← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄) လောင်ရွှီ... စကားချည်းပဲ ပြောမနေနဲ့... မြန်မြန်ပြေးတော့လေကွာ

ဒီဘက်မှာ သက်ရှိမျိုးစိတ်တွေ ဒီလောက်တောင် ပေါကြွယ်ဝနေမယ်လို့ ရွှီယန် ထင်မထားခဲ့မိပေ။

ရောက်ရောက်ချင်းပဲ ပန်ဒါကို တွေ့လိုက်ရသည် မဟုတ်ပါလား။

သူကိုယ်တိုင်လည်း ပန်ဒါကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ရာသီဥတုကောင်းမွန်တဲ့ နေရာက တိရစ္ဆာန်တွေကလည်း တကယ်ပင် ယဉ်ကျေးသိမ်မွေ့တဲ့ပုံ ပေါ်နေသည်။

"နိုင်ငံတော်ရတနာလေး... မသွားပါနဲ့ဦး"

"ပန်းသီး ကျွေးမယ်လေ"

ရွှီယန်က အနောက်မှနေ၍ လှမ်းအော်လိုက်ပြီး ကျောပိုးအိတ်ထဲကနေ ပန်းသီးတစ်လုံးကိုပါ ထုတ်ယူလိုက်သည်။

တောရိုင်းပန်ဒါကြီးမှာ အနည်းငယ် ညစ်ပတ်နေပြီး အမွေးတွေက အဖြူရောင်ထဲမှာ အဝါရောင် အနည်းငယ် သန်းနေသော်လည်း ချစ်စရာကောင်းနေသည်ကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

ရွှီယန်အော်သံကို ကြားသောအခါ ပန်ဒါကြီးက နောက်လှည့်ကာ ရွှီယန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်... ထို့နောက် တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရဟန်ဖြင့် ချက်ချင်း ခေါင်းငုံ့ကာ ခြေလေးဖက်စလုံးဖြင့် အရှိန်တင်၍ တန်းပြေးတော့သည်။

ဒီကောင်ကြီး ပြေးသည်မှာ တော်တော်လေး မြန်ဆန်လှသည်။

ရွှီယန်မှာ ကျောပိုးအိတ်ကို လွယ်ထားရပြီး ထိုအိတ်ပေါ်တွင် ရွက်ဖျင်တဲတိုင်များပါ တပ်ဆင်ထားသဖြင့် သိပ်ပြီး မြန်မြန် မပြေးနိုင်ချေ။

သူက နေရာမှာတင် ရပ်ကျန်ခဲ့ပြီး နှမြောတသဖြစ်စွာ ငေးကြည့်နေမိတော့သည်။

'ဘယ်လိုလုပ် ပြေးသွားရတာလဲ... ငါက အဲဒီလောက်တောင် ကြောက်စရာ ကောင်းနေလို့လား'

ရွှီယန် သက်ပြင်းချလိုက်သည်။

လိုက်ဖ်ထဲမှ ကြည့်ရှုသူများကတော့ အသံထွက်အောင်ပင် ရယ်မောကုန်ကြတော့သည်။

[ဟားဟားဟား... လောင်ရွှီက ပန်ဒါကိုပါ အတင်း လန့်ပြေးအောင် လုပ်လိုက်တာပဲ]

[တောရိုင်းပန်ဒါတွေက တော်တော်လေး စွမ်းတယ် မဟုတ်ဘူးလား... ဘာလို့ ပြေးသွားတာလဲ]

[ပန်ဒါက ငါ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေကို ခံစားမိတယ် တဲ့]

[ပန်ဒါက ဒီလူရဲ့ ကိုယ်ပေါ်က တစ်ခုခုတော့ မှားနေပြီ... မြန်မြန်ပြေးမှ တဲ့]

ကြည့်ရှုသူတွေရဲ့ အမြင်တွင်တော့ ရွှီယန်ဆိုသည်မှာ သေချာပေါက် တောင်ထဲတွင် လျှောက်သွားနေသော လမ်းသရဲကြီးပင်... အတွေ့အကြုံလည်း များပြားကာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုကလည်း ကြောက်စရာကောင်းလှသည် မဟုတ်ပါလား... ပန်ဒါက သူ့ကို မြင်သောအခါ မပြေးဘဲ နေမည်လား။

