← Chapters

အခန်း (၈၈၃-၈၈၄)

Vol. 43 Ch. 883-884

အခန်း (၈၈၃-၈၈၄)

Vol. 43 Ch. 883-884

အခန်း(၈၈၃) သွေးယဇ်ပူဇော်ခြင်း

ယင်းကား ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာတိုင်အောင် ဖိနှိပ်ချုပ်တည်းထားခဲ့ရသည့် ဒေါသတရားပင် ဖြစ်ချေသည်။

“ဟင်းလင်းပြင်ဥမင်လမ်းကြောင်းကို ရှာဖွေပေးခဲ့တဲ့အတွက် မင်းသားကို ကျေးဇူးတင်ရမှာပေါ့ဗျာ၊ အဲဒီနေရာက တံဆိပ်ခတ်နှိပ်မှုကိုသာ ကျွန်တော်တို့ ဖျက်ဆီးနိုင်ခဲ့ရင် မိစ္ဆာတပ်မတော်ကြီးကို ကြိုဆိုနိုင်မှာဖြစ်ပြီး အဲဒီအခါကျရင် တစ်ကိုယ်လုံးအတိုင်းအတာနဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီးဟာ ကျွန်တော်တို့လက်ထဲ ရောက်ရှိလာတော့မှာပါပဲ”

မိစ္ဆာအကြီးအကဲသည် စကားပြောရင်း ပို၍ပို၍ စိတ်လှုပ်ရှားလာကာ တစ်ခုန်ခုန် တစ်လွှားလွှားပင် ဖြစ်နေတော့သည်။

“ဟုတ်ပ၊ အခုအချိန်ကစပြီး ငါတို့တွေ ဒီလိုမှောင်မိုက်တဲ့ မြေအောက်ခန်းထဲမှာ ပုန်းအောင်းနေစရာမလိုတော့သလို နေ့တိုင်းလည်း ငတ်ပြတ်နေစရာ မလိုတော့ဘူးပေါ့” ဟု အခြားအရပ်မြင့်မြင့် မိစ္ဆာတစ်ကောင်က ဝမ်းသာအားရ ထောက်ခံလေသည်။

“သတ်ကြဟေ့၊ အဲဒီအသေနာလူသားတွေကို အပြတ်သတ်ကြစို့”

“သတ်ကြ၊ အဲဒီအသေနာလူသားတွေကို အပြတ်သတ်ကြစို့”

မိစ္ဆာအားလုံးက တပြိုင်နက်တည်း ဟိန်းဟောက်ကြရာ ချင်ယွမ်ဖုန်းပင်လျှင် ယင်းတို့၏ ပြင်းထန်လှသော ဒေါသတရားကို အတိုင်းသား ခံစားမိနေချေသည်။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် မခံမရပ်နိုင်ဖြစ်မှုအချို့ ဖြစ်ပေါ်လာရသည်။ ယခုအချိန်တွင် ရှန်းဝူ စကြဝဠာ တိုက်ကြီးမှ လူသားများသည် တစ်ပါးကျွန်းသား မိစ္ဆာများအပေါ် ထားရှိခဲ့သည့် နာကျည်းမှုကို မေ့လျော့နေကြပြီ ဖြစ်တန်ရာသည်။

၎င်းတို့သည် ထိုဒဏ်ရာများကို တမင်တကာ ဖုံးကွယ်ထားကြခြင်းပင် ဖြစ်သည်။

သို့သော်လည်း တံဆိပ်ခတ်နှိပ်မှုမှ ရုန်းထွက်နိုင်ခဲ့သော မိစ္ဆာများမှာမူ စွမ်းအားများကိုသာမက နာကျည်းမှု အာဃာတများကိုပါ သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာခဲ့ကြသည်။

အကယ်၍ ရှန်းဝူ စကြဝဠာ တိုက်ကြီးရှိ လူသားများအနေဖြင့် ဤနာကျည်းမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါက တစ်ပါးကျွန်းသား မိစ္ဆာများသည် ယနေ့တိုင်အောင် အသက်ရှင်ကျန်ရစ်နိုင်ခဲ့မည် မဟုတ်ချေ၊ တံဆိပ်ခတ်နှိပ်မှုမှ ကင်းလွတ်လာသည်နှင့် တပြိုင်နက် အသေဆိုးဖြင့် သေဆုံးသွားကြပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်၌ ယင်းအချက်ကို သိရှိသွားခြင်းမှာ အချိန်မနှောင်းသေးပေ၊ အနည်းဆုံးတော့ ချင်ယွမ်ဖုန်းသည် ဤတစ်ပါးကျွန်းသား မိစ္ဆာများ၏ အကြံအစည်များကို စောစောစီးစီး ထောက်လှမ်းသိရှိခဲ့လေပြီ။

မိစ္ဆာအကြီးအကဲသည် လူအများအား ငြိမ်သက်သွားစေရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် မြေပုံ၏ကျောဘက်တွင် ရေးသားထားသော စာသားများကို ကြည့်ရှုလိုက်သည်။

“မင်းသားအရှင်မြတ်က ငါတို့ကို ဟင်းလင်းပြင်ဥမင်လမ်းကြောင်းဆီ အရင်ဆုံးသွားပြီး တံဆိပ်ခတ်နှိပ်မှုကို ဖျက်ဆီးဖို့ အမိန့်ပေးထားတယ်၊ အခြားနေရာတွေက ငါတို့ရဲ့ ညီအစ်ကိုတွေလည်း ဖြည်းဖြည်းချင်း စုစည်းနေကြပြီ၊ အချိန်တန်ရင် လူသားတွေကို အကြီးအကျယ် တုံ့ပြန်ပွဲလုပ်ပေးရမှာပေါ့”

