← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း (၁၅၃) - နဂါးနတ်ဘုရား လီချိုး

နဂါးသွေးကြောဝိညာဉ်သည် ကျူးလင်က မိမိအား မြင်နိုင်သည်ကို သိရှိသွားပြီး တိုးညင်းအားနည်းသော ဟိန်းဟောက်သံတစ်ချက်ကို လွှတ်ထုတ်လိုက်လေသည်။

ကျူးလင်၏ ဦးခေါင်းထက်တွင် ပျံသန်းနေရင်း နဂါးသွေးကြောဝိညာဉ်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို မှိန်ပျပျ သက်တံရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထား၏။

သူမ၏ စကားများကို ကြားပြီးနောက် နဂါးသွေးကြောဝိညာဉ်သည် ပိုမိုတက်ကြွလန်းဆန်းလာသည်ကို မြင်တွေ့ရသဖြင့် ကျူးလင် ပြုံးမိသွားချေသည်။

ထို့နောက် သူမသည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး ကျောက်စိမ်းသေတ္တာကို သူမ၏ ရှေ့တွင် ချထားလိုက်၏။

သူမသည် တောင်ကုန်းပတ်ပတ်လည်တွင် အကာအကွယ်အတားအဆီးတစ်ခု ဖန်တီးရန်အတွက် ဆန်းကြယ်ရှုပ်ထွေးသော လက်ဟန်မန္တန်များကို ပြုလုပ်လိုက်လေသည်။ အကာအကွယ်အတားအဆီးကို တည်ဆောက်ပြီးနောက်တွင်မှ သူမသည် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်တော့သည်။

သူမ ကျောက်စိမ်းသေတ္တာအဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ထူထပ်သိပ်သည်းသော နတ်ဘုရားစွမ်းအင်များ လေထုထဲသို့ ပျံ့လွင့်သွားချေသည်။

ကျူးလင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း ဤလောကသို့ ရောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပုံမှန်အတိုင်း အသက်ရှူနိုင်တော့သည်ဟု ခံစားလိုက်ရပေသည်။

'ဒီကမ္ဘာမှာ နတ်ဘုရားသွေးကြောကို စိုက်ပျိုးနိုင်မယ့် နေရာမျိုး ရှိမှာမဟုတ်ဘူးလို့ ငါ အမြဲတွေးခဲ့တာ... တော်သေးတာပေါ့... ဒီနဂါးသွေးကြောကို ရှာတွေ့ခဲ့လို့ပဲ... အခုကစပြီး ငါ နောက်ဆုံးတော့ ပုံမှန်အတိုင်း ကျင့်ကြံနိုင်တော့မယ်...'

ကျောက်စိမ်းသေတ္တာကို မဖွင့်မီကပင် အကာအကွယ်အတားအဆီးကို ကြိုတင်တည်ဆောက်ထားခဲ့သဖြင့် နတ်ဘုရားစွမ်းအင်များသည် အကာအကွယ်အတွင်း၌သာ ပိတ်မိနေ၏။

အခြားသူများ သိရှိသွားမည်ကို စိုးရိမ်စရာမလိုတော့သဖြင့် ကျူးလင်သည် မြေအောက်ရှိ နဂါးသွေးကြောကို တည်ငြိမ်စွာ ရှာဖွေလိုက်လေသည်။

နဂါးသွေးကြော တည်ရှိရာနေရာကို ရှာဖွေတွေ့ရှိသောအခါ သူမသည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ပင်းကျန့်ဓားကို ထုတ်ယူကာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။

သူမသည် ဓားကို မြေပြင်ထဲသို့ ထိုးစိုက်လိုက်ပြီး ဓားဝိညာဉ်စွမ်းအားဖြင့် တွင်းတစ်တွင်းကို ဂရုတစိုက် တူးလိုက်လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ကျူးလင်သည် ပင်းကျန့်ဓားကို မြေပြင်ထဲမှ ပြန်လည်ဆွဲထုတ်လိုက်၏။