ပန်ဒါ ပြေးသွားသည်ကို ကြည့်ပြီး ရွှီယန်က သက်ပြင်းတစ်ချက်သာ ချနိုင်တော့သည်။

"နှမြောစရာပဲ... ပွတ်သပ်ကြည့်ချင်သေးတာကို"

ထိုစကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ အားလုံး ဆွံ့အသွားကြသည်။ လောင်ရွှီ ဆိုသည့်အတိုင်းပင် သတ္တိကတော့ တကယ်ကို ကောင်းလှပေသည်။

တောင်ထဲရှိ ပတ်ဝန်းကျင်က တော်တော်လေး ကောင်းမွန်လှရာ ရွှီယန်က ထိုအထဲတွင် ဒီအတိုင်းပင် လမ်းလျှောက်နေလိုက်သည်။

အချိန်အတော်များများတွင် သူက ကျောက်ဆောင်များကို အားပြုကာ အပေါ်သို့ တောက်လျှောက် တက်သွားခဲ့သည်။

အမြင့်ပိုင်းသို့ ရောက်သွားသောအခါ ရှေ့တွင် ပိုမို ကျယ်ဝန်းလာပြန်သည်။

အဝေးတွင် ဧရာမ တောင်စောင်းကြီးတစ်ခု ရှိနေပြီး ထိုအပေါ်၌ ထိုးထွက်နေသော ကျောက်တုံးကြီးအချို့ ရှိနေသည်။

အဝေးမှ လှမ်းကြည့်လိုက်ပါက ထိုအပေါ်တွင် လှုပ်ရှားနေသော တိရစ္ဆာန်အချို့ကို မြင်တွေ့နိုင်ပေသည်။

ရွှီယန်က မှန်ပြောင်းကို ထုတ်ယူကာ တစ်ချက် ကြည့်လိုက်ရာ ထိုတောင်စောင်းနေရာတွင် တောဆိတ်အုပ်စု တစ်စု ရှိနေကြောင်းကို သေချာသွားတော့သည်။

[လောင်ရွှီ... ဘာတွေ ကြည့်နေတာလဲ... ငါတို့ကိုလည်း ပြဦးလေ]

အင်တာနက်သုံးစွဲသူများက တောဆိတ်များကို မမြင်ရဘဲ ရွှီယန် မှန်ပြောင်းဖြင့် အဝေးကို လှမ်းကြည့်နေသည်ကိုသာ မြင်ရသဖြင့် ဝိုင်းဝန်း မေးမြန်းကြတော့သည်။

"တောဆိတ်တွေလေ... ချင်လင်တောင်တန်းရဲ့ ရတနာ လေးပါးထဲက တစ်ခုပေါ့"

"တောရိုင်းနွားတွေကို ကျွန်တော် မြင်ဖူးတာ နည်းတယ်... ဒီနွားတွေက တကယ် လှတာပဲ"

"အမွေးတွေက ရွှေရောင်တွေချည်းပဲ"

"ဒီနေရာ တောင်ထဲက ရှုခင်းတွေက တကယ်ကို လှတာပဲ"

"တိရစ္ဆာန်တွေကလည်း အရမ်း ပေါများတယ်"

ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။

သူ ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ပို၍ပင် သိချင်လာကြသည်။

'တောဆိတ် ဟုတ်လား…’

'မမြင်ဖူးပါဘူး... ဘယ်လို ပုံစံမျိုး ရှိတာလဲ…’

အားလုံးက သွားရှာကြည့်ရန်လည်း ပျင်းရိနေကြပြီး လိုက်ဖ်ကြည့်ရင်း ကြုံသလို မြင်တွေ့ရရန်ကိုသာ မျှော်လင့်နေကြသည်။

ရွှီယန်က အဝေးရှိ ထိုတောင်စောင်းဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်... သူကိုယ်တိုင်လည်း တောဆိတ်များ မည်သို့ ပုံစံရှိသလဲ ဆိုသည်ကို အနီးကပ် ကြည့်ရှုချင်နေသည် မဟုတ်ပါလား။