“တံဆိပ်ကိုဖျက်ဆီးကြ၊ တံဆိပ်ကိုဖျက်ဆီးကြစို့”

မိစ္ဆာများက ထပ်မံ၍ အုန်းအုန်းကျွက်ကျွက် အောင်ပွဲခံကြပြန်သည်။

“ဒါပေမဲ့ ဒီတစ်ခေါက် ထွက်သွားတဲ့အခါ လူသားတွေ မရိပ်မိစေဖို့ အထူးသတိထားရမယ်၊ အကြီးအကဲတွေက အရင်ဆုံးထွက်ခွာကြ၊ ကျန်တဲ့လူတွေကတော့ အုပ်စုခွဲပြီး ထွက်ကြရအောင်၊ ပြီးရင် ကမ်းခြေမှာ သွားစုကြမယ်၊ အဲဒီမှာ ငါတို့ကို ကြိုဆိုမယ့် သင်္ဘောတွေ အဆင်သင့်ရှိနေလိမ့်မယ်” ဟု အကြီးအကဲက တည်ငြိမ်စွာ ညွှန်ကြားလေသည်။

မိစ္ဆာများသည် မျှော်လင့်ချက်နှင့် အလင်းရောင်ကို မြင်တွေ့လိုက်ရသည့်အလား စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေကြတော့သည်။

မိစ္ဆာများအားလုံး ပစ္စည်းပစ္စယများ သိမ်းဆည်းရန် လိုဏ္ဂူထဲသို့ ပြန်ဝင်သွားကြပြီးနောက် အရပ်မြင့်မြင့် မိစ္ဆာအချို့က အကြီးအဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

ယင်းတို့သည် အခြားမိစ္ဆာများနှင့်မတူဘဲ စိတ်လှုပ်ရှားနေခြင်း မရှိဘဲ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေချေသည်။

“အကြီးအကဲ၊ ကျွန်တော်တို့ အဲဒီနေရာက တံဆိပ်ကို တကယ်ပဲ ဖျက်ဆီးနိုင်ပါ့မလား” ဟု မိစ္ဆာတစ်ကောင်က မေးမြန်းလိုက်သည်။

အကြီးအကဲသည် ခေါင်းကို ယမ်းလိုက်ရာ စောစောက စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး မျက်နှာထက်တွင် ဝမ်းနည်းရိပ်အချို့ ဖြတ်သန်းသွားသည်ကို တွေ့ရပေမည်။

“မဖျက်ဆီးနိုင်ဘူး၊ ငါတို့အားလုံးရဲ့ အင်အားကို ပေါင်းစပ်ရင်တောင် အဲဒီတံဆိပ်ကို မဖျက်ဆီးနိုင်ဘူး၊ ဘာပဲပြောပြော အဲဒီတံဆိပ်ဟာ ငါတို့မိစ္ဆာတပ်မတော်ကြီးကို နှစ်ပေါင်းများစွာတိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့တာလေ” ဟု အကြီးအကဲက သက်ပြင်းချရင်း ဆိုသည်။

“ဒါဆို မင်းသားက ဘာကိုဆိုလိုတာလဲ၊ ငါတို့က စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်လှည့်လာရမှာလား” ဟု မိစ္ဆာတစ်ကောင်က စောဒကတက်သည်။

“တောက်... မင်းသားရဲ့ အကြံအစည်ကို မင်းတို့က သံသယဝင်ရဲတယ်ပေါ့၊ မင်းသားဟာ ငါတို့ထက်မက အများကြီး ပေးဆပ်ခဲ့ရတာ၊ မိစ္ဆာတပ်မတော်ကြီးကို အမြန်ဆုံး တွေ့ချင်နေတာလည်း မင်းသားကိုယ်တိုင်ပဲဖြစ်လိမ့်မယ်” ဟု အကြီးအကဲက ပြင်းထန်စွာ ဆူပူလိုက်သည်။

“ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

“သွေးယဇ်ပူဇော်ခြင်းပေါ့၊ ဒါဟာ မင်းသားရဲ့ စိတ်ကူးဖြစ်လိမ့်မယ်လို့ ငါထင်တယ်” ဟု အကြီးအကဲက ဖွင့်ဟလိုက်သည်။

ထိုစကားလုံးကို ကြားလိုက်ရသောအခါ မိစ္ဆာများအားလုံး ငြိမ်သက်သွားကြပြီး ယင်းစကားလုံးနှစ်လုံး၏ နောက်ကွယ်ရှိ လေးနက်လှသော အဓိပ္ပာယ်ကို သဘောပေါက်သွားကြဟန် တူပေသည်။

ချင်ယွမ်ဖုန်းပင်လျှင် ထိတ်ခန့်သွားရသည်။ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များသည် နဝမအဆင့်အထိ ရှိနေသောကြောင့် ဤသူများအနေဖြင့် တံဆိပ်ကို မဖျက်ဆီးနိုင်ဟု သူကိုယ်တိုင်လည်း တွေးတောမိထားခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း ‘သွေးယဇ်ပူဇော်ခြင်း’ ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါတွင်မူ ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ မကောင်းသော စိတ်အာရုံတစ်ခု ရုတ်တရက် ဝင်ရောက်လာတော့သည်။

