← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း (၂၁၉) အားလုံးပဲ မြင်တဲ့အတိုင်းပဲ... လင်းယုန်က သူ့ဘာသာ လာနားတာနော်

စွန်နက်လေးက ကောင်းကင်ယံတွင် ဝဲပျံနေသည်။

ရွှီယန်က မော့ကြည့်လိုက်ရာ ၎င်း၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရသည်။

ဒရုန်းကင်မရာကလည်း ထိုနေရာသို့ ချက်ချင်း ချိန်ရွယ်သွားသည်။

စွန်နက်လေးက ရွှီယန်၏ ခေါင်းပေါ်တွင် တစ်ပတ်ပြီးတစ်ပတ် ဝဲပျံနေကာ တဖြည်းဖြည်း နိမ့်ဆင်းလာသည်။

၎င်းက ရွှီယန်ကို မှတ်မိနေခြင်း ဖြစ်သည်။

အင်တာနက်သုံးစွဲသူများက ဤနောက်ကွယ်မှ ဇာတ်လမ်းကို မသိကြသဖြင့် အားလုံးက အံ့ဩတကြီး မှတ်ချက်ပေးနေကြသည်။

"ဟေး... မြန်မြန်ကြည့်... လင်းယုန်ကြီးကွ"

"လင်းယုန် မဟုတ်လား... တော်တော်လေး နိမ့်နိမ့်ပျံနေတာပဲ"

"တောင်ထဲက ရှုခင်းတွေက တကယ် ကောင်းတာပဲ"

"သူ အောက်ကို ဆင်းလာတော့မလို့ ထင်တယ်"

ကင်မရာထဲမှ စွန်နက်လေးက တဖြည်းဖြည်း ပိုမို ကြီးမားလာပြီး အောက်သို့ တကယ် ဆင်းလာနေသည်။

ဤကောင်လေးက သူ၏ အရှေ့သို့ လာချင်နေကြောင်း ရွှီယန် ရိပ်မိလိုက်သည်။

ရွှီယန် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

ဤစွန်နက်လေးက အလွန် ခန့်ညားပြီး တစ်ကိုယ်လုံးတွင် အမွေးများ ထူထပ်နေကာ မျက်လုံးများကလည်း စူးရှနေသည်။

ငယ်ရွယ်သေးသည် ဆိုသော်လည်း သားရဲငှက် တစ်ကောင်၏ လက္ခဏာရပ်များနှင့် ပြည့်စုံနေပြီ ဖြစ်သည်။

သားရဲငှက်များက အမြဲတမ်း မာနကြီးပြီး အမဲလိုက် သတ္တဝါများတွင်သာ ရှိတတ်သော အေးစက်စက် ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပေသည်။

အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို သတိထားမိသွားကြပြီး အတော်လေး ထူးဆန်းနေကြသည်။

"သူ အောက်ကို ဆင်းလာနေပြီ"

"လောင်ရွှီကို သားကောင်မှတ်လို့ လာဖမ်းတာလား"

အားလုံးက အံ့ဩတကြီး ရေးသားလိုက်ကြသည်။

ထိုအချိန်မှာပင် စွန်နက်လေးက တောင်ပံများကို ခတ်ကာ အောက်သို့ ဆင်းသက်လာခဲ့သည်။

၎င်း၏ တောင်ပံများကို ဖြန့်ကားပြီး ညင်သာစွာ ခတ်ကာ အရှိန်လျှော့ချလိုက်သည်။

ကြည့်ရသည်မှာ ၎င်းက ဆင်းသက်ရန် နေရာ ရှာဖွေနေသည့်ပုံပင်။

ရွှီယန်က အလိုလို သဘောပေါက်သွားပြီး လက်မောင်းကို ချက်ချင်း ဆန့်ထုတ်ပေးလိုက်သည်။

ထို့နောက်တွင်တော့ စွန်နက်လေးက ရွှီယန်၏ လက်မောင်းပေါ်သို့ တည့်တည့်မတ်မတ် လာရောက် နားခိုတော့သည်။