တောဆိတ်များက ပင်လယ်ရေမျက်နှာပြင် အထက် အတော်လေး မြင့်မားသော ကုန်းပြင်မြင့် ဒေသများတွင် နေထိုင်ကြရာ ထိုကဲ့သို့သော နေရာမျိုးသို့ လူများ ရောက်ရှိရန် ခက်ခဲပြီး မြင်တွေ့ရလေ့ နည်းပါးခြင်း ဖြစ်သည်။

သို့သော် ယခုအခါ တိရစ္ဆာန်များကို သေချာစွာ ကာကွယ်ထားသဖြင့် တောဆိတ် အရေအတွက်များ စတင် များပြားလာပြီ ဖြစ်သည်။

အထူးသဖြင့် မျိုးပွားချိန် ရောက်လာပါက တောဆိတ်ထီးများ၏ တိုက်ခိုက်လိုစိတ်က အလွန် ပြင်းထန်ပြီး ရန်ဖြစ်၍ ရှုံးသွားသော တောဆိတ်များက တောင်အောက်သို့ ပြေးဆင်းသွားတတ်ကြကာ ဒေသခံများအတွက် အခက်အခဲအချို့ကို ဖြစ်စေတတ်သည်။

ထို့ကြောင့် ဒေသခံ တောင်ပေါ်သားများက တောဆိတ်များကို သွားရောက် မစရဲကြချေ။

နွားများက အသီးအရွက်စား သတ္တဝါများ ဖြစ်သည် ဆိုသော်လည်း ဒေါသထွက်နေသော နွားတစ်ကောင်၏ တိုက်ခိုက်နိုင်စွမ်းက ကျားများနှင့် ဝက်ဝံများထက် သိပ်မလျော့ပါချေ။

ဒီကောင်ကြီးများ ပြေးလာပါက ကားငယ်လေး တစ်စီးနှင့်ပင် တူနေသေးပြီး နွားချိုများကလည်း ချွန်ထက်နေသေးသည်။

တောဝက်ဆိုသည်မှာ ၎င်းတို့ရှေ့တွင် ညီငယ်လေး တစ်ယောက်လိုပင် ဖြစ်သွားတော့မည်။

အသီးအရွက်စား သတ္တဝါများ၏ တိုက်ခိုက်နိုင်စွမ်းက အမြဲတမ်း အားနည်းနေမည်ဟု မဆိုသာပေ။

"အားလုံးပဲ... ဟိုတောင်စောင်းက မျက်စိရှေ့တင် ရှိတယ်လို့ မထင်လိုက်နဲ့နော်... လမ်းလျှောက်သွားရင် နှစ်နာရီလောက်တော့ မှန်းရမယ်"

"တောင်ထဲက အကွာအဝေးကို မျက်စိနဲ့ ကြည့်ပြီး မှန်းလို့ မရဘူးလေ"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြနေသည်။

ဤနေရာရှိ အရာအားလုံးက သူ့ကို အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်စေပြီး စိတ်ခံစားချက်များကိုလည်း ပိုမို ပွင့်လင်းလာစေသည်။

ထို့အပြင် ရွှီယန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အလွန် ကောင်းမွန်လှရာ ပင်ပန်းသည်ဟု နည်းနည်းလေးမျှ မခံစားရချေ။

"တောဆိတ်တွေ အုပ်စုဖွဲ့နေတာက အဓိကအားဖြင့် မျိုးပွားချိန် ရောက်တော့မှာမို့လို့ ဖြစ်ဖို့ များတယ်"

"မျိုးပွားချိန် ရောက်တဲ့ တောဆိတ်တွေက အုပ်စုကြီး ဖွဲ့ပြီး မျိုးပွားတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ကြတာလေ"

ရွှီယန်က ထပ်ပြောလိုက်သည်။

သူ၏စကားက အင်တာနက်သုံးစွဲသူများ၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်သွားသည်။

အတူတကွ စုရုံးပြီး မျိုးပွားသည့် လှုပ်ရှားမှုများ လုပ်ကြသည် ဟုတ်လား...