“တကယ်ပဲ ဒီလမ်းပဲ ရှိတာလား၊ အခြားနည်းလမ်း မရှိတော့ဘူးလား” ဟု မိစ္ဆာတစ်ကောင်က တိုးတိုးလေး မေးလိုက်သည်။

“ငါကကော ရင်မနာဘူးမှတ်လို့လား၊ မင်းသားကကော ဝမ်းမနည်းဘူး ထင်နေသလား၊ ဒီမှာရှိတဲ့ ငါတို့လူတွေရဲ့ ထက်ဝက်ကျော်ဟာ မင်းသားရဲ့ သားမြေးမြစ်တွေချည်းပဲ၊ ဒါပေမဲ့ ငါတို့မိစ္ဆာမျိုးနွယ်စု ဒီနေရာကို ပြန်လာနိုင်ဖို့အတွက်ဆိုရင် ဘယ်လိုပေးဆပ်မှုမျိုးမဆို မဖြစ်မနေ လုပ်ဆောင်ရမှာပဲ” ဟု အကြီးအကဲက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤနေရာရှိ လူများ၏ ထက်ဝက်မှာ မင်းသားတစ်ပါး၏ သားမြေးမြစ်များ ဖြစ်နေသည်ဟူ၏။ ထိုသို့ဆိုလျှင် လူပေါင်းငါးထောင်၊ ခြောက်ထောင်မျှ ရှိပေလိမ့်မည်။ ဤမင်းသားကား သားသမီး မည်မျှတောင် များပြားလှသနည်း။

အမှန်စင်စစ် ယင်းတို့မှာ ဖိုမအင်္ဂါနှစ်မျိုးစလုံး ပါရှိပြီး သန္ဓေတည်ရန်မလိုဘဲ ကလေးမွေးဖွားနိုင်သည့် သဘာဝရှိသဖြင့် ဤမျှအခြေအနေအထိ ထူးဆန်းအံ့ဩဖွယ် ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။

“နားလည်ပါပြီ” ဟု မိစ္ဆာများက ခေါင်းညိတ်ကြပြီးနောက် “ကျွန်တော်တို့ အခုပဲ သွားပြီး ပြင်ဆင်လိုက်ပါ့မယ်” ဟု ဆိုကြသည်။

“သွားကြတော့၊ ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ အသိမပေးစေနဲ့” ဟု အကြီးအကဲက လက်ဝှေ့ယမ်းကာ မှာကြားလိုက်သည်။

“ဟုတ်ကဲ့ပါ” မိစ္ဆာများသည် အရိုအသေပေးကာ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

မိစ္ဆာအကြီးအကဲသည် ပိုမိုအိုမင်းရင့်ရော်သွားသည့်အလား ထင်ရသော်လည်း သူ၏မျက်ဝန်းများမှာမူ ချက်ချင်းဆိုသလို တည်ကြည်ပြတ်သားလာချေသည်။

သူပြောခဲ့သည့်အတိုင်းပင် ဤသည်ကား မဖြစ်မနေ ပေးဆပ်ရမည့် သွေးယဇ်ပူဇော်ခြင်းပင် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် အတွေးများစွာ ဝင်ရောက်လာရသည်။ ဤသွေးယဇ်ပူဇော်ခြင်းမှာ မိစ္ဆာများ၏ အသက်ကို အသုံးပြု၍ လုပ်ဆောင်ရခြင်းဖြစ်ပုံရရာ ယင်း၏စွမ်းအားမှာ အလွန်တရာ ကြီးမားလှပေလိမ့်မည်။

သို့မဟုတ်ပါက ၎င်းတို့အနေဖြင့် တံဆိပ်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ဤမျှအထိ ယုံကြည်ချက် ရှိနေကြမည် မဟုတ်ချေ။

တစ်ပါးကျွန်းသား မိစ္ဆာအကြီးအကဲသည် သန်မာထွားကျိုင်းသော မိစ္ဆာအချို့ကို ဦးဆောင်ကာ လိုဏ္ဂူအပြင်သို့ ထွက်ခွာသွားသည်ကို မြင်လျှင် ကျန်ရှိနေသော တစ်ပါးကျွန်းသား မိစ္ဆာများလည်း အုပ်စုများခွဲကာ ထွက်ခွာရန် စောင့်ဆိုင်းနေကြတော့သည်။

ယင်းကား မြောက်ဘက်အစွန်းဆုံးဒေသ၏ တစ်ခုတည်းသော အားသာချက်ပင် ဖြစ်ပေလိမ့်မည်။ ပုံမှန်အားဖြင့် မမည်သည့်လူသားတစ်ဦးတစ်ယောက်ကိုမျှ တွေ့မြင်ရမည်မဟုတ်သလို အကယ်၍ တွေ့မြင်ခဲ့လျှင်ပင် ပြင်းထန်လှသော နှင်းမုန်တိုင်းဒဏ်ကြောင့် လူသူအရိပ်အယောင်များမှာ ချက်ချင်း ပျောက်ကွယ်သွားတတ်ချေသည်။

လိုဏ္ဂူထဲမှ ထွက်လာပြီးနောက် ချင်ယွမ်ဖုန်းသည် မိစ္ဆာများ၏ နောက်သို့ ဆက်လက်မလိုက်ပါတော့ဘဲ ရှန်းဝူအကယ်ဒမီဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။

သူသည် ဤအကြောင်းအရာကို ရှန်းဝူအကယ်ဒမီသို့ အသိပေးကာ နည်းလမ်းတစ်ခုခု ရှာကြံရမည် မဟုတ်လော။

---

“ယီနန်၊ နင် ဒီမှာ ဘာလုပ်နေတာလဲ”

