← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း (၂၂၃) လယ်ယာခြံဝင်း၏ ဝင်ငွေရှာနည်းနှင့် လူကြိုက်များသော အစားအစာ

တိရစ္ဆာန်ဆရာဝန်ပင် ငှားရမ်းပြီးပြီဖြစ်ရာ လယ်ယာခြံဝင်းအတွင်း မွေးမြူရေးတိရစ္ဆာန်များ ထပ်တိုးရန်မှာ သဘာဝကျပေသည်။

ယခုလောလောဆယ်တွင် အိမ်မွေးဝက်များနှင့် ငန်းများသာရှိသေးသဖြင့် နည်းပါးနေသေးသည်။ ထို့ကြောင့် ရွှီယန်သည် နို့စားနွားမွေးမြူရေးခြံသို့သွားကာ နို့စားနွားမ နှစ်ကောင် ဝယ်ယူလာခဲ့သည်။

ယခုအခါ နို့စားနွားများမှာ ဈေးပေါနေပြီဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က အရွယ်ရောက်ပြီးစ နို့စားနွားမ တစ်ကောင်ကို ယွမ်တစ်သောင်းရှစ်ထောင်မှ နှစ်သောင်းခန့်အထိ ပေးရသည်။ ထို့ထက်ပိုစောသော အချိန်များကဆိုလျှင် နွားမတစ်ကောင်ကို ယွမ်လေးသောင်းအထိပင် ရောင်းရတတ်သည်။

သို့သော် ယခုအခါတွင်တော့ ယွမ်တစ်သောင်းပင် မပြည့်သောဈေးဖြင့် နွားမတစ်ကောင်ကို ဝယ်ယူနိုင်နေပြီဖြစ်သည်။

ထိုအချက်က အနည်းငယ် ထူးဆန်းနေသည်။ ယခုအချိန်တွင် နွားနို့နှင့် နို့ထွက်ပစ္စည်းများ ဈေးတက်နေသော်လည်း နို့စားနွားများ၏ ဈေးနှုန်းကတော့ အများကြီး ထိုးကျနေခြင်းပင်။

မွေးမြူရေးသမားများမှာ အမြတ်ငွေ လုံးဝမရကြတော့ဘဲ အချို့ဆိုလျှင် ခြံပါဖျက်သိမ်းလိုက်ကြသည်။ ငွေတွေကို ဘယ်သူတွေ ရသွားသလဲ ဆိုသည်ကိုတော့ မသိနိုင်တော့ပေ။

ရွှီယန် နွားဝယ်စဉ်က မွေးမြူရေးခြံပိုင်ရှင်နှင့် နို့စားနွားမွေးမြူခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖြစ်ခဲ့သည်။ ခြံပိုင်ရှင်မှာတော့ မျက်မှောင်ကြုတ်ကာ သက်ပြင်းချနေ၏။ နို့စားနွားများ၏ ဈေးနှုန်းက ကျဆင်းနေပြီး ထိုနွားများက တန်ဖိုးကျနေပြီဖြစ်သည်။

နွားနို့ဒိုင်များကလည်း ယခုအခါ ဈေးနှိမ်ပေးနေကြသည်။ မရောင်းဘဲနေ၍လည်း မဖြစ်ပေ။ နွားနို့အစိမ်းများကို သိုလှောင်ထိန်းသိမ်းရခြင်းက ကုန်ကျစရိတ် အလွန်ကြီးမားရာ ကြီးမားသော နို့ဒိုင်များသာလျှင် မွေးမြူရေးခြံများမှထွက်သော နွားနို့များကို ကိုင်တွယ်နိုင်စွမ်း ရှိကြသောကြောင့် ဖြစ်သည်။

နွားမွေးမြူရေးခြံပိုင်ရှင်၏ စကားများမှတစ်ဆင့် မွေးမြူရေးသမားများ၏ အခက်အခဲများကို ရွှီယန် နားလည်သွားခဲ့သည်။ အောက်ခြေအလွှာမှ မွေးမြူရေးသမားများမှာတော့ အမြတ်ထုတ် ခေါင်းပုံဖြတ်ခံရသည်မှာ အမှန်ပင်။

စိုက်ပျိုးရေး လုပ်ငန်းများကလည်း အလားတူပင်ဖြစ်သည်။ အောက်ခြေမှ စိုက်ပျိုးသူများလည်း အဆင်မပြေလှပေ။ ရွှီယန်ကတော့ ကံကောင်းသည်ဟု ဆိုရမည်။ တိုက်ရိုက် အရောင်းအဝယ် လုပ်နိုင်သော ဖောက်သည်များကို ရှာတွေ့ထားသဖြင့် သူ၏ ဝင်ငွေက နှိုင်းယှဉ်ကြည့်လျှင် အတော်လေး ကောင်းမွန်နေသည်။

နို့စားနွားမများကို ဝယ်ယူပြီး ပြန်ရောက်လာသောအခါ ရွှီယန်က မာဝန်ကို မှာကြားလိုက်သည်။