သားရဲငှက်များ၏ ခြေသည်းများက အလွန် ထက်မြက်သော်လည်း စွန်နက်လေးက ဆင်းသက်လာချိန်တွင် ရွှီယန်ကို မခြစ်မိစေရန် တမင်တကာ ရှောင်ရှားသွားခဲ့သည်။

ခြေဖဝါးဖြင့်သာ လက်မောင်းပေါ်တွင် ရပ်တည်ပြီး ခြေချောင်းများဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

လက်မောင်းပေါ်တွင် ဆုပ်ကိုင်ထားသော အားနှစ်ခုကို ရွှီယန် ခံစားလိုက်ရပြီး လည်ပတ် နှစ်ခု စွပ်ထားရသကဲ့သို့ပင်။

အင်တာနက်သုံးစွဲသူများ အားလုံး ကြောင်အမ်းသွားကြတော့သည်။

ချက်ချင်းပင် လိုက်ဖ်ထဲတွင် တိတ်ဆိတ်သွားခဲ့သည်။

'ဒါ... ဒါက ဘယ်လို အခြေအနေကြီးလဲ'

'ဒီလင်းယုန်ကြီးက မင်းရဲ့ လက်မောင်းပေါ်ကို ဒီအတိုင်းကြီး လာနားသွားတာလား'

'ဘာတွေဖြစ်ကုန်တာလဲ'

ရွှီယန်က အခြေအနေ မဟန်မှန်း သိလိုက်သဖြင့် ကမန်းကတန်း ရှင်းပြလိုက်သည်။

"အားလုံးပဲ မြင်တဲ့အတိုင်းပဲ... ဒီစွန်နက်က သူ့ဘာသာ ကျွန်တော့် လက်မောင်းပေါ် လာနားတာနော်"

"ကျွန်တော်လည်း သူ့ကို မသိပါဘူး... အရင်ကလည်း မထိတွေ့ဖူးဘူး"

"ကျွန်တော်နဲ့ သူနဲ့ မရင်းနှီးဘူး... တကယ် မရင်းနှီးတာပါ"

ရွှီယန်၏ စကားကို ကြားသောအခါ ကွန်မန့်များက ချက်ချင်းပင် ပွက်လောရိုက်သွားတော့သည်။

"ဟေ့လူ... အဲဒါကို မရင်းနှီးဘူးလို့ ခေါ်တာလား"

"လောင်ရွှီ... သားရဲငှက်တွေကို ခွင့်ပြုချက်မရှိဘဲ မွေးတာ တရားမဝင်ဘူးနော်"

"လခွမ်း... မင်းက လင်းယုန်တောင် မွေးထားသေးတာလား"

"ဒီအခြေအနေ ထိတောင် ရောက်နေပြီကို ငြင်းနေသေးတယ်... မင်းမွေးထားတာ မဟုတ်ဘူးလို့ ပြောရင် ဘယ်သူက ယုံမှာလဲ"

"မင်းရဲ့ ဗီဒီယိုကို ပြန်ကြည့်ပြီးမှ တစ်ခေါက် ပြန်ပြောပါလား"

အင်တာနက်သုံးစွဲသူများက အသီးသီး ပြောဆို ဝေဖန်နေကြသည်။

လိုက်ဖ်ထဲရှိ လူတစ်သိန်းကျော်က ဤမြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်ရာ ကွန်မန့်များ မပေါက်ကွဲလျှင်မှ ထူးဆန်းနေမည် ဖြစ်သည်။

"ကျွန်တော် တကယ်ကြီး သူနဲ့ မရင်းနှီးတာပါဗျာ... ဘာလို့ ကျွန်တော့် လက်ပေါ် လာနားလဲဆိုတာ ကျွန်တော်လည်း မသိဘူး"

ရွှီယန်က ပါးစပ်မှနေ၍ အဆက်မပြတ် ရှင်းပြနေသည်။

"ဒါက စွန်နက် တစ်ကောင်ပါ... နိုင်ငံတော် အဆင့် နှစ် ကာကွယ်စောင့်ရှောက်ရမယ့် ငှက်မျိုးစိတ် ဖြစ်ပြီး သားရဲငှက် တစ်မျိုးပေါ့"