ရှန်းဝူအကယ်ဒမီ၏ တံခါးဝ၌ ယီနန်သည် တစ်ဦးတည်း အထီးကျန်စွာ ရပ်နေသည်ကို ချင်ယွမ်ဖုန်း မြင်တွေ့လိုက်ရသည်။

“ယွမ်ဖုန်း၊ နင် ဘာလို့ ပြန်လာတာလဲ၊ အားလုံး အဆင်ပြေသွားပြီလား” ယီနန်က ချင်ယွမ်ဖုန်းကို မြင်သောအခါ ဝမ်းသာအားရဖြင့် မေးမြန်းရင်း “ငါက ဒီအတိုင်း အပြင်ထွက်ပြီး လမ်းလျှောက်နေတာပါ” ဟု ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ကာ “မပြီးသေးဘူး၊ ဒါပေမဲ့ ငါ ထူးခြားတဲ့အရာတစ်ခုကို ထောက်လှမ်းသိရှိခဲ့လို့ ကျောင်းအုပ်ကြီးကို အသိပေးမလို့” ဟု ပြောလိုက်သည်။

“အော်... ကျောင်းအုပ်ကြီးက အခုအချိန်ဆို သူ့ရုံးခန်းထဲမှာ ရှိနေမှာပေါ့၊ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်လေ” ဟု ယီနန်က ပြုံးလျက် ဆိုသည်။

၎င်းတို့နှစ်ဦးစလုံးသည် ရှန်းဝူအကယ်ဒမီအတွင်းသို့ ဝင်ရောက်လာကြပြီး ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ တိုက်ရိုက် လျှောက်လှမ်းခဲ့ကြသည်။

---

ချင်ယွမ်ဖုန်းက မိမိမျက်မြင်တွေ့ရှိခဲ့သမျှကို ကျောင်းအုပ်ကြီး ကျွမ်ယွမ်အား အသေးစိတ် ပြောပြလိုက်သောအခါ ကျောင်းအုပ်ကြီးကိုယ်တိုင်ပင် အံ့အားသင့်သွားရတော့သည်။

“နင်ပြောချင်တာက တစ်ပါးကျွန်းသား မိစ္ဆာတွေဟာ မြောက်ဘက်အစွန်းဆုံးဒေသမှာ အမြဲတမ်း ပုန်းအောင်းနေခဲ့ကြတာပေါ့ ဟုတ်လား” ယီနန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ ဒါဟာ တစ်ပါးကျွန်းသား မိစ္ဆာတွေရဲ့ အဓိကခြေကုပ်စခန်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အပြင်ဘက်က အခြားနေရာတွေမှာလည်း တစ်ပါးကျွန်းသား မိစ္ဆာတွေ အများကြီး ရှိနေသေးတာ၊ ဒီနေရာကလူတွေက သူတို့ရဲ့ အစိတ်အပိုင်း အနည်းငယ်ပဲ ဖြစ်လိမ့်မယ်” ဟု ဆိုသည်။

“တကယ်တော့ ငါတို့ ရှန်းဝူအကယ်ဒမီအနေနဲ့ သူတို့ကို အခုထက်ထိ ရိပ်မိခြင်းမရှိခဲ့တာဟာ အတော်လေးကို အပြစ်တင်ဖို့ကောင်းပါတယ်” ဟု ကျောင်းအုပ်ကြီး ကျွမ်ယွမ်က မိမိကိုယ်ကို အပြစ်တင်သံဖြင့် ပြောကြားလိုက်ပြီးနောက် “ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့ကို တစ်ပြိုင်နက်တည်း အမြစ်ပြတ် သုတ်သင်ပစ်ရမယ်” ဟု ဆက်ပြောသည်။

ချင်ယွမ်ဖုန်း၏ မျက်နှာထားမှာမူ အနည်းငယ် လေးနက်တည်ကြည်နေချေသည်။ “ဒါတင်မကသေးဘူးဗျ၊ မိစ္ဆာမင်းသားက ဒီနေရာက လူတွေကိုပဲ သွေးယဇ်ပူဇော်ဖို့ အမိန့်ပေးထားတာ၊ အခြားနေရာက မိစ္ဆာတွေကိုတော့ စုစည်းခိုင်းထားရုံပဲလို့ သူတို့ပြောတာကို ကျွန်တော် ကြားခဲ့ရတယ်”

“ဆိုလိုတာက ငါတို့တွေ ဒီနေရာက တစ်ပါးကျွန်းသား မိစ္ဆာတွေကို သတ်ပစ်လိုက်ရင်တောင် ကျန်တဲ့မိစ္ဆာတွေကို ဖမ်းမိဖို့ မလွယ်ကူတဲ့အပြင် သူတို့ကို ပိုပြီး သတိကြီးသွားစေလိမ့်မယ်ပေါ့” ကျောင်းအုပ်ကြီး ကျွမ်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။

“မှန်ပါတယ်၊ အဲဒီတစ်ပါးကျွန်းသား မိစ္ဆာမျိုးနွယ်စုရဲ့ မင်းသားဟာ တကယ့် ဘေးအန္တရာယ်အရင်းအမြစ်ပဲ၊ သူ ဘယ်နေရာမှာ ပုန်းနေပုန်းနေ ဒါဟာ အင်မတန်ကြီးမားတဲ့ လျှို့ဝှက်အန္တရာယ်မို့ သူ့ကို မဖြစ်မနေ ရှာဖွေရလိမ့်မယ်” ဟု ချင်ယွမ်ဖုန်းက အတွေးနက်စွာ ဆိုသည်။