"နွားမ နှစ်ကောင်ဆိုရင်တော့ ခြံအတွက် လုံလောက်ပြီ... ကိုယ်တွေ သောက်ဖို့ပဲဖြစ်ဖြစ် တိရစ္ဆာန်တွေကို တိုက်ဖို့ပဲဖြစ်ဖြစ် အဆင်ပြေတယ်"

"နွားတွေကို ပြုစုဖို့ကတော့ မင်းနဲ့ ရှန်ကျန့်ကော်ကို အားကိုးရတော့မယ်"

ရွှီယန်၏ အစီအစဉ်ကို ကြားသောအခါ မာဝန်က ချက်ချင်း သဘောတူလိုက်သည်။

"စိတ်ချပါ သူဌေး... ဒီကိစ္စကို ကျွန်တော့်ဆီသာ လွှဲထားလိုက်ပါ"

နွားမ နှစ်ကောင်စလုံးက ကျန်းမာသန်စွမ်းကြသည်။ နွားဝယ်စဉ်က ရွှီယန်က ရှန်ကျန့်ကော်ကို အကူအညီတောင်းပြီး အကြံဉာဏ်ပေးရန် တမင်တကူး ခေါ်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နွားမများ ခြံသို့ ရောက်လာသည်နှင့် တစ်ခါတည်း နို့စညှစ်၍ ရနေပြီဖြစ်သည်။

ခြံထဲတွင် နွားနို့များ ပေါများလာသဖြင့် အားလုံးက ပျော်ရွှင်နေကြ၏။ ဤသည်ကလည်း လယ်ယာခြံဝင်း၏ သက်သာချောင်ချိရေး တစ်ခုပင် ဖြစ်သည်။

ရွှီယန်က ဒိန်ချဉ်စက်နှင့် တဆေးမှုန့်များကို အင်တာနက်မှတစ်ဆင့် အထူးတလည် ဝယ်ယူထားပြီး ကိုယ်တိုင် ဒိန်ချဉ်လုပ်ရန် ပြင်ဆင်နေသည်။ ယခုအခါ ဒိန်ချဉ်များက တော်တော်လေး ဈေးကြီးပြီး တစ်ဘူးကို လေးငါးယွမ်ခန့် ပေးရသည်။ ထို့အပြင် ထိုအထဲတွင် ဓာတုဗေဒ ဖြည့်စွက်ပစ္စည်းများစွာလည်း ပါဝင်သေး၏။

ကိုယ်တိုင်လုပ်သော ဒိန်ချဉ်ဆိုလျှင်တော့ ထိုပြဿနာများကို စဉ်းစားနေစရာ မလိုတော့ပေ။ လုပ်နည်းကလည်း ရိုးရှင်းလှသည်။ နွားနို့ကို ဒိန်ချဉ်စက်ထဲ ထည့်ကာ တဆေးမှုန့် အနည်းငယ် ထည့်ပြီး သကြား သို့မဟုတ် ပျားရည် အနည်းငယ် ရော၍ တစ်ညခန့် ထားလိုက်ရုံပင်။

သေချာသည်မှာ ထိုအထဲတွင် အပူချိန်... ပါဝင်အချိုးအစား အစရှိသည့် နည်းပညာလေးများတော့ ပါဝင်ပေသည်။ အချို့လူများ လုပ်သော ဒိန်ချဉ်ဆိုလျှင် အလွန် ချဉ်နေတတ်ပြီး ဒိန်ချဉ်အောက်တွင် ရေများ ထွက်နေတတ်ရာ ထိုအရာများက မအောင်မြင်သော ပုံစံများပင် ဖြစ်သည်။

ရွှီယန်၏ ကျွမ်းကျင်မှုကတော့ တော်တော်လေး ကောင်းမွန်သဖြင့် လုပ်ရသည်မှာ ပြဿနာ သိပ်မရှိချေ။ ကိုယ်တိုင် နှစ်ခေါက် သုံးခေါက်ခန့် စမ်းသပ်ကြည့်ပြီးသည်နှင့် ဒိန်ချဉ်လုပ်နည်းကို သူ ကောင်းကောင်း တတ်မြောက်သွားခဲ့သည်။

ဒုတိယနေ့ နံနက်ခင်းသို့ ရောက်သောအခါ ရွှီယန်က ပန်းကန်လုံးလေး တစ်လုံး ကိုင်လာခဲ့၏။ ထိုအထဲတွင် တိုဟူးကဲ့သို့ နူးညံ့အိစက်နေသော ဒိန်ချဉ်များ ပြည့်နေပြီး ဇွန်းဖြင့် ခပ်လိုက်သည်နှင့် အတုံးကြီး တစ်တုံး ပါလာတော့သည်။

