...'

သူက စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။

ထို့နောက် ရွှီယန်က အနောက်သို့ လှည့်ကာ လယ်ယာခြံဝင်း သို့ ပြန်ရန် ရည်ရွယ်လိုက်၏။

ထိုအချိန်မှာပင် ကောင်းကင်ယံတွင် ကျော့ရှင်းသော အရိပ်တစ်ခုက ဖြတ်သန်း ပျံသန်းသွားပြီး ရွှီယန်၏ ခေါင်းပေါ်တွင် လှည့်ပတ် ပျံသန်းနေတော့သည်။

စွန်နက်လေးက ပျံသန်းနေစဉ်အတွင်း ရွှီယန်ကို မြင်တွေ့သွားခြင်း ဖြစ်၏။

၎င်းက အော်သံ တစ်ချက် ပြုလုပ်လိုက်သည်။

အော်သံက တောတောင်များ အတွင်း ပဲ့တင်ထပ်သွားပြီး ရွှီယန်က ချက်ချင်းပင် မော့ကြည့်လိုက်တော့၏။

All Chapters