“မင်းမှာ ဘာအစီအစဉ် ရှိလဲ” ကျောင်းအုပ်ကြီး ကျွမ်ယွမ်က ချင်ယွမ်ဖုန်းကို ကြည့်ကာ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် သက်ပြင်းချကာ “လောလောဆယ်တော့ အကောင်းဆုံးနည်းလမ်း မရှိသေးပါဘူး၊ ကျွန်တော် သိတာကတော့ သူတို့ရဲ့ တံဆိပ်ခတ်နှိပ်မှုကို အပျက်စီးခံလို့ မဖြစ်ဘူးဆိုတာပါပဲ” ဟု ပြောကြားလိုက်လေတော့သတည်း။

အခန်း(၈၈၄)

ကျွမ်ယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင် အခြားတစ်ဖက်ကနေ စဉ်းစားကြည့်ရအောင်။ ဘယ်လိုအခြေအနေမျိုးမှာ တစ်ပါးကျွန်းသား မိစ္ဆာတွေရဲ့ မင်းသားတစ်ပါးဟာ အမှန်တကယ် ပေါ်ထွက်လာဖို့ ခွင့်ပြုမှာလဲ" ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် အတွေးတစ်ခု ဖြတ်ခနဲ လက်သွားပြီး "ဒီတစ်ပါးကျွန်းသား မိစ္ဆာတွေဟာ လုံးဝကို အကူအညီမဲ့နေတဲ့ အခြေအနေမျိုး ဖြစ်နေပေမဲ့ ဘာအန္တရာယ်မှ မပြုနိုင်တဲ့အချိန်၊ အဲဒီလိုအချိန်မျိုးမှာ အဲဒီတစ်ပါးကျွန်းသား မိစ္ဆာမင်းသားဟာ ကြားဝင် စွက်ဖက်လာတာမျိုး ဖြစ်နိုင်တယ်" ဟု ရေရွတ်လိုက်မိချေသည်။

ထိုမိစ္ဆာများအနေဖြင့် အစီအရင်ကို မဖျက်ဆီးနိုင်ဘဲ အခြားလူသားများ၏ ရှာဖွေတွေ့ရှိခြင်းကိုလည်း မခံရသေးသည့် အချိန်မျိုးတွင်သာ မိစ္ဆာအကြီးအကဲများသည် ထိုမင်းသားထံမှ အကူအညီကို တောင်းခံကြပေလိမ့်မည်။

ထိုအချိန်ကျမှသာ မိစ္ဆာမင်းသားသည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာဖို့ ရာခိုင်နှုန်း အများဆုံး ဖြစ်ချေသည်။

"ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ကတော့ အလွန်ကို ခက်ခဲပါလိမ့်မယ်။ တစ်ပါးကျွန်းသား အကြီးအကဲတွေ ပြောပုံအရဆိုရင် သူတို့ဟာ သူတို့ရဲ့ သွေးပူဇော်ခြင်အပေါ်မှာ ယုံကြည်မှု အပြည့်ရှိနေကြပြီး သွေးပူဇော်ခြင်းကို သုံးပြီးတော့ အစီအရင်ကို ဖျက်ဆီးနိုင်မယ်လို့ မြဲမြံစွာ ယုံကြည်နေကြတယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

“ဟုတ်တယ်၊ ငါတို့ ဒါကို သေချာ ဂရုတစိုက် စီမံရမယ်၊ သူတို့ အစီအရင်ကို မဖျက်ဆီးနိုင်အောင် ဘယ်လိုနည်းလမ်းတွေ သုံးလို့ရမလဲဆိုတာ ကြည့်ရမယ်” ဟု ကျောင်းအုပ်ကြီး ကျွမ်ယွမ်က ဆိုလေသည်။

၎င်းတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားပြီး ကောင်းမွန်သော နည်းလမ်းကို မတွေးတောနိုင်ဘဲ ရှိနေစဉ် ယီနန်သည် ရုတ်တရက် မျက်လုံးများ ဝိုင်းစက်သွားချေသည်။

"ငါတို့ သူတို့အတွက် အစီအရင်အတုတစ်ခု ဖန်တီးပေးရင် မဖြစ်နိုင်ဘူးလား၊ ဒါဆိုရင် သူတို့ အစီအရင်ကို ဖျက်ဆီးလိုက်ရင်တောင် ဘာမှ ရမှာမဟုတ်ဘူးလေ။ အဲဒီအချိန်ကျရင် သူတို့ အဲဒီမိစ္ဆာမင်းသားကို ဆက်သွယ်ကြမှာ သေချာတယ်"

ကျွမ်ယွမ်နှင့် ချင်ယွမ်ဖုန်းတို့၏ မျက်လုံးများ တောက်ပသွားကြရာ ယင်းက အမှန်ပင် ကောင်းမွန်သော အကြံဉာဏ်တစ်ခု ဖြစ်ချေသည်။

"ဒီလိုဆိုရင်တော့ ငါတို့ အစီအရင်အတုတစ်ခု ဖန်တီးဖို့ လိုလိမ့်မယ်၊ ဒါပေမဲ့ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးက အလွန် သိသာလွန်းတာမို့ နတ်ဘုရားသောင်းချီနယ်မြေကိုတော့ သွားလို့မရဘူး" ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေး ဆိုလိုက်သည်။

ကျွမ်ယွမ်က ခေါင်းညိတ်ပြလျက် "ဒါက တော်တော်လေးတော့ ခက်ခဲတယ်၊ ဒါပေမဲ့ ရှန်းဝူအကယ်ဒမီရဲ့ အင်အားနဲ့ဆိုရင်တော့ ဒါကို လုပ်ဆောင်ဖို့ လုံလောက်သင့်ပါတယ်" ဟု ဆိုချေသည်။