ဒိန်ချဉ်က ပါးစပ်ထဲ ရောက်သည်နှင့် ချဉ်သောအရသာကို ခံစားရပြီး သေချာ အရသာခံကြည့်လိုက်ပါက ချိုချဉ်ချဉ် အရသာလေးက လျှာပေါ်တွင် ပြန့်နှံ့သွားသည်။ အရသာက တကယ်ကို ကောင်းလွန်းလှ၏။

ကိုယ်တိုင် လုပ်ထားခြင်း ဖြစ်သဖြင့် ဖြည့်စွက်ပစ္စည်းများ ပါဝင်မည်ကို စိတ်ပူစရာ မလိုပေ။ ထို့အပြင် သစ်သီးအရသာ ဒိန်ချဉ် စားချင်ပါကလည်း ဒိန်ချဉ်စက်ထဲသို့ လတ်ဆတ်သော သစ်သီးများ ထည့်၍ ရသေးသည်။ ဥပမာ စတော်ဘယ်ရီ... နာနတ်သီး... ပန်းသီး အစရှိသဖြင့်ပင်။ တွဲစားလိုက်ပါက ပို၍တောင် အရသာရှိသေး၏။

'ဒါဆို ဒိန်ချဉ်ကို စိတ်ကြိုက် စားလို့ရသွားပြီပေါ့'

'ပုံမှန်ဆို နည်းနည်းပိုလုပ်ပြီး သိမ်းထားလိုက်ရင် နေ့တိုင်း နည်းနည်းစီ စားလို့ရတာပဲ'

ရွှီယန်က စိတ်ထဲမှနေ၍ ကျေနပ်ပျော်ရွှင်စွာ တွေးလိုက်သည်။

ကိုယ်ပိုင် လယ်ယာခြံဝင်း ဖွင့်ထားခြင်း ဖြစ်ရာ စားစရာ သောက်စရာများက ပေါများလှသည်။ သို့သော် အားလုံးက ကိုယ်တိုင် စိုက်ပျိုးထားသည်များသာ ဖြစ်သဖြင့် မည်သို့ ပြုပြင်မွမ်းမံရမည် ဆိုသည်ကိုတော့ ကိုယ်တိုင်သာ နည်းလမ်းရှာရမည် ဖြစ်၏။

နောက်တစ်နေ့သို့ ရောက်သောအခါ ရွှီယန်က ဒိန်ချဉ်များ အများအပြား လုပ်ထားလိုက်သည်။ သူတစ်ယောက်တည်း စားမကုန်မှန်း သိသဖြင့် ဝန်ထမ်းများကိုပါ ခေါ်ကျွေးလိုက်၏။ အားလုံးက ရွှီယန် လုပ်ထားသော ဒိန်ချဉ်ကို စားကြည့်ပြီးနောက် အတော်လေး အံ့ဩသွားကြသည်။

ဒိန်ချဉ်၏ အရသာက တကယ်ကို ကောင်းလွန်းနေသည်။ အပြင်မှဝယ်သော ဒိန်ချဉ်များထက်ပင် ပို၍ လတ်ဆတ်လန်းဆန်းသော အရသာမျိုး ရှိနေ၏။

"သူဌေး... ဒီအရသာက တကယ်မိုက်တယ်... ခင်ဗျားရဲ့ လက်ရာနဲ့ ဒိန်ချဉ်ဆိုင် မဖွင့်ရင် နှမြောစရာကြီး"

ဝမ်ဝူက ရင်ထဲမှနေ၍ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။

သူက မြှောက်ပင့်ပြီး ပြောနေခြင်း မဟုတ်ပေ။ ရွှီယန် လုပ်သော ဒိန်ချဉ်က တကယ်ကို အရသာရှိနေသောကြောင့် ဖြစ်သည်။

ဘေးနားရှိ ကျန်းရှန်ချန်ကလည်း ဝင်ပြောသည်။

"တကယ်ကောင်းတယ်... သူဌေး... ဒိန်ချဉ် ဘယ်လိုလုပ်တာလဲ ကျွန်တော့်ကိုလည်း သင်ပေးပါဦး... ကျွန်တော်လည်း နည်းနည်းလောက် လုပ်ကြည့်ချင်လို့"

ထိုစကားကို ကြားသောအခါ ရွှီယန်က ရယ်မောလိုက်သည်။

"ဒိန်ချဉ်လုပ်တာက အရမ်း လွယ်ပါတယ်... နွားနို့အစိမ်းထဲ တဆေးမှုန့်ထည့်ပြီး ဒိန်ချဉ်စက်ထဲ ထည့်လိုက်ရုံပဲ... ပါဝင်အချိုးအစားကို အင်တာနက်မှာ ရှာလို့ရတယ်... တဆေးမှုန့် ရောင်းတဲ့သူတွေတောင် ပြောပြတတ်တယ်လေ"

"အချိန်လေး နည်းနည်း သတိထားရုံပါပဲ"

ရွှီယန် ပြောသည်ကို ကြားသောအခါ အားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