ဒါက အုပ်စုလိုက် ပွဲကြမ်းတာ မဟုတ်ဘူးလား။

[ဟင်... လောင်ရွှီ... တောဆိတ်တွေ အုပ်စုလိုက် မျိုးပွားကြတာကို ရဲတွေ သိလား]

[ဟားဟားဟား... နည်းနည်းတော့ ရှုပ်ထွေးသွားပြီ... ငါ ပြန်စဉ်းစားလိုက်ဦးမယ်... အတူတူ စုပြီး မျိုးပွားကြတယ်ပေါ့]

[လောင်ရွှီ ပြောတာ နည်းနည်း ယဉ်ကျေးနေတာနော်... အုပ်စုလိုက် ပွဲကြမ်းတာလို့ ပြောလိုက်ပါလားကွာ]

[ဟားဟားဟား... ငါ နားလည်တဲ့ အဓိပ္ပာယ်မျိုးပဲလား]

[အစ်ကိုယန်ရေ... မြန်မြန်သွားပြီး အကုန်လုံးကို ဖမ်းချုပ်လိုက်စမ်းပါ]

အင်တာနက်သုံးစွဲသူများက အလွန် စိတ်လှုပ်ရှားနေကြသည်။

ဒီခေတ်က အင်တာနက်သုံးစွဲသူများက ဒီလို မဖွယ်မရာ ကိစ္စလေးများကိုမှ သဘောကျကြသည် မဟုတ်ပါလား။

ရွှီယန်က ကွန်မန့်များကို တစ်ချက် ကြည့်လိုက်ပြီး တိရစ္ဆာန်များ၏ အပြုအမူကို အားလုံးက ဤသို့ နားလည်နေကြသည်ကို မြင်သောအခါ မတတ်နိုင်စွာဖြင့် ပြုံးလိုက်မိသည်။

"တောဆိတ်တွေက တကယ့်ကို မျိုးစိတ် ရှင်သန်ပြန့်ပွားရေးအတွက် လုပ်ကြတာပါ... အုပ်စုဖွဲ့ နေထိုင်တဲ့ တိရစ္ဆာန်တွေက မျိုးပွားရာသီ ရောက်ရင် အဲဒီလိုပါပဲ"

ရွှီယန်က နောက်ထပ် တစ်ခွန်း ထပ်မံ ရှင်းပြလိုက်သည်။

သို့သော် သူ၏ ရှင်းပြချက်က နည်းနည်းလေးမျှ အလုပ်မဖြစ်သည့်အပြင် ကွန်မန့်များက ပို၍တောင် စည်ကားလာသေးကြောင်း ဘယ်သူက သိမည်နည်း။

[ညီအစ်ကိုတို့... ငါ လူသားမျိုးနွယ် ရှင်သန်ပြန့်ပွားရေးအတွက် မျိုးပွားရေး လှုပ်ရှားမှု တစ်ခုလောက် စီစဉ်ချင်တယ်... ပါဝင်မယ့်သူ ရှိလား]

[ငါ စာရင်းသွင်းတယ်]

[စာရင်းသွင်းတယ် ပေါင်း တစ်]

[ငါလည်း စာရင်းသွင်းတယ်... ငါ အနောက်ကနေ တွန်းပေးဖို့ တာဝန်ယူမယ်]

[ဟားဟားဟား... ငါ့ကို မြန်မြန် ကားပေါ်က ဆင်းခိုင်းပါ... ဒါက သူငယ်တန်း သွားမယ့် ကား မဟုတ်ဘူး]

[တကယ်လို့ ရောက်လာတဲ့သူတွေက ယောကျာ်းလေးတွေချည်းပဲ ဆိုရင် ဘယ်လိုလုပ်မလဲ... မျိုးပွားလို့မှ မရတာ]

[အုပ်စုလိုက် ဓားရေးယှဉ်ကြမလို့လား]

လိုက်ဖ်ထဲမှ ကွန်မန့်များက မျက်စိနောက်စရာ ကောင်းလွန်းလှသည်။ ရွှီယန်က တစ်ချက် ကြည့်လိုက်ပြီး ဆက်မကြည့်တော့ချေ။

သူက အတွင်းပိုင်းသို့ တောက်လျှောက် လျှောက်သွားလိုက်ရာ တစ်နာရီခွဲခန့် ကြာသောအခါ တောင်စောင်းကြီးက မျက်စိရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