"ဒါဆိုရင်တော့ ကျောင်းအုပ်ကြီးကို အလုပ်ရှုပ်ရဦးမှာပဲ" ဟု ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောဆိုလေသည်။

ကျွမ်ယွမ်က ခေါင်းကို ခါယမ်းလိုက်ပြီး "ဒါက မင်းတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး၊ ငါတို့ ကိုယ်တိုင်အတွက်လည်း ပါဝင်ပါတယ်။ အခြား သန့်ရှင်းသော နယ်မြေတွေကလည်း ဒီလိုလုပ်ဖို့ သဘောတူကြလိမ့်မယ်လို့ ငါထင်တယ်" ဟု ဆိုသည်။

"အချိန်မဆိုင်းဘဲ အခုပဲ ထွက်ခွာကြရအောင်" ဟု ချင်ယွမ်ဖုန်းက လောဆော်လိုက်ချေသည်။

ကျွမ်ယွမ်က ခေါင်းညိတ်လျက် "ကောင်းပြီ၊ အကယ်ဒမီက ဆရာအချို့ကို ငါနဲ့အတူ ခေါ်သွားမယ်" ဟု ဆိုလေသည်။

ကျွမ်ယွမ်သည် အကယ်ဒမီ၏ ဆရာများကို ရုံးခန်းသို့ ချက်ချင်း ဆင့်ခေါ်လိုက်ပြီး အရေးကြီးဆုံးအနေဖြင့် ရှောင်ပိုင်ကိုပါ ထိုနေရာသို့ ခေါ်ဆောင်ခဲ့ချေသည်။

ထိုသို့ဆိုလျှင် ၎င်းတို့၌ နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင် နှစ်ဦး ရှိနေမည်ဖြစ်ရာ ထိုမိစ္ဆာမင်းသား ရောက်ရှိလာလျှင်ပင် မည်သို့မျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။

အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် ချင်ယွမ်ဖုန်းသည် လူတိုင်းကို နေရာပြောင်း အစီအရင် ပြားဆီသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ယင်းက ၎င်းတို့အား နတ်ဘုရားသောင်းချီနယ်မြေသို့ တိုက်ရိုက် နေရာပြောင်းရွှေ့ပေးလိုက်လေသည်။

မိစ္ဆာများ ဤနေရာသို့ ရောက်ရှိလာရန် တစ်လ သို့မဟုတ် နှစ်လခန့် ကြာဦးမည်ဖြစ်ရာ ချင်ယွမ်ဖုန်းနှင့် သူ၏လူများအတွက် ပြင်ဆင်ရန် အချိန်အလုံအလောက် ရှိနေပေသည်။

"ဒါက နတ်ဘုရားသောင်းချီနယ်မြေလား" ဟု ရှောင်ပိုင်က အဝေးမှ ဧရာမ ဝရဇိန်တံပိုးကြီးကို ကြည့်ရင်း တိုးတိုးရေရွတ်လိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် "ဒါပဲပေါ့။ နောက်ထပ် ငါတို့ ဘာလုပ်ကြမလဲ" ဟု မေးမြန်းလိုက်သည်။

"ဝရဇိန်တံပိုးကို ဖုံးကွယ်ထားနိုင်မယ့် နည်းလမ်းကို ရှာပြီးတော့ အခြား အစီအရင်တစ်ခု တည်ဆောက်ရမယ်" ဟု ကျွမ်ယွမ်က တည်ငြိမ်စွာ ဆိုလေသည်။

ဝမ်ချန်းနှင့် သူ၏လူများ၊ ထို့ပြင် ဘုရင်နယ်ပယ်အဆင့်ရှိ ဆရာအချို့နှင့်အတူ ရှေ့သို့ လှမ်းထွက်လာခဲ့ကြပြီး "ဒါဆိုရင်တော့ ဝရဇိန်တံပိုးကို ဖုံးကွယ်ဖို့ ပုံရိပ်ယောင်အစီအရင်တစ်ခုကို ငါတို့ တည်ဆောက်ပါ့မယ်" ဟု ဆိုကြချေသည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်လိုက်ပြီး "ဒါက ဖြစ်နိုင်ပါ့မလား။ အဲဒီမိစ္ဆာတွေထဲမှာ ဘုရင်နယ်ပယ်အဆင့် ကျွမ်းကျင်သူ အများအပြား ပါနေတာလေ" ဟု ဆိုသည်။

ဝမ်ချန်းက သူ၏မျက်မှန်ကို ပင့်တင်လိုက်ပြီး "ငါတို့အကယ်ဒမီရဲ့ တည်ထောင်သူ ဘိုးဘေးဟာ ပုံရိပ်ယောင်မှော်ပညာမှာ အကျွမ်းကျင်ဆုံးဆိုတာ မင်းမေ့နေပြီလား" ဟု ဆိုလေသည်။

ထိုသို့ပြောပြီးနောက် သူသည် ဆရာအချို့ကို ဝရဇိန်တံပိုး၏ အောက်ခြေနယ်မြေသို့ ဦးဆောင်ခေါ်သွားခဲ့ရာ ၎င်းတို့၏ တာဝန်မှာ နယ်မြေတစ်ခုလုံးကို ဖုံးကွယ်ထားရန် ဖြစ်ပေသည်။