မာဝန်က အကြံပြုလိုက်သည်။

"သူဌေး... အခု ကျွန်တော်တို့ဆီမှာ နွားနို့ ထွက်နှုန်းက တော်တော်များနေတာ... ဒိန်ချဉ်လေး နည်းနည်းလုပ်ပြီး ဈေးတန်းမှာ သွားရောင်းရင်ရော"

"မြို့ထဲမှာ နွားနို့ကို ဈေးကောင်းကောင်းနဲ့ ရောင်းဖို့က မလွယ်ဘူး... ဒါပေမယ့် ဒိန်ချဉ်ဆိုရင်တော့ ဈေးကောင်း ရနိုင်တယ်"

"လက်လုပ် ဒိန်ချဉ်က တော်တော်လေး လူကြိုက်များတယ်လေ"

မာဝန်၏ အကြံပြုချက်က ရွှီယန်၏ စိတ်ဝင်စားမှုကို အမှန်တကယ် ဆွဲဆောင်သွားခဲ့သည်။ ထိုစကားပုံအတိုင်းပင်။ ယောကျာ်းလေး တစ်စု အတူတကွ ရှိနေပါက အကြံဉာဏ်ရှင် တစ်ယောက်ကတော့ သေချာပေါက် ထွက်ပေါ်လာစမြဲပင်။

အဓိကကတော့ ခြံထဲတွင် နွေဦးစိုက်ပျိုးရေး ကိစ္စများ ပြီးစီးသွားပြီဖြစ်ရာ လောလောဆယ် အလုပ် သိပ်မရှိချေ။ လယ်အလုပ်များ မရှိသဖြင့် အားလုံးကို အလကား ထိုင်ကျွေးနေ၍ မရရာ သေချာပေါက် ပိုက်ဆံရှာရန် နည်းလမ်း ရှာရမည် ဖြစ်သည်။

ရွှီယန်၏ လယ်ယာခြံဝင်းက ယခုဆိုလျှင် ထွန်စက် ငှားရမ်းသည့် ဝန်ဆောင်မှုကိုပါ လက်ခံ လုပ်ဆောင်နေပြီ ဖြစ်သည်။ အကယ်၍ မည်သည့်ရွာကမဆို လယ်ဧက ဆယ်ဂဏန်းခန့် ထွန်ယက်ရန် ရှိပါက သူ့ကို ဆက်သွယ်၍ ရပေသည်။ ယခုဆိုလျှင် ပတ်ဝန်းကျင်ရှိ ရွာများနှင့် မြို့များက ရွှီယန်၏ ခြံဝင်းတွင် ထွန်စက်ကြီး ရှိမှန်း သိနေကြပြီ ဖြစ်၏။ ဤသည်ကလည်း ခြံဝင်းအတွက် ဝင်ငွေရှာသည့် နည်းလမ်း တစ်ခုပင် ဖြစ်သည်။

'ဒါလည်း တကယ် ဖြစ်နိုင်တာပဲ... အခု ဈေးရောင်းတဲ့သူတွေ တော်တော်များတယ်'

'ခြံဝင်းရဲ့ လစဉ် ကုန်ကျစရိတ်ကလည်း နည်းတာမဟုတ်ဘူး... ပိုက်ဆံရှာဖို့ နည်းလမ်း ရှာရမှာပဲ... ငါ့အိတ်ကပ်ထဲကချည်းပဲ စိုက်ထုတ်နေလို့ မရဘူး'

ရွှီယန်က စိတ်ထဲမှနေ၍ တွေးလိုက်သည်။

သူက ခေါင်းညိတ်ပြပြီး မာဝန်ကို ပြန်ပြောလိုက်သည်။

"ဒါက တကယ် ဖြစ်နိုင်ချေ ရှိတယ်"

"ငါတို့ခြံဝင်းအတွက် ဝင်ငွေရမယ့် နည်းလမ်းတွေကို များများ စဉ်းစားရမယ်... ဈေးတန်းမှာက ဘာမဆို ရောင်းလို့ရတာပဲ... ငါတို့ အတူတူ ဈေးတန်းမှာ သွားပြီး ဒိန်ချဉ် ရောင်းကြတာပေါ့"

ရွှီယန်၏ စကားကို ကြားသောအခါ ဝန်ထမ်းများကလည်း ဘာပြဿနာမှ မရှိကြောင်း ပြောကြသည်။ ဝန်ထမ်းများက ဒိန်ချဉ်လုပ်သည့် အသေးစိတ် အချက်အလက်များကို မသိကြသော်လည်း အကူအညီ ပေးရန်လောက်ကတော့ လုံးဝ ပြဿနာ မရှိချေ။ ရွှီယန်က အလုပ်အားလုံးကို ခြုံငုံကြီးကြပ်ပြီး ဝန်ထမ်းများက အလုပ်လုပ်ကြမည် ဖြစ်သည်။ နွားနို့များကို ဒိန်ချဉ်ဘူးလေးများ ဖြစ်အောင် လုပ်ရန်က ပြဿနာ သိပ်မကြီးလှပေ။