"သူတို့ရဲ့ အမွေးတွေက တစ်ကိုယ်လုံး အညိုရင့်ရောင် ရှိတယ်... အချိန်တော်တော်များများမှာ လူတွေ အထင်ထဲက လင်းယုန် ဆိုတာ ဒီစွန်နက် ကိုပဲ ရည်ညွှန်းကြတာလေ"

"ဒီကောင်လေးက တော်တော် စွမ်းတယ်... ပျံသန်းတဲ့ အမြန်နှုန်းလည်း ကောင်းသလို အမြင်အာရုံလည်း စူးရှတယ်"

"ကျွန်တော်လည်း အခုမှ ဒီလောက် အနီးကပ် မြင်ဖူးတာပဲ"

ရွှီယန်က လက်တစ်ကမ်း အကွာတွင် ရှိနေသော စွန်နက်လေးကို ကြည့်နေလိုက်သည်။

စွန်နက်လေးက ခေါင်းကို မော့ကာ ရွှီယန်ကို ပြန်ကြည့်နေသည်။

ထိုစဉ်က ရွှီယန်က သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်ရာ ယခု သူက ရွှီယန်၏ ကျေးဇူးကို လာရောက် တုံ့ပြန်နေခြင်း ဖြစ်သည်။

"ဒီကောင်လေးက အသက် တစ်နှစ်တောင် မပြည့်လောက်သေးဘူး... ခြောက်လ ခုနစ်လလောက်ပဲ ရှိဦးမှာ"

"ဒီလောက် ကောင်းကောင်း ပျံနိုင်တယ် ဆိုတာ သူ့ရဲ့ ကြီးထွားမှု တော်တော် ကောင်းတယ်ဆိုတာကို ပြနေတာပဲ"

"တကယ် မဆိုးဘူး"

ရွှီယန်က ချီးကျူးလိုက်ပြီး ကောင်လေး၏ ခေါင်းကို လက်ဖြင့် လှမ်းပွတ်ပေးလိုက်သည်။

စွန်နက်လေးကလည်း မရုန်းကန်ဘဲ ရွှီယန်၏ လက်ချောင်းများက ၎င်း၏ မေးစေ့နှင့် ခေါင်းကို ပွတ်သပ်နေခြင်းကို ငြိမ်ခံနေသည်။

"မင်းမွေးထားတာ မဟုတ်ဘူးလို့ ပြောနေသေးတယ်"

"လိုက်ဖ်လွှင့်သူ သားရဲငှက်တွေကို တရားမဝင် မွေးထားပါတယ်လို့ ရီပို့သွားထုမယ်"

"နိုင်ငံတွင်းမှာ အထူးအခြေအနေကလွဲရင် သားရဲငှက်တွေကို မွေးခွင့်မရှိဘူးနော်... လောင်ရွှီ မင်း သေချာ ရှင်းပြတာ ကောင်းမယ်"

"ဒီလိုတောင် ဖြစ်နေပြီကို မင်းတို့ နှစ်ယောက်က ရိုးသားပါတယ်လို့ ပြောနေသေးတယ်"

"သေချာပေါက် မင်းမွေးထားတာပဲ"

လိုက်ဖ်ထဲတွင် အရင်လိုပင် ဆူညံနေသည်။

ရွှီယန်က ကွန်မန့်များကို တစ်ချက်ကြည့်ပြီး ရှင်းပြလိုက်သည်။

"စွန်နက်က ဘာလို့ ကျွန်တော့် လက်မောင်းပေါ် လာနားလဲဆိုတာ ကျွန်တော် တကယ် မသိပါဘူးဗျာ... ပြောရမယ် ဆိုရင်တော့ အရင်တုန်းက ကျွန်တော် ကယ်ခဲ့တဲ့ ဥလေးကနေ ပေါက်လာတဲ့ စွန်နက်လေး ဖြစ်မယ်လို့ ထင်တယ်"