သူမသည် ကျောက်စိမ်းသေတ္တာထဲမှ နတ်ဘုရားသွေးကြောကို ထုတ်ယူကာ နက်ရှိုင်းသော တွင်းထဲသို့ ပစ်ထည့်လိုက်ချေသည်။

နတ်ဘုရားသွေးကြောသည် နဂါးသွေးကြောထက်သို့ ကျရောက်သွားသောအခါ နဂါးသွေးကြောဝိညာဉ်သည် အလွန်စိတ်လှုပ်ရှားသွားပေသည်။

ကျူးလင် ဘာလုပ်မည်ကို သိရှိနေသကဲ့သို့ နဂါးသွေးကြောသည် တုန်ခါသွားပြီး နတ်ဘုရားသွေးကြောကို ဖြည်းညင်းစွာ စတင်ဝါးမြိုလေတော့သည်။

ဆယ်မိနစ်ကျော် ကြာပြီးနောက် နတ်ဘုရားသွေးကြောကို နဂါးသွေးကြောက လုံးဝဝါးမြိုသွားသည်ကို ကျူးလင် မြင်တွေ့လိုက်ရ၏။

ထို့နောက် သူမသည် နဂါးသွေးကြောတွင် ပြဿနာတစ်စုံတစ်ရာ မရှိစေရန်အတွက် သူမ၏ ဝိညာဉ်အာရုံဖြင့် ထပ်မံစစ်ဆေးပြီးမှသာ တွင်းကို မြေကြီးဖြင့် ပြန်လည်ဖုံးအုပ်လိုက်လေသည်။

မကြာမီပင် နဂါးသွေးကြောဝိညာဉ်သည် ဝိညာဉ်ဘဝမှ ကိုယ်ထည်အစစ်အမှန်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာ၏။

မိနစ်အနည်းငယ် ကြာပြီးနောက် ကျူးလင်၏ ရှေ့တွင် ရပ်နေသည်မှာ ဝိညာဉ်တစ်ခု မဟုတ်တော့ဘဲ နက်မှောင်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် သက်တံရောင် နဂါးဂျိုနှစ်ဖက် ရှိသည့် အရပ်ရှည်ရှည် ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦး ဖြစ်နေချေသည်။

ထိုအမျိုးသားသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ဦးခေါင်းကို ညွှတ်ကာ ပြောလိုက်၏။

"ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... စစ်မှန်သော နတ်ဘုရားမကျူးလင်..."

သူ့စကားကို ကြားလိုက်ရသဖြင့် ကျူးလင်သည် အံ့အားသင့်သွားပြီး မေးလိုက်၏။

"ရှင် ကျွန်မကို သိတာလား..."

ထိုအမျိုးသားသည် ဦးခေါင်းကို မော့ကာ ကျူးလင်ကို ကြည့်ရင်း ပြောလိုက်၏။

"ကျွန်တော့်နာမည်က လီချိုးပါ... အရှင်မနဲ့ အရင်က ဆုံဖူးပါတယ်...”

“အရှင်မ မွေးဖွားလာပြီး နတ်ဘုရားအမြုတေ ဖြစ်တည်လာတုန်းက ကျွန်တော် အဲဒီမှာ ရှိနေခဲ့တာပါ..”

“စိတ်မကောင်းစရာက ကျွန်တော် စကားမပြောရသေးခင်မှာပဲ မင်းက ထွက်သွားခဲ့တယ်...”

“အဲဒီနောက်ပိုင်း မင်းက နတ်ဘုရားဂူထဲကနေ ဘယ်တော့မှ ထွက်မလာတော့လို့ ကျွန်တော်တို့ ဆုံတွေ့ခွင့် မရခဲ့ကြတော့တာပါ..."