ဝေးလံခေါင်သီသော ရွာဈေးတန်းများတွင် အစားအသောက် ရောင်းချသည့် စည်းမျဉ်းစည်းကမ်းများက သိပ်ပြီး တင်းကျပ်လေ့ မရှိချေ။ လူများက ပေါက်ပေါက်ဆုပ်... ပြောင်းဖူးကိတ်... ပလာတာ... သစ်သီး အစရှိသည့် သာမန် သရေစာလေးများကို ရောင်းချကြသည်ဖြစ်ရာ ဈေးကော်မတီကလည်း ဤဘက်ကို သိပ်ပြီး ကြီးကြပ်လေ့ မရှိပေ။

ရွှီယန်က ဒိန်ချဉ် သွားရောင်းရန် လုံးဝ အဆင်ပြေသည်။ အဲဒီအချိန်ကျလျှင် အအေးခံစနစ် ပါသည့် ရွေ့လျား ဈေးရောင်းကား တစ်စီး ဝယ်ပြီး ကားထဲတွင် ဒိန်ချဉ်များ ထည့်ထားမည် ဖြစ်၏။ ဧည့်သည် လာဝယ်ပါက တစ်ခါသုံး ပန်းကန်လေး ထုတ်ပြီး ဒိန်ချဉ် တစ်ဇွန်း ခပ်ထည့်ကာ ဧည့်သည်ကို ပေးလိုက်ရုံပင်။ တော်တော်လေး အဆင်ပြေလှသည်။ အရသာ အမျိုးမျိုးတောင် ထပ်ဖြည့်ပေး၍ ရသေး၏။ စဉ်းစားကြည့်ရုံနှင့်ပင် တော်တော်လေး အဆင်ပြေနေပြီ ဖြစ်သည်။

ပြောပြီးသည်နှင့် ချက်ချင်း လက်တွေ့ လုပ်ဆောင်ကြတော့သည်။ မနက်ဖြန်တွင်လည်း တိုက်တိုက်ဆိုင်ဆိုင် ဈေးနေ့ ရှိနေသဖြင့် ရွှီယန်က အားလုံးကို အလုပ်စလုပ်ရန် စီစဉ်ပေးလိုက်၏။

ခြံထဲတွင် မူလကတည်းက နွားနို့ အစိမ်းများ သိုလှောင်ထားသည်များ ရှိသည်။ အဲဒါများကို အကုန်လုံး ဒိန်ချဉ်လုပ်ရန် အသုံးပြုလိုက်မည် ဖြစ်၏။

တဆေးမှုန့်များ အများကြီး ဝယ်ထားပြီး နွားနို့လည်း လုံလောက်ပေသည်။ ဒိန်ချဉ်စက် ဆိုသည်က တကယ်တော့ အိုးအသေးလေး တစ်လုံးသာ ဖြစ်၏။ ထမင်းပေါင်းအိုး သုံးလျှင်လည်း အကျိုးသက်ရောက်မှုက အတူတူပင် ဖြစ်ပြီး ကျွမ်းကျင်မှု ရှိရန်သာ လိုအပ်သည်။ သူက သင့်တော်သော နေရာတစ်ခုကို ရွေးပြီး အပူချိန်ကို အနေတော် ထားလိုက်၏။ အားလုံးက အလုပ်များ စတင် ရှုပ်ယှက်ခတ်လာကြတော့သည်။

ဒိန်ချဉ် မလုပ်ခင် နွားနို့များကို အရင်ဆုံး ဆူပွက်အောင် တည်ပြီး ပိုးသတ်ရမည် ဖြစ်သည်။

နို့နံ့ မွှေးမွှေးလေး ရလာသောအခါ ကောင်လေးများ အကုန်လုံး ပြေးလာကြတော့၏။ ရိုးရာတောခွေး... မာလီနွိုက်ခွေး... လီဟွာကြောင် နှင့် ဒရယ်ပြောက်လေး တို့ အားလုံးက ဘေးနားတွင် ရပ်ကြည့်နေကြသည်။ ဘယ်တော့များမှ သူတို့လည်း တစ်ငုံလောက် သောက်ခွင့်ရမည်နည်းဟု စိတ်ထဲမှနေ၍ တွေးနေကြသည့်ပုံပင်။ ရွှီယန်လည်း သူတို့ကို ဂရုမစိုက်နိုင်အားဘဲ ဝန်ထမ်းများကို ဒိန်ချဉ်လုပ်ရန် စီစဉ်ပေးနေရသည်။

ဒါ့အပြင် ရွေ့လျား ဈေးရောင်းကား နှင့် တစ်ခါသုံး ပန်းကန်များကိုလည်း မြို့ထဲတွင် သွားဝယ်ရဦးမည် ဖြစ်၏။ ဒါတွေကတော့ ဖြေရှင်းရန် လွယ်ကူပါသည်။ ဤကဲ့သို့သော နေရာမျိုးတွင် လူအများစုက ဈေးရောင်းသည့် အလုပ်မျိုးသာ လုပ်နိုင်ကြသည်ဖြစ်ရာ သက်ဆိုင်ရာ ပစ္စည်းများကို အလွယ်တကူ ဝယ်၍ရပေသည်။