"ကျွန်တော် လယ်ယာခြံဝင်းမှာ နေလာတာ ဒီလောက်ကြာပြီ... ဘယ်သူမှ ကျွန်တော် သားရဲငှက် မွေးထားတာ မမြင်ဖူးပါဘူး... ဒါတွေ အကုန်လုံးက အထောက်အထား ရှိပါတယ်"

"သူက တကယ်ကို သူ့ဘာသာ လာနားတာပါ"

"ကျွန်တော်နဲ့ သူကလည်း အခုမှ သိတာပါ"

ရွှီယန်က စွန်နက်လေးကို မြှောက်ပြပြီး အားလုံးကို ပြသလိုက်သည်။

သူ၏ ရှင်းပြချက်ကို ကြားသောအခါ လူအတော်များများကလည်း ယုံကြည်သွားကြသည်။

သို့သော် ကြည့်ရသည်မှာ အဓိပ္ပာယ်တော့ မရှိလှပေ။

"အသက်အရွယ် အရ ကြည့်ရင် ဒီစွန်နက်လေးက တကယ်ပဲ အဲဒီ ဥလေးကနေ ပေါက်လာတာ ဖြစ်နိုင်တယ်"

"အရမ်း အဓိပ္ပာယ် မရှိလွန်းဘူးလား"

"ဘယ်လိုလုပ် အောက်ဆင်းလာပြီး ဒီလောက်တောင် တိကျနေရတာလဲ"

"လောင်ရွှီ... မင်းက တကယ် ဒရူးအစ် လား... ဘယ်လိုလုပ် ဒီလို စွမ်းရည်မျိုး ရှိနေရတာလဲ"

အားလုံး အံ့ဩနေကြဆဲမှာပင် ခေါင်းပေါ်မှနေ၍ သားရဲငှက် နှစ်ကောင် ထပ်မံ ပျံသန်းသွားသည်။

၎င်းတို့က လှမ်းခေါ်နေသည့် ပုံစံမျိုးဖြင့် အော်သံများ ပြုလုပ်နေကြသည်။

ထိုအသံကို ကြားသောအခါ စွန်နက်လေးက ခေါင်းစောင်းပြီး ရွှီယန်ကို တစ်ချက် အကဲခတ်လိုက်သည်။

ထို့နောက်တွင်တော့ ခြေသည်းနှစ်ဖက်ဖြင့် အပေါ်သို့ အားယူခုန်တက်လိုက်ပြီး တောင်ပံများကို ဖြန့်ကားကာ ကောင်းကင်ယံဆီ ပျံတက်သွားတော့သည်။

ရွှီယန်ကလည်း သဘောပေါက်သဖြင့် စွန်နက်လေး အပေါ်ရောက်သွားစေရန် လက်မောင်းကို တမင်တကာ အပေါ်သို့ ပင့်တင်ပေးလိုက်သည်။

လူတစ်ယောက်နှင့် ငှက်တစ်ကောင်၏ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး ကောင်းမွန်လှသည်။

စွန်နက်လေးက ကောင်းကင်ယံဆီ တန်းတန်းမတ်မတ် ပျံတက်သွားသည်။

"ကောင်းကင်ကို ကြည့်လိုက်... စွန်နက်လေးရဲ့ မိဘတွေက သူ့ကို လှမ်းခေါ်နေတာ"

"အခုတော့ အဲဒါ အဲဒီ စွန်နက်လေး ဆိုတာ ကျွန်တော် သေချာသွားပြီ"

"သူ ကျွန်တော့်ကို တကယ် မှတ်မိနေတာပဲ"

"တကယ်ကို ဆန်းကြယ်တာပဲ... ကျွန်တော် သူ့အသက်ကို ကယ်ခဲ့ဖူးတယ် ဆိုတာ သူ သိနေတယ်"