၎င်းတို့ မရောက်ရှိလာမီကပင် ဆရာများသည် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြချေသည်။ ယခုအချိန်တွင် ၎င်းတို့သည် သံမှိုနှင့်တူသော အရာဝတ္ထုများကို ထုတ်ယူကာ ဝရဇိန်တံပိုး၏ ပတ်ပတ်လည်ရှိ မြေပြင်ပေါ်သို့ ရိုက်နှက်နှက်သွင်းလိုက်ကြသည်။

ကျွမ်ယွမ်က ခေါင်းညိတ်ပြလျက် "ပုံရိပ်ယောင်အစီအရင်အတွက် မစိုးရိမ်ပါနဲ့။ နတ်ဘုရားတစ်ပိုင်းအဆင့် မဟုတ်ရင် ဘယ်သူမှ ငါတို့ရဲ့ ပုံရိပ်ယောင်ကို ဖောက်ထွင်း မမြင်နိုင်ဘူး" ဟု ဆိုချေသည်။

"ဒါဆိုရင် အစီအရင်ကော" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

စီမံကိန်းတွင် အစိတ်အပိုင်းနှစ်ခု ပါဝင်ရာ တစ်ခုမှာ ဝရဇိန်တံပိုးကို ဖုံးကွယ်ထားရန်ဖြစ်ပြီး အခြားတစ်ခုမှာ တူညီသော အစွမ်းထက်သည့် အစီအရင်တစ်ခုကို တည်ဆောက်ရန် ဖြစ်ပေသည်။

အကယ်၍ အစီအရင်ကို သေချာစွာ မလုပ်ဆောင်နိုင်ပါက မိစ္ဆာများသည် သံသယဝင်လာကြပေလိမ့်မည်။

"ဟဲဟဲ၊ ငါ ကြိုတင်ပြင်ဆင်ထားတာ ကြာပါပြီ၊ ဒါကြောင့် အကယ်ဒမီက ရတနာတစ်ခုကို ယူလာခဲ့တယ်"

ထိုသို့ပြောရင်း ကျွမ်ယွမ်သည် သူ၏သိုလှောင်အိတ်ထဲမှ ကျောက်စာတိုင်တစ်ခုကို ထုတ်ယူလိုက်ရာ ထိုကျောက်စာတိုင်ပေါ်တွင် "ဝိညာဉ်နှိမ်နင်း" ဟူသော စာလုံးကြီးနှစ်လုံးကို ထုဆစ်ထားပြီး ခြောက်ကပ်လှသော အရှိန်အဝါများ ထွက်ပေါ်နေချေသည်။

"ဒါက..." ချင်ယွမ်ဖုန်း၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

"ဒါက အကယ်ဒမီမှာရှိတဲ့ ဝိညာဉ်နှိမ်နင်းရေး ကျောက်စာတိုင်ပဲ၊ အစွမ်းထက်တဲ့ ပိတ်လှောင်မှော်လက်နက်တစ်ခုပေါ့။ အစီအရင်အတုတစ်ခု ဖန်တီးဖို့အတွက် ဒါက လုံလောက်တာထက်ကို ပိုပါတယ်လို့ ငါထင်တယ်" ဟု ကျွမ်ယွမ်က ပြုံးလျက် ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် "သေချာတာပေါ့၊ လုံလောက်တာပေါ့၊ ဒါပေမဲ့ ပေးဆပ်ရတဲ့ တန်ဖိုးက နည်းနည်း မကြီးလွန်းဘူးလား" ဟု မေးသည်။

"ဒါတွေအားလုံးဟာ ရှန်းဝူ စကြဝဠာ တိုက်ကြီးအတွက်ပဲလေ" ဟု ကျွမ်ယွမ်က ခေါင်းကို ခါယမ်းလိုက်ပြီး "ဒါက မှော်လက်နက်တစ်ခုမျှသာမို့ ထည့်ပြောနေစရာ မလိုပါဘူး" ဟု ဆိုချေသည်။

ထိုသို့ပြောရင်း ကျွမ်ယွမ်သည် ဝိညာဉ်နှိမ်နင်းရေး ကျောက်စာတိုင်ကို မြေပြင်ပေါ်တွင် ချထားလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ယင်း၏ပတ်ပတ်လည်၌ မှော်အစီအရင်တစ်ခုကို ရေးဆွဲလိုက်လေသည်။

မှော်အစီအရင် ပြီးဆုံးသွားသည်နှင့် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားပြီး ဝိညာဉ်နှိမ်နင်းရေး ကျောက်စာတိုင်ပေါ်ရှိ "ဝိညာဉ်နှိမ်နင်း" ဟူသော စာလုံးကြီးနှစ်လုံးသည် တောက်ပစွာ လင်းထိန်လာခဲ့ရာ ချင်ယွမ်ဖုန်းပင်လျှင် ကြီးမားသော ဖိအားကို ခံစားလိုက်ရချေသည်။

၎င်းတို့သည် ဝိညာဉ်နှိမ်နင်းရေး ကျောက်စာတိုင်၏ တိုက်ခိုက်မှုပစ်မှတ်များ မဟုတ်ကြသော်လည်း ဤအချိန်တွင် သက်ရောက်မှုကို ခံနေကြရဆဲ ဖြစ်ပေသည်။

"အမှန်တကယ်ကို အစွမ်းထက်တာပဲ" ဟု ချင်ယွမ်ဖုန်းက လက်မထောင်ပြလိုက်သည်။ ဤဝိညာဉ်နှိမ်နင်းရေး ကျောက်စာတိုင်သည် ၎င်း၏နောက်ကွယ်ရှိ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးနှင့် နှိုင်းယှဉ်နိုင်သင့်ပေသည်။