တိရစ္ဆာန်ဆရာဝန် ရှန်ကျန့်ကော်ကလည်း ယနေ့ ခြံဝင်းထဲတွင် ရှိနေသည်။ သူက အားလုံး အလုပ်ရှုပ်နေကြသည်ကို ကြည့်ပြီး ပြုံးရွှင်စွာဖြင့် ဝင်ကူနေ၏။ ရှန်ကျန့်ကော်က အသက် ခြောက်ဆယ်ကျော်နေပြီ ဖြစ်ပြီး ပင်စင်ယူထားသူ ဖြစ်သည်။ အစိုးရ ဝန်ထမ်းအဖြစ်မှ ပင်စင်ယူထားခြင်း ဖြစ်ရာ ပင်စင်လစာကလည်း မနည်းလှပေ။ သူက အပျင်းပြေ လုပ်စရာ တစ်ခုခု လိုက်ရှာနေခြင်း သက်သက်သာ ဖြစ်၏။

အချို့လူများက အားနေသည်ကို မနေနိုင်ကြချေ။ အိမ်တွင်ချည်းပဲ ရက်အနည်းငယ်ခန့် နေခိုင်းပါက သေမတတ် ခံစားရတတ်သည်။ အချို့ကတော့ အိမ်တွင်းအောင်းရသည်ကို သဘောကျပြီး တစ်လလုံး အပြင်မထွက်လျှင်လည်း ဘာမှမဖြစ်ပေ။ အသက်ကြီးသော သက်ကြီးရွယ်အို အများစုကတော့ ပထမအမျိုးအစားတွင် ပါဝင်ပြီး အားနေရသည်ကို မကြိုက်ကြချေ။

သိပ်မကြာခင်မှာပင် ဒိန်ချဉ် အိုးကြီး အတော်များများကို ပြင်ဆင်ပြီးစီးသွားပြီး သင့်တော်သော နေရာတွင် ထားကာ တဆေးဖောက်ရန် စတင်လိုက်၏။ အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုသည်ကတော့ မနက်ဖြန်မှသာ သိရတော့မည်။ ခြံဝင်းမှ ကိုယ်တိုင်လုပ်သော ဒိန်ချဉ်ဖြစ်သဖြင့် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည်။ ကိုယ့်ပစ္စည်းများချည်းသာ ဖြစ်ရာ စားရသည်မှာလည်း စိတ်ချရပေသည်။

"အခု ဈေးနေ့တွေက စနေ တနင်္ဂနွေနေ့တွေမှာပဲ ရှိတာ... မနက်ဖြန်က ကွက်တိပဲ ဆိုတော့ ငါတို့ ဈေးတန်းမှာ သွားပြီး ဆိုင်ခန်း ဖွင့်ကြမယ်"

"လူလည်း တော်တော်များတယ် ဆိုတော့ ဒိန်ချဉ် ရောင်းကောင်းမှာပါ"

ရွှီယန်က အားလုံးနှင့် စကားစမြည် ပြောနေသည်။

မြို့လေးက မြို့ကြီးနှင့် သိပ်မဝေးလှပေ။ သိပ်ပြီး မဖွံ့ဖြိုးသော်လည်း ခရီးသွားမြို့လေး တစ်မြို့ ဖြစ်သည့်အတွက် နေရာအနှံ့မှ လာသော ခရီးသွားများ အများအပြား ရှိသည်။ ထို့အပြင် ဒေသခံများကလည်း ဈေးတန်းသို့ လာပြီး ဈေးဝယ်တတ်ကြ၏။ ဧည့်သည်ကတော့ သေချာပေါက် လုံလောက်ပေသည်။

ဤကဲ့သို့သော ဈေးတန်းမျိုးတွင် ဈေးသည်များ ရောင်းသည့် ပစ္စည်းများက တော်တော်လေး ဈေးပေါသည်။ ကုန်ဈေးနှုန်းက အလွန် သက်သာ၏။ ထို့ကြောင့် ဤဘက်တွင် နေထိုင်ရသည်မှာ စိတ်ဖိစီးမှု သိပ်မရှိချေ။ ဤသို့ဖြင့် တစ်ရက် ကုန်လွန်သွားခဲ့သည်။