ဤသည်က ဧရိယာ တော်တော်ကျယ်ဝန်းသော တောင်စောင်းကြီး တစ်ခုဖြစ်ပြီး တောင်စောင်းက သိပ်မမတ်လှပေ... အပေါ်တွင် သစ်ပင်များ ဘာမျှမရှိဘဲ တောရိုင်းမြက်ပင် အချို့သာ ဟိုတစ်ပင် ဒီတစ်ပင် ပေါက်ရောက်နေသည်။

တောဆိတ်များက ထိုအပေါ်တွင် လမ်းလျှောက်နေကြ၏။

အနီးကပ် ရောက်လာသောအခါ ရွှီယန်က ပို၍ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အရွယ်ရောက်ပြီး တောဆိတ် အချို့က အညိုရောင်ရင့်ရင့် ဖြစ်ပြီး အချို့ကတော့ အရောင်ပိုဖျော့ကာ ရွှေရောင်များနှင့်ပင် တူနေသေးသည်။

ရွှီယန်က ဤကဲ့သို့သော တိရစ္ဆာန်မျိုးကို အနီးကပ် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ရာ သူ့မျက်ဝန်းတွေထဲမှာ အံ့ဩချီးကျူးသည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ဒီနွားများက တကယ်ကို လှပလှသည် မဟုတ်ပါလား။

ရွာမှ လယ်သမားများ မွေးထားသော နွားများ အများအပြား ရှိပြီး ရွှီယန် ကိုယ်တိုင်လည်း နို့စားနွားမ နှစ်ကောင် မွေးထားပေသည်။

သို့သော် ကြည့်ရသည်မှာ များလာသောအခါ ရိုးအီသွားသည်သာ ဖြစ်၏။

ရွှီယန်က နွားများကို တော်တော်လေး သဘောကျသည်... နွား ဆိုသည့် သတ္တဝါက လူ့သဘောကို တော်တော်လေး နားလည်တတ်ကြပြီး အရင်က ဤကဲ့သို့သော သာဓကများ အများအပြား ရှိခဲ့ဖူးသည်။

ဥပမာ သခင်က နွားကို ရောင်းတော့မည်ဆိုလျှင် နွားက တပေါက်ပေါက်နှင့် မျက်ရည်များ ကျလာတတ်သည်။

ထို့အပြင် သားသမီးများကို ရေသောက်ခွင့် ရရှိစေရန် လူများရှေ့တွင် ဒူးထောက်ခဲ့သော မိခင်နွားမ လည်း ရှိခဲ့ဖူး၏။

'အိမ်မွေးတိရစ္ဆာန် အဖြစ် နွားတစ်ကောင်လောက် မွေးထားရမလား... မစားဘဲနဲ့ အမြဲတမ်း မွေးထားပြီး ပျော်ပျော်ရွှင်ရွှင်လေး ထားလိုက်ရင်လည်း မဆိုးပါဘူးလေ'

ရွှီယန်က စိတ်ထဲမှ တွေးနေမိသည်။

လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများက လိုက်ဖ်မှတစ်ဆင့် ချင်လင်တောင်တန်း အနက်ပိုင်းရှိ တောဆိတ်များကို ကြည့်ရှုနေကြသည်။

တောဆိတ် တစ်ကောင်ချင်းစီက စိတ်ကူးယဉ် ဝတ္ထုများထဲမှ နတ်ဘုရား တိရစ္ဆာန်များနှင့်ပင် တူနေတော့၏။

[ဒါ ဘာတိရစ္ဆာန်လဲ... ရွှေရောင် နွားတွေလား... မမြင်ဖူးပါဘူးကွာ... လောင်ရွှီက ဘယ်တွေကို ရောက်သွားတာလဲ]

[အရမ်း လှတာပဲ]

[တောဆိတ်တွေလေ... ချင်လင် တောင်တန်းရဲ့ ရတနာ လေးပါးထဲက တစ်ပါးပေါ့... ကျန်တဲ့ သုံးပါးက ရွှေရောင် မျောက်... ဂျပန်ကြိုးကြာ နဲ့ ပန်ဒါဝက်ဝံ တို့ပဲ]

[လခွမ်း... တစ်ခုလောက် ထုတ်ပြလိုက်ရုံနဲ့တင် ရတနာတွေချည်းပဲလား]

[ဗဟုသုတ ထပ်တိုးသွားပြန်ပြီ]