သူ့စကားကို ကြားပြီးနောက် ကျူးလင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်၏။

"ကျွန်မ မွေးဖွားချိန်တုန်းက ရှင် ရှိနေခဲ့တယ်ဆိုရင် နတ်ဘုရားလောကမှာ ရှင့်ရဲ့ အဆင့်အတန်းက အရမ်းမြင့်မားရမယ်..."

“ဘယ်လိုဖြစ်လို့ ရှင်က လောကဘုံခြောက်ပါးမှာမရှိဘဲ ဒီကို ရောက်နေရတာလဲ... ရှင်က ဘယ်သူလဲ..."

လီချိုးသည် မတ်တတ်ရပ်လိုက်ပြီး သူမကို ပြုံးပြကာ ပြောလိုက်၏။

"သက်ရှိအားလုံးက ကျွန်တော့်ကို နဂါးနတ်ဘုရားလို့ ခေါ်ကြပြီး ကျွန်တော်က အရှင်မရဲ့ ဖူးစာဖက် ဖြစ်လာရမှာပါ..."

“ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က မင်းကို ကျွန်တော်နဲ့ လက်ထပ်ပေးဖို့ စီစဉ်နေတာကို မိစ္ဆာနတ်ဘုရားက သိသွားပြီး ကျွန်တော့်ကို သတ်ဖို့ နဂါးနန်းတော်ကို ရောက်လာခဲ့တယ်...”

“သူ ကျွန်တော့်ကို သတ်ဖို့ မအောင်မြင်ခဲ့လို့ သူ ဖန်တီးထားတဲ့ ဒီကမ္ဘာထဲမှာ ကျွန်တော့်ကို ပိတ်လှောင်ထားခဲ့တာပါ..."

သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျူးလင်သည် ဆွံ့အသွားရလေသည်။

ဤကမ္ဘာကြီးတွင် မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေရသည့် အကြောင်းရင်းမှာ ဤကမ္ဘာကို မိစ္ဆာနတ်ဘုရားက ဖန်တီးခဲ့သောကြောင့်ပင် ဖြစ်နိုင်ပါသလော။

အကယ်၍ ထိုသို့သာဆိုလျှင် မိစ္ဆာနတ်ဘုရားသည် ဤကမ္ဘာမြေသို့ လူဝင်စားလာရသည့် အကြောင်းရင်းက မည်သည့်အရာဖြစ်နိုင်မည်နည်း။

ကျူးလင် စဉ်းစားနေစဉ်အတွင်း လီချိုးက ရုတ်တရက် မေးလိုက်၏။

"နတ်ဘုရားမကျူးလင်... မင်းဆီမှာ ဘာ‌တွေဖြစ်ခဲ့လို့လဲ... ကျွန်တော် ဘာလို့ မင်းရဲ့ နတ်ဘုရားအမြုတေကို အာရုံခံလို့မရတာလဲ..."

သူ့မေးခွန်းကို ကြားလိုက်ရသဖြင့် ကျူးလင်သည် သတိပြန်ဝင်လာ၏။ သူမသည် မျက်မှောင်ကြုတ်ထားသော လုချိုင်၏ မျက်နှာကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကျွန်မ ကပ်ဘေးလျှပ်စီးဒဏ်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ဒီကမ္ဘာထဲကို ကျဆင်းလာခဲ့တာ...”

“ဒီကမ္ဘာမှာ နတ်ဘုရားစွမ်းအင် မရှိတဲ့အတွက် မကျင့်ကြံနိုင်ဘူးလေ အဲ့ကြောင့် တခြားနတ်ဘုရားစွမ်းအင် အရင်းအမြစ်ကို အရင်ရှာရမယ်...”

“ကံကောင်းစွာနဲ့ပဲ ကျွန်မ ဝိညာဉ်စွမ်းအင် အရင်းအမြစ်တချို့ကို ရှာတွေ့ခဲ့တယ်...”

“ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ကို နတ်ဘုရားစွမ်းအင်အဖြစ် အရင်ပြောင်းလဲဖို့ လိုအပ်လို့ နတ်ဘုရားစွမ်းအင် နည်းနည်းလေး စုဆောင်းမိဖို့တောင် ကျွန်မမှာ အချိန်အများကြီး ယူခဲ့ရတယ်..."

သူမ၏ စကားကို ကြားပြီးနောက် လီချိုးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ဒါဆိုရင် မင်းကျင့်ကြံပြီး နတ်ဘုရားအမြုတေ ပြန်လည်ဖွဲ့စည်းနိုင်အောင် ကျွန်တော် ကူညီပေးရင် ဘယ်လိုလဲ..."

သူ့စကားကို ကြားလိုက်ရသောအခါ ကျူးလင်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။ သူမသည် ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။

"ရှင်က ကျွန်မကျင့်ကြံလို့ရအောင် နတ်ဘုရားအမြုတေ ဖွဲ့စည်းနိုင်အောင် ဘယ်လို ကူညီပေးနိုင်မှာလဲ..."

လီချိုးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်၏။

"ကျွန်တော့်ရဲ့ အကြံပြုချက်က မင်းကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ မျှော်လင့်ပါတယ်..."

သူမသည် ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"အဆင့်မြင့်နတ်ဘုရား လီချိုး... ပွင့်ပွင့်လင်းလင်းသာ ပြောပါ..."

သူမ၏ တည်ငြိမ်သော အမူအရာကို ကြည့်ရင်း လုချိုင်က ပြောလိုက်လေသည်။

"အခု ကျွန်တော့်ရဲ့ နတ်ဘုရားစွမ်းအင် အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီဆိုတော့ ကျွန်တော့်ရဲ့ နတ်ဘုရားစွမ်းအင်ကို မင်းဆီ မျှဝေပေးနိုင်ပြီး မင်းရဲ့ နတ်ဘုရားအမြုတေကို ပိုမြန်မြန် စုစည်းနိုင်အောင် လုပ်ပေးနိုင်ပါတယ်...”

“နတ်ဘုရားစွမ်းအားကို ဘယ်လို မျှဝေမလဲဆိုတာကတော့... နတ်ဘုရားမကျူးလင်အနေနဲ့ နှစ်ပါးသွားကျင့်စဉ်အကြောင်းကို သိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်..."

သူ့စကားကို ကြားလိုက်ရသောအခါ ကျူးလင်သည် သူမ၏ အစ်ကိုတော် စာကြည့်တိုက်ထဲမှ ခိုးယူခဲ့သော တားမြစ်ကျောက်စိမ်းပြားကို သတိရသွား၏။

ထိုအချိန်တုန်းက သူမ၏ ဘဝတွင် ကျင့်ကြံခြင်းတစ်ခုသာ ရှိခဲ့ပေသည်။ သူမ၏ ကျင့်ကြံမှုကို ပိုမိုမြန်ဆန်စွာ တိုးတက်စေနိုင်မည့် နည်းလမ်းတစ်ခု ရှိကြောင်း ကြားသိခဲ့ရစဉ်က သူမသည် ထိုအကြောင်းကို သွားရောက်စုံစမ်းခဲ့ဖူး၏။

ရလဒ်အနေဖြင့် သူမသည် တားမြစ်ကျောက်စိမ်းပြား၏ အကြောင်းအရာများကို တိတ်တဆိတ် ဖတ်ရှုနေစဉ်အတွင်း မိစ္ဆာနတ်ဘုရား၏ ရှာဖွေတွေ့ရှိခြင်းကို ခံခဲ့ရလေသည်။

သူသည် တားမြစ်ကျောက်စိမ်းပြားကို မြင်တွေ့သွားသောအခါ သူမကို ကြည့်သည့် မျက်လုံးများ ပြောင်းလဲသွားပြီး ဆန်းကြယ်စွာ ပြုံးပြခဲ့ဖူး၏။

All Chapters