ဒုတိယနေ့ နံနက် ရှစ်နာရီ ရောက်သောအခါ ရွှီယန်က ဝန်ထမ်းများကို ခေါ်ပြီး ဒိန်ချဉ် အခြေအနေကို သွားကြည့်ကြ၏။ သူက အိုးတိုင်းမှ ဒိန်ချဉ်များကို မြည်းစမ်းကြည့်ပြီး အရသာ မပျက်ဘူး ဆိုသည်ကို အတည်ပြုလိုက်သည်။ ထို့နောက် ဒိန်ချဉ်များကို ရွေ့လျား ဈေးရောင်းကား ၏ ရေခဲသေတ္တာထဲ ထည့်ပြီး ဈေးတန်းသို့ သွားရန် ပြင်ဆင်လိုက်တော့သည်။

ဤကဲ့သို့သော ကိစ္စကို သူတစ်ယောက်တည်း သွားစရာ မလိုပေ။ ဝမ်ဝူ နှင့် ကျန်းရှန်ချန် တို့ နှစ်ယောက်ကို ထည့်လွှတ်လိုက်၏။ တကယ်တမ်းတော့ သူတို့နှစ်ယောက်က ဈေးရောင်းရန် တာဝန်ယူရမည် ဖြစ်ပြီး ရွှီယန် ကိုယ်တိုင်ကတော့ ဈေးတန်းတွင် တစ်ပတ်ခန့် ပတ်ကြည့်ချင်သောကြောင့် ဖြစ်သည်။ သူဌေးဆိုသည်မှာ အလုပ်ရှိလျှင် ဝန်ထမ်းများကို ခိုင်းပြီး ကိုယ်တိုင်ကတော့ လျှောက်သွား လျှောက်ကစားနေရမည် မဟုတ်ပါလား။

"ဟုတ်ကဲ့ သူဌေး... ဒါဆို ကျွန်တော်တို့ နှစ်ယောက် ဈေးရောင်းကားကို အရင် မောင်းသွားလိုက်မယ်"

ဝမ်ဝူ နှင့် ကျန်းရှန်ချန် တို့က ရွှီယန်ကို နှုတ်ဆက်ပြီး ဈေးရောင်းကား ကို မောင်းကာ ထွက်သွားကြသည်။

ရွှီယန်ကတော့ သူ့၏ကားကို ကိုယ်တိုင် မောင်းပြီး တောက်လျှောက် လိုက်သွားခဲ့၏။ ဝယ်စရာ ဘာရှိမလဲ ဆိုသည်ကို လိုက်ကြည့်ရန် ဖြစ်သည်။

ကျန်သည့် ဝန်ထမ်းများကတော့ ခြံထဲတွင် ကျန်ခဲ့ကြသည်။ မာဝန်က တိရစ္ဆာန်များကို အစာကျွေးရန် တာဝန်ယူပြီး လီဆန်းကတော့ မှန်လုံအိမ် အားလုံးကို ရေလောင်းရန်နှင့် မှန်လုံအိမ် အခြေအနေကို စစ်ဆေးရန် တာဝန်ယူ၏။ ဒါ့အပြင် အပြင်ဘက်ရှိ အာလူးခင်းနှင့် မြက်ခင်းများကိုလည်း ရေလောင်းရဦးမည် ဖြစ်သည်။

အားလုံးက အလုပ်ကိုယ်စီနှင့် အလုပ်ရှုပ်နေကြတော့သည်။ တက်တက်ကြွကြွဖြင့် အလုပ်များ လုပ်နေကြ၏။ ကိုယ့်တာဝန် ကိုယ်စီ ယူထားကြသည်။ ဤဒိန်ချဉ် တစ်ကားလုံးသာ ကုန်သွားပါက အမြတ် မနည်းလှပေ။ အနည်းဆုံး ယွမ် တစ်ထောင် နှစ်ထောင်ခန့်တော့ ရနိုင်၏။ အရင်းနှုတ်ပြီးလျှင်တောင် အများကြီး ကျန်ဦးမည် ဖြစ်သည်။

'တစ်လကို ဈေးနေ့က ဘယ်နှစ်ရက်မှ မရှိတာ... ဈေးနေ့ကျမှပဲ ဒိန်ချဉ်က ရောင်းကောင်းမှာ'

'ပုံမှန်ရက်တွေဆို လူမရှိလို့ ဈေးသွားရောင်းနေစရာ မလိုဘူး'

'ဒါက ခြံဝင်းရဲ့ အလုပ်အကိုင် အခြေအနေနဲ့လည်း ကိုက်ညီတယ်'

ရွှီယန်က စိတ်ထဲမှနေ၍ တွက်ချက်နေ၏။

ခြံဝင်းမှ ပစ္စည်းတချို့ ထုတ်လုပ်ပြီး အပြင်တွင် သွားရောင်းခြင်းကလည်း ပိုက်ဆံရှာရန် နည်းလမ်းကောင်း တစ်ခုပင် ဖြစ်သည်။ ဆောင်းဦး ရိတ်သိမ်းချိန် မရောက်ခင်တွင် ဤကဲ့သို့သော နည်းလမ်းဖြင့် ပိုက်ဆံ ဘယ်လိုရှာရမည်ကို များများ စဉ်းစားသင့်ပေသည်။