အင်တာနက်သုံးစွဲသူများက မျက်စိရှေ့မှ မြင်ကွင်းထဲတွင် နစ်မြောနေကြသည်။

ရွှီယန်က တောင်စောင်းပေါ်ရှိ တောဆိတ်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဒီနေရာက တကယ်ကို သယံဇာတတွေ ကြွယ်ဝပြီး တိရစ္ဆာန်တွေရဲ့ အရောင်အသွေးတွေကလည်း လှပတာပဲ"

"သူတို့ရဲ့ နွားတွေက ရွှေရောင်တွေချည်းပဲ"

"ပြီးတော့ ဒီနေရာမှာ ရွှေဝါရောင် ရစ်ငှက်တွေလည်း ရှိသေးတယ်... ဖီးနစ်ငှက် နဲ့တောင် တူသေးတာ"

"ငါသာ မကြာခဏ လာပြီး လျှောက်လည်နိုင်ရင် ကောင်းမှာပဲ"

ရွှီယန်၏ အကြီးမားဆုံး ဝါသနာမှာ တောင်ထဲသို့ ဝင်ကာ လျှောက်လည်ခြင်း... ရှုခင်းများ ကြည့်ခြင်းနှင့် တိရစ္ဆာန်များကို ကြည့်ခြင်းပင် ဖြစ်သည်။

သူက သဘာဝတရားကြီး၏ ကျယ်ပြောလှသော ခံစားချက်ကို သဘောကျ၏။

ယင်းက သူ့ကို အလွန် သက်သောင့်သက်သာ ရှိသော အခြေအနေတစ်ခုထဲသို့ ရောက်ရှိသွားစေသည်။

ယခင်က ချန်ပိုင်တောင်တန်းထဲတွင်သာ တောက်လျှောက် လျှောက်လည်နေခဲ့ပြီး ပျော်မဆုံး ဖြစ်နေခဲ့သည်။ ယခု နေရာအသစ် တစ်ခုသို့ ပြောင်းလိုက်ရာ ဤသို့သော အသစ်အဆန်း ခံစားချက်လေးက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။

ထိုအချိန်မှာပင် ရွှီယန်၏ ခေါင်းထဲ၌ စနစ်၏ သတိပေးသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

[ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ - ချင်လင် တောင်တန်း ရတနာ လေးပါး ပုံပြစာအုပ်]

[တာဝန် ဖော်ပြချက် - ချင်လင် တောင်တန်း ရတနာ လေးပါးနဲ့ အနီးကပ် ဓာတ်ပုံ တွဲရိုက်ပါ (တောရိုင်းမှာ နေထိုင်တဲ့ တောရိုင်း တိရစ္ဆာန်များသာ ဖြစ်ရမည်)]

[တာဝန် ဆုလာဘ် - ချင်လင် တောင်တန်း တိရစ္ဆာန်နှင့် အပင်များ စွယ်စုံကျမ်း (ဗဟုသုတပိုင်းဆိုင်ရာ ကျွမ်းကျင်မှု)... ပန်ဒါဝက်ဝံ ချစ်ခင်မှု (Passive Skill)]

[တာဝန် သက်တမ်း - ၃ ရက်]

တာဝန်က ထင်မှတ်မထားသည်ပင်။

'ရတနာရှာဖွေရေး တာဝန်ကိုတောင် နှိုးဆွနိုင်ခဲ့တယ်ပေါ့... ဒီတစ်ခေါက်က ဓာတ်ပုံ တွဲရိုက်ရမယ့် တာဝန်ပဲ'

'ဒါပေမယ့် တိရစ္ဆာန် လေးမျိုးစလုံးရဲ့ နေရာတွေကိုတော့ အမှတ်အသား လုပ်မပေးထားဘူး... ကိုယ့်ဘာသာပဲ ရှာရဦးမယ်'

'တာဝန် ဆုလာဘ်က ကျွမ်းကျင်မှု နှစ်ခု ဆိုတော့ မဆိုးပါဘူးလေ'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

တာဝန်ကို နှိုးဆွနိုင်ခဲ့မှတော့ သေချာပေါက် ပြီးမြောက်အောင် လုပ်ရမည်သာ ဖြစ်၏။

သို့သော် သူက ယခု ပထမဆုံး အခက်အခဲ တစ်ခုနှင့် ရင်ဆိုင်နေရသည်။ အဲဒါက တောဆိတ်နှင့် ဓာတ်ပုံ တွဲရိုက်ရန်ပင် ဖြစ်သည်။