အစီအရင်အတုကို တည်ဆောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် သူ၏နောက်ကွယ်ရှိ ဝရဇိန်တံပိုးဆီသို့ လှည့်ကြည့်လိုက်ရာ ထိုအချိန်တွင် ဝမ်ချန်းနှင့် အခြားသူများသည်လည်း ၎င်းတို့၏ ပြင်ဆင်မှုများကို ပြီးဆုံးသွားကြပြီ ဖြစ်သည်။

ဘုရင်နယ်ပယ်အဆင့်ရှိ ဆရာအချို့သည် ဝရဇိန်တံပိုး၏ ပတ်ပတ်လည်ရှိ မြေပြင်ပေါ်တွင် ထိုင်နေကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ကြီးမားသော ကိုယ်တွင်းစွမ်းအင်များကို ထုတ်လွှတ်ကာ မြေပြင်ပေါ်ရှိ သံမှိုများနှင့် ချိတ်ဆက်လိုက်ကြသည်။

သံမှိုများထဲမှ ထူးဆန်းသော စွမ်းအားတစ်ခု လျှံထွက်လာခဲ့ပြီး ဝရဇိန်တံပိုးသည် အောက်ခြေမှစ၍ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်ကို ချင်ယွမ်ဖုန်း မြင်လိုက်ရချေသည်။

နောက်ဆုံးတွင်တော့ ဝရဇိန်တံပိုးသည် လုံးဝပျောက်ကွယ်သွားခဲ့သော်လည်း ပတ်ဝန်းကျင် အနေအထားကမူ မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။

ယင်းက ဝရဇိန်တံပိုးကို မမြင်နိုင်သော ဝတ်ရုံတစ်ခု ခြုံပေးထားသကဲ့သို့ ဖြစ်ပြီး ၎င်းကို ဖောက်ထွင်းမြင်နိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ချေသည်။

"ငါတောင် ဒါကို မမြင်နိုင်တော့ဘူး။ ဒီပုံရိပ်ယောင်အစီအရင်က အမှန်တကယ်ကို အံ့ဩစရာကောင်းလှတယ်" ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်မိသည်။

"ဟဲဟဲ၊ အခုတော့ ငါတို့ အဲဒီတစ်ပါးကျွန်းသား မိစ္ဆာတွေ ရောက်လာဖို့ပဲ စောင့်ရတော့မယ်" ဟု ကျွမ်ယွမ်က တည်ငြိမ်စွာ ဆိုလေသည်။

၎င်းတို့သည် နတ်ဘုရားသောင်းချီနယ်မြေတွင် အခြေချနေထိုင်ရင်း တစ်ပါးကျွန်းသား မိစ္ဆာများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

နောက်ဆုံးတွင်တော့ တစ်လခွဲခန့် ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် အဝေးတစ်နေရာ၌ သင်္ဘောကြီးတစ်စင်းကို လှမ်းမြင်လိုက်ရချေသည်။ သင်္ဘော၏ ရှေ့တွင် မတ်တတ်ရပ်နေသူမှာ သူ ယခင်က ဆုံတွေ့ခဲ့ဖူးသော တစ်ပါးကျွန်းသား မိစ္ဆာအကြီးအကဲပင် ဖြစ်ပေသည်။

"သူတို့ ရောက်လာကြပြီ" ဟု ချင်ယွမ်ဖုန်းက တိုးညင်းသော အသံဖြင့် သတိပေးလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး ဝရဇိန်တံပိုး၏ အောက်ခြေဆီသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။ ပုံရိပ်ယောင်မှော်ပညာ ရှိနေခြင်းကြောင့် ၎င်းတို့သည်လည်း ဝရဇိန်တံပိုးကဲ့သို့ပင် မမြင်နိုင်သော အခြေအနေသို့ ရောက်ရှိသွားကြချေသည်။

"ဒီနေရာပဲ" ဟု မိစ္ဆာအကြီးအကဲက မြေပုံကို တစ်ချက်ကြည့်ပြီးနောက် သူ၏ရှေ့မှ ဟာလာဟင်းလင်း ဖြစ်နေသော ပင်လယ်ပြင်ကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။

“အကြီးအကဲ၊ ဒါပေမဲ့ ဒီမှာ ဘာမှ မရှိဘူးမလား” ဟု မိစ္ဆာတစ်ကောင်က ရှေ့သို့ လှမ်းထွက်ကာ ပြောဆိုသည်။

"မင်းက ဒါကို အလွယ်တကူ ရှာတွေ့နိုင်မယ်ဆိုရင် ငါတို့ ဒီလောက်အကြာကြီး ရှာနေဖို့ လိုပါဦးမလား" ဟု တစ်ပါးကျွန်းသား အကြီးအကဲက အေးစက်စွာ ဆိုလေသည်။

သူ ပြောဆိုပြီးနောက် အခြားမိစ္ဆာများဘက်သို့ လှည့်ကြည့်လိုက်သည်။

"အကြီးအကဲတို့၊ ငါ့နောက်ကို လိုက်ခဲ့ကြ။ ဒါက ခေါက်ချိုးထားတဲ့ ဟင်းလင်းပြင်တစ်ခုပဲ၊ ဟင်းလင်းပြင် လမ်းကြောင်းက သူရဲ့အတွင်းမှာ ရှိနေတယ်" ဟု မိစ္ဆာအကြီးအကဲက အော်ဟစ်လိုက်ချေသည်။

All Chapters