ကျန်းရှန်ချန် နှင့် ဝမ်ဝူ တို့ နှစ်ယောက် ဈေးတန်းသို့ ရောက်သွားပြီး နေရာတစ်ခု ရှာကာ ဆိုင်ခန်း ဖွင့်လိုက်ကြ၏။ ဤဘက်တွင် အတော်လေး စည်ကားနေသည်။ လယ်သမားများက အစောကြီး ကတည်းက ရောက်နေကြပြီး ကိုယ့်နေရာနှင့်ကိုယ် နေရာယူကာ ဆိုင်ခန်းများကို တန်းစီ ဖွင့်ထားကြသည်။ ရောင်းသည့် ပစ္စည်းများကလည်း စုံလင်လှ၏။ နေရာတိုင်းတွင် လော်စပီကာဖြင့် အော်ဟစ် ရောင်းချနေသည့် အသံများ ဆူညံနေသည်။

ဝမ်ဝူကလည်း လော်စပီကာ တစ်လုံး ယူလာပြီး ကြော်ငြာစာသား အချို့ကို အသံသွင်းလိုက်သည်။

"ကိုယ်တိုင်လုပ် ဒိန်ချဉ်စစ်စစ်လေး ရပါမယ်... သဘာဝစစ်စစ်... ဘာမှမရောထားပါဘူး... အရသာကလည်း ရှယ်ပဲ"

"လယ်ယာခြံဝင်းက လက်လုပ် ဒိန်ချဉ်လေးပါ... တစ်ဘူးကို သုံးယွမ်တည်းပါဗျာ"

ကြော်ငြာသံများက အပြင်သို့ ပျံ့လွင့်သွားပြီး တခြား ဈေးသည်များ၏ ဆူညံနေသော အော်ဟစ် ရောင်းချသံများ ကြားတွင် ရောနှောသွားတော့၏။ ဒိန်ချဉ် ဆိုသည့် စကားလုံး နှစ်လုံး၏ ဆွဲဆောင်မှုက အလွန် ကြီးမားလှသည်။ အချို့ဧည့်သည်များက ဈေးသည်များ၏ ဆူညံနေသော အသံများ ကြားထဲတွင် ဤစကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ စိတ်ဝင်စားသွားကြသည်။

အဲဒီနောက် ဧည့်သည်များက ဝမ်ဝူတို့ ဆိုင်ဘက်သို့ လျှောက်လာကြပြီး လက်လုပ် ဒိန်ချဉ် တစ်ဘူးကို သုံးယွမ်တည်း ဆိုသည်ကို သိသွားသောအခါ အကုန်လုံးက ဝယ်ရန် ဆုံးဖြတ်လိုက်ကြတော့၏။ တကယ်တော့ ဤကဲ့သို့သော ဒိန်ချဉ်မျိုး၏ ကုန်ကျစရိတ်က မော်ကျောင်း ငါးပြား (ယွမ် တစ်ဝက်) တောင် မရှိပေ။

ဒိန်ချဉ်၏ အရသာက တကယ်ကို ကောင်းမွန်သည်ဖြစ်ရာ ဧည့်သည်များ အတွက်တော့ ဤဈေးနှုန်းက အတော်လေး တန်လှသည်။ ထို့ကြောင့် ခဏလေး အတွင်းမှာပင် သူတို့ဆိုင်လေးက တော်တော်လေး လူကြိုက်များသွားတော့၏။

ရွှီယန်က သူ့ကားကို ကိုယ်တိုင်မောင်းလာပြီး ကားရပ်ပြီးသည်နှင့် ဝမ်ဝူတို့ ဆိုင်ခန်း ဘယ်မှာလဲ ဆိုသည်ကို ဈေးတန်းထဲတွင် လိုက်ရှာတော့သည်။ သူ တစ်ပတ်ခန့် လျှောက်ရှာသော်လည်း မတွေ့သေးချေ။ လမ်းတစ်ဝက်တွင် ဆိုင်ခန်းတစ်ခုကို လူများ အများအပြား ဝိုင်းအုံနေသည်ကို ရွှီယန် မြင်လိုက်သော်လည်း အဲဒီတုန်းက သိပ်ပြီး အာရုံမထားမိခဲ့ပေ။

ဒုတိယ အကြိမ် ထပ်ရှာသည့် အခါကျမှ အဲဒီဆိုင်ခန်းက သူတို့ခြံဝင်းက ဖွင့်ထားသည့် ဆိုင်ခန်းမှန်း သူ သိလိုက်ရတော့၏။

'လူဒီလောက်တောင် များနေတာလား'

'တော်တော် စည်ကားတာပဲ'

ရွှီယန် အနည်းငယ် အံ့ဩသွားသည်။

လက်လုပ် ဒိန်ချဉ် ရောင်းရသည်က ဈေးတန်းတွင် ဒီလောက်တောင် လူကြိုက်များမည်ဟု သူ တကယ် မထင်ထားခဲ့ပေ။

All Chapters