ရွှီယန်က ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

ဒရုန်းက ကောင်းကင်ယံဆီသို့ ရိုက်ကူးပေးလိုက်သည်။

စွန်နက်လေး ပျံတက်သွားသည့် လမ်းကြောင်းတွင် အရွယ်ရောက်ပြီးသော စွန်နက် နှစ်ကောင် ဝဲပျံနေသည်ကို မြင်တွေ့လိုက်ရသည်။

ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ အားလုံး မျက်လုံးပြူး မျက်ဆန်ကြောင် ဖြစ်သွားကြတော့သည်။

"လခွမ်း... ဒီစွန်နက်က ဒီလောက်တောင် အသိဉာဏ် ရှိတာလား"

"ဒါက အရမ်း ယုံကြည်နိုင်စရာ မရှိလွန်းဘူး... သူ မင်းကို တစ်ခါမှ မမြင်ဖူးဘဲနဲ့"

"စွန်နက်က မွေးရာပါ ကိုက မင်းနဲ့ ရင်းနှီးတယ်လို့ ခံစားရလို့များလား"

"တကယ်ကို အဓိပ္ပာယ် မရှိလွန်းဘူး"

လိုက်ဖ်ထဲတွင် ဖြစ်ပျက်နေသော မြင်ကွင်းများက ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။

သို့သော် တကယ်ကြီးကို လက်တွေ့ ဖြစ်ပျက်နေခဲ့သည်။

ယနေ့ လိုက်ဖ်က သေချာပေါက် စိတ်လှုပ်ရှားစရာ ကောင်းနေတော့မည် ဖြစ်သည်။

နောက်ဆက်တွဲကတော့ ဘာမှ ထူးထူးခြားခြား မရှိတော့ပေ။ ရွှီယန်က စိတ်လက်ပေါ့ပါးစွာဖြင့် အပြင်သို့ တောက်လျှောက် ထွက်လာခဲ့သည်။

သစ်တော... မြက်ခင်းပြင်နှင့် စမ်းချောင်းများကို ဖြတ်သန်းသွားရင်း ရေလာသောက်နေသော ဒရယ်ပြောက် အချို့ကို တွေ့လိုက်ရသည်။

လမ်းတစ်လျှောက်တွင် စာကလေးများ အများအပြား ပျံသန်းနေသည်ကိုလည်း တွေ့ရသည်။

သူက တောင်ထဲမှ လေကို ရှူရှိုက်ရင်း စိတ်လက်ပေါ့ပါးမှုကို ခံစားနေရသည်။

အချိန်တော်လောက်ပြီ ဆိုသောအခါ ရွှီယန်က လိုက်ဖ်ကို ပိတ်လိုက်သည်။

သူက တောအုပ်ထဲမှ ထွက်လာပြီး ကားစီးကာ လယ်ယာခြံဝင်းသို့ ပြန်လာခဲ့သည်။

ယနေ့ လိုက်ဖ်၏ နာမည်ကျော်ကြားမှုက အထူး မြင့်မားနေသည်။

တွက်ချက်အပြီးတွင် ရရှိသော နာမည်ကျော်ကြားမှု ရမှတ်က သုံးသိန်းကျော်တောင် ရှိနေသဖြင့် တကယ်ကို အဓိပ္ပာယ် မရှိလောက်အောင်ပင်။

ရွှီယန်ကိုယ်တိုင်တောင် ထူးဆန်းနေမိသည်။

"အရင် နာမည်ကြီးတုန်းက ရမှတ် တစ်သိန်းကျော်လောက်ပဲ ရှိတာ... အများဆုံးရဖူးတာဆိုလို့ တစ်ခါတလေ နှစ်သိန်းကျော်ပဲ ရှိခဲ့တာလေ"

"အခုတော့ သုံးသိန်းကျော်တောင် ရနေပြီ"

"ရုတ်တရက်ကြီး နာမည်ကြီးသွားသလိုပဲ"

ရေရှည် စုဆောင်းထားမှုများမှ တစ်ရှိန်ထိုး အောင်မြင်လာခြင်း ဖြစ်သည်။

အင်တာနက်ပေါ်တွင် ရွှီယန်နှင့် ပတ်သက်သော ဗီဒီယိုများ အများအပြား ရှိပြီး နာမည်ကျော်ကြားမှုများက တစ်စတစ်စ စုပုံလာခဲ့ခြင်း ဖြစ်သည်။