ရွှီယန်က တောဆိတ်ထီး တစ်ကောင် သူနှင့် တဖြည်းဖြည်း နီးကပ်လာနေသည်ကို ကြည့်ကာ အင်တာနက်သုံးစွဲသူများကို ဗဟုသုတ ဝေမျှလိုက်သည်။

"အားလုံးပဲ... တောဆိတ်ရဲ့ အရောင်က အရမ်း လှတယ် ဆိုပေမယ့် ဒီကောင်ကြီးတွေရဲ့ စရိုက်က အရမ်းကို ကြမ်းတမ်းတယ်လို့ မထင်လိုက်နဲ့နော်"

"အထူးသဖြင့် အခုဆို မျိုးပွားရာသီကို ရောက်တော့မှာမို့ တောဆိတ်ထီးတွေက ရန်ဖြစ်ကြလိမ့်မယ်... ရန်ဖြစ်လို့ ရှုံးသွားတဲ့ တောဆိတ်တွေက ရမ်းသန်း တိုက်ခိုက်တတ်ကြတယ်လေ"

"တောင်အောက်က တောင်ပေါ်သားတွေ အကုန်လုံး သိကြတယ်... ဒီလို အကောင်မျိုးနဲ့ တွေ့ရင် မြန်မြန် ရှောင်ဖို့ လိုတယ် ဆိုတာကို"

"တောဝက် တောင်ပေါ်က ဆင်းလာတာထက်တောင် ပိုကြောက်စရာ ကောင်းသေးတယ်"

ထိုသို့ ပြောနေစဉ်မှာပင် ရွှီယန်က ရွှေရောင် တောဆိတ် တစ်ကောင်က သူ့ကို စိုက်ကြည့်နေပြီး သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

တောဆိတ်၏ အကြည့်က မရိုးသားချေ။ တစ်ချိန်တည်းမှာပင် ရွှီယန်၏ အန္တရာယ် အာရုံခံနိုင်စွမ်း ကလည်း အောင်မြင်စွာ အလုပ်လုပ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက နိုးကြားလာပြီး အဒရီနယ်လင်း (Adrenaline) များ မြင့်တက်လာသည်ကို သူ ခံစားလိုက်ရ၏။

ရွှီယန်က နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ကျောပိုးအိတ်ကို ကျောက်တုံးကြီး တစ်တုံး၏ အနောက်တွင် ကပ်ထားလိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ချက်ချင်းပင် စိုးရိမ်လာကြတော့သည်။

ထိုအချိန်တွင် ရွှီယန်က ထပ်ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"ဒီတောဆိတ်က ကျွန်တော် ပြောတဲ့ ရန်ဖြစ်လို့ ရှုံးသွားတဲ့ တောဆိတ် ဖြစ်ဖို့ များတယ်"

"သူ့ပုံစံကို ကြည့်ရတာ ကျွန်တော့်ကို တိုက်ခိုက်ချင်နေပုံပဲ"

"အားလုံး မှတ်ထားကြပါ... ဒီလို အခြေအနေမျိုးနဲ့ ကြုံလာရင် သေချာပေါက် မြန်မြန် ပြေးဖို့ လိုတယ်နော်"

သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက သေမတတ် စိုးရိမ်ပူပန်သွားကြသည်။

[မဟုတ်သေးဘူးလေ... မင်းကသာ ပြေးတော့လေ]

[စကားချည်းပဲ ပြောမနေနဲ့... မြန်မြန်ပြေးတော့လေကွာ]

[အမလေး... တောဆိတ်ရဲ့ ဖိအားပေးမှုက အရမ်း ပြင်းထန်လွန်းတယ်... လောင်ရွှီ မြန်မြန်ပြေး]

ကွန်မန့်များက အဆက်မပြတ် တက်လာနေတော့သည်။

ထိုအချိန်မှာပင် တောဆိတ်က တဖြည်းဖြည်း အရှိန်တင်လာကာ ဖြည်းဖြည်း လျှောက်နေခြင်းမှ ခပ်သွက်သွက်လေး ပြေးလာပြီး ထိုနောက်တွင်တော့ အမြန်ဆုံး အရှိန်ဖြင့် ပြေးလာတော့သည်။