ဤတစ်ခေါက် တောရိုင်း အရှေ့မြောက်ကျား ကို သွားရောက် လိုက်ဖ်လွှင့်လိုက်သဖြင့် လူကြိုက်များမှုက သဘာဝကျကျ မြင့်တက်လာခြင်းပင် ဖြစ်သည်။

ညဘက် ရောက်သောအခါ ရွှီယန်၏ လိုက်ဖ်က လူအများအပြား၏ ဆွေးနွေး ငြင်းခုံမှုများကို ပို၍ ဖြစ်ပေါ်စေခဲ့သည်။

ဗီဒီယိုတို ပလက်ဖောင်းများ... တီဘား... ဘီလီဘီလီ... ဝေးပေါ် အစရှိသည့် နေရာတိုင်းတွင် သူ၏အကြောင်း ခေါင်းစဉ်များ ရှိနေကြသည်။

"ဒီလူက တကယ် ကြမ်းတာပဲ... တောရိုင်းကျား နဲ့ အတူတူ နေရဲတယ်... သူ အချိန်မရွေး သေသွားနိုင်တယ်လို့ ငါ ခံစားနေရတယ်"

"သူ့ဆီမှာ ကျားကို နှိမ်နင်းနိုင်တဲ့ ပစ္စည်း တစ်ခုခု ရှိနေသလိုပဲ... နည်းနည်းလေးတောင် မကြောက်ဘူး"

"သူက တောင်ထဲမှာ ပုန်းအောင်းနေတဲ့ သိုင်းပညာရှင် တစ်ယောက်များလား လို့ ငါ သံသယ ဝင်လာပြီ"

"လူတော်တော်များများလည်း ဒီလိုပဲ ခန့်မှန်းနေကြတာ... သေချာပေါက် တောင်ပေါ်က ရသေ့ တစ်ပါးပဲ ဖြစ်ရမယ်"

"ဒီနေ့ မင်းတို့ မမြင်လိုက်လို့... လင်းယုန် တစ်ကောင်က သူ့လက်မောင်းပေါ် တည့်တည့်မတ်မတ်ကြီး လာနားသွားတာလေ... အရမ်းကို ယုံကြည်နိုင်စရာ မရှိလွန်းဘူး"

အင်တာနက်ပေါ်မှ သတင်းများက အမြဲတမ်း ချဲ့ကားလွန်းလှသည်။

လူအတော်များများက ရွှီယန်ကို တောင်ထဲမှ ကျင့်ကြံသူ တစ်ယောက်ဟု ခန့်မှန်းနေကြသည်။

ဤသတင်းများကို ကြားသောအခါ ရွှီယန်လည်း အဓိပ္ပာယ် မရှိဘူးဟု ခံစားရသည်။

သို့သော် ယုံမှားသံသယ ဖြစ်စရာ မလိုသည့် အချက်ကတော့ ရွှီယန်က တကယ်ကို စွမ်းဆောင်ရည် မြင့်မားသည် ဆိုခြင်းပင်။

ချန်ပိုင်တောင်တန်း ၏ နံပါတ်တစ် လမ်းသရဲကြီး ဆိုသည့် ဂုဏ်ပုဒ်က ဒီအတိုင်း အလကား ရလာခြင်း မဟုတ်ပေ။

ညဘက်တွင် ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်ရောက်လာသည်။

ရှောင်ဟွာက ပြန်မရောက်လာသေးပေ။ ကြည့်ရသည်မှာ တောအုပ်ထဲတွင် အခြေတကျ နေနိုင်နေပြီ ထင်သည်။

ဤအချက်အတွက် ရွှီယန်က အတော်လေး ဝမ်းသာကျေနပ်မိသည်။

ရှောင်ဟေး... ယွမ်ပေါင်... ဒရယ်ပြောက်လေး ပန်ပီ နှင့် မြင်းနက်ကြီး ကျင်းကျယ် တို့က ခြံဝင်းထဲတွင် လမ်းလျှောက်နေကြသည်။

ရွှီယန်က သူတို့ ဆော့ကစားနေသည်ကို ကြည့်ရင်း စိတ်အပန်းဖြေနေလိုက်သည်။

ရှောင်ဟွာ အနားမှာ မရှိတော့ ရွှီယန်က အိမ်မွေးတိရစ္ဆာန် အသစ်လေးများ ထပ်မွေးရန် စဉ်းစားနေပြန်သည်။

ယခု လယ်ယာခြံဝင်းက အရမ်း ကြီးမားနေပြီ ဖြစ်ပြီး တိရစ္ဆာန် အရေအတွက်က သိပ်မများသဖြင့် ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရသည်။

ထိုအချိန်မှာပင် ဝမ်ဝူ နှင့် ကျန်းရှန်ချန် တို့က အလုပ် လာတင်ပြကြသည်။

"သူဌေး... မှန်လုံအိမ် ထဲက သီးနှံတွေ အကုန် စိုက်ပြီးပြီ... ဟောသွန်းဘီဂိုးနီးယား ပန်းတွေကိုလည်း ကျွန်တော်တို့ သေချာ စောင့်ကြည့်ပေးထားပါတယ်"

"အပြင်က လယ်ကွက်တွေကိုလည်း ထွန်ယက်ပြီးသွားပြီ... မြက်ခင်းနဲ့ အာလူးတွေလည်း စိုက်ပြီးပါပြီ"

"စိုက်သင့်တာတွေ အကုန် စိုက်ပြီးသွားပြီ... ကျွန်တော် ကြည့်ရသလောက် မြေလွတ်တွေ အများကြီး ကျန်နေသေးတယ်... တစ်ခုခု ထပ်စိုက်ကြမလား... မဟုတ်ရင် နှမြောစရာကြီး ဖြစ်နေလိမ့်မယ်"

ဝမ်ဝူက အကြံပြုလိုက်သည်။

လယ်ယာခြံဝင်း၏ မြေလွတ်များက တကယ်ကို ကျယ်ဝန်းလှသည်။

အဘယ်ကြောင့်ဆိုသော် ရွှီယန်က ဒီနှစ်ထဲတွင် ထပ်ငှားထားသောကြောင့် ဖြစ်သည်။

ခြံစည်းရိုးကိုတောင် အပြင်ဘက်သို့ တစ်ပတ် ထပ်ချဲ့ထားသေးသည်။

"မြေပဲ... နေကြာ နဲ့ ဖန်ရတနာ ပြောင်းဖူး တွေ ကျန်နေသေးတယ် မလား"

"ဒါတွေ စိုက်လိုက်ရင် တော်လောက်ပြီပေါ့"

"ဒီနှစ်အတွက် ငါတို့ ပရောဂျက်တွေ တော်တော် များနေပြီလေ"

"ဆောင်းဦးရာသီ ရောက်ရင် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ထပ်ကြည့်ရဦးမှာ"

ရွှီယန်က ခဏစဉ်းစားပြီးနောက် စီစဉ်ပေးလိုက်သည်။

"ဟုတ်ကဲ့... တကယ်လည်း ပြုစုထိန်းသိမ်းရမယ့် အလုပ်တွေက များတယ်လေ"

ဝမ်ဝူက ပြန်ဖြေလိုက်သည်။

ကျန်းရှန်ချန်က အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြီး ရွှီယန်ကို မေးလိုက်သည်။

"သူဌေး... ကျွန်တော် အခန်း တစ်ခန်းလောက် သုံးပြီး ကိုယ်ပိုင် ဂျင်ခန်း သေးသေးလေး တစ်ခု လုပ်ချင်လို့ပါ... ရနိုင်မလား"

"ပစ္စည်းတွေကို ကျွန်တော့်ဘာသာ ဝယ်ပါ့မယ်"

"ရိုးရိုး ပစ္စည်းလေးတွေ ပါပဲ"