ဤသည်ကို မြင်သောအခါ ရွှီယန်လည်း လှည့်ပြီး နောက်သို့ တချိုးတည်း ပြေးတော့၏။

နွားများ ပြေးသည့် အရှိန်က အလွန် မြန်ဆန်သော်လည်း လူများ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိသည့် အတိုင်းအတာ ထဲတွင်တော့ ရှိနေသေးသည်။

ဥပမာ အချို့နေရာများတွင် နွားထီးများ လိုက်ဖမ်းသည့် ပွဲများ ရှိပေသည်။ ယင်းက နွားထီး တစ်အုပ်ကို လွှတ်ပေးလိုက်ပြီး နွားချိုများကို ချောမွေ့အောင် သွေးထားကာ ၎င်းတို့ကို လမ်းအတိုင်း ပြေးခိုင်းခြင်း ဖြစ်သည်။

သတ္တိကောင်းသော ယောကျာ်းများက နွားများ၏ အရှေ့မှနေ၍ ပြေးပြီး နွားများကို လိုက်ဖမ်းခိုင်းကြ၏။ အဘယ်ကြောင့်ဆိုသော် နွားများ၏ အရှိန်က ထိုမျှလောက်ကြီး မမြန်သောကြောင့် ဖြစ်သည်။

ရွှီယန်၏ အရှိန်ကလည်း မြင့်တက်လာခဲ့သည်။

ဤတောဆိတ်က ရူးသွပ်နေသည့် အတိုင်းပင် ဖြစ်ကာ ရွှီယန် ပြေးနေသည်ကို မြင်သောအခါ ၎င်းက တိုက်ရိုက်ပင် အရှိန်တင်လိုက်၏။

လူတစ်ယောက်နဲ့ နွားတစ်ကောင်ရဲ့ အကွာအဝေးက အဆက်မပြတ် ကျဉ်းမြောင်းလာနေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး အင်တာနက်သုံးစွဲသူများက အသက်ရှူရန်ပင် မရဲကြတော့ချေ။

ဤတစ်ကြိမ်တော့ ရွှီယန် တကယ် သေရတော့မည်ဟု အားလုံးက ထင်နေကြသည်။

အလွန် မြန်ဆန်စွာ ပြေးလာသော နွားချိုများ၏ ဝင်တိုက်မှုကို ခံရပါက ပြိုင်ဘက်ကင်းသော တွမ်ကြောင်လေး တောင်မှ သူ့ကိုယ်သူ သင်္ချိုင်းဂူ တစ်ခု တူးထားရလိမ့်မည် ဖြစ်၏။

အကွာအဝေးက ပိုပိုပြီး နီးကပ်လာနေပြီ ဖြစ်သည်။

[အာ]

လူအချို့က ပါးစပ်ကို အုပ်ထားပြီး ထိတ်လန့်တကြား ဖြစ်နေကြ၏။

ရွှီယန်ကတော့ အလွန် တည်ငြိမ်နေသည်ကိုသာ မြင်လိုက်ရပြီး သူက နောက်လှည့်ကာ တောဆိတ်နှင့် အကွာအဝေးကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် လိုက်ဖ်ထဲမှ ကြည့်ရှုသူ ရှစ်သောင်းခန့်၏ အကြည့်များအောက်မှာပင် ရွှီယန်က ညာဘက်လက်ကို အိတ်ကပ်ထဲ နှိုက်လိုက်ပြီး ဖုန်းကို ဖြည်းဖြည်းချင်း ထုတ်ယူကာ သူ့မျက်နှာဆီသို့ ချိန်ရွယ်လိုက်တော့၏။

ဤလုပ်ရပ်က လူရှစ်သောင်းခန့်ကို တစ်ပြိုင်နက်တည်း ဆွံ့အသွားစေခဲ့သည်။

'လခွမ်း…’

'ဒီလိုအချိန်ကြီးမှာ မင်းက ဘာလုပ်နေတာလဲ…’

'မင်းက ဆဲလ်ဖီ ဆွဲနေသေးတာလား…,

'ဒါ အသက်ကို အရင်းနှီးခံလိုက်တာပဲ မဟုတ်လား…’

All Chapters