ကျန်းရှန်ချန်၏ စကားကို ကြားသောအခါ ရွှီယန်က သူ့ကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ဒါက လွယ်ပါတယ်... မင်း ပိုက်ဆံ ထုတ်စရာ မလိုပါဘူး"

"ဒီလိုလုပ်... ငါ ရန်ပုံငွေ နည်းနည်း ချပေးမယ်... မင်းတို့ဘာသာ ဂျင်ခန်း နဲ့ ဘိလိယက် ခန်းလေး တစ်ခုလောက် လုပ်လိုက်ကြပေါ့"

"ငါ ချပေးနိုင်တာကတော့ သိပ်မများဘူး... ယွမ် သုံးသောင်းပေါ့... မင်း ဘတ်ဂျက် စာရင်း တစ်ခု ဆွဲပြီး ငါ့ကို လာပြလိုက်"

"ပြီးရင် အင်တာနက် ကနေပဲ အော်ဒါ တင်လိုက်တော့"

ရွှီယန်၏ စကားကို ကြားသောအခါ ဝန်ထမ်းများ အားလုံး ချက်ချင်း ဝမ်းသာသွားကြသည်။

ရွှီယန်ကတော့ ဘာမှ မထူးခြားဘူးဟု ခံစားရသည်။

ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကလည်း လယ်ယာခြံဝင်း နေ့စဉ်ဘဝ၏ အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။

အားလုံးအတွက် လှုပ်ရှားမှု လုပ်၍ရမည့် နေရာလေးတော့ ရှိသင့်သည် မဟုတ်ပါလား။

တစ်ခါတရံ အားနေသည့် အချိန် သွားဆော့လို့ ရသည်ပေါ့။

ယခုမှ စတင်ရုံသာ ရှိသေးသည်။

နောက်ပိုင်း ပိုက်ဆံ ရှိလာပြီး လယ်ယာခြံဝင်း ထပ်ချဲ့ဖြစ်ပါက မိုးလုံလေလုံ ဘတ်စကက်ဘော ကွင်းတွေ ဘာတွေတောင် စီစဉ်ပေးလို့ ရသေးသည်။

ကြီးမားသည့် လယ်ယာခြံဝင်း တစ်ခု ဖြစ်နေမှတော့ အတန်အသင့်တော့ ဟန်ကျနေသင့်သည်လေ။

ရွှီယန်၏ စကားကို ကြားသောအခါ ကျန်းရှန်ချန်က အနည်းငယ် အံ့ဩသွားသည်။

"သူဌေး... တကယ် ရတာလား"

"ဘာများ ရှိလို့လဲ... ငါက အားနာရတာတွေ မကြိုက်ဘူး ဆိုတာ သူတို့ အကုန် သိပါတယ်... မင်း ဘတ်ဂျက် စာရင်းသာ ဆွဲလိုက်... ဂျင်ခန်းကို မင်းဆီ အပ်လိုက်ပြီ... သုံးသောင်း အောက် ဆို ရပြီ"

ရွှီယန်က လက်ကာပြရင်း ပြန်ဖြေလိုက်သည်။

ဤစကားကို ကြားသောအခါ ကျန်းရှန်ချန်က ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။

သူက ထိုညမှာပင် အချိန်ပို ဆင်းပြီး စတင် စီမံကိန်း ဆွဲတော့သည်။

လယ်ယာခြံဝင်း၏ စီမံခန့်ခွဲမှုက တော်တော်လေး လူသားဆန်ပြီး ဘာမှမရှိသည့် ဘဝမှနေ၍ ယခုလို အခြေအနေအထိ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယခုကတော့ အနည်းငယ် စုတ်ပြတ်နေသော ခြံဝင်းလေး တစ်ခု ဖြစ်နေသေးသော်လည်း တဖြည်းဖြည်းနှင့် ခေတ်မီသော လယ်ယာခြံဝင်းကြီး တစ်ခု ဖြစ်လာတော့မည်မှာ သေချာလှပေသည်။

